Subscribe to our RSS Feed

အကယ်ဒမီဗန်းကိုင်စာရင်းတွင် နာမည်ရစမော်ဒယ်နှစ်ဦးပါဝင်

From : .7 day news

အကယ်ဒမီဗန်းကိုင်စာရင်းတွင် နာမည်ရစမော်ဒယ်နှစ်ဦးပါဝင်

ရေးသားသူ - ကြူကြူဟန်

အစိုးရသစ်လက်ထက်တွင် ပထမဆုံးကျင်းပပြုလုပ်မည့် ၂၀၁၀ ပြည့်နှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်မည့်အခမ်းအနား၌ အကယ်ဒမီဗန်းကိုင်မည့် မော်ဒယ် ၈ ဦးကို ရွေးချယ်စာရင်းထုတ်ပြန်ခဲ့ပြီး ထိုရှစ်ဦးတွင် နာမည်ရစမော်ဒယ်မင်းသမီးနှစ်ဦး ပါဝင်လာသည်ကို တွေ့ရသည်။ ထက်မြတ်နိုးဦး၊ ထိုက်ဆုဝင်း၊ သဲနော်ဇာ၊ ယုသန္တာတင်၊ ခင်ရတနာစိုး၊ ၀င်းလဲ့နု၊ သဲစုနိုင်၊ အိနြေ္ဒဘုန်းမြင့်တို့ကို ဗန်းကိုင်းများအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယုသန္တာမှာ မင်းသားများစင်တင်ခဲ့သည့် အနုပညာပျိုးခင်း မင်းသမီးများထဲမှ တစ်ဦးဖြစ်သည်။ သဲနော်ဇာမှာလည်း မော်ဒယ်အဖြစ်မှ နာမည်ရစပြုလာပြီး ဗီဒီယိုဇာတ်ကားအချို့တွင် ပါဝင်သရုပ်ဆောင်လျက်ရှိသူတစ်ဦးဖြစ်သည်။

ယုသန္တာတင်
အမေတို့က လျှောက်ပါလားဆိုပြီး တိုက်တွန်းတာနဲ့ လျှောက်ဖြစ်တာ။ လျှောက်တဲ့သူများတယ်ပြောတယ်။ ဘယ်နှယောက်လည်းတော့ သမီးလည်းမသိဘူး။ ကိုယ်လျှောက်တုန်းကတော့ လျှောက်လိုက်တယ်။ ပါတော့ ပါချင်တာပေါ့နော်။ တစ်နေ့ကမှ လှမ်းပြီး အကြောင်းကြားတော့မှ ပါမှန်းသိတာ။ အနုပညာပျိုးခင်းက ခွင့်ပြုပါတယ်။ ဒီဟာက အနုပညာအလုပ် လုပ်တာပဲလေ။ တခြား မဟုတ်တာလုပ်တာမှမဟုတ်တာ။ ဗန်းကိုင်ချင်တယ်ဆိုပြီး လျှောက်လိုက်တာပဲ။ တခြားဘာမှမရှိပါဘူး။

သဲနော်ဇာ
သမီးလျှောက်တာ ၃ နှစ်ရှိပြီ။ ဒီနှစ်မှပါတာ။ မြန်မာ့ရုပ်ရှင်လုပ်ငန်းမှာ ဖောင်အခမဲ့ယူပြီး ဓါတ်ပုံ ၉ ပုံနဲ့တင်တာ။ ဖောင်တင်ထားတာ ၃၊ ၄ လလောက်ရှိပြီ။ ဒီနေ့မှသိရတာ။ အယောက် ၁၀၀ ကျော်ထဲက ရှစ်ယောက်ရွေးတာ


Myanmar Express

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးအား Russian Federation သမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Mikhail M. MGELAZE လ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ Russian Federation သမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Mikhail M. MGELAZE သည် ဇန်န၀ါရီ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် Russian Federation သမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Mikhail M. MGELAZE တို့တွေ့ဆုံနှုတ်ဆက်စဉ်

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး နှင့်အတူ ဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသော သူရဦးအေးမြင့်၊ ဒေါက်တာချမ်းငြိမ်း၊ ဦးစိုးနိုင် နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ Russian Federation သမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Mikhail M. MGELAZE နှင့်အတူ First Secretary Mr. Alexey V. Semenikhin လည်း တက်ရောက်သည်။

အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား Russian Federation သမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Mikhail M. MGELAZE တွေ့ဆုံဆွေးနွေးစဉ်

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရှရှား နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် United Russia Party တို့ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုအား တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ပြည်သူများအတွင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။


အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် Russian Federation သမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Mikhail M. MGELAZE တို့ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးစဉ်

Myanmar Express

အရောင်စုံ အကယ်ဒမီ

From : 7 day news

ပရိသတ်ချစ်သော အနုပညာရှင်များ၏ ပွဲတက်ဝတ်စုံအတွက် ကြိုတင်စိတ်ကူး စီစဉ်ထားသည်များကို လက်လှမ်းမီသမျှ စုစည်းဖော်ပြလိုက်ပါသည်။

အရောင်စုံ အကယ်ဒမီ

ဖေဖေါ်ဝါရီ ၇ ရက်တွင် ၂၀၁၀ ပြည့်နှစ်အတွက် ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲကြီးကို ကျင်းပတော့မည်။ သို့ဖြစ်၍ ပရိသတ်ချစ်သော အနုပညာရှင်များ၏ ပွဲတက်ဝတ်စုံအတွက် ကြိုတင်စိတ်ကူး စီစဉ်ထားသည်များကို လက်လှမ်းမီသမျှ စုစည်းဖော်ပြလိုက်ပါသည်။

သက်မွန်မြင့်

ယခုနှစ်အကယ်ဒမီအတွက် လူပြောအများဆုံးနှင့် ထင်ကြေးပေးမှု အများဆုံးခံရသော မင်းသမီးသက်မွန်မြင့်သည် အကယ်ဒမီပေးပွဲအတွက် ဒီဇိုင်နာမပုံ့ချုပ်ပေးသော ဝတ်စုံကိုဝတ်ဖြစ်မည်ဖြစ်ပြီး အရောင်နှင့် ဒီဇိုင်းကိုမူ ရွေးချယ်နေဆဲဖြစ်ကြောင်း သူမကပြောကြားသည်။ သူမသည် ယခုနှစ်ဝတ်စုံအတွက် ပြီးခဲ့သောနှစ်များတွင် ဝတ်ခဲ့သောအရောင်များကိုရှောင်ကာ ရွေးချယ်ဝတ်ဆင်သွားမည်ဟု ပြောကြားသည်။

စိုင်းစိုင်းခမ်းလှိုင်

သည်နှစ်အကယ်ဒမီပွဲမှာ အကယ်ဒမီဆုအတွက် ထင်ကြေးပေးခံရသူများထဲက တစ်ဦးဖြစ်သည့် “အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်” မင်းသား စိုင်းစိုင်းခမ်းလှိုင်ကို ခဲရောင်တိုက်ပုံနှင့် အနက်ရောင်ပုဆိုးဝတ်ဆင်လာမည်ကို မြင်တွေ့ရမည်။

ချစ်သုဝေ

ယဉ်သူထိုက်ပိုးထည်တိုက်က ဆင်မြန်းပေးထားသော ဝတ်စုံနှစ်စုံကို ဒီဇိုင်နာမပုံ့က ချုပ်ပေးပြီး ထိုဝတ်စုံနှစ်စုံထဲမှ စိတ်ကြိုက်ဝတ်စုံတစ်ခုကို ရွေးချယ်ဝတ်ဆင်မည်ဖြစ်ကာ လက်ပြတ်ဝတ်ဖြစ်ဖို့များကြောင်း ချစ်သုဝေကပြောသည်။ လူငယ်တစ်ဦးဖြစ်သည့်အတွက် ရိုးရာကိုအခြေခံကာ ဖန်စီဒီဇိုင်းကို အသားပေးချုပ်လုပ်ထားကြောင်း သူမကပြောသည်။

စိုးပြည့်သဇင်

မနှစ်က အကယ်ဒမီဆု ဆွတ်ခူးခဲ့သော စိုးပြည့်သဇင်က ဝါရွှေဇင်ပိုးထည်တိုက်မှ ဒီဇိုင်နာ ဖွေးဖွေး(B-First) ချုပ်ပေးမည့် ဖက်ဖူးရောင်ဝတ်စုံကို ဝတ်ဆင်မည်ဖြစ်သည်။

နေတိုး

အကယ်ဒမီဆုရှင် မင်းသားနေတိုးက ရွှေပိုးအိမ်ပိုးထည်တိုက်က ဆင်ြမန်းပေးထားသော ခရမ်းအနီရောင်ပုဆိုးနှင့် တိုက်ပုံကိုဝတ်ဆင်ရန် စိတ်ကူးထားပြီး ဒီဇိုင်နာမင်းသက်စံက တာဝန်ယူချုပ်ပေးထားကြောင်း ပြောကြားသည်။

နိုင်းနိုင်း

လောလောဆယ်တော့ မစီစဉ်ရသေးဘူး။ ကျွန်တော်က ကာလာ အဖျော့လေးတွေကြိုက်တယ်။ အဖြူလေးတွေ။ ကျွန်တော်ဒီဇိုင်းထွင်တာမျိုးတော့ အစီအစဉ်မရှိပါဘူး။ စပွန်ဆာလည်းမရှိပါဘူး။ အနီးနားရောက်မှပဲ ကိုယ့်ဟာကိုယ် ဝယ်စီစဉ်ဖြစ်မယ်ထင်ပါတယ်။

မိုးယုစံ

ပိုးထည်က ဝါရွှေစင်ကပါ။ အရောင်ကရွှေဝါရောင်၊ ဒီဇိုင်နာက မပုံ့ပါ။ ဝတ်စုံပုံစံက မပုံ့စိတ်ကြိုက်ပါပဲ။ မပုံ့ကိုအပ်ထားတယ်။

သင်ဇာဝင့်ကျော်

ချိတ်ပဲဝတ်မှာပါ။ မန္တလေးက ကိုတင်မောင်ခိုင်ပဲ ချိတ်ရော ဒီဇိုင်းပါ စီစဉ်ပေးမှာပါ။ အရောင်က မသေချာသေးဘူး။ ဘိုဆန်တဲ့အရောင်ပဲဝတ်ချင်တယ်။ အရောင်တောက်တောက်ကြီး မဝတ်ချင်ဘူး။ ဒီဇိုင်းပုံက ဒီဇိုင်နာစိတ်ကူးပါပဲ။

Aroma (Zulu Studio) Wedding Dress & Photo Studio

ဂန္တဝင်၊ စမိုင်း၊ ဝါဆိုမိုးဦး၊ မေဖြူဖြူစသူတို့အတွက် မိတ်ကပ်၊ ဝတ်စုံ၊ လက်ဝတ်ရတနာများကို စပွန်ဆာပေးမည်ဖြစ်ပြီး အဖြူ၊ ရွှေရောင်၊ အစိမ်း၊ အနက်ရောင် မြန်မာဝတ်စုံဒီဇိုင်းဆန်းများ စီစဉ်ပေးထားသည်ဟု သိရသည်။ ကိုယ်ပိုင်ဒီဇိုင်းချိတ်ပေါ်တွင် စိန်နှင့် ကျောက်မျက်ရတနာများဖြင့် ဒီဇိုင်းထွင်ချုပ်လုပ်ထားသည်ဟု သိရသည်။ မိုးအောင်ရင်၊ မိုးယံဇွန်၊ မြင့်မြတ်၊ မင်းရာဇာ၊ မင်းထက်တို့အတွက် ဝတ်စုံများ စီစဉ်ပေးထားပြီး ပိုးပုဆိုးနှင့် တွဲဖက်ကာ အစိုဘက်အရောင်သမ်းသော ပိုးအပြောင်သားတိုက်ပုံများဖြင့် ပွဲထုတ်သွားမည်ဟု သိရသည်။ အမျိုးသား သရုပ်ဆောင်များအတွက်လိမ္မော်၊ အဝါ၊ ဖက်ဖူးစိမ်း၊ အနက်ရောင်များ ရွေးချယ်ထားသည်ဟုဆိုသည်။

အိန္ဒြာကျော်ဇင်

ဝတ်စုံကတော့ ရိုးရိုးပါပဲ။ ထူးထူးဆန်းဆန်း ဘာမှမရှိဘူး။ ပိုးထည် စပွန်ဆာက နှစ်တိုက်ရှိတယ်။ ဘယ်ဟာယူဖြစ်မလဲ မသေချာသေးဘူး။ အစ်မက ခဲရောင်ဝတ်ဖြစ်မယ်ထင်တယ်။ နောက်တစ်ရောင်တော့ စဉ်းစားနေတာပဲ။ ကိုယ်ဝတ်ချင်တဲ့ဒီဇိုင်းရယ်လို့ မရှိဘူး။ ဒီဇိုင်နာက အစ်မအိကျော်ဇင်၊ မြတ်မိုးအောင်ကချုပ်ပေးမှာ။ ဒီဇိုင်းပုံက ဒီဇိုင်နာပြောရင်ပိုကောင်းမယ်ထင်တယ်။

ခန့်စည်သူ

ဝတ်ချင်တဲ့ဒီဇိုင်းကမရှိဘူး။ ဝတ်စုံက ယဉ်သူထိုက်(မန္တလေး)၊ ဖိနပ်က ရွှေနဂါး၊ ဒီဇိုင်နာက ယုံးယုံးပါ။ ဘာအရောင်ဝတ်ဖြစ်မလဲမသိဘူး။ ခရေစီကာလာ မရှိဘူး။

မင်းသွေး

ဗီဒီယိုကားများနှင့် ခြေလှမ်းစိပ်စိပ်လှမ်းလာသော မင်းသွေးက ကတ္တီပါသားအနက်ရောင်ကို ရင်ဖုံးတိုက်ပုံနှင့် အနက်ရောင်တွင် ခဲရောင်ဖောက်ထားသော ပုဆိုးကို ဝတ်ဆင်မည်ဟုပြောပြီး သူ့အတွက်ဝတ်စုံကို ဒီဇိုင်းနာမင်းသက်စံက ချုပ်ပေးထားသည်။

ကောင်းပြည့်

တက်သစ်စမင်းသား ကောင်းပြည့်သည် သူ၏ အကယ်ဒမီ ပထမဆုံး ပွဲတက်အတွေ့အကြုံဖြစ်မည်ဖြစ်ပြီး Aromaက ကမ်းလှမ်းထားသော နက်ပြာရောင်ပုဆိုးနှင့် တိုက်ပုံကိုဝတ်ဆင်ဖြစ်ရန်များနေကြောင်း သူကပြောသည်။

ကျော်ကျော်ဗိုနှင့် ဇနီး

နှစ်စဉ် ထူးခြားအမြင်ဆန်းသည့် ဝတ်စုံဒီဇိုင်းဖြင့် မြင်ရလေ့ရှိသော မင်းသားကျော်ကျော်ဗိုတို့ဇနီးမောင်နှံကို ယခုနှစ်တွင် ဆင်စွယ်ရောင်ဆင်တူ မြန်မာဝတ်စုံဖြင့် မြင်တွေ့ရမည်ဟု ကျော်ကျော်ဗိုကပြောသည်။ “အရမ်းမဆန်းဘဲ အရောင်ကိုလည်း ဆင်စွယ်ရောင်ပျော့လေးဆင်ပေးဖို့ ပြောထားတယ်”

မြတ်သူအောင်

ယခုနှစ်ဝတ်စုံကို ဒီဇိုင်နာမင်းသက်စံက စီစဉ်ပေးထားပြီး ပိုးထည်ကိုတော့ ယွန်းရွှေရည်ပိုးထည်တိုက်က ကူညီပေးကြောင်း သိရသည်။

Myanmar Express

‘ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တစ်ခု အတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု’ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြီးစီး

From : .Popular

ဦးတင့်ဆွေ စာတမ်းဖတ်ကြားနေစဉ်

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့နှင့် စင်ကာပူ အခြေစိုက် အာရှမီဒီယာ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး ဗဟို အဖွဲ့တို့ ပူးပေါင်း စီစဉ်သည့် ဒီမိုကရက် တစ် လူ့ အဖွဲ့အစည်း တစ်ခု အတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်နဝါရီ ၃ဝ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ အင်းလျားကန် ဟိုတယ်တွင် ကျင်းပ သည်။


အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ နိုင်ငံတော် သမ္မတ အကြံပေးပုဂ္ဂိုလ်များ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံတကာ ပညာရှင်များ၊ ပြည်တွင်းမှ ပညာရှင် များ၊ စာပေ စိစစ်နှင့် မှတ်ပုံတင်ဌာနမှ တာဝန်ရှိ သူများနှင့် ပြည်တွင်းပြည်ပ မီဒီယာများ တက်ရောက်ကြသည်။


ဆွေးနွေးပွဲ ပထမနေ့ ပထမ ပိုင်းတွင် Media related Laws Responding to the Internet Age ခေါင်းစဉ်အောက်ဝယ် မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းမှ ပညာ ရှင်များ က စာတမ်းများ ဖတ်ကြား တင်ပြကြပြီးနောက် စာပေစိစစ်နှင့် မှတ်ပုံတင် ဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးတင့်ဆွေကလည်း “Current Policy on Drafting Media Law” အမည်ရှိ စာတမ်းကို ဖတ်ကြား တင်ပြသည်။ မြန်မာနိုင်ငံတွင် မီဒီယာ ဆိုင်ရာ ဥပဒေများ ခေတ် အဆက်ဆက် ပြောင်းလဲလာပုံ တို့ကို တင်ပြဆွေးနွေးခြင်းဖြစ်သည်။


ထိုစာတမ်းဝယ် ယခု မူကြမ်း ရေးဆွဲထားသော မြန်မာနိုင်ငံ မီဒီယာ ဥပဒေနှင့် ပတ်သက်၍ ထည့်သွင်းတင်ပြခဲ့သည်။ ယခု စီစဉ်နေကြသည့် မီဒီယာ ဥပဒေမှာ ပုံနှိပ် မီဒီယာ များအတွက်သာ ဖြစ်ပြီး ယင်းဥပဒေ ကြမ်းကို နိုင်ငံတော် ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း၊ ထို့နောက် ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက် တင်ပြ၍ အတည်ပြုချက် ရယူရမည်ဖြစ်ကြောင်း ဦးတင့်ဆွေက ပြောကြားခဲ့သည်။ မီဒီယာ ဥပဒေ ကြမ်းတွင် အခန်း(၁ဝ) ခန်းပါရှိရာ-
အခန်း(၁) အဓိပ္ပာယ်ဖွင့်ဆိုချက်များ
အခန်း(၂) စာရေးသူများနှင့် စာနယ်ဇင်းဆရာ များအတွက် ရပိုင်ခွင့်များ၊ တာဝန်များနှင့် ကျင့်ဝတ်များ၊ အခန်း(၃) စာအုပ် စာနယ်ဇင်း ထုတ်ဝေခြင်း ဆိုင်ရာ လိုက်နာရ မည့် အခြေခံ စည်းမျဉ်းများ၊ အခန်း(၄) စာပေ လွတ်လပ်ခွင့်နှင့် ကျင့်ဝတ်များ အကောင်အထည်ဖော်ရေး အတွက် စာနယ်ဇင်း ကော်မတီ၊ အခန်း(၅) ပုံနှိပ်၊ ထုတ်ဝေ ၊ ဖြန့်ချိသူများ မှတ်ပုံ တင်ခြင်း၊ အခန်း(၆) သတင်းစာများ၊ စာနယ်ဇင်းများ၊ စာအုပ်စာတမ်းများ ထုတ်ဝေခြင်း၊ အခန်း(၇) ယခု ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် ဆန့် ကျင် ကွဲလွဲခြင်းများ၊ အခန်း(၈) ပြည်တွင်းပြည်ပ ထုတ်ဝေ ဖြန့်ချိခြင်း၊ အခန်း(၉) ပြစ်ဒဏ်များ၊ အခန်း(၁ဝ) အထွေထွေ ပြဋ္ဌာန်းချက် များဟူ၍ အကြမ်းဖျင်း ပါရှိကြောင်း သိရ သည်။


”စာပေ စိစစ်ရေးက တာဝန်ရှိသူတွေ ဆိုတာဟာလည်း လူသားတွေ ပါပဲ။ သူတို့မှာလည်း လူ့ခံစားမှုနဲ့ လူ့ကျင့်ဝတ် ဆိုင်ရာ အမြင်တွေ ရှိတာပါပဲ။ သူတို့လည်း လွတ်လပ် မှုနဲ့ လွတ်လပ်စွာ တွေးခေါ် ပြောဆိုမှုတွေကို မြတ်နိုးတာပါပဲ။ ဒါပေမဲ့ သူတို့ တာဝန်ယူ ရတာက တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ အောက်မှာလေ။ ဒီတော့ ကာ ဘေးချိတ်သင့်တာတွေ ကို ဘေးချိတ်ထားပြီး လုပ်ရလေ တော့ကာ လူဆိုးတွေ လိုဖြစ်လာ တော့တာပါပဲ။


အဲဒီ အခြေအနေတွေအောက်မှာ ဘယ်ဟာကမှားပြီး ဘယ်ဟာက မှန်တယ် ဆိုတာ ဘယ်သူမှမပြော နိုင်ဘူး။ အခု ဆွေးနွေးပွဲမှာလို မပြောရဲကြဘူး”ဟု ဦးတင့်ဆွေ၏ စာတမ်း တွင် ပါရှိသည်။ လွန်ခဲ့သော ခေတ်များက စာပေစိစစ်ရေး ဝန်ထမ်း ဘဝများကို ပြန်လည် ရည်ညွှန်း တင်ပြခြင်း ဖြစ်သည်။


အင်ဒိုနီးရှားနိုင်ငံမှ အိုင်ဝန် အာဝါလူဒင်က Laws, Ethics and Media Freedom in Indonesia after Reformation ဟူသည့် ခေါင်းစဉ်ဖြင့် စာတမ်းဖတ် ကြား တင်ပြရာတွင် ခေတ်ပြောင်းပြီး ကာလ အင်ဒိုနီးရှား နိုင်ငံ၏ မီဒီယာ ဆိုင်ရာ လွတ်လပ်မှုများ၊ မီဒီယာ ဥပဒေပါ အချက်အလက် များကို ပြည့်စုံစွာ ရှင်းလင်း တင်ပြသွား သည်။
”အင်ဒိုနီးရှား ပုံနှိပ်ဥပဒေ အမှတ် ၄ဝ။ ၁၉၉၉ ဟာ တစ်မူထူးပါတယ်။ ဥပဒေကြမ်း ရေးဆွဲချိန်မှာ ပြည်သူ တွေဟာ အဲဒီ ဥပဒေအသစ်ဟာ ဘယ်လို ဖြစ်သင့်တယ် ဘာတွေ ပါ သင့်တယ် ဆိုတာတွေနဲ့ပတ်သက်လို့ သူတို့ရဲ့ အမြင်တွေ၊ အတွေးအကြံ တွေကို ပြောခွင့် တင်ပြခွင့် ရခဲ့တယ်”ဟု အာဝါလူဒင်က ပြောပါ သည်။


အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့ဝယ် စာတမ်းရှင် ၁၁ ဦး စာတမ်းများ ဖတ်ကြား တင်ပြကြရာဝယ် မြန်မာ စာတမ်းရှင်များမှာ ဦးတင့်ဆွေ၊ ဦးသန်းလွင်ထွန်း (ဗွီအိုအေ မြန် မာ ပိုင်း ဌာနမှူး) နှင့် ဦးဇေယျသူ တို့ ဖြစ်ကြသည်။
အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ တွင် မီဒီယာ ဥပဒေကို အသေးစိတ် ဆွေးနွေး အကြံပြုကြသည်။ ၄င်းနောက် Capacity Development (စွမ်းရည် ဖွံ့ဖြိုး တိုး တက်ရေး) အတွက် သတင်းစာ သင်တန်းကျောင်း တည်ထောင် ဖွင့်လှစ်ရေးကို အသေးစိတ် ဆွေးနွေးကြပြီး၊ သင်တန်းကျောင်း ဖြစ်မြောက်ရေး ယာယီ ကော်မတီကို ဖွဲ့စည်း ကာ အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်နဝါရီ (၃၁) ညနေပိုင်းတွင်ရုပ်သိမ်း ခဲ့သည်။

PN-002

Myanmar Express

အကယ်ဒမီ


From : Myanmar Times

academy



Myanmar Express

ဗိုလ်ချုပ် အတ္ထုပ္ပတ္တိရိုက်မယ်ဆိုရင် မှန်ကန်တဲ့စာအုပ်နဲ့ သိမိခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေဆီက ကိုးကားဖို့လိုတယ်

From : Popular

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိဇာတ် ကားကို အနုပညာရှင်အသိုင်းအဝိုင်းကသာ မက ပရိသတ်ကလည်း စိတ်ဝင်စားနေပါ တယ်။ ဇာတ်ကားတစ်ကားကောင်းဖို့အတွက် ဒီဇာတ်ကားမှာ ပါဝင်အားဖြည့်မယ့်သူတွေ တက်ညီလက်ညီပူးတွဲလုပ်ဆောင်မှ အောင် မြင်နိုင်မှာပါ။ ဗိုလ်ချုပ်ဇာတ်ကားနဲ့ပတ်သက် လို့ အကယ်ဒမီငြိမ်းမင်းကို ဇာတ် ညွှန်းပိုင်း အနေနဲ့ပတ်သက်ပြီး ဘယ်လိုအကြံဥာဏ် ပေးချင်လဲ မေးကြည့်တော့…

စစ်ဆိုတာက တိုက်ဖို့အရေးကြီးသလို နိုင်ဖို့လည်း အရေးကြီးတယ်။ အဲဒီသဘော အတိုင်းရိုက်ဖို့အရေးကြီးသလို ကောင်းဖို့ လည်းအရေးကြီးတယ်။ အဲဒီဇာတ်ကားထဲမှာ တကယ်ကိုမြှုပ်နှံပြီးကြိုးစားလုပ်ကိုင်မယ့်သူက ပိုအရေးကြီးတယ်။ရုပ်ရှင်ဇာတ်ကားတစ် ကားသက်သက်မဟုတ်တော့ဘူး။ ဒါက တိုင်း ရေးပြည်ရေးလည်းဖြစ်တယ်။ ကာလ၃ပါးနဲ့ ပတ်သက်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ကြောင့် ရရှိတဲ့အချိန်လုံလောက်မှုရှိမရှိ အတွက်ကိုပဲ စိုးရိမ်မိတယ်။ ဂန္ဒီဇာတ် ကားရိုက်တဲ့အချိန်တုန်းကဆိုရင် လည်း ဂန္ဒီ နဲ့တူတဲ့လူကို ရှာဖွေတာရော၊ဇာတ်ညွှန်းရေး တာရော၊ ဇာတ်ကားရိုက်တာရောဆိုရင် ၁ဝနှစ်နီးပါးဖန်တီးခဲ့ရကြတယ်။ ဗိုလ်ချုပ်ရဲ့ နှစ်တစ်ရာပြည့်မှာ ဇာတ် ကား ထွက်အောင် လုပ်မယ်ဆိုရင် အချိန်အားဖြင့်တော့ နည်း မယ်လို့ စိတ်ထဲမှာထင်တယ်။ အဓိကက တော့ဘယ်သူဖြစ်ဖြစ် ဒီဇာတ်ကားအပေါ်မှာ ထင်ထားတာထက် အာရုံတွေထည့် ထားတာ ကို တွေ့ရတာများတယ်။ ဖန်တီးမယ့်လူတွေ အတွက်ကတော့ ပရိသတ်မျှော်လင့်သ လောက် တာဝန်ယူမှုကို ပိုပြီးတော့ စကား ပြောလိမ့်မယ် လို့ထင်တယ်။ ထုတ်လုပ်သူအနေနဲ့ရော၊တာဝန်ယူမယ့်သူအနေနဲ့ရော ဘယ်လောက်အထိမြှုပ်နှံမယ်ဆိုတာကို တော် တော်စိတ်ဝင်စားစရာကောင်းပါတယ်။ အနုပညာ သမားတစ်ယောက်အနေနဲ့ပြောရ မယ်ဆိုရင်တော့ တကယ့်ကိုပြောင်မြောက်တဲ့ ဇာတ်ကားကြီးတစ်ကားဖြစ်သွားအောင်လုပ်ဖို့ကပိုလိုအပ်တယ်လို့ ယုံကြည်ပါတယ်။ ၃နှစ် ဆိုတဲ့အချိန်ကာလအတွင်းဖန်တီးဖြစ်မယ် ဆိုရင် အနုပညာသမားတစ်ယောက်အမြင် အနေနဲ့၃နှစ်နဲ့ဖန်တီးလို့ရှိရင် ရှိသမျှအင် အားနဲ့လုပ်လို့ ကတော့ရမယ့်အချိ န်ပေါ့။ ပစ္စည်းတစ်ခုကောင်းဖို့ဆိုတာ သူ့ရဲ့ရင်းနှီးမြှုပ် နှံမှုအပေါ်မှာဆိုင်တယ်လေ။ အဲဒီတော့ အချိန်တွေ၊ပညာတွေ၊ငွေကြေးတွေကို ရင်းနှီး မြုပ်နှံရမယ်။ငွေကြေးအနေ နဲ့ရင်းနှီး မြှုပ်နှံနိုင် တယ်ထား။ ပညာရှင်အနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ အတွက် လုံလောက်တဲ့ပညာရှိမရှိကို ရိုးရိုး လေးတွေးရမယ်။ကောင်းဖို့အတွက်ဆိုရင်ဘာမဆိုသတ္တိရှိရှိ စွန့်စား လုပ်ကိုင်ကြရမယ်။ ပိုဂရုစိုက်ရမယ့်ကိစ္စက ဗမာလူမျိုး အကြောင်း ကို ဗမာလူမျိုးတွေသာလျှင် အသိဆုံး ဗိုလ်ချုပ်သက်ရှိထင်ရှားရှိစဉ် ကာလ ကတည်းကဗိုလ် ချုပ်က ပြောဖူးတယ်။ကျုပ်အကြောင်းရေးထားတဲ့စာအုပ်တွေ ကတလွဲတွေချည်းပဲဗျာလို့ ပြောခဲ့ဖူး တယ်။အဲဒီတော့စာအုပ်စာတမ်းတစ်ခု တည်းကိုပဲ အားကိုးဖို့ မလုံေ လာက်သေး ဘူး။ သိမီခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေဆီမှာတို့၊ တကယ်မှန်ကန်တဲ့ စာအုပ်ကို ကိုးကားမိဖို့ တို့ လိုအပ်တယ်” လို့ ပြောပါတယ်။အနု ပညာရှင်တွေဝိုင်းဝန်းကူညီအာြး ဖည့်တဲ့ အပေါ်ဆရာ့အမြင်ကို မေးကြည့်တော့ ”အနုပညာသမားတွေရဲ့စိတ်စေတနာက ရှင်းတယ်။ တိုင်းပြည်မှာ တကယ်လိုအပ် လာပြီဆိုရင် ဘယ်သူကအသုံးချချ၊ အသုံးချ ခံခဲ့တဲ့လူတွေ ဖြစ်တယ်။ အနုပညာသမား တွေက တကယ်လိုအပ်လာပြီဆိုရင်ဝမ်းမြောက်ဝမ်းသာ အသုံးချခံတယ်။ ဘာလို့ လဲဆိုတော့ ပြည်သူ လူထုအတွက် ဆိုတဲ့စိတ်နဲ့ လုပ်ကြတာပါ။ အဲဒါကလည်း ဟိုးကတည်း ကပါ။ အင်းစိန်တိုက်ပွဲမှာ အနုပညာရှင်တွေ က ထမင်းထုပ်တွေကို မရမကပို့ပေးတဲ့ အချိန်ကစပြီး အခု ဗိုလ်ချုပ် ဇာတ်ကားကိုရိုက်မယ်ဆိုတဲ့ အကြောင်းအရာအထိပေါ့။ နိုင်ငံရေးနဲ့တစ်နည်းမဟုတ်တစ်နည်းပတ် သက်ကြတဲ့လူတွေချည်းပါပဲ။အနုပညာသမား ဟာ အနုပညာကို ပြောင်မြောက်အောင် လုပ်နေဖို့သာလျှင် အဓိကကျပါတယ်။ဗိုလ်ချုပ်ရဲ့ဇာတ်ကားကိုအတ္ထုပ္ပတ္တိဇာတ်ကားဆိုတာမှန်ပေမယ့်လည်း သမိုင်းမှတ်တမ်းရေး မှာမဟုတ်ဘူးေ ပါ့။ ရုပ်ရှင်ဇာတ်ကားတစ်ကား လုပ်မှာ ဖြစ်တယ်။ ရုပ်ရှင်တစ်ကားအောင်မြင် ဖို့ဆိုတာ ရုပ်ရှင်အနုပညာတွေအများကြီး လိုတာပေါ့။မျက်နှာသစ်တွေနဲ့လုပ်မယ် ဘာညာ ဆိုတာ အပေါ်ယံအားဖြင့် စေတနာနဲ့ပြောတာမှန်ပေမယ့်လည်းပဲ မျက်နှာသစ် တွေက သိပ်မလုပ်နိုင်ရင် ပိုဆိုးသွားပါမယ်။ဖြစ်နိုင်ခြေအကောင်းဆုံး လူတွေနဲ့ရွေးပြီး တော့လုပ်ကြရမှာပါ။ဆောင်ရွက်နိုင်သမျှ ကိုတစ်ယောက် တစ်လက်နဲ့ကိုယ်ကျိုးစွန့်ပြီး လုပ်ရမှာဖြစ်တဲ့အတွက် ကိုယ်လုပ်ပေးနိုင် တာကို အကောင်းဆုံးလုပ်ပေးလိုက် မယ်ဆို တဲ့စိတ်တွေလည်းပါရမှာပေါ့။ပြန်ချုံ့ကြည့် လိုက်ရင် သရုပ်ဆောင်အားလုံးတက်တက် ကြွကြွပါဝင်ချင်ကြတယ်ဆိုတာ ကြိုဆိုသင့်တဲ့ ကိစ္စပါပဲ။သူတို့ကဘယ်နေ ရာကပါရမှဆိုတဲ့ စိတ်ဓာတ်တွေ မရှိကြဘူး။ ဗိုလ်ချုပ်ကားကိုအကြောင်းပြုလို့ နိုင်ငံ တကာကကူညီမယ်။နည်းပညာတွေ အများကြီးရမယ်။အဲဒါက လည်းအနုပညာရှ င်တွေရဲ့အိပ်မက်ကလေး တစ်ခုပေါ့။ ဗိုလ်ချုပ်ကားကို အကြောင်းပြုပြီး တော့ မြန်မာပြည်ကအနုပညာရှင်တွေဘယ် လောက်တော်တယ်ဆိုတာကို ဗိုလ်ချုပ်ရဲ့ ဇာတ်ကား ကြီးက စိန်ခေါ်လိုက်သလိုပါပဲ။ဘယ်လောက်တော်တယ်ဆိုတဲ့နေရာမှာ အမျိုးမျိုး ပေါ့။ပညာဘယ်လောက်တော်သ လဲ။စိတ်ဓာတ်တွေ ဘယ်လောက်တော်သလဲ။နိုင်ငံေ ရးစိတ်ဓာတ် ဘယ်လောက်ရှိသလဲ။မျိုးချစ်စိတ်ဓာတ်ဘယ်လောက်ရှိသလဲ။ဒါတွေအားလုံးကို တိုင်းတာပြလိုက်သလို ပါပဲ။ ဒီဟာက လည်းစာမေးပွဲ ကြီး တစ်ခုလို့ မြင် ပါတယ်” လို့ ပြောပါ တယ်။
ထွဋ်မြတ်


Myanmar Express

လူကြမ်းတွေလည်း သရုပ်ဆောင်တွေပဲမို့ အကယ်ဒမီမျှော်လင့်ကြတယ်

From : Myanmar Times

သဲသဲထွေး
အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)

သင်္ဃန်းကျွန်းမြို့နယ်ရှိ ရိုက်ကွင်းအိမ်တစ်ခုတွင် ရိုက်ကူးနေတဲ့ ဗီဒီယိုကားတစ်ကားတွင် အောင်ခိုင်၊ ကစ်ကစ်နဲ့ သက်မွန်မြင့်တို့ သရုပ်ဆောင်နေကြစဉ်။
ဓာတ်ပုံ - သဲသဲထွေး

အကယ်ဒမီပေးပွဲလို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက ဘယ်မင်းသား၊ မင်းသမီးတွေများ အကယ်ဒမီရကြမလဲဆိုပြီး စိတ်ဝင်တစားရှိကြ ပေမယ့် ဘယ်လူကြမ်း အကယ်ဒမီရနိုင်တယ်ဆိုပြီး အရေးလုပ်ပြီး ပြောဆိုကြမျိုးကတော့ တော်တော်ကို ရှားပါးပါတယ်။

ဒါကြောင့် လူကြမ်းသရုပ်ဆောင်တွေက သူတို့ကိုလည်း အနုပညာရှင် တွေလို သဘောထားပြီး၊စဉ်းစားပေးကြမယ်ဆိုရင် အကယ်ဒမီရွှေစင် ရုပ်နဲ့ သူတို့ အလှမ်းမဝေးပါဘူးလို့ ဆိုကြပါတယ်။

"ရုပ်ရှင်လောကရဲ့အထွတ်အထိပ်ဆုအတွက် လူကြမ်းပဲဖြစ်ဖြစ်၊ လူရွှင်တော်ပဲဖြစ်ဖြစ် မျှော်လင့်ခွင့်လေးတော့ ပေးကြပါ"လို့ လူကြမ်းသရုပ်ဆောင်တွေထဲမှာ ရှားရှားပါးပါး အကယ်ဒမီဆုရရှိ ထားတဲ့ ဦးအောင်ခိုင်က ပြောပါတယ်။

"ဇာတ်ကားတစ်ကားမှာ ရှေ့ကတပ်ထားတဲ့ မင်းသား၊မင်းသမီးကတော့ အဓိကသရုပ်ဆောင်ဆု၊ နောက်ကတပ်ထားတဲ့ မင်းသား၊ မင်းသမီးကို ဇာတ်ပို့ ဆုဆိုပြီး ပေးကြစတမ်းဆိုရင် တကယ်တမ်းဇာတ်ပို့အလုပ်နဲ့ပဲ ရုပ်ရှင်လောကမှာ ကျင်လည်နေကြတဲ့ ဇာတ်ပို့စစ်စစ်တွေက ရုပ်ရှင် လောကရဲ့အမြင့်ဆုံးကို မျှော်လင့်ခွင့်မရှိတော့ဘူးလား"လို့လည်း သူက ဆိုပါသေးတယ်။

ပြီးတော့ သူက ရုပ်ရှင်ထူးချွန်ဆုဆိုတာ အခန်းနည်းတာ၊ များတာ အဓိက မဟုတ်ဘဲ ကိုယ်ပါဝင်ရတဲ့အခန်းက ဇာတ်ကားရဲ့ရသ၊ အတိတ်အနက်ကို ပိုပြီးမြင့်တက်သွားအောင် ပံ့ပိုးပေးနိုင်ရင် ဇာတ်ပို့ဆုပေးကိုပေးရမယ်လို့ စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခဟာ မကွယ်လွန်ခင်က ပြောခဲ့ဖူးတယ်ထောက်ပြပြီး လက်တွေ့မှာတော့ မြန်မာ့ရုပ်ရှင်လောကမှာ အကယ်ဒမီရတဲ့ လူကြမ်းအရေ အတွက်ဟာ လက်တစ်ဆုပ်စာတောင် မရှိဘူးလို့ ဆိုပါတယ်။

ဝါရင့်လူကြမ်းသရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ ကိုကိုဦးကလည်း ရွေးချယ်စရာ မရှိဘဲ ဆိုးတဲ့နေရာတွေမှာပဲ သရုပ်ဆောင်နေရပေမယ့် သူတို့ဟာ ပြည်သူတွေရဲ့ တကယ့်ဇာတ်ရုပ်ကိုပဲကြည့်ပြီး သရုပ်ဆောင်တာပါလို့ ဆိုပါတယ်။

"ကျွန်တော်တို့ သရုပ်ဆောင်တာကို အတုယူမှားမှာ စိုးလို့ဆိုပြီး အကယ်ဒမီပေးတဲ့ အမှတ်ပေးတဲ့စည်းမျဉ်းထဲမှာ မပါတာရှိတယ်"လို့ ပြောပါတယ်။

ဦးအောင်ခိုင်ကလည်း သူတို့လူကြမ်းတွေမှာ လူဆိုး၊ သူခိုး၊ ဓားပြ၊ ခါးပိုက်နှိုက်နေရာတွေမှာပဲ သရုပ်ဆောင်ရပြီး လူအများစုကလည်း လူကြမ်းဆိုရင် ထိုးဖို့၊ ကြိတ်ဖို့ပဲ လုပ်တတ်တယ်ဆိုတဲ့ အစွဲရှိနေကြတယ်လို့ ဆိုပါတယ်။

"ရုပ်ရှင်လောကမှာ ကျင်လည်ခဲ့တဲ့ ၃၂ နှစ်အတွင်း ဒီလိုခေါက်ရိုးကျိုးနေတာတွေကို ပြန်ပြီးမီးပူတိုက်ပေးမယ့်သူ မရှိဘူး"လို့ ပြောပါတယ်။ သူတို့မှာ ခွဲခြားဆက်ဆံခံရပေမယ့် သရုပ်ဆောင်ရတဲ့ နေရာမှာတော့ တကယ့်ကြမ်းကြမ်းတမ်းတမ်းတွေကို အကူ ပစ္စည်းလုံးဝမပါဘဲ လုပ်ကြရတယ်လို့ ပြောပြပါတယ်။

ဒါကြောင့် ကိုကိုဦးက မြန်မာပြည် ရုပ်ရှင်လောကက ဇာတ်ကောင်ကို အဓိကမထားပဲ စူပါမင်းသား၊ မင်းသမီးကိုပဲ အဓိကထားနေ ကြတယ်လို့ ရင်ဖွင့်ပါတယ်။

"လူကြမ်းဆိုရင် လူကြမ်းနေရာမှာပဲ သရုပ်ဆောင်ဖို့ ပုံသေထားကြတဲ့အတွက် ဇာတ်ရုပ်အပြောင်းအလဲ သိပ်မရှိသလို ဗီလိန်ခန်းရိုက် ရရင်လည်း တစ်ခန်း နှစ်ခန်းနဲ့ ပြီးသွားပြီး မင်းသား မင်းသမီးပဲ ဇောင်းပေးရိုက်ကြတာ။ "ကျွန်တော်တို့ လူကြမ်းတွေထဲမှာလည်း လုပ်နိုင်တဲ့သူတွေ အများကြီးပါ။ ဒါရိုက်တာတွေက မခိုင်းကြလို့ပါ။ ဒါရိုက်တာခိုင်းတဲ့အတိုင်း လုပ်နိုင်ဖို့လည်း အတတ်ပညာတွေ အကုန်လုံးမှာရှိပြီးသားပါ"လို့ ဆိုပါတယ်။

"အကယ်ဒမီ မျှော်မှန်းနိုင်ဖို့ဆိုတာ ဇာတ်ကားကြီးထဲမှာ နေရာရမှသာ ရနိုင်မှာ"လို့လည်း သူက နောက်ဆက်တွဲ စကားဆိုလိုက်ပါ သေးတယ်။

လူကြမ်းအဖြစ် သရုပ်ဆောင်အလုပ် လုပ်ကိုင်ခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ပြီ ဖြစ်တဲ့ ဦးအရိုင်းမင်းကလည်း သူတို့ ဘ၀ဟာ ဆေးစက် ကျရာ အရုပ်ထင်ဖို့ ကြိုးစားကြရတဲ့ဘ၀လို့ ဆိုပါတယ်။

"ဟောလိဝုဒ်တို့၊ ဘောလိဝုဒ်တို့မှာဆို လူကြမ်းကိုလည်းအကောင်းဆုတို့၊ အညံ့ဆုံးဆုတို့ ပေးတယ်။ ဒီမှာတော့ လူကြမ်းလုပ်လာတဲ့ နှစ် ၃၀ကျော်ရှိပြီ။ လူကြမ်းကို အကယ်ဒမီပေးတာ တစ်ခါမှ မကြားဖူးသေးဘူး" လို့ ပြောပါတယ်။

"ရုပ်ရှင်လောကမှာ အားလုံးက သရုပ်ဆောင်တွေပဲလေ။ မင်းသား၊ မင်းသမီးမှ သရုပ်ဆောင်မဟုတ်တာ။ ထူးချွန်ရင် ထူးချွန်သလို၊ ညံ့ရင်ညံ့သလို ပေးသင့်တယ်။ ဒါကလည်း ပြောင်းလဲလာတဲ့စနစ်ကြောင့် ပြောရတာပါ။ မပြောင်းလဲသေးရင်လည်း သဲထဲရေသွန်ဖြစ် မှာပဲ။ ဘယ်လောက်ပဲ ဆိုးမိုက်တဲ့ ဇာတ်ရုပ်ဖြစ်နေပါစေ။ သူ့အမူအရာတွေက ဘယ်သူနဲ့မှ မတူတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်ရင် သရုပ်ဆောင်မှန်သမျှ အကယ်ဒမီရသင့်တယ်"လို့ သူ့အမြင်ကို ပြောပြပါတယ်။

ကိုကိုဦးကလည်း လက်ရှိမှာ ဆင်ဆာ စည်းကမ်းတချို့ ပြင်ဆင်လျှော့ပေါ့ပေးလာပြီး အနုပညာဖန်တီးမှုတွေကို အရင်ကထက် ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ခွင့်ရလာတဲ့အချိန်မှာ လူကြမ်းတွေလည်း ဇာတ်ကားတွေမှာ နေရာရလာမယ်ဆိုရင် အကယ်ဒမီကိုများ မျှော်မှန်းနိုင်မလားဆိုပြီး မျှော်လင့်မိတယ်လို့ ဆိုပါတယ်။

Myanmar Express

အကယ်ဒမီ ခန့်စည်သူနှင့် မေတ္တာသင်္ဂဟအဖွဲ့ အနာကြီးရောဂါသည်များအတွက် လှူဒါန်း

From : .SMG


သီဟသုဓမ္မ မဏိဇောတဓရ အကယ်ဒမီ ခန့်စည်သူနှင့် မေတ္တာသင်္ဂဟအဖွဲ့၏ အလှူဒါနအဖြစ် ၁ဝ-၁-၂ဝ၁၂ ရက် က ရန်ကုန်တိုင်း လှည်းကူးမြို့နယ် မရမ်းချောင်းကျေးရွာ ပရဟိတဂေဟာရှိ မသန်စွမ်း အနာကြီးရောဂါသည်များ အတွက် ကျန်းမာရေးအတွက် လိုအပ်သော ပစ္စည်းများနှင့် အာဟာရဖြစ်စေမည့် အစားအစာများအပြင် လိုအပ်သောနေရာများအတွက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါလှူဒါန်းပွဲတွင် ငွေကျပ် သိန်းငွေကျပ် ၄ဝ နှင့် လိုအပ်သောပစ္စည်းများ တန်ဖိုးကျပ် သိန်း၂ဝတို့အား လှူဒါန်းခဲ့ကြောင်းသိရသည်။ အဆိုပါ လှူဒါန်းပွဲ၌ ဆရာတော် ရှင်ဆန္ဒာဓိက နှင့် မေတ္တာသင်္ဂဟအဖွဲ့တွင် ပါဝင်သော အနုပညာရှင်များ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။


Myanmar Express

မြန်မာနိုင်ငံ ဘတ်စကားလောကသို့ ဂျာမနီနည်းပညာဖြင့် တည်ဆောက်ထားသော ယာဉ်များဖေဖော်ဝါရီလအတွင်း စတင်ရောက်ရှိမည်

From : SMG


မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလအတွင်း ဂျာမနီနိုင်ငံ၏ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီဖြစ်သော Man SE၏ ကုမ္ပဏီခွဲ Nepplan bus ၏နည်းပညာဖြင့် တည်ဆောက်ထားသော ဥရောပစံချိန်မီ Young Man Busများစတင်ဝင်ရောက်လာ မည်ဖြစ်ကြောင်း Young Man Myanmar Groupမှ ၂၆-၁-၂ဝ၁၂ ရက်က သိရသည်။အဆိုပါ ဘတ်စ်များ၏ တည်ဆောက်ထားပုံ နည်းပညာမှာ မိုနီကုတ်ပ်ဟုခေါ်သော လှောင်အိမ်သဏ္ဌာန်ကဲ့သို့ တစုတစည်းတည်း ဖွဲ့စည်းထားသော ကိုယ်ထည်ရှိပြီး ၎င်းယာဉ်၏ကိုယ်ထည်ကို သံမဏိပိုက်လုံးများဖြင့် လှောင်အိမ်သဏ္ဌာန် တည်ဆောက်ထားသော နည်းပညာကြောင့် ခရီးသည်များကို ပိုမိုလုံခြုံမှုပေးနိုင်သည့်အပြင် ယာဉ်ပိုင်ရှင်များအတွက် လောင်စာဆီနှင့် တာယာပါးနှုန်း ပို၍သက်သာစေရန် တည်ဆောက်ထားခြင်း ဖြစ်ကြောင်းသိရသည်။

''မိုနိုကုတ်ပ် နည်းပညာကို ဘတ်စကားတွေတင် မဟုတ်ဘူး။ လေယာဉ်ကိုယ်ထည် တည်ဆောက်တဲ့ နေရာတွေလည်း သုံးတယ်။ အခုမြန်မာပြည် ဈေးကွက်အတွင်းက ယာဉ်အများစုရဲ့ ဖွဲ့စည်းပုံက အောက်ပိုင်း ဖရိန်နဲ့သံကိုယ်ထည်ကို မူလီဆွဲထားတဲ့စနစ်၊ ဒီအားနည်းချက်တွေက ဖရိန်အလေးချိန်များလို့ ဆီစားတယ်၊ တာယာစားတာတွေဖြစ်လာတာ။Young Man Busတွေရဲ့ အားသာချက်က သီးခြားရှေ့ဝင်ရိုးကို အသုံးပြုထားလို့ မြေပြင်မညီညာရင်တောင် ခရီးသည်များ၏ ငြိမ့်ညောင်းမှုကို လျော့ပါးခြင်းမရှိဘူး'' ဟု Young Man Myanmar Groupမှ တာဝန်ရှိသူတစ်ဦးက ပြည်မြန်မာဂျာနယ်သို့ ပြောကြားသည်။

Myanmar Express


ပြန်ကြားရေးဝန်ကြီးဌာန၏ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ယူနက်စကိုအဖွဲ့ ပူးပေါင်းကူညီဆောင်ရွက်သွားမည်


From : ခေတ်လူငယ်

ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ စံချိန်စံညွှန်းများကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမည့် မီဒီယာဥပဒေတစ်ခုကို ရေးဆွဲဆောင်ရွက်လျက်ရှိရာ အဆိုပါ ဆောင်ရွက်မှု၌ နိုင်ငံတကာစံများ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆီလျော်မှုရှိစေရန် ယူနက်စကိုအဖွဲ့က ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ဒီမိုကရေစီဖော်ဆောင်ရာ၌ သတင်းလွတ်လပ်ခွင့်နှင့် တာဝန်သိမှု၊ တာဝန်ယူမှုတို့ကို မှန်မှန်ကန်ကန် ယှဉ်တွဲကျင့်သုံးနိုင်သည့် မီဒီယာ၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲတစ်ခုပြုလုပ်ရန်လည်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယူနက်စကိုအဖွဲ့တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ယူနက်စကို အဖွဲ့မှ သတင်းဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများပူးပေါင်း၍ ပုံနှိပ်ဆိုင်ရာနှင့် ရုပ်မြင်သံကြားဆိုင်ရာ ဥပဒေများနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

အတင်းပြောတာ အကုသိုလ်အလုပ်



ကိုယ်ကျင့်တရားသည် အရေးကြီးဆုံး လူသိက္ခာ


လူတစ်ယောက်ဟာ ပင်ကိုယ်ရုပ်အဆင်း ဘယ်လောက်ချောချော
ကိုယ်ကျင့်တရားမကောင်းရင် လုံးဝကျက်သရေမရှိပါဘူး။
ပင်ကိုယ်ရုပ် မလှပေမယ့် ကိုယ်ကျင့်တရားကောင်းရင်
ကျက်သရေရှိပါတယ်။
လူတစ်ယောက်ရဲ့ ဂုဏ်သတင်းပျံ့မွှေးမှုကို ရေရှည်တည်တံ့အောင်
ထိန်းသိမ်းထားနိုင်တာ ကိုယ်ကျင့်တရားရနံ့ တစ်ခုပဲရှိပါတယ်။
ကိုယ်ကျင့်တရား ခိုင်မြဲနေသမျှ ဂုဏ်သိက္ခာအားလုံး ခိုင်မြဲနေဦးမှာပါပဲ။
ကိုယ်ကျင့်တရား ပျက်စီးရင်တော့ ရှိသမျှဂုဏ်အားလုံး
ပျက်စီးသွားပါပြီ။

အတင်းပြောတာ အကုသိုလ်အလုပ်

အတင်းပြောတာ ဝါသနာပါတဲ့သူတွေက
“သူများပါးစပ် ငှားပြောတာ မဟုတ်ဘူး ကိုယ့်ပါးစပ်နဲ့ ကိုယ်ပြောတာ ဘာဖြစ်လဲ…!
ဟုတ်လို့ဟုတ်တယ်ပြောတာ မှန်လို့မှန်တယ်ပြောတာ ဘာဖြစ်လဲ…လို့”
နှုတ်သီးကောင်းလျှာပါးနဲ့ ရန်စကားပြောတတ်ကြပါတယ်။
ဟုတ်ကဲ့……ဘာမှမဖြစ်ပါဘူး။ အကုသိုလ်ဖြစ်ရုံနဲ့ ငရဲကျရုံလောက်ပါပဲ။
ဘာလို့လဲဆိုတော့ အတင်းပြောတယ်ဆိုတာ ဝစီဒုစရိုက်အမှု ကျူးလွန်နေတာမို့ပါ။

ယုံကြည်ချက်ရှိမှ ဘဝတောက်ပမယ်

ယုံကြည်မှု သဒ္ဓါတရားဟာ စိတ်ကို ကြည်လင်စေရုံသာမက
နှလုံးသားကိုလည်း တောက်ပစေပါတယ်။
သဒ္ဓါတရားပိုင်ရှင်ရဲ့ နှလုံးသွေးဟာ ရွှေဝါရောင်တောက်ပနေတာမို့
သဒ္ဓါတရားထင်ရှားနေတဲ့အခိုက် အဲဒီလူရဲ့ မျက်နှာတစ်ခုလုံး
ဝင်းလက်တောက်ပနေပါတယ်။
ကုသိုလ်အလုပ်တစ်ခုခုကို စိတ်ပါလက်ပါ
အာရုံစိုက်ပြီး လုပ်နေချိန်မှာ သဒ္ဓါတရား သိပ်ထင်ရှားနေတဲ့အတွက်
အဲဒီအချိန်မှာ ရုပ်အဆင်း ဝင်းလက်တောက်ပမှုလည်း
အရမ်းကိုသိသာပေါ်လွင်နေပါတယ်။
သဒ္ဓါတရားအားကောင်းလေ ရုပ်အဆင်းရော ဘဝအခြေအနေပါ
တိုးတက်တောက်ပလေပါပဲ။

တရားအလှူသာ အမြတ်ဆုံး
ဘုရား ပစ္စေကဗုဒ္ဓါကလွဲရင် တရားအလှူမရှိဘဲ
တရားထူးရတဲ့သူ တရားအလှူမပါဘဲ သံသရာလွတ်မြောက်တဲ့သူ
ရှေးကလည်းမရှိခဲ့၊ အခုလည်းမရှိ၊ နောင်လည်း ဘယ်တော့မှ
ရှိမှာမဟုတ်ပါဘူး။ တရားထူးရရေး သံသရာလွတ်မြောက်ရေးမှာ
တရားအလှူဟာ မပါမဖြစ် မရှိမဖြစ်တဲ့အတွက်
တရားအလှူ ဓမ္မဒါနဟာ
အနှိုင်းမဲ့ အလှူ ဖြစ်ရပါတယ်။

တရားအလှူသူဟာ မသေဆေးတိုက်ကျွေးတဲ့သူပါ

ဓမ္မဒါနဟာ အမတဒါနပါ။ တရားအလှူဟာ မသေခြင်း အလှူပါ။
သူတစ်ပါးကို တရားပေးလှူရင် သူတစ်ပါးကို မသေခြင်း ပေးလှူရာရောက်ပါတယ်။
မသေဓာတ် ပေးအပ်ရာရောက်ပါတယ်။
သူတစ်ပါးကို မသေအောင် လုပ်ပေးရတဲ့ အလုပ်လောက်
ကောင်းတဲ့အလုပ်မျိုး လောကမှာ ရှိပါဦးမလား။
လုံးဝ(လုံးဝ) ကို မရှိနိုင်တော့ပါဘူး။
မှတ်ချက်။ ။အရှင်ဆန္ဒာဓိက၏ စိတ်အားဖြည့် ဓမ္မနှင်းပွင့်စာအုပ်မှကောက်နှုတ်ချက်များဖြစ်ပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com/
ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

Myanmar Express

အစိုးရက ဘာလို့ သုံးရလဲ


ခင်မောင်ညို (ဘောဂဗေဒ)
အစိုးရရဲ့အသုံးစရိတ်တွေ ဘာလို့ သုံးစွဲနေရသလဲဆိုတဲ့မေးခွန်းကို သုံးစွဲစရာအကြောင်း ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းနဲ့ ပတ်ဝန်းကျင်ကိုကြည့်ပြီး ပထမဆုံးဖြေရမှာဖြစ်တယ်။
ဥပမာ ပြည်တွင်းမှာ မတည်မငြိမ်ဖြစ်တာတွေ များနေတဲ့အချိန်၊ ပြည်ပအနရာယ်တွေများနေတဲ့အချိန်၊ မျိုးမှာ စစ်ရေးအသုံးစရိတ်တွေ များနေနိုင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ပြီး ပြည်ပအနရာယ်တွေ လျော့ပါးသွားပြီဆိုရင်တော့ ဒီလောက် သုံးဖို့ လိုမယ် မထင်ပါဘူး။
ပြီးတော့ ပုဂလိက ကဏ္ဍကို ထိန်းချုပ်တဲ့ခေတ်က ထိန်းချုပ်တဲ့ဌာနတွေ နယ်ပယ်တွေမှာ စွမ်းအားတွေ ဝန်ထမ်းအင်အားတွေ အများကြီးသုံးခဲ့ရပေမယ့် ပုဂလိကကဏ္ဍဖွံ့ဖြိုးမှုကို အားပေးတဲ့အချိန်မှာ ပုဂလိက ကဏ္ဍ လုပ်လို့ကိုင်လို့ အဆင်ပြေအောင် အထောက်အကူပေး၊ ဝန်ဆောင်မှုပေးတဲ့ နေရာတွေမှာ ငွေအား၊ လူအား ပိုသုံးဖို့ လိုလာပါမယ်။
အဲသလိုပါပဲ။ လုံခြုံရေးအတွက် အခြေခံသုံးစွဲထားတဲ့၊ သုံးစွဲမှု ပုံစံနဲ့ စွမ်းဆောင်ရည် မြင့်မားရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် သုံးစွဲတဲ့ ပုံစံချင်းတူမှာ မဟုတ်ပါဘူး။
တစ်ချိန်တုန်းကဆို စက်ရုံ အလုပ်ရုံတွေ တည်ဆောက်ရေး အတွက် နိုင်ငံတော်အစိုးရက ငွေလုံးငွေရင်း အသုံးစရိတ်တွေ အများကြီး အကုန်အကျခံခဲ့ရတယ်။ အခုလို ပုဂလိက ကဏ္ဍ အရေးပါလာတဲ့အချိန်မှာ ဟိုတုန်းကလို စီးပွားရေးလုပ်ငန်းတွေအတွက် ငွေလုံးငွေရင်း အများကြီး သုံးဖို့ လိုမှာ မဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းတွေ အရှုံးပြလို့ ကျခံနေရတာတွေ၊ သာမန်အသုံးစရိတ်တွေလဲ သိသိသာသာ လျော့ပါးနိုင်ပါတယ်။
ဒုတိယ စဉ်းစားစရာ မေးခွန်းကတော့ ဘာအတွက်သုံးမှာလဲ၊ ဘယ်နေရာတွေမှာ လိုအပ်နေသလဲ ဆိုတဲ့မေးခွန်းပါ။ သေသေချာချာ ထပ်မေးဖို့လိုတာက လိုအပ်တာလား၊ လိုချင်တာလားဆိုတာပါ။ လိုချင်တာတွေကတော့ အတောမသတ်နိုင်တာမို့ ဘယ်နေရာတွေ ဘယ်သူတွေ လိုအပ်သလဲဆိုတာ မေးရတာပါ။
ဘာအတွက်သုံးမှာလဲ၊ ဘယ်နေရာတွေမှာ လိုအပ်နေသလဲ ဆိုတဲ့မေးခွန်းကိုတော့ ဈေးကွက်ရဲ့ အားနည်းချက်ရှိတဲ့နေရာတွေမှာလို့ လွယ်လွယ်ဖြေနိုင်ပါတယ်။ ဒါပေမယ့် ဈေးကွက်ရဲ့ အားနည်းချက် ဆိုတာကလဲ ပုံသဏာန်အမျိုးမျိုး၊ အသွင်အမျိုးမျိုးနဲ့ ရှိနေနိုင်တာပါ။
ဒီအပြင် ခါတိုင်းဘောဂဗေဒနယ်ပယ်မှာ မေးနေကျဖြစ်တဲ့ အခြေခံမေးခွန်းတွေကို မေးကြည့်၊ ဖြေကြည့်ဖို့လဲ လိုလာပါတယ်။ အဲဒါတွေက အစိုးရ(သို့)ပြည်သူပိုင်ကဏ္ဍက ဘာတွေ ထုတ်လုပ်ကြမှာလဲ..၊ အများပြည်သူသုံးဖို့ အတွက် ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုတွေလား..၊ မော်တော်ကားတွေ၊ ကက်ဆက်တွေ၊ ရုပ်မြင်သံကြားတွေလို၊ ပုဂလိကအသုံးအဆောင်တွေ၊ တစ်ကိုယ်ရည် အသုံးအဆောင်တွေလား..၊ လက်ရှိ ငွေအား၊ လူအား၊ နည်းပညာတွေနဲ့ အများပြည်သူသုံးဖို့က ဘယ်အချိုး၊ ပုဂလိကသုံးနိုင်ဖို့က ဘယ်အချိုး ထုတ်လုပ်ကြမှာလဲ..၊ အများပြည်သူသုံးဖို့အတွက် ဦးစားပေးထုတ်လုပ်မယ်ဆိုရင်တော့ ပုဂလိက သုံးစွဲစရာတွေ လျှော့ပြီး ထုတ်လုပ်ရမှာပါ။ ဒီနေရာမှာလဲ ဖြစ်ချင်၊ လိုချင်သလောက် မထုတ်လုပ်နိုင်တာ၊ စွမ်းအားရှိသလောက် မထုတ်လုပ်နိုင်တာဆိုတဲ့ အပိုအလိုတွေ ရှိနေမှာပါ။ တစ်ပြိုင်နက်တည်း အများပြည်သူသုံးဖို့ရော တစ်ဦးချင်း သုံးဖို့ရော၊ အပြည့်အဝ ထုတ်လုပ်ဖို့ဆိုတာကတော့ လက်တွေ့မကျပါဘူး။
ဒုတိယမေးခွန်းက ဘယ်လိုထုတ်လုပ်ကြမှာလဲ..၊ ပုဂလိကက ထုတ်လုပ်မှာလား..၊ အစိုးရ ဒါမှမဟုတ် ပြည်သူပိုင်ကဏ္ဍက ထုတ်လုပ်အရင်းအနှီးများများ သုံးပြီး ထုတ်လုပ်မှာလား..၊ လုပ်အားများများ သုံးပြီး ထုတ်လုပ်မှာလား..၊ အလုပ်လက်မဲ့တွေ များနေတဲ့နေရာ၊ များနေတဲ့အချိန်ဆို လုပ်အား များများသုံးတတ်ကြပေမယ့် ခေတ်မီတဲ့နည်းပညာတွေ၊ စံချိန်စံညွှန်းတွေ လိုချင်တယ်ဆိုရင်တော့ အရင်းအနှီးများများသုံးရပါမယ်။
ဒီနေရာမှာ ဘယ်လောက်သုံးမှာလဲဆိုတဲ့ မေးခွန်းက အရေးတကြီးဖြစ်လာပါပြီ။ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို ဘယ်လောက်ဦးစားပေးမှာလဲ..၊ ကျောက်မီးသွေးသုံးမှာလား..၊ ရေအားလျှပ်စစ်လား..၊ လူအများကြား နာမည်ပျက်နေပေမယ့် တကယ်တမ်းမှာ အထိအခိုက် အဆုံးအရှုံး အသက်သာဆုံးဖြစ်မယ့် အဏုမြူလား၊ အခုချိန်ထိ တွင်တွင်ကျယ်ကျယ် ထိထိရောက်ရောက် မသုံးနိုင်သေးတဲ့ နေရောင်ခြည်တွေ၊ လေရဟတ်တွေလား..၊
နောက်ထပ် အရေးကြီးတဲ့ မေးခွန်းတစ်ခုက ဘယ်သူ့အတွက် ထုတ်လုပ်မှာလဲ..၊ ဝင်ငွေခွဲဝေဖြန့်ဖြူးပုံတွေက မတူညီ၊ ဝင်ငွေ အနိမ့်အမြင့် ကွာခြားမှုတွေ ရှိနေလေတော့ အစိုးရက အခွန်ကောက်တာပဲဖြစ်ဖြစ်၊ လူမှုဖူလုံရေးလုပ်တာပဲ ဖြစ်ဖြစ်၊ အုပ်စုအမျိုးမျိုးပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ သူတို့စံငွေသုံးစွဲနိုင်မှုအပေါ် ဂယက်ရိုက်ခတ်မှုရှိပါတယ်။ ဒီလိုပါပဲ အများပြည်သူ သုံးဖို့ ကုန်စည်နှင့် ဝန်ဆောင်မှုတွေ ထုတ်လုပ်ရာမှာ အကျိုးရှိတဲ့ အုပ်စုတွေရှိသလို၊ အကျိုးမဲ့သွားတဲ့ အုပ်စုတွေလဲရှိနိုင်ပါတယ်။ ဥပမာ ထုတ်ကုန်တစ်ခုကို ပြည်သူပိုင်ကဏ္ဍက ထုတ်လုပ်လိုက်တဲ့အတွက် စားသုံးသူတွေ ဈေး သက်သက်သာသာနဲ့ အသုံးပြုနိုင်ပေမယ့် အဲဒီကုန်စည်ကို မူလက လက်ဝါးကြီးအုပ်ပြီး ထုတ်လုပ်ရောင်းချနေသူတွေအတွက်တော့ ထိခိုက်ဆုံးရှုံးမှုရှိနိုင်ပါတယ်။
ကျန်တဲ့မေးခွန်းတစ်ခုက ဘယ်လို ရွေးချယ်ဆုံးဖြတ်ကြမှာလဲ..၊ ပြည်သူပိုင်လုပ်ငန်းတွေမှာ စုပေါင်းပြီးဆုံးဖြတ်ကြ၊ ရွေးချယ်ကြတယ်။ တစ်နည်းပြောရရင် လူ့အဖွဲ့အစည်းက ဆုံးဖြတ်တယ်။ ဥပမာ တရားဥပဒေရဲ့ပုံစံတွေ၊ စစ်ရေး အသုံးစရိတ်တွေ၊ အများပြည်သူသုံး အသုံးအဆောင်တွေနဲ့ ပတ်သက်ํ စုပေါင်းပြီး ဆုံးဖြတ်ချက်ချတယ်။ လူတစ်ဦးချင်းရဲ့ စားသုံးမှုနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ စီးပွားရေး လုပ်ငန်းတွေက ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် စားသုံးသူတွေ လိုအပ်တဲ့ပစည်းတွေကို စီးပွားရေးလုပ်ငန်းတွေက သေချာပေါက် ထုတ်လုပ်ပေးဖို့ ဈေးကွက် ယနရားက အလုပ်လုပ်ရာမှာဖြစ်ဖြစ်၊ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်တွေဟာ အတော်လေး ခက်ခဲ ရှုပ်ထွေးပါတယ်။
စုပေါင်းပြီး ဆုံးဖြတ်ချက်ချတယ်ဆိုတဲ့ အခါကျတော့ ပိုပြီး ခက်ခဲပါတယ်။ ရှုပ်လဲရှုပ်ထွေးတယ်။ ဖြစ်သင့်ဖြစ်ထိုက်တာ၊ သဘောတူသင့် တူထိုက်တာတွေကိုတောင်မှ၊ သဘောမတူတာတွေ၊ သဘောမတူ သူတွေရှိနေတာကို။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း၊ ဦးစားပေးပုံချင်း၊ တန်ဖိုးထားပုံတွေချင်း ကလည်း မတူကြဘူး။ ဒါပေမဲ့ အများပြည်သူသုံး ကုန်စည်တွေနဲ့ ပတ်သက်လာရင် စုပေါင်းပြီး ဆုံးဖြတ်ကြရပါတယ်။ တကယ်တော့ မိသားစု တစ်စုတည်းမှာတောင် သားကတစ်မျိုး၊ အဖေကတစ်မျိုး၊ ဇနီးနဲ့ သမီးကတစ်မျိုး ဖြစ်တတ်လေတော့ စုပေါင်းဆုံးဖြတ်ဖို့ဆိုတာ သိပ်လွယ်လှတာမဟုတ်ဘူး။
ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက်အမြင်ချင်း ရှုထောင့်ချင်း ကွာခြားတတ်တယ်ဆိုတာ သတိပြုမိဖို့လိုပါတယ်။
အထူးသဖြင့် ငါနဲ့မတူ၊ ငါ့ရန်သူ သဘောထားတတ်ကြ၊ ကိုယ့်ဘက်မပါရင် သူ့ဘက်လို့မြင်တတ်၊ ဘယ်ဘက်မှမလိုက်တဲ့သူကို နှစ်ဖက်စလုံးက ရန်သူအဖြစ် သတ်မှတ်ခံရတဲ့လူ့အဖွဲ့အစည်းမျိုးမှာ ပိုပြီးအရေးကြီးပါတယ်။
ဒီမိုကရေစီဆန်တဲ့ လူ့အဖွဲ့အစည်းမှာတော့ အများနဲ့ ဆိုင်တဲ့ ရွေးချယ်မှု၊ ဆုံးဖြတ်မှုတွေ လုပ်ကို လုပ်ရပါမယ်။
ပြီးတော့ ''အများပြည်သူရဲ့ အကျိုးစီးပွားအတွက် လုပ်နေတာ၊ လူ့အဖွဲ့အစည်းကောင်းဖို့၊ အများကောင်းဖို့လုပ်နေတာ''ဆိုတဲ့ အသုံးအနှုန်းများကို သတိထား ရှောင်ရှားဖို့လိုပါတယ်။ ကိုယ်လုပ်တာမှ အများအကျိုး၊ သူလုပ်တာက အများအကျိုးမဟုတ်ဘူးလို့ ဝါးလုံးရှည်နဲ့ သိမ်းပြီးရမ်းလို့ မဖြစ်ပါဘူး။ ကိုယ်ပြောချင်တဲ့ အများပြည်သူနဲ့ သူပြောတဲ့ အများပြည်သူဆိုတာ တူချင်မှ တူပါလိမ့်မယ်။ မူဝါဒတွေ မတူတဲ့အခါ၊ အကျိုးရှိတဲ့အုပ်စု၊ အကျိုးမရှိတဲ့အုပ်စုတွေရှိမယ်။ နည်းနည်းအကျိုးရှိတဲ့သူ၊ များများ အကျိုးရှိတဲ့သူရှိမယ်။ မူဝါဒတစ်ခုချလိုက်ရင် ဘယ်သူ့အတွက်အကျိုးရှိမယ်၊ ဘယ်သူတွေ အကျိုးယုတ်မယ် ဆိုတာ သေသေချာချာ စဉ်းစားဖို့လိုပါတယ်။
သာဓကတစ်ခုပြောရရင် မြေလမ်းတစ်ခုကို ကတရာလမ်းအဖြစ် ပြောင်းလိုက်တော့ ယေဘုယျအားဖြင့် အားလုံးအကျိုးရှိတယ်လို့ထင်ရပေမယ့် လမ်းလျှောက်တဲ့သူတွေအတွက် အဆင်မပြေပါဘူး။ လမ်းလျှောက်သူတွေ၊ လမ်းလျှောက်သူတွေလို ဈေးရောင်းပြီး စီးပွားရှာရတဲ့သူတွေ အတွက် အဆင်မပြေပါဘူး။
ဒီတော့ အစိုးရက ဘာလုပ်မှာလဲ၊ ဘာလုပ်နေလဲ၊ ဒီအတွက် ဘာတွေပြင်လာမလဲ၊ တခြား ရွေးချယ်စရာနည်းလမ်းတွေရော ရှိသလား၊ အစိုးရကအခုလို ဘာလို့ ဆုံးဖြတ်ရသလဲ၊ ဘယ်လို နိုင်ငံရေး အင်အားစုတွေကြောင့် ဆုံးဖြတ်ရသလဲဆိုတာ အဆင့်ဆင့် စိစစ်သုံးသပ်ဖို့ လိုလာပါတယ်။
Myanmar Express

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး အား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E Mr. Li

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E Mr. Li Junhua သည် ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်း ၄ နာရီ ခွဲအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ ဆုံသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E Mr. Li Junhua တို့ တွေ့ဆုံနှုတ်ဆက်စဉ်

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့်အတူ ဗဟိုအလုပ်အမှုဆောင်များဖြစ် ကြသော ဒေါက်တာချမ်းငြိမ်း၊ ဦးမောင်ရှိန် နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E Mr. Li Junhua တို့ တွေ့ဆုံဆွေးနွေးစဉ်

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွန်မြူနစ် ပါတီ နှစ်ပါတီတို့အကြား ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင် ရွက်ရေးအတွက် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

Myanmar Express

အမှားများစွာနှင့် The Lady ဇာတ်ကား


From : Popular

ကြည့်လိုက်မိ၍ သိလိုက်ရသောကြောင့် ပြောလိုက်ရပါသည် မကြည့်မိလျှင်သိမည် မဟုတ်သော်လည်း ကြည့်မိသောကြောင့် သိလိုက်ရပြီး သိလိုက်သောကြောင့် ရေးလိုက်မိပါသည်။ ကြည့်လိုက်မိသည်က The Lady ဇာတ်ကား ဖြစ်ပြီးတွေ့လိုက်သည်ကအမှားများစွာ…


လူတိုင်း အမှားနှင့် မကင်းကြပါ။ ထိုသို့ အမှားမကင်းကြရာတွင် မှားသင့်သော အမှားနှင့် မမှားသင့်သော အမှား၊ ခွင့်လွှတ်၍ရသော အမှားနှင့် ခွင့်လွှတ်၍မရသော အမှား ဟူ၍ အမှားကို ထပ်မံ ပိုင်းခြားရနိုင်ပါသည်။ website တွင် ပြသနေသော The Lady ဇာတ်ကားကို ကြည့်မိရာမှ တွေ့လိုက်ရသော အမှားဖြစ်သည်။ ဇာတ်ကားကို အကုန်ကူးယူလာ၍ အဆင်မပြေသဖြင့် ဇာတ်ကားအစပိုင်း (၁၅) မိနစ်စာခန့်သာ ကူးခဲ့နိုင်သည်ကို ကြည့်လိုက်ရခြင်း ဖြစ်ပါသည်။

The Ladyဇာတ်ကားတွင် မမှားသင့်သော အမှားတချို့ကို တွေ့လိုက်ရသဖြင့် လွန်စွာစိတ်မကောင်း ဖြစ်သွားရပါသည်။ မှားလိုက်သည့် အမှားကလည်း လွတ်လပ်ရေး ဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လုပ်ကြံခံရသည့်နေ့ကို ရိုက်ထားသည့် ဇာတ်ကားအဖွင့် ဖြစ် ပါသည်။

မြန်မာ့သမိုင်းတွင် အရေးပါသော နေ့တစ်နေ့ဖြစ်ပြီး မြန်မာမှန်လျှင် မမေ့နိုင်သော နေ့တစ်နေ့ ဖြစ်သည့် ”အာဇာနည်နေ့” ဖြစ်ပေါ်လာပုံ၏ တစ်စိတ်တစ်ပိုင်းကို ပုံဖော်ကြရာ တွင် အမှားများစွာ ပါဝင်နေသည့်အတွက် ရေးသူရော ရိုက်သူကိုပါ အပြစ်တင်ရမလို ဖြစ်နေပါသည်။ သူများနိုင်ငံ သမိုင်းကြောင်း ဖြစ်စေ၊ မိမိနိုင်ငံ၏ သမိုင်းကိုဖြစ်စေ ရိုက်ကြတော့မည်ဆိုလျှင် ဖြစ်ရပ်မှန်နှင့် အနီးစပ်ဆုံးတူရန် အရေးကြီးပါသည်။ သူများနိုင်ငံ၏ သမိုင်းဖြစ်သောကြောင့် နေရာဒေသ အခက်အခဲများရှိသဖြင့် ရိုက်ကူး သည့် နေရာလွဲမှားခြင်းမျိုးက ခွင့်လွှတ်၍ ရနိုင်သော်လည်း လိုအပ်သော ရိုက်ကူးရန်နေရာ (Shooting Location)များ ယနေ့တိုင် ရှိနေသေးသော အဆောက်အအုံ တို့ကို မှားရိုက်သည်က မမှားသင့်သော အမှားများဖြစ်ပါသည်။

ထိုအမှားများကို ရှာဖွေစိစစ် တင်ပြရလျှင်…

(၁) ယနေ့အချိန်တွင် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့သည်မှာ (၆၄) နှစ်ကျော်ခဲ့ပါပြီ။ ဒေါ်အောင်ဆန်းစုကြည် အသက်က (၆၇) နှစ်ထဲ ရောက်နေပြီမို့ ဗိုလ်ချုပ်ကျဆုံးခဲ့စဉ်က သူမ အသက်နှစ်နှစ်ကျော်ကျော်ခန့်သာ ရှိပါဦးမည်။


-The Lady ဇာတ်ကား အဖွင့်မှာ ဗိုလ်ချုပ်က သမီးလေးကို ပုံပြောပြနေသည်။ ထိုပုံပြင် နားထောင်နေသော ကလေးငယ်မှာ အသက် (၄၊ ၅ ) နှစ်အရွယ်ခန့် ရှိနေပါ ပြီ။ ဒေါ်အောင်ဆန်းစုကြည်၏အရွယ်ကွာနေပါသည်။


-နောက်တစ်ချက်မှာ ဗိုလ်ချုပ်တို့ သားအဖ စကားပြောနေကြသော ခြံမှာ ဗိုလ်ချုပ်နေခဲ့သော တာဝါလိန်းလမ်းအိမ် မဟုတ်ဘဲ ယခု ဒေါ်အောင်ဆန်းစုကြည် နေထိုင်သော တက္ကသိုလ်ရိပ်သာလမ်းမှ အိမ် ဖြစ်နေသည်။


(၂) ထို့နောက် ဗိုလ်ချုပ် သူ့ အော်စတင်ကားကလေးနှင့် အတွင်းဝန်ရုံးသို့ ထွက်လာခဲ့သည်။ အတွင်း ဝန်ရုံးရှေ့အရောက် ကားသည် ရုံးထဲသို့ ချိုးကွေ့ဝင်လိုက်သည်။


-အတွင်းဝန်ရုံးမှာ အနီရောင် အုတ်တိုက်ကြီး ဖြစ်သော်လည်း သူတို့ရိုက်ထားသည့် အတွင်းဝန်ရုံးက အဖြူရောင်ဖွေးဖွေး ဖြစ်နေ၏။


(၃) ဗိုလ်ချုပ်သည် အတွင်းဝန်ရုံး အစည်းအဝေးခန်းတွင်း ဝင်လိုက်ပြီး ”မင်္ဂလာပါ” ဟုပြောလိုက်သည်။


(၄) အတွင်းဝန်ရုံးထဲမှာ မှုံကြီးတို့ သက်နှင်းတို့ ရောက်နေကြပါပြီ။ သူတို့သည် မျက်စပစ်ပြီး လှေကားအတိုင်း တက်သွားကြရာ လမ်းတွင် လည်စီးပုဝါအနီများကို စည်း လိုက်ပြီး အစည်းအဝေးခန်းထဲသို့ ဝင်လိုက်ကြသည်။

-အမှန်က ၄င်းတို့သည် ဗိုလ်ချုပ်တို့ အစည်းအဝေးစနေချိန်မှာ စစ်ရောင်ဂျစ်ကားဖြင့် ရုံးရှေ့သို့ ကမန်းကတန်း မောင်းဝင်လာပြီး ကားပေါ်မှ အပြေးအလွှား ဆင်းကာ လှေကားအတိုင်းတက်၊ အစည်း အဝေးခန်းထဲ တန်းဝင်သွားကြခြင်း ဖြစ်ပါသည်။


(၅) အစည်းအဝေးခန်းထဲ ရောက်သောအခါ ဦးဆောင်လာသူက သူကိုင်ထားသော ပစ္စတိုသေနတ်ကို မောင်းတင်လိုက်ပြီးမှ သူတို့ကို ကျောခိုင်းထားသော ဗိုလ်ချုပ်ကို ချိန်ကာ ပစ်လိုက်သည်။ ပြီးမှ ကျန်သူများကို ပစ်သည်။


-လူသတ်သမားများသည် ပစ္စတိုသေနတ် မကိုင်ကြပါ။ ထိုခေတ်က စက်သေနတ် အသေးစားများ ဖြစ်သော တော်မီဂန်းနှင့် စတင်းဂန်းများကိုသာ ကိုင်ဆောင်ထားကြပါ သည်။ အခန်းထဲဝင်လိုက်သည်နှင့် အချိန်ယူပြီး ချိန်နေခြင်းပြုနိုင်မည် မထင်ပါ။ တွေသမျှလူကို ပစ်ကြပါသည်။


သို့သော် ၄င်းတို့၏အဓိက ပစ်မှတ်ဖြစ်သော ဗိုလ်ချုပ်ကိုတော့ အလွတ်မပေးခဲ့ပါ။ ကျွန်ုပ်တို့ ကြားဖူးသမျှမှာ ဗိုလ်ချုပ်သည် သေနတ်သမားများနှင့် မျက်နှာချင်းဆိုင်ဖြစ်ပြီး တစ်စုံတစ်ခု ပြောရန် ထရပ်လိုက်သော်လည်း ပြောချိန်မရဘဲ သေနတ်ကျည်များ ဒလစပ်ဝင်လာကာ လဲကျသွားခြင်းဖြစ်သည်။ထို့ပြင် လူသတ်သမားသည် သူ၏ ပစ္စတိုကို မောင်းတင်ပြီး ထပ်ပစ်လိုက်ပါသေးသည်။

အထက်တွင် ရေးခဲ့မိသည့်အတိုင်း မကြည့်လိုက်ဖြစ်ရင် ကောင်းသား ကြည့်လိုက်ဖြစ်သောကြောင့် မြင်မိသွားခဲ့ရသည်က ကိုယ့်အမှားဟုပင် ပြောလိုက်ချင်ပါသည်။

နိုင်ငံခြားတိုင်းပြည်က မိမိတိုင်းပြည်နှင့် လူမျိုး၏ အရေးကြီးသော သမိုင်းဆိုင်ရာ ဖြစ်ရပ်တစ်ခုကို အလွန်အကျည်းတန်စွာ မှားနေခဲ့မှုအပေါ် အပြစ်မဆိုသာသော် လည်း ပြောရပါမည်။ အထင်ကရ လုပ်ရပ်များ ဖြစ်ရပ်များကို ရိုက်ကူးပြသတော့မည် ဆိုပါလျှင် အမှားနည်းနိုင်သမျှ နည်းအောင် ဂရုစိုက်ဖို့ အလွန်လိုအပ်ပါသည်။ တစ်ချက်မှားရုံဖြင့် တစ်သက်သွားရပါလိမ့်မည်။ နောင်လာနောက်သားများက အာဇာနည်နေ့ ဖြစ်စဉ်ကို တလွဲတွေ ထင်သွားနိုင်ပါသည်။


သမိုင်းအမှားသည် ပြင်ရ အလွန်ခက်ပါသည်။

နောင်နှစ်တစ်ရာတွင် ကျွန်တော်တို့၏ သားမြေးများ အာဇာနည်နေ့အကြောင်း ရေးသားငြင်း ခုံကြရာတွင် ထိုဇာတ်ကားကို အထောက်အထားပြုပြီး ငြင်းကြဦးမည်ကို ကြိုတင်တွေးကာ စိတ်မအေးနိုင် ဖြစ်နေရပါသည်။ထို့အပြင် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး၏ သမိုင်း၊ ထိုလူမျိုးထိုနိုင်ငံမှ ခေါင်းဆောင်တို့၏ အတ္ထုပ္ပတ္တိတို့ကို ရေးသားဖော်ပြရာတွင် လည်းကောင်း၊ ရုပ်ရှင်အဖြစ် ရိုက်ကူး တင်ပြရာတွင်လည်းကောင်း၊ မမှားသင့်သော အမှားများကို အထူးဂရုစိုက်ပြီး ထိန်းသိမ်းကြစေလိုပါသည်။ သို့မဟုတ်ပါက ထိုနိုင်ငံ ထိုလူမျိုး၏ အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိပါးသကဲ့သို့ ဖြစ်နိုင်သောကြောင့် မမှားသင့်သော အမှားမျိုးကို မမှားစေဘဲ မှန်နိုင်သမျှ မှန်အောင် ကြိုးစားအားထုတ်ကာ စာပေသမိုင်း၊ ရုပ်သေသမိုင်းမှ ရုပ်ရှင်သမိုင်း သို့ အဆင့်မြင့် တင်ပြသင့်ပါကြောင်း စေတနာရှေ့ထား ရေးသားလိုက်ရပါသည်။


Myanmar Express

အမေစု အနားက လူတွေ ဘာလဲ? ဘယ်လဲ?


By : စိုင်းဇော် (B.B)

NLD တရားဝင် ဖြစ်သွားပြီ ဆိုကတည်းက အမေစု အနားမှာ ရှိတဲ့ လူတွေ
အချိုးပြောင်းသွား တယ်လို့ စတုတ္ထမဏ္ဍိုင် အသိုင်းအ၀ိုင်းက ပြောကြပါတယ်။
ကျွန်တော်က အဲဒီ အချိန်တုန်းက အဲဒီ စကားတွေကို လက်မခံနိုင်အောင်
ဖြစ်ခဲ့ရပါတယ်။ သည်ကြားထဲ NLD နဲ့အမေစုကို ပါတီ မှတ်ပုံတင်လို့
မကောင်းကြောင်းပြောတဲ့ ပြည်ပက မီဒီယာတွေကိုလည်း မေတ္တာတွေ နည်းမျိုးစုံ
ပို့ပြီးတော့ ကိုယ့်ထမင်းကိုယ်စားပြီး ဒေါသများ သောကပွားခဲ့ရပါတယ်။
ပြည်တွင်း/ပြည်ပ မီဒီယာတွေ ဘာတွေပဲ ပြောနေ ပြောနေ NLD နဲ့ အမေစု ကို
လုံးဝ (လုံးဝ) နားလည်ပေးခဲ့ပါတယ်။



ဒါကြောင့်လည်း ပါတီမှတ်ပုံတင်ဖို့ မဲခွဲတဲ့နေ့၊ ဈေးရောင်းပွဲတော်၊
နေ့ထူး နေ့မြတ် အထိမ်းအမှတ်ပွဲ တွေသာမက တော်ဝင်နှင်းဆီမှာ ပြုလုပ်တဲ့
ကန်တော့ပွဲကိုလည်း ဘယ်သူမှ မဖိတ်ပဲ ကိုယ့်စိတ်ကိုယ်ဆောင်ပြီး တက်ရောက်
အားပေး ခဲ့ပါတယ်။ အဲသည်လို ပွဲတွေ ပွဲတွေ သွားရင်းနဲ့ သတိထားမိလာတာတွေက
ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင် တို့လို လူကြီးတွေကို NLD လူငယ်တွေ ဂရုစိုက်မှု
အတော်လေး လျော့တီးလျော့ရဲ နိုင်လှတာကို မကြာခဏ ဆိုသလို ကိုယ်တိုင်
မြင်တွေ့ သတိထားမိခဲ့ပါတယ်။



အဲသည်လို စိတ်ထဲမှာ မချင့်မရဲ ဖြစ်နေချိန်မှာပဲ မင်္ဂလာတောင်ညွှန့် မြို့နယ်
NLD ရုံးဖွင့်ပွဲကို ကိုယ်တိုင် သွားရောက်အားပေးစဉ် တုန်းက
ကျွန်တော့်စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ စိုးရိမ်စိတ်ကြီးက မမှားဘူး
ဆိုတာကို ကိုယ်တိုင် မျက်စိနဲ့ ကွက်ကွက် ကွင်းကွင်း မြင်တွေ့
သိရှိလိုက်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ၀င်ရောက်ကူညီခဲ့ပါတယ်။
အဲဒါကတော့ ဖွင့်ပွဲပြီးလို့ အမေစု ပြန်သွားတဲ့အခါ ဘဘဦးတင်ဦးနဲ့
ဘဘဦးဝင်းတင်တို့ကို တွဲခေါ်ပြီးတော့ ကားပေါ်တင်ပေးမယ့်လူ လုံးဝ မရှိတော့ပါ
…အထူးသဖြင့် ဘဘဦးဝင်းတင်ကို ကျွန်တော်ကိုယ်တိုင် လူအုပ်ကြားထဲမှာ
တွဲပြီးတော့ ကားရှိတဲ့ နေရာကို ခေါ်သွားပေးဖို့ ကြိုးစားပေးသော်ငြား
မည်သူမျှ ဘဘဦးဝင်းတင် စီးနင်းရန်မော်တော်ယဉ် မည်သည့် နေရာတွင်
ရပ်ထားကြောင်း လုံးဝ (လုံးဝ) မသိခဲ့ကြပါ။



လမ်းလည်ကောင် လူအုပ်ကြီးထဲမှာ ဘဘဦးဝင်းတင် စီးမယ့်ကား ဘယ်မှာလဲလို့
အော်ဟစ်ပြီးတော့ ခေါ်ယူခဲ့ရပါတယ်။ အချိန်တော်တော်ကြာနေပူကြီးထဲမှာ
မတ်တပ်ရပ်ခဲ့ရပါတယ်။ အဲဒါတွေကို ဘယ်သူတွေ စီစဉ်တာလဲ၊ အဖွဲ့ချုပ်က
တိုက်ရိုက် စီစဉ်ခဲ့တာလား၊ မြို့နယ်က စီစဉ်ခဲ့တာလား ဆိုတာကို ကျွန်တော်
မသိခဲ့ပါဘူး။ အဖွဲ့ချုပ်က စီစဉ်သည် ဖြစ်စေ၊ မြို့နယ်က စီစဉ်သည် ဖြစ်စေ
ဒါမျိုး ဖြစ်ရပ်ဟာ လုံးဝမဖြစ်သင့်ဘူးလို့ ကျွန်တော် ယူဆမိပါတယ်။

စတုတ္ထမဏ္ဍိုင် တွေကလည်း အဲသည်နေ့က အင်တာနက်မှာ အမေစု ပြောတဲ့
မိန့်ခွန်းတွေ၊ ဓာတ်ပုံတွေကိုသာ အလုအယက် ရေးသား ဖော်ပြကြပါတယ်။
ဘဘဦးတင်ဦး ပြောသွားတဲ့ မိန့်ခွန်း၊ ဓာတ်ပုံ စတာတွေကို ဖော်ပြတာ
မတွေ့ရပါဘူး။ နောက်ရက်များတွင်လည်း ဂျာနယ် တစ်ခုမှသာ ဘဘဦးတင်ဦး
မိန့်ခွန်းကို ပြန်လည်ဖော်ပြသည်ကို တွေ့ရှိရပါတယ်။ ဒါတွေကလည်း
စတုတ္ထမဏ္ဍိုင်တွေ အနေနဲ့ ပေါ်ပင် ဖြစ်တဲ့ နောက်ကို လိုက်နေသလားလို့
ထင်မြင်ယူဆမိပါတယ်။



ကျွန်တော့်မှာ စစ်ဘက်ကနေ အရပ်ဘက်ကို ကူးပြောင်းတာဝန်ထမ်းဆောင်နေတဲ့
မိတ်ဆွေ တစ်ဦးရှိပါတယ်။ တစ်နေ့တော့ သူက “ငါတို့ ဒေါ်စုကို လက်ခံတယ်
အားပေးတယ်၊ ပြောင်းလဲမှာကိုလည်း ကြိုဆိုတယ်၊ ပြောင်းကိုလည်း
ပြောင်းရမယ်၊ ဒါမှလည်း ကောင်းမယ်” “ဒါပေမယ့် ဒေါ်စု အနားမှာ သာကူးတွေ
ရှိတယ်၊ အဲသည် လူတွေကြောင့် ဒေါ်စု ဂုဏ်သိက္ခာထိခိုက်မှာ
အရမ်းစိုးရိမ်မိတယ်” လို့ သူက ဆိုပါတယ၊ သူတို့ ကိုယ်တိုင် သိထားတဲ့
လူတွေလည်း ရှိပါတယ်၊် (လုပ်ကြံဖန်တီး ရေးသားခြင်း မဟုတ်ရပါ)။



ဒါကြောင့် ကျွန်တော် စိုးရိမ်မိတယ် အမေစုနဲ့ NLD ကို လက်ညိုးထိုးပြီး
အခွင့်အရေးရချင်သူ၊ အခွင့်အရေး ဖန်တီးလိုသူ၊ နိုင်ငံရေး
အကြောင်းပြချက်နဲ့ အမြတ်ထုတ်လိုသူ၊ ရိုင်းရိုင်းပြောရရင် အမေစုနဲ့ NLD
မျက်နှာကို အိုးမဲတင်မက ကတ္တရာစေးပါ သုတ်သွားမယ့်သူ၊ ဘယ်လို
အခြေအနေမျိုးပဲ ရောက်ရောက် အမြတ်ထုတ်လိုက်ရဖို့က အဓိကပဲ လို့
ခံယူထားတဲ့လူ၊ နာမည်ကြီးချင်သူ၊ ခံယူချက် ပြင်းပြင်းထန်ထန်မရှိပဲ
နာမည်ကြီးဖို့ အရိပ်အောက် တစ်ထောက် ၀င်ရောက် ခိုနားသူ အစရှိတဲ့
နိုင်ငံရေး လောကရဲ့ အမှိုက်ထုပ် အရှုပ်ထုပ် တွေရဲ့ ဘေးကနေ
လွတ်မြောက်စေချင်မိပါတယ်။ ရန်သူ ကလည်း အမြဲတမ်း အခွင့် အရေးကောင်း
တစ်ခုကို စက္ကန့်မလပ် စောင့်ကြည့်နေပြီး အဲသည် အမှိုက်တွေနဲ့တင် အဖွဲ့ချုပ်
ကို မီးတင်ရှို့သွားနိုင်ပါတယ် ဆိုတာကို လုံးဝ (လုံးဝ) မမေ့သင့်ပါ။



ဒါကြောင့် NLD ဗဟိုမှာ တာဝန်ယူနေတဲ့ လူတွေ အနေနဲ့ အသေးအဖွဲ့ ဆိုပေမယ့်
လုံးဝ ပစ်ထားလို့ မရပါဘူး၊ တစ်ကယ့်ကို စီမံခန့်ခွဲမှု စနစ်တကျဖြစ်မှု၊
အားကောင်းသော ဖွဲ့စည်းမှု၊ စနစ်ကျသော လှုပ်ရှားမှုများ ဖြင့် အောက်ခြေကနေ
အပေါ်၊ အပေါ်ကနေ အောက်ခြေ စ၊ လယ်၊ ဆုံး သုံးပါးမကျန် ထောင့်စေ့ နေအောင်
အမြင်ရှိရှိ နဲ့ ခု အခြေအနေတစ်ရပ်သာမက နောင်လာမည့် အခြေအနေပေါင်း
မြောက်မြားစွာ အတွက်ကိုပါ ကြိုတင် ဝေဖန် သုံးသပ် နိုင်ပြီး အဲသည်လို
နောင်လာမယ့် အနေအထားတွေအတွက် ကြိုတင် ပြင်ဆင် အသင့်ပြင်
ထားနိုင်ဖို့ကိုပါ ယနေ့ကစပြီး အားနဲ့ အင်နဲ့ လုပ်သင့်နေပါပြီ၊
လိုအပ်နေပါပြီလို့ ကျွန်တော် ပြောချင်ပါတော့တယ်။


Myanmar Express

အင်တာနက်သုံး ဖုန်းခေါ် ဆိုမှု (Y talk Calling) စနစ်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရ

From : ဥာဏ်ဥာဏ်၊ မင်းမင်းလတ်(ရွှေမြစ်မခ)

အင်တာနက်သုံး ဖုန်းခေါ် ဆိုမှု (Y talk Calling) စနစ်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။



Ytalk Calling စနစ်ဖြင့် အသုံးပြိုလိုသူများအနေဖြင့် Soft Phone နံပါတ်(ID) တစ်ခု လိုအပ်ပြီး ထို Soft Phone
နံပါတ် (ID) အတွက် VoIP account card အား ကျပ်ငွေ တစ်သောင်းနဲဝယ်ယူနိုင်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ အနေနဲ့ Soft Phone နံပါတ် (ID) နဲ့ တွဲဖက်အသုံးပြုရမယ့် Soft Phone Software ကို
အင်တာနက်ဆိုင်တွေမှာ ထည့်ထားပေးမှာပါ။ ကိုယ်ပိုင်အနေနဲ့ သုံးဖို့အတွက်တော့ အဲဒီ Soft Phone Software
ကို လောလောဆယ် ပေးမသုံးသေးဘူး” ဟု ရတနာပုံ ဝဘ်ပေါ်တယ်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ငွေဖြည့်ကဒ် (Recharge via Voucher Card) များကို 10 FEC, 30 FEC, 50 FEC
စသော ဈေးနှုန်းသုံးမျိုးနဲ့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းတို့ဝဘ်လိပ်စာတွင် ငွေကျပ် တစ်သောင်းဖြင့် ဝယ်ယူထားသည့် VoIP account card ပါ Soft Phone နံပါတ် (ID)
အား Password အတိုင်းဝင်၍၊ Activate ပြုလုပ်ပြီး မိမိဝယ်ယူထားသည့် ငွေဖြည့်ကဒ် (Recharge via Voucher
Card)အား ငွေဖြည့်သွင်း ရာတွင် အသုံးပြုရမည် ဖြစ်ကြောင်း သိရှိရသည်။
မိမိဆက်သွယ်ခေါ်ဆိုသော နိုင်ငံများအတွက် သုံးစွဲခအား ငွေဖြည့်ကဒ် (Recharge via Voucher Card) တွင်းမှ
တစ်မိနစ်လျှင် 0.15 FEC ၊ 0.35 FEC နှုန်းဖြင့် ငွေဖြတ်သွားမည်ဖြစ်ပြီး VoIP account card နှင့် Recharge via
Voucher Card များအား အင်တာနက်ဆိုင်တွေနှင့် City Mart ဆိုင်များတွင် လွယ်ကူစွာ ဝယ်ယူ
ရရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
အဆိုပါ ဖုန်းကဒ်များကို ၇.၂.၂၀၁၂ (အင်္ဂါနေ့) နံနက်(၉)နာရီခွဲတွင် ရန်ကုန်မြို့ Conference Hall – Myanmar Info –
Tech ( MICT Park ) တွင်စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ Ytalk စံနစ်အား PAC လိုင်စင်ရှိ သော
အင်တာနက်ကဖေးများကိုသာ ရောင်းချသွားမည်ဖြစ်ပြီး အိမ်တွင်အင်တာနက်ချိတ်ဆက်ထားသူများ
အတွက် ရောင်းချပေးမှု မရှိသေးကြောင်းရတနာပုံတယ်လီပို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ခုစစချင်းတော့PACလိုင်စင်ရှိတ့ဆဲိုက်ဘာကဖေးတွေကိုပဲ ရောင်းပေးမှာပါ။
အိမ်သုံးယူဇာတွေအတွက် မပါ သေးပါဘူး။ လိုအပ်တဲ့ Software အတွက်တော့ ကျွန်တော်တို့
တယ်လီပို့က၀န်ထမ်းတွေ လိုက်သွင်းပေး မှာ ဖြစ်ပါတယ် ” ဟု ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူက ပြောသည်။

Myanmar Express

တပ်မတော် ထောက်လှမ်းရေး အကြီးအကဲလည်း ဖြစ် ၊ ဝန်ကြီးချုပ်လည်းဖြစ်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် နှင့် တွေ့ဆုံခြင်း


From : .YMG

နိုင်ငံတော်က အကျဉ်းသား ၆၅၁ ဦးကို ဇန်နဝါရီ ၁၃ ရက်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ ယင်းတို့တွင် တစ်ချိန်က တပ်မတော် ထောက်လှမ်းရေး အကြီးအကဲလည်း ဖြစ် ၊ ဝန်ကြီးချုပ်လည်းဖြစ်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် လည်း ပါဝင်လာခဲ့သည်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် လွတ်မြောက်လာပြီး တစ်ပတ်အကြာ ဇန်နဝါရီ ၂၀ ရက်တွင် ဖလားဝါးနယူး(စ်) ဂျာနယ် နှင့် တွေ့ဆုံ မေးမြန်း ခွင့်ရခဲ့ပါသည်။

မေး- အဘခင်ဗျာ အဘပြန်လွတ်လာတာ ဒီနေ့ဆို ရင် တစ်ပတ်ပြည့်ပြီလို့ ပြောလို့ရတာပေါ့နော်။ ဒီတစ် ပတ်တာကာလမှာ အဘအနေနဲ့ ဘာတွေများ လုပ်ခဲ့ ပါသလဲ။ ဘယ်တွေကို သွားခဲ့ပါသလဲဆိုတာ ဦးစွာ ပြော ပေးပါလား။

ဖြေ-နံပါတ် (၁) ကတော့ မီဒီယာအဖွဲ့တွေနဲ့ တွေ့တာတော့ ဒါပထမဆုံးပဲ။ နံပါတ်(၂)က အမေ့ဆီကို သွား ပြီးကန်တော့တယ်။ ကျွန်တော့်ရဲ့ အမေပေါ့လေ။ သုဝဏမှာ နေတယ်။ ကျွန်တော့်ဇနီးရဲ့ အမေပေါ့ဗျာ။ အသက်(၉၇) နှစ်ရှိပြီ။ အမေကြီး ကျန်းမာရေးကောင်း တုန်းပေါ့လေ။ ကျွန်တော်တို့အမေကြီး အသက်ရှိစဉ် သွားကန်တော့ကြရင် ကောင်းမယ်လို့ ဘုရားမှာ အမြဲ ဆုတောင်း နေကျဆိုတော့ ဆုတောင်း ပြည့်သွားတာ ပေါ့ဗျာ။ နံပါတ်(၃)ကတော့ ကျွန်တော့်မြို့ကို ရောက်တယ်။ ကျောက်တန်းမြို့ကို ရောက်တယ်။ ကျောက် တန်းမြို့မှာလဲ ကျွန်တော့် အစ်မကြီးနှစ်ယောက်နဲ့ အစ်ကို အကြီးဆုံးရှိတယ်။ အစ်ကိုအကြီးဆုံးက (၈၇)နှစ်ရှိ ပြီဗျ။ နောက် အစ်မလတ်က (၈၅)နှစ်၊ အစ်မ အငယ် ပေါ့ဗျာ။ သူက (၈၃)နှစ်။ အဲဒါတွေ သွားကန်တော့ တာပေါ့ဗျာ။ သူတို့က အသက်ကြီးတဲ့ အစ်ကိုတွေ၊ အစ်မ တွေပေါ့ဗျာ။ ကျွန်တော်က ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ဘူး။ ခုမှ ကျွန်တော်က လွတ်လွတ် လပ်လပ် ဖြစ်တဲ့ အခါကျတော့ အစ်မတွေဆီ သွားကန် တော့တယ်။ စောင့်ရှောက်ဖို့ အတွက်ပေါ့ဗျာ။ အစ်မ တွေဆီသွားပြီး တောင်းပန်ရတာပေါ့ဗျာ။ ကျွန်တော် ဒီအခြေအနေကြောင့် မပြုစုနိုင်ဘူး။ မစောင့်ရှောက် နိုင်ဘူး။ အစ်မအငယ်ကတော့ အိပ်ရာထဲလဲနေတယ်။ အဲဒါပြီးတော့မှ နောက် ကျွန်တော်ရေလယ်ဘုရား သွားဖူးတယ်။ နောက် ကျွန်တော့်မြို့က အဓိက ဘုရားပေါ့ဗျာ။ သွားဖူးတယ်။ အလှူငွေတွေ ပေးခဲ့ တယ်။ နောက် မြို့နယ် သံဃမဟာနာယက ဥကဌ ကျောင်းကိုဝင်ပြီး ဆရာတော်ကို ဂါရဝပြုခဲ့တယ်။ နောက်ပြီးတော့မှ အဲဒီက အပြန်မှာ ကျွန်တော်တည် ဆောက်ခဲ့တဲ့ ကျောင်းလေး ရှိတယ်ဗျ။ မြို့မအလယ် တန်းကျောင်းပေါ့။ ကျွန်တော် တည်ဆောက်ပေးခဲ့ တာ။ ဒီကျောင်းလေးက ကျွန်တော်မူလတန်း အထိ နေခဲ့တဲ့ကျောင်းလေးပေါ့။

ဒီကျောင်းလေးက တော် တော်ကို ယိုယွင်းပျက်စီး နေတာဆိုတော့ ကျွန်တောတာဝန် ရှိတဲ့အချိန်တုန်းက ကျွန်တော်အသစ်ပြန် ဆောက်ပေးခဲ့တာ။ ကျွန်တော်ရောက်တုန်း အဲဒီက ဆရာ၊ ဆရာမကျောင်းသူကျောင်းသားတွေက ကျောင်းလေးဝင်ကြည့်ပါ ဆိုတော့ ကျွန်တော်မူလတန်းက နေခဲ့တဲ့ကျောင်းလေး ကျွန်တော် ဝင်ကြည့်ခဲ့တယ်။ ကလေးတွေ၊ ဆရာ၊ ဆရာမတွေကို နှုတ်ဆက်ခဲ့တယ်။ အဲဒီကအပြီး ကျွန်တော် ဘယ်ကိုဝင်ခဲ့သလဲ ဆိုတော့ ကျွန်တော် ထူထောင် တည်ဆောက် ပေးခဲ့တဲ့ ဘိုးဘွား ရိပ်သာ၊ ကျောက်တန်းမြို့နယ်ရဲ့ဘိုးဘွားရိပ်သာ၊ အဲဒါက ဘယ်မှာရှိသလဲဆိုတော့ ပါဒကြီးရွာမှာ ရှိ တယ်။ အဲဒီမှာ ဘိုးဘွားတွေကို နှုတ်ဆက်ပြီး အလှူ ငွေတွေပေးပြီးတော့မှ ကျိုက်ပါဒကြီး ဆံတော်ရှင် ဘုရားကို ဝင်ဖူးခဲ့တယ်။ အဲဒီဘုရားက အရင်တုန်းက ဘုရားငုတ်တိုကြီးကို ကျွန်တော်ပဲပြန်ပြီး တည်ခဲ့တဲ့ ဘုရားကြီးပါ။ ဘုရားလေးမဟုတ်ဘူး။ ဘုရားကြီး။ အဲ့ဒါလဲ အခု နာဂစ်မုန်တိုင်းတုန်းက တခိျု့ဟာတွေ ပျက်စီးယိုယွင်း နေတာတွေကို ပြတယ်။ ဘယ်သူမှ ပြု ပြင်မွမ်းမံနိုင်တဲ့ အနေအထား မျိုးမရှိဘူး။ ဒီအတိုင်းပဲ။ ပျက်စီးတဲ့ အနေအထားတွေကို လှည့်လည်ကြည့်ပြီးတော့ စိတ်ထဲက မကောင်းဘူး။ ဒီဘုရားတွေ နာဂစ် မုန်တိုင်း ကတည်းက အလှူရှင်လဲ မရှိဘူး။ အလှူရှင်လဲ မတတ်နိုင်ဘူးပေါ့ဗျာ။ အဲဒီတော့ ကျွန်တော်လဲ ဒီ ဘုရားတွေကို ပြန်ပြီး ပြုပြင်မွမ်းမံမယ်ဆိုပြီးတော့ စိတ်ထဲက အာရုံပြုခဲ့တယ်။ ဂေါပကအဖွဲ့ကိုလဲ တစ်ချိန်မှာလာပြီးပြန်လည် ပြုပြင်မွမ်းမံ မယ်ဆိုပြီး ကတိပေးခဲ့ တယ်။ နောက်တော့ အိမ်ပြန်လာခဲ့တယ်။ နော်-သား ရေ(သားဘက်သို့ လှည့်ပြီး)။ အဲဒါပြီးတော့ နောက် တော့ ဘယ်မှမသွားတော့ဘူး။ အိမ်မှာပဲနေတယ်။ဒီကြားထဲမှာ ရွှေတိဂုံဘုရားတော့ သွားခဲ့တာပေါ့။ ခုတော့အိမ်မှာပဲ။ ဘယ်မှ မရောက် တော့ဘူးပေါ့။

မေး- အိမ်မှာပဲ အနားယူနေတာပေါ့။

ဖြေ-အင်း-အိမ်မှာပဲ အနားယူတာပေါ့။ ဒါပေမဲ့ အိမ်မှာနားတယ်ဆိုပေမယ့် မနားရပါဘူးဗျာ။ (ရယ် လျက်)အသိမိတ်ဆွေတွေပေါ့ဗျာ။ မိတ်ဟောင်းဆွေ ဟောင်းတွေ အများကြီး ပဲလာကြတာပေါ့ဗျာ။ အခုချိန်မှာ လာတာ ကတော့ တကယ့် မိတ်ဆွေစစ်မိတ်ဆွေမှန် တွေပေါ့ဗျာ။ အာဏာမရှိတော့ဘူးလေ။ ထောင်က ထွက်တဲ့အချိန်ပေါ့ဗျာ။ ဝမ်းပန်းတသာနဲ့ နှုတ်ဆက် ကြပေါ့ဗျာ။ မိတ်ဟောင်းဆွေဟောင်းတွေ၊ သူငယ် ချင်းတွေ၊ တပည့်သားမြေးတွေ၊ တပည့်သားမြေး တွေ ထဲမှာလဲ ထောင်က လွတ်လာတဲ့ သားမြေးတွေအများ ကြီးပါပါတယ်။ ကန်တော့ကြတာပေါ့ဗျာ။ တပည့်တွေ လာတိုင်းလာတိုင်း၊ ကျွန်တော်က ဆုံးမစကားပြောရ တယ်။ တို့ပြစ်ဒဏ်ချခံရတယ် အရင်အစိုးရ လက်ထက် က ပြစ်ဒဏ် ချခံရတာ။ တို့ကိုလွှတ်ပေးတာက လက်ရှိ အစိုးရ၊ လက်ရှိအစိုးရဆို တာကသမ္မတကြီးဦးသိန်းစိန်၊ ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး၊ ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် သူတို့အစိုးရက ကျွန်တော်တို့ကိုလွှတ် ပေးတာ။ ဒါကြောင့် တည်ဆဲ ဒီလက်ရှိအစိုးရကို ကျွန် တော်တို့ ကျေးဇူးတင်ရမယ်။ အဲဒီလို ဆုံးမစကားပြော ပြီးတော့ မင်းတို့ပါတီနိုင်ငံရေး မလုပ်ရဘူး။ လူမှုရေး တွေမင်းတို့ လုပ်နိုင်တယ်။ ငါလဲ လူမှုရေးလုပ်မယ်။ ဘာသာရေးလုပ်မယ်။ မင်းတို့လဲ လူမှုရေးလုပ်၊ ဘာသာရေးလုပ်။ ပါတီနိုင်ငံရေးတော့ မလုပ်ကြနဲ့။ အဲဒီ လို ဆုံးမစကား ပြောရတာပေါ့ဗျာ။ တို့က လုပ်မှာပြည် သူတွေ အကျိုး စီးပွား ရှိတာ လုပ်ပေးမယ်။ တစ်နိုင်တစ် ပိုင်ပေါ့။ ပြည်သူတွေ အကျိုးစီးပွားအတွက် တစ်နိုင်တစ်ပိုင် ငါလုပ်ပေးဖို့ရှိတယ်။ မင်းတို့လုပ်နိုင်တဲ့ ကဏက နေပြီး တော့လဲ ငါနဲ့ပါဝင်ပြီးတော့ လုပ်နိုင်တယ်။ မင်း တို့နေတဲ့ဒေသ တွေမှာလဲ မင်းတို့ ကိုယ်တိုင် တစ်နိုင် တစ်ပိုင်လုပ်ကြ။ သဘောကတော့ ပြည်သူတွေရဲ့ အကျိုးစီးပွား အတွက်ပေါ့။ ဒါတွေကိုတော့ မင်းတို့ အလေးထားရမယ်။

မေး- စကားဖြတ်ပြီး မေးပါရစေ။ အဘပြောသွားတဲ့ အထဲမှာ ပါတီနိုင်ငံရေးမလုပ်ရဘူး။ လူမှုရေးပဲ လုပ် မယ်လို့ ပြောသွားပါတယ်။ ဘာကြောင့်များ ပါတီနိုင်ငံ ရေးကို မလုပ်ရဘူးလို့ ပြောရတာပါလဲ။

ဖြေ- ကျွန်တော်လုပ်ခဲ့ပြီးပြီလေ။ မဟုတ်ဘူးလား။ ကျွန် တော်အတွင်းရေးမှူး(၁)လုပ်ခဲ့တယ်။ ဝန်ကြီးချုပ်လုပ် ခဲ့တယ်။ အဲဒါ နိုင်ငံရေးပဲလေ။ ခုတော့ အသက်လဲ ကြီးပြီဗျာ။ ဒီ ခုနစ်နှစ်တာကာလပတ်လုံး ကျွန်တော် တရားပဲ ဖက်တာ ပေါ့ဗျာ။ အဲဒီမှာ သမာဓိရတယ်။ ငါရှုပ်ရှုပ် ထွေးထွေးတွေ မလုပ်ချင်ဘူး။ အဲဒီတော့ ဘုရားဖက်မယ်။ တရားဖက်မယ်။ လူမှုရေးလေးတွေ ကျွန်တော်လုပ်မယ်။ လူမှုရေးလုပ်တဲ့အခါ အဖွဲ့အစည်း ကြီးကြီးတွေ ထူထောင်ပြီး ကျွန်တော် မလုပ်ချင်ဘူး။ တစ်ပိုင်တစ်နိုင်ပဲ။ တတ်နိုင် သလောက် စွမ်းအားလေး နဲ့ ဆောင်ရွက်မယ်။ အဲဒီတော့ မိတ်ဆွေအပေါင်း အသင်းတွေက ပူးပေါင်းပြီး ပါဝင်ပါရစေဆိုရင်တော့ သူတို့နဲ့ပါဝင်ပြီးတော့မှ လုပ်မယ်။ လူမှုရေးဆိုတဲ့နေရာ မှာ အဓိက ပညာရေး၊ ကျန်းမာရေးပဲ။ ဆင်းရဲနွမ်းပါး မှုဖြစ်နေတဲ့ မိသားစုတွေ၊ ကလေးတွေပေါ့ဗျာ။ ဒါ လေးတွေ တတ်နိုင်သမျှစောင့်ရှောက်မယ်။ စိတ်ထဲ မှာရှိတယ်။

မေး- အဲဒီအတွက် Plan တွေကော ချပြီးသွားပြီလား။

ဖြေ- ဒါကတော့ ကြီးကြီးမားမား Plan ချစရာမလို ဘူး။ ပထမဦးဆုံး ကျွန်တော်စဉ်းစားထားတာက ကျွန်တော့်မြို့မှာ ကျွန်တော်လုပ်မယ်။ ကျောက်တန်းမြို့ မှာ အရင်ဆုံးဦးစားပေးလုပ်မယ်။ တစ်နိုင်ငံလုံး ဖြန့် ကြက်ပြီး ကျွန်တော် မလုပ်နိုင်ဘူး။ ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့မှ ကျွန်တော်ဆောင်ရွက်ချင် တာလေးတွေရှိပါတယ်။ စောစောက ပြောခဲ့သလိုပေါ့။ ကျောင်းမနေနိုင်တာတွေ၊ ဆင်းရဲတဲ့မိသားစုတွေ၊ နွမ်းပါးတဲ့ မိသားစုတွေကို ကူညီပံ့ပိုး ပေးမယ်။ စောင့် ရှောက်မယ်။ အဲဒီကနေပြီးတော့မှ တဖြည်းဖြည်းနဲ့ ပထမဆိုရင် မူလတန်း၊ အလယ်တန်း၊ နောက် အထက်တန်း၊ နောက်ဆို တက္ကသိုလ်ကောလိပ်ပေါ့ဗျာ။ မူလတန်းဆိုတဲ့ နေရာမှာလဲ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်း တွေအပါအဝင်ပေါ့ဗျာ။ ပြီးတော့မှ ကျန်းမာရေးကိစ္စတွေ၊ နောက်ပြီးတော့မှ အဘိုးအဘွားတွေ၊ ဆင်းရဲနွမ်းပါးတဲ့ အဘိုးအဘွားတွေ၊ ဆင်းရဲနွမ်းပါး တဲ့မိသားစုတွေကို ကူညီမယ်။ စောင့်ရှောက်မယ်။ ဒါကျွန်တော့်ရဲ့ အာသီသပဲဗျာ။ ဒါကို ကျွန်တော်ဖြစ် အောင် လုပ်မယ်။

မေး-ကျွန်တော်တို့လဲ သိပြီးသားပါအဘ။ ဂျာနယ် တွေမှာလဲ ပြောပြီးသားပါ။ အဘအနေနဲ့ နိုင်ငံရေး မလုပ်ဘူး။ ဘာသာရေးပဲလုပ်မယ်ဆိုပြီး ပြောတယ်။ ဒါပေမဲ့ အဘ၊ တခိျု့က ပြောတယ်။ လူမှုရေးလုပ် တယ်ဆိုတာလဲ ပြောရမယ်ဆိုရင် အမျိုးသားနိုင်ငံရေး National Politic ပဲမဟုတ်လား။

ဖြေ- ဟိုဟာက ပါတီနိုင်ငံရေး၊ ဒါက အမျိုးသားနိုင်ငံ ရေး၊ အဘက ပါတီနိုင်ငံရေးမလုပ်ဘူး။

မေး-အဘ တာဝန်ယူပြီးနောက်ပိုင်း ဝန်ကြီးချုပ်တို့၊ အတွင်းရေးမှူး(၁)တို့ လုပ်ခဲ့တဲ့အချိန်တုန်းကနဲ့ အခု လက်ရှိအချိန်ပေါ့နော်။ အဘလဲ အတိုင်းအတာ တစ်ခုထိ ကြားရမယ်ထင်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုရှယ် အပိုင်းတွေ မှာ လူငယ်တွေ ဝင်ပါလာ ကြတာပေါ့ အဘ။ တည်ထောင်ခွင့်တွေလဲ တော်တော် များများပေးလာတယ်။ အရင်တုန်းကဆို ဒီလိုလုပ်ဖို့ လုပ်ချင်တဲ့သူတွေ လုပ်ခွင့်တွေ မရခဲ့ဘူး။ လုပ်ကိုင်ခွင့် တွေ မပေးခဲ့ဘူး။ အဲဒီအချိန်က ဘာ့ကြောင့်လဲ အခု ဖြစ်နေတဲ့ အနေအထားလေး တွေကို သုံးသပ်ပြီးပြော ပေးပါလားအဘ။

ဖြေ- စနစ်ပြောင်းသွားပြီလေ။ အရင်တုန်းကတော့ စစ်အစိုးရလေ။ စစ်အစိုးရခေတ်ဆိုတော့ ဒီမိုကရေစီ စနစ်မဟုတ်ဘူး။ အခုကျတော့ ဒီမိုကရေစီစနစ်၊ လွှတ် တော်နဲ့ဒီမိုကရေစီစနစ်ကို သွားနေပြီ။ ဒီမိုကရေစီ လမ်းစဉ်ကို သွားနေပြီ။ လွှတ်တော်တွေ ပေါ်လာပြီး လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးခွင့်တွေ၊ အပြန်အလှန် မေးမြန်းခွင့်တွေ၊ နောက် ဝန်ကြီးတွေက ပြန်ဖြေကြား ရတာတွေ ဟာ ဒီမိုကရေစီ စနစ်၊ ဒီမိုကရေစီ လမ်းကြောင်း ကျင့်သုံး နေတာကိုး။ ဒီမှာ လူငယ်တွေပါလာပြီ။ လွှတ်တော်ထဲမှာလဲ လူငယ် ကိုယ်စားလှယ်တွေ ပါလာပြီ။ လူငယ်အများစု လွှတ်တော်ထဲမှာပါရင် ပိုကောင်းတာပေါ့။ အခုလူ ငယ်တွေက အင်မတန်မှ ထက်မြက်ပါတယ်။ ဒီလူ ငယ်တွေက ကျွန်တော်တို့ထက် ထက်မြက် တယ်ဗျ။ သူတို့က ဗဟုသုတ ပိုကြွယ်တယ်။ ဘာဖြစ်လို့လဲဆို တော့ သူတို့က အိုင်တီခေတ်ကြီးထဲ ရောက်နေပြီလေ။ ကျွန်တော်တို့မတွေ့ဖူးတာတွေ၊ ကျွန်တော်တို့ မကြည့် ဖူးတာတွေ၊ ကျွန်တော်တို့ မလုပ်ဖူး တာ တွေကို လုပ်နိုင် နေပြီ။ လုပ်ခွင့်ရနေပြီ။ အဲဒီတော့ သူတို့က ပိုပြီးအမြင် ကျယ်တယ်ဗျ။ အခုဆိုရင် ကျွန်တော်ပြန်ပြီး လေ့လာ ရဦးမယ်။ တခို့်ကိစ0x081စေတြမွာ။ အိုင်တီက တော်တော်ကို ထွန်းကားလာပြီ။ ဒါ့ကြောင့် လူငယ်တွေက လူကြီး တွေထက် ကျွန်တော်တို့ထက် ပိုပြီးတော့ ဗဟုသုတ ကြွယ်တယ်။ ထက်မြက်တယ်။ နေရာတိုင်း နေရာတိုင်း မှာ လူငယ်တွေ ပါဝင်ဖို့ကောင်းတယ်။ ပါဝင်ဖို့သင့် တယ်။ ဒီလိုပဲ ကျွန်တော့် စိတ်ထဲမှာ မြင်တယ်။ ကျွန်တော့်တစ်ယောက် တည်း အမြင်နော်။ ကျန်တဲ့သူတော့ မသိဘူး။

မေး-အဘရယ်၊ အတိတ်ကိုတော့ ပြန်သွားတာ မဟုတ်ပါဘူး။ အဘလျှပ်တစ်ပြက်ဂျာနယ်မှာလဲ ဖြေပြီးသားပါ။ လာအို၊ ကမ္မောဘာဒီးယားတို့က ကျွန် တော်တို့ကို ကျော်တက်သွားပြီ။ ကျွန်တော်တို့ ကျန်ခဲ့ ပါပြီလို့ အဘ ပြောခဲ့တယ်။ ဘာ့ကြောင့်များ ကျွန်တော် တို့ နောက်ကျန်ခဲ့ ရသလဲဆိုတာ အဘသုံးသပ်ပေးလို့ရ မလား။

ဖြေ- ကျန်ခဲ့တယ်ဆိုတာကတော့ စနစ်ပေါ့ဗျာ။ စနစ် ပြောင်းလာတဲ့ အခါကျတော့ ကျွန်တော်တို့က အခုမှ စနစ်ပြောင်းတာလေ။ ဒီမိုကရေစီစနစ်ပြောင်းတာ အခုမှ ပြောင်းတာလေ။ ပြောင်းတဲ့အချိန် အခုချိန်ကျ မှ လုပ်ပိုင်ခွင့်တွေ ပေါ်လာ တာလေ။ ဒါ အဓိကပေါ့။

မေး-ဒါပေမဲ့ ၁၉၉၆၊ ၁၉၉ရ လောက်မှာ ကျွန်တော် တို့ Regional ဖြစ်တဲ့ အာဆီယံဒေသတွင်းမှာ ဂျော့ ဆိုးကြီး လုပ်လိုက်လို့ထိုင်းတို့၊ မလေးရှားတို့ Crisis ဖြစ်ပြီး တော်တော်ကြီးထိသွားတဲ့အချိန်မှာ ကျွန် တော်တို့နိုင်ငံက ထူးထူးခြားခြား ထိခိုက်မှုမရှိတာဘာ့ ကြောင့်လဲခင်ဗျ။

ဖြေ- အဲဒီတုန်းက စီးပွားရေးဂယက် မခံလိုက်ရဘူးဗျ။ Crisis ထဲမှာမပါခဲ့ဘူး။ မပါလိုက်ဘူး ဆိုတာ အဲဒီတုန်း ကစီးပွားရေးမှာ ကဏ0x081ဍ စုံက မရှိဘူးလေ။ မလေးရှား တို့ ထိုင်းတို့က စီးပွားရေး ကဏ0x081ဍ တိုးတက်နေတဲ့ နိုင်ငံ တွေကိုးဗျ။ Crisis ထဲမှာ ပါသွား တာပေါ့။ ကျွန်တော်တို့က ပုံမှန်လေးပဲ။ စီးပွားဖွံ့ဖြိုး တိုးတက်မှုမှ မရှိတာဗျ။ ဒါ့ကြောင့်မို့ စီးပွားရေး Crisis ထဲ ပါမသွားတာပေါ့။

မေး- အဘလဲ သိမှာပါ။ အခုဆိုရင် သန်လျင်ကျောက် တန်းမှာဆို သီလဝါစက်မှုဇုန်၊ ထားဝယ်နဲ့ ကျောက်ဖြူတို့မှာ အထူးစီးပွားရေး ဇုန်ကြီးတွေ တည်ဆောက်ပေး နေပြီဖြစ်တဲ့အတွက် FDI တွေလဲ ဝင်လာတော့ မှာ ဖြစ်ပါတယ်။ အဲဒီလိုဝင်လာ တဲ့အခါမှာ အဘတို့နေရာဒေ သတွေရဲ့ ဖွံ့ဖြိုး တိုးတက်မှု အပေါ်မှာရော မြန်မာနိုင်ငံ အနေနဲ့ ဖြစ်ပေါ်လာနိုင်မယ့် အနာဂတ်စီးပွားရေးအခြေ အနေကိုရော အဘဘယ်လိုများ သုံးသပ်မိပါသလဲဆို တာကို သိချင် ပါတယ်။

ဖြေ- အဲဒီတော့ ကျွန်တော်ပေါ့လေ။ ကျွန်တော့်အယူ အဆပေါ့ဗျာ။ အခုတစ်နိုင်ငံလုံးမှာပေါ့လေ။ ကျွန် တော်တို့ ဟိုဘက်မှာ ထားဝယ် ရေနက်ဆိပ်ကမ်း စပြီး ထူထောင်နေပြီ။ နောက်ပြီး ရခိုင်ဘက်မှာဆိုရင် ကျောက် ဖြူရေနက် ဆိပ်ကမ်း အခုသီလဝါ ပေါ့လေ။ ထူထောင် မယ်ဆိုပြီး သတင်း တွေထွက်လာတယ်။ အဲဒီတော့ ဒီ Project ကြီးက တော်တော်ကြီးမားတယ်ဗျ။ ရေနက်ဆိပ်ကမ်း ထူထောင်ပြီဆိုရင် ရေနက်ဆိပ်ကမ်းနဲ့ တွဲပြီးတော့ သူ့ရဲ့စီးပွားရေး စီမံကိန်းတွေ ဒါတွေက အများကြီး တွဲပါလာမှာ တော်တော်ကြီးမား တယ်ဗျာ။ အဲဒီလိုကြီးမားတဲ့ စီမံကိန်းကြီးတွေမှာ ကျွန်တော်တို့ သေချာစနစ် ကျအောင် လုပ်ရမယ်ဗျ။ ဒီလိုလုပ်လိုက် မယ်။ ဒီလိုလုပ်လိုက် မယ်ဆို လို့မရဘူးဗျ။ ရေရှည် စီမံချက်ကို ကြည့်ရမယ်။ ရေရှည် စီမံချက်ဆွဲရမယ်။ ရေရှည်ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းတရား တွေကို တွက်ရမယ်။ ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းတရားတွေ ကိုတွက်ရမယ်။ ရေရှည်ဆိုတဲ့နေရာမှာ တစ်နှစ်၊ နှစ် နှစ်ဆိုပြီး တွက်လို့ မရဘူး။ နော် အနှစ်သုံးဆယ်၊ လေး ဆယ်၊ ငါးဆယ် ဘယ်လို ဖြစ်လာနိုင်မလဲဆိုတဲ့ အထိ ကို ပညာရှင်တွေနဲ့ ဆွေးနွေးပြီးတော့ ဆောင်ရွက် ရင်တော့ ဒါမှန်မှန်ကန်ကန် နဲ့ အကောင်အထည်ဖော် မှာပေါ့ဗျာ။ ပညာရှင်တွေ အများကြီး ပါရမယ်ဗျ။ ဘက်စုံပါရမယ်နော်။ ပညာရှင်တွေ အများကြီး မပါဘဲ နဲ့ဆိုရင်တော့ ကျွန်တော် ထင်တယ်လေ။ အခက်အခဲ တွေ ရင်ဆိုင်ရနိုင်တယ်။

မေး - အခုအချိန်မှာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ စီးပွားရေးကို Reform စလုပ်ကြတယ်။ အဘတို့ အုပ်ချုပ်စဉ်က လက်တွေ့ ကြုံခဲ့တဲ့ အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ပြီး ဒီအချိန်မှာ ဘယ်လိုမျိုး လုပ်သင့်တယ်လို့ ဖြည့်စွက်ပြီး အကြံပြု လိုပါသလဲ။ အထူးသဖြင့် ကျွန်တော်တို့ ဒီမိုကရေစီ နိုင်ငံသစ်အတွက်ပေါ့။

ဖြေ - ကျွန်တော် တာဝန်ယူတဲ့အချိန်တုန်းက စီးပွားရေး ကျွန်တော်မကိုင်ခဲ့ရဘူး။ ဒါဟာ ပွင့်ပွင့်လင်း လင်းပြောတာပါ။ စီးပွားရေး ကျွန်တော်မကိုင်ခဲ့ရဘူး။ မကိုင်ခဲ့ရလို့ စီးပွားရေး လို့ ထိထိ ရောက်ရောက် ကျွန်တော်မလုပ်နိုင်ခဲ့ဘူး။ နောက်ပြီး အဲဒါတွေလဲ ကျွန်တော် ဘယ်လောက် အတိမ်အနက်ပေါ့ဗျာ။ လေးလေး နက်နက် ကျွန်တော် မလေ့လာနိုင်ခဲ့ဘူး။ အခုမှ ကျွန်တော်ကတော့ ကိုယ့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှုက နောက်ကျ နေသေးတယ်။ လုပ်ဖို့လိုတယ်ဆိုတဲ့ အခါကျတော့ အခုမှ ကျွန်တော် လေ့လာနေတုန်း။ လေ့လာပြီးရင် ကျွန်တော်တော်တော် များများသိလာရင်ပေါ့ဗျာ။ စီးပွားရေးနဲ့ပတ်သက် လို့ သိလာရင်ပေါ့ဗျာ။ ကျွန်တော်ပြန် အကြံဉာဏ်ပြု တာတို့ လုပ် ခွင့်ရမှာပေါ့ဗျာ။


မေး - အဘအနေနဲ့ နိုင်ငံရေးမှာတော့ မပါတော့ဘူး။ လူမှုရေးမှာတော့ ထဲထဲဝင်ဝင်လုပ်မယ်။ ကျွန်တော်က စီးပွားရေးကိုများ ထပ်ပြီးတော့ အဘအနေနဲ့ အကြံဉာဏ်တွေများ ပေးလာဖို့ရှိမယ်လို့ ထင်လို့ပါ။

ဖြေ - အကြံဉာဏ်လာတောင်းရင်တော့ ပေးမှာပေါ့ ဗျာ။ အတွေ့အကြုံပေါ်မှာ မူတည်ပြီးတော့ ပေးနိုင် တဲ့ အကြံဉာဏ်၊ ကောင်းတဲ့အကြံဉာဏ်ပေါ့ဗျာ။ ကောင်းတဲ့ အကြံဉာဏ်တော့ ပေးချင်တာပေါ့ဗျာ။

မေး - အခုအချိန်မှာ နိုင်ငံတော်သမ္မတက အကြံဉာဏ် တွေများ တောင်းလာခဲ့လို့ရှိရင် အဘအနေနဲ့ပေးဖို့ရှိ ပါသလား။

ဖြေ - ကောင်းတဲ့အကြံပဲ။ ပေးမှာပေါ့။ နိုင်ငံတော်ရဲ့ အကျိုးဖြစ်ထွန်းမယ့် ကိစ္စရပ်တွေ၊ ပြည်သူတွေရဲ့အကျိုး ဖြစ်ထွန်းမယ့်ကိစ္စရပ်တွေ မှန်သမျှ ကျွန်တော်ပေးမှာ ပဲ။ မပေးနိုင်တာ ကိုတော့ ဒါကျွန်တော် မကျွမ်းဘူး။ ပေးလို့ မရဘူး။ ပေးနိုင်တာ၊ ကျွန်တော်ကျွမ်းကျင်တာ ဆိုရင် ပေးမယ်။

မေး - နောက်တစ်ခုက အဘရယ်။ ကျွန်တော် ပွင့်ပွင့် လင်းလင်းပဲ မေးပါရစေ။ ဒီလိုပါအဘ။ အဘပြောခဲ့ တာရှိပါတယ်။ အာဃာတတွေ မထားပါဘူး။ ဒါတွေ ဟာ အမျိုးသား ရင်ကြားစေ့ရေးမှာ အင်မတန်မှ အရေး ကြီးပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေး တဲ့အခါမှာ ငြိမ်းချမ်းရေး ခေါင်းဆောင်တွေက အမြဲတမ်းပြောတယ်။ အဘလွတ်လာတဲ့ အချိန်မှာ ဝမ်းသာတဲ့လူတွေလဲ ရှိ တယ်။ ဝေဖန်တဲ့သူတွေလဲရှိတယ်။

ဖြေ- ကျွန်တော်က ပွင့်ပွင့်လင်းလင်း ပြောရရင်ပေါ့ဗျာ။ ကျွန်တော် တာဝန်ယူခဲ့တဲ့ကာလ ဆောင်ရွက်ခဲ့သမျှ လုပ်ငန်းတွေနဲ့ ပတ်သက်လို့လဲ ကျွန်တော်အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဝေဖန်တယ်။ ကိုယ့်ကိုယ် ကိုယ် ပြန်ဆန်းစစ်တယ်။ ငါလုပ်တာ မှားသလား။ မှန် သလားဆိုတာ ပြန်ဆန်းစစ်တယ်။ အဲဒီလိုပြန်ဆန်း စစ်တဲ့အခါမှာ မှားတာတွေ ရှိတဲ့အခါ ကျွန်တော် ဒါ မှားသွားပြီ။ နောက်ထပ် ဒါမျိုးမဖြစ်စေရဘူး။ ဒီလို ကိုယ့်ကိုယ်ကိုယ် ဝေဖန်တဲ့ဓလေ့ ကျွန်တော့်မှာရှိတယ်။

မေး-အဘဟာ မြန်မာနိုင်ငံမှာ ရွှေတိဂုံထီးတော်ကိုတောင် တင်နိုင်ခဲ့တဲ့ ခေါင်းဆောင်ကြီး တစ်ဦးပေါ့လေ။တကယ့် ဩဇာအာဏာကြီးမားတဲ့ ခေါင်းဆောင်ကြီး တစ်ယောက်ဟာ အများမမျှော်လင့်တဲ့ အချိန်မှာ ဘာဖြစ် လို့ဒီလိုဖြစ် သွားရတယ်ဆိုတဲ့ မေးခွန်းကိုများ ဖြေပေး လို့ရပါမလား။

ဖြေ - ဒီလိုဖြစ်တယ်ဆိုတာ လူပေါ်မူတည်တာပေါ့ဗျာ။ အဓိကတော့ လူပေါ်မူတည်တာပဲ။ ကျွန်တော်လဲ ဘာဖြစ်တယ် ဆိုတာကို ပထမဆုံးတော့ ဘာမှမသိ ဘူးဗျ။ ဘာမှမသိဘူး။ ထင်လဲ မထင်ခဲ့ဘူး။ ကိုယ့် ကိုယ်ကိုယ်လဲ မထင်ဘူး။ ဒီလိုဖြင့် အလုပ်ခံရလိမ့် မယ်လို့လဲ ဘယ်တော့ မှမထင်ခဲ့ဘူး။

မေး-ဟုတ်ကဲ့ပါ။ ဆိုတော့ အဘဟာ အခုလိုဖြစ်ရ တာကိုလဲ အဘရဲ့ တပည့်တခိျု့ လုပ်ရပ်တွေကြောင့် လို့လဲ အပြင်မှာ ပြောသံကြားခဲ့ရတာနဲ့ ပတ်သက်ပြီး တော့ ဒီအပေါ်မှာအဘ ဘာများပြောချင်ပါသလဲ။

ဖြေ-ကျွန်တော်ခံယူတာ ကတော့ပေါ့ဗျာ။ ကျွန်တော့် တပည့်တွေခံရတာ ကျွန်တော့်ကြောင့်လို့ပဲ ကျွန်တော် ဒီလိုပဲ ခံယူတယ်။ ကျွန်တော်အရေး ယူခံရတဲ့အတွက် တပည့်တွေကိုပါ အားလုံး အရေးယူလိုက်တယ် ဆိုတာ ဒီလိုပဲ ကျွန်တော်ခံယူတယ်။ တပည့်တွေကြောင့် ကျွန်တော်ခံရတယ်လို့ ကျွန်တော်မခံယူဘူး။ ဘာကြောင့်လဲဆိုတဲ့ အခါကျတော့ ကျွန်တော်က လူကြီးလေ။ တပည့်တွေကို ဘာလို့ အပြစ်ဖို့မလဲ။ ကျွန်တော်က တာဝန်ခံလေ။ ကျွန်တော် တပည့်တွေအပေါ် အပြစ် မဖို့ဘူး။ အဲဒီတော့ ကျွန်တော့်တပည့် တွေထဲမှာ မှား တဲ့တပည့်တွေလဲ ရှိမှာပဲ။

မေး-အဘတို့ တာဝန်ထမ်းဆောင်စဉ် အချိန်တုန်းက ပြည်သူတွေဟာ နိုင်ငံရေးဆိုတဲ့အရာကို မပြောဝံ့လောက် အောင်၊ နိုင်ငံရေးဆိုတဲ့ ဝေါဟာရကို မသုံးရဲလောက် အောင်၊ အကြောက်တရားတွေ ဖုံးလွှမ်းအောင် လုပ်ခဲ့ကြတဲ့ အထဲမှာ အဘလဲတစ်ဦးပါ တယ်ဆိုပြီး ပြည်သူ တွေပြောခဲ့ကြတာကို အဘဘယ်လိုများ ပြောချင်ပါ သလဲ။

ဖြေ- နိုင်ငံရေးဆိုတာ စောစောက ပြောသလိုပေါ့လေ။ အမျိုးသား နိုင်ငံရေးနဲ့ ပါတီနိုင်ငံရေး အဲဒီတော့ အမျိုး သားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေး ဆိုတဲ့ဟာမှာ နိုင်ငံရေး လုပ်တဲ့လူတွေကို အပြစ်ပြောလို့မရဘူး။ အဲဒီတော့ မဟုတ်တာ လုပ်တဲ့လူတွေကိုပဲ အပြစ်ပြောရမယ်။ နိုင်ငံရေးထဲမှာ မဟုတ်တာ လုပ်တဲ့လူ ပါချင်ပါမယ်လေ။ ကောင်းတာလုပ်နေတဲ့ လူလဲအများကြီးပါတယ်။ အများ ကြီးရှိတယ်။ ကောင်းတာ လုပ်နေတဲ့ နိုင်ငံရေးသမား ကို မပြောဘူး။ ပြောလို့မရဘူး။ အပြစ်ပြော လို့မရ ဘူး။ သူက တိုင်းပြည်ကောင်းစားဖို့ကို သူလုပ်တာကိုး။ အဲဒီတော့ နိုင်ငံရေးလုပ်တိုင်း မကောင်းဘူးလို့ ပြော လို့မရဘူးဗျာ။ ပါတီနိုင်ငံရေးလုပ်တိုင်း အဲဒီလူတွေ မကောင်းဘူးဆိုပြီး ပြောလို့မရဘူး၊ အဲဒီတော့ သူ့ရဲ့ ရည်ရွယ်ချက် အပေါ်မှာပဲ မူတည်တယ်။ ကောင်းသော ရည်ရွယ်ချက်နဲ့ လုပ်မယ်ဆိုရင် ကောင်းသော နိုင်ငံရေး လုပ်တာပဲနော်။

မေး-အဘတို့လွတ်လာပြီး နောက်နေ့မှာ နေပြည် တော်မှာ အစည်းအဝေးတစ်ခုလုပ်ပါတယ်။ ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောပါ တယ်။ အဘအပြင်ပေါ့နော်။ အဘရဲ့တပည့်တွေ ၁၀၀ နောက်ပြီး သူနဲ့ဆက်စပ်တဲ့ အဖွဲ့အစည်း ၁၀ဝလွှတ် လိုက်တယ်လို့ ပြောပါတယ်။ အဲဒီအရေအတွက် မှန် ပါသလားခင်ဗျား။

ဖြေ- ခန့်မှန်းတော့ ဟုတ်ပါတယ်။ သူက ကာစတန် တွေ နောက်တခြား အဖွဲ့တွေ သူတို့လဲ တပည့်ဟောင်း တွေပေါ့ကွယ်။ ကာစတန်မှာ ရောက်နေ တာရှိတယ်။ထောက်လှမ်းရေးဟောင်း တွေပေါ့လေ။ စောစောက တည်းက ရောက်နေတာပေါ့လေ။ နောက်နစက ပေါ့ လေ။ တာချီလိတ် တို့မှာ ရောက်နေတဲ့ နစကနော် အဲဒါတွေရှိမယ်။ နောက်ပြီးတော့မှ တခြားဝန်ကြီး ဌာနရောက်နေတဲ့ တပည့်ဟောင်း တွေလဲရှိမယ်။ ရှိနိုင် တာပေါ့။ သူကလဲရှိတဲ့ အချက် အလက် နဲ့ ပြောတာပေါ့လေ။ ဟုတ်ကဲ့ ဖြစ်နိုင်ခြေရှိပါတယ်။

မေး-နောက်တစ်ခုက အဘရယ်၊ ယနေ့အချိန်အခါကို တခိျု့က Turning Point လို့သုံးတယ်။ အဘ လွတ် လာတယ်။ ကျောင်းသားတွေ လွတ်လာတယ်။ အင်န်အယ်လ်ဒီလဲ ရွေးကောက်ပွဲဝင်မယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလဲ တော်တော် လုပ်လာနိုင်တယ်။ မြန်မာ့ နိုင်ငံရေးမျက်နှာစာ လှပ တယ်လို့ ဒီအချိန်မှာ သုံးလို့ရ တယ်။ ဒီလိုသာ ဆက်သွားမယ်ဆိုရင် ခုနက လာအို တို့၊ ကမ်ဘာဒီးယား တို့လိုနိုင်ငံတွေကို ဘယ်အချိန် လောက်မှာများ ကျော်တက်သွားနိုင်မလဲ။

ဖြေ- ကျွန်တော်တို့ နောက်မကျသေးပါဘူး။ မြေပေါ် မြေအောက် သယံဇာတတွေ အများကြီးရှိပါသေး တယ်။ စနစ်တကျ အသုံးပြုရမယ်ဗျ။ ဗုံးပေါလအော မသုံးရဘူးဗျ။ မျက်နှာလွှဲခဲပစ် မလုပ်ရဘူး။ အဲလိုလုပ် နိုင်တဲ့ အနေအထား၊ အခြေအနေမျိုးလဲရှိသေးတယ်။ နောက်တစ်ခုက ကျွန်တော်တို့လူမျိုးတွေဟာ ဦးနှောက် ကောင်းပါတယ်။ တက်တက်ကြွကြွ ထက်ထက်မြက် မြက် လူငယ်တွေလဲ အများကြီးရှိပါတယ်။ အားလုံးက တက်ညီလက်ညီနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နဲ့ပေါ့ဗျာ။ သူတစ်ဗိုလ်၊ ကိုယ်တစ်မင်း သဘောမထား ဘဲနဲ့ တပေါင်းတစည်းတည်း စည်းစည်း လုံးလုံးညီညီ ညွတ်ညွတ်နဲ့လုပ်ရင် ကမ်ဘာဒီးယား၊ လာအိုတင်မက ဘူး။ ထိပ်ပိုင်းကို ရောက်မယ်။ အာဆီယံမှာ ထိပ်ကို ရောက်မယ်။ မလေးရှားနဲ့ထိုင်းတို့ကို ရင်ပေါင်တန်းနိုင် မယ့်အနေအထားမျိုးဖြစ်မယ်။ ကျွန်တော်တို့လူတွေ Talent ရှိပါတယ်။ လုပ်နိုင်ပါတယ်။ သယံဇာတလဲ ရှိတယ်။ မဖြစ်နိုင်စရာအကြောင်းမရှိဘူး။ ဖြစ်ကိုဖြစ် မယ်။ လူတွေနဲ့လုပ်တဲ့လူတွေအပေါ်မှာ မူတည်တယ်။ လူပဲဗျ။ လူသာလျှင် အဓိက။ လူသာလျှင် ပဓာန။ ဟုတ်ပြီလား။ တက်ညီလက်ညီလုပ်၊ စည်းစည်းလုံးလုံး လုပ်။ တစ်ယောက်က သူလုပ်ချင်တာလုပ်၊ တစ်ယောက်ကလဲ သူလုပ်ချင်တာလုပ်၊ ဒီလိုဟာမျိုး မလုပ်ဘဲနဲ့ အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နဲ့ ကဏအလိုက် ခွဲဝေပြီးတော့ တကယ်တက်တက်ကြွ ကြွနဲ့ တိုင်းပြည်ကောင်းရာကောင်းကျိုးအတွက် ပြည် သူတွေရဲ့ ကောင်းရာကောင်းကျိုး အတွက် စိတ်စေတနာ အပြည့်နဲ့ ဆောင်ရွက်မယ် ဆိုရင် ကျွန်တော်ထင် တယ်။ မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မယ်။

မေး-နောက်တစ်ခုက အဘ နိုင်ငံတကာဆက်ဆံရေး နဲ့ပတ်သက်ပြီး နည်းနည်းမေးပါရစေ။ အဘလဲသိပြီး ဖြစ်မှာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာ ရီကလင်တန် မြန်မာနိုင်ငံကို လာခဲ့တယ်။ အခုအချိန် မှာလဲ အထက်လွှတ်တော်အမတ်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ Sanction ကိစ0x081စပြောခဲ့တဲ့ မစ်မက်ကော နားရောက် နေတယ်။ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးလာတယ်။ ဗြိတိန်လဲလာတယ်။ ဆိုတာက ကျွန်တော်တို့ရဲ့ နိုင်ငံတကာ ဆက်ဆံရေးဟာတခိျု့က ပြောပါတယ်။ အမေရိ ကန်ဘက် ယူရုပ်ဘက် ယိမ်းသွားတယ်ပေါ့။ အဲဒီ အပေါ် အဘ ဘယ်လိုမြင်လဲ။

ဖြေ- ကျွန်တော် ဒီလိုမထင်ပါဘူး။ မမြင်ပါဘူး။ အရင် ဆုံး ကျွန်တော်တို့ စဉ်းစားရမှာက ကျွန်တော်တို့က အိမ်နီးနားချင်းနိုင်ငံတွေ ပထမဆုံး အိမ်နီးနားချင်း နိုင်ငံ တွေ၊ ကျွန်တော်တို့မိတ်ဆွေအရင်း အချာတွေ အရှေ့ ဘက်မှာ တရုတ်ရှိတယ်။ ထိုင်းရှိတယ်။ လာအိုရှိတယ်။ အနောက်ဘက်မှာ အိန္ဒိယ ရှိတယ်၊ ဘင်္ဂလားဒေ့ရှ်ရှိ တယ်။ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ ချစ်ကြည်ရင်းနှီး မှုဟာ ပထမ၊ အာဆီယံနိုင်ငံ နဲ့ အာရှတိုက် နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးမှုက ဒုတိယ၊ ကျန်တဲ့အနောက်နိုင်ငံ တွေနဲ့ ချစ်ကြည်ရင်းနှီးမှုက တတိယ၊ ကျွန်တော့်ရဲ့ အယူအဆပေါ့ဗျာ။ ဘယ်လိုမှ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးပျက်ပြားသွားဖို့ မရှိဘူး။ အမေရိကန်က လာတယ်၊ အင်္ဂလိပ်က လာတယ်။ ပြင်သစ်က လာတယ်။ ဂျာမနီက လာမယ်ပေါ့ဗျာ။ နဂိုကတည်းက ဂျာမနီက နည်းနည်းနည်းနည်း လာနေတာပါ။ အဲလိုနိုင်ငံတွေက လာတဲ့ဟာသည် ကျွန်တော်တို့ အခုမှ ဒီမိုကရေစီနိုင်ငံ ကျင့်သုံးပြီး ဒီမိုကရေစီလမ်းစဉ်အတိုင်း လျှောက် လှမ်းပြီး Road Map ကိုလဲ သူတို့လုပ်လိုက်ပြီ။ လွှတ် တော်လဲ ပေါ်လာပြီ။ လွှတ်ချိန်တန်သူတွေကိုလဲ တဖြည်း ဖြည်းနဲ့ လွှတ်နေပြီ။ အခုနောက်ဆုံး လွှတ်လိုက်တာ ကိုသူတို့က ပိုပြီးသဘောကျတယ်။ ဒီအတိုင်းဆို နောင်လဲ ဆက်ပြီး လွှတ်ဦးမှာပဲဆိုပြီး ဒီလိုအယူ အဆ သဘောထားနဲ့ အနောက်နိုင်ငံ တွေက ဝင်လာတာပဲ။

မေး-အဘမေးခွန်းများတယ်လို့တော့ မထင်ပါနဲ့ အဘခင်ဗျာ။ အဘလက်ထက်မှာ မှတ်မိပါတယ်။ MICT PARK တို့လို တကယ့်ကို မြန်မာနိုင်ငံမှာ IT ခေတ်တစ်ခေတ်ကို ဖွံ့ဖြိုးအောင် စတင်တည်ထောင် လိုက်တဲ့သဘောမှာရှိပါတယ်။ ဒီIT နယ်ပယ်မှာ အကြံပေး တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဝင်ရောက်ပြီးတော့ ကူညီပေးတာပဲဖြစ်ဖြစ် မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်အောင် အဲဒါလေးလဲ အကြံပြုပြောပေးပါခင်ဗျား။ ဒါဘာလို့ မေးရသလဲဆို ရင် အိန္ဒိယဆိုရင် IT နဲ့ စီးပွားရေးတိုးတက်အောင် လုပ်ပြသွား တာလေး တွေရှိလို့ပါ။

ဖြေ- ကျွန်တော်ကတော့ အိုင်တီနဲ့ပတ်သက်လို့ပေါ့ဗျာ။အဲဒီဟာနဲ့ပတ်သက်လို့ နည်းနည်းကြောက်သွားပြီ။ ကြောက်တယ်ဆိုတာ အကြောင်းကြောင်း တွေကြောင့် ပေါ့ဗျာ။ နောက်တစ်ခုက ကျွန်တော်က အဲဒီမှာ ထိုင်း နိုင်ငံမှာ ဝန်ကြီးချုပ်သက်ဆင်ပေါ့။ သက်ဆင်နဲ့ ကျွန် တော်က ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတယ်ဗျာ။ ခင်ဗျားတို့ကို ပြောပြဦးမယ်။ ပုဂ္ဂိုလ်ရေး အရရင်းနှီးတော့ သက်ဆင်က နေပြီးတော့ ကျွန်တော်တို့ အစည်းအဝေးတစ်ခုမှာ ကျွန် တော့်ကို ပြောတယ်။ ကိုခင်ညွန့် ခင်ဗျားကို ကျွန်တော် ကူညီချင်တယ်ဗျာ။ ခင်ဗျားနိုင်ငံက တခိျု့နေရာတွေမှာ တော်တော် ခေတ်နောက်ကျနေတယ်။ အဲဒီတော့ ဖွံ့ဖြိုး မှုပေါ့လေ။ နောက်ကျနေတယ်။ ကျွန်တော်က အဲဒီမှာ လာအိုတို့ ကမ်ဘာဒီးယားတို့က ထိုင်းနိုင်ငံက ပိုက်ဆံချေး ကြတယ်။ ချေးငွေတွေလဲပေးလိုက်တယ်။ အဲဒီအချိန် မှာ သူတို့စီးပွားရေး သိပ်ကောင်းနေတဲ့အချိန်ပေါ့။ ဒါကို သက်ဆင်က ခင်ဗျားချေးငွေမတောင်းဘူးဗျာ။ သို့သော် ငြားလဲဘဲ ခင်ဗျားကို ကျွန်တော်က သိပ်ရင်းနှီး တယ်ဗျ။ခင်ဗျားကို ကျွန်တော်ပေးချင်တယ်။ခင်ဗျားနိုင်ငံဖွံ့ဖြိုးမှု ကို လုပ်စေချင်တယ်လို့ပြောတော့။ ဟာ ခင်ဗျားချေးငွေ ပေးမယ်ဆိုလို့ကတော့ သိပ်ကောင်းတာပေါ့။ တကယ် ဆန္ဒရှိရင် ကျွန်တော်ယူမှာပေါ့။ ဒါပေမဲ့ ကျွန်တော် အတိုးအများ ကြီးတော့မပေးနိုင်ဘူး။ နောက်ပြီးတော့ ပြန်ဆပ်ရမယ့်အချိန်၊ ဒါကိုလဲ မြန်မြန်ဆန်ဆန် ပြန်မဆပ်နိုင်ဘူး။ ပြန်ဆပ်ရမယ့် အချိန်ကိုလဲ ဝေးဝေးပေး၊ အတိုး ကလဲ နည်းနည်းပဲယူ၊ ဒါဆိုရင်တော့ ကျွန်တော်ယူမှာ ပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့်အကြီးအကဲကို ကျွန်တော် တင်ပြဦးမယ်။

အမျိုးသား နိုင်ငံရေးနဲ့ ပါတီနိုင်ငံရေး အဲဒီတော့ အမျိုး သားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေး ဆိုတဲ့ဟာမှာ နိုင်ငံရေး လုပ်တဲ့လူတွေကို အပြစ်ပြောလို့မရဘူး။ အဲဒီတော့ မဟုတ်တာ လုပ်တဲ့လူတွေကိုပဲ အပြစ်ပြောရမယ်။

သူက အဲဒီတုန်းက ကျွန်တော့်ကို ဗန်ကောက်မှာပြောတာ၊ ဗန်ကောက်ကို ကျွန်တော်အစည်း အဝေးတစ်ခု သွားတုန်းကပေါ့ဗျာ။ အဲဒီလိုပြောတော့ ကျွန်တော် ရန်ကုန်ကိုရောက်တဲ့အခါ ကျွန်တော့်အကြီး အကဲကို ပြန်တင်ပြတယ်။ ဒီလိုတော့ သက်ဆင်က ချေး ငွေချေးမယ်လို့ပြောတယ်။ နောက်ပြီးတော့ အတိုးနှုန်းလဲ လျှော့ယူမယ်လို့ပြောတယ်။ ပြန်ဆပ်ရမယ့်ကာလလဲ ခပ်ဝေးဝေး၊ ကျွန်တော်တို့ဆန္ဒရှိသလို လုပ်ပေးမယ်လို့ ပြောတယ်။ ကျွန်တော်တို့ယူလိုက်ရမလားလို့ပြောတော့ ဟာ ယူလိုက်ပေါ့ဗျာ။ ခင်ဗျားကို သူက ဒီလိုအခြေအနေ ပေးနေတော့လဲ ယူလိုက်ပေါ့ဗျာဆိုတာနဲ့ ကျွန်တော်လဲ ကျွမ်းကျင်ပညာရှင်တွေ၊ ဘဏ်ဘက်က သက်ဆိုင်သူ တွေနဲ့ ဆွေးနွေး ညှိနှိုင်းပြီးတော့မှ အဲဒီတော့ ဘဏ် ဘဏ်ချင်း လုပ်ကြ၊ ပထမဆုံးပဏာမဆွေးနွေးမှုက တော့ နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦး ဆွေးနွေးကြတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရယ်၊ မြန်မာနိုင်ငံခြားရေးဝန် ကြီးရယ်၊ အဲဒီအချိန်က မြန်မာနိုင်ငံခြားရေး ဝန်ကြီးက ဦးဝင်းအောင်၊ သူတို့နိုင်ငံခြားရေးဝန်ကြီးနှစ်ယောက် ဆွေးနွေးပြီးတော့မှ ရတဲ့အချက်အလက်တွေကို ကျွန်တော့်ပေးပြီးတော့မှ ဘဏ0x081ဍာရေးဝန်ကြီးရယ်။ အဲဒါန်သက်ဆိုင်တဲ့ဝန်ကြီးတွေနဲ့ဆုံပြီး ကျွန်တော်အစည်း အဝေး ထိုင်တယ်။ ဝန်ကြီးဌာနအားလုံးရဲ့ဝန်ကြီးတွေပါတယ်။ အဲဒီတော့ ကျုပ်တို့ချေးငွေတစ်ခုရမယ်။ ဒေါ်လာသန်း တစ်ရာလောက်ရမယ်။ ဒေါ်လာသန်းတစ်ရာဆိုတာ အဲဒီအချိန်မှာ သိပ်တန်ဖိုးကြီးတာ၊ နည်းနည်းနောနော မဟုတ်ဘူးပေါ့ဗျာ။ ဒါဟာ သက်ဆင်ကနေချေးမှာ မြနမာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုချေးမယ်။ ပုဂ0x081ဂိုလ် ရေးမဟုတ်ဘူးနော်။

ပုဂ္ဂိုလ်ရေး ရင်းနှီးတာ တစ်ပိုင်းပေါ့ ဗျာ။ ဒါပေမဲ့ နိုင်ငံတော်အတွက် ခင်ဗျားနိုင်ငံတော် ဖွံ့ဖြိုးရေး အတွက်၊ ခင်ဗျားနိုင်ငံဟာ တခိျု့နေရာတွေမှာ ဖွံ့ဖြိုးမှုနောက်ကျနေတယ်။ အဲဒီအတွက်ကို ကျွန်တော် ချေးမယ်ဆိုတဲ့အခါ အဲဒီဟာကို ကျွန်တော်တို့ နိုင်ငံခြား ရေးရာဝန်ကြီးနှစ်ယောက် ဆွေးနွေးပြီးတော့မှ သက်ဆိုင် ရာဝန်ကြီး တွေနဲ့ အစည်းအဝေးထိုင်တယ်။ ငါတို့အခွင့် အရေးရပြီ။ အဲဒီတော့ ဝန်ကြီးဌာနတွေက ဘာပစ္စည်း လိုသလဲ။ အထူးသဖြင့် အလိုအပ်ဆုံးကတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းတွေအတွက်ကို အဓိကထား ခင်ဗျားတို့ တင်ပြ၊ ဘယ်ဝန်ကြီးဌာနက ဘာလိုတယ်။ ဘယ်ဝန်ကြီး ဌာနက ဘာလိုတယ်ဆိုပြီး အဲဒီတုန်းက ဝန်ကြီးဌာနတွေ တော်တော်များများက အဲဒီအချိန်မှာ လိုနေတာတွေ ချည်းပေါ့ဗျာ။ အဲဒါတွေပေါ်မှာ မူတည်ပြီး တော့မှ ကျွန် တော်တို့ဆွေးနွေးပြီးတော့ ဘယ်သူ့ကို ဘာပေးမယ်။ ဘယ်သူ့ကို ဘာဆိုပြီးတော့ အထူးသဖြင့် ကျွန်တော်က မြို့ရွာဖွံ့ဖြိုးတိုးတက်မှုအတွက်ကို ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက ကျွန်တော်တို့မှာ ကတ္တရာမရှိဘူး။

ကတ္တရာတွေကို ဦးစားပေးပြီးတော့မှ ဒါတွေကိုဝယ်ဖို့ ဒါ ပထမဦးစားပေး၊ ဒုတိယက ရန်ကုန်နဲ့မန္တလေးမြို့ တော်ကို တည်ဆောက်နိုင်ရေးအတွက် အဲဒီမှာ ကတ္တရာ၊ ကတ္တရာအခင်းဆက်တို့ နောက်မြို့တော်ရဲ့လမ်းကတ္တရာ ခင်းတဲ့လုပ်ငန်း တွေမှာ အသုံးပြုတဲ့ ယန္တရားတွေနော်၊ နောက်ပြီးတော့မှ ဘာလဲဆိုတော့ ကျွန်တော် လမ်းပန်း ဆက်သွယ်ရေးအတွက် ကျွန်တော်တို့ ဟိုဆောက်လုပ် ရေးဝန်ကြီးဌာနပေါ့ဗျာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အတွက် လိုအပ်တဲ့စက်ယန္တရားတွေ၊ ကျန်တဲ့ ဝန်ကြီး ဌာနတွေလဲ ယနရားတွေတောင်းတာရှိတယ်ဗျာ။ ဆိုင် ရာဆိုင်ရာပေါ့ဗျာ၊ ယနရားပစ္စည်း အထူးသဖြင့် ယန္တရား ပစ္စည်းကိုဦးစားပေးမှာ၊ နောက်ပြီးတော့မှ မီးသတ်ဖို့ အတွက် အထပ်မြင့် အိမ်ရာတွေကို၊ အကယ်၍သာ မီးလောင်ရင် အထပ်မြင့်အိမ်ရာတွေကို မီးသတ်ဖို့အတွက် မီးသတ်တာဝါ ကရိမ်းတွေ မီးသတ်ပစ္စည်းကိရိယာတွေ၊ အဲဒါတွေကို ကျွန်တော် ဝယ်ကိုဝယ်ရမယ်ဆိုပြီးတော့ ဝန်ကြီးဌာနတွေကို စာရင်းတွေတောင်းတော့ ပထမ အကြိမ်အစည်းအဝေးထိုင်ပြီးတော့ စဉ်းစားဆွေးနွေး ပြီးတော့ စာရင်းတွေပေးဆိုပြီးတော့ စာရင်းတွေတောင်း တယ်။ နောက်ပြီးတော့ ဒုတိယအကြိမ်တွေ့ပြီးတော့ သူတို့တင်တဲ့စာရင်းတွေပေါ် မူတည်ပြီးတော့မှ ငွေကြေး ဘယ်လောက် တန်ဖိုးရှိတယ်။ ပစ္စည်းဘယ်လောက် ဝယ်ရင် ဘယ်လောက်ကုန်မယ်ဆိုပြီး တွက်ပြီးတော့မှ ချေးမယ့်ငွေကြေးသန်းတစ်ရာနဲ့ကို ပြန်ပြီးချိန်ထိုးရတာ ပေါ့။ ချိန်ထိုးတဲ့အခါကျတော့ ပိုနေတဲ့ဝန်ကြီးဌာနကို ဟာ ခင်ဗျားတော့ ဒါကြီးကပိုနေပြီ။ ခင်ဗျားဘက် က ဒါလေးတော့ နည်းနည်းလျှော့လိုက်၊ ဟိုဘက်ကလဲ နည်းနည်းလျှော့လိုက်၊ ဟိုဘက်က နည်းနည်းလိုသေး တယ်။ နည်းနည်းပိုပေးလိုက်၊ ဒီလိုဟာမျိုး လုပ်ပေးခဲ့ရ တယ်။ အားလုံးမျှမျှတတပေါ့။

ဝန်ကြီးဌာနအားလုံးထိုင် တဲ့ အစည်းအဝေးနော်။ အဲဒီလိုပေးပြီးတော့မှ သန်း တစ်ရာအတွင်းမှာ အားလုံးပါဝင်တဲ့အခါကျတော့ အဲဒါ ကို ဘဏ်ဍာရေးဝန်ကြီးဌာနနဲ့ ဟိုဘက်က ဘဏ်ဍာရေး ဝန်ကြီးဌာနနဲ့ နှစ်ဖက်ညှိပြီးတော့မှ ဘဏ်ဘဏ်ချင်း လုပ်ရမယ်။ ချေးငွေကို ဘဏ်ဘဏ်ချင်း လုပ်ရမယ်။ အတိုး နှုန်းဆပ်ပုံ၊ အတိုးနှုန်းဆပ်ရမယ့်ဟာ ပြန်ဆပ်ရမယ့်အချိန် ကာလ ကျွန်တော်တောင်းတာ ၁၅နှစ်၊ ၁၅နှစ်နေမှ ပြန်ဆပ်မယ်နော်၊ နောက်ပြီးတော့မှ အဲဒီအချိန်တုန်းက အတိုးနှုန်းပေးတာကို နိုင်ငံတကာမှာ ကျင့်သုံးနေတာက ငါးရာခိုင်နှုန်းလောက်ရှိတယ်။ ကျွန်တော်က ဒီမယ် ဘယ်လောက်တောင်းတယ်ထင်လဲ နှစ်ရာခိုင်နှုန်းပဲ တောင်းတယ်။ ဒါ နှစ်ရာခိုင်နှုန်းလို့ ကျွန်တော်ထင်တယ်။ နည်းနည်းလွဲချင်လဲလွဲမယ်။ အဲဒါနဲ့ ဘဏ်ဘဏ်ချင်း ဆွေးနွေးပြီး ဘဏ်ဘဏ် ချင်းလက်မှတ်ထိုးတာတို့ဘာ တို့လုပ်ကြတာပေါ့။ ကျွန်တော်က ပါးစပ်နဲ့လုပ်မယ်ပဲ ပြောတာ၊ ဝန်ကြီးဌာနတွေက သူ့ဘာသာဆက်ပြီးလုပ် ကြတာပေါ့ဗျာ။ အစည်းအဝေးထိုင်ပြီးတော့ ဆက်လုပ် တာပေါ့။ ငွေရေးကြေးရေးနဲ့ပတ်သက်လို့ကတော့ ဘဏ်ဘဏ်ချင်း ဆက်လုပ်ကြတာပေါ့။ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့တော့ ဘဏ်ဍာရေးဝန်ကြီးဌာနက အဓိက ပေါ့။ ဒီလိုကိုင်တွယ်ပြီးတော့လုပ်တာ။ ဒီချေးငွေတွေနဲ့ ပတ်သက်ပြီးတော့လည်း တိုင်းပြည်အတွက် လုပ်တာကို ကောလဟလတွေထွက်လိုက်သေးတယ်။


မေး-ဟုတ်ကဲ့ပါအဘ။ အဘလက်ထက်တုန်းကဆို ရင်လဲ ကျောင်းသားအားကစားပွဲတော်တွေလုပ်ခဲ့တာ တွေလဲ ရှိတာဆိုတော့လေ။

ဖြေ- အဲ့ဒီလိုအားကစားပွဲတော်တွေ၊ မြင်းပွဲတော်တွေ၊ လှေသဘင်ပွဲတော်တွေလုပ်ခဲ့တာ မျိုးချစ်စိတ်ဓာတ်နဲ့ လုပ်ခဲ့တာ၊ မျိုးချစ်စိတ်ဓာတ်ကိုဖော်ညွှန်းတာ၊ အမျိုး သားအားကစားပွဲတော်ကြီးလုပ်တယ်။ အားကစားကို တိုးတက်လာအောင်လို့လုပ်တာ။ ကျောင်းသားအား ကစားပွဲတော်တွေ လုပ်တယ်။ ကျောင်းသားတွေ တက် တက်ကြွကြွနဲ့ အားကစားမှာ ထက်မြက်လာအောင် လုပ်ပေးခဲ့တာဖြစ်တယ်။ နောက်ပြီးတော့ အမျိုးသား စိတ်ပေါ့လေ။ မျိုးချစ်စိတ်တွေပေါ်လာအောင် မြင်းခင်း သဘင်တွေ အောင်ဆန်း ကွင်းထဲမှာလုပ်ခဲ့တယ်။ အဲဒီလိုဗျာ။ ကျွန်တော်ကတော့ အဲဒီလိုပေါ့ဗျ။ လူမျိုးရဲ့ဂုဏ်၊ လူမျိုးရဲ့ယဉ်ကျေးမူ၊ လူမျိုးရဲ့သိက္ခာတက် အောင်လို့ ဒီပွဲတော်မျိုး ကျွန်တော်လုပ် ပေးခဲ့တာ။ ဆိုကရေးတီး လဲ ကျွန်တော်လုပ်ခဲ့တာပဲလေ။

မေး-ဟုတ်ကဲ့ပါအဘ။ ဆိုကရေးတီးကတော့ အခု ချိန်ထိ ရှိပါသေးတယ်။ ဒါပေမဲ့ ကျောင်းသားအား ကစားပွဲတော် အမျိုးသားအားကစား တွေ မရှိတော့တဲ့ အတွက် အဲဒီအပေါ်မှာလဲ အကြံပြုပြောကြားပေး စေချင်ပါတယ်။

ဖြေ- အဲဒါကတော့ကွယ်။ လက်ရှိအစိုးရကတော့ ကွယ်၊ လိုအပ်တယ်ထင်ရင်တော့ သူတို့လုပ်မှာပေါ့လေ။ သူတို့စိတ်ထဲမှာ မလိုအပ်သေးဘူး လို့ဆိုရင်တော့လဲ လုပ်မှာမဟုတ်သေးဘူးလေ။

မေး-လက်ရှိလူငယ်တွေကိုရော အဘဘယ်လို Message ပေးချင်ပါသလဲ။

ဖြေ- လူငယ်တွေက ထက်မြက်ပါတယ်ဗျာ။ လူငယ် တွေကို သိပ်ပြီးအားကျတယ်။ ကျွန်တော်တို့ မတတ်ခဲ့တာတွေ အခုလူငယ်တွေတတ်တယ်။ ကျွန်တော်တို့ မသင်ခဲ့ရတာတွေကို အခုလူငယ်တွေ သင်နေရတယ်။ကျွန်တော်တို့ မရခဲ့တဲ့ ဗဟုသုတတွေကို အခုလူငယ် တွေရနေတယ်။ ဆိုတော့ဒီလူငယ်တွေ သိပ်ထက်မြက် တာဗျာ။ အဲဒီလူငယ်တွေက တိုင်းပြည်ရဲ့ တိုးတက်ရာ တိုးတက် ကြောင်းအတွက် လုပ်နိုင်တဲ့ အရည်အသွေး တွေ သူတို့မှာရှိတယ်။ အဲဒါကြောင့် လူငယ်တွေဟာ တိုင်းပြည်ရဲ့ အခန်းကဏဍမှာ သိပ်အရေးပါတယ်။ ဒီလူငယ်တွေဟာ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးမှာ အားတက်သရောနဲ့ ပါဝင်ကြမယ်ဆိုရင် ပါဝင်နိုင်တဲ့ အခွင့် အလမ်းတွေရလို့ ပါဝင်လာကြမယ်ဆိုရင်တော့ တိုင်း ပြည် မြန်မြန်ဆန်ဆန် တိုးတက်မှာပဲဗျာ။

မေး-အဘအနေနဲ့ နံပါတ်တစ်အချက်ပေါ့။ ဒီအစိုးရ သစ်မှာ သမ္မတကြီး ဦးသိန်းစိန်က တာဝန်ထမ်းဆောင် နေတာကြောင့် အစိုးရသစ်ကို အဘအကြံပြုပြောချင်တာ တစ်ခုရယ်၊ နောက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို စတင်နေတဲ့အချိန်မှာ ဒီမိုကရေစီကိုစတင်ခံစားနေရပြီ လို့ပြောလို့ ရတဲ့ပြည်သူတွေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ် ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဆိုတော့ ညီမလေးလို့ အဘပြောခဲ့ တာရှိပါတယ်။ အဲဒီအဘရဲ့ ညီမလေးလို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရယ် ပြီး တော့ ပြည်သူရယ် အားလုံးကိုခြုံပြီးတော့ ဘာများ Massage စကား ပြောချင်ပါသလဲ အဘခင်ဗျား။

ဖြေ-သမ္မတကြီး ဦးသိန်းစိန်ရယ်။ ဒေါ်အောင် ဆန်းစုကြည်ရယ်၊ ပြည်သူရယ် အဲ့ဒီ သုံးဦးသုံးဖလှယ် က အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နဲ့ တက်ညီလက်ညီနဲ့ နိုင်ငံတော်ရဲ့ ကောင်းစားရေးအတွက် ကို ဝိုင်းလုပ်ကြမယ်ဆိုရင် တိုင်းပြည်မြန်မြန်ဆန်ဆန် တိုးတက်မှာပေါ့ဗျာ။ သိပ်ကောင်းတာပေါ့ဗျာ။ အဲဒီဟာကို ကျွန်တော်သိပ်ပြီးတော့မှ ဆန္ဒရှိတယ်။ ကျွန်တော်ကတော့ အကြံဉာဏ် ပေးမယ်လေ။ အကြံဉာဏ် တောင်းရင် အကြံဉာဏ်ပေးမှာပေါ့။

အခုလိုအချိန်ပေးပြီး တွေ့ဆုံမေးမြန်းခွင့်ပြု တဲ့အဘကို ကျွန်တော်တို့ ဖလားဝါးနယူးစ်ဂျာနယ်က အထူးကျေးဇူးတင်ရှိပါတယ်။

ကျွန်တော်လဲ ဖလားဝါးနယူးစ်ဂျာနယ် ကနေ ယခုလိုဖြေကြားခွင့်ရတဲ့အတွက် ကျေးဇူးတင် ပါတယ်ဗျာ။

Myanmar Express