Subscribe to our RSS Feed

ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ ထားဝယ်လေယာဉ်ကွင်းကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် အဆင့်မြှင့်တည်ဆောက်မည်


From : ခေတ်လူငယ်

ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ ထားဝယ်လေယာဉ်ကွင်းကို နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ်တည်ဆောက်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး ကထားဝယ်မြို့တွင် ၂၂-၁-၂၀၁၂ ရက်ကပြောကြားခဲ့သည်။ နိုင်ငံတော် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များအား လေဆိပ်ခန်းမ၌ သက်ဆိုင်ရာတာဝန်ရှိသူများက ထားဝယ်လေယာဉ် ကွင်းအားနိုင်ငံတကာအဆင့်မီ လေဆိပ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် လေယာဉ်ပြေးလမ်း၊ လေယာဉ်ရပ်နားနေရာနှင့် လေဆိပ်အဆောက်အအုံများတိုးချဲ့ တည်ဆောက်သွားရန် လျာထားဆောင်ရွက်မှု၊ မြေနေရာလျာထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ တင်ပြပြီးနောက် နိုင်ငံတော် ဒုတိယသမ္မတက ထားဝယ်အထူးစီးပွားရေးဇုန်၏ တည်ဆောက်ရေးစီမံကိန်းများ ဆောင်ရွက်မှုနှင့် အချိန်ကိုက်ဆောင်ရွက်ရန် လိုအပ်သဖြင့် ထားဝယ်လေဆိပ်ကို အဆင့်မြှင့်တိုးချဲ့ရာတွင် အနာဂတ်ကာလ၌ ဒေသ၏ဖွံ့ဖြိုးလာမည့် အခြေအနေကို တွက်ဆပြီး လိုအပ်ချက်များ ပြည့်ပြည်စုံစုံ ထည့်သွင်းတည်ဆောက်နိုင်ရေး စနစ်တကျ ဆောက်ရွက်သွားသင့်ကြောင်း ပြောကြားခဲ့သည်။ ထားဝယ်အထူးစီးပွားရေးဇုန်တွင် စတုရန်းကီလိုမီတာ ၂၀၄ ဒသမ ၅၁ အကျယ်အဝန်းရှိသော အထူးစီးပွားရေးဇုန်စီမံကိန်း၊ ထားဝယ်မှ မြန်မာ-ထိုင်း နယ်စပ်၊ ဖူနမ်ရွမ် ကျေးရွာ အထိ ၁၆၀ ကီလိုမီတာ (မိုင်၁၀၀ခန့်) အရှည်ရှိမည့် အဝေးပြေးကားလမ်းစီမံကိန်း၊ အထူးစီးပွားရေးဇုန်သို့ လျှပ်စစ်ဓာတ်အားပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်း၊ ထားဝယ်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့သွယ်တန်းမည့် ရေနံနှင့်ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းနှင့် ထားဝယ်ဆိပ်ကမ်းမှ ထိုင်းနယ်စပ်အထိ အရှည် ၁၇၀ ကီလိုမီတာ (၁၆၀ မိုင်ကျော်) ဖောက်လုပ်မည့် ရထားလမ်းစီမံကိန်းများ ပါဝင်ကြောင်းနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ပထမအဆင့်အနေဖြင့် တန်ချိန်သုံးသိန်းထိ သယ်ဆောင်နိုင်သော သဘောင်္များ ဆိုက်ကပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

မြန်မာနှင့် စင်ကာပူ နည်းပညာအကူအညီများအတွက် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး


From : ခေတ်လူငယ်

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်းစင်ကာပူနှင့် မြန်မာနှစ်နိုင်ငံ နည်းပညာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း စင်ကာပူအခြေစိုက် သတင်းဌာနများက ဖော်ပြကြသည်။ ထိုနားလည်မှုစာချွန်လွှာအရ စင်ကာပူနိုင်ငံမှ နည်းပညာဆိုင်ရာ အကူအညီများကို မြန်မာနိုင်ငံအား ကဏ္ဍသုံးခုအတွက် ပေးသွားမည်ဖြစ်ပြီး ယင်းတို့မှာ ပြည်သူ့အုပ်ချုပ်ရေး၊ စီးပွားရေးဖွံ့ဖြိုးရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍများတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီများပေးသွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ မြန်မာသမ္မတ ဦးသိန်းစိန်သည် စင်ကာပူနိုင်ငံသို့ သုံးရက်ကြာ ခရီးသွားရောက်လျက်ရှိပြီး ထိုနားလည်မှု စာချွန်လွှာများကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် စင်ကာပူနိုင်ငံခြားရေးနှင့် ဥပဒေရေးရာဝန်ကြီး တို့နှစ်ဦးက လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍတွင် စင်ကာပူနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကျွမ်းကျင်အလုပ်သမားများအတွက် အခြေခံလိုအပ်ချက်များ တည်ဆောက်ရာတွင် လိုအပ်သော အကူအညီများကိုလည်း ကူညီပေးမည်ဟု သိရသည်။ သမ္မတဦးသိန်းစိန်သည် စင်ကာပူနိုင်ငံသို့ ဇန်နဝါရီ ၃၀ ရက်တွင်ရောက်ရှိခဲ့ပြီး သုံးရက်တာ ခရီးစဉ်မှာ ဖေဖော်ဝါရီ ၁ ရက်တွင် ပြီုးဆုံးမည်ဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အတွက် စင်ကာပူခရီးစဉ်မှာ ၂၀၁၂ ခုနှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သည်။ ၂၀၁၁ ခုနှစ်အတွင်းက တရုတ်၊ အိန္ဒိယနှင့် အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ကချင်ပြည်သူများအတွက် ပြည်နယ်ကောင်းစားရေးကိုဖော်ဆောင်မည့် ဒေါက်တာ တူးဂျာ



ဒေါက်တာတူးဂျာ


ဒေါက်တာတူးဂျာသည် ၂-၂-၁၉၄၆ ခုနှစ်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ၊ ပါဟုကျေးရွာတွင် မွေးဖွားခဲ့ပါသည်။ အဖ ဦးလှနမ်နှင့် အမိ ဒေါ်ခွန်တင် တို့မှမွေးဖွားခဲ့ပြီး မွေးချင်း (၅)ဦးအနက် အကြီးဆုံးသားဖြစ်ပါသည်။ ၁၉၆၄ ခုနှစ်တွင် မြစ်ကြီးနား အ.ထ.က(၁) မှ ၁၀ တန်း အောင်မြင်ခဲ့ပြီး ၁၉၆၆ မှ ၁၉၇၃ ခုနှစ်အထိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်မြို့)တွင် တက်ရောက် သင်ကြားပြီး ဆရာဝန်ဘွဲ့ရရှိခဲ့ပါသည်။ KIO (ကချင်လွတ်မြောက်ရေးအဖွဲ့) (Kan Chin Indepandence Organization) မှ တာဝန်ထမ်းဆောင်ရန် လာရောက်ခေါ်ယူခဲ့သဖြင့် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကချင်လွတ်မြောက်ရေးအဖွဲ့သို့ ၀င်ရောက်အမှုထမ်းရင်း နိုင်ငံရေး လောကသို့ ရောက်ရှိလာပါသည်။KIO အဖွဲ့၏ ဒုဥက္ကဌအဖြစ် (၁၉၇၅ ခုနှစ်မှ ၂၀၀၉ စက်တင်ဘာလ) အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပင်လုံစာချုပ်အား အခြေခံကာ ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆိုနေ သည့်( KIO )သည် ၁၉၆၁ ခုနှစ်တွင် စတင်ခဲ့ရာ မြန်မာအစိုးရနှင့် နှစ် ၃၀ ကျော် တိုက်ခိုက်ခဲ့ပြီးနောက် ၁၉၉၄ ခုနှစ်တွင် မြန်မာအစိုးရနှင့် အပစ်ရပ်ဆိုင်းခဲ့ပါသည်။
၂၀၀၈ ခုနှစ်တွင် မြန်မာအစိုးရမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီး KIO အား နယ်ခြား စောင့်တပ် (Border Gurad Force - BGF ) အသွင်ပြောင်းစေခဲ့ပါသည်။ BGF အသွင်ပြောင်းရန် KIO မှငြင်းဆန်သည့်အတွက် ဒေါက်တာတူးဂျာသည် ၄င်းတို့အဖွဲ့မှ နှုတ်ထွက်၍ ရွေးကောက်ပွဲဝင်ရန် ကြိုးပမ်းခဲ့ပါသည်။ Kachin State Progressive Party အား ၂၀၀၉ ခုနှစ် မတ်လတွင် စတင် တည်ထောင်ပြီး ၂၀၁၀ ပြည့်နှစ် ဧပြီလတွင် ပါတီမှတ်ပုံတင်ခွင့် လျောက်ထားခဲ့သော်လည်း သြဂုတ် လတွင် ပယ်ချခံခဲ့ရသည်။ စစ်အစိုးရဦးဆောင်ကျင်းပသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး အမျိုး သားညီလာခံတွင် ဒေါက်တာတူးဂျာမှ KIO ကိုယ်စားပြု၍ တက်ရောက်ခဲ့သော်လည်း ၄င်းဦးဆောင် သည့် ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSPP)ကိုမူ မှတ်ပုံတင်ရန်ငြင်းပယ်ခဲ့သည်သာမက KIOအဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ မြန်မာအစိုးရမှ ပိတ်ပင်ခဲ့ခြင်းပင်ဖြစ်ပါသည်။
ယခုအချိန်တွင် ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့(KIO) ဒုဥက္ကဌဟောင်းနှင့် ကချင် ပြည်နယ်တိုးတက်ရေးပါတီ (KSPP) ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာဖနန်တူးဂျာသည် ကြားဖြတ် ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအနေဖြင့် ကချင်ပြည်နယ် ၊ မိုးကောင်းမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျှက်ရှိပါသည်။
ဇန်န၀ါရီလ ၆ ရက်နေ့တွင် ဧရာဝတီသတင်းမီဒီယာ နှင့်တွေ့ဆုံမေးမြန်းမှု ပြုလုပ်ရာတွင် ဒေါက်တာတူးဂျာမှ “တသီးပုဂ္ဂလအနေဖြင့် ရောက်သွားမယ်ဆိုတော့ အမတ်နေနဲ့ တင်ပြခွင့်ရှိကြ မှာဘဲ၊ အန်ကယ်အနေနဲ့လည်း တင်ပြမှာဘဲ။ ကချင်ပြည်နယ်ငြိမ်းချမ်းရမယ်။ တစ်နိုင်ငံလုံးငြိမ်းချမ်း ရမယ်။ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရမယ်။ တစ်နိုင်ငံလုံး တိုးတက် ဖွံဖြိုးရေးအတွက် တစ်နိုင်ငံလုံးငြိမ်းချမ်းရမယ်” ဟုပြောဆိုခဲ့ပါသည်။
ထို့ပြင် “အခုခေတ်ကာလမှာ အသွင်ကူးပြောင်းရေးကို အလေအနက်ထားစဉ်းစားစေချင်တယ်။
လက်နက်ကိုင်အဖွဲ့တွေပေါ့။ တနည်းနည်းနဲ့တော့ စစ်အစိုးရနဲ့ အဆင်ပြေမယ့်နည်းလမ်းကို ရှာစေချင် တယ်။ အသွင်ကူးပြောင်းရေးကို လက်ခံသွားနိုင်အောင်ကြိုးစားစေချင်တယ်။ တခြားနည်းလမ်းတော့ မရွေးစေချင်ဘူး” ဟူ၍ KIA အဖွဲ့အား ငြိမ်းချမ်းရေးလုပ်ဆောင်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဒေါက်တာတူးဂျားအပါအ၀င်(KSPP) ပါတီကို ဦးဆောင်သူများမှာ ၂၀၀၉ ကတည်းက KIO မှနှုတ်ထွက်ကာ မြို့ပြနိုင်ငံရေးနှင့် ကချင်ပြည်နယ် တိုးတက်ကောင်းစားရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်လိုသည့် စိတ်ဖြင့် ဦးတည်လျှောက်လှမ်းခဲ့သူများပင် ဖြစ်ပါသည်။
ခေတ်ပညာတတ် အမြော်အမြင်ရှိသူဖြစ်သည့်အပြင် KIO အတွင်းဝင်ရောက် အမှုထမ်းခဲ့ကာ နိုင်ငံရေးအမြင်ကြွယ်ဝခဲ့ပြီး ကချင်ပြည်နယ်တိုးတက်ဖွံ့ဖြိုးရေးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်နိုင် မည်ဖြစ်သည်ဟု ကချင်ပြည်နယ်လူထုမှ ယုံကြည်လျှက်ရှိပါသည်။ KIO အဖွဲ့မှ ပြတ်သားစွာခွဲထွက်၍ အမှန်တကယ် ပြည်နယ်ကောင်းစားရေးအတွက် ဆောင်ရွက်လိုစိတ်ရှိသည့်အပြင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIO နှင့် မြန်မာအစိုးရကြားတွင် ပေါင်းကူးသဖွယ် လက်ချင်းချိတ်ဆက်ပေးနိုင် သော ကိုယ်စားပြုခေါင်းဆောင်တစ်ယောက်အား ကြားဖြတ်ရွေးကောက်တွင် အနိုင်ရရှိစေရန် ကချင် ပြည်နယ်သူ/ပြည်နယ်သားများမှ ထောက်ခံမဲပေးသင့်ကြောင်း တိုက်တွန်းကာ အနာဂတ်တွင် ငြိမ်းချမ်း ရေးရယူနိုင်မည့် မျှော်လင့်ချက် အလင်းတန်းများကို ပိုမိုတောက်ပလာခဲ့ပါတော့သည်။

http://goldenmyanmarnews.blogspot.com/ မှ ကူးယူဖော်ပြပါကြောင်း
Myanmar Express

ကချင်ပြည်နယ်တိုးတက်ရေးပါတီ(KSPP) ဥက္ကဌ ဒေါက်တာတူးဂျာအပေါ် ကချင်လူမျိုးတစ်ယောက်၏အမြင်

From : ဆန္ဒရှင်

ဒေါက်တာတူးဂျာကို ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ၁၉၄၆ခုနှစ်တွင် မွေးဖွားခဲ့ပြီးတော့ ၁၉၄၇ ခုနှစ်မှာ ရန်ကုန်မြို့ မှာနေပြီး သွားဘက်ဆိုင်ရာ ဆရာဝန်ဘွဲ့ကိုရယူနိုင်ခဲ့ပါတယ်။ ၁၉၇၄ခုနှစ်မှာ ဆရာဝန် လုပ်နေရင်းက KIO မှာတာဝန်ထမ်းဆောင်ဖို့ ခေါ်ဆောင်ခြင်းခံခဲ့ရပြီး ၁၉၇၅ခုနှစ်ကနေ ၂၀၀၉ စက်တင်ဘာလ အထိ KIO မှာ ဒုတိယဥက္ကဌအဖြစ်တာဝန်ယူခဲ့ပါတယ်။ ၂၀၀၉ခုနှစ် မတ်လကတည်းက ကချင်ပြည်နယ် တိုးတက်ရေးပါတီကို ဖွဲ့စည်းပြီး ၂၀၁၀ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင် အရွေးခံဖို့ ပြင်ဆင်ခဲ့ပေမယ့် ရွေးကောက် ပွဲ ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ဒေါက်တာ တူးဂျာဟာ KIO ဒုတိယဥက္ကဌ စည်းစိမ်အပြည့်ခံစားလို့ရနေတဲ့အချိန်မှာတောင် မှန်ကန်သောနည်းလမ်းနဲ့ ကချင်ပြည်နယ် တိုးတက်ရေး အတွက် စဉ်းစားလုပ်ဆောင်ပေးခဲ့သူပဲ ဖြစ်တယ်ဆိုတာကို သိနိုင်ပါတယ်။ ဒေါက်တာတူးဂျာဟာ အကောင်းမြင် စိတ်ရှိပြီး လူမျိုးကိုချစ်တတ်တဲ့စိတ်အပြည့်အ၀ရှိတယ်ဆိုတာ KIO မှာနေခဲ့စဉ်ကနဲ့ KIO က ခွဲထွက်ပြီး နောက်ပိုင်းတွေမှာ သူရဲ့လုပ်ရပ်တွေကိုကြည့်ပြီးဆုံးဖြတ်လို့ရပါတယ်။


ဒေါက်တာ မနန်တူးဂျာ

ဒေါက်တာတူးဂျာရဲ့ လူမျိုးကိုအလေးထားတဲ့စိတ်၊ ကချင်ပြည်နယ်ကြီးကိုချစ်တတ်တဲ့စိတ်က အင်မ တန်မှ လေးစားစရာကောင်းလှပါတယ်။ ပါတီထူထောင်ပြီးတဲ့နောက်ပိုင်း ကချင်ပြည်နယ်နဲ့ ကချင်လူမျိုး တွေအတွက်ရည်မှန်းချက်ကြီးကြီးနဲ့ လုပ်ကိုင်ချင်ခဲ့တာပါ။ ဒေသတစ်ခုတိုးတက်ဖို့အတွက် ကျေးလက်၊ မြို့ပြ၊တောရွာမကျန် လမ်းပန်းဆက်သွယ်ရေး၊ မီးရရှိရေး၊ သောက်သုံးရေဖူလုံစွာရရှိရေး၊ ကျန်းမာရေး စာပေ တတ်မြောက် ရေးနဲ့ စားဝတ်နေရေးအတွက် မိသားစုတိုင်းရဲ့ စီးပွားရေးတွေကို ကောင်းအောင် လုပ်ပေး ရမယ် ဆိုတာကို သိရှိနားလည်သူလည်းဖြစ်ပါတယ်။ ၂၀၁၀ရွေးကောက်ပွဲမှာ ၀င်ရောက် ရွေးချယ်ခံခွင့် မရရှိခဲ့ပေမယ့် ကချင်ပြည်သူတွေရဲ့ အနာဂတ်အတွက် မသေချာမရေရာတဲ့လမ်းမှာ စမ်းတ၀ါးဝါးနဲ့ မျက်စိစုံမှိတ်ပြီး အခုချိန်ထိ ကချင်လူမျိုးစုများဘက်က ရပ်တည်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆက်လျောက်ခဲ့ တယ်ဆိုတာ ဒေါက်တာတူးဂျာရဲ့လုပ်ရပ်တွေက သက်သေပြနေပါ တယ်။ အခုလည်း မလျော့သောဇွဲနဲ့ တစ်သီးပုဂ္ဂလအဖြစ် မိုးကောင်းမြို့နယ်ကနေ ၀င်ရောက်အရွေးချယ်ခံဖို့ ပြင်ဆင်ထားရှိ ပြီးဖြစ်ပါတယ်။

ဒေါက်တာတူးဂျာသာ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ရပြီး လွှတ်တော်ထဲကိုရောက်ခဲ့မယ်ဆိုရင် ကချင်ပြည်နယ်အတွက် လိုအပ်နေတဲ့ အရာတွေကိုနည်းလမ်းမှန်ကန်စွာနဲ့ တောင်းဆိုပေးနိုင်လိမ့် မယ်ဆိုတာ ကချင်လူမျိုးတစ်ယောက်အနေနဲ့ အပြည့်အ၀ယုံကြည်ပါတယ်။ မှန်ကန်တဲ့ လမ်းကြောင်း ပေါ်က လုပ်ရပ်တွေနဲ့ ဒေါက်တာတူးဂျာလို ကချင်ပြည်နယ်အတွက် အနစ်နာခံပြီး လွှတ်တော်အတွင်း တင်ပြခွင့်ရရှိရေး တွေကို ကြိုးစားနေတဲ့သူအဖို့ ပြည်သူလူထုရဲ့ထောက်ခံအားပေးမှုအပြင် လွှတ်တော် အသီးသီးမှာရှိနေတဲ့ အမတ်မင်းတွေအနေနဲ့လည်း အားပေးယုံကြည်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

အခုအစိုးရနဲ့ KIO စေ့စပ်ညှိနှိုင်းနေတဲ့ အပစ်အခတ်ရပ်စဲရေးမှာလည်း လွှတ်တော်အတွင်း ဒေါက်တာ တူးဂျာလို လူမျိုးတစ်ယောက်သာရှိခဲ့ရင် ကချင်ပြည်နယ်ရဲ့ အကျည်းတန်စေမဲ့ နေ့ရက်တွေဟာ နိဂုံးချုပ်သွား လိမ့်မယ်ဆိုတာလည်း စဉ်းစားစရာတောင်လိုမယ်မထင်ပါဘူး။ မတူညီတဲ့အမြင်တွေကို ညှိနှိုင်းတဲ့အခါ တူညီနိုင်အောင်စွမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိလိမ့်မယ်ဆိုတာကိုလည်း ဘယ်သူမှငြင်း နိုင်မှာမဟုတ်ပါဘူး။ ဒေါက်တာတူးဂျာဟာ စစ်ပွဲတွေထက် ငြိမ်းချမ်းရေးကိုလိုလားတဲ့သူဆိုတာ ကချင် ပြည်နယ်က ကချင်လူမျိုးတွေအကုန်သိကြပါတယ်။


ဘာပဲဖြစ်ဖြစ် ဒေါက်တာတူးဂျာဟာ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံတဲ့ အပေါ်မှာလည်း ထားရှိတဲ့ သူ့သဘောထားအမြင်တစ်ရပ်ကိုတွေ့ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြည်သူလူထုအကျိုးအတွက် တရားဝင်မှန်ကန်တဲ့လမ်းကြောင်းပေါ်က ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် အားပေးခဲ့ပါတယ်။ တစ်မိုး အောက်က ညီရင်းအစ်ကိုပမာ စိတ်ဓါတ်နဲ့ ဖြူသည်မဲသည် မခွဲခြားပဲ ထောက်ခံ အားပေးခဲ့ပါတယ်။ ယခင်စစ်အစိုးရ လက်ထက်မှာ ဘယ်လိုအကြောင်းပြချက်တွေနဲ့ပဲ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်ကိုငြင်းပယ်ခဲ့ပါစေ အစိုးရသစ် လက်ထက်မှာ ဒေါက်တာတူးဂျာကို ကချင်မျိုးနွယ်စုများကိုယ်စား လက်ခံယုံကြည်ပေးလိမ့် မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်ကျိုး အတွက်မကြည့်ဘဲ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုး တက်ရေးအတွက် တတ်နိုင်သမျှ ခွန်အား အပြည့်စွမ်းဆောင် နေတဲ့ဒေါက်တာ တူးဂျာကို လွှတ်တော် အတွင်းမှာ ကချင်ပြည်နယ် တိုးတက်ရေးတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရယူပေးလိမ့်မယ်ဆိုတာ ယုံကြည်ကြောင်း ကချင် မျိုးနွယ်စုများ ကိုယ်စား ဤဆောင်းပါး ဖြင့် ဂါရ၀ပြုပါသည်။

Myanmar Express

ABSDF အဖွဲ့တွေ မြန်မာပြည်ပြန်လာတော့မည့် သတင်းဆက်ပေါ် ဖွင့်ဟ၀န်ခံချက် (ပေးစာ - ၉၃)

From : အမြင်မှန်ရသူ ABSDF(NB) ရဲဘော်ဟောင်းတစ်ဦး

ABSDF ကျောင်းသားတပ်မတော် ခေါင်းဆောင်တချို့က မကြာမီကာလအတွင်းမှာ မြန်မာနိုင်ငံကို ပြန်လာမယ်ဆိုတဲ့ သတင်းကို Internet စာမျက်နှာမှာ ဖတ်လိုက်ရတော့ မြန်မာပြည်သူလူထုအတွက် တကယ်ကို ရင်လေးမိပါတယ်။ အလည်ပဲလာလာ၊ အပြီးပဲလာလာ ကောင်းတဲ့ကိစ္စမဟုတ်ဘူးဆိုတာ သမိုင်းကြောင်း ကိုလေ့လာ တဲ့ ညီအစ်ကိုမောင်နှမအားလုံး သိကြမှာပါ။ အနှစ်နှစ်ဆယ်ကျော်လောက် ပြည်ပနိုင်ငံတွေမှာနေလာပြီး အခုချိန်မှ မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ သူတို့တတွေရဲ့ အတွင်းစိတ်မှာ မရိုးသားမှုတွေရှိနေမှာပါ။ န၀တဥက္ကဌ ဦးစောမောင် လက်ထက်မှာ ၁၉၈၈ အရေးအခင်းကြောင့်တောခိုသွားတဲ့ ကျောင်းသားတွေကို နယ်စပ်ကြိုဆိုရေး စခန်းတွေဖွင့်ပြီး ပြန်ခေါ်ခဲ့ပါတယ်။ ပြန်လည်ရောက်ရှိလာတဲ့သုတွေကိုလည်း ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပြီး မိဘတွေဆီ အပ်နှံခဲ့ပေမယ့် ကျန်တဲ့ကျောင်းသားတွေအနေနဲ့ ပြန်မလာခဲ့ပဲ ABSDF လို့ခေါ်တဲ့ ကျောင်းသားတပ်မတော် ကို ဖွဲ့ခဲ့ပါတယ်။

၁၉၉၈ ခုနှစ်က နေပြီးတော့ စည်းလုံးညီညွတ်စွာနဲ့ တိုက်ပွဲဝင်ခဲ့ကြသူတွေထဲမှာ မိုးသီးဇွန်၊ နိုင်အောင်၊ အောင်နိုင်၊ အောင်နိုင်ဦးလို လူမျိုးတွေပါလာတာ ABSDF ကံဆိုးမိုးမှောင်ကျခဲ့တယ် လို့ပဲပြောရမှာပါ။ မျိုးချစ် စိတ်ကိုအရင်းခံပြီး တိုက်ပွဲဝင်ခဲ့သူတွေရှိသလို ကိုယ်ကျိုးရှာ အမြတ်ထုတ်တဲ့ သူတွေလည်း ရှိခဲ့ပါတယ်။ ပြည်သူ တွေကို ရက်ရက်စက်စက် မိုင်းထောင်၊ ဗုံးခွဲသတ်ဖြတ်ခဲ့တဲ့ ကိစ္စတော်တော်များများကို စီစဉ်ခဲ့တာလည်း ABSDF ပါပဲ။ ဟိုတစ်ချိန် ရှစ်လေးလုံး အရေးတော်ပုံကြီးကို ပြန်ကြည့်မယ်ဆိုရင်လည်း ဘာတစ်ခုမှ ကောင်းတာမရှိခဲ့သလို တောခိုသွားပြီးတဲ့ နောက်ပိုင်းမှာလည်း တိုင်းပြည်နဲ့လူမျိုး ကောင်းကျိုး တစ်ကွက်မှ မလုပ်ခဲ့ပါဘူး။ တောခိုလို့ စားစရာမရှိ ၊နေစရာမရှိ၊ ပြေးစရာမရှိဖြစ်လာတဲ့အခါမှာ ပြည်ပနိုင်ငံတွေက သူတို့အတွက် ခိုလှုံစရာနေရာ ဖြစ်လာ ခဲ့ပါတယ်။

တောထဲမှာနေထိုင်နေတဲ့ ကာလတစ်လျှောက်မှာ ရက်ရက်စက်စက်နဲ့ သံသယရှိသူအားလုံးကို ဘယ်သံယောဇဉ်ကိုမှ ထောက်ထားခြင်းမရှိဘဲ နှိပ်စက်နည်းမျိုးပေါင်းစုံနဲ့ ညှင်းစဲသတ်ဖြတ်ခဲ့တာတွေကို အဖွဲ့ဝင် ရဲဘော်တိုင်း ဘယ်သူမှမေ့လို့ရမှမဟုတ်ပါဘူး။ တော်လှန်ရေးကြီးမှာ ကျဆုံးတာတွေများ လာတဲ့ အခါ ကျောင်းသား အယောက် (၇၀)လောက်ကို ထောက်လှန်းရေးလို့စွပ်စွဲပြီး ၁၅ယောက်ကို ရက်ရက် စက်စက် သတ်ပစ် ခဲ့တာတွေ၊ မိန်းခလေးတန်မဲ့ အဂါင်္ဇာတ်ကို သံချောင်းနဲ့ ရက်ရက်စက်စက် ထိုးသွင်းပြီး နာလို့နာမှန်း မသိတဲ့အနေအထား ရောက်အောင် နှိပ်စက်ခဲ့တာတွေက ဘယ်လိုမှမေ့လို့မရပါဘူး။ ၂၄နှစ်ကြာ တဲ့အထိ နိုင်ငံတော်နဲ့ ပြည်သူ့အကျိုးကို ဘာတစ်ခုမှ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့တဲ့အပြင် ပြည်သူလူထုအတွက် သွေးချောင်းစီးစေမယ့် ကိစ္စရပ်တွေ တော်တော်များများလုပ်ခဲ့တာကို မြင်တွေ့နေရပါတယ်။



ABSDF အကြောင်းကိုပြောရင် မိုးသီးဇွန်၊ နိုင်အောင်၊ အောင်နိုင်ဦးနဲ့ ရော်နယ်အောင်နိုင် ကမပါမဖြစ်ပါပဲ။ မိုးသီးဇွန်ဆိုတာ သာတဲ့ဘက်ကိုကပ်ပြီး အချင်းချင်းသွေးခွဲတဲ့နေရာမှာ အင်မတန် ကျွမ်းကျင်တဲ့ သူပါပဲ ။ သူရောက် ခဲ့တဲ့ နေရာတိုင်းမှာ နှစ်ခြမ်းမကွဲခဲ့ရတဲ့ အဖွဲ့လို့မရှိခဲ့ပါဘူး။ ABSDFရဲ့ ဥက္ကဌအဖြစ် တာဝန်ယူတဲ့ အချိန်ကာလ တုန်းကလည်း သူ့ကြောင့်ပဲ ABSDF အဖွဲ့ကြီး နှစ်ခြမ်းကွဲလို့ အစိပ်စိပ်အမွှာမွှာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် မြောက်ပိုင်း ကထွက်သွားပြီးတဲ့ အစောပိုင်းကာလတွေမှာ ပြည်ပနိုင်ငံရဲ့ အထောက်အပံ့တွေနဲ့ နေခဲ့ပြီး ရတဲ့ငွေနဲ့ အနောက် နိုင်ငံကြီးတွေ သွားရောက်ပျော်ပါး ခဲ့တယ်ဆိုတာ ငြင်းလို့မရတဲ့ အထောက်အထားတွေရှိခဲ့ပါတယ်။ အမျိုးသမီးကိစ္စနဲ့ ပက်သက်လာရင်လည်း နာမည်ပျက်ခံဖို့ ၀န်မလေးသူကတော့ မိုးသီးဇွန်လို့ပဲပြောရပါလိမ့်မယ်။ ၂၀၁၀ရွေး ကောက်ပွဲမတိုင်မီ စောလားဘွယ် (DKBA)အဖွဲ့က လက်နက်ကြီးနဲ့လာပစ်ခဲ့လို့ ထွက်ပြေးခဲ့ရတဲ့ မဲဆောက်ဒုက္ခသည် စခန်းက လူတွေအပေါ်မှာလည်း ကိုယ်ကျိုးရှာ အမြတ်ထုတ်ခဲ့ပါတယ်။ မဲဆောက်ဒုက္ခသည်စခန်းက ဒုက္ခသည် တွေကို အကြောင်းပြပြီး ပြည်ပနိုင်ငံတွေရဲ့ အထောက်အပံ့ကိုယူ၊ ရလာတဲ့ငွေကြေးနဲ့ ဒုက္ခသည်တွေက အဖျားအနားလေးပဲစားခဲ့ရပြီး သူကတော့သုံးဖြုန်းပျော်ပါးနေတယ်ဆိုတာ မိုးသီးဇွန်သာ အသိဆုံးဖြစ်ပါလိမ့်မယ်။

ရော်နယ်အောင်နိုင်လည်း အတူတူပါပဲ။ ဘ၀တူကျောင်းသားအချင်းချင်းသတ်ဖြတ်ပြီး ကိုယ်ကျိုးအတွက် ပဲကြည့်ခဲ့တယ်။ ဖြေရှင်းချက် ပေးလည်း နားမ၀င်ဘဲ ဖြစ်စေချင်သလို ၀န်ခံခိုင်းခဲ့တယ်။ မခံနိုင်လို့ ၀န်ခံတဲ့အခါ ကျတော့လည်း ရက်ရက် စက်စက် ခေါင်းဖြတ်သတ်ကြတယ်။သူကတော့ သူရဲ့လုံခြုံမှု အတွက်ဆိုရင် အမေတောင် ချန်ထားမဲ့သူမျိုးမဟုတ်ဘူးဆိုတာ တော်လှန်ရေးရဲဘော်အားလုံးသိကြပါတယ်။

နိုင်အောင်ကလည်း သန်းထွန်းကိုပါးစပ်ရှော့ရိုက်ပြီး ပြစ်ဒဏ်ပေးဖို့ လွယ်လွယ်ကူကူ ပြောထွက်ခဲ့တဲ့ သူပါပဲ။ အောင်နိုင်ဦးကတော့ အနေအစားပျက်မှာစိုးလို့ မဟုတ်မှန်းသိရဲ့နဲ့ ကျော်နိုင်ဦးကို အစိုးရသူသျှို အဖြစ်လက်ခံ ခဲ့တဲ့သူပါ။ စတင်တည်ထောင်ကတည်းက ကိုယ့်အတွက် ကိုယ်ကြည့်တဲ့ သူတွေများပြီး သူများကိုသတ်ဖို့ဆိုရင် ဘာတစ်ခုမှအလေးအနက်မထားပဲ အသက်မထွက်မခြင်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တာကြောင့် ကိုယ်အလှည့် ရောက်တော့မှာ သိနေတဲ့ သူတွေအဖို့ တတိယနိုင်ငံတွေဆီကို ခိုလှုံဖို့ ကြိုးစားကြပါတော့တယ်။



အတိတ်ကလည်းကောင်းတာတွေမလုပ်ခဲ့သလို ပစ္စုပ္ပန်ရောက်တဲ့အခါကျတော့လည်း ကောင်းမွန် စွာနေထိုင်ခြင်းမရှိဘဲ ပြည်သူကိုဒုက္ခပေးတဲ့ သူတွေအဖြစ် အဖျက်လုပ်ငန်းတွေသာ လုပ်ကိုင်ခဲ့ပါတယ်။ ABSDF က မြန်မာပြည်မှာလုပ်ခဲ့တဲ့ ဖောက်ခွဲဖျက်စီးရေးတွေအကြောင်းကို ပြည်သူတွေ ထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့ စာရေးသူက ကွက်ကွက်ကွင်းကွင်းမြင်အောင် အကျဉ်းချုပ် ပြောပြလိုပါတယ်။ ဒါတွေက တိုင်းပြည်တစ်ခုလုံးသိတဲ့ ကိစ္စတွေပါပဲ။ လုပ်ခဲ့တဲ့ဖြစ်ရပ်တွေများပေမယ့် သိသာထင်ရှားတဲ့ ဖောက်ခွဲရေးလုပ်ရပ်တွေကိုပြောပါ့မယ်။ ဒါတွေကို သိမှလည်း အဲ့ဒီလိုလူတွေ မြန်မာ့မြေပေါ်မှာ ပြန်လည်ခြေချသင့်သလားဆိုတာ ပြည်သူက ဆုံးဖြတ် ပေးနိုင်ပါ လိမ့်မယ်။ အဲဒီလိုလုပ်ခဲ့တဲ့ သူတွေဟာ မြန်မာနိုင်ငံကို ပြန်လာပြီး ဘယ်လိုလုပ်ရပ်တွေထပ်ပြီး လုပ်မလဲဆိုတာ တော့ ပြည်သူတွေအားလုံး စဉ်းစား စေချင်ပါတယ်။

ရန်ကုန်တစ်မြို့ထဲက လူစည်ကားတဲ့(၃)နေရာမှာတစ်နေ့တည်းနဲ့ ဗုံးတွေဆက်တိုက် အခွဲခံခဲ့ရတဲ့ ၂၀၀၅ ခုနှစ် မေလ ၇ ရက်နေ့ ကိုပြည်သူတွေမှတ်မိကြအုံးမှာပါ။ အဲ့ဒီနေ့က ရန်ကုန် ကုန်သွယ်မှုဗဟိုဌာနချုပ်မှာ ထိုင်းနိုင်ငံက ကုန်စည်ပြပွဲ လုပ်နေတဲ့အချိန် ဖောက်ခွဲမှုမှာ ABSDF လက်ချက်နဲ့ အပြစ်မဲ့ပြည်သူ (၃)ဦးသေးဆုံးပြီး (၂၀)ဦးဒဏ်ရာ ရရှိခဲ့ကြတယ်။ အဲ့ဒီနေ့မှာပဲ ဒဂုံစင်တာ မြေညီထပ်မှာ ပေါက်ကွဲမှုဖြစ်ပြီး အပြစ်မဲ့တဲ့ သံဃာတော်တွေနဲ့ ပြည်သူ စုစုပေါင်း(၄၉)ဦး ပြင်းထန်တဲ့ဒဏ်ရာတွေရပြီး ဝေဒနာတွေ ခံစားရတာကော ပြန်လာချင်ပါတယ်ဆိုတဲ့ ABSDF အဖွဲ့ဝင်တွေ သတိရသေးပါရဲ့လား။ နောက်ပြီး Junction 8 မှာကွဲခဲ့တဲ့ ဗုံးကြောင့်လည်း ဈေးဝယ်နေသူတွေနဲ့ ၀န်ထမ်းတွေအပါအ၀င် နိုင်ငံခြားသားတွေ စုစုပေါင်း (၄၂)ဦးလောက် ဒဏ်ရာရခဲ့တာတွေလည်း ပြန်ပြီးအမှတ်ရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါတွေဟာ ဘာတစ်ခုမှအပြစ်မရှိတဲ့ ပြည်သူကို ရက်ရက်စက်စက်နဲ့ အကျိုးမဲ့ ဖျက်စီးသတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။

၁၆-၂-၂၀၁၀ မှာလည်း ပင်လုံမြို့ဘောလုံးကွင်းထဲမှာ မိုင်းကွဲပြီး လူ (၄)ဦးလောက် ဒဏ်ရာရရှိပြီး ကျန်တဲ့ သူတွေ အထိတ်တလန့်ဖြစ်ခဲ့တယ်၊ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတာလည်း ပင်လုံမြို့ကလူတွေ အားလုံးသိပါ တယ်။

၁၅-၄-၂၀၁၀ တုန်းက ဖောက်ခွဲမှု လုပ်လိုက်တဲ့ X2O ရေကစားမဏ္ဍပ်မှာ ထိခိုက်ဒဏ်ရာရရှိ သေဆုံးမှု တွေက ပြည်သူတွေရဲ့ရင်ကို ကြေကွဲစေမယ်ဆိုတာ ငြင်းလို့မရပါဘူး။ တရားခံအစစ်က ဘယ်သူလဲလို့ မေးရင် ABSDF ရဲ့ လမ်းညွှန်မှုနဲ့ ဖျက်စီးခဲ့တဲ့လုပ်ရပ်တွေပါပဲလို့ပြောရမှာပါ။ တာဝန်ယူ ဖောက်ခွဲခဲ့တာကတော့ စွမ်းအားမြှင့် တပ်မတော်အဖြစ်ဖွဲ့စည်းပေးခဲ့တဲ့(VBSW) ပဲဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေ ပျော်ရွှင်စွာဆင်နွဲနေတဲ့ ပွဲတော် အတွင်းမှာ ဗုံး(၃) လုံးကို တစ်ပြိုင်နက်ပစ်ခဲ့တယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေ အများအပြားသေဆုံးခဲ့ရတယ်။ မိသားစုတွေကြေကွဲဆို့နင့်ခဲ့ရတယ်။ ဒီဖြစ်ရပ်တွေကြောင့် မြန်မာပြည်ရဲ့ ယဉ်ကျေးမှုဖြစ်တဲ့ ရိုးရာသင်္ကြန်ဆိုတာကို လူတွေတော်တော်များများ ကြောက်လန့်သွား ခဲ့တယ်ဆိုတာ အဖြစ်မှန်တွေပါပဲ။


၂၁-၁၁-၂၀၁၁ရက်နေ့ မနက်ခင်းမှာ ရန်ကုန်မြို့၊ လှည်းတန်းက အများသုံးအိမ်သာ ဗုံးပေါက်ကွဲ မှုကြောင့် အမျိုးသမီး ၁ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ABSDF ရဲ့ကြိုးကိုင်မှုနဲ့ ဖောက်ခွဲဖျက်စီး ခဲ့သူတွေက ဖောက်ခွဲမှုပြုလုပ်တဲ့အခါတိုင်း လူစည်ကားတဲ့နေရာတွေနဲ့ အများပြည်သူ သွားလာနိုင်တဲ့ နေရာတွေမှာ လုပ်ဆောင် ခဲ့ကြောင်းသိသာထင်ရှားလှပါတယ်။ ဒါဟာ ပြည်သူလူထုကို အကြောင်းပြချက် မရှိပဲနဲ့ သွေးထွက်သံယိုဖြစ်စေခဲ့ တာအပြင် အသက်ပါပေးလိုက်ရတဲ့သေဆုံးမှုသာဓကတွေပဲဖြစ်ပါတယ်။

ABSDF ရဲ့ ညံဖျင်းတဲ့ ကိုယ်ကျိုးရှာခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေကြောင့် အပြစ်မဲ့ပြည်သူ တွေသေဆုံးရုံတင်မကပဲ အများပြည်သူပိုင်ဆိုင်တဲ့ အဆောက်အဦတွေဆုံးရှုံးခဲ့ရတဲ့ ဖောက်ခွဲဖျက်စီးမှုတွေ လည်း အများအပြား ရှိခဲ့ပါတယ်။

ABSDF ရဲ့သမိုင်းကြောင်းကို ပြန်ကြည့်ရင်ကောင်းမွန်မှန်ကန်မှုမရှိတဲ့ ခေါင်းဆောင်တွေရဲ့ လမ်းညွှန် နည်းပြမှုနဲ့ ဘယ်နေရာမှာမှ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် ကောင်းကျိုးလုပ်ဆောင်ခဲ့တာ မတွေ့ခဲ့ရပါဘူး။ မြန်မာနိုင်ငံရဲ့ မြို့ကြီးပြကြီးအနှံ့အပြားမှာ ဖောက်ခွဲဖျက်စီးမှုတွေပဲ လုပ်ခဲ့တယ်ဆိုတာ သူတို့ရဲ့ လုပ်ရပ်တွေက သက်သေအဖြစ်ရှိနေပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ ပြည်သူလူထုအပေါ်မှာ အဲဒီလောက်ရက်စက်မှုတွေနဲ့ ပြည့်စုံတဲ့သူတွေ က မြန်မာနိုင်ငံကို ပြန်လာမယ်ဆိုတာ အရှက်ရှိသူတွေရဲ့လုပ်ရပ် မဟုတ်ဘူး လို့သာပြောချင်ပါတယ်။ ကျောင်းသား တပ်မတော်(ABSDF) အမည်ခံပြီး ပြည်သူကို ဒုက္ခအမျိုးမျိုးပေး၊ ရက်စက်တဲ့ အတွေးတွေနဲ့ သတ်ခဲ့တာတောင် ပြန်လာချင်တယ် ပြောတဲ့သူတွေရဲ့ လုပ်ရပ်ဟာ အနာဂတ်မှာ ပြည်သူတွေ အတွက် အကျိုးပြုမယ်ဆိုတာ ဘယ်လိုမှ လက်ခံလို့မရတဲ့ကိစ္စပါပဲ။ ပြည်သူကို သနားညှာတာမှုမရှိ၊ ပြည်သူ မျက်ရည်ကျမှ ပြည်ပကနေ ပြုံးပျော် နေတဲ့သူတွေအတွက် ပြန်လာချင်တယ်ဆိုတာကလည်း ပြည်သူ လူထုကို အဝေးကနေ စိတ်ဒုက္ခအမျိုးမျိုး ပေးလို့ အားမရသေးဘဲ ပြည်တွင်းကိုပြန်ပြီး အားပါးတရများ နှိပ်စက်ချင်နေလားလို့ မေးချင်ပါတယ်။

မြန်မာပြည်ဟာ မြန်မာနိုင်ငံသားတွေအတွက် နွေးထွေးလုံခြုံတဲ့ ရင်ခွင်တစ်ခုပါ။ အဲ့ဒီရင်ခွင်ကို ခုခံအန်တုပြီးကိုယ်ကျိုးရှာ အလွတ်ရုံးပြီး ပြည်ပကိုထွက်သွားသူတွေက ပြန်လာမယ်ဆိုတော့ ယုံနိုင်စရာ မရှိပါဘူး။ မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်ပျောက်ပြီး တိုင်းတစ်ပါးမှာ ပျော်နေတဲ့ ABSDF အဖွဲ့တွေက မြန်မာနိုင်ငံကို ပြန်လာပြီး လက်တွဲလုပ်တော့ကော ကောင်းကျိုးပေးမှာလား၊ တစ်သက်လုံး အဖျက်သမား စိတ်ဓာတ်နဲ့ လူသတ်ဖို့ဝန်မလေးတဲ့ လက်တွေက ပြည်သူတွေအကျိုးအတွက် အစိုးရနဲ့လက်တွဲပြီး ဆွေးနွေးရင်တောင်ဘာတွေဆွေးနွေးကြမလဲ လို့ သိချင်ပါတယ်။ အစိုးရက လမ်းဖွင့်ပြီးပြန်လာဖို့ ပြောတာနဲ့ပဲ အရှက်မရှိပြန်လာမယ့် မိုးသီးဇွန်အပါအ၀င် ABSDF အဖွဲ့ဝင်တစ်ချို့တွေကို ပြောပြပါရစေ။ ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တွေကြောင့် ပြည်သူတွေသေခဲ့ရတာတောင် အရှက်မရကြသေးဘူးလား။ မျက်နှာပြောင်တိုက်ပြီးပြန်လာမယ်ဆိုရင်တော့ ပြည်သူတွေရဲ့ ဒဏ်ခတ်မှုအောက်မှာပဲ ဘ၀ပျောက်ပါ လိမ့်မယ်ဆိုတာ ကြိုတင်သတိပေးပါရစေ။

နောက်တစ်ခုက အဲ့ဒီလိုလူမျိုးတွေဟာ မြန်မာနိုင်ငံရဲ့ပြောင်းလဲလာတဲ့ ကောင်းမွန်တဲ့ ဒီမိုကရေစီ စနစ်မှာ နိုင်ငံကြီးသားပီသစွာ နေထိုင်ခဲ့တာ မရှိတဲ့အတွက် ဒီမိုကရေစီဆိုတဲ့ စကားလုံးနဲ့ မတန်တဲ့သူတွေ ပါပဲ။ လူအခွင့် အရေးချိုးဖောက်တဲ့သူ၊ လူသားချင်းစာနာမှုမရှိပဲ ရက်စက်စွာသတ်ဖြတ်ခဲ့သူ၊ ပြောင်းလဲလာတဲ့ မြန်မာ့ဒီမိုကရေစီ စနစ်ကြောင့် နိုင်ငံတကာကလက်ခံအားပေး နွေးထွေးစွာကြိုဆိုနေခဲ့လို့ အရင်တုန်းက အနေချောင်ပြီး ပြည်ပ အထောက်အပံ့နဲ့ နေလာခဲ့သူတွေက အခုအချိန်မှာ အထောက်အပံ့မရလို့ မြန်မာနိုင်ငံမှာ ပြန်နေချင်ရင်တော့ လုပ်ခဲ့တဲ့လုပ်ရပ်အတွက် အပြစ်တွေကိုအရင်ပေးဆပ်ပါအုံး။ ယုံကြည်ချက်ကြောင့် သတ်တာမဟုတ်ပဲ မင်းတို့ အသက်ရှင်ဖို့အတွက် အပြစ်မဲ့တဲ့ကျောင်းသားတွေကို အကြောင်းပြချက် မရှိသတ်ခဲ့တယ်၊ ပြည်သူကို ဗုံးထောင်၊ မိုင်းခွဲပြီး ရက်ရက်စက်စက်သတ်တယ်ဆိုတာ ရှစ်လေးလုံးအရေးတော်ပုံ က အသက်ရှင်ကျန်ရစ်တဲ့ အရေးတော်ပုံ ကိုချစ်တဲ့ ရဲဘော်ဟောင်းတွေရှိနေသရွေ့ ငြင်းလို့မရဘူးလို့ ကြိုပြောပါရစေ။ အမှန်ကို မမြင်ပဲ ပြည်သူကိုဒုက္ခပေး တိုင်းတပါးကို ညာစားနေသရွှေ့ အထုပ်ကိုဖြည်ပြမယ့် မျိုးချစ်ရဲဘော် တွေရှိနေသေးတယ် ဆိုတာကိုမမေ့ပါနဲ့။

Myanmar Express

မြန်မာ့ပထမဆုံး ရေခဲပြင်ကမ္ဘာ အပန်းဖြေဥယျာဉ် ဖေဖော်ဝါရီတွင် ဖွင့်မည်


From : ခေတ်လူငယ်

မြန်မာနိုင်ငံတွင် ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ နည်းပညာဖြင့် တည်ဆောက်ထားသည့် Ice Wonder Land ရေခဲပြင် အပန်းဖြေဥယျာဉ်ကမ္ဘာကို ဖေဖော်ဝါရီ ဒုတိယပတ်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေခဲပြင်ဥယျာဉ်ကမ္ဘာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၏ နည်းပညာဖြင့် ရန်ကုန်မြို့ရှိ ကန်တော်ကြီးပန်းခြံတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး Ice Wonder Land တွင် ဆန်းပြားသည့် ရေခဲပန်းပုရုပ်တုများနှင့် ရေခဲပြင်စကိတ်ကိုပါ စီးနင်းနိုင်အောင် ဆောင်ရွက်ပေးထားကြောင်း သိရသည်။ ယင်း Ice Wonder Land အပန်းဖြေဥယျာဉ်ကမ္ဘာအတွင်း၌ အပူချိန် (-10ံC)၁၀ ဒီဂရီ ဆဲဆီးရပ်စ်အထိ အေးခဲအောင် ပြုလုပ်ထားပြီး ရေခဲတန်ချိန် ၂၀၀၀ ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ Ice Wonder Land အပန်းဖြေဥယျာဉ်ကမ္ဘာသို့ လာရောက်အပန်းဖြေသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ဆရာဝန်များ ထားရှိပေးပြီး သက်ဆိုင်ရာဝန်ထမ်းများကို ရှေးဦးသူနာပြုစုနည်းများ စနစ်တကျ သင်ကြားပေးထားကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

မဟနသာ မရှိတော့ရင် မိခင်လောင်းများအတွက် စိတ်လေးစရာ (ပေးစာ - ၉၂)

ဟိုးရှေးရှေးတုန်းကပုံပြင်နှင့် မဟန ဘာလဲ ဘယ်လဲ ဆိုပြီး

ခွေးပုံနဲ့တွဲပြီးတင်ထားတာတွေ့ရတော့ အတော်စိတ်မကောင်းဖြစ်မိတယ်...


ဒီနေရာ...

ပညာတတ်ပြီး စာအရေးကောင်းလို့ လေးစားခဲ့ပါတယ်အရှင်...
ဆရာတော်ကြီး ၄၇-ပါးကိုတော့ ခွေးနဲ့နှိုင်းပြီး မရေးသင့်ပါဘူးဘုရား...

သိက္ခာကြီးမားတဲ့ ဗန်းမော်ဆရာတော်ဘုရား ဦးဆောင်သော မဟနခေါ်တဲ့ မြန်မာသံဃာ့အဖွဲ့အစည်း တစ်ခုလုံးကိုတော့ ဒီလို မရေးသင့် မစော်ကားသင့်ဘူး ထင်မိပါတယ်... ပုဂ္ဂိုလ်ရေးနဲ့ သံဃာ့အရေး ခွဲသင့်တယ်ထင်ပါတယ်... အရှင်ဘုရားတော့မသိဘူး တပည့်တော်တော့ အရှင်ဘုရားအတွက် စိတ်မကောင်းဘူး... ရင်ပူတယ်... အရှင်ဘုရား စာတွေလည်း အများကြီး သင်ထားတာဘဲ... ဒေါသအာဃာတတရားတွေ ရှေ့တန်းမတင်ပါနဲ့ဘုရား... မဟနဖျက်ဖို့ လှုံ့ဆော်ခြင်းတွေဟာ သာသနာကို ဖျက်သလိုမျိုး ဖြစ်လာနိုင်ပါတယ်...

အဖွဲ့လို့ လုံးပြီး အပြစ်မဆိုကြပဲ ပုဂ္ဂိုလ်တစ်ဦးခြင်း အပြစ်ရှိလျှင်
အပြစ်ပြ ပြောဆိုခြင်းက ပိုပြီး သင့်တော်ပါတယ်...

သူတော်ကောင်းအပေါင်းတို့...
သံဃာ့မဟာနာယကအဖွဲ့ရယ်လို့ ရှိလာလို့သာ ဘုရားတပည့်တော်တို့ ထေရဝါဒဗုဒ္ဓသာသနာဝင် ဘုန်းကြီးများ ဖြစ်ကြရတာပါ... ဒီအဖွဲ့သာ မပေါ်ပေါက်ခဲ့ရင်... လူသေလူဖြစ်ဝါဒ ဦးဥက္ကဋ္ဌနဲ့တင် ဘုရားတပည့်တော်တို့ ဘာဗုဒ္ဓဘာသာမှန်းမသိ ဖြစ်နေလောက်ပါပြီ... ကျောက်ပုံဝါဒဆို နို့တစ်လုံးပေးရမယ်တောင်ဆိုသေး... မိခင်များကိုယ်စား ဒီလောက်နဲ့တင် မဟနကို ကျေးဇူးတင်သင့်နေပါပြီ... ဒီထက်ပိုပြီးစဉ်းစားကြည့်ရင် မဟနဆိုတာသာ မရှိခဲ့ရင် အရည်းကြီးတွေ ခေတ်စားနေလောက်ပါပြီ... ဒီလိုသာဆို ဘုရားတပည့်တော်တို့ မိမစစ်ဖမစစ်တွေဖြစ်မှာ သေချာတယ်... ဘာလို့လည်းဆိုရင် သာသနာအစစ်အမှန်မရှိလို့ အရည်းကြီးတွေ ခေတ်စားခဲ့တာ မှတ်မိကြမှာပါ... ဒီလိုသာဖြစ်ရင်တော့ မိခင်လောင်းတွေကို ပန်းဦးလွှတ်တဲ့အလုပ် လုပ်ကြရတော့မယ်... (လူငယ်တချို့ အရည်းကြီးဆိုတာမသိ ဖြစ်မှာစိုးလို့... အရည်းကြီးဆိုတာ သင်္ကန်းလိုလို ပိတ်စခြုံထားတဲ့လူကိုခေါ်တာပါ... သင်္ကန်းဝတ်လူပေါ့... လူလုပ်တာမှန်သမျှထက် မကောင်းမှုပိုလုပ်ကြတယ်... အဆိုးဆုံးကတော့ တစ်တိုင်းပြည်လုံး ရှင်ဘုရင်မှစ မိန်းမယူကြရင် ဒီဘုန်းကြီးအမည်ခံ အရည်းကြီးတွေထံမှာ မိမိမယားလောင်းကို တစ်ရက်ပို့ရတယ် သူ့မယားအဖြစ် နေရတယ်လို့ ဆိုပါတယ်... ဖိုမကာမဂုဏ်မှီဝဲခြင်းကို အရည်းကြီးဆိုသူတို့ ခံစားနှစ်သက်ကြပါတယ်... သူပြီးမှ ယောက်ျားထံ ပြန်ပို့ပေးတာပါ... ထေရဝါဒသာသနာကိုစောင့်ရှောက်နေတဲ့ မဟနလို သံဃာအဖွဲ့တွေသာ မရှိဘူးဆိုရင် ဒီအတိုင်း အရည်းတို့ခေတ် ဖြစ်လာမှာပါ...)

ဒကာလေးတို့ သင်တို့ဇနီးလောင်းများအတွက် စဉ်းစားရမယ်...

မဟနဖျက်သိမ်းရေး လှုံ့ဆော်ခြင်းဟာ သံဃာကွဲအောင်ခွဲသလို ဖြစ်လာနိုင်ပါတယ်...
ထေရဝါဒသာသနာကို ဖျက်ဆီးတဲ့သဘော ဖြစ်လာနိုင်ပါတယ်...
တောင်းပန်ပါတယ် ဒကာလေးတို့...
လူငယ်တွေ သေချာမသိပဲ မဟနဖျက်ပြစ်ဆိုတာမျိုး မပြောကြပါနဲ့...
ဘုန်းကြီး သံဃာသင်းကွဲမှုတွေ ဖြစ်လာလိမ့်မယ်...
လူဆိုရင် အဲဒီလောက်နီးပါး ကံထိုက်မယ်...
ဒီကိစ္စမှာ သွေးထိုးမှုကို မခံကြပါနဲ့...

မဟနခေါ်ဆိုတဲ့ မြန်မာနိုင်ငံ သံဃာမဟာနာယကအဖွဲ့အစည်း တည်တံ့ဖို့ ညီအကိုအပေါင်းနဲ့ သူတော်ကောင်းတို့မှာ တာဝန်ရှိပါတယ်...

မဟနဖျက်ရမှာ မဟုတ်ပါဘူး
ဘုရားတပည့်တော်တို့ အားလုံး ဝိနည်းနဲ့ နေကြရုံပါ...

ထေရဝါဒ ဗုဒ္ဓသာသနာ တည်တံ့ရေးအတွက် တာဝန်ကျေပါစေ...
ထေရ၀ါဒသံဃာတော်များအားလုံး လက်တွဲနိုင်ကြပါစေ...
ညီတော်နောင်တော်များ ငြိမ်းချမ်းစွာနဲ့ သာသနာအကျိုး သည်ပိုးနိုင်ကြပါစေ...
ဦးလောကနာထ
၁.၂၂.၂ဝ၁၂


Myanmar Express

လျှပ်စစ်မီတာဘီလ်ကို အွန်လိုင်းစနစ်ဖြင့် စမ်းသပ်ကောက်ခံ


From : ခေတ်လူငယ်

မြို့နယ်လျှပ်စစ်မီတာရုံးများ၌ လူကိုယ်တိုင်သွားရောက်ပေးဆောင်နေရသည့် အိမ်သုံးလျှပ်စစ်မီတာခများကို အွန်လိုင်းစနစ်ဖြင့် စမ်းသပ်ကောက်ခံသွားတော့မည်ဖြစ်ကြောင်း ရတနာပုံဝက်ဘ်ပေါ်တယ်မှ ဌာနမှူးဦးအောင်စုံမြတ်က ပြောသည်။ နေပြည်တော်ရှိ အိမ်သုံးလျှပ်စစ်မီတာခများကို အွန်လိုင်းစနစ်ဖြင့် စတင်ပေးဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီး ရန်ကုန်နှင့် မန္တလေးမြို့များကို ဒုတိယအစီစဉ်ဖြင့် ထပ်မံတိုးချဲ့သွားမည်ဖြစ်သည်။ အွန်လိုင်း လျှပ်စစ်မီတာခပေးဆောင်ခြင်းကို အမျိုးသားအဆင့် ရတနာပုံဝက်ဘ်ပေါ်တယ်မှ စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ပြီး သက်ဆိုင်ရာ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှင့် ပြည်တွင်းဘဏ်များက ပူးပေါင်းထားကြောင်း သိရသည်။ ရတနာပုံဝက်ဘ်ပေါ်တယ် သည်အွန်လိုင်းအသုံးပြု တယ်လီဖုန်းဘီလ် ပေးဆောင်ခြင်းကို မြန်မာ့ဆက်သွယ်ရေး၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်းဘဏ် ၁၁ ခုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် အွန်လိုင်းလျှပ်စစ်မီတာခပေးဆောင်ခြင်း စနစ်ကိုလည်း စမ်းသပ်ကာလအဖြစ် စတင်အသုံးပြုနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း၊ ရတနာပုံဝက်ဘ်ပေါ်၏ အစီအစဉ်အရ ဈေးဝယ်စင်တာများနှင့် စူပါမားကက် များ၏ အွန်လိုင်းအသုံးပြု၍ ငွေပေးချေနိုင်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးအောင်စံမြတ်က ပြောသည်။ တယ်လီဖုန်းဘီလ်အပါအဝင် အခွန်အခများကို အွန်လိုင်းစနစ်ဖြင့် ပေးဆောင်နိုင်ရန် စီစဉ်ရခြင်းသည် အများပြည်သူအတွက် အချိန်ကုန်၊ ငွေကုန်သက်သာစေရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး e government လုပ်ငန်းစဉ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များ ပပျောက်လာစေရန်ကိုလည်း အွန်လိုင်း အခွန်အခပေးဆောင်သည့် စနစ်က အထောက်အပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြာထားပါသည်။

Myanmar Express

ကက်သရင်းအက်ရှ်တန်၏ သမိုင်းဝင် ပထမဆုံးခရီးစဉ်အပြီး ပိတ်ဆို့မှုအားလုံး ပယ်ဖျက်မည်ဟု ယူဆ


From : ခေတ်လူငယ်

EU ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲဖြစ်သူ မစ္စကက်သရင်းအက်ရှ်တန်အနေဖြင့် သူ၏သမိုင်းဝင်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာမည့်ဧပြီလတွင် လာရောက်မည်ဖြစ်ကာ ယင်းအလည်အပတ်ခရီးစဉ်တွင် ပိတ်ဆို့မှုပယ်ဖျက်ပေးရေးအတွက် သေချာပေါက်နီးပါး ဖြစ်ပေါ်လာလိမ့်မည်ဟု ယူဆကြောင်း ပြည်တွင်းမှ နိုင်ငံရေးနှင့် စီးပွားရေးလောကမှ ထင်ရှားသူအချို့က သုံးသပ်ပြောကြားသည်။ ကက်သရင်းအက်ရှ်တန်အနေဖြင့် မြန်မာနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲ အနေအထားကို လာရောက်လေ့လာရန်နှင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားမှုများကို ပယ်ဖျက်ရန် လာရောက် လေ့လာခြင်းဖြစ်ကြောင်း သိရသည်။ “လက်တွေ့မြင်မှ ယုံကြည်မယ်ဆိုသလိုပဲ။ အနီးကပ်လာကြည့်မှ ယုံကြည်မှုတွေ တိုးပွားစေမှာပါပဲ။ မြန်မာအစိုးရအပေါ် လာရောက်လေ့လာတာဖြစ်သလို မြန်မာက အသင်းအဖွဲ့အစည်းကြီးတွေကိုလည်း ဝင်ရောက်လေ့လာ တွေ့ဆုံသွားပါလိမ့်မယ်။ အသင်းချုပ်အနေနဲ့ကတော့ လက်ရှိအနေအထားအရှိကို အရှိအတိုင်း ရှင်းပြသွားမှာပါပဲ။ ပိတ်ဆို့မှုတွေ ပယ်ဖျက်သွားလိမ့်မယ်လို့ တွက်ဆထားသလို အစိုးရနဲ့ ပြည်သူလူထုက အလုပ်စွမ်းအား (Capacity) ထိန်းညှိပြီး လုပ်ဆောင်သွားဖို့လိုတယ်” ဟု UMFCCI ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။ “မြန်မာနဲ့ EU ရဲ့ ဆက်ဆံရေးက ဧပြီလမှာတော့ အရေးကြီးဆုံးကာလ တစ်ခုဖြစ်လာပါပြီ။ ဧပြီလမှာ ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ကိစ္စနဲ့ ကက်သရင်းအက်ရှ်တန်ရဲ့ ခရီးစဉ်က အများကြီးဆက်စပ်နေတယ်။ ဧပြီမှာ သူတို့က ပြည်လည်ဆွေးနွေးကြမှာဖြစ်ပြီး မြန်မာပြည်ကို လာရောက်ခြင်းက ကောင်းသောပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့အနေအထားကို မြင်တွေ့ပြီး ပိတ်ဆိုမှုပယ်ဖျက်ဖို့ ဆွေးနွေးကြပါလိမ့်မယ်” ဟု သမ္မတ၏ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောကြားသည်။ “EU အကြီးအကဲအနေနဲ့ မြန်မာအစိုးရခေါင်းဆောင်တွေကို အချက်သုံးချက်အရ လာတွေ့တာဖြစ်နိုင်တယ်။ ပိတ်ဆို့မှု တွေပယ်ဖျက်ဖို့၊ မြန်မာအစိုးရသစ် တက်ပြီးကတည်းက EU အကြီးအကဲအနေနဲ့ သူ့ကိုယ်သူ နိုင်ငံအားလုံး ကိုယ်စားပြု မိတ်ဆက်ဖို့နဲ့ မြန်မာနိုင်ငံမှာ EU ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် လာတာဖြစ်မှာပါ။ အဖွဲ့အစည်းတွေကို လာတွေ့တဲ့အချိန်မှာတော့ ပြောလို့ရသမျှ တိုက်တွန်းလို့ရသမျှကို တိုက်တွန်းပြောကြားသွားမှာပါ” ဟု ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက သုံးသပ်ပြောကြားသည်။ EU အနေဖြင့် မြန်မာတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်မည်ဖြစ်ပြီး ရေလုပ်ငန်းတွင်လည်း ဝင်ရောက်ရင်းနှီးမြှုပ်နှံသွားရန် ဆန္ဒရှိနေကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ရုရှားရောက် ကိုကိုတွေ အမှားလား ? ၊ မမ တွေ အမှားလား ? ၊ သေချာ စဉ်းစား

From : စေလိုရာ

အဆင်ပြေတော့ ငြိမ်နေတယ်၊ အဆင်မပြေရင် မကောင်းကြောင်းတွေကိုသာ ဖော်ပြတတ်သူတွေအတွက် တန်ပြန်သင်ခန်းစာ (စင်္ကာပူမှအချစ် ဇာတ်လမ်းများ) မရည်ရွယ်ပါဘူး… အစဆွဲထုတ်လိုက်တဲ့ စင်္ကာပူမှသက်ဆိုင်သော သူများအတွက်သာ ဖြစ်ပါသည်…..

ABSDF တပ်ရင်းအတွင်းမှာ မွေးခဲ့ပြီး ဒုက္ခသည် စခန်းမှတဆင့် နော်ဝေ ရောက်နေသော မဗေဒါရဲ့ သမီးလေး ရုရှားရောက် ကိုကို တစ်ဦးထံ ရောက်ခဲ့စဉ်က


ABSDF တပ်ရင်းအတွင်းမှာ သမီးငယ်လေးကို ထိန်းကျောင်းခဲ့ပြီး ၁၈ နှစ် မပြည့်ခင်မှာ ရုရှားက ကိုကိုတွေနောက် လိုက်ဖို့ သင်ပေးခဲ့သူ မငယ်နိုင်


အောက်တွင်ဖော်ပြထားသည့် ဇာတ်လမ်းသည် အမှန်တကယ် ဖြစ်ခဲ့သော အကြောင်းအရာ တစ်ခုကို ဘေးလူတစ်ယောက် အနေဖြင့် (အားအားရှိ ခလုတ်တိုက်တတ်တဲ့ ဥပမာ-စလုံးမှ မမတစ်ယောက်၏ ရင်ဖွင့်ချက်ကို ထပ်ဆင့်ရင်ဖွင့် ပေးထားပြီး) အနည်းငယ်မျှသာ မြင်သာအောင် ဖော်ပြထားခြင်း ဖြစ်ပါသည်။

နေရာတကာမှာ လူထွင်ကျယ် ၀င်လုပ်ချင်သော စာနာစိတ်မထားတတ်တဲ့ စင်္ကာပူရောက် မိန်းကလေး တစ်ယောက်၏ အသိအမြင်နှင့် ကိုယ့်ဘက်က အမြင်တစ်ခုတည်းကိုကြည့်ကာ ဝေဖန်အပြစ်တင်မှုများကို အင်တာနက် စာမျက်ပေါ် ရောက်အောင်တင်၊ “Forward Mail” တွေကနေ လိုက်ပို့ပြီး ပြဿနာကို မီးထွန်းလိုက်ရှာနေတာ အခုချိန်မှာ အားလုံးဖတ်ပြီး သိပြီးဖြစ်ပါလိမ့်မည်။ ရေးတဲ့သူ၏စိတ်မှာ တခြားလူတွေကို အသိပေးတယ်၊ ရုရှားကကိုကိုတွေက အခုလိုအကျင့်တွေရှိတယ်၊ လုံးဝမကောင်းဘူး လို့ကြိုက်သလို ဝေဖန်နေပေမဲ့ တစ်ဖက်ကခံရသူကို သူတို့ပြန်ထည့်မတွက်ကြဘူး။ “အမြင့်ကိုရောက်ချင်လျှင် နင်းပြီးတော့ မတက်ပါနဲ့”… ပုဂ္ဂိုလ်ရေးဆိုတာ လူတိုင်းမှာရှိနိုင်တယ်။ မမှားသော ရှေ့နေ၊ မသေသော ဆေးသမားပါ။ အကယ်၍သာ ရုရှားမှာပညာသင် နေတဲ့အထဲက တစ်ယောက်သည် သူမ၏မောင်လေး ဒါမှမဟုတ် ဆွေမျိုးသားချင်း ဖြစ်နေပါက အခုလို ရုရှားရောက်ကိုကို များ၏မကောင်းကြောင်းကို ထမင်းစားဝင်အောင် ရေးမယ်လို့ ကျွန်တော်မထင်မိဘူး။ အေး….အဲလိုပဲ ရုရှားရောက်ကိုကိုများအထဲမှာလည်း စင်္ကာပူမှမဟုတ်ပါ အခြားနိုင်ငံများမှ လူတွေနဲ့ အမျိုးတော်နေမည် ဆိုရင်ရော ကိုယ်ချင်းမစာမနာ လုပ်ရပ်တွေကို လုပ်ပါ့မလား။ တစ်ယောက်မကောင်းတာ လုပ်ရင် ၀ါးလုံးရှည်ဖြင့် ပတ်ရမ်းတတ်သည့် အကျင့်ကိုရှောင်ကြပါ။

“ မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ။ ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ ” ဟု ဆိုရိုးစကားတွေ ရှိခဲ့တယ်။

ရှင်းရှင်းပြောရရင် ခင်ဗျားပြောချင်တဲ့ လူကသူ့ကိစ္စနဲ့သူ ထိုက်သင့်တဲ့အရာကို ခံစားသွားပြီးပြီး။ ဒါကိုခင်ဗျားတို့အနေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြင့် နောက်ထပ်ဒီလိုမျိုး မဖြစ်ဖို့ကို တားချင်တာလား……? ရုရှားကလူတွေ အမှားများများ လုပ်ပါစေလို့ ဆုတောင်းပြီး ချောက်ချချင်တာက များများလား….? ဆိုတာ ခင်ဗျားတို့ရေးပြီး ၀ါဒလိုက်ဖြန့်နေတဲ့ အင်တာနက် စာမျက်နှာက ဖော်ပြနေပါတယ်။ အဲဒါကြောင့် ငါတို့ပြောရင် သူတို့ကခံရမှာပဲဆိုတဲ့ ခင်ဗျားတို့ ခေါင်းထဲက အတွေးအခေါ်ဟောင်းတွေကို ဆေးကြောလိုက်ပါတော့လို့ ဦးစွာပြောချင်ပါတယ်။

နောက်ပိုင်းမှာတော့ နည်းနည်းကြမ်းမယ်… ဒီကိစ္စတွေကိုပြောဖို့ စိတ်ကူးလုံးဝမရှိခဲ့သလို ကိုယ်ချင်းစာတဲ့စိတ်ဖြင့် ထိန်းသိမ်းခဲ့သော်လည်း ယခုအချိန်တွင် တစ်လောကလုံး ငါတို့အမှန် ရုရှားရောက်ကိုကိုများရဲ့ အမှားဆိုပြီး အေးချမ်းစွာနေထိုင်နေတဲ့ လူအားလုံးကို ထိခိုက်ပုတ်ခတ် နေမှတော့ တတ်သည့်ပညာမနေသာပဲ ခင်ဗျားတို့ရဲ့ ကြီးကျယ်ခမ်းနားမှု အရှိန်ကိုမြင့်တင်ပေးဖို့ ခင်ဗျားတို့ကိုယ်တိုင် လုပ်ဆောင်ခဲ့တဲ့ အချက်အလက်တွေဖြင့် ၀င်ပြီးလမ်းကြောင်း ပြောင်းပေးကြည့်တာပေါ့…. ဘီလူးဆိုင်းတီးလို့ ဘီလူးအက ကရတာ ဘာမှမခက်ပါဘူး။ ရုရှားကလူတွေမှ အချစ်ဇာတ်လမ်းတွေ ရှိတာမဟုတ်ဘူး။ ခင်ဗျားတို့ နေထိုင်တဲ့ စကာင်္ပူ၊အခြားသော နိုင်ငံများက မိန်းကလေးတွေမှာ အချစ်ဇာတ်လမ်း ကောင်းကောင်းလေးတွေ ရှိပါတယ်။ အကျယ်တပွင့် ရှင်းလင်းရမည်ဆိုလျှင် အိမ်ကနေ မိန်းကလေးတစ်ယောက် နိုင်ငံခြားသို့ ထွက်လာတယ် ပညာသင်ဖို့၊ အလုပ်လုပ်ဖို့ ရည်မှန်းချက် အမျိုးမျိုး ဖြစ်လိမ့်မယ်။ ထိုရည်မှန်းချက်ထဲမှာတော့ ယောင်္ကျားယူမည်ဆိုတာ ထည့်သွင်းထားခဲ့သလား…. ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် မိန်းကလေးတော်တော် များများကြုံတွေရတယ်။ အားလုံးကို မဆိုလိုပါ… ဟုတ်မှန်သောသူများနှင့် ဘေးမှမြောက်ထိုးပင့်ကော် သမားများအား ဖော်ညွှန်းထားပါသည်။ တကယ်ရှိလို့ ပြောပြခြင်းဖြစ်ပါတယ်။ ခင်ဗျားတို့ သိတာရှိရင်ရှိမယ်။ မသိချင်ယောင် ဆောင်နေတာလဲ ဖြစ်နိုင်လို့။ အားလုံးသိရအောင် ဖော်ပြလိုက်တာပါ။ မိန်းကလေးတစ်ယောက် နိုင်ငံခြားရောက် မကြာဘူး၊ အတူစားအတူသွား အတူတူအိပ် ဘ၀ခရီးလမ်း ကြမ်းချင်သလောက် ကြမ်းပါစေ။ သူတို့နှစ်ယောက်အိပ်တဲ့ ကုတင်လောက်တော့ ဘယ်ကြမ်းတမ်းနိုင်မလဲ။ ကိုယ်ထင်ရင် ကုတင်ရွှေနန်းပေါ့။ မမတို့၊ညီမတို့က ကောင်းစားနေကြတာ၊ ဇိမ်တောင်ခံ နေလိုက်သေး။ အိမ်ကတော့ မသိရှာ… ငါ့သမီးလေး နိုင်ငံခြားမှာ ကျောင်းတက်ရတာ အဆင်ပြေရဲ့လား… အလုပ်ကပတ်တိုင်းတွေနဲ့ဆို တော်တော်ပင်ပန်းရှာမှာပဲ။ မိဘကတော့ မေတ္တာတွေပို့ပေး ငါ့သမီးလေး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးလူတွေများမေးခဲ့ရင် ၀မ်းသာအားရနဲ့ သမီးလေးက တော်တယ်၊ မိဘကိုလည်း သိတတ်တယ်။ မည်သို့မည်ပုံ ဂုဏ်ယူပြီးပြောပြော တကယ်တမ်း သမီးကတော့ နိုင်ငံခြားမှာ တရားဝင်ယောင်္ကျား ရနေလောက်ပြီး။ တရားက၀င်မှာပေါ့…. လူသိရှင်ကြား နေနေတာကို။ ကဲထားပါတော့…. ကိစ္စတစ်ခုခု၊ ပြဿနာတစ်ခုခုကြောင့် သူနဲ့ကြိုက်တဲ့ ကောင်လေး မြန်မာနိုင်ငံပြန်ရတဲ့ အခါ ဘယ်လိုများလုပ်ကြလဲ။ မြန်မာနိုင်ငံပြန်သွားပြီး အဲဒီယောင်္ကျားလေးက အဆက်အသွယ် မလုပ်တော့တာတွေ၊ အိမ်ကသဘောတူလို့ နောက်တစ်ယောက် တွေ့သွားကြတော့ သူတို့နှစ်ယောက် နိုင်ငံခြားမှာ ဖြစ်ခဲ့တာကြီးက ဘာဖြစ်သွားသလဲ။ မပြီးဆုံးသွားဘူးလား…. အဲဒါကိုကျတော့ သဲကြီးမဲကြီး တိုင်တောကြလား…။ လူမသိအောင် ခိုးစားထားတော့ လူသိမှာ အရမ်းကြောက် နေကြတယ်မဟုတ်လား။

ရုရှားကကိုကိုတွေနဲ့များ ချစ်သူရည်းစား ဖြစ်ခဲ့လျှင် အပိုင်တန်းကိုင်တာပဲ။ ခုနကလို ဖြစ်ခဲ့ရင် ချက်ချင်းမြန်မာနိုင်ငံ သွားပြီး၊ ယူရင်ယူ မယူလို့ကတော့ တိုင်မယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိခဲ့ပြီးပါပြီ။ အပြင်ကလူနဲ့ သူတို့ကြိုက်ပြီး ဘ၀ပျက်သွားခဲ့ရင် တိုင်ဖို့မပြောနဲ့ ရေကန်မြင့် ကြာတင့် ဆိုတဲ့စကားပုံကိုများ လက်ကိုင်ထားနေလား မသိဘူး။ ခွင့်လွတ်ပေးနိုင် ကြတယ်…ဒီစကားတွေက ခင်ဗျားတို့တွေကပဲ ပြန်ပြောလို့ ကြားနေရတာပါပဲ။ ရုရှားကကိုကိုတွေအနေဖြင့် ကြိုက်သာကြိုက်နေရတယ်၊ ချစ်သာချစ်နေရတယ်၊ ခင်ဗျားတို့ကအဝေးမှာ ဘာတွေဖြစ်နေလဲ ဘာတွေလုပ်နေ သလဲဆိုတာကို ကောင်းကောင်းမသိနိုင်ဘူး… ခင်ဗျားတို့ရဲ့ အပြောနဲ့သာ ယုံနေရပေမဲ့… နေ့စဉ်အင်တာနက် စာမျက်နှာပေါ်ရောက် ရောက်လာတဲ့ ဗွီဒီယိုမှတ်တမ်းတွေက အမျိုးကောင်းသားသမီးတွေ နှစ်ကိုယ်တူ ချစ်နှီးနှောထားတဲ့ ဇာတ်လမ်းတွေက ခင်ဗျားတို့ရဲ့ သစ္စာစောင့်သိမှုကို သက်သေပြနေသလိုပါပဲလား။ အခုနောက်ပိုင်း သားစိုးသီချင်းထဲကလို နိုင်ငံခြားကခိုးကူးခွေများ စင်္ကာပူတွင် လုပ်သည် ဟုပြောရမလိုပဲ။ သူတို့နဲ့အနီးကပ်နေတဲ့ ကောင်လေးတွေကို ယုံစားကြလို့ ဘာတဲ့… တခါတလေဆို အသံတွေကအစပါလို့ အကိုဗွီဒီယို ရိုက်ရင်ရိုက်နော် အင်တာနက်အပေါ်တော့ မတင်ပါနဲ့။ ဟိုကလည်း စိတ်ချမတင်ပါဘူး… ညီမရယ်၊ မမရယ်နဲ့ အဆင်ကိုပြေလို့။ ပြီးတော့လည်း အကုန်လုံးကြည့်နေရတာပါပဲ။ ဒါမျိုးလုပ်တဲ့ လူတွေကျတော့ ကြောက်ကြတယ်မဟုတ်လား။ ဘယ်လောက်စိတ်နာဖို့ ကောင်းသလဲ။ မိန်းကလေးကိုချစ်တယ်ပြောတယ် အတူတူနေ၊ အတူတူစား၊ အတူတူသွား ပြီးတော့အတူတူ သဘောတူယုံစားပြီး ဗွီဒီယိုတွေရိုက်၊ ဖြစ်နေကြတာ။ နောက်ဆုံးကွဲပြဲတဲ့အချိန် ဘ၀ပါပျက်စီးသွားတာမဟုတ်ဘူး၊ အရှက်ကိုပါ တစ်ခါထဲဖျက်စီးလိုက်တာ။ ငြိမ်နေကြတယ်မဟုတ်လား။ ထိုအကြောင်းတွေကို ရေးပါလား… အတုယူဖို့။ ဘာမဆိုင်တဲ့ အဝေးဆုံးက ရုရှားကကိုကိုတွေပဲ အားအားရှိ လာလာကစ်နေကြတယ်။ ခင်ဗျားတို့ရည်းစား ဖြစ်ခွင့်ရတဲ့ ကြိုက်တဲ့ ရုရှားကကိုကိုတွေမှာ ခင်ဗျားတို့လို မြန်မာနိုင်ငံက မိန်းကလေးတွေကို အမှားများနဲ့ အတုယူနိုင်အောင် ဘ၀နဲ့ရင်းပြီး ဇာတ်လမ်းတွေ မလုပ်ဘူး၊ မရှိဘူး…။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ဗွီဒီယိုမှတ်တမ်း တွေကတော့ အရမ်းကိုများလွန်း နေမှာသေချာတယ်။ ဒီဇာတ်ကားကို ထပ်ခါတလဲလဲ ကြည့်ချင်တာမဟုတ်ဘူး။ အဲဒီထဲက ကောင်မလေးနဲ့ တူနေမှာဆိုလို့ သေချာအောင် ကြည့်ရုံလေးပဲ။ နောက်ဆုံးတော့လည်း “ယိုသူမရှက် မြင်သူရှက်” သလိုဖြစ်နေရတာကို ခင်ဗျားတို့တွေ သိအောင်ပြောပြလိုက်ပါတယ်… တခါတလေ ညီမငယ်လေးတွေကို…. သူတို့တွေက အမှားသရုပ်ပြ နေကြတာပါလို့။ အတုမခိုးရဘူးလို့… သွန်သင်ပေးလိုက် ရသေးတယ်။ တော်ကြာ ငယ်ရွယ်တဲ့ ညီမငယ်လေးတွေ အားကျပြီး အတုမခိုး စေချင်တာကြောင့်ပါ။ ခင်ဗျားတို့လည်း အဲဒီဗွီဒီယို ဖိုင်တွေကို ပြန်ကြည့်ရမှာပါ။ မကောင်းတဲ့ ခိုးရိုက်ဗွီဒီယိုခွေတွေမှာ ရုရှားကကိုကိုတွေနဲ့ ဖြစ်တာလား…. ခင်ဗျားတို့မျက်စိမှိတ် ယုံကြည်တဲ့ လူတွေနဲ့ ဖြစ်ပြီး အကယ်ဒမီလျှော့ ရအောင် ဗွီဒီယိုမှတ်တမ်း တင်ထားတာလား….။ တစ်ခုကောင်းတာက ဒီဗွီဒီယိုခွေကိုပဲ သူတို့နဲ့ချစ်ကြိုက်ခဲ့တဲ့ လူတွေကပြန်လည် တင်ပြပေးလို့ အင်တာနက်ခေတ်ကြီးထဲမှာ အသက်(၁၈)နှစ် ကျော်ပြီးသူများ လက်ဝါးထင်ထင် မြင်တွေ့နေရပါတော့တယ်။ ခင်ဗျားတို့ယုံကြည်သော သူတွေသည် “ထန်းရည်မှုးတော့ ကျွဲခိုးပေါ်” ဆိုသလို အကုန်လုံးကို တောက်လျှောက် အင်တာနက်ဆိုဒ်သို့ တင်ပေးခြင်းဖြင့် ပညာဗဟုသုတတွေကို ရရှိရ၍ ကျေးဇူးတင်ရမလိုပဲ…။

နောက်တစ်မျိုးက ကိုယ်ချင်းစာကြည့်ကြပါ… အပေါ်မှာပြောခဲ့သလို မမတို့ညီမတို့ရဲ့ အချစ်ဇာတ်လမ်း ကြီးထွားပုံ၊ အနီးမှာရှိတဲ့ လူကိုရည်းစားလုပ်၊ တကယ်ပြတ်ဆဲ အားလုံးပြီးဆုံးသွားတော့ သင်ခန်းစာတွေရ၊ တည်ငြိမ်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ အွန်လိုင်းပေါ်တက် ရုရှားကအမျိုး ကောင်းသားလေးတွေကို ပန်းကောင်းအညွှန့် ချိုးနေတာတွေ အများကြီးပါ။ ခင်ဗျားတို့ကသာ ပြောနေတာ မကောင်းဘူး၊ မကောင်းဘူးနဲ့ တကယ်တော့ ခင်ဗျားတို့ ပတ်ဝန်းကျင်တစ်ခုလုံးက ရုရှားကလူတွေကို တခြားနိုင်ငံတကာက ယောင်္ကျားတွေထက် ပိုပြီးနှစ်သက်မက်မော နေကြတာပဲမဟုတ်လား။ မှန်တာပြောရင် နာကြဦးမယ်။ ငယ်ရွှယ်မှုရှိတယ်…. နောက်ပြီး(၁၀)တန်း အောင်ပြီးကတည်းက တပ်ထဲရောက်နေကြပြီး အချိန်နှင့်တပြေးညီ ထမ်းဆောင်နေတဲ့ ကာလမှာ ရည်းစားထားတဲ့ လူသည် အရမ်းကိုရှားပါးလွန်းတယ်။ အချစ်နဲ့ပတ်သတ်ရင် အရမ်းနုနယ်တယ်။ ဒါကြောင့် ခင်ဗျားတို့က ကြိုက်ကြတာ… မယုံရင်မေးကြည့်ပေါ့။ တိုက်ဆိုင်သွားရင်တော့ စိတ်မကောင်းပါဘူး။ ၀မ်းနည်းပါတယ်။ ရည်းစားဖြစ်နေတဲ့လူတွေကို ကောင်းတဲ့ဘက်က မကြည့်ဖူးရင်တော့ မသိနိုင်ပါဘူး။ ဒီကြားထဲ ခုနကကောင်လေးက မြန်မာနိုင်ငံပြန်တော့ ရည်းစားအဖြစ် ရပ်ဆဲပြီး စိတ်နာနာနဲ့ အွန်လိုင်းပေါ်က ရုရှားရောက်ကိုကိုတွေကို ကျားကွက်ရွှေ့သလို ထိုးကျွေးတာကိုရော ခင်ဗျားတို့ မြင်သလား၊ ကြားဖူးသလား၊ တွေ့ဖူးသလား။ ဒါမျိုးတွေနဲ့ကျတော့ တန်ရဲ့လား စဉ်းစားမိလား။ သူကျတော့ ဖြစ်ချင်ရာဖြစ်ပြီးမှ နောက်ဆုံးရရာလေး တစ်ခုလောက် အမိအရဖမ်းဆုတ်ဖို့ ပြင်ဆင်တယ်။ သူ့ဘ၀ဖြစ်စဉ်တွေကို ဖုံးကွယ်ထားတာက အကြောင်းမဟုတ်ဘူး နားလည်ပေးလို့ရတယ်။ ရည်းစားဖြစ်ပြီးဆိုရင်တော့ စုံစမ်းမေးမြန်းရတော့မှာပဲ နောက်ကြောင်းမရှင်းတဲ့ မိန်းကလေး တစ်ယောက်ကို မြတ်နိုးတွယ်တာတဲ့ ချစ်ဇနီးမယား လုပ်ဖို့ဆိုတာ ပုခုံးအရမ်းကောင်းတဲ့ လူတွေပဲ ဖြစ်လိမ့်မယ်။ လူ“အ”တွေ လူနုံတွေမှ မဟုတ်တာ… အပြင်ကလူတောင် လက်ခံမလားလို့ ဒီခေတ်ကြီးမှာ မေးကြည့်ပါလား။ ရုရှားရောက်နေတဲ့ လူတွေကို မပြောပါနဲ့။ ခင်ဗျားတို့အထဲမှာ မောင်လေးအရင်းရှိရင် ပေးစားကြည့်ပါလား…. နွားမရွှံ့ပိတ် ရောင်းလိုက်လေ…. သဘောတူမလား… ဒီလိုဖြစ်ဖူးတဲ့ ဇရှိတဲ့ မိန်းကလေးကို ခင်ဗျားတို့ ဆွေးမျိုးသားချင်း တွေနဲ့တောင် သဘောမတူတာ ရုရှားကလူတွေနဲ့ကျတော့ သဘောတူ တတ်လိုက်တာ လွန်ပါရောလား…. ရှေ့စကားတွေ အရမ်းမှန်တယ်…. “၀ါဝါမြင်တိုင်း ရွှေအစစ်လို့” ထင်လို့မရဘူး…။

ဒီစာနှင့် ပတ်သတ်ပြီး မကျေနပ်ဘူး၊ မှန်ကန်နေတာ လက်မခံနိုင်ပါသဖြင့် ဖြေရှင်းချင်တယ်ဆိုရင် အပေါ်မှာ “Email address” ဖော်ပြပေးထားပါတယ်။ အကြောင်းအရာ၊ အချိန် နှင့် ဘာတွေပြောပြီး ဘာတွေလုပ်ခဲ့ကြသည် ဟူသောအချက်နှင့် ထိုအချိန်တုန်းက ဓာတ်ပုံတွေကအစ အားလုံးယနေ့တိုင် မပျောက်မပျက် ထိန်းသိမ်းထားသည့် လူများရှိသည့်အတွက် အားလုံးကို ပြောနိုင်ပါတယ်။ ခင်ဗျားတို့မှ လူနာမည်နှင့်နေရာ တွေအတိအကျ ဖော်ပြနိုင်တယ် ထင်နေမှာဆိုးလို့ပါ။ ဒီနေရာမှာ တစ်ခုမေးချင်တာက ရုရှားရောက်ကိုကို များအား တိုက်ခိုက်ပြောဆိုထားတဲ့ စာကိုရေးသားသူ၊ ၀ါဒဖြန့်ဝေသူ ကာယကံရှင်ကရော သူရေးတဲ့စာကိုတာဝန်ယူ ဖြေရှင်းနိုင်လား။ ဘာတွေကို သိလို့ရေးတာလဲ… နားစွန်နားဖျားလောက်နဲ့ တစ်ဘ၀လုံး မကျေနပ်သမျှတွေ ပုံချဖို့စိတ်ကူး နိုင်ငံရေးတွေပါ ပါလာရင် ဘယ်လောက်ကောင်းမလဲ… ဆိုတဲ့ခင်ဗျားတို့ရဲ့ ဥာဏ်ဆင်မှုတွေကို ပြောင်းလဲသင့်တာ ကြာမြင့်နေပါပြီး…။ နောက်တစ်ခု ထပ်ပြောချင်တာက ဒီစာကိုဖတ်ရပြီး ဒေါသဖြစ်ခြင်း နှစ်ဆထပ်တိုးပါ။ ဂရုကိုမစိုက်ဘူး၊ ရုရှားကလူတွေက ခြေထောက်ပေါက်ပြီး သူများနိုင်ငံလျှောက်သွားပြီး နှမချင်းမစာမနာ လိုက်ဖျက်ဆီးနေခြင်း မဟုတ်တာတောင် “ခင်ဗျားတို့က ခလုတ်တိုက်မိတိုင်း (ခလုတ်ထိတော့ အမိတ) အမေလို့အသံမထွက်ပဲ (ခလုတ်ထိတော့ ရှားကိုကို) ရုရှားကကိုကို တို့လုပ်လို့ဆိုပြီး ရုရှားကကိုကို၊ မောင်မောင်နှင့် ဖြစ်ခဲ့တာပါ၊ အာမေဋိတ်အသံမှာတောင် စွဲလမ်းစိတ်က အံ့မခန်းပါပဲလား။ ကောင်းသော တမ်းတခြင်းတော့ မဟုတ်ဘူး” ယခုလို့ အင်တာနက်စာမျက်နှာတွေမှာ ခင်ဗျားတို့သာ ဘာမှမပြောရင် ရုရှားရောက်လူတွေက ဘာမှပြောစရာ မလိုပါဘူး။ သို့သော် ခင်ဗျားတို့ဘက်ကအရင်ရေးတဲ့ စာကိုသေချာ ပြန်ဖတ်ပြီးမှ ဒီစာဘာကြောင့် ဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကို နားလည်ပြီးလျှင် ဒေါသထွက်ခြင်း ၀မ်းနည်းခြင်း၊ စာနာခြင်းတွေ ကြိုက်သလိုသာ လုပ်နိုင်ပါတယ်။ ခင်ဗျားတို့မှာပဲ စိတ်ရှိတာမဟုတ်ဘူး၊ လူတိုင်းလူတိုင်းမှာ စိတ်ဆိုတာရှိတယ်။ အဲဒီစိတ်သည် အဆိုးမရဘူး။ ရုရှားကခင်ဗျားတို့ ကိုကိုတွေက ခင်ဗျားတို့မကောင်းပါဘူး၊ ခင်ဗျားတို့က ဘာကြီးပါလို့ လိုက်ပြောနေလို့လား။ ခင်ဗျားတို့ မကျေနပ်လို့ ရေးသလိုပဲ၊ ရုရှားရောက်ကိုကို တစ်ဦးကလည်း မကျေနပ်လို့ ရေးတယ်လို့ သဘောထားနိုင်တယ်။ “ပွင့်လင်းစွာပြော ရိုးသားစွာ ၀န်ခံထားတယ်” ကြိုက်တဲ့ပုံစံမျိုးဖြင့်လည်း ဒေါသထွက်နိုင်တယ်၊ မကျေနပ်ရင် ခင်ဗျားတို့ကိုယ်တိုင် ဖြစ်စဉ်လေးတွေကိုသာ ဖန်တီးပြီး စမ်းသပ်ကြည့်လိုက်ပါက ဘယ်လိုအကြင်နာတွေဖြင့် နွေးထွေးစွာ ကြိုဆိုနေတယ်ဆိုတာကို ပြောချင်သော်လည်း မျက်စိစုံမှိတ်ပြီး ငြင်းခုန်နေမဲ့ ပုံသဏ္ဍာန်တွေကို မြင်ယောင်မိတာကြောင့် မတိုက်တွန်းတော့ပါဘူး….။ အချိန်မရွှေးတံခါး ဖွင့်ထားပါတယ်။ ရာသီဥတုအားဖြင့်တော့ ဒီအချိန်အေးနေ လောက်ပါတယ်။

ရုရှားကကိုကိုတွေမှ ကောင်မလေးတွေကို ခေါ်တတ်တာမဟုတ်ဘူး… ခေါ်တိုင်းလာရအောင်လည်း အဲဒီမိန်းကလေးက ဆယ်ကျော်သက်မဟုတ်၊ ကိုယ်ပိုင်ဦးနှောက်စဉ်းစား ဥာဏ်ရှိပြီး နိုင်ငံခြားမှာနေလာတာ အနည်းဆုံး (၄)နှစ်အတွင်း ဆရာကြီးသဘာကြီးတွေ ဖြစ်နေပါပြီး။ မသိရင်ပဲ ခင်ဗျားတို့က လူကောင်းတွေ ရုရှားကလူတွေ့က လူဆိုးတွေပေါ့… ရုရှားကကိုကိုတွေ၊ မောင်မောင်တွေကပဲ သူတို့ကို မြူဆွယ်သိမ်းသွင်း နေတာကျနေတာပဲ။ ခေါ်တိုင်းသွားတယ်လို့ ပြောလိုက်ခြင်းမဟုတ်ပေမဲ့၊ အခုလည်း တစ်ယောက် သွားတော့မယ် သူတို့အတွက်တော့ ရင်လေးပါတယ်တဲ့။ လုပ်ပုံက အများအမြင်မှာ တော်တော်ကို သိက္ခာသိပ်ရှိတဲ့ပုံပေါ့။ ရုရှားကိုလာလို့ မုဒိန်းမှုဖြစ်ပြီး ပြန်သွားရတယ်လို့ ဘယ်တုန်းက ကြားဖူးသလဲ။ ကြားဖူးတာက ဒူဘိုင်းမှာ မုဒိန်းမှုဖြစ်တယ်။ မြန်မာမိန်းကလေးတွေ ကြောက်နေရတယ်ဆိုတာ ခင်ဗျားတို့တွေ ပို့နေတဲ့ “Forward Mail” တွေကပဲ ဖတ်ရပါတယ်။ သူ့ဘာသာ လာတာပဲ… ခေါ်တိုင်းလာတယ် ဆိုရင် ခင်ဗျားတို့သူငယ်ချင်းသည် ဘယ်အဆင့်ကို ရောက်သွားမလဲဆိုတာ စဉ်းစားမိမှာ မဟုတ်လောက်ပါဘူး။ ခင်ဗျားတို့အမည်တပ် ခေါင်းစဉ်ရိုက်နေတာ လွဲမှားနေတာကို ထောက်ပြတာပါ။ နိုင်ငံတကာမှာ ရှိတဲ့မြန်မာတွေ အားလုံးလည်း ကိုယ့်ချစ်သူကို သူတို့ဆီရောက်အောင် ခေါ်တတ်ကြတယ် ဆိုတာကို မမေ့ပါနဲ့။ နေရာတကာ ရုရှား…ရုရှား လုပ်မနေပါနဲ့။ ခင်ဗျားတို့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကိုလည်း ပြန်ကြည့်လိုက်ဦး။ အခြောက်တွေ မဟုတ်သလို၊ ကိလေသာ ကုန်ဆုံးနေတာလည်း မဟုတ်ဘူး။ မိန်းမတွေပဲ တည်ထောင်ထားတဲ့ တိုင်းပြည်လည်း မဟုတ်ဘူး။ အနီးဆုံး ရန်သူသည် အကြောက်ရဆုံးဆိုတာကို ထည့်တွက်ထား စေချင်တယ်။ “တောမီးလောင်တော့ တောကြောင်လက်ခမောင်း” တဲ့… မှတ်ထား အခြားသူများ၏ ဘေးဒုက္ခအခက်အခဲ ကြုံနေရသည့် အချိန်တွင် သူယုတ်မာတို့ ကောက်ကျစ် စဉ်းလဲစွာ အကျိုးအမြတ် ရှာတတ်ခြင်းကို ရှုတ်ချတတ်ဖို့ ဒီဥပမာလေးကို ပေးတာပါ။ ဥပမာရဲ့ ရည်ရွယ်ချက်ကို နားလည်ဖို့ပဲ လိုတယ်။ မဆိုင်တာတွေ ဆွဲမထည့်ချင်ဘူး ဒီလောက်ဆို သဘောပေါက် နားလည်လိမ့်မယ်လို့ ထင်ပါတယ်။ ခင်ဗျားတို့လည်း တကယ်ချစ်တဲ့လူနဲ့ တွေ့ရင်ဘယ်လို ဆုံးဖြတ်မလဲ။ မိန်းကလေးကို ခေါ်ဖို့အတွက် လွယ်တယ်များ ထင်နေလို့လား…။ အခက်အခဲတွေ အများကြီးပဲ၊ တစ်ဖက်သတ် မပြောပါနဲ့… နှစ်ဦးနှစ်ဘက်စလုံး ကြိုးစားရတာပဲလေ။ အဓိကက စိတ်မောတယ်၊ ပြီးမှလူမောမယ်၊ ပြီးရင်ငွေသွန်မယ်။ ဒီလူနှစ်ယောက် ချစ်သူတွေဖြစ်ပြီး တစ်ယောက်ရဲ့စိတ် တစ်ယောက် ပိုင်ဆိုင်မယ်။ နေ့တိုင်းညတိုင်း သူတို့တွေ ရင်းနှီးမှု့တွေ ဖြစ်လာပြီးမှ ချစ်သူဆီကို လာတဲ့အဆင့်ကို ရောက်လာတာပါ။ ခင်ဗျားတို့ပြောသလို လွယ်လွယ်နဲ့ မိန်းကလေး တစ်ယောက်ကို ခေါ်လို့ရနေတာမှ မဟုတ်တာ။ အဆင့်အတန်းဆိုတာ ရုရှားရောက်ကိုကိုများက ကန့်သတ်နေတာမဟုတ်ဘူး။ အခုလောလောဆယ် အပေါ်မှာပြောခဲ့တာနှင့် ခင်ဗျားတို့လူလယ်ခေါင်မှာ ဖွင့်ဟပြလိုက်တဲ့ စကားလုံးတွေကြောင့် တန်ပြန်ခံရတာပဲ။ ဘာမှပြန်မပြောတော့ ငါတို့လုပ်တာအမှန်ဆိုပြီး မာနတွေဇွတ်တက်နေတာ၊ ရှုပဗေဒသဘောအရ ပြောရရင်တော့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ဆိုတာရှိတယ်။

ကြည်ဖြူလို့ သူတို့ချစ်သူနှစ်ယောက် ဘ၀ခရီးလမ်းကို ဖောက်တာမှားရင်လည်း ခံပေါ့။ မှန်ရင်လည်းစံပေါ့လေ။ မဖြစ်ခင်က ရအောင်တားဆီးကြပါလား အရာအားလုံးဖြစ်ပြီးတော့မှ ဘယ်သူကမှန်တယ် ဘယ်သူကမှားပါတယ် ပြဿနာတစ်ခုမှား အမှန်အမှားတော့ ရှိမှာပဲလေ။ အရာအားလုံးသည် လူတစ်ယောက်ထဲ အပေါ်အမြဲတမ်း အပြစ်ပုံကျမနေသလို အပြစ်ပုံလည်းမချသင့်ဘူး။ အခုဖြစ်နေတာ ဘာမှလုပ်လို့ မရတော့လျှင် နောက်ဆုံးတော့ ရုရှားကကိုကိုတွေ မကောင်းဘူးတဲ့။ ကောင်းမကောင်းသိချင်ရင် ခင်ဗျားတို့ရဲ့ သူငယ်ချင်းလာတုန်းက ဘယ်လိုဧည့်ခံလိုက်သလဲ မေးကြည့်ပါလား။ မကောင်းဘူးလို့ ပြောရအောင် ဘာနဲ့တိုင်းတာလို့လဲ… ပြောတဲ့လူကရော ဘယ်နှကြိမ်လောက် ဒီကိုရောက်ဖူးလို့လဲ။ ပြောရင်လည်း နာဦးမယ်။ အိမ်မှာသူငယ်ချင်းတွေနဲ့ ဆုံလို့အတင်းပြောတာလောက်က လက်ခံနိုင်ပါတယ်။ အင်တာနက်မှာ ဖွင့်ဟပြရလောက်အောင် ခင်ဗျားဘ၀ ဘာတွေစွန်းထင်သွားလို့လဲ။ သူငယ်ချင်းဘက်က နာတယ်ဆိုတာ လက်ခံလို့ရတယ်။ တစ်ဖက်မှာလည်း သူငယ်ချင်းတွေ မိတ်ဆွေတွေ ရှိတယ်ဆိုတာ လုံးဝ(လုံးဝ) မမေ့အပ်သင့်ဘူး။ ကြားသုံးကြားဆိုတာ မ၀င်ကောင်းဘူး။ ဒါပေမဲ့ ခင်ဗျားကိုယ်တိုင် သတ်မှတ်ထားတဲ့ ကြားထဲမှာ အဲဒီသုံးကြားမပါရင်တော့ မသိဘူးပေါ့။

ရုရှားကကိုကိုတွေလို့ နာမည်တတ်အပုတ်ချရအောင် ကောင်မလေးရှိတဲ့ နေရာကို သွားရောက်လည်ပတ် ပျော်ပါးခဲ့ခြင်းဖြင့် မဟုတ်တာတွေ လုပ်ပြီးလွင့်ပစ်စွန့်ပစ် ခဲ့တာလည်းမဟုတ်ဘူး။ လူတိုင်းမှာ ရှောင်လွဲလို့မရတဲ့ အခက်တွေ ရှိနိုင်တယ်။ မိန်းကလေးက သဘောတူလို့ ရုရှားကိုလာပြီး သူ့ချစ်သူကို လာတွေ့တာပဲ။ ခင်ဗျားတို့နဲ့ဘာများ ဆိုင်လို့လဲ နေတတ်ရင် ကျေနပ်စရာပါ။ အဲဒါကို ဘာလို့အခုလည်း တစ်ယောက်သွားတော့မယ်၊ ဘာတွေဆက်ဖြစ် လာအုံးမလဲဆိုတာ စောင့်ကြည့်ရ အုံးမယ်ဆိုတော့ ဒီမိန်းကလေးကို ရုရှားကလူတွေက ဘယ်လိုပြုမှု ဆက်ဆံလိုက်လဲ ခင်ဗျားတို့ကပဲ အားလုံးကြိုသိနေသလို ကြိုပြီးခံစားနေသလို၊ ခံစားဖူးသလို ဖြစ်မနေဘူးလား။ သူတို့ချစ်ကြလို့ အဆင်ပြေကြလို့ အချစ်ကိုပေးဆပ်ဖို့၊ အင်တာနက်မှာ ချစ်တာမို့ အရမ်းတွေ့ချင်လို့ မည်သို့ပင် ဖြစ်စေကာမှု ရိုင်းစိုင်းစွာဖြင့် ပြုမှုဆက်ဆံခဲ့တာ ရှိရင်ခေါ်လာခဲ့၊ ခင်ဗျားတို့ကမှ သူငယ်ချင်းမဟုတ်ပါဘူး။ ရုရှားရောက်ကိုကိုတွေမှာ သူငယ်ချင်းစိတ်ဓာတ် အဖွဲ့အစည်း စိတ်ဓာတ်ဆိုတာ အပြည့်ရှိပြီးသား၊ ခင်ဗျားတို့ နာပြီးရေးတယ်ဆိုတာ သနားတယ်။ ခင်ဗျားတို့က နိုင်ငံခြားရောက်မှ ရင်းနှီးကြတာ။ ရုရှားကကိုကိုတွေက သွားမလုပ်နဲ့ အမိကျောင်းတော် ကတည်းက အတူတူကြီးပြင်းခဲ့ရတာ… ခင်ဗျားတို့ရေးတယ်ဆိုတာ အိပ်နေသလောက်ပဲ ရှိတယ်။ ခင်ဗျားတို့လို “ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်” တဲ့အလုပ်တွေ မလုပ်ချင်လို့ အေးဆေးနေနေတာပဲ ရှိလိမ့်မယ်။

ဘာကိုမှနှိုင်းယှဉ်မပြဘူး ခင်ဗျားတို့မြင်အောင် ကြည့်တတ်ဖို့တော့ လိုလိမ့်မယ်။ ပုခုံးဖက်ပေါင်းလာတဲ့ ညီအစ်ကိုတွေ စိတ်ဓာတ်ရေးရာပိုင်းမှာရော၊ စည်းလုံးတဲ့အပိုင်းမှာရော အများကြီးကွာတယ်ဆိုတာ သာဓက အနေဖြင့် ခင်ဗျားတို့ရေးတဲ့ပို့စ်အောက်မှာ ဘာတွေလုပ်သွားသလဲ… ဒါမှမဟုတ် ဘယ်သူတွေနာမည် ကြီးသွားသလဲ။ တွက်ကြည့်ကြပါ… ခင်ဗျားရဲ့အကြောင်းကို “က မှ အ” ထိ အကုန်သိတဲ့ လူတစ်ယောက်ကို ဆန့်ကျင်ပြီး အော်ဆဲနေလို့ ဘာထူးမှာလဲ။ ခင်ဗျားက အထောက်အထား တစ်ခုလောက်ပဲ ပြထားတာ။ ခင်ဗျားပြန်ရ လိုက်တာတွေက ပိုးစိုးပက်စက်ပါပဲလား။ ရည်ရွယ်ချက်မရှိပါဘူး…. ခင်ဗျားတို့ ဘက်ကစလာလို့ အနည်းငယ် စာမှုပို့ချတာလောက်ပဲ ရှိတာပါ။ နာသွားပြီးလား မနာပါနဲ့ မှန်တာကို ပြောလိုက်ခြင်းဖြစ်ပါတယ်။ နောက်ထပ် ဆက်ဖတ်ပါအုံး….။

ယခုပို့ချမည့် စာမှုတွေကိုလည်း ကြိုက်လိမ့်မယ်လို့ ယုံကြည်ပါတယ်….. ဒါဆိုရင်တော့ စပြောပြမယ်…. သေချာနားထောင်ကွယ်….။

ဟို….လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပေါ့…. စင်္ကာပူဆိုတဲ့နိုင်ငံက ကောင်မလေးတစ်ယောက်နှင့် ရုရှားကကိုကို တစ်ယောက် ချစ်ကြိုက်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက် ချစ်ကြိုက်ခဲ့ပုံက အံ့မခန်းလောက်အောင် ဖြစ်နေခဲ့သော်လည်း အရာအားလုံးပြီးဆုံး သွားချိန်မှာ ဘာမှမဖြစ်လိုက် သလိုပါပဲလား။ “ကောင်မလေး တစ်ယောက်နှင့် ရည်းစားဖြစ်တဲ့ အချိန်မှစ၍ သူ့အလိုကိုလိုက် အကြိုက်ဆောင်ခဲ့မိသမျှ ခြေစုံကန် ထွက်ခွာသွားရတဲ့အထိ လုပ်ရက်တဲ့ မိန်းကလေးတစ်ဦးကြောင့် နာကြီးမှုတွေ ဖြစ်ခဲ့ရပါတယ်။ မိန်းကလေး တစ်ယောက်ကြောင့် ခံစားလိုက်ရတာတွေကို ခင်ဗျားတို့ သူ့နေရာဝင်ပြီး ခံစားပေးဖူးလား… ခင်ဗျားတို့က အပြစ်လောက်ပဲ ရှာနေတာ… ကိုယ့်ကအပြစ်လုပ်ရင် မသိချင်ယောင် ဆောင်နေတတ်ကြတယ်” လူတစ်ယောက်ကို ကိုယ့်ရဲ့အပျော် စိတ်ခံစားမှုအတွက် အသုံးချတာ ယောင်္ကျားတွေပဲလို့ မထင်လိုက်ပါနဲ့။ မိန်းကလေးတွေမှာလည်း ရှိတတ်ကြတယ်။ တစ်ရွာ တစ်ကျီဆောက်ချင် ကြတဲ့အခါ သစ္စာ၊မေတ္တာတွေ ထားပြီးချစ်တဲ့ လူအဖို့ ပြန်စဉ်းစားပေးသင့်ပါတယ်။ သူတို့နှစ်ယောက် ခင်မင်ခဲ့တဲ့ သက်တမ်းဟာ အနည်းဆုံး (၂) နှစ်ရှိပါတယ်။ ၂ နှစ်ကျော်လောက်မယ် ထင်ပါရဲ့။ ဒီအချိန်အတိုင်းအတာမှာ မိန်းကလေးစိတ်ကို တော်တော်သိပြီးလို့ ထင်ခဲ့တာ၊ ဒါတောင် ကျောင်းကပြန်လာပြီး ညပိုင်းဆိုရင် အမြဲတမ်းပြောနေကြပေါ့။ လုပ်စရာရှိတာတောင် ခဏထား၊ အဲဒီမိန်းကလေး အိပ်မှစားသောက်ဖို့လုပ်၊ မနက်ဖြန်အတွက် အိမ်စာလုပ်ရနဲ့ အချိန်တွေများ ပေးဆပ်လိုက်ရတာ။ ဘာပဲဖြစ်ဖြစ် ကျောင်းပြန်တာ နောက်ကျတဲ့ နေ့တွေမှာ ကောင်မလေးနဲ့ ထပ်ပြီးပြောရတော့ အချိန်က ပိုပို၍သာ နောက်ကျလာတာပေါ့။ အဲလိုနောက်ကျရင် လုပ်ရမယ့် အစီအစဉ်တွေ နောက်ကျသွားမယ်… စာလုပ်ပြီး အိပ်မယ့်အချိန်မှာပါ နောက်ကျတော့ အိပ်ရေးကမ၀ချင်ဘူး။ နောက်နေ့မနက် ကျောင်းကအစောကြီး ထသွားရတယ်။ စဉ်းစားကြည့်ကြပါ… မိန်းကလေးကပဲ ပေးဆပ်နေတယ်လို့ မထင်လိုက်ပါနဲ့ လောကမှာအချစ်စိတ်သည် တော်တော်ဆန်းကြယ် လွန်းပါတယ်။ ကျွန်တော်တို့ခင်ဗျားတို့ အပြင်လူတွေက သူတို့နှစ်ယောက်ကို သွားဝေဖန်ဖို့ ခက်ခဲလွန်းပါတယ်။ ဘယ်လိုအခက်အခဲတွေပဲ ရှိရှိ ချစ်သူသက်တမ်း တစ်နှစ်အထိ လက်တွဲလာခဲ့တာ ပြဿနာကြီးကြီးမားမား မရှိခဲ့ဘူး။ ခင်မင်ခဲ့တာက တစ်နှစ်ဆိုရင် နှစ်နှစ်ဆိုတဲ့ သံယောဇဉ်ရှိလိမ့်မယ်။

ဒါပေမဲ့ အဲဒီကောင်မလေး ပုံစံတွေ ပြောင်းလာတဲ့အချိန်ကို သတိထားမိလာတယ်လို့ ပြတ်သွားတဲ့ အချိန်မှာ ပြောပြပါတယ်။ စင်္ကာပူမှာတုန်းကတော့ စကားမပြောရရင် စိတ်ကောက်တတ်တဲ့ မိန်းကလေး… သူနဲ့ပဲပြောမှ နောက်ဆုံး အိမ်သာတက်တာကအစ သူသိမှဖြစ်တာမျိုးတွေ။ “Team view software” တွေကို အသုံးပြုပြီး ကောင်လေးရဲ့ ကွန်ပျူတာကို ၀င်ပြီးကြည့်တတ်တဲ့ မိန်းကလေး တစ်ယောက်သည် မြန်မာနိုင်ငံကို ပြန်သွားတဲ့ အချိန်မှာတော့ နည်းနည်းအချိုးပြောင်းသွားခဲ့တယ်။ ထားပါတော့ အင်တာနက် အခက်အခဲတွေ၊ အိမ်မှာအဆင် မပြေတာတွေ၊ ဆိုဒ်ဗာဆိုတော့ စကားပြောရဆိုရ အဆင်မပြေလို့ ရပါသေးတယ်။ ခင်ဗျားအနေနဲ့ သိချင်မလားတော့ မသိဘူး ကျွန်တော်ကအရမ်းကို သိချင်နေတယ်။ ဒီယောင်္ကျားကို မယူနိုင်ရင် ဘာလို့ စင်္ကာပူမှာ နေတဲ့အချိန် (၂)နှစ်ကို စိတ်ခံစားမှုအတွက် အသုံးချနေတာလဲ။ ဒါ့အပြင် မြန်မာနိုင်ငံ ပြန်ရောက်တဲ့အခါမှာ ဘာလို့များ ကောင်လေးအိမ်ကို သွားရတာလဲ။ ကောင်လေးအိမ်က မိသားစုတွေနဲ့လည်း အဆင်ပြေအောင် ပေါင်းသင်းခဲ့ရတာလဲ….။

သူ့ကောင်လေးကလည်း ရုရှားကနေပြန်လာဖို့ သိပ်မလိုတော့ဘူး။ မိဘတွေနဲ့လည်း ပြောပြီးလို့ ကောင်မလေးတောင် ကောင်လေးအိမ်ကို တံခါးမရှိဓားမရှိ ၀င်ထွက်နေပြီး၊ ကောင်လေးက ယူနိုင်လို့ပဲ အိမ်ကို ဖွင့်ပြောပြီး ကောင်မလေးလည်း အားလုံးနဲ့ အဆင်ပြေနေတယ်။ မိဘတွေနဲ့ အဲဒီသူ့ကောင်လေးနဲ့ အင်တာနက်မှာ စကားပြောတယ်ဆိုရင် သူပါလိုက်လာတယ်။ အစ်မတွေကိုလည်း ယောင်းမ၊ယောင်းမနဲ့ တစ်အိမ်လုံးကို မွှေတော့မယ့်အထာနဲ့ Webcam ပြတဲ့တစ်ချို့အချိန်တွေမှာ ဘေးကတစ်ခန်းတည်း နေသူတွေ တွေ့နေရတာ ကောင်းတယ်ကွာ… အေးဆေးပေါ့။ အားလုံးက ၀မ်းသာပြီး၊ ချီးကျူးထောပနာ ပေးကောင်းတုန်း မှာပဲ… သူတို့နှစ်ယောက် အဆက်ပြတ်လာကြတယ်။ မြန်မာနိုင်ငံမှာ နေတဲ့သူငယ်ချင်းတွေရဲ့ စုံစမ်းရတာကို ပြောပြတာကို ကောင်လေးအနေနဲ့ ဘယ်လက်ခံနိုင်မလဲဗျာ…။ ဘာကြောင့်လဲ…. အိမ်နဲ့လည်း အဆင်ပြေနေတယ်၊ ပြဿနာလည်း မရှိဘူး၊ ရုတ်တရပ်မှာတော့ ဘယ်ခံနိုင်မလဲ၊ နောက်ပိုင်းမှာတော့ နောက်တစ်ယောက်နဲ့ တွဲသွားတွဲလာ လုပ်နေတယ်ဆိုတာ အမှန်အတိုင်း ဖြစ်လာခဲ့တယ်။ “ငါ့သမီးလေး တော်ပါတယ် တော်ပါတယ်နဲ့ ယောင်းမမြင်းစီးထွက်တာ” ဒါမျိုးလားတော့မသိဘူး။

ပုံမုန်လာတွေ့တဲ့ အချိန်တွေမှာလည်း မလာတော့ဘူး၊ သေချာနေပြီး အချိုးတွေပြောင်းလဲသွားပြီး၊ ဘေးကလူတွေက သတိထားလာမိတယ်၊ သူငယ်ချင်း မင်းကောင်မလေးနဲ့ ဘယ်လိုလဲ အဆင်ပြေရဲ့လားလို့ မေးတဲ့အချိန်မှာတော့ သူနဲ့မတွေ့တာ တစ်လလောက် ရှိတော့မယ်တဲ့။ ငါကတော့ စောင့်နေတာ… ဒါဆိုရင် သူ့သူငယ်ချင်းတွေရော မင်းသူငယ်ချင်းတွေရော ထပ်စုံစမ်းခိုင်းကြည့်လေဆိုမှ မေးမြန်းစုံစမ်းသောအခါ သူ့အိမ်ကပေးစားတဲ့ လူနဲ့စေစပ်သွားပြီးတဲ့… ဒါကြောင့် အင်တာနက်ကို လာပြီးမပြော နိုင်တော့တာပါတဲ့… သူ့အစ်မနဲ့ ရုရှားကကောင်လေးနဲ့ သိတယ်။ အတွေ့တောင် မခံရဲဘူး။ ရှက်လို့တဲ့၊ အခုတော့လည်း အားလုံးတည်ငြိမ်နေပြီးလို့ ကြားသိရ၍ ၀မ်းသာစရာပါပဲ။ ထိုအချိန်တုန်းက ဘယ်လောက်ခံစားလိုက်ရမလဲ… သူ့ရည်းစားဖြစ်တဲ့ ရုရှားကကိုကိုကလည်း ပြန်ဖို့ သိပ်မလိုတော့ဘူး။ တကယ်ချစ်တယ်ဆိုရင် ကောင်လေးမိဘတွေနဲ့လည်း အဆင်ပြေနေပြီး၊ ဒါကိုခဏလေး လောက်မှ မစောင့်နိုင်တော့ဘူးလား။ တစ်ဖက်လူမှာတော့ မျှော်လင့်ချက်တွေနဲ့ အိမ်ပြန်ရင်ချစ်သူနဲ့ တွေ့ရဖို့ အားလုံးပြင်ဆင် ခွန်အားတွေနဲ့ ရှေ့ဆက်နေတဲ့အချိန်မှာ… သူ့ကောင်လေးက ရုရှားကနေ ပြန်လာဖို့ တစ်နှစ်လောက်တောင် မလိုတော့ဘူး။ တကယ်လို့ အိမ်ကပေးစားမယ်ဆိုရင်လည်း ကိုယ့်ချစ်သူကို ကောင်းကောင်းမွန်မွန် ရှင်းပြပေါ့။ အဲလိုရှင်းပြပြီး လမ်းခွဲလိုက်တယ်ဆိုရင် ခံစားရတဲ့သူအတွက် အနည်းငယ် သက်သာရာ မရောက်ဘူးလား။ မချစ်လို့မှ မဟုတ်တာ… သူ့မှာအခက်အခဲတွေ ရှိလို့ဆိုပြီး နားလည်နိုင်သေးတယ်။ အခုတော့ နှစ်နှစ်တိတိ ထားရှိခဲ့တဲ့ သံယောဇဉ်၊ ချစ်သူလောက် ရင်းနှီးမှုရှိပြီး ပွင့်လင်းစွာ ပြောဆိုနိုင်မည့်သူ ရှိအုံးမလား။ ဘေးကကြည့်ရတဲ့ သူအဖို့ စိတ်မကောင်းဖြစ်လိုက်တာ အရမ်းသနားဖို့ ကောင်းတယ်။ ဒါတွေကို ဘယ်သူစာနာပေးသလဲ… ကိုယ်ချင်းစာဖူးလား၊ အခုလိုဖြစ်တာရော ရုရှားကကိုကို လုပ်တာပဲလား…။

နောက်တစ်ယောက်က သူ့အတွက်ပိုကောင်းနေတယ်လို့ သူသတ်မှတ်တယ် ဆိုတာထက် သူ့ကောင်လေး အိမ်ကိုမသွားသင့်သလို မိဘတွေကိုလည်း အားနာသင့်တယ်။ သူ့ကို သတ်မှတ်ကြတော့မှာပေါ့။ မျက်နှာပြောင် တိုက်တက်လွန်းတဲ့ မိန်းကလေးပါလား…. တော်သေးတာပေါ့… ငါတို့သားနဲ့ မရတာ။ ရည်းစားတစ်ယောက်ကို ရင်တောင်မဆိုင်ရဲဘူး၊ ပြတ်တယ်ဆိုတာတောင် မပြောသွားဘူး။ မြန်မာနိုင်ငံ ပြန်ရောက်ပြီးပဲ အစအနဖျောက်လိုက်ရင် ပြီးသွားမယ်လို့ ထင်နေခဲ့တာလား။ အမြဲတမ်းသူ့သတင်း ရုရှားရောက်ကိုကိုက နားစွင့်နေခဲ့တယ်။ ခင်ဗျားတို့ခံစားကြည့်ပါ…. ကိုယ့်ချစ်သူက ယူမယ်လည်း ပြောတယ်။ အားလုံးလည်း အိုကေနေတယ်။ ပြီးတော့ နောက်တစ်ယောက်နဲ့ ဘာမပြောညာမပြော စေ့စပ်လိုက်တယ်။ မကြာခင် ယူမယ်တဲ့… လုပ်ရက်က မရက်စက်လွန်းဘူးလား။

အားလုံးရဲ့ အဆုံးသတ်မှာတော့ အဲဒီမိန်းကလေး ဘာဖြစ်သွားလဲ သိကြလဲ…. အခုအိမ်ထောင်နဲ့ ကွဲသွားတယ်။ ရုရှားကကိုကို မြန်မာနိုင်ငံသို့ ပြန်ခါနီးမှာပဲ သူတို့ကွဲသွားကြတယ်လို့ သူ့သူငယ်ချင်းတွေက သတင်းပေးပို့ ကြတယ်။ ဘယ်လောက်ပေါင်းလိုက်ရသလဲ… ဘာတွေသူခံစားလိုက်ရသလဲ… ဒါသူ့ဘက်ကမမှန်မကန်လို့ ဖြစ်တာပဲ။ စဉ်းစားလေ…အိမ်ထောင်တစ်ခုပြုတာ လွယ်လွယ်နဲ့ဆုံးဖြတ်လို့ ရမလား။ ဖြစ်ပြီးတော့ ဒို့နောက်ဆုတ်ဖို့ မလွယ်တော့ဘူးလေ… နောက်ဆုတ်တော့ ဘာဖြစ်သွားလဲ အခုကွဲပြဲပြီးမဟုတ်လား။ ဒါထက်ဆိုတာက သူယူတဲ့ယောင်္ကျားနဲ့ ကွဲအပြီးမှာ ပြန်ဆက်သွယ်နေတယ်လို့ သိရတယ်။ ဒါပေမဲ့ ဟင်းသီးဟင်းရွက်တွေကို ရေဆေးရင်ပြောင်ပါတယ်။ သူ့မှာကပ်နေတဲ့ အညစ်အကြေးတွေနဲ့ အိမ်ထောင်ကျဖူး တယ်ဆိုတဲ့ အမည်းစက်တွေကို အဖြူရောင်နဲ့ဘယ်လောက် ဖုံးဖုံး “ဆင်သေကို ဆိတ်ရေဖြင့်ဖုံး၍ မလုံနိုင်ပါ” ။ ရုရှားလူတွေက ရပါတယ်ဆိုပြီး လုပ်လာတဲ့ပုံစံတွေ ခင်ဗျားတို့ မြင်ပြီးမဟုတ်လား။ ပုခုံးကသစ္စာမရှိတဲ့ မိန်းကလေးတို့ရဲ့ ဘ၀ကိုထမ်းဖို့အတွက် မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာကတော့ အားလုံးပြီးဆုံးသွားပြီး။ “ဒီယုန်မြင်လို့ ဒီချုံထွင်တာပဲ” ယုန်မတွေ့မှ အရင်နေရာပြန်လာလို့ ဘယ်ရတော့မလဲ…။

အခွင့်အရေးဆိုတာ တစ်ခါပဲယူလို့ ကောင်းပါတယ်။ သစ္စာရှိရှိနဲ့ ချစ်တဲ့သူကိုတော့ ကောင်းတယ်မမြင်၊ “အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုးမပိုင်လျှင် နောင်ပြင်ရန် ခက်တဲ့အမျိုး”…. သစ္စာရှိတယ်ထင်တဲ့ လူနောက်လိုက်၊ အချိန်လွန်မှနောင်တရပြီး သစ္စာရှိသူဆီ ပြန်လာတော့ မည်သူက အမှားကိုထပ်ခါထပ်ခါ ကျူးလွန်ချင်တော့မလဲ။ “တစ်ခါသေဖူးလျှင် ပျဉ်ဖိုးကိုနားလည်ရမယ်” ဘယ်လိုလဲ… ကျွန်တော်ဖော်ပြသွားတာနဲ့ဆို ခင်ဗျားတို့နားလည် သဘောပေါက်သင့်ပါပြီး။ ကိုယ့်တစ်ယောက်ထဲ နာကြီးမနေပါနဲ့၊ လူတစ်ယောက်ကို လက်ညိုးတစ်ချောင်းထိုးပြီး ပြောလိုက်တိုင်းမှာ လက်ဆယ်ချောင်းလောက် ခင်ဗျားကို ပြန်ထိုးတက်တယ်ဆိုတာကို သိပြီးမဟုတ်လား။ နာလိုက်ပါ…စိတ်ပါလက်ပါ နာလိုက်စမ်းပါ၊ “အနာပေါ် တုတ်ကျ” လျှင်သေမလောက် ခံစားရတယ်မဟုတ်လား။ ရုရှားကကိုကိုများကို ခင်ဗျားတို့ ကိုယ်ချင်းမစာမနာ ပြောလိုက်တဲ့အတွက် တန်ပြန်သင်ခန်းစာအနေဖြင့် စာမှုလေးတစ်ဆောင် မိတ္တူပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီထက်ရေးစရာတွေ အများကြီးပဲ နောက်မှာတစ်ခုလတ်က အပျိုလိုဟန်ဆောင်ပြီး အချစ်ကိုဟန်ဆောင်သိမ်းသွင်း၊ ပျော်မွေ့နေတာတွေကို ဖော်ပြလိုက်ရင် ဒီထက်ပိုစိုးမယ်။

နောက်ဆုံးပြောချင်တာက ကိုယ့်ကိုပြောရင် မကြိုက်ပါက၊ သူတပါးကိုလည်း မပြောပါနဲ့။ ကောင်းရင်တော့ ငြိမ်ခံတယ်။ မကောင်းတဲ့အချိန် ထပြီးရန်ဖြစ်တယ်။ မကောင်းကြောင်းကို တစ်လောကလုံးသိအောင် ဝေမျှ။ လူသားအချင်းချင်းကို ခွဲခြားသည့်စနစ် ပျောက်ပျက်စေချင်တယ်။ မြန်မာလူမျိုးအချင်းချင်း သွေးခွဲပြီး၊ ရုရှားကကယောင်္ကျားတွေ၊ အခြားသောနိုင်ငံများကလူတွေက ယောင်္ကျားမဟုတ်ဘူးလို့ မှတ်မယူပါနဲ့။ စိတ်တွေ၊ နိယာမတွေ၊ အသွင်အပြင်လက္ခဏာတွေ ဖွဲ့စည်းတည်ဆောက်ပုံတွေ၊ အသွေးအသားက တောင်းတမှုတွေသည် ယေဘူကျအားဖြင့် အားလုံးတူညီပါတယ်။ ရုရှားမှယောင်္ကျားတွေ အားလုံး ကောင်းသည်ဆိုးသည်ကို ပြောနေခြင်းမဟုတ်။ ဒီလိုပဲ နိုင်ငံခြားက မိန်းကလေးအားလုံး ကောင်းသည်ဆိုးသည် ကိုပြောနေခြင်းလည်း မဟုတ်ပါဘူး။ ဖြစ်တတ်တဲ့လူတွေမှာ သူတို့အတွေ့အကြုံနဲ့သူ ရှိကြတယ်။ တစ်ယောက် မကောင်းတိုင်းသာ အပြစ်ပြောရကြေးဆိုလျှင် ယခုဖော်ပြလိုက်တဲ့ စာမှာသာဓကတွေ ပါပါတယ်။ ဒါဟာလည်း ခင်ဗျားတို့ရေးသလို သာပါစေ၊နာပါစေတော့လို့ မရေးသားပါဘူး။ ကိုယ့်တစ်ယောက်ထဲ အမှန်ကို သိပြီးလူထွင်ကျယ် မလုပ်စေချင်ဘူး။ လောကကြီးမှာ…နေထိုင်တာ အချိန်အားဖြင့်တိုတောင်းတယ်၊ ပြဿနာဆိုတာ ရှိနေမှာပဲ၊ ဒါကိုပုံကြီးချဲ့ပြီး လျှောက်လျှောက်မပြောကြပါနဲ့… ကောင်းတာနှင့်ဆိုးတာ ဒွန်တွဲနေတတ်ကြောင်း ရုရှားရောက်ကိုကိုများအား မလိုမုန်းတီးသူများအတွက် မသိသေးသော အကြောင်းအရာများနှင့်တကွ ကျွန်တော်တို့နှင့်ခင်မင်ရင်းနှီးမှု တွေရှိနေသော နိုင်ငံအသီးသီးမှ အစ်ကိုအစ်မညီငယ်များ အားလုံးအမှန်ကို သိစေရန် ရည်ရွယ်၍ ဖော်ပြရင်းနဲ့ နိဂုန်းချုပ်လိုက်ပါတယ်။ စိတ်ထားမကောင်းသူတွေက ရုရှားရောက်ကိုကိုများ မကောင်းဘူးပြောပြော လက်ရှိတွင် မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းနှင့် ချစ်သူကောင်းများ၊ ရှိရာနေရာ၊ စစ်တမ်းကောက်ကြည့်လျှင် ရုရှားကကိုကိုများနှင့် မပြတ်မဆဲ သစ္စာရှိနေဆဲနှင့် အခုမှချစ်နေတုန်းသူတွေ အရင်ကထက် ပိုမိုများပြားလာကြောင်း အွန်လိုင်းတွင် စိမ်းနေသော သူများနှင့်ပြောနေသောသူများမှ တဆင့်တိုးတိတ်စွာ ကြားသိရသည်။ သူတို့ပြောတဲ့ အွန်လိုင်း(၁၀)ယောက်မှာ ရုရှားက(၉)ယောက် ရှိနေခြင်းသည် ရုရှားမှ(၉)ယောက်ကို အခြားသော နေရာဒေသမရွှေးမှ ပြောနေသောသူ(၉)ယောက် ရှိနေသောကြောင့်ပင်တည်း။ ရှင်းတယ်နော်….။ တစ်ချို့သူများသည် “အချစ်ကြီး၍ အမျက်ကြီး” ကာ မိမိအပြစ်ကို ဖုံးကွယ်ကာ ရင်ထဲကဆန္ဒကို ခဏထား နာကြီးချက်ဖြင့် ရေးသားနေတာကို တွေ့ရပါသည်။


စင်္ကာပူရောက် မြန်မာများ အေးပါတယ်၊ အေးလို့ အမြဲသောက်ပါတယ်



စင်္ကာပူက မမ များနဲ့ ရုရှားက ကိုကိုများ ပြဿနာဖြစ်လျှင် ရုရှားက ကိုကိုများသာ အမှားဖြစ်သည်


ကျား ဆိုရင် ဘုန်းကြီးတောင် အလွတ်မပေးပဲ အွန်လိုင်းမှာကျူတဲ့ မဆုမွန်


မိန်းခလေး နဲ့ ယောင်္ကျားလေး ဆိုရင် ဘာကြောင့် ယောင်္ကျားလေးကိုပဲ အပြစ်တင်ကြတာလဲ

“လောကတွင် အသက်တစ်ရာမနေရ၊ အမှုတစ်ရာ တွေ့ရတတ် ပါသည်”…. အားလုံးဆင်ခြင်တုံး တရားလေး ထားပြီး ကိုယ့်ဘ၀တိုးတက်ရေးကို ရှေ့ဆက်ကြပါလို့ ထပ်ဆင့်အကြံပေးလိုက်ပါသည်။ သက်ဆိုင်သူများ စိတ်ပါလက်ပါ ဒေါသထွက်နိုင်ပါသည်။ အရမ်းစိတ်တိုခဲ့လျှင်တော့ ဂျောက်ဂျက်သီးချင်းသာ ဆိုပြီးတော့ ပေါက်ကွဲလိုက်ပါ….။ Feel တော့မဖြစ်နဲ့နော်….စိတ်ပူလို့….။

Myanmar Express

ရေများများသောက်လျှင် ကျန်းမာရေးအတွက် မကောင်း


More
ရေများများသောက်လျှင် ကျန်းမာရေးအတွက် မကောင်းကြောင်း ကျွမ်းကျင်သူများက ပြောလာကြသည်။ တစ်ရက် ရေရှစ်ခွက်မျှ သောက်လျှင် ကျန်းမာရေး မကောင်းသည့်အပြင် အန္တရာယ်ပင် ဖြစ်စေတတ်ကြောင်း၊ တစ်ရက် ရေ ၁ ဒသမ ၂ လီတာ သောက်သုံးသင့်ကြောင်း သုတေသီ ဆရာဝန်များနှင့် အာဟာရဗေဒ ပညာရှင်များမှ တင်ပြကြသည်။ရေဓာတ် ခန်းခြောက်လျှင် အန္တရာယ် ရှိသည်ဟု သတ်မှတ်ခြင်းမှာလည်း ဒဏ္ဍာရီသာ ဖြစ်ပြီး ရေသည် ကျန်းမာရေးပြဿနာအားလုံးကို ကာကွယ်နိုင်သည် ဆိုခြင်းမှာလည်း ခိုင်လုံသော အထောက်အထား မတွေ့ရကြောင်း တင်ပြထား သည်။

လူတစ်ယောက် တစ်ရက် ရေခြောက်ခွက်မှ ရှစ်ခွက်အထိ သောက်သုံးသင့် သည်ဆိုသော အကြံပြုချက်သည် မမှန်သည်ကို ဖွင့်ချသည့် အဓိပ္ပာယ် မရှိသော စကား သာဖြစ်ကြောင်း ဂလပ်စ်ရိုရှိ အထွေထွေ ရောဂါကု ဆရာဝန် မာဂရက် မက်ဂတ်နီက ပြောသည်။

ရေ သောက်သုံးမှု၏ အကျိုးကို သောက်ရေသန့်ရောင်းသည့် ကုမ္ပဏီကြီးများမှ ပုံကြီးချဲ့ နေကြကြောင်း ၎င်းင်းက ပြောသည်။ ရေမဆာဘဲ သောက်လျှင် ရေတွင် ပါဝင်သော ဓာတ်များ စုစည်းမှုကို အဟန့်အတားဖြစ်စေပြီး အခြား လေ့လာမှုတစ်ခုအရ ရေတွင်ပါ သော ပိုးသတ်ဆေး သည် ကျန်းမာရေးကို ပို၍ ထိခိုက်စေကြောင်း သိရသည်။ ရေများများ သောက်သုံးလျှင် ညအိပ် စဉ် ရေအိမ် မကြာခဏသွားရသည့်အတွက် အိပ်ရေးပျက်စေပြီး ကျောက်ကပ် ပျက်စီးမှုကို ပင်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံတွင် ယမန်နှစ်က သောက် ရေသန့် ၂ ဒသမ ၀၆ ဘီလီယံလီ တာသောက်သုံးခဲ့ကြပြီး ၂၀၀၀ ခုနှစ်က ၁ ဒသမ ၄၂ ဘီလီယံလီတာ သောက်သုံး ခဲ့ကြောင်းသိရသည်။

http://www.mailsfromfriends.co.cc/search/label/health?updated-max=2011-09-01T00:29:00-07:00&max-results=20

--
Myanmar Express

အာဖဂန်စစ်သားတစ်ဦး ပြင်သစ်တပ်ဖွဲ့ဝင်လေးဦးအား ပစ်သတ်

From : Myanmar Times

(အေအက်ဖ်ပီ)
သောင်းညွန့် ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)

အာဖဂန်စစ်သည်များအား သင်တန်းပေးနေသော ပြင်သစ် စစ်သည်တစ်ဦး။
ဓာတ်ပုံ - အေအက်ဖ်ပီ

ကဘူးလ်- တာလီဘန် သူပုန် အလောင်းများအပေါ် ကျင်ငယ်စွန့် နေသည့် အမေရိကန်စစ်သားများ၏ ဗီဒီယိုကိုကြည့်ပြီး နောက် ပြင်သစ်စစ်သားလေးဦးတို့အား ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း တရားခံ အာဖဂန်စစ်သားက ပြောဆိုခဲ့သည်ဟု လုံခြုံရေးရပ်ကွက်များထံမှ သိရသည်။

လက်နက်ကိုင်ဆောင်ထားခြင်း မရှိသော ပြင်သစ်စစ်သားများအား ဇန်န၀ါရီလ ၂၀ ရက်က အာဖဂန်နိုင်ငံ အရှေ့ပိုင်း၌ တိုက်ခိုက်မှုသည် အခြား ပြင်သစ် စစ်သား ၁၅ ဦးကို ဒဏ်ရာရစေခဲ့သည့် အနက် ရှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်။

ဤဖြစ်ရပ်ကြောင့် ပြင်သစ်သမ္မတ ဆာကိုဇီသည် ဒေါသဖြစ်ခဲ့ပြီး အမေရိ ကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့မှ ၂၀၁၄ ခုနှစ် နောက်ဆုံးထား ထွက်ခွာမည့် သတ်မှတ်အချိန်ထက် စောပြီး ပြင်သစ်တပ်ဖွဲ့များ ရုပ်သိမ်း မည်ဟု ခြိမ်းခြောက်လိုက်ပြီး သူ၏ ကာကွယ်ရေး ၀န်ကြီး ဂျီရဒ်လောင်ဂူအေးအား ကဘူးလ်သို့ စေလွှတ်လိုက်သည်။

ဤတိုက်ခိုက်မှု မည်သူ့အပေါ်တာဝန်ရှိသည်ကို အပြန်အလှန်လက်ညှိုးထိုးနေကြရာတွင် အာဖဂန်စစ်တပ်အတွင်းသို့ လျှို့ဝှက် ၀င်ရောက် နေသည့် တာလီ ဘန်သူပုန်က ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးအား အသိပေးခဲ့သည်။

တာလီဘန် သူပုန်ဘက်ကပြောဆိုရာတွင် ဤကိစ္စကို စုံစမ်းလျက်ရှိကြောင်း၊ တိုက်ခိုက်မှုအများမှာ ကျူးကျော်သည့် ရန်သူအပေါ် ဒေါသထွက်ခြင်းကြောင့် ဖြစ်ပွားလေ့ရှိကြောင်း အကြံပြုပြောဆိုခဲ့သည်။

သို့သော်လည်း ပြင်သစ်ကာကွယ်ရေး ၀န်ကြီးနှင့် တွေ့ဆုံပြီးနောက် ထုတ်ပြန် ချက်တစ်ခု၌ သမ္မတကာဇိုင်းသည် တာလီဘန်အပေါ် စွပ်စွဲခြင်းမလုပ်ဘဲ နိုင်ငံခြားစစ်သားများအပေါ် အာဖဂန် စစ်သားတို့၏ ခါးသီးသောခံစားချက် များကို ပုံကြီးမချဲ့ခဲ့ပေ။

အမေရိကန် မရိန်းတပ်သားများ၏ လုပ်ရပ် ဗီဒီယိုထွက်ပေါ်ခဲ့ပြီး ရက်သတ္တပတ်မျှ မကြာသေးမီမှာပင် အသက် ၁၀ နှစ်အရွယ်ရှိ အာဖဂန် ယောက်ျား ကလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦး တို့အား စော်ကားခဲ့သည်ဆိုသော စွပ်စွဲမှုများကြောင့် ဗြိတိသျှ စစ်ရဲက စစ်သား နှစ်ဦးအား ဖမ်းဆီးခဲ့သည်။

ထို အာဖဂန်စစ်သား၏ ၀န်ခံဖြောင့်ချက်များကို သတင်းများ၌ ဖော်ပြတော့ မည်ဖြစ်ရာ ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးမှ ပြောဆိုခွင့် ရှိသူက ပြင်သစ် စစ်သားများနှင့် ၎င်းတို့၏မိသားစုများအား အထူးပင် ကရုဏာသက်မိကြောင်း ပြောဆိုခဲ့သည်။

ပြင်သစ်တပ်သား လေးဦးတို့၏ ရုပ်ကလာပ်များကို ပါရီမြို့သို့ ဇန်န၀ါရီလ ၂၂ ရက်က လေယာဉ်ဖြင့် သယ်ဆောင်သွားရာ ပြင်သစ် ကာကွယ်ရေးဝန်ကြီးလည်း အတူလိုက်ပါသွားသည်။

Myanmar Express

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး ရန်ပုံငွေထားရှိရန် ပြည်သူ့လွှတ်တော် အတည်ပြု


From : ခေတ်လူငယ်

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး ရန်ပုံငွေစာရင်း ခေါင်းစဉ်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ရန်ပုံငွေတစ်ရပ်ထားရှိရန် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရသည်။ ယင်းအဆိုက ကချင်ပြည်နယ်၊ မြစ်ကြီးနားမဲဆန္ဒနယ်လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်က ဇန်နဝါရီ ၂၆ ရက်တွင် ပြုလုပ်သော ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် တင်သွင်းခဲ့သည်။ “လွတ်လပ်ရေးရပြီးစကစပြီး ယနေ့ထက်တိုင် အကြောင်းအမျိုးမျိုးကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်လျက်ရှိပါတယ်။ ယခုအခါမှာ လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးဆောင်ရွက်နေပါတယ်။ ငြိမ်းချမ်းရေးယူပြီးတဲ့ ဒေသများဟာ ခေတ်အဆက်ဆက်က ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မှု အားနည်းတဲ့ ဒေသတွေဖြစ်တာကြောင့် အပစ်အခတ်ရပ်စဲပြီးတဲ့ ဒေသတွေမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ဖို့ လိုတာကြောင့် အဆိုတင်ရတာပါ” ဟု ဦးသိန်းဇော်က ပြောသည်။ ယင်းအဆိုကို ချီဗွေမဲ ဆန္ဒနယ်မှ ဦးဇုံးတိန့်နှင့် တနိုင်းမဲဆန္ဒနယ်မှ ဦးမျိုးဆွေတို့က ထောက်ခံဆွေးနွေးခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြာထားပါသည်။

Myanmar Express

ဘာလဲဟဲ့ NLD -LA (ပေးစာ - ၈၉)


မလေးရှားနိုင်ငံတွင် ရှိသော NLD ပါတီဝင်များ စားဝတ်နေရေးကြပ်တည်းနေသည့် အတွက် မဟုတ်မမှန်လုပ်ကြံဖန်တီးထားသော ဂျာနယ်များ လက်ကမ်းစာစောင်များကို ရောင်းချနေပါသည်.။ထိုကိစ္စနှင့် ပက်သက်ပြီး မလေးရှားရောက် ရွှေမြန်မာ များ ၏ သဘောဆန္ဒ ကိုမေး မြန်းခဲ့ ရာ......


ကိုရွှေတင် ( ကလန်း)
NLD (မလေးရှား) ကကောင်တွေ စောက်ရှက်မရှိဘူးဗျို့ .စားဖို့ မရှိလို့ ထင်တယ်.ပေါက်ကရ 80 ရေးထားတဲ့ သူတို့ ဂျာနယ်တွေ မဂ္ဂဇင်းတွေ ကို လိုက်ရောင်းနေတာ.ကျွန်တော် လဲသနားလို့ ဝယ်ထားလိုက်တယ်..ချီးကုန်းလို့ ရတာပေါ့.

ဒေါ်ကေခိုင် (အိပို့ )
စိတ်ညစ်ပါတယ်.စာစောင်တွေလျှောက်
ရောင်းနေတာ.မျက်နှာငယ်လေးတွေ နဲ့ ပေါ့.ကျွန်မကတော့ အကြည်တော် စာအုပ်ဖတ်နေရသလိုပါပဲ..သူတို့ ဂျာနယ်တွေက သတင်းတွေက ကျွန်မအတွက် တော့ ဟာသတွေပါ.

ဦးအီဗရာဟင်(ဆီလန်းဂေါ)
ဘာစောက်ပေါက်ကရတွေရေးထားလဲမသိဘူး..အလကားလူလိမ်တွေ NLD (မလေးရှား) ကကောင်တွေ အကုန်လုံး ဘိန်းရှုလိုက်/ဖန်စီရိုင်း သောက်လိုက်နဲ့  ရေးတယ်ထင်ပ..တစ်ခုမှမမှန်ဘူး.

ဦးဖေလှဝင်း(ပူချွန်း)
ဒီကောင်တွေသာအရှက်မရှိပေါက်ကရရေးထားတဲ့ ဂျာနယ်တွေရောင်းရဲတာ..အလကားပါကွာ.
NLD (မလေးရှား) ကကောင်တွေ အကုန်လုံးက ဖာချဖို့ နဲ့ အရက်သောက်ဖို့ လောက်ပဲသိတာ..ပြီးရင် ဒေါ်ညု ပုံနဲ့ စာစောင်တွေလိုက်ရောင်းတယ်.
အရက်ဖိုးနဲ့ ဖာချဖို့ အတွက်ပေါ့..

http://hanminhtun-hpaan.blogspot.com/2012/01/nld-la.html

စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ သဘောထားများ ခင်မောင်ညို(ဘောဂဗေဒ)



စီးပွားရေးပိတ်ဆို့မှုများ ရလာဒ်ကို ကြိုတင်ခန့် မှန်းရခက်သည်။ လုပ်ရပ်များ၏ရလာဒ်ကို ကြိုတင် မှန်းဆရန်ခက်သည်ဆိုရာ၌ စီးပွားရေးပိတ်ဆို့မှုတစ်ခုတည်းသာမဟုတ်ပါ။အခြားမူဝါဒများ၊ လုပ်ရပ်များ၏ ရလဒ်များသည်လည်း ကြိုတင်မှန်းဆရန် ခက်ခဲ တတ်ပါသည်။ မမျှော်မှန်းနိုင်သောဖြစ်ရပ်များ၊အကျိုး ဆက်များ၊ ဘေးထွက်အကျိုးသက်ရောက်မှုများ ဖြစ် ပေါ်တတ်ပါသည်။ စစ်အင်အား သုံး ခြင်းသည်လည်းဖြစ်ချင်သည့်အတိုင်းဖြစ်ချင်မှဖြစ်တတ်ပါသည်။ နိုင်ငံတကာနယ်ပယ်တွင် ဝါဒဖြန့်သည်များကို မိမိကအဓိပ္ပာယ် ကောက်စေချင်သလို မကောက်ဘဲ၊သူကောက်ချင် သလိုကောက်သွားနိုင်သည်။ သံခင်းတမန်ခင်းဆောင် ရွက်ခြင်းများကို ချော့မြှူခြင်းဟုထင်နိုင်သည်။ မည် သို့လုပ်လျှင် မည်သို့ဖြစ်သည်ကို၊မည်သည့်နေရာ၌ မဆို မှန်းဆရန်ခက်သည်။
စီးပွားရေးပိတ်ဆို့မှုများကို အကောင်အထည် ဖော်ရာ၌ အခက်အခဲများစွာကြုံတွေ့ရသည်။ နိုင်ငံ အတော်များများ၌ သံခင်းတမန်ခင်းကိစ္စများ၊စစ်ရေး ကိစ္စများ အတွက် ကျွမ်းကျင်သူ၊ စနစ်တကျလေ့ကျင့် ထားသူများများစွာရှိသော်လည်း စီးပွာရေးနည်းလမ်း များကို နိုင်ငံရေးရည်မှန်းချက်များအတွက်အသုံးပြုရန် ကျွမ်းကျင်သူရှားပါးသည်။ စီးပွားရေးပိတ်ဆို့မှုများ၏ သဘောသဘာဝကြောင့်ထက် စီးပွားရေးပိတ်ဆို့မှုကို အကောင်အထည်ဖော်ရန်ခက်ခဲခြင်းဖြစ်သည်။
စီးပွားရေးပိတ်ဆို့မှုများ၏ ထိရောက်မှုသည် ထို မူဝါဒကို တစ်နိုင်ငံလုံးက မည်မျှထောက်ခံသည် မထောက်ခံသည်ဆိုသည့် အပေါ် တွင်မူတည်သည်။ ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ၊ ဒုတိယကမ္ဘာစစ်တို့ သည်လည်း အလားတူပင်ဖြစ်သည်။ စီးပွားရေးပိတ် ဆို့မှုကို ပြုလုပ်သောနိုင်ငံ၏ မည်သည့်အတိုင်းအတာ အထိ ထောက်ခံမှုရသည်၊ မရသည်ဆိုသည်မှာ အရေး ကြီးသည်။ သံတမန်တစ်ဦးက ''ကျွန်ုပ်တို့နိုင်ငံသား များက ထိုကိစ္စကိုလက်မခံနိုင်ပါ''ဟု ပြောပြီး၊ သူ့ပြောသည့်အတိုင်းလည်း တကယ်ကို နိုင်ငံသားများ ကလက်မခံလျှင်လုပ်ရပ်တစ်ခုအနေဖြင့် ပို၍ထိရောက် မှုရှိသည်။ ကြားလူဝင်လာလျှင် စီးပွားရေးပိတ်ဆို့မှု၏ ထိရောက်မှု လျော့နိုင်သည်။ မိမိတို့က ကုန်သွယ်မှုမပြုလျှင်သော်လည်းကောင်း၊ အခြားသူများက ဝင်ရောက်ကုန်သွယ် ခြင်း။ ရင်းနှီးမြှုပ်နှံခြင်းလုပ်တတ်သည်။ထိုသို့လုပ်တတ် သောသဘောကိုလည်း ကြိုတင်၍တွက်ဆနိုင်သည်။
စီးပွာရေးပိတ်ဆို့မှုသည် စီးပွားရေးပိတ်ဆို့သည့် နိုင်ငံတွင်ရော စီးပွားရေးပိတ်ဆို့မှုခံရသည့် နိုင်ငံတွင် ပါ စီးပွားရေးနယ်ပယ်တွင် အစိုးရ၏ပါဝင်မှုများစေ နိုင်သည်။ ဤအဆိုပြုချက်ကို တစ်ဖက်က သံခင်း တမန်ခင်းနှင့် ဝါဒဖြန့်ချိမှု၊ တစ်ဖက်ကစီးပွားရေးနှင့် စစ်ရေးတို့ကိုသီးခြားခွဲထားလိုပုံရသည်။ သို့သော် စစ်ဖြစ်လာသည့်အခါမျိုး၌ စီးပွားရေးနယ်ပယ်တစ်ခု လုံးသည်စစ်ရေးလက်အောက်ခံဖြစ်သွားသည်။ စစ်ရေးနှင့်စီးပွားရေးကို လုံးဝခွဲခြား၍ မရတော့ပေ။ စီးပွား ရေးတွင် နိုင်ငံရေးနယ်ပယ်(အစိုးရ)၏ ပါဝင်မှုမှာ အခြေအနေ၊ အချိန်အခါအလျောက် အနည်းအများ၊အလျော့အတင်းပြောင်းလဲမှုရှိပါသည်။
စီးပွားရေးပိတ်ဆို့မှုများသည် ချက်ချင်းအကျိုး သက်ရောက်မှုမရှိ၊ အကျိုးတရားကို ဖြည်းဖြည်းမှတွေ့ ရသည်။ ဤအချက်ကို ငြင်းပယ်စရာမရှိပေ၊သို့သော် သတိထားစရာတစ်ခုရှိသည်။ သံတမန်နယ်ပယ်တွင် စိတ်ရှည်ခြင်းသည် အရည်အချင်းတစ်ခုဖြစ်သည်။ သို့ဖြစ်၍ ခုရေတွင်းတူး၊ခုရေကြည်သောက်ရမည်ဟု မမျှော်လင့်နိုင်ပေ။ ဝါဒဖြန့်ချိရာ၌လည်း ချက်ချင်း အောင်မြင်မည်ဟု မဆိုနိုင်။ စစ်ရေးနည်းလမ်းများပင်လျှင် ချက်ချင်းအောင်မြင်သည့်အခါရှိသလို၊ ဖြည်း ဖြည်းမှ အောင်မြင်သည့်အခါများရှိသည်။ ထို့ကြောင့် မြန်မြန်အကျိုးသက်ရောက်စေရမည်ဟုမည်သည့်အခါမျှ မမျှော်လင့်နိုင်ပေ။
စီးပွားရေးပိတ်ဆို့မှုကြောင့် ထိခိုင်နစ်နာမှုများ ရှိနိုင်သည်။ ထိခိုက်နစ်နာမှု ဆိုသည်မှာလည်း မည် သည့် နေရာ၌မဆိုရှိသည်။ တစ်ဖန်ထိခိုက်သည်၊ ထိခိုက်နစ်နာမှုများသည်၊ နည်းသည်ဆိုသည်မှာလည်း သူ့ချည်းသက်သက်ပြော၍ မရပေ။ တစ်ခုခုနှင့် နှိုင်းယှဉ်ပြီးမှသာ ပြောနိုင်သည်။ အကြမ်းဖျဉ်း ပြောရလျှင်သံခင်းတမန်ခင်းကိစ္စများနှင့် ဝါဒဖြန့်ချိရေးကိစ္စများ သည် စီးပွားရေး ပိတ်ဆို့မှုနှင့်စာလျှင် အထိအခိုက် နည်းသည်။ စရိတ်အကုန်အကျမှု သက်သာသည်။ သို့သော် စစ်ရေးနှင့်ယှဉ်လျှင် စီးပွားရေးပိတ်ဆို့မှုများ သည် အထိအခိုက်၊ အကုန်အကျသက်သာသည်ဟု ဆိုနိုင်သည်။ တစ်ခါတရံ၌ စရိတ်သက်သာလျှင်ပိုပြီး ထိရောက်သည်ဟု ယူဆတတ်ကြသည်။
စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ညီညီမျှမျှမခံကြရ။ တစ်နိုင်ငံအတွင်း၌လည်းကောင်း၊ နိုင်ငံများ အကြား၌ လည်းကောင်း ကြုံတွေ့ရသည့်ဒုက္ခများ၊ စရိတ်စက များကို ညီတူညီမျှဝေငှကျခံရမည်ဆိုသည်မှာ မည် သည့်အခါမျှမဖြစ်နိုင်ပေ။ မည်သည့်နည်းလမ်းကို သုံး သည်ဖြစ်စေမျှမျှတတမဖြစ်နိုင်။ ကြုံတွေ့ရသည့်ဒုက္ခ များ၊ စရိတ်စကများကို မျှဝေရန် အသာထား၍ မည် သည့်ဒုက္ခများကြုံတွေ့ရမည်။ စရိတ်စက မည်မျှကုန် မည်၊ ထိခိုက်နစ်နာမည်ဟုပင်တိတိကျကျသတ်မှတ် ရန်ခက်သည်။ စီးပွားရေးဆိုင်ရာ စရိတ်စကများကို တွက်ဆ၍ရလျှင်ပင်၊ စီးပွားရေးနှင့်မဆိုင်သော စရိတ်စကများကိုတွက်ရန်ခက်သည်။ စီးပွားရေးဆိုင်ရာ စရိတ်စကများလျှင်တော်တော်တန်တန်တွက်ရနိုင်သော် လည်း အခြားစရိတ်စကများနေလျှင် တွက်ရန်လဲခက်၊
ခွဲဝေရန်လည်း ခက်သည်။ အရာရာကို ငွေကြေးသုံး ပြီးလိုက်လံတိုင်းထွာ၍မရပေ။ ငွေကြေးဆိုင်ရာ စရိတ် စကထက် အခြားစရိတ်စကများကပိုပြီးအရေးကြီးနေ နိုင်သည်။ တစ်ဖန်စရိတ်အားလုံးကို တွက်ဆ၍ရသည့် တိုင် အများကလက်ခံမှသာ စရိတ်စကကို မျှမျှတတ ခွဲဝေနိုင်မည်။ ယှဉ်ကြည့်လျှင် စီးပွားရေးနည်းလမ်း ထက် စစ်ရေးနည်းလမ်းကိုသုံးပါက ထိခိုက်နစ်နာမှု နှင့်စရိတ်စကများပိုပြီးမမျှမတဖြစ်သည်ကိုတွေ့ရမည်။ဥပမာ-အမေရိကန်ပြည်ထောင်စု၌ ဗီယက်နမ်စစ်ပွဲ အတွက် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူအများစု သည် လူငယ်လူရွယ်များ၊ ဆင်းရဲသားများ၊ လူဖြူ မဟုတ်သူများ၊ ပညာသိပ်မတတ်ကြသော အမျိုးသား များဖြစ်နေသည်ကိုတွေ့ရသည်။ ဗီယက်နမ်စစ်နှင့် စာလျှင် သမ္မတဂျင်မီကာတာ၏ ဂျုံပိတ်ဆို့မှုက ပိုပြီး မျှမျှတတဖြစ်သည်ဟု ဆိုနိုင်သည်။
စီးပွားရေးပိတ်ဆို့မှုများကြောင့် အိမ်နီးချင်းနိုင်ငံများ ထိခိုက်နိုင်သည်။ အချို့အခြေအနေတွင် မည်သည့် နည်းလမ်းကိုသုံးသည်ဖြစ်စေဘေးထွက်အကျိုးသက် ရောက်မှု (Side Effect)များ ဖြစ်ပေါ်နိုင်သည်။ ဗီယက် နမ်စစ်ပွဲ၏ဒဏ်ကို ဗီယက်နမ်တို့သာမက လာအို၊ ကမ္ဘောဒီးယား၊ထိုင်းတို့လည်းခံကြရသည်။ စစ်ဒဏ် ခံရသည်နှင့်စာလျှင် စီးပွားရေးပိတ်ဆို့မှုကြောင့် ပျံ့နှံ့ သည့်ဒဏ်ခံရသည်က သက်သာသေးသည်ဟု ဆိုလေ့ရှိကြသည်။
စီးပွားရေးပိတ်ဆို့မှုများကို ရပ်တန့်ရုပ်သိမ်းရန် ခက်သည်။ အထူးသဖြင့် နိုင်ငံတကာအဖွဲ့အစည်း များက ချမှတ်သည့်စီးပွားရေးပိတ်ဆို့မှုများကိုရပ်တန့် ရန်(သို့မဟုတ်)ရုပ်သိမ်းရန်ပို၍ ခက်သည်။ ပြဿနာ မှာ စီးပွားရေး ပိတ်ဆို့မှုသက်သက်နှင့်မဆိုင်ဘဲ ပိတ် ဆို့မှုကို ချမှတ်သောနိုင်ငံများ၊အဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက် ချပုံ၊ ချမှတ်နည်းများ၊ ဖြစ်စဉ်များနှင့် ပိုပြီးပတ်သက်သည်။
စီးပွားရေးပိတ်ဆို့မှုကြောင့် ဖြစ်ချင်တာတွေ မဖြစ်ဘဲ၊ မဖြစ်ချင်တာတွေဖြစ်လာတတ်သည်။ ဤ နေရာတွင်လည်း ဖြစ်ချင်တာတွေ မဖြစ်ဘဲ၊မဖြစ်ချင် တာတွေဖြစ်လာ တတ်သည်မှာ ထုံးစံတစ်ခုပင် ဖြစ် သည်။ ပြေလည်ရန်ကြိုးစားရင်း မပြေမလည်ဖြစ်ရ သည်များ၊ စည်းရုံးသိမ်းသွင်းရင်းကိုယ့်ဘက်မပါဘဲ သူ့ဘက်ပါသွားသည်များမှာ ဖြစ်လေ့ဖြစ်ထ ရှိသည် များဖြစ်သည်။ စစ်ရေးတွင်မြို့တစ်မြို့ကို ကယ်တင်ရန် ကြိုးပမ်းရင်း ထိုမြို့ကိုဖျက်ဆီးပစ်လိုက်မိသည့် အဖြစ် မျိုးတွေ့ကြုံရတတ်သည်။ လုံခြုံရေးအတွက် လက်နက် များ အပြိုင်အဆိုင်ထုတ်လုပ်ကြရင်း ပိုပြီးမလုံခြုံသည့် အခြေအနေမျိုးဆိုက်ရောက်တတ်သည်။ (၂ဝ)ရာစုနှစ် တွင် ဂျပန်နိုင်ငံက ကာကွယ်ရေးအတွက် အသုံးပြု သော ရင်းနှီးမြှုပ်နှံမှုများသည် ခုတ်ရာတခြား ရှရာတလွဲဖြစ်နိုင်သည်။ ထိုသို့ ဖြစ်တတ်သော သဘော အတိုင်း စီးပွားရေးပိတ်ဆို့ခြင်းမပြုလုပ်မီကပင် ကြို တင်တွက်ဆနိုင်သည်။
စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ခံရသည့်နိုင်ငံက ပိတ်ဆို့သည့်နိုင် ငံနှင့် အဖွဲ့အစည်းများအပေါ် ဆန့် ကျင်လိုစိတ်များ တိုးပွားလာနိုင်သည်။ ကျယ်ကျယ်လောင်လောင် လူသိရှင်ကြားထိပ်တိုင်ရင်ဆိုင်မှု များ၌ စီးပွားရေးနည်းဖြစ်စေ၊ စစ်ရေးနည်းဖြစ်စေ ဆန့်ကျင်မှု များ တိုးပွားစေနိုင်သည်။ သို့ဖြစ်၍စည်းလုံးမှုပြိုကွဲ အောင် ဆောင်ရွက်ရာမှ ပိုမိုစည်းလုံးသွားသည့် အဖြစ် မျိုးဖြစ်နိုင်သည်။ သို့သော် တိတ်တိတ်ဆိတ်ဆိတ် အကောင်အထည်ပေါ်သောစီးပွားရေးပိတ်ဆို့မှုများသည် ဆန့်ကျင်လိုမှုကို လျော့ပါးကာစည်းလုံးမှုပျက် ပြား အောင် ဆောင်ရွက်နိုင်သည်။
စီးပွားရေးပိတ်ဆို့မှုကြောင့် နိုင်ငံရေးအပြောင်းအလဲများ ရုတ်တရက်ဖြစ်ပေါ်မလာနိုင်ပေ။ စီးပွားရေး ပိတ်ဆို့သည့် လုပ်ရပ်များကြောင့် ချက်ချင်းလက်ငင်းဆိုသလို နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာမည် ဟု မျှော်လင့်ထားလျှင် မှားယွင်းပေမည်။ စီးပွားရေးပိတ်ဆို့မှုသည် အောင်မြင်မှုရရှိမည်ဟု အများပြည် သူတို့က ထင်မြင်ယူဆတတ်ကြ သည်။ ဒီမိုကရေစီနိုင်ငံများ၌ အများပြည်သူတို့၏ထောက်ခံ အားပေးမှုရရန် ကြိုးစားရင်း ခြေလွန်လက်လွန် နှုတ် လွန်သွားသည်များ ဖြစ်တတ်သည်။ နိုင်ငံရေးသမား များ ကြုံတွေ့ရလေ့ရှိသောပြဿနာတစ်ခုသာဖြစ် သည်။
စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံတကာ ဆက်ဆံရေးတွင် တင်းမာမှုများ ဖြစ်ပေါ်လာနိုင်ပြီး စစ်ဖြစ်ရန်အလားအလာပိုများလာသည်။ ဝါဒဖြန့်ချိမှုများ၊ သံခင်းတမန်ခင်းများနှင့်ယှဉ်လျှင် စီးပွားရေး ပိတ်ဆို့မှုကြောင့် စစ်ဖြစ်ရန် ပိုပြီးနီးစပ်သည်။ နိုင်ငံ တကာ ဆက်ဆံရေးတင်းမာရန်အတွက်အကြောင်း တရားများစွာရှိသည်။
စီးပွားရေးပိတ်ဆို့သည့် နည်းကို အခြားနည်းဖြင့် ပူးတွဲကျင့်သုံးလျင် ပိုပြီးအောင်မြင်နိုင်သည်။ စီးပွား ရေးပိတ်ဆို့သည့် နည်းများသည်လည်းအခြားနည်း များကဲ့သို့ပင် အားနည်းချက်များရှိသည်။ သံခင်းတမန် ခင်းမပါသောစစ်ရေး၊ ကျောထောက်နောက်ခံ ခိုင်ခိုင်မာမာမရှိသောသံခင်းတမန်ခင်းများသည်လည်းထိရောက် မှုမရှိပေ။ တစ်နည်းကိုသုံး၍ အခြားနည်းများကို မသုံး ရဟု မဆိုလိုပေ။ ဦးစားပေးမှုအနိမ့်အမြင့်ကျင့်သုံး ပုံအနည်းအများသာ ကွာခြားနိုင်သည်။ မည်သည့် နည်းလမ်းမျှ တစ်ခုတည်းမရပ်တည်နိုင်၊ အောင်မြင် အောင် မဆောင်ရွက်နိုင်ပေ။
အထက်ဖော်ပြခဲ့သော စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်သည့် သဘောထားများသည် ယေဘုယျ အားဖြင့်မှန်သည်။ သို့သော် စီးပွား ရေးပိတ်ဆို့မှုနှင့်သာသက်ဆိုင်သော အယူအဆများမဟုတ်ပေ။ထို အချက်များနှင့် သုံးသပ်ချက်များကို ကြည့်ပြီး စီးပွား ရေး ပိတ်ဆို့မှုများ နောက်ခံသဘောထားကိုခြေရာ ခံနိုင်ဖွယ်ရာရှိပါသည်။ စီးပွားရေးပိတ်ဆို့သည့် နည်းလမ်းကို အခြားနည်းလမ်းများအစား အသုံးပြုသော နည်းလမ်းတစ်ခုအဖြစ် ရှုမြင်နိုင်သည်။
Myanmar Express