Subscribe to our RSS Feed

အကယ်ဒမီပေးပွဲ ဓာတ်ပုံများ နှင့် အဖွင့်မိန့်ခွန်း

အကယ်ဒမီ ဆုရရှိသွားကြသူများ


ဒုတိယ သမ္မတကြီး ဒေါက်တာစိုင်းမောက်ခမ်း နှင့် ဇနီး


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၏ မိန့်ခွန်းအပြည့်အစုံမှာ

ကြွရောက်အားပေးချီးမြှင့်ကြတဲ့ ဧည့်သည်တော်များ၊ ရုပ်ရှင်ပညာရှင်များနဲ့ ရုပ်ရှင်ချစ် ပရိသတ်များ ခင်ဗျား -

၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်သည့်အခမ်းအနားကို တက်ရောက် အားပေးချီးမြှင့်တဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီး၊ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ် အဖွဲ့ဝင်များနှင့် ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့ဝင်များ၊ ပြည်ထောင်စုနေ့ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ သဘင်အစည်းအရုံး၊ ဂီတအစည်းအရုံးနဲ့ အခြားသော အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ်္ဂိုလ်များ၊ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ၊ ဧည့်သည်တော်များနဲ့ ရုပ်ရှင်ချစ် ပရိသတ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး မင်္ဂလာအပေါင်း ခညောင်း ပြည့်စုံပါစေလို့ ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ယခုလို မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို စုံစုံညီညီ သိုက်သိုက်ဝန်းဝန်း ကြွရောက်အားပေး ကြတဲ့အတွက်လည်း အထူးပဲ ကျေးဇူးတင် ၀မ်းမြောက်မိပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။

ဒီည ကျင်းပတဲ့ အခမ်းအနားမှာ၂၀၁၀ ခုနှစ်အတွင်း ထုတ်လုပ် ရုံတင်ပြသခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကားများ ထဲက ထူးချွန်တဲ့ အနုပညာရှင်များ၊ အတတ်ပညာရှင်များကို စိစစ်ရွေးချယ်ပြီး အကယ်ဒမီ ထူးချွန်ဆုများ ချီးမြှင့် ပေးအပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက် မြင့်မားစေရေးကို ရှေးရှုလျက် နိုင်ငံတော်က ၁၉၅၂ ခုနှစ်က စပြီး ပေါ်ပေါက်လာတဲ့ အစိုးရအဆက်ဆက်မှ နှစ်စဉ် ရုပ်ရှင်အကယ်ဒမီ ရွှေစင်ဆုများ ရွေးချယ်ချီးမြှင့်ခဲ့ရာ ယခုအခါတွင် ထူးချွန်ဆု အမျိုးအစား ၁၁ မျိုးကို ချီးမြှင့်ပေးလျက်ရှိပြီး ဒီကနေ့ထိ ချီးမြှင့်ပေးခဲ့ပြီးတဲ့ ထူးချွန်ဆုပေါင်းဟာ ၃၂၈ ဆုအထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။

ကြွရောက်အားပေးချီးမြှင့်ကြတဲ့ ဧည့်သည်တော်များ၊ ရုပ်ရှင်ပညာရှင်များနဲ့ ရုပ်ရှင်ချစ် ပရိသတ်များ ခင်ဗျား -

မြန်မာ့ရုပ်ရှင်သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် ရုပ်ရှင်လောကသားများအနေနဲ့ ရုပ်ရှင်လောကအကျိုး၊ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် စစ်ကြိုခေတ်ကာလ အတွင်းမှာလည်းကောင်း ၊ လွတ်လပ်ရေး ကြိုးပမ်းမှု အကြို ကာလ တစ်လျှောက်လုံးမှာ လည်းကောင်း၊ နယ်ချဲ့နဲ့ ဖက်ဆစ်ကို တော်လှန်တဲ့ လွတ်လပ်ရေးကြိုးပမ်းမှု ကာလများမှာ လည်းကောင်း၊ ဒါ့အပြင် လွတ်လပ်ရေးကို ကာကွယ် ထိန်းသိမ်းခဲ့ရတဲ့ ကာလများနဲ့ ယနေ့ မျက်မှောက် နိုင်ငံတော်သစ် တည်ဆောက်ရေး ကာလများမှာလည်းကောင်း၊ မိမိတို့ကျရာ အခန်းကဏ္ဍကနေ တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ခေတ်ကာလအသီးသီးမှာ ရုပ်ရှင် အတတ်ပညာ အသိပညာ ထူးချွန်ကြတဲ့ ရုပ်ရှင်လောကသားများကို အခုလို ဆုများ ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ် ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့မှာလည်း နိုင်ငံနဲ့ လူမျိုး အကျိုး ၊ အမျိုးသားရေးအကျိုးတို့ကို အစဉ်ရှေးရှုပြီး အနုပညာ ဖြင့် တိုင်းကျိုးပြည်ပြု တာဝန်ကျေပွန်ခဲ့ကြတဲ့ အနုပညာရှင် အများအပြားကို နိုင်ငံတော်သမ္မတကြီးက စည်သူဘွဲ့များ ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။ ထို့အတူ ယခုနှစ် ကျင်းပတဲ့ ရုပ်ရှင်အကယ်ဒမီဆု ချီးမြှင့်ပွဲ အခမ်းအနားကိုလည်း ပိုမိုဆန်းသစ် ခမ်းနား ကောင်းမွန်အောင် IT နည်းပညာကို အသုံးပြု ဆောင်ရွက်ပေးထားတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။

ကြွရောက်အားပေး ချီးမြှင့်ကြတဲ့ ဧည့်သည်တော်များ၊ ရုပ်ရှင်ပညာရှင်များနဲ့ ရုပ်ရှင်ချစ် ပရိသတ်များ ခင်ဗျား -

ပြည်သူများရဲ့ ရွေးချယ်တင်မြှောက်မှုနဲ့ ယနေ့ တိုင်းပြည်တာဝန် ထမ်းဆောင်နေတဲ့ မိမိတို့ ပြည်ထောင်စုအစိုးရသည် ပြည်သူများ လိုလားတောင့်တသည့်အတိုင်း နိုင်ငံတော်၏ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး ၊ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားရေး ၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံသားများ၏ မူလအခွင့်အရေးများ ရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေး အဆင့်အတန်း မြှင့်တင်ရေး၊ စီးပွားရေးပြုပြင် ပြောင်းလဲရေး၊ နိုင်ငံနှင့် ပြည်သူတို့၏ အနာဂတ် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် မြင့်မားရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး လုပ်ငန်းများကို ကိုယ်စွမ်းဉဏ်စွမ်း ရှိသမျှ ပြုပြင်ပြောင်းလဲ တိုးမြှင့်ဆောင်ရွက်လျက် ရှိပါတယ်။ ဒါကြောင့်လည်း အစိုးရသစ်ရဲ့ ၁၀ လတာ ကာလအတွင်း နိုင်ငံတကာကပါ အံ့သြ အသိအမှတ်ပြုရလောက်အောင် နိုင်ငံရေး၊ စီးပွားရေး၊ ဒီမိုကရေစီရေး၊ လူမှုရေးစတဲ့ ဘက်စုံ၊ ထောင့်စုံ ကဏ္ဍစုံမှာ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများ ရရှိခဲ့တာကို တွေ့မြင်ရမည်ဖြစ်ပါတယ်။

ဒီလို ပြုပြင်ပြောင်းလဲ တိုးမြှင့်ဆောင်ရွက်ရာမှာလည်း အခြေခံဥပဒေနဲ့အညီ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ် ရေး မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့ကို တည်ဆောက်ပြီး ဒီမိုကရေစီကျင့်စဉ်အတိုင်း သီးခြားစီ လွတ်လပ်စွာဆောင်ရွက် ခြင်း၊ တစ်ဖက်မှလည်း အပြန်အလှန် ထိန်းညှိခြင်းတို့ဖြင့် ဖော်ဆောင်လျက်ရှိ ပါတယ်။ ထို့အတူ မဏ္ဍိုင် ၃ ရပ်ကို ထိန်းကျောင်းပေးရမယ့် စတုတ္ထမဏ္ဍိုင်လို့ တင်စားကြတဲ့ သတင်းမီဒီယာကဏ္ဍကိုလည်း လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားတို့ကို ယှဉ်တွဲကျင့်သုံးပြီး ထိန်းကျောင်းပေးနိုင်အောင်နဲ့ ၎င်းင်းကိုယ်တိုင်လည်း စတုတ္ထ မဏ္ဍိုင်ရဲ့ အရည်အချင်းများနဲ့ ပြည့်စုံအောင် ကြိုးပမ်းဖော်ဆောင်ပေးလျက် ရှိနေပါတယ်။

စတုတ္ထမဏ္ဍိုင်ထဲမှာ အပါအ၀င်ဖြစ်တဲ့ ပြည်သူကို ပညာပေးခြင်း၊ ပြန်ကြားပေးခြင်း၊ ဖျော်ဖြေပေးခြင်းတို့ကို ဆောင်ရွက်ပေးနေတဲ့ ရုပ်ရှင် ဗီဒီယိုလောကနဲ့ ပတ်သက်လို့လည်း ယခင်က ကျင့်သုံးဆောင်ရွက်ခဲ့တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို ဆင်ဆာ စည်းကမ်းချက် ၁၀ ရပ် အနက် ၄ ရပ်ကို လျော့ပေါ့ပေးခဲ့ပြီး အနုပညာကို ပိုမိုကျယ်ပြန့်စွာ ဖန်တီး ဖော်ကျူးနိုင် အောင် ခွင့်ပြုပေးနေပြီ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာလည်း ရုပ်ရှင် ဗီဒီယို အနုပညာရှင် အတတ်ပညာရှင်များ အနေနဲ့ လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားဟူသည့် အချက် ၂ ချက်ကို ယှဉ်တွဲကျင့်သုံးပြီး မိမိတို့ရဲ့ အနုပညာကို ဖန်တီး တီထွင် ဖော်ကျူးသွားကြရမှာ ဖြစ်ပါတယ်။ လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရား ပြည့်ဝကောင်းမွန်လာတာနဲ့အမျှ ကျန်ရှိတဲ့ ဆင်ဆာမူတွေအနက်က ထပ်မံ ဖြေလျှော့သင့်တာတွေကို ဖြေလျှော့ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါကလည်း ရုပ်ရှင်လောကသားများအနေနဲ့ ရုပ်ရှင်လောကအကျိုး တိုင်းပြည်နဲ့ လူမျိုးအကျိုး အခြေခံပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် သိုက်သိုက်ဝန်းဝန်း ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ အစဉ်အလာကောင်းတွေကို တိုးတက်ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ လွတ်လပ်စွာ ဆက်လက်ထိန်းသိမ်း မြှင့်တင် ဖော်ဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

ကြွရောက်အားပေးချီးမြှင့်ကြတဲ့ ဧည့်သည်တော်များ၊ ရုပ်ရှင်ပညာရှင်များနဲ့ ရုပ်ရှင်ချစ် ပရိသတ်များ ခင်ဗျား -

ထွန်းပြောင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင် သမိုင်းအစဉ်အလာကောင်းကို ထိန်းသိမ်းမြှင့်တင်နိုင်ဖို့အတွက်ဆိုရင် ခေတ် ကာလအခြေအနေနဲ့ ညီညွတ်တဲ့ ရည်ရွယ်ချက် တိတိကျကျရှိဖို့ လိုအပ်မှာ အမှန်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးနဲ့ ရုပ်ရှင်လောကသားများ ဆောင်ရွက်ကြရမယ့် ရည်ရွယ်ချက် ၅ ရပ်ကို ကျွန်တော့်အနေနဲ့ အခါအခွင့် သင့်တိုင်း မကြာခဏ ရှင်းလင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ယခုလည်း အခွင့်သင့်တုန်း ရုပ်ရှင်လောကသားများ ထပ်မံ သိရှိ ကြိုးပမ်းနိုင်အောင် ပြန်လည်ေ ပြာကြားလိုပါတယ်။ အဲဒီ ရည်ရွယ်ချက်တွေကတော့ -

(၁) ရုပ်ရှင်လောကသားများ၏ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုလောက ဖွံ့ဖြိုး တိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးကို အလေးထား ဆောင်ရွက်ရန်။

(၂) မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်မှု စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြရန်။

(၃) မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများရဲ့ အဆင့်အတန်း၊ အရည်အသွေး မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ကြရန်။

(၄) မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ပြည်ပသို့ ထိုးဖောက်ပြသပြီး ဈေးကွက်ရရှိအောင် ဆောင်ရွက်ကြရန်။

(၅) နိုင်ငံတော်၏အမျိုးသားရေး တာဝန်များကို နိုင်ငံတော်အစိုးရနဲ့အတူ လက်တွဲ ပူးပေါင်းထမ်းဆောင်ကြရန်။

ဆိုတဲ့ အချက်များပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဦးဆောင်မှုနဲ့ ရုပ်ရှင်လောကသားများက အဓိကထား ဆောင်ရွက်သင့်တဲ့ အချက် ၅ ချက်ကိုလည်း ရုပ်ရှင်လောကသားများ ထပ်မံ သိရှိ ကြိုးပမ်းနိုင်အောင်နဲ့ အလေးထား ပူးပေါင်းဆောင်ရွက်နိုင်အောင် ကျွန်တော် ပြန်လည်ပြောကြားလိုပါတယ်။ အဲဒီအချက်တွေကတော့ -

(၁) နိုင်ငံတော်၏ မူဘောင်နဲ့အညီ ခေတ်မီ Studio များကိုလည်း တစ်ဦးတည်း ဖြစ်စေ၊ အများနဲ့ဖြစ်စေ ပူးပေါင်း အကောင်အထည်ဖော် တည်ဆောက်ရန်။

(၂) ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ခြင်း၊ ကူးဆေးခြင်း၊ ပြည်တွင်းသာမက ပြည်ပမှာပါ ပြသခြင်းလုပ်ငန်းများကို ပြည်ပနိုင်ငံများနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရန်။

(၃) ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ပြသမှုကို Analogue မှ Digital သို့ ကူးပြောင်းနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက် ကြရန်။

(၄) ပုဂ္ဂလိကပိုင်နဲ့ နိုင်ငံတော်ထံမှ ငှားရမ်း လုပ်ကိုင်နေသည့် ရုပ်ရှင်ရုံများကို အသံစနစ်၊ ပြသမှုစနစ်များ ခေတ်မီအောင် ပြုပြင် တည်ဆောက်သွားကြရန်။

(၅) တစ်ပြိုင်နက်တည်း နိုင်ငံတကာအဆင့်မီ Cinema Complex များ၊ Digital Cinema ရုပ်ရှင်ရုံများ ပေါ်ပေါက်လာအောင် ဆောင်ရွက်ကြရန်။

ဆိုတဲ့ အချက်များပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကိုကြည့်ရင် မြန်မာ့ရုပ်ရှင်လောကနဲ့ ရုပ်ရှင်လောကသားများ အကျိုး အတွက် ဦးတည် တိုက်တွန်း နှိုးဆော်ချက်များဖြစ်တာ ထင်ရှားနေတဲ့အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ရော၊ ရုပ်ရှင်လောကသားများ အားလုံးကပါ ဒီအချက်တွေကို အဓိက လိုအပ်ချက်များအဖြစ် ခံယူပြီး ယခု လက်ရှိ ဆောင်ရွက်နေကြတာတွေထက် ပိုမို အရှိန်အဟုန်မြှင့်တင်ကာ နည်းလမ်းပေါင်းစုံနဲ့ အလေးထား ကြိုးပမ်းဆောင်ရွက်သွား ကြဖို့ ထပ်မံတိုက်တွန်း မှာကြားလိုပါတယ်။

ဒါ့အပြင် ၂၀၀၅ ခုနှစ်ကတည်းက ဆွေးနွေးချမှတ် မှာကြား အကြံပြုခဲ့တဲ့ ရုပ်ရှင်လောက တိုးတက်ရေး လုပ်ငန်းစဉ် ၁၂ ရပ်ကိုလည်း ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြီး ရုပ်ရှင်လောကသားအားလုံး တက်ညီလက်ညီ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြပါလို့ ထပ်မံ တိုက်တွန်း မှာကြားလိုပါတယ်။ အဲဒီလုပ်ငန်းများ အောင်မြင် စေရန်အတွက် ပူးပေါင်း ဆောင်ရွက်ကြတဲ့နေရာမှာ အခက်အခဲတွေ၊ ၀ိရောဓိတွေ အများအပြားနဲ့ ကြုံတွေ့ကောင်း ကြုံတွေ့နေကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကြုံတွေ့လာတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက် ကြရာမှာ -

(၁) ရုပ်ရှင်နဲ့ ဗီဒီယိုလောက ဖွံ့ဖြိုး တိုးတက်ရေးဆိုတဲ့ ရည်ရွယ်ချက်၊

(၂) အတ္တ ပရ မျှတစွာ ဆောင်ရွက်မှု၊

(၃) ဇွဲ၊ လုံ့လ၊ ၀ီရိယနဲ့ ကြိုးပမ်းဆောင်ရွက်မှု၊

(၄) စည်းလုံး ညီညွတ်မှု၊

(၅) ပူးပေါင်းဆောင်ရွက်မှု၊

(၆) စိတ်ရှည် သည်းခံ နားလည်ခွင့်လွှတ်မှုဆိုတဲ့ အချက်တွေကို အခြေခံပြီး ပူးပေါင်း ဖြေရှင်းဆောင်ရွက်သွား ကြမယ် ဆိုရင် မအောင်မြင်နိုင်စရာ မရှိဘူးလို့ ယုံကြည်မိပါတယ်။ ဒီလို အောင်မြင်နိုင်ဖို့အတွက် ၀န်ကြီး ဌာန အနေနဲ့လည်း အတတ်နိုင်ဆုံး ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဆက်လက်ပြီးတော့ လည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း တစ်ပါတည်း ပြောကြားလိုပါတယ်။

ဒီနေရာမှာ တစ်ဆက်တည်း ပြောကြားလိုတာကတော့ နိုင်ငံတော်က မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်အောင် အားပေးချီးမြှင့်ခြင်း၊ ထိန်းကျောင်းပေးခြင်း မျှမျှတတဖြစ်စေမယ့် ရည်ရွယ်ချက်တွေ၊ လမ်းညွှန်ချက်တွေ ၊ လုပ်ငန်းစဉ်တွေ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ပေးနေသလို ရုပ်ရှင်လောကသားများ မှီခိုအားထားရာဖြစ်တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးရဲ့ အလုပ်အမှုဆောင်အဖွဲ့ကိုလည်း ရုပ်ရှင်လောကသားများရဲ့ ဆန်္ဒနဲ့အညီ မှီခို အားထားထိုက်တဲ့သူတွေနဲ့ ပြန် လည် ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ထို့အတူ နောင် ဆက်လက်ကျင်းပမယ့် ရုပ်ရှင် အကယ်ဒမီဆု ချီးမြှင့်ပွဲများကိုလည်း ညှိနှိုင်းပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီလိုပဲ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုလောကသားများအတွက် ဖွဲ့စည်းဆောင်ရွက်ပေးနေရတဲ့ အဖွဲ့တွေမှာ လည်း ရုပ်ရှင်နဲ့ ဗီဒီယိုလောကသားများရဲ့ ကိုယ်စားလှယ်တွေကို ပြဋ္ဌာန်းထားတဲ့ ဥပဒေစည်းမျဉ်း စည်းကမ်းနဲ့အညီ ပါဝင်ခွင့် ရှိရေးအတွက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းကိုပါ တစ်ပါတည်း ပြောကြားလိုပါတယ်။

ကြွရောက်အားပေးချီးမြှင့်ကြတဲ့ ဧည့်သည်တော်များ၊ ရုပ်ရှင်ပညာရှင်များနဲ့ ရုပ်ရှင်ချစ် ပရိသတ်များ ခင်ဗျား -

ဒီကာလတွေအတွင်း ကမ္ဘာ့ရုပ်ရှင်ထုတ်လုပ်မှု နည်းပညာတွေ အမျိုးမျိုး ပြောင်းလဲလာခဲ့သလို စက်ပစ္စည်းကိရိယာ အသစ်အသစ်တွေ အသုံးပြု ရိုက်ကူး ထုတ်လုပ်လာနိုင်ခဲ့တာကြောင့် ကမ္ဘာမှာ ရုပ်ရှင်အဆင့်အတန်းဟာ အဆင့်ဆင့် တိုးတက် မြင့်မားလာခဲ့တာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ထို့အတူ ထုတ်လုပ်မှု အဆင့်အတန်းနဲ့ လျှော်ညီတဲ့ ပြသမှု စနစ်တွေ တိုးတက်ပြောင်းလဲ အသုံးပြုလာတဲ့အတွက်လည်း ထူးခြားကောင်းမွန်တဲ့ အမြင်၊ အကြား ရသများကို ကြည့်ရှု ခံစားနိုင်ကြပြီ ဖြစ်ပါတယ်။

ဒီနေ့ မြန်မာ့ရုပ်ရှင်လောက အဆင့်အတန်းကိုကြည့်ရင် ဇာတ်လမ်းဇာတ်ကွက်အပိုင်း၊ သရုပ်ဆောင်မှု၊ ၀တ်စား ဆင်ယင်မှုအပိုင်း၊ှအကိငသ အပါအ၀င် ရိုက်ကူးရေး အထောက်အကူပြုအပိုင်း၊ ပြသမှုနဲ့ ရုပ်ရှင်ရုံဝန်ဆောင်မှုအပိုင်း၊ ပြည်ပဈေးကွက် ထိုးဖောက်ပြသနိုင်မှုအပိုင်း ၊ စက်မှုနည်းပညာအပိုင်းနဲ့ ထုတ်လုပ်သူအပိုင်း စတဲ့ လုပ်ငန်းအားလုံးလိုမှာ အားနည်းချက်၊ လိုအပ်ချက်တွေ၊ ရှိနေသေးတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ဒီ အားနည်း လိုအပ်ချက်တွေကို အတိုင်းအတာတစ်ခုအထိ ပြည့်မီအောင် ဖြည့်ဆည်းဆောင်ရွက်ပြီး ပြည်ပဈေးကွက်သို့ ထိုးဖောက်ပြနိုင်အောင် ကြိုးစား ဆောင်ရွက်နေကြတာကိုလည်း အားတက်ဖွယ် တွေ့ရှိရပါတယ်။

ယခုလို ရုပ်ရှင်ထုတ်လုပ်မှု အဆင့်အတန်း မြင့်မားလာသလို၊ ပြသမှုအပိုင်းက အဆင့်အတန်း မြင့်မားလာရန် လည်း လိုအပ်ပါတယ်။ ဒါမှသာ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်နိုင်ငံလုံးရှိ ရုပ်ရှင် ပြသရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပြီး ရုပ်ရှင်ရုံများ ခေတ်မီ အဆင့်အတန်းမြင့်မားအောင် ပြုပြင်ဆောင်ရွက်ရမယ့် အချက်များကိုလည်း ချမှတ် အကြံပြုခဲ့ပြီး ဖြစ်ပါတယ်။ တစ်ဖက်ကလည်း နိုင်ငံတကာအဆင့်မီ ခေတ်မီ အဆင့်မြင့် ရုပ်ရှင်ရုံများ တည်ဆောက်ရေးကိုလည်း အားပေးခဲ့ပါတယ်၊ ဒါကြောင့်လည်း ယခုအခါ နေပြည်တော်မှာ 3D စနစ်နှင့် ကြည့်ရှုနိုင်သော ရုပ်ရှင်ရုံတစ်ရုံ အပါအ၀င် ခေတ်မီ အဆင့်မြင့် ရုပ်ရှင်ရုံ သုံးရုံ ပေါ်ပေါက်လာခဲ့ပြီး ဖြစ်ပါတယ်။ ထို့အတူ ရန်ကုန်မြို့မှာလည်း နိုင်ငံတကာအဆင့်မီ ခေတ်မီရုပ်ရှင်ရုံများကို ၃ီ စနစ်ဖြင့် ကြည့်ရှုနိုင်သော ရုပ်ရှင်ရုံများ အပါအ၀င် ယခုနှစ်အတွင်းမှာ မကြာမီ လပိုင်းများအတွင်း ထပ်မံဖွင့်လှစ်နိုင်တော့မှာ ဖြစ်ပါတယ်။ အလားတူ မန္တလေး မှာလည်း အသစ်တည်ဆောက် ဖွင့်လှစ်နိုင်တော့မှာ ဖြစ်ပါတယ်။ ယနေ့အခါ ကမ္ဘာ့ရုပ်ရှင်ထုတ်လုပ်မှုနဲ့ ပြသမှုစနစ်ဟာ Digital စနစ်ကို ကူးပြောင်းလာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံအနေနဲ့လည်း ရုပ်ရှင် ထုတ်လုပ်မှု၊ ပြသမှုလုပ်ငန်းများကို Digital စနစ်နဲ့ ထုတ်လုပ်ပြသနိုင်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတစ်ခုနဲ့ ဒုတိယကမ္ဘာစစ်ကို အခြေခံတဲ့ ရုပ်ရှင် ဇာတ်ကား တစ်ကားကိုလည်း အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ပူးတွဲ ရိုက်ကူးထုတ်လုပ်နိုင်ရေးအတွက် ၂၀၀၇ ခုနှစ်ကပင် တစ်ဆင့်ပြီးတစ်ဆင့် ညှိနှိုင်းဆောင်ရွက်ခဲ့တာ ယခုအခါမှာတော့ ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုးရန် အဆင့်အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။ ထို့အတူ ပုဂ္ဂလိကနဲ့ အဖွဲ့အစည်းများရဲ့ ပြည်တွင်းမှာဖြစ်စေ၊ ပြည်ပနဲ့တွဲ၍ဖြစ်စေ၊ ရုပ်ရှင် ဗီဒီယို ရိုက်ကူး ထုတ်လုပ် ပြသမှုများကိုလည်း ပြန်ကြားရေး ၀န်ကြီးဌာနအနေနဲ့ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာရှိတဲ့ ရုပ်ရှင် ဗီဒီယိုအနုပညာရှင် အတတ်ပညာရှင်များ ဗဟုသုတနဲ့ ပညာရရှိရေး ပူးပေါင်းဆက်စပ် ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နေတဲ့ မိတ်ဘက်နိုင်ငံများနှင့် Seminar များ၊ Workshop များကို စတင် ကျင်းပပြုလုပ်ပေးနေပြီး ဆက်လက်ပြီးတော့လည်း ကျင်းပပြုလုပ်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကြွရောက်အားပေးချီးမြှင့်ကြတဲ့ ဧည့်သည်တော်များ၊ ရုပ်ရှင်ပညာရှင်များနဲ့ ရုပ်ရှင်ချစ် ပရိသတ်များ ခင်ဗျား -

ယနေ့အခါ ကမ္ဘာ့နိုင်ငံအသီးသီးဟာ အရာရာကို မိမိတို့ရဲ့ အမျိုးသား အကျိုးစီးပွားအပေါ် အခြေခံပြီးမှသာ ဆုံးဖြတ် ဆောင်ရွက်နေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ ထို့အတူ ကျွန်တော်တို့နိုင်ငံမှာ ပါတီစုံဒီမိုကရေစီကို ကျင့်သုံး ကြရာမှာလည်း ပါတီများ၊ နိုင်ငံရေးသမားများ၊ ပြည်သူများအနေနဲ့ အတွေးအခေါ် အယူအဆ နိုင်ငံရေးဝါဒများ ကွဲပြား ကြမှာ ဖြစ်သော်လည်း အားလုံးက အမျိုးသား အကျိုးစီးပွားပေါ် အခြေခံ၍ သဘောထားမတူတာတွေ ဘေးဖယ်ပြီး တူတာတွေ ပေါင်းစပ်ဆောင်ရွက်ကြရမှာသာ ဖြစ်ပါတယ်။ ဒါမှသာ ဒီမိုကရေစီစနစ်အတွင်းကနေ တိုင်းပြည်နဲ့ လူမျိုး အကျိုးကို ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်လောကသားများ အပါအ၀င် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ Media လောကသားအားလုံးကလည်း အမျိုးသားအကျိုးစီးပွား ဘက်တော်သား Media သမားကောင်းများဖြစ်အောင် ကျင့်သုံး ရပ်တည် ဆောင်ရွက်သွားကြဖို့ အထူးအရေးကြီးကြောင်း ပြောကြားလိုပါတယ်။

ဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း အောက်ပါအချက်များကို လေးစားလိုက်နာကျင့်သုံးဖို့ တိုက်တွန်းပြောကြား လိုပါတယ်။ ဒါတွေကတော့ -

- ဒီမိုကရေစီ မှန်မှန်ကန်ကန်နဲ့ အနှစ်သာရရှိရှိ ကျင့်သုံး ဆောင်ရွက်နိုင်စေရန်၊ စတုတ္ထမဏ္ဍိုင်ပီသစွာ ရပ်တည် ထိန်းကျောင်း ဆောင်ရွက်ရန်။

- အမျိုးသား အကျိုးစီးပွားကို အခြေခံ၍ ဆောင်ရွက်ရန်။

- ရုပ်ရှင်နှင့် ဗီဒီယို လောကအတွင်း ညီညွတ်မှုရှိသော ဒီမိုကရေစီ (Unity in democracy)ဖြစ်အောင် ကျင့်သုံး ဖော်ဆောင်ရန်။

- စည်းကမ်းနှင့် ဥပဒေကို လိုက်နာပြီး လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရားတို့ကို ယှဉ်တွဲ ကျင့်သုံး ဆောင်ရွက်ရန်။

- လွတ်လပ်စွာ အနုပညာကို ဖော်ကျူးသော်လည်း ပြည်သူအတွက် အဆိပ်အတောက် မဖြစ်စေရေး ထိန်းသိမ်း ဆောင်ရွက်ရန်တို့ပဲ ဖြစ်ပါတယ်။

ကြွရောက်အားပေးချီးမြှင့်ကြတဲ့ ဧည့်သည်တော်များ၊ ရုပ်ရှင်ပညာရှင်များနဲ့ ရုပ်ရှင်ချစ် ပရိသတ်များ ခင်ဗျား -

မကြာမီအချိန်အတွင်းမှာ ၂၀၁၀ ခုနှစ်အတွက် ထူးချွန်ဆုများကို တစ်ဆုချင်း ကြေညာပြီး ချီးမြှင့်တော့မှာ ဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရာမှာလည်း ယခင်နှစ်များနည်းတူ ရုပ်ရှင်ဥပဒေပါ အခြေခံမူ ၇ ရပ်ကို အခြေ ခံပြီး ရုပ်ရှင် ဂီတ စာပေ နယ်ပယ်က အနုပညာရှင်၊ အတတ်ပညာရှင် အင်အား ထက်ဝက်ကျော်ပါရှိတဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ရေး အကဲဖြတ်အဖွဲ့ အဆင့်ဆင့်က ထူးချွန်ဆု တစ်ဆုချင်းကို သတ်မှတ်ပေးထားတဲ့ စံချိန် စံညွှန်းများနဲ့အညီ ဆန်းစစ်စိစစ် ရွေးချယ် အကဲဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၁၅ ကားကို အပြန်ပြန် အထပ်ထပ် ကြည့်ရှု အကဲဖြတ်ကာ အရည်အသွေးကိုအခြေခံပြီး အရည်အသွေး ပြည့်မီသူ၊ ထိုက်တန်သူများကိုသာ သက်ဆိုင်ရာ ဆုအလိုက် စိစစ်ရွေးချယ်ထားတာလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာ ထူးချွန်ဆု ဆွတ်ခူးကြတဲ့ ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်များအနေနဲ့ ထပ်ဆင့် ထူးချွန်ဆုများရရှိအောင် ဆက်လက် ကြိုးပမ်း သွားကြဖို့နဲ့ ဆုမရရှိသေးတဲ့ ပုဂ်္ဂိုလ်များအနေနဲ့လည်း နောင်နှစ်များမှာ ထူးချွန်ဆုများ ဆက်လက်ဆွတ်ခူးနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်း မှာကြားလိုပါတယ်။

ကြွရောက်အားပေးချီးမြှင့်ကြတဲ့ ဧည့်သည်တော်များ၊ ရုပ်ရှင်ပညာရှင်များနဲ့ ရုပ်ရှင်ချစ် ပရိသတ်များ ခင်ဗျား -

ရုပ်ရှင်အနုပညာရှင်များ၊ အတတ်ပညာရှင်များဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု၊ လွတ်လပ်ရေး ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှု၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနဲ့ တိုးတက်ဖွံ့ဖြိုးရေး ကြိုးပမ်းမှုများမှာ အတိတ်သမိုင်းကြောင်းတစ်လျှောက် တက်ကြွ စည်းလုံးညီညွတ်စွာ ပါဝင်ခဲ့ကြသလို ဒီကနေ့ခေတ် မျက်မှောက်ကာလမှာလည်း နိုင်ငံတော်အတွက် တက်ကြွညီညွတ်စွာ ပူးပေါင်းပါဝင်နေကြတာ တွေ့မြင်နေရပါတယ်။ အနာဂတ်မှာလည်း ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ပြည်သူပြည်သားတိုင်း လိုက်နာ ဆောင်ရွက်ရမယ့် တာဝန်များကို ဦးထိပ်ထားပြီး အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မယ့် စတုတ္ထမဏ္ဍိုင် ရဲ့ ဘက်တော်သားကောင်းများပီပီ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်ကြပါလို့ ထပ်မံ တိုက်တွန်း မှာကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့

- ရုပ်ရှင်လောကနဲ့ ရုပ်ရှင်လောကသားများဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ချက် ၅ ရပ်နဲ့ အခြေခံ လုပ်ငန်းစဉ် ၁၂ ချက်တို့ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ကြပါ။

- မြန်မာ့ရုပ်ရှင်ဇာတ်ကားများ အရည်အသွေး တိုးတက်မြင့်မားရေးအတွက် လိုအပ်မယ့် စက်ပစ္စည်းများ၊ Studio များ၊ ပြည်ပနဲ့ ပူးပေါင်း ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်းများ၊ ရုပ်ရှင်ပြသရေးစနစ်နှင့် ရုပ်ရှင်ရုံများ နိုင်ငံ တကာ အဆင့်မီ ဖြစ်အောင် ၀ိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြပါ။

- မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်၊ အမျိုးသား စရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေးကို ရုပ်ရှင်ပညာနဲ့ ကူညီပံ့ပိုး ဆောင်ရွက်ကြပါ။

- အေးချမ်းသာယာပြီး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ပေါ်ပေါက်လာစေရေး နိုင်ငံ တော် အစိုးရ၊ တိုင်းရင်းသားပြည်သူများနဲ့အတူ လက်တွဲပါဝင် ဆောင်ရွက်ကြပါလို့ တိုက်တွန်း မှာကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


တက်ရောက်လာကြသူများ

ဆုပေးပွဲသို့ အလာ

အကယ်ဒမီ ဗန်းကိုင် များ



ဝေဠုကျော်


ရဲအောင်

ဝေဠုကျော်မှ ကျေးဇူးတင်စကား ပြောကြား


သက်မွန်မြင့်

သက်မွန်မြင့်
ချောရတနာ တို့ နှစ်ယောက်

ပြေတီဦးနှင့် အိန္ဒာကျော်ဇင်

ဖွေးဖွေး




ခင်လေးနွယ်


နန်းဆုရတီစိုး

ပိုင်ဇေရဲထွန်း


သင်ဇာဝင့်ကျော်


စိုးပြည့်သဇင်


ရဲတိုက်






မေကဗျာ

အကယ်ဒမီပေးပွဲအပြီး


အကယ်ဒမီပေးပွဲ ဖိတ်စာ

Myanmar Express

အာဆီယံ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည်


From : ခေတ်လူငယ်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် အာဆီယံ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ (Asean Business Club) မှ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည်ဖြစ်ကြောင်း သိရသည်။ အာဆီယံနိုင်ငံများမှ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ၃၀ ကျော်ပါဝင်သော အဆိုပါအဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ “မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အာဆီယံစီးပွားရေး လုပ်ငန်းစုကနေပြီးတော့ ပါဝင်လုပ်ဆောင်နိုင်ဖို့အတွက် လာတာပါ။ ကျွန်တော်တို့အဖွဲ့ ထဲမှာတော့ အာဆီယံ ၁၀ နိုင်ငံက ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင် ၃၀ ကျော်လောက်ပါမယ်” ဟု အဆိုပါ စီးပွားရေး လုပ်ငန်းစု၏ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် CIMB ASEAN RESEARCH INSTITUTE မှ Chief Executive Officer John Pang ကပြောသည်။ ယင်းအာဆီယံ စီးပွားရေးလုပ်ငန်းစုအနေဖြင့် ဖေဖော်ဝါရီ ၆ ရက်မွန်းလွဲ ၁ နာရီတွင် UMFCCI မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ညနေ ၃ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်ကာ ဖေဖော်ဝါရီ ၇ ရက်တွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တွေ့ဆုံပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို အလေးထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ “Asean Business Club စီးပွားရေးလုပ်ငန်းစုက အာဆီယံမှာတော့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေချည်း ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ သူတို့ဝင်လာရင်လဲ ဒေသတွင်းစီးပွားရေး လုပ်ငန်းတွေက အများကြီးဖွံ့ဖြိုးလာနိုင်မယ်။ သူတို့ဆီမှာ ကဏ္ဍအစုံက လုပ်ငန်းရှင်တွေ ပါဝင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍအစုံမှာလဲ ဖွံ့ဖြိုးလာနိုင်မယ်” ဟု ပြည်တွင်း ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်နှင့် Messenger ဂျာနယ် တွေ့ဆုံမှု



From : Messenger

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် ပြိုင်တဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ဘာလို့ ပြိုင်ရတာလဲ။
ဖြေ။ ။ မြောက်ဥက္ကလာပမြို့ နယ်မှာ စည်းရုံးရေးလုပ်ငန်းတွေ လုပ်နေတဲ့အချိန်မှာကော့မှူးမြို့ နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြိုင်တယ်လို့ သတင်းတွေကြားနေရတဲ့အချိန်မှာ ကော့မှူးမှာပြိုင်ဖို့ အတွက် ပါတီကို လူကြီးတွေက လျာထားတယ်။ သူတို့ လျာထားတာ ဒေသခံလည်းဖြစ်ရမယ်၊ ဆရာဝန်လည်းဖြစ်ရမယ်ဆိုတဲ့ အချက်နှစ်ချက်ကို ရွေးထုတ်လိုက်တဲ့အခါ ကျွန်တော့်ကို ကော့မှူးမြို့ နယ်မှာ ပြိုင်ရတဲ့သူဖြစ်လာတယ်။

မေး။ ။ ကော့မှူးမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ အနိုင်အရှုံးရလဒ်ကို ဘယ်လိုမျှော်လင့်ထားသလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ဖြူစင်တဲ့စိတ်ဓာတ်၊ရိုးသားတဲ့စိ
တ်ဓာတ်နဲ့  နယ်ချဲ့ ကို ရရာနည်းနဲ့ အခက်အခဲတွေ အတိုက်အခံတွေကြားထဲကရင်ဆိုင်ဖောက်ထွက်ရင်း ပြည်သူတို့ ကို တိုတိုနဲ့ ရှင်းရှင်းပြောပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့် ခဲ့တဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးရဲ့ သမီးဖြစ်ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေဟာ မိဘကိုချစ်တတ်သလို သားသမီးကိုလည်း ချစ်တတ်တဲ့ဓလေ့ထုံးစံရှိတဲ့
ပြည်သူတွေပါ။ ဖြူစင်တဲ့ပြည်သူတွေကို စည်းရုံးတဲ့သူတွေဟာလည်း ဖြူစင်စွာဘဲပြည်သူတွေကို မလိမ်ဘဲ ပြောကြားစည်းရုံးကြရမှာ။ နှစ်ခါကျွန်ဖြစ်မခံကြမယ့် ပြည်သူတွေကို ဘယ်သူ့ မှ မလိမ်ရဲပါဘူး။ အနိုင်အရှုံးကို ပြည်သူက သတ်မှတ်ပေးမှာပါ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် အပေါ် ဒေါက်တာ ဘယ်လိုမြင်သလဲ။
ဖြေ။ ။ နယ်ချဲ့ ကိုတော်လှန်ပြီး တိုင်းပြည်ကို ကျွန်ဘ၀က လွတ်မြောက်အောင်ခေါင်းဆောင်မှုပေး ကြိုးစားခဲ့တဲ့ လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးပါ။ ခေါင်းဆောင်ကောင်းလို့ စံပြုထားတဲ့ ပုဂ္ဂိုလ်ရဲ့ သမီးဆိုတော့ ကျွန်တော်တို့ အစ်မပေါ့။

မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် (၄၈)နေရာမှာ အများပြည်သူစိတ်ဝင်စားတာက ဒေါက်တာပြိုင်တဲ့ မဲဆန္ဒနယ်ပါ။ ကမ္ဘာကလည်း စိတ်ဝင်စားတယ်။ တကယ်လို့ ဒေါက်တာအနိုင်ရခဲ့ရင် ကတိက၀တ်တွေကို ဘယ်လိုဆောင်ရွက်ပေးမလဲ။
ဖြေ။ ။ စီနီယာအထက်လူကြီးတွေက တာဝန်တွေပေးတယ်။ ထုံးတမ်းအစဉ်အလာအရပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရပါတယ်။ အမိန့် နာခံရမယ်။

မေး။ ။ ဒေါက်တာ့အနေနဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ ဖို့ ရှိသေးလား။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ခြင်း မတွေ့ ခြင်းက ကျွန်တော် ဆုံးဖြတ်ချက်ချလို့ မရပါဘူး။ ပါတီက တာဝန်ပေးရမယ့်ကိစ္စပါ။ ပါဆင်နယ်ကိစ္စ မဟုတ်ပါဘူး။

Myanmar Express

ဝန်ထမ်းများ၏ လစာ တိုးမြှင့်ရေးအတွက် သူရ ဦးရွှေမန်း အဆိုတင်သွင်း


ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း အဆို တင်သွင်း၍ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု

(၁) ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာနှင့်အညီ နေထိုင်စားသောက်နိုင်ဖို့နှင့် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာဖို့နှင့် နိုင်ငံသားများ၊ ဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့် ဘတ်ဂျက်နှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေး

(၂) ပြည်သူ့ဘဏ္ဍာငွေများကို အမှန် အသုံးပြု၍ အမှန်တကယ် လက်တွေ့ကျကျ နိုင်ငံ့အကျိုး ပြည်သူလူထု အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများကိုသာ ဥပဒေပြုပေးရေးနှင့် ထိုသို့မဟုတ်သော စီမံကိန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းများ ဆောင်ရွက်ရေး

(၃) နိုင်ငံသားများ၏ လက်ငင်း၊ ရေတိုနှင့် ရေရှည် အကျိုးဖြစ်ထွန်းစေသော ထာဝစဉ် ရှင်သန်စေမည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း သို့မဟုတ် လူသား အရင်းအမြစ်များ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုများကို တင်ပြဆောက်ရွက်ပေးဖို့ သက်ဆိုင်ရာသို့ တိုက်တွန်းပေးရေး

(၄) တာဝန်အရ ဥပဒေနှင့်အညီ ဆောင်ရွက်နေကြသူများ အဖွဲ့အစည်းများအား နားလည် လက်ခံပြီး လေးစား ချစ်ကြည်စွာဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပေးရေး။

(၅) နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအား တားဆီးပိတ်ပင်သော၊ ပျက်စီးယုတ်လျော့ စေသော ပြည်တွင်းပြည်ပမှ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း ကိုမဆို ဆန့်ကျင်သွားရေး။

(၆) တည်ဆဲ ဥပဒေများကို အဖွဲ့အစည်းများ အနေဖြင့် လည်းကောင်း၊ ပြည်သူများထဲမှ ပြည်သူတစ်ဦး အနေဖြင့် လည်းကောင်း ပြည်သူတစ်ရပ်လုံးနှင့် အတူ ရိုသေလေးစား လိုက်နာကြရေး။


From :
Yangon Press International

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၀န်ထမ်းများ၏ လစာကို လာမည့် ဘဏ္ဍာနှစ်တွင် မဖြစ်မနေတိုးမြှင့်ပေးရေးနှင့် ပြည်သူအတွက် အကျိုးမရှိသော စီမံကိန်းများတွင် ပြည်သူ့ ဘဏ္ဍာငွေ အသုံးပြုခြင်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့ချ၍ခွင့်ပြုခြင်းများ ဆောင်ရွက်ရေးအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုတင်သွင်းခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးဖုန်းမြင့်အောင်က “ဦးရွှေမန်းပြောတာတွေက ကောင်းပါတယ်။ အချို့စီမံကိန်းတွေက ပြည်သူတွေအတွက်အကျိုးမရှိဘဲ စီမံကိန်းဖော်ဆောင်နေတဲ့သူတွေအတွက်ပဲ အကျိုးရှိနေတာတွေရှိတယ်။ သူပြောတာတွေကို လူကြိုက်များကြတယ် ” ဟု ပြောကြားသည်။

သူရဦးရွှေမန်း၏ အဆိုပြုချက်များကို ရုပ်မြင်သံကြားတွင် ပြန်လည်ပြသရန် အဆိုတင်သွင်းခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေးဟွား ကလည်း ယနေ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဆွေးနွေးချက်များသည် ပြည်သူ့အကျိုးအတွက် ဦးတည်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ပြည်သူအားလည်း အလုံးစုံ ကြားစေချင်ကြောင်း ထို့ကြောင့် မိမိအနေဖြင့် ရုပ်မြင်သံကြားတွင် တည်းဖြတ်ခြင်းမပြုဘဲ ပြန်လည်ပြသပေးရန် အဆိုတင်သွင်းရခြင်းဖြစ်ကြောင်း ပြောကြားသည်။

၎င်းကဆက်လက်၍ “ သူပြောတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေလည်းကြိုက်ကြတယ်။ ဒီနေ့အကယ်ဒမီကို ရုပ်ရှင်မင်းသားရမလဲမသိပေမယ့် ပြည်ထောင်စုလွှတ်တော်ရဲ့ အကယ်ဒမီကိုတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရသွားတယ်ဆိုပြီး ပြည်ထောင်စုလွှတ်တော် မှာပြောနေကြတယ် ” ဟု ဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း “ မဲဆွယ်တယ်ဆိုတာ ၂၀၁၅ မှ ဆွယ်လို့ရတာမဟုတ်ပါဘူး၊ သူက အခုကတည်းက အလုပ်တကယ် လုပ်ပြပြီးမဲဆွယ်တဲ့ပုံစံပါ၊ မှန်ကန်တဲ့နည်းလမ်းနဲ့ မဲဆွယ်နေတယ်လို့ထင်ပါတယ်” ဟု ပြောကြားသည်။

စီးပွားရေးပညာရှင် အငြိမ်းစား ပါမောက္ခ ဦးမော်သန်းကလည်း နိုင်ငံပိုင်ငွေကြေးများကို ထိရောက်စွာအသုံး မပြုနိုင်ခြင်းကြောင့်ဘတ်ဂျတ်လိုငွေပြမှု များပြားလာသည့်အခါ တိုင်းပြည်၏ အနာဂတ်အတွက် အန္တရာယ်ရှိကြောင်း၊ လက်ရှိတွင်လည်း ထိရောက်စွာလုပ်ကိုင်နိုင်ခြင်းမရှိသဖြင့် အရှုံးပေါ်နေသော နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် စီမံကိန်းများစွာရှိကြောင်း ပြောကြားသည်။

၎င်းက “ ဥပမာဗျာ မီးရထားလမ်းကို လူမရှိတဲ့တောထဲသွားဖောက်တယ်။ တစ်နေကုန်သုံးမယ့်သူမရှိဘူး။ ကားလမ်းကို တောထဲသွားဖောက်တယ် သုံးတဲ့သူနည်းတယ်။ ဒါမျိုးတွေကလည်း အရှုံးပေါ်နေတဲ့ စီမံကိန်းတွေလို့ပြောလို့ရတယ်။ ” ဟု ပြောကြားသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျတ်လိုငွေပြမှုမှာ ကျပ်ငွေဘီလီယံပေါင်း ၂၃၀၀ ကျော်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်တွင်တင်ပြသည့် ရသုံးမှန်းချေစာရင်းတွင် ပါရှိသည်။

၁၉၈၉ ခုနှစ် မှ ယနေ့အထိ ၀န်ထမ်းလစာ ၅ ကြိမ်တိုးမြှင့်ပေးခဲ့ရာ နောက်ဆုံး တိုးမြှင့်ပေးသည့်အကြိမ်မှာ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလတွင်ဖြစ်သည်။ ။


Myanmar Express

ဗုဒ္ဓ ဆင်းထုတော်များ ကို ကြက်ချေးဖြင့်သုတ်မှု

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဗုဒ္ဓဆင်းထုတော်များကို အမည်မသိသူများက မဖွယ်မရာ ပြုလုပ် ထားခဲ့သဖြင့် ဒေသခံ ဗုဒ္ဓဘာသာများ အကြား အထူး မကျေနပ်မူ တိုးပွားနေကြောင်း သတင်း ရရှိသည်။


The-Buddha-images-perverted-by-muslim

စစ်တွေမြို့ အာဂျိတ်တောင်ကုန်း သင်္ချိုင်းဟောင်း အနီးရှိ သရက်ဦး ဘုန်းတော်ကြီးကျောင်းတွင် ဘုရားကြီး ၃ ဆူ၏ မျက်နှာတော်များကို ကြက်ချေး ရေနံများဖြင့် မဖွယ် မရာ သုတ်လိမ်း ထားပြီး မျက်နာ နဖူးတော်တွင်လည်း မထင်မရှား ရခိုင်လို "ခွီး" ဆိုသော စာလုံးကို ရေးသား ထားသည်ဟု သိရသည်။

၎င်းပြင် အမြင့် ၄ ပေ ကျော်ရှိသော ရခိုင်ဘုရင် စန္ဒသူရိယ၊ ရှင်သီဝလိနှင့် ဇီဝက ဆင်းတုတော် များ၏ မျက်နာများကိုလည်း ကြက်ချေး ရေနံများဖြင့် လိမ်းကျထားသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ မဖွယ်မရာ လုပ်ထားခြင်းကို စက်တင်္ဘာလ ၂၃ ရက်နေ့က ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

" ဒီလို လုပ်တာက ဒီလ ၂၃ ရက်နေ့မှာပါ။ အခု ဒေသခံ ဗုဒ္ဓဘာသာဝင်တွေက ဒီလိုလုပ်တဲ့ အပေါ်မှာ အတော်ကို မကျေမနပ် ဖြစ်နေကြတယ်။ အနီးအနားက မွတ်ဆလင် ဘာသာဝင်တွေ လုပ်တယ်ဆိုပြီး ထင်နေကြတယ်။ ဒီကိစ္စ ပြည်နယ် ၀န်ကြီးချုပ်ထိ တက်တိုင်ထားတယ်။ ပြေပြေလည်လည် မဖြေရှင်း နိုင်ရင် ပြဿနာ ကြီးထွား လာနိုင် ပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ ကိစ္စကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားထားပြီး နောက်ပိုင်း ယခုအခါ မသင်္ကာမှုဖြင့် ဒေသခံ မွတ်ဆလင် (၅) ဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေသည်ဟု သူက ပြောသည်။

"အဲဒီအမှုနဲ့ပတ်သက်ပြီးတော့ မသင်္ကာမှုနဲ့ ဒေသခံမွတ်ဆလင်လူမျိုး ၅ ဦးကို အမှတ် (၁) ရဲစခန်းမှာ ခေါ်ယူစစ် ဆေးနေတယ်လို့ သိရပါတယ်။ လူတွေကတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်" ဟု ပြောသည်။ ယခုလိုလုပ်ရပ်မှာ ယခင်ကတခါမှ မဖြစ်ပွား ခဲ့ဖူးကြောင်းနှင့် ယခု လုပ်ရပ် အပေါ် ဗုဒ္ဓ ဘာသာဝင် များက အထူး ခံပြင်းနေကြောင်း သိရသည်။

ယခု လုပ်ရပ်အပေါ် ဘာသာရေး အဓိဂရုဏ်း ဖြစ်အောင် အာဏာပိုင်များပ ဖန်တီးခြင်းလည်း ဖြစ်နိုင်ကြောင်း အမည် မဖေါ်လိုသူ နိုင်ငံရေး လေ့လာ အကဲခတ်သူ တစ်ဦးက ပြောသည်။

" အခု စစ်တွေမှာ ဘာသာရေး အဓိဂရုဏ်းတွေ ဖန်တီးနိုင်လာတဲ့ အခြေအနေရှိတယ်။ သတိထားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ သရက်ဦး ဘုန်းတော်ကြီးကျောင်းက ဘုရားကြီးကို မဖွယ်မရာ လုပ်ထား တာတွေ အာဏာပိုင်တွေလည်း ဖြစ်နိုင်တယ်။ တိုင်းပြည်မှာ ရှုပ်ထွေးနေတဲ့ နိုင်ငံရေး ပြဿနာတွေ ပေါ်ပေါက်နေတဲ့ အတွက် ဘာသာရေး အဓိဂရုဏ်း မဖန်တီးနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး" ဟု သူက ပြောသည်။

ယခု လုပ်ရပ်မှာ အနီးအနားမှ မွတ်ဆလင်များက ပြုလုပ်သည်ဟု သတင်းထွက်နေပြီး ဒေသခံ ရခိုင် ဗုဒ္ဓဘာသာဝင်များက အထူး မကျေမနပ် ဖြစ်နေကြောင်း သတင်း ရရှိသည်။

Myanmar Express

၂၀၁၂ ခုနှစ် အကယ်ဒမီ ဆုရရှိကြသူများစာရင်း


၂၀၁၂ ခုနှစ် အကယ်ဒမီ ဇာတ်ညွန်းဆုကို ခင်မောင်ဦးစိုးသိန်းထွဍ် က ပင်လယ်ထက်ကနေ၀န်းနီ ဇာတ်ကားတွင် ဆုရရှိသွားပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ မြန်မာတေးဂီတဆုကို မြန်မာပြည်ကျောက်စိမ်း က အငိုမျက်လုံးအပြုံးမျက်နှာ ဇာတ်ကားတွင် ဆုရရှိသွားပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ ရုပ်ရှင်တည်းဖြတ်ဆုကို ဦးမြင့်ခိုင် က ပင်လယ်ထက်ကနေ၀န်းနီ ဇာတ်ကားတွင် ဆုရရှိသွားပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ အမျိုးသမီးဇာတ်ပို့ ဆုကို မ၀ါဝါအောင် က အမေကျေးဇူးဆပ်ဖူးချင်တယ် ဇာတ်ကားတွင် ဆုရရှိသွားပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ အမျိုးသားဇာတ်ပို့ ဆုကို ဝေဠုကျော် က ပင်လယ်ထက်ကနေ၀န်းနီ ဇာတ်ကားတွင် ဆုရရှိသွားပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ အမျိုးသမီးဇာတ်ဆောင်ဆုကို သက်မွန်မြင့် က အာဒမ်ရယ် ဧ၀ရယ် ဒဿရယ် ဇာတ်ကားတွင် ဆုရရှိသွားပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ ရုပ်ရှင်ဓာတ်ပုံဆုကို ပန်းချီစိုးမိုး က ပင်လယ်ထက်ကနေ၀န်းနီ ဇာတ်ကားတွင် ဆုရရှိသွားပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ အမျိုးသားဇာတ်ဆောင် ဆုကို ပြေတီဦး က အာဒမ်ရယ် ဧ၀ရယ် ဒဿရယ် ဇာတ်ကားတွင် ဆုရရှိသွားပါသည်။

၂၀၁၂ ခုနှစ် အကယ်ဒမီ ဒါရိုက်တာဆုကို ခင်မောင်ဦး စိုးသိန်းထွဋ် က ပင်လယ်ထက်ကနေ၀န်းနီ ဇာတ်ကားတွင် ဆုရရှိသွားပါသည်။

၂၀၁၀ ခုနှစ် အတွက် အကောင်းဆုံး အကယ်ဒမီ ရုပ်ရှင်ဇတ်ကား ဆုကို အာဒမ်ရယ် ဧ၀ရယ် ဒဿရယ် ဇာတ်ကား မှ ဆုရရှိသွားပါသည်။

Myanmar Express

အကယ်ဒမီပေးပွဲ တိုက်ရိုက်









Myanmar Express

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထူး အစည်းအဝေးကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထူးအစည်းအဝေးကို ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်၊ နံနက် ( ၉ ) နာရီက နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ၌ ကျင်းပသည်။

သဘာပတိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းမှ အဖွင့်အမှာစကား ပြောကြားစဉ်

ရှေးဦးစွာ သဘာပတိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းမှ အဖွင့် အမှာစကား ပြောကြားပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး မှ ပါတီပိုင်းဆိုင်ရာများ ရှင်းလင်းတင်ပြသည်။


ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးမှ ပါတီပိုင်းဆိုင်ရာများ ရှင်းလင်းတင်ပြစဉ်

ဆက်လက်၍ တိုင်းဒေသကြီး၊ ပြည်နယ်ပါတီများမှ ပါတီအတွင်းရေးမှူးများ၊ ပါတီကော်မတီဝင်များက မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ်ပါတီ များ၏ ဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးကြသည်။


အထူးအစည်းအဝေးသို့ တက်ရောက်လာသူများအား တွေ့ရစဉ်

အဆိုပါ အထူးအစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပါတီများမှ အတွင်းရေးမှူးများ၊ ဖိတ်ကြားထား သူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ စုစုပေါင်း အင်အား ( ၈၁၀ ) ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။


Myanmar Express

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ခရီးစဉ် ဓာတ်ပုံများ

ကားပေါ်ကာ လူကို ကားအောက်ကလူတွေက လက်တွဲ ဝန်းရံကြ


ပါဂျဲရိုးကို ကာကွယ်ပါ


ဒေါင်းတိရိစ္ဆာန်အောက်က ဗိုလ်ချုပ်အောင်ဆန်း


ဘာသာရေးကိုင်းရှိုင်းသူများ ဒီဘုန်းဘုန်း ကို ကန်တော့ကြပါ

အမေစု ခင်များ စင်မြင့်ပေါ်သို့ ကြွပါခင်များ
ဘုန်းဘုန်းများ ခင်များ စင်အောက် က နေ မော့ကြည့်ကြပါ ခင်များ


အမေစု ကြွလာပါပြီး စောင့်ကြောင့်ထိုင်နေရာယူပါ ဘုန်းဘုန်းတို့


လက်အုပ်လေးတွေချီပေးပါ ခင်များ

ခိုင်ထူးရဲ့ ပေါ်လစီသီချင်း NLD အလွန်ကြိုက်


ဘုန်းကြီးတွေ စည်းကမ်းမလိုက်နာရင် ဘယ်သူတွေက ဆုံးမမှာလဲ

Myanmar Express

ပထမဆုံး တက်ရမယ့် အကယ်ဒမီပွဲအတွက် ရင်ခုန်နေတဲ့ အိချောပို

From : Popular

အိချောပိုက “ချစ်ကိုကြီး” ဆိုတဲ့ ဇာတ်ကားကို ခန့်စည်သူနဲ့ ရိုက်ကူးနေပါတယ်။ ဇာတ်ကားတွေကို အခုနောက်ပိုင်းမှာ ကိုယ်က ခေါင်းဆောင်နေရာက ပါဝင် ရတဲ့အတွက် ပိုတာဝန်ကြီးလာပြီး ပရိသတ် အားပေးတာနဲ့ တန်အောင် အစွမ်းကုန် ကြိုးစား ထားပါတယ်လို့ ပြောပါတယ်။
ဒီနှစ် အကယ်ဒမီပေးပွဲကို ပထမဆုံး စတက်မယ့် အိချောပိုက ဒီနှစ်အကယ်ဒမီကို ပြေတီဦး၊မင်းအုပ်စိုး၊သက်မွန်မြင့်၊လင်းဇာနည်ဇော် တို့ရမယ်လို့ ကြားတယ်လို့ ပြောပါတယ်။
“အကယ်ဒမီ ဝတ်စုံက မေပိုးထည်တိုက် ကပါ။ ဒီဇိုင်နာနုရီပွင့်က ချုပ်ပေးမယ်။ ဒီဇိုင်နာက ကိုယ်နဲ့ လိုက်ဖက်တာကို ပိုသိတော့ သူ့စိတ်ကြိုက် ချုပ်ပေးမှာပါ။ အိချောက ရွှေဝါရောင်ကို ကြိုက်တော့ အဲဒီ အရောင်တော့ ပါမှာပါ။ အခုက ပထမဆုံး အကယ်ဒမီပွဲ တက်ရမှာ ဆိုတော့ ကြောက်တယ်။ ဘယ်လို အရသာလဲ ဆိုတာ မသိဘူး။ ဒီနှစ်က အကုန်လုံး တော်တယ်၊ အကုန်လုံးကို ရစေချင်ပါတယ်”လို့ပြောပြ ပါတယ်။
အိချောပိုက နေတိုးနဲ့ ကားရိုက်ဖို့ရှိပြီး အသစ်တစ်ယောက် အနေနဲ့ တာဝန်ကြီးတဲ့ ကားမျိုးတွေ ရိုက်ရတဲ့ အတွက် ဝေဖန် အကြံ ပေးပြီး အားပေး စေချင်တယ်လို့ ပြောပါတယ်။ အခုထွက်ပြီးတဲ့ ဇာတ်ကားတွေမှာလည်း ပရိသတ်တွေက ဆံပင်ပုံစံ ပြောင်းခိုင်းတာတွေ ရှိတဲ့အတွက် ပရိသတ် ပြောတဲ့ အတိုင်းပြောင်းလဲတာ မျိုးတွေလည်း လုပ်ဖြစ်တယ်လို့ ပြောပြပါတယ်။

မေမွန်မောင်


Myanmar Express

နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းများ လုပ်ဆောင်သွားမည်


From : ခေတ်လူငယ်

နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ထုတ်ပေးခြင်းလုပ်ငန်းတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက စီမံချက်အဆင့်-၂ အဖြစ် သတ်မှတ်ကာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံချက်ကို မိုးပွင့်အဆင့်-၂ စီမံချက်အဖြစ် သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ပြီး ယခင် မိုးပွင့်အဆင့်-၁ စီမံချက်ကဲ့သို့ ဖြေလျှော့နည်းလမ်းများနှင့် သတ်မှတ်နှုန်းထားများအတိုင်း အများပြည်သူတို့ အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ထုတ်ပေးရေး လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဓာတ်ပုံရိုက်ခ၊ မိတ္တူကူးခ၊ သွေးစစ်ခများကိုလည်း ဈေးနှုန်းကြီးမြင့်မှု မရှိစေရန် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်းများမှ ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်သည်။ ယခင် မိုးပွင့်အဆင့်-၁ စီမံချက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၄၅၉၅၃ ကတ်ထုတ်ပေးခဲ့ပြီး ယခု မိုးပွင့်အဆင့်-၂ စီမံချက်တွင် ဝန်ထမ်းများက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌လည်း အင်တိုက်အားတိုက် အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

သမိုင်းနောက်ခံ ဖြစ်ရပ်မှန် ဇတ်လမ်း
















Myanmar Express

မြန်မာနိုင်ငံသည် အာရှပစိဖိတ်ဒေသ၌ မျှော်လင့်စရာနိုင်ငံသစ်ဖြစ်လာပြီဟု သမ္မတ အိုဘားမားပြောကြား

From : .SMG


အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံသည် အာရှပစိဖိတ်ဒေသတွင်း နိုင်ငံများကြားတွင် မျှော်လင့်စရာ နိုင်ငံအသစ်တစ်ခု ဖြစ်လာနေပြီဖြစ်ကြောင်း ဝါရှင်တန်တွင် ထုတ်ဖော် ပြောကြားလိုက်ကြောင်း ၂၅-၁-၂ဝ၁၂ရက်က သိရသည်။ အမေရိကန်နိုင်ငံ အနေဖြင့် အာရှပစိဖိတ်ဒေသ တွင်း နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေး ပေါ်လစီများကို လုပ်ဆောင်ပြနေမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုဆန်းသစ်လာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။''ကမ္ဘာကြီး တစ်ဖက်ကနေ တစ်ဖက်ကိုလှမ်းပြီး ခံစားကြည့်လို့ရနေပါပြီ။ ကျွန်တော်တို့ အသစ်ပြန်ပြီးတော့ ရှင်းလင်းအောင် လုပ်ရပါဦးမယ်။ မြန်မာနိုင်ငံက မျှော်လင့်စရာ နိုင်ငံအသစ် ဖြစ်လာနေပါပြီ'' ဟု သမ္မတ အိုဘားမားက ပြောကြားသည်။

''အမေရိကန်က မြန်မာနိုင်ငံကို အမြင်ပြောင်းလာနေတယ်။ အမြင်ပြောင်းနေသလို အမေရိကန် ဝင်ရောက်လာတာက မြန်မာအတွက် အခွင့်ကောင်းပဲ၊ တရုတ်နဲ့ အိန္ဒိယကို အမေရိကန်နဲ့ ဆက်ဆံရေးကနေ ကောင်တာ ပြန်တိုက်ယူရမယ်'' ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ (၂) ဦးသန်းလွင်က မှတ်ချက်ပြုပြောကြားသည်။ မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သောနှစ်က စတင်ခဲ့သော အခြေခံကောင်းများနှင့် ယခုနှစ်အတွင်း လုပ်ဆောင်နေသော နိုင်ငံတကာ အသိအမှတ်ပြု လုပ်ဆောင်ချက်များက အမေရိကန်နိုင်ငံကို ယုံကြည်မှု ပို၍တိုးပွားစေခဲ့သည်ဟု သိရသည်။''မြန်မာက စန်းပွင့်လာပါပြီ။ နိုင်ငံတကာ စိတ်ဝင်စားလာတဲ့ အထိဖြစ်လာတယ်။ Globalizationထဲကို မြန်မာက ဖြည်းဖြည်း ဝင်ဆံ့လာနေပါပြီဟု UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက သုံးသပ်ပြောကြားသည်။


Myanmar Express

အကယ်ဒမီဗန်းကိုင်စာရင်းတွင် နာမည်ရစမော်ဒယ်နှစ်ဦးပါဝင်

From : .7 day news

အကယ်ဒမီဗန်းကိုင်စာရင်းတွင် နာမည်ရစမော်ဒယ်နှစ်ဦးပါဝင်

ရေးသားသူ - ကြူကြူဟန်

အစိုးရသစ်လက်ထက်တွင် ပထမဆုံးကျင်းပပြုလုပ်မည့် ၂၀၁၀ ပြည့်နှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်မည့်အခမ်းအနား၌ အကယ်ဒမီဗန်းကိုင်မည့် မော်ဒယ် ၈ ဦးကို ရွေးချယ်စာရင်းထုတ်ပြန်ခဲ့ပြီး ထိုရှစ်ဦးတွင် နာမည်ရစမော်ဒယ်မင်းသမီးနှစ်ဦး ပါဝင်လာသည်ကို တွေ့ရသည်။ ထက်မြတ်နိုးဦး၊ ထိုက်ဆုဝင်း၊ သဲနော်ဇာ၊ ယုသန္တာတင်၊ ခင်ရတနာစိုး၊ ၀င်းလဲ့နု၊ သဲစုနိုင်၊ အိနြေ္ဒဘုန်းမြင့်တို့ကို ဗန်းကိုင်းများအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယုသန္တာမှာ မင်းသားများစင်တင်ခဲ့သည့် အနုပညာပျိုးခင်း မင်းသမီးများထဲမှ တစ်ဦးဖြစ်သည်။ သဲနော်ဇာမှာလည်း မော်ဒယ်အဖြစ်မှ နာမည်ရစပြုလာပြီး ဗီဒီယိုဇာတ်ကားအချို့တွင် ပါဝင်သရုပ်ဆောင်လျက်ရှိသူတစ်ဦးဖြစ်သည်။

ယုသန္တာတင်
အမေတို့က လျှောက်ပါလားဆိုပြီး တိုက်တွန်းတာနဲ့ လျှောက်ဖြစ်တာ။ လျှောက်တဲ့သူများတယ်ပြောတယ်။ ဘယ်နှယောက်လည်းတော့ သမီးလည်းမသိဘူး။ ကိုယ်လျှောက်တုန်းကတော့ လျှောက်လိုက်တယ်။ ပါတော့ ပါချင်တာပေါ့နော်။ တစ်နေ့ကမှ လှမ်းပြီး အကြောင်းကြားတော့မှ ပါမှန်းသိတာ။ အနုပညာပျိုးခင်းက ခွင့်ပြုပါတယ်။ ဒီဟာက အနုပညာအလုပ် လုပ်တာပဲလေ။ တခြား မဟုတ်တာလုပ်တာမှမဟုတ်တာ။ ဗန်းကိုင်ချင်တယ်ဆိုပြီး လျှောက်လိုက်တာပဲ။ တခြားဘာမှမရှိပါဘူး။

သဲနော်ဇာ
သမီးလျှောက်တာ ၃ နှစ်ရှိပြီ။ ဒီနှစ်မှပါတာ။ မြန်မာ့ရုပ်ရှင်လုပ်ငန်းမှာ ဖောင်အခမဲ့ယူပြီး ဓါတ်ပုံ ၉ ပုံနဲ့တင်တာ။ ဖောင်တင်ထားတာ ၃၊ ၄ လလောက်ရှိပြီ။ ဒီနေ့မှသိရတာ။ အယောက် ၁၀၀ ကျော်ထဲက ရှစ်ယောက်ရွေးတာ


Myanmar Express

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးအား Russian Federation သမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Mikhail M. MGELAZE လ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ Russian Federation သမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Mikhail M. MGELAZE သည် ဇန်န၀ါရီ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် Russian Federation သမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Mikhail M. MGELAZE တို့တွေ့ဆုံနှုတ်ဆက်စဉ်

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး နှင့်အတူ ဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသော သူရဦးအေးမြင့်၊ ဒေါက်တာချမ်းငြိမ်း၊ ဦးစိုးနိုင် နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ Russian Federation သမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Mikhail M. MGELAZE နှင့်အတူ First Secretary Mr. Alexey V. Semenikhin လည်း တက်ရောက်သည်။

အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား Russian Federation သမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Mikhail M. MGELAZE တွေ့ဆုံဆွေးနွေးစဉ်

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရှရှား နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် United Russia Party တို့ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုအား တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ပြည်သူများအတွင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။


အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် Russian Federation သမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Mikhail M. MGELAZE တို့ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးစဉ်

Myanmar Express

အရောင်စုံ အကယ်ဒမီ

From : 7 day news

ပရိသတ်ချစ်သော အနုပညာရှင်များ၏ ပွဲတက်ဝတ်စုံအတွက် ကြိုတင်စိတ်ကူး စီစဉ်ထားသည်များကို လက်လှမ်းမီသမျှ စုစည်းဖော်ပြလိုက်ပါသည်။

အရောင်စုံ အကယ်ဒမီ

ဖေဖေါ်ဝါရီ ၇ ရက်တွင် ၂၀၁၀ ပြည့်နှစ်အတွက် ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲကြီးကို ကျင်းပတော့မည်။ သို့ဖြစ်၍ ပရိသတ်ချစ်သော အနုပညာရှင်များ၏ ပွဲတက်ဝတ်စုံအတွက် ကြိုတင်စိတ်ကူး စီစဉ်ထားသည်များကို လက်လှမ်းမီသမျှ စုစည်းဖော်ပြလိုက်ပါသည်။

သက်မွန်မြင့်

ယခုနှစ်အကယ်ဒမီအတွက် လူပြောအများဆုံးနှင့် ထင်ကြေးပေးမှု အများဆုံးခံရသော မင်းသမီးသက်မွန်မြင့်သည် အကယ်ဒမီပေးပွဲအတွက် ဒီဇိုင်နာမပုံ့ချုပ်ပေးသော ဝတ်စုံကိုဝတ်ဖြစ်မည်ဖြစ်ပြီး အရောင်နှင့် ဒီဇိုင်းကိုမူ ရွေးချယ်နေဆဲဖြစ်ကြောင်း သူမကပြောကြားသည်။ သူမသည် ယခုနှစ်ဝတ်စုံအတွက် ပြီးခဲ့သောနှစ်များတွင် ဝတ်ခဲ့သောအရောင်များကိုရှောင်ကာ ရွေးချယ်ဝတ်ဆင်သွားမည်ဟု ပြောကြားသည်။

စိုင်းစိုင်းခမ်းလှိုင်

သည်နှစ်အကယ်ဒမီပွဲမှာ အကယ်ဒမီဆုအတွက် ထင်ကြေးပေးခံရသူများထဲက တစ်ဦးဖြစ်သည့် “အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်” မင်းသား စိုင်းစိုင်းခမ်းလှိုင်ကို ခဲရောင်တိုက်ပုံနှင့် အနက်ရောင်ပုဆိုးဝတ်ဆင်လာမည်ကို မြင်တွေ့ရမည်။

ချစ်သုဝေ

ယဉ်သူထိုက်ပိုးထည်တိုက်က ဆင်မြန်းပေးထားသော ဝတ်စုံနှစ်စုံကို ဒီဇိုင်နာမပုံ့က ချုပ်ပေးပြီး ထိုဝတ်စုံနှစ်စုံထဲမှ စိတ်ကြိုက်ဝတ်စုံတစ်ခုကို ရွေးချယ်ဝတ်ဆင်မည်ဖြစ်ကာ လက်ပြတ်ဝတ်ဖြစ်ဖို့များကြောင်း ချစ်သုဝေကပြောသည်။ လူငယ်တစ်ဦးဖြစ်သည့်အတွက် ရိုးရာကိုအခြေခံကာ ဖန်စီဒီဇိုင်းကို အသားပေးချုပ်လုပ်ထားကြောင်း သူမကပြောသည်။

စိုးပြည့်သဇင်

မနှစ်က အကယ်ဒမီဆု ဆွတ်ခူးခဲ့သော စိုးပြည့်သဇင်က ဝါရွှေဇင်ပိုးထည်တိုက်မှ ဒီဇိုင်နာ ဖွေးဖွေး(B-First) ချုပ်ပေးမည့် ဖက်ဖူးရောင်ဝတ်စုံကို ဝတ်ဆင်မည်ဖြစ်သည်။

နေတိုး

အကယ်ဒမီဆုရှင် မင်းသားနေတိုးက ရွှေပိုးအိမ်ပိုးထည်တိုက်က ဆင်ြမန်းပေးထားသော ခရမ်းအနီရောင်ပုဆိုးနှင့် တိုက်ပုံကိုဝတ်ဆင်ရန် စိတ်ကူးထားပြီး ဒီဇိုင်နာမင်းသက်စံက တာဝန်ယူချုပ်ပေးထားကြောင်း ပြောကြားသည်။

နိုင်းနိုင်း

လောလောဆယ်တော့ မစီစဉ်ရသေးဘူး။ ကျွန်တော်က ကာလာ အဖျော့လေးတွေကြိုက်တယ်။ အဖြူလေးတွေ။ ကျွန်တော်ဒီဇိုင်းထွင်တာမျိုးတော့ အစီအစဉ်မရှိပါဘူး။ စပွန်ဆာလည်းမရှိပါဘူး။ အနီးနားရောက်မှပဲ ကိုယ့်ဟာကိုယ် ဝယ်စီစဉ်ဖြစ်မယ်ထင်ပါတယ်။

မိုးယုစံ

ပိုးထည်က ဝါရွှေစင်ကပါ။ အရောင်ကရွှေဝါရောင်၊ ဒီဇိုင်နာက မပုံ့ပါ။ ဝတ်စုံပုံစံက မပုံ့စိတ်ကြိုက်ပါပဲ။ မပုံ့ကိုအပ်ထားတယ်။

သင်ဇာဝင့်ကျော်

ချိတ်ပဲဝတ်မှာပါ။ မန္တလေးက ကိုတင်မောင်ခိုင်ပဲ ချိတ်ရော ဒီဇိုင်းပါ စီစဉ်ပေးမှာပါ။ အရောင်က မသေချာသေးဘူး။ ဘိုဆန်တဲ့အရောင်ပဲဝတ်ချင်တယ်။ အရောင်တောက်တောက်ကြီး မဝတ်ချင်ဘူး။ ဒီဇိုင်းပုံက ဒီဇိုင်နာစိတ်ကူးပါပဲ။

Aroma (Zulu Studio) Wedding Dress & Photo Studio

ဂန္တဝင်၊ စမိုင်း၊ ဝါဆိုမိုးဦး၊ မေဖြူဖြူစသူတို့အတွက် မိတ်ကပ်၊ ဝတ်စုံ၊ လက်ဝတ်ရတနာများကို စပွန်ဆာပေးမည်ဖြစ်ပြီး အဖြူ၊ ရွှေရောင်၊ အစိမ်း၊ အနက်ရောင် မြန်မာဝတ်စုံဒီဇိုင်းဆန်းများ စီစဉ်ပေးထားသည်ဟု သိရသည်။ ကိုယ်ပိုင်ဒီဇိုင်းချိတ်ပေါ်တွင် စိန်နှင့် ကျောက်မျက်ရတနာများဖြင့် ဒီဇိုင်းထွင်ချုပ်လုပ်ထားသည်ဟု သိရသည်။ မိုးအောင်ရင်၊ မိုးယံဇွန်၊ မြင့်မြတ်၊ မင်းရာဇာ၊ မင်းထက်တို့အတွက် ဝတ်စုံများ စီစဉ်ပေးထားပြီး ပိုးပုဆိုးနှင့် တွဲဖက်ကာ အစိုဘက်အရောင်သမ်းသော ပိုးအပြောင်သားတိုက်ပုံများဖြင့် ပွဲထုတ်သွားမည်ဟု သိရသည်။ အမျိုးသား သရုပ်ဆောင်များအတွက်လိမ္မော်၊ အဝါ၊ ဖက်ဖူးစိမ်း၊ အနက်ရောင်များ ရွေးချယ်ထားသည်ဟုဆိုသည်။

အိန္ဒြာကျော်ဇင်

ဝတ်စုံကတော့ ရိုးရိုးပါပဲ။ ထူးထူးဆန်းဆန်း ဘာမှမရှိဘူး။ ပိုးထည် စပွန်ဆာက နှစ်တိုက်ရှိတယ်။ ဘယ်ဟာယူဖြစ်မလဲ မသေချာသေးဘူး။ အစ်မက ခဲရောင်ဝတ်ဖြစ်မယ်ထင်တယ်။ နောက်တစ်ရောင်တော့ စဉ်းစားနေတာပဲ။ ကိုယ်ဝတ်ချင်တဲ့ဒီဇိုင်းရယ်လို့ မရှိဘူး။ ဒီဇိုင်နာက အစ်မအိကျော်ဇင်၊ မြတ်မိုးအောင်ကချုပ်ပေးမှာ။ ဒီဇိုင်းပုံက ဒီဇိုင်နာပြောရင်ပိုကောင်းမယ်ထင်တယ်။

ခန့်စည်သူ

ဝတ်ချင်တဲ့ဒီဇိုင်းကမရှိဘူး။ ဝတ်စုံက ယဉ်သူထိုက်(မန္တလေး)၊ ဖိနပ်က ရွှေနဂါး၊ ဒီဇိုင်နာက ယုံးယုံးပါ။ ဘာအရောင်ဝတ်ဖြစ်မလဲမသိဘူး။ ခရေစီကာလာ မရှိဘူး။

မင်းသွေး

ဗီဒီယိုကားများနှင့် ခြေလှမ်းစိပ်စိပ်လှမ်းလာသော မင်းသွေးက ကတ္တီပါသားအနက်ရောင်ကို ရင်ဖုံးတိုက်ပုံနှင့် အနက်ရောင်တွင် ခဲရောင်ဖောက်ထားသော ပုဆိုးကို ဝတ်ဆင်မည်ဟုပြောပြီး သူ့အတွက်ဝတ်စုံကို ဒီဇိုင်းနာမင်းသက်စံက ချုပ်ပေးထားသည်။

ကောင်းပြည့်

တက်သစ်စမင်းသား ကောင်းပြည့်သည် သူ၏ အကယ်ဒမီ ပထမဆုံး ပွဲတက်အတွေ့အကြုံဖြစ်မည်ဖြစ်ပြီး Aromaက ကမ်းလှမ်းထားသော နက်ပြာရောင်ပုဆိုးနှင့် တိုက်ပုံကိုဝတ်ဆင်ဖြစ်ရန်များနေကြောင်း သူကပြောသည်။

ကျော်ကျော်ဗိုနှင့် ဇနီး

နှစ်စဉ် ထူးခြားအမြင်ဆန်းသည့် ဝတ်စုံဒီဇိုင်းဖြင့် မြင်ရလေ့ရှိသော မင်းသားကျော်ကျော်ဗိုတို့ဇနီးမောင်နှံကို ယခုနှစ်တွင် ဆင်စွယ်ရောင်ဆင်တူ မြန်မာဝတ်စုံဖြင့် မြင်တွေ့ရမည်ဟု ကျော်ကျော်ဗိုကပြောသည်။ “အရမ်းမဆန်းဘဲ အရောင်ကိုလည်း ဆင်စွယ်ရောင်ပျော့လေးဆင်ပေးဖို့ ပြောထားတယ်”

မြတ်သူအောင်

ယခုနှစ်ဝတ်စုံကို ဒီဇိုင်နာမင်းသက်စံက စီစဉ်ပေးထားပြီး ပိုးထည်ကိုတော့ ယွန်းရွှေရည်ပိုးထည်တိုက်က ကူညီပေးကြောင်း သိရသည်။

Myanmar Express

‘ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တစ်ခု အတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု’ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြီးစီး

From : .Popular

ဦးတင့်ဆွေ စာတမ်းဖတ်ကြားနေစဉ်

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့နှင့် စင်ကာပူ အခြေစိုက် အာရှမီဒီယာ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး ဗဟို အဖွဲ့တို့ ပူးပေါင်း စီစဉ်သည့် ဒီမိုကရက် တစ် လူ့ အဖွဲ့အစည်း တစ်ခု အတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်နဝါရီ ၃ဝ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ အင်းလျားကန် ဟိုတယ်တွင် ကျင်းပ သည်။


အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ နိုင်ငံတော် သမ္မတ အကြံပေးပုဂ္ဂိုလ်များ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံတကာ ပညာရှင်များ၊ ပြည်တွင်းမှ ပညာရှင် များ၊ စာပေ စိစစ်နှင့် မှတ်ပုံတင်ဌာနမှ တာဝန်ရှိ သူများနှင့် ပြည်တွင်းပြည်ပ မီဒီယာများ တက်ရောက်ကြသည်။


ဆွေးနွေးပွဲ ပထမနေ့ ပထမ ပိုင်းတွင် Media related Laws Responding to the Internet Age ခေါင်းစဉ်အောက်ဝယ် မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းမှ ပညာ ရှင်များ က စာတမ်းများ ဖတ်ကြား တင်ပြကြပြီးနောက် စာပေစိစစ်နှင့် မှတ်ပုံတင် ဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးတင့်ဆွေကလည်း “Current Policy on Drafting Media Law” အမည်ရှိ စာတမ်းကို ဖတ်ကြား တင်ပြသည်။ မြန်မာနိုင်ငံတွင် မီဒီယာ ဆိုင်ရာ ဥပဒေများ ခေတ် အဆက်ဆက် ပြောင်းလဲလာပုံ တို့ကို တင်ပြဆွေးနွေးခြင်းဖြစ်သည်။


ထိုစာတမ်းဝယ် ယခု မူကြမ်း ရေးဆွဲထားသော မြန်မာနိုင်ငံ မီဒီယာ ဥပဒေနှင့် ပတ်သက်၍ ထည့်သွင်းတင်ပြခဲ့သည်။ ယခု စီစဉ်နေကြသည့် မီဒီယာ ဥပဒေမှာ ပုံနှိပ် မီဒီယာ များအတွက်သာ ဖြစ်ပြီး ယင်းဥပဒေ ကြမ်းကို နိုင်ငံတော် ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း၊ ထို့နောက် ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက် တင်ပြ၍ အတည်ပြုချက် ရယူရမည်ဖြစ်ကြောင်း ဦးတင့်ဆွေက ပြောကြားခဲ့သည်။ မီဒီယာ ဥပဒေ ကြမ်းတွင် အခန်း(၁ဝ) ခန်းပါရှိရာ-
အခန်း(၁) အဓိပ္ပာယ်ဖွင့်ဆိုချက်များ
အခန်း(၂) စာရေးသူများနှင့် စာနယ်ဇင်းဆရာ များအတွက် ရပိုင်ခွင့်များ၊ တာဝန်များနှင့် ကျင့်ဝတ်များ၊ အခန်း(၃) စာအုပ် စာနယ်ဇင်း ထုတ်ဝေခြင်း ဆိုင်ရာ လိုက်နာရ မည့် အခြေခံ စည်းမျဉ်းများ၊ အခန်း(၄) စာပေ လွတ်လပ်ခွင့်နှင့် ကျင့်ဝတ်များ အကောင်အထည်ဖော်ရေး အတွက် စာနယ်ဇင်း ကော်မတီ၊ အခန်း(၅) ပုံနှိပ်၊ ထုတ်ဝေ ၊ ဖြန့်ချိသူများ မှတ်ပုံ တင်ခြင်း၊ အခန်း(၆) သတင်းစာများ၊ စာနယ်ဇင်းများ၊ စာအုပ်စာတမ်းများ ထုတ်ဝေခြင်း၊ အခန်း(၇) ယခု ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် ဆန့် ကျင် ကွဲလွဲခြင်းများ၊ အခန်း(၈) ပြည်တွင်းပြည်ပ ထုတ်ဝေ ဖြန့်ချိခြင်း၊ အခန်း(၉) ပြစ်ဒဏ်များ၊ အခန်း(၁ဝ) အထွေထွေ ပြဋ္ဌာန်းချက် များဟူ၍ အကြမ်းဖျင်း ပါရှိကြောင်း သိရ သည်။


”စာပေ စိစစ်ရေးက တာဝန်ရှိသူတွေ ဆိုတာဟာလည်း လူသားတွေ ပါပဲ။ သူတို့မှာလည်း လူ့ခံစားမှုနဲ့ လူ့ကျင့်ဝတ် ဆိုင်ရာ အမြင်တွေ ရှိတာပါပဲ။ သူတို့လည်း လွတ်လပ် မှုနဲ့ လွတ်လပ်စွာ တွေးခေါ် ပြောဆိုမှုတွေကို မြတ်နိုးတာပါပဲ။ ဒါပေမဲ့ သူတို့ တာဝန်ယူ ရတာက တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ အောက်မှာလေ။ ဒီတော့ ကာ ဘေးချိတ်သင့်တာတွေ ကို ဘေးချိတ်ထားပြီး လုပ်ရလေ တော့ကာ လူဆိုးတွေ လိုဖြစ်လာ တော့တာပါပဲ။


အဲဒီ အခြေအနေတွေအောက်မှာ ဘယ်ဟာကမှားပြီး ဘယ်ဟာက မှန်တယ် ဆိုတာ ဘယ်သူမှမပြော နိုင်ဘူး။ အခု ဆွေးနွေးပွဲမှာလို မပြောရဲကြဘူး”ဟု ဦးတင့်ဆွေ၏ စာတမ်း တွင် ပါရှိသည်။ လွန်ခဲ့သော ခေတ်များက စာပေစိစစ်ရေး ဝန်ထမ်း ဘဝများကို ပြန်လည် ရည်ညွှန်း တင်ပြခြင်း ဖြစ်သည်။


အင်ဒိုနီးရှားနိုင်ငံမှ အိုင်ဝန် အာဝါလူဒင်က Laws, Ethics and Media Freedom in Indonesia after Reformation ဟူသည့် ခေါင်းစဉ်ဖြင့် စာတမ်းဖတ် ကြား တင်ပြရာတွင် ခေတ်ပြောင်းပြီး ကာလ အင်ဒိုနီးရှား နိုင်ငံ၏ မီဒီယာ ဆိုင်ရာ လွတ်လပ်မှုများ၊ မီဒီယာ ဥပဒေပါ အချက်အလက် များကို ပြည့်စုံစွာ ရှင်းလင်း တင်ပြသွား သည်။
”အင်ဒိုနီးရှား ပုံနှိပ်ဥပဒေ အမှတ် ၄ဝ။ ၁၉၉၉ ဟာ တစ်မူထူးပါတယ်။ ဥပဒေကြမ်း ရေးဆွဲချိန်မှာ ပြည်သူ တွေဟာ အဲဒီ ဥပဒေအသစ်ဟာ ဘယ်လို ဖြစ်သင့်တယ် ဘာတွေ ပါ သင့်တယ် ဆိုတာတွေနဲ့ပတ်သက်လို့ သူတို့ရဲ့ အမြင်တွေ၊ အတွေးအကြံ တွေကို ပြောခွင့် တင်ပြခွင့် ရခဲ့တယ်”ဟု အာဝါလူဒင်က ပြောပါ သည်။


အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့ဝယ် စာတမ်းရှင် ၁၁ ဦး စာတမ်းများ ဖတ်ကြား တင်ပြကြရာဝယ် မြန်မာ စာတမ်းရှင်များမှာ ဦးတင့်ဆွေ၊ ဦးသန်းလွင်ထွန်း (ဗွီအိုအေ မြန် မာ ပိုင်း ဌာနမှူး) နှင့် ဦးဇေယျသူ တို့ ဖြစ်ကြသည်။
အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ တွင် မီဒီယာ ဥပဒေကို အသေးစိတ် ဆွေးနွေး အကြံပြုကြသည်။ ၄င်းနောက် Capacity Development (စွမ်းရည် ဖွံ့ဖြိုး တိုး တက်ရေး) အတွက် သတင်းစာ သင်တန်းကျောင်း တည်ထောင် ဖွင့်လှစ်ရေးကို အသေးစိတ် ဆွေးနွေးကြပြီး၊ သင်တန်းကျောင်း ဖြစ်မြောက်ရေး ယာယီ ကော်မတီကို ဖွဲ့စည်း ကာ အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်နဝါရီ (၃၁) ညနေပိုင်းတွင်ရုပ်သိမ်း ခဲ့သည်။

PN-002

Myanmar Express