===================
===================
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ မူးယစ်ဆေးမှုတွေနဲ့ ဆက်နွယ်မယ်လို့ ယူဆရတဲ့ အမျိုးသမီးတယောက်ကို ဘတ် သန်း ၂ဝဝ တန်ဘိုးရှိတဲ့ ပိုင်ဆိုင်မှုတွေနဲ့အတူ တနင်္ဂနွေနေ့မှာ ဖမ်းမိတယ်လို့ ထိုင်းနိုင်ငံ အွန်လိုင်းသတင်းတွေမှာ ရေးထားပါတယ်။
သူ့ကို ဖမ်းဖို့ မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့ဝင် အင်အား ၁ဝဝ ဝန်းကျင်ကို သုံးခဲ့တယ်လို့ ဆိုတယ်။
ဒီလို စီးနင်း ဖမ်းဆီးဖို့အတွက် ONCB လို့ ထိုင်းမှာ ထင်ရှားတဲ့ ထိုင်း မူးယစ်ဆေး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံးရဲ့ အတွင်းရေးမှူးချုပ် ရဲဗိုလ်ချုပ် Pongsapat Pongcharoen ကိုယ်တိုင် ကွင်းဆင်း ဦးစီးခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာ အွန်လိုင်းမှာ ရေးပါတယ်။
မဲဆောက်မြို့နားက မယ်တော် အရပ်က အသက် ၅၂ အရွယ် Manee Khampeera ဆိုတဲ့ အမျိုးသမီးရဲ့ အိမ်ကို ၀င်စီးတာပါ။
သူက Nakhon Manee 786 လို့ အမည်ရတဲ့ ကုမဏီပိုင်ရှင်ဖြစ်တယ်၊ သူ့ ပိုင်ဆိုင်မှုက ဘတ် သန်း ၂ဝဝ ကျော်မယ်၊ ပိုင်ဆိုင်မှုထဲမှာ အိမ်၊ မြေ၊ မော်တော်ယာဉ်တွေ ပြီးတော့ ... ဘဏ်စာအုပ် ၇၀ ကျော် စတာတွေကို သတင်းထဲ ဖော်ပြထားတာပါ။
ONCB ရဲ့ စုံစမ်းထောက်လှမ်းချက်အရ ဆိုရင် ဒီအမျိုးသမီးက မူးယစ်ဆေးလုပ်ငန်းကွန်ရက်တခုကနေ ရန်ကုန်မြို့မှာ သူတို့ ထူထောင်ထားတဲ့ ကုမ္ပဏီကို ငွေလွဲမှုမှာ ပါဝင် ပတ်သက်ဖူးတယ်၊
တနှစ်ကို ဒီကွန်ရက်ကနေ စီးဆင်းတဲ့ ငွေပမာဏက ဘတ် ၂ သန်းခွဲခန့် ရှိတယ်လို့ ဆိုတယ်။
ဒီသတင်းက မြန်မာပြည်နဲ့လည်း သက်ဆိုင်တာကြောင့် ပရိသတ်အတွက် ဘန်ကောက်ပို့စ်ကို ကိုးကား ဘာသာပြန်ရရင် ... ဒီအမျိုးသမီးနဲ့ ဆက်စပ်ပြီးထိုင်းနိုင်ငံရောက် မြန်မာပြည်သား တချို့ကို သံသယဖြစ်မိတယ်၊ သူတို့ကို ဖမ်းဖို့ ၀ရမ်း ထုတ်ထားတယ်လို့ ဆိုတယ်။
သတင်းတွေထဲမှာ ရေးသားချက်အရ ဆိုရင် နာမည်တွေက
ဒေါ်စားဖီးယားဘီး
ဒေါ်ထိဒါးချို
ဦးနေလင်း
မင်းကိုနိုင်
ဒေါ်မိုးမိုးအေး
ဦးကျန်း (ခ) ကျတ်ခ်ဖန်း စကွန်းချိုးတီမနီး
တို့ ဖြစ်ပါတယ်။
အဲဒီလူတွေက ဒီအမျိုးသမီးထောင်ထားတဲ့ကုမ္ပဏီရဲ့ ၀န်ထမ်းများဖြစ်တယ် လို့ ဆိုတယ်။
ကုမ္ပဏီပိုင်ဆိုင်မှုတွေကလည်း မူးယစ်လုပ်ငန်းကရတဲ့ငွေနဲ့ ဆက်စပ်နေမယ်လို့ ရဲတပ်ဖွဲ့က ယူဆပါတယ်။
ဒီလို ဖမ်းဆီးရမိတဲ့အတွက် မြန်မာပြည်ဘက်က မူးယစ်ကွန်ရက်ရဲ့ ငွေကြေးစီးဆင်းမှုကို
ဖြတ်တောက်ရေးအတွက် အထောက်အကူ ဖြစ်ခဲ့တယ်လို့ ရဲဗိုလ်ချုပ် Pongsapat က ပြောပါတယ်။
============
The Irrawaddy (Burmese Version)
2 comments:
မိုးသီးဇွန် မြန်မာဗီဇာ လျှောက်မှု မြန်မာအာဏာပိုင်များက ဒုတိယအကြိမ် ထပ်မံ ငြင်းပယ်လိုက်ပြန်ပြီ
10 June
မြန်မာနိုင်ငံတွင်နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်နေသဖြင့် မြန်မာအာဏာပိုင်များ၏ မြန်မာနိုင်ငံတွင်နေထိုင်ခွင့် ငြင်းပယ်ခံခဲ့ရသည့် ၈လေးလုံး ကျောင်းသားခေါင်းဆောင် အမည်ခံ ABSDFလူသတ်သမား မိုးသီးဇွန်သည် ဇွန်လ(၉)၇က်နေ့က ဘန်ကောက်အခြေစိုက် မြန်မာသံရုံးကတဆင့် ဗီဇာသက်တမ်းတိုးပေးရန် ပြန်လျှောက်ရာမှာလည်း ထပ်မံ ငြင်းပယ်ခံခဲ့ရပြန်သည်။
"ကျနော့ကို ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ဗီဇာသက်တမ်းတိုးပေးဘို့ ငြင်းခဲ့တယ်" ဟု လူသတ်သမား မိုးသီးဇွန်က ဆိုသည်။
ABSDFလူသတ်သမား မိုးသီးဇွန်ကို မြန်မာ့လေကြောင်းလိုင်းပိုင် လေယာဉ်များကို စီးနင်းခွင့် မပြုစေ၇န် စာထုတ်ထားပြီးဖြစ်သည်ဟုလည်း သိ၇သည်။
မိုးသီးဇွန်သည် တောင်ပိုင်းABSDFတွင် ကျောင်းသား၇ဲဘော် ဌေးနိုင်ကို စစ်အစိုး၇၏သူလှျိုဖြစ်သည်ဟု မဟုတ်မမှန်စွပ်စွဲကာ လပေါင်းများစွာ ၇က်၇က်စက်စက် ငြင်းပမ်းနှိပ်စက်ပြီးမှ နောက်ဆုံးတွင်သတ်ဖြတ်၇န် အမိန့်ပေးမှုနှင့် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ရဲစခန်းမှ လူသတ်မှု၇ာဇသတ်ကြီးပုဒ်မ(၃၀၂)ဖြင့် အမှုဖွင့်ခွင့်ပြုထားခံ၇ပြီးသော ABSDFလူသတ်တ၇ားခံတစ်ဦး ဖြစ်သည်။
မန္တလေး ကျောင်းသားခေါင်းဆောင် ထွန်းအောင်ကျော်ကို သတ်မှုဖြင့် မန္တလေးတိုင်း ချမ်းအေးသာဇံမြိုနယ် အမှတ်(၈)ရဲစခန်းတွင် လူသတ်မှုဖြင့် တိုင်ချက်အဖွင့်ခံထား၇သူ ABSDFလူသတ်တ၇ားခံ နောက်တစ်ဦးမှာ ဒေါက်တာနိုင်အောင် ဖြစ်သည်။
ABSDFလူသတ်မှုများ၏ အဓိကလူသတ်တရားခံ ဒေါက်တာနိုင်အောင်သည် ကျောင်းသားတပ်မတော် မြောက်ပိုင်း နှင့် တောင်ပိုင်းတွင် ရှစ်လေးလုံးအရေးတော်ပုံ ပါဝင်လှုပ်ရှားခဲ့သော ကျောင်းသားပေါင်း ၁၀ဝ ကျော်ကို ရက်ရက်စက်စက် ငြင်းပမ်းနှိပ်စက်ကာ ကျောင်းသား၇ဲဘော် ၄၀ ကျော်ကို အချင်းချင်း သတ်ဖြတ်ခဲ့သည့် ABSDF လူသတ်မှုများ၏ အဓိကလူသတ်တရားခံ ဖြစ်သည်။
နိုင်ငံတော်နဲ့ပြည်သူ့အကျိုးစီးပွားအတွက် အန္တရာယ်ရှိတဲ့ မိုးသီးဇွန် တို့လို လောက်ကောင်တွေ လူသတ်သမားတွေကို ပြည်ဝင်ခွင့်မပေးတာ မှန်ပါတယ်။
သိပ်ကောင်းပါတယ်။
သာဓုခေါ်ပါတယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်