From :
.. http://myanmarheadline.blogspot.com/2014/06/nld.html
သို့
ဦးဖြိုးမင်းသိန်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
အမှတ် (၅၆/၅၈) ဗိုလ်ဆွန်ပက်လမ်း (အောက်ဘလောက်)
ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
ရက်စွဲ။ ၂၀၁၄ ခုနှစ်၊ မေလ ၁၂ ရက်
အကြောင်းအရာ။ ။ဥပဒေမဲ့ လုပ်ရပ်အပေါ် တားမြစ်သတိပေးအကြောင်းကြားခြင်း
.....[စာပျက်နေ] အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေးတောင်ပိုင်းရပ်ကွက်၊ မန္တလေးလမ်း၊ အမှတ် (၁၈) နေ ကိုတင်ဇော်မှ ဤအကြောင်းကြားစာကို ပေးပို့လိုက်ခြင်း ဖြစ်ပါသည်။
လူကြီးမင်းသည် ပြည်သူ့လွှတ်တော်အမတ် (ပြည်သူ့ကိုယ်စားလှယ်တစ်ဦး) ဖြစ်ပါလျက် ဥပဒေမဲ့ ပြောဆိုခြိမ်းခြောက်ခြင်း၊ ရာဇဝတ်မကင်းသော အပြုအမူများကို လုပ်ဆောင်ခဲ့သဖြင့် နစ်နာသူကျွန်တော်က အသိပေး အကြောင်းကြားပါသည်။
လူကြီးမင်းသည် (၁၃.၄.၂၀၁၄) နေ့တွင် ALPHARD (၁) စီး၊ LIGHT TRUCK (၁) စီး၊ PAJERO (၁) စီး၊ .....[စာပျက်နေ] (၁) စီး တို့ဖြင့် လူကြီးမင်း အပါအဝင် လူ (၁၀) ဦးခန့်သည် သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာသို့ ရောက်ရှိလာခဲ့ကြောင်း -
ထိုသို့ရောက်ရှိလာပြီး လူကြီးမင်းလယ်မြေမဝယ်ယူစဉ်ကတည်းက ကျွန်တော်မှ ဝယ်ယူ၍ နယ်နမိတ်သတ်မှတ်သည့် ကွန်ကရက်တိုင်များကို နောက်နေ့တွင် မတွေ့ချင်ကြောင်း၊ ဒီတိုင်များရှိနေလျှင် တစ်ရွာလုံးကို အချုပ်ထဲထည့်ပစ်မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်ကို ကြားသိမြင်တွေ့သည့် အထောက်အထားများ ရှိနေပါသည်။
(၁၄.၃.၂၀၁၄) နေ့တွင် ထပ်မံရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးကို အမိန့်သံဖြင့် ခေါ်ခိုင်းခဲ့ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရောက်ရှိလာသည့်အခါ ..............[စာပျက်နေ]
ကျေးရွာအုပ်ချုပ်ရေးမှူးက လူကြီးမင်းဝယ်ယူသည်မှာ လယ်မြေဖြစ်ပြီး အတိုင်းအတာဖြင့် ဝယ်ယူခဲ့ခြင်းသာဖြစ်ကြောင်း၊ လူကြီးမင်းဝယ်ယူထားသော လယ်မြေနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ရှင်းပြခဲ့သော်လည်း -
လူကြီးမင်းက "ကျုပ်ဒါတွေ မသိချင်ဘူး၊ ကျုပ်ဝယ်ယူထားတဲ့ လယ်မြေရှေ့မှာ ဘာမှမမြင်ချင်ဘူး၊ နောက်တစ်ခါ ဒီလိုတွေ့ရင် ခင်ဗျားကို အုပ်ချုပ်ရေးမှူးရာထူး ဖြုတ်ပစ်မယ်၊ ကျုပ်ဘယ်သူလဲ သိလား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လှည်းကူးလွှတ်တော်အမတ် ဖြိုးမင်းသိန်းဆိုတာ ကျုပ်ပဲ၊ ဂျာနယ်တွေကော ဖတ်ရဲ့လား သမီးကလေးကျေးရွာဆိုတာ ကြားဖူးလား ခင်ဗျားတို့အိမ်ခြေ ဘယ်လောက်ရှိလဲ" စသည်ဖြင့် မေးမြန်းပြီး -
"တစ်ရွာလုံးကို သမီးလေးကျေးရွာအတိုင်း ဘူဒိုဇာနှင့် ဖျက်ပစ်မယ်" စသည်ဖြင့် ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း သက်သေများ အခိုင်အမာ ရှိနေပါသည်။
ထို့ပြင် လူကြီးမင်းမဝယ်ခင်ကတည်းက ကျွန်တော်က ဝယ်ယူ၍ နယ်နမိတ်သတ်မှတ်ထားသော ကွန်ကရက်တိုင်များကိုလည်း ရိုက်ချိုးဖျက်ဆီးရန် ခိုင်းစေညွှန်ကြားခဲ့ကြောင်းလည်း အခြေအမြစ်ရှိစွာ သိရှိထားပါသည်။
အဆိုပါ "ကွန်ကရက်တိုင်များအား ရိုက်ချိုးဖျက်ဆီးထားသည့် ဓါတ်ပုံမှတ်တမ်းများလည်း ရှိနေပါသည်။"
ဤနေရာတွင် ကျွန်တော်ဝယ်ယူထားသောမြေမှာ ပလပ်မြေဖြစ်လျှင် သို့မဟုတ် အစိုးရမြေကို ကျူးကျော်လျှင် နိုင်ငံတော်အစိုးရ၏ ဥပဒေနှင့်အညီအရေးယူခြင်းကို ကျွန်တော်မှ ရင်ဆိုင်နိုင်ပါသည်။
ထို့ပြင် ပလပ်မြေ၊ မြေလွတ်၊ မြေရိုင်း၊ မြေလတ်တို့ကို စီမံခန့်ခွဲရေးကော်မတီသို့ တင်ပြပြီး လုပ်ငန်းများလုပ်ကိုင်နိုင်သည်ကိုလည်း ပြည်သူ့လွှတ်တော်တစ်ဦးမှ မသိခြင်းလား၊ မသိချင်ယောင်ဆောင်ခြင်းလား လူကြီးမင်းကိုယ်တိုင်သိမည်ဖြစ်ပါသည်။
လူကြီးမင်းအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး (အထင်ကရပါတီကြီး၏ အမတ်တစ်ဦး) ဖြစ်ပါလျှက် -
ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရွာသားအချို့ကို ခြိမ်းခြောက်ပြောဆိုရုံသာမက -
လူတစ်ဦးတစ်ယောက်၏ လက်ရှိဖြစ်မှုကို အသိအမှတ်မပြုပဲ ဥပဒေနှင့်မညီသော ရာဇဝတ်မှုကျူးလွန်သော လုပ်ရပ်တို့ကို ပြုလုပ်ခြင်းမှာ အလွန်ပင် ဝမ်းနည်းစရာ ကောင်းလှပါသည်။
ကျွန်တော်တို့ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သည့် အမတ်တစ်ဦး "လူမိုက်ဆန်စွာ" ပြောဆိုလုပ်ကိုင်နေသည်ကို တွေ့မြင်သိရှိရသဖြင့် မြန်မာနိုင်ငံအနာဂတ်အရေးကို မတွေးဝံ့စရာ၊ ရင်လေးစရာ ဖြစ်ရပါသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ပြည်သူများ၏ အခွင့်အရေး၊ တာဝန်စသည်တို့ကို ရှေ့ဆောင်၍ ဒီမိုကရေစီနိုင်ငံတစ်ခုကို ဦးဆောင်ရမှာ ဖြစ်ပါလျက် လူကြီးမင်း၏ ပြောဆိုမှု၊ ဆောင်ရွက်မှု၊ မင်းမဲ့စရိုက်ဆန်မှုတို့မှာ ပြည်သူ့ကိုယ်စားလှယ်တစ်ဦး၏ လုပ်ရပ်မဟုတ်ပဲ "ဂိုဏ်းစတား" ခေါင်းဆောင်တစ်ဦး၏ အပြုအမူများ ဖြစ်နေသည်ကို မြင်တွေ့နေရပါသည်။
လူကြီးမင်း လုပ်ဆောင်မှုကြောင့် ကျွန်တော့တွင် များစွာနစ်နာနေရပါသည်။
ထို့ကြောင့် ဤအကြောင်းကြားစာ ပေးပို့သည့်နေ့မှစ၍ (၁၄) ရက်အတွင်း ကျွန်တော့အား လာရောက်တောင်းပန်ခြင်း၊ လူကြီးမင်း ဖျက်ဆီးခဲ့သည့် ကွန်ကရက်တိုင်များကို ပြန်လည်စိုက်ထူပေးခြင်း ပြုလုပ်ပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။
ထိုသို့ မဆောင်ရွက်ပဲ ပျက်ကွက်ပါက လူကြီးမင်းနှင့် အပေါင်းပါတို့အပေါ် ဥပဒေအရအရေးယူဆောင်ရွက်မည့်အပြင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူကြီးမင်းအား မဲပေးခဲ့သည့် လှည်းကူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူများကို တင်ပြသွားမည် ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
ထို့ပြင် မြန်မာ့မီဒီယာလောက၊ ကမ္ဘာ့မီဒီယာလောကသို့ မြန်မာနိုင်ငံရှိလွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဆင်ခြင်တုံတရားမဲ့မှုနှင့် ဥပဒေချိုးဖောက်မှုများကို ဖွင့်ချအသိပေးမည်ဖြစ်ကြောင်း ထပ်လောင်းသိစေအပ်ပါသည်။
(လက်မှတ်)
ကိုတင်ဇော်
မိတ္တူကို
၁။ ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဌ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်မြို့
၂။ ဦးတင်ဦး (နာယက)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်မြို့
၃။ ဦးဉာဏ်ဝင်း (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်မြို့
၎။ ဒေါ်ဖြူဖြူသင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့
၅။ လက္ခံ
..
www.MyanmarExpress.net

9 comments:
မိုက် ရိုင်းလွန်းတယ်
ခွေးလေခွေးလွင့်တွေကို ၀င်ခွင့်ပြုထားတာကိုက လွှတ်တော်ရဲ့ အပြစ်
ကြာလေလေ..အေးအေးချမ်းချမ်းနေ-အိပ်ရေး၀၀အိပ်ချင်သူပြည်သူတွေအတွက် တပ်မတော်အစိုး၇ဘဲအသင့်လျော်ဆုံးဆိုတာ တဖြည်းဖြည်းသိသာလာတယ်။
အသက်တိုမဲ့ကောင်
လူပါးဝလှချည်လား
စောက်ရူးအမတ်
မိုးသီးဇွန် မြန်မာဗီဇာ လျှောက်မှု မြန်မာအာဏာပိုင်များက ဒုတိယအကြိမ် ထပ်မံ ငြင်းပယ်လိုက်ပြန်ပြီ
10 June
မြန်မာနိုင်ငံတွင်နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်နေသဖြင့် မြန်မာအာဏာပိုင်များ၏ မြန်မာနိုင်ငံတွင်နေထိုင်ခွင့် ငြင်းပယ်ခံခဲ့ရသည့် ၈လေးလုံး ကျောင်းသားခေါင်းဆောင် အမည်ခံ ABSDFလူသတ်သမား မိုးသီးဇွန်သည် ဇွန်လ(၉)၇က်နေ့က ဘန်ကောက်အခြေစိုက် မြန်မာသံရုံးကတဆင့် ဗီဇာသက်တမ်းတိုးပေးရန် ပြန်လျှောက်ရာမှာလည်း ထပ်မံ ငြင်းပယ်ခံခဲ့ရပြန်သည်။
"ကျနော့ကို ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ဗီဇာသက်တမ်းတိုးပေးဘို့ ငြင်းခဲ့တယ်" ဟု လူသတ်သမား မိုးသီးဇွန်က ဆိုသည်။
ABSDFလူသတ်သမား မိုးသီးဇွန်ကို မြန်မာ့လေကြောင်းလိုင်းပိုင် လေယာဉ်များကို စီးနင်းခွင့် မပြုစေ၇န် စာထုတ်ထားပြီးဖြစ်သည်ဟုလည်း သိ၇သည်။
မိုးသီးဇွန်သည် တောင်ပိုင်းABSDFတွင် ကျောင်းသား၇ဲဘော် ဌေးနိုင်ကို စစ်အစိုး၇၏သူလှျိုဖြစ်သည်ဟု မဟုတ်မမှန်စွပ်စွဲကာ လပေါင်းများစွာ ၇က်၇က်စက်စက် ငြင်းပမ်းနှိပ်စက်ပြီးမှ နောက်ဆုံးတွင်သတ်ဖြတ်၇န် အမိန့်ပေးမှုနှင့် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ရဲစခန်းမှ လူသတ်မှု၇ာဇသတ်ကြီးပုဒ်မ(၃၀၂)ဖြင့် အမှုဖွင့်ခွင့်ပြုထားခံ၇ပြီးသော ABSDFလူသတ်တ၇ားခံတစ်ဦး ဖြစ်သည်။
မန္တလေး ကျောင်းသားခေါင်းဆောင် ထွန်းအောင်ကျော်ကို သတ်မှုဖြင့် မန္တလေးတိုင်း ချမ်းအေးသာဇံမြိုနယ် အမှတ်(၈)ရဲစခန်းတွင် လူသတ်မှုဖြင့် တိုင်ချက်အဖွင့်ခံထား၇သူ ABSDFလူသတ်တ၇ားခံ နောက်တစ်ဦးမှာ ဒေါက်တာနိုင်အောင် ဖြစ်သည်။
ABSDFလူသတ်မှုများ၏ အဓိကလူသတ်တရားခံ ဒေါက်တာနိုင်အောင်သည် ကျောင်းသားတပ်မတော် မြောက်ပိုင်း နှင့် တောင်ပိုင်းတွင် ရှစ်လေးလုံးအရေးတော်ပုံ ပါဝင်လှုပ်ရှားခဲ့သော ကျောင်းသားပေါင်း ၁၀ဝ ကျော်ကို ရက်ရက်စက်စက် ငြင်းပမ်းနှိပ်စက်ကာ ကျောင်းသား၇ဲဘော် ၄၀ ကျော်ကို အချင်းချင်း သတ်ဖြတ်ခဲ့သည့် ABSDF လူသတ်မှုများ၏ အဓိကလူသတ်တရားခံ ဖြစ်သည်။
နိုင်ငံတော်နဲ့ပြည်သူ့အကျိုးစီးပွားအတွက် အန္တရာယ်ရှိတဲ့ မိုးသီးဇွန် တို့လို လောက်ကောင်တွေ လူသတ်သမားတွေကို ပြည်ဝင်ခွင့်မပေးတာ မှန်ပါတယ်။
သိပ်ကောင်းပါတယ်။
သာဓုခေါ်ပါတယ်။
လူကြီးမင်း..ဆိုတဲ့အသုံးနဲ့များစကားပြောနေသေးတယ်..ကွာ..ဟျောင့်...NLD ကလီးကောင်ဖြိုးမင်းသိန်း..လို့..ရေးရတယ်..နောက်တစ်ခါ..အဲ့ဒိ့..နွားဖြိုးမင်းသိန်းက..ငါဘာကောင်လဲ.သိလားလို့..ထပ်ပြောလာရင်..မင်းက..လောင်ကီးပါကွာ..လို့...ပြောလိုက်..ပြီးရင်..အဲဒီ့နွားစီးတဲ့..ကားနံပါတ်ကို..တင်ပေးထားဗျာ...တွေ့တဲ့နေရာမှာ.ဗုံးနဲ့ခွဲပေးမယ်..
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်