Subscribe to our RSS Feed

ဧပြီ ၁၄ ရက် အီးယူအစည်းအဝေး မြန်မာအပေါ်ပိတ်ဆို့မှု ဆုံးဖြတ်မည်


From : ခေတ်လူငယ်

လာမယ့် ဧပြီ ၁၄ ရက်နေ့ကျင်းပဖို့ရှိတဲ့ အီးယူအစည်းအဝေးမှာ မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချက်သုံးချက်ပေါ်မူတည်ပြီး ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ သိရတယ်။ ထိုင်းနိုင်ငံမှ ယူကေသံတမန်အရာရှိ တစ်ဦးက “ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဟိတ်ဂ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ အပြုသဘောဆောင်တဲ့ အချက်တွေ တွေ့ရတယ်၊ မြန်မာနိုင်ငံရဲ့ ထိလွယ်ရှလွယ်ဖြစ်တဲ့ ခုလိုအချိန်မှာ အချက်သုံးချက်ပေါ်မူတည်ပြီး ဧပြီ ၁၄ ရက် အီးယူအစည်းအဝေးက ဆုံးဖြတ်မယ်” လို့ ပြောပါတယ်။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ တိုင်းတာမယ့် အချက်သုံးချက်က လာမယ့် ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့၊ ယုံကြည်ချက် အကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့၊ ပြည်တွင်းစစ်တွေ ငြိမ်းချမ်းဖို့ စတာတွေ ဖြစ်တယ်။ ယူကေသံတမန်က နိုင်ငံတကာက လူတစ်ဦးချင်း ပြောင်းလဲတာထက် အဖွဲ့အစည်းလိုက်ပြောင်းလဲတာကို လိုချင်တယ်။ “နိုင်ငံတကာက တိုင်းတာတဲ့ အချက်သုံးချက်ပြည့်မီရင် မြန်မာနိုင်ငံအနေနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ပြီး ဒဏ်ခတ်မှု တွေလျော့ပါးလာမှာဖြစ်တယ်” လို့ ဆိုတယ်။ ဧပြီ ၁၄ ရက်နေ့မှာ ကျင်းပမယ့် အီးယူအစည်းအဝေးပွဲရဲ့ အဆုံးအဖြတ်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးမှာ သက်ရောက်မှာဖြစ်တယ်။ အချက်သုံးချက်ပြည့်မီရင် မြန်မာနိုင်ငံမှာ ရှင်းနှီးမြှုပ်နှံဖို့ ပိတ်ပင်ထားတဲ့ ယူကေနဲ့ အနောက်နိုင်ငံမှ ကုမ္ပဏီတွေ မြန်မာနိုင်ငံကို လာရောက်လုပ်ကိုင်ခွင့်ရှိပြီး အင်အားကြီး နိုင်ငံတွေနဲ့ ပုံမှန်ဆက်ဆံရေး တည်ဆောက်နိုင်မှာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုတွေကို မိမိနိုင်ငံကပဲ လုပ်နိုင်ပြီး နိုင်ငံတကာက တိုက်တွန်းလို့ပဲရကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


From : ခေတ်လူငယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Hon. Mr. Albert F. Del Rosario ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီ ၉ ရက်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦး စိုးသိန်း၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး ဖိလစ်ပိုင် သမ္မတနိုင်ငံခြားရေးဝန်ကြီး Hon . Mr. AIbert F. Del Rosario နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဖိလစ်ပိုင်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Maria Hellen M. Barber နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ- ဖိလစ်ပိုင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မြဲရေးနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

ဤဆိုလျှင် “ဤ”ဟု ကျွဲဆိုလျှင် “ကျွဲ”ဟု…


From : မျိုးမြန်မာ

လူညီလျှင် ဤ ကိုကျွဲဟု ဖတ်လို့ရသည်ဆိုသော မြန်မာစကားပုံတစ်ခုရှိသည်။ အဓိကကတော့ လူညီဖို့ ဖြစ်ပါသည်။

ယနေ့မြန်မာနိုင်ငံရေးအခြေအနေသည်ကား အတိုက်အခံဆိုသူများအနေဖြင့် ဤဆိုလျှင် ဤဟု ကျွဲဆိုလျှင် ကျွဲဟု ညီညွတ်စွာရပ်တည်သင့်သော အခြေအနေဟု မြင်မိပါသည်။ လက်ရှိတပ်မတော် အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲသည် အီလေးဆွဲနေသည့် မြန်မာ့နိုင်ငံရေးအား တဆင့်တက်စေသော လှုပ်ရှားမှုဖြစ်သည်။ သို့သော် အဆိုပါလှုပ်ရှားမှုသည်ပင်လျှင် အတိုက်အခံများအကြား အမြင်များ ကွဲပြားခြင်း၊ ထိုအမြင်ကွဲပြားမှုကိုပင် အခြေတည်ကာ အမြင်မတူသူများ တစ်ဖက်နှင့်တစ်ဖက် ပုတ်ခတ်ခြင်း စသည်တို့ကို ပေါ်ပေါက်လာစေသည်။ အစထဲက သေချာစွာမရှိခဲ့ပဲ အခြေအနေကိုလိုက်၍ တောင်လှော် မြောက်လှော်လှော်ခဲ့သည့် သူတို့၏ နိုင်ငံရေးလှုပ်ရှားမှု လှေကြီးသည်လည်း ဘယ်ဘက်သွားရမှန်းမသိ ပိုမိုေ၀၀ါး ပျောက်ဆုံးအောင်ကို ဖြစ်နေကြသည်မှာလည်း အထင်အရှားပင် ဖြစ်ပါသည်။

အန်အယ်ဒီပါတီအနေဖြင့်လည်း ဒီမိုကရေစီအရေးတွင် မည်သို့မည်ပုံ တိုးတက်အောင် အကောင်အထည်ဖော်မည်ဆိုသည့် လမ်းကြောင်းကိုမျှ ပီပီပြင်ပြင် ချထားခြင်းမရှိပဲ စိတ်ကောက်မူနွဲ့ရုံမျှသော စိတ်ဖြင့် ကျောခိုင်းခဲ့သည့် Road Map ၏ ပီပြင်ပုံပေါ်လာမှုကို ပြတ်သားစွာဆုံးဖြတ်ချက်မချနိုင်သေးပဲ ဝေေ၀၀ါးဝါးဖြင့် ကျားကန်ပြောဆို နေရသည့်အခြေအနေကို ရောက်ရှိလာ၏။

ထိုအခြေအနေတွင် ကုလသမဂ္ဂ အစရှိသည့် နိုင်ငံတကာအဖွဲ့များနှင့် ပတ်ဝန်းကျင်နိုင်ငံများမှလည်း မြန်မာအတိုက်အခံဆိုသူများနှင့် အန်အယ်ဒီပါတီတို့ ဖြစ်စေချင်သည့် လွန်ခဲ့သော နှစ်နှစ်ဆယ်ရလဒ်ကို အကောင်ထည်ဖော်စေချင်သော လမ်းကြောင်းထက် လက်တွေ့ပိုမိုကျသည့် ယခုကျင်းပမည့်ရွေးကောက်ပွဲတွင် အားလုံးပါဝင်စေလိုသည့် လမ်းကြောင်းကိုသာ စေ့စပ်ပေးရန် ပိုမိုအားသန်ကာ ထိုသို့ပြုလုပ်ရန်ကိုပင် ကြိုးပမ်းကြ၏။ ထို့ကြောင့်ပင် အန်အယ်ဒီသည် ၂၀၁၀ ကို ပြောဆိုလာသည့် ထိုပုဂ္ဂိုလ်များ၊ စေ့စပ်ညှိနှိုင်းသူများအား ပတ်လည်ရန်လုပ်၊ တစ်ဖက်မှလည်း ယတိပြတ်ဆုံးဖြတ်မပြောဆိုဝံ့ပဲ စောင့်ကြည့်နေရသည့် ပါတီ၏အကျပ်အတည်းကို မြင်နိုင်ပေသည်။ ထိုအရာသည် ယခင်ကာလများကဲ့သို့ အစိုးရမှ ဖိနှိပ်သောကြောင့် ကျပ်တည်းနေခြင်းမျိုးမဟုတ်ပဲ မိမိ၏ မူဝါဒများကို မည်သို့သတ်မှတ်ရမည် မတွက်ချက်နိုင်သော မူဝါဒပိုင်းဆိုင်ရာ အားနည်းကျပ်တည်းမှုမျိုးဟု ကောက်ချက်ချမိပါသည်။

ယခုအချိန်တွင် အမေရိကန်နိုင်ငံ၏ မူဝါဒအပြောင်းအလဲ လေသံပစ်မှုများကလည်း အတိုက်အခံများ၏ ရပ်တည်ချက်ကို ပိုမိုေ၀၀ါးစေမည်ဟု ယူဆမိပါသည်။ အမေရိကန်အစိုးရသစ်သည် လိုအပ်သည်ထင်သည့်အတိုင်း အပြောင်းအလဲပြုလုပ်ရန် ကြိုးစားခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံရေးအခြေအနေသည် အတိုက်အခံများအကြား ရွေးကောက်ပွဲဝင်သင့် မ၀င်သင့် အယူဝါဒ တစ်ဖက်နှင့်တစ်ဖက် အားပြိုင်လွန်ဆွဲနေကြသည့် အချိန်ဖြစ်နေခြင်းကြောင့် ထိုအချက်သည် ပုံမှန်ထက်ပိုကာ များစွာသက်ရောက်မှု ရှိမည်ဖြစ်သည်။ ရွေးကောက်ပွဲကို ဆန့်ကျင်လိုသည့် သဘောထားတင်းမာသူများသည် များစွာအားလျော့ သွားကြမည်ဖြစ်၏။

တဖက်တွင်ကြည့်မည်ဆိုလျှင်လည်း ရွေးကောက်ပွဲမ၀င်သင့်ဟု ကြွေးကြော်သူများသည် မ၀င်လျှင်မည်သည့် စီမံချက်များဖြင့် မည်သို့ဆန့်ကျင်မည်ဆိုသည့် အစီအစဉ်များ ချပြမထားနိုင်ကြခြင်း၊ ပြည်သူ၏ ဒီမိုကရေစီအရေးအတွက် အတိုက်အခံများအပေါ် အားကိုးလိုစိတ်သည် အားလျော့လာခြင်း၊ အတိုက်အခံများကိုယ်တိုင်ပင်လျှင် မိမိတို့၏ တော်လှန်ရေးဆိုသည်၏ အတွင်းကျကျအခြေအနေများကို ကြည့်ပြီး ခိုင်မာသော ဇွဲမာန်များ ပျောက်ဆုံးလာနေကြခြင်း စသည်တို့ကြောင့် ရွေးကောက်ပွဲမ၀င်ရဆိုသူများသည် စိတ်ကူးယဉ်ကြသူများ၏ အယူအဆကဲ့သို့ ဖြစ်လာ၏။ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံများအနေဖြင့်လည်း လွန်ခဲ့သည့် အနှစ်နှစ်ဆယ် ရွေးကောက်ပွဲသာ အတည်ဖြစ်သင့်ပါသည်ဆိုသည့် အတိုက်အခံများ၏ အသံအပေါ် လက်ခံယုံကြည်ပေးစေနိုင်သည့် ယုတ္တိပိုင်းဆိုင်ရာ အားနည်းမှုကလည်း ရှိနေပြန်ပါ၏။

ဤသို့သောအခြေအနေတွင်..

ကျွန်တော်မျိုးမြန်မာယူဆမိသည်မှာ အတိုက်အခံများအနေဖြင့် ရွေးကောက်ပွဲသို့ ၀င်မည်၊ (သို့) ဆန့်ကျင်မည်ဆိုသည့် ရပ်တည်ချက်တစ်ခုကို ညီညွတ်စွာ စုရုံးချနိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်မည်ဟု ထင်၏။ ဤသို့ပြုလုပ်ခြင်းဖြင့် မည်သည့်ဘက်တွင် ရပ်ကြသည်ဖြစ်စေ ထိုရပ်တည်မှုသည် အားကောင်းမည်ဖြစ်၏။ အားကောင်းမှလည်း သန်စွမ်းမည်ဖြစ်သည်။ သန်စွမ်းမှသာလျှင် အကယ်၍ လက်ခံမည်ဆိုလျှင် လွှတ်တော်ထဲတွင် ခုသင်တို့ပူပန်နေကြသည့် တပ်မတော်အစိတ်သားကို ရင်ဆိုင်ရာ၌ ထိထိရောက်ရောက် ထိန်းချုပ်နိုင်မည်ဖြစ်သည်။ အကယ်၍ ဆန့်ကျင်မည်ဆိုလျှင်လည်း ထိရောက်သော နိုင်ငံတော်အစိုးရဆန့်ကျင်ရေးကို (ဒီမိုကရေစီအရေးဟု မဆိုပါ.. ထိုအချိန်တွင် မည်သို့ဆိုစေ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်နေသည်မှာ မငြင်းနိုင်ချေ..) ပြုလုပ်နိုင်မည်ဖြစ်၏။ သို့မဟုတ်ပါလျှင်မူ လွှတ်တော်ထဲတွင်လည်း အားလျော့နည်းလှသော၊ တဖက်မှလည်း အားလျော့နည်းကာ မည်သို့မျှမထိရောက်သော အကျိုးယုတ်မှုများကိုသာလျှင် ရရှိနိုင်ပါလိမ့်မည်။

ထို့ကြောင့် အထက်ပါနည်းလမ်း နှစ်လမ်းအနက် မည်သည့်လမ်းကိုမဆို အတိုက်အခံများအနေဖြင့် အစည်းအလုံးမကွဲစေပဲ တညီတညွတ်ထဲ လိုက်နာကြပါလျှင် ခရီးရောက်နိုင်ကြမည်မှာ အမှန်ပင်ဖြစ်သည်ဟု ယူဆမိပါသည်။ သို့သော် နိုင်ငံရေးတွင် စိတ်ထက်သန်လွန်းခြင်းသည် အယူဝါဒတစ်ခုကို စွဲစွဲမြဲမြဲယုံခြင်းကဲ့သို့ပင် မိမိယုံကြည်ချက်သည်မှ အမှန်ဟုထင်ကာ ညီညွတ်ခြင်းအင်အား ပျက်ပြားဆုံးရှုံးခြင်း၏ အန္တရာယ်ကို သိလျှက်ပင် တစ်ဖက်နှင့်တစ်ဖက် အံတုယှဉ်ပြိုင် အနိုင်လုလိုစိတ်သည်လည်း လူသားတို့၌ စွဲမြဲစွာရှိပါသည်။ ထိုအရာသည် တစ်စုံတစ်ရာသော အကျိုးရလဒ်ကို မက်မောသောကြောင့် မဟုတ်ပဲနှင့် မိမိယုံကြည်ရာကို အားသန်လွန်းခြင်းကြောင့်သာ ဖြစ်၏။ ကံဆိုးသည်မှာ လူသားတို့၏ စွဲမြဲစွာယုံကြည်ချက်တို့သည် တခါတရံတွင် အမှန်တရားမဟုတ်ခြင်း၊ လက်တွေ့မကျခြင်းပင်ဖြစ်သည်။

အချုပ်ဆိုရလျှင်မူ ယခုဖွဲ့စည်းပုံအား လက်ခံသင့်သည် သို့ ဆန့်ကျင်သင့်သည်ဟု ဆိုကြသူများသည် ဘာကြောင့်လက်ခံသင့်ပါသည်၊ ဘာကြောင့်ဆန့်ကျင်သင့်ပါသည်ဟု ခိုင်မာစွာ ဆိုနိုင်ကြသူများဖြစ်၏။ အများစုတွင်တွေ့ရသည့် တူညီသည့်အချက်မှာမူ သူတို့သည် ဒင်ပြည့်ကျပ်ပြည့် ဒီမိုကရေစီကို လိုလားကြသူများဖြစ်၏။ ထို့ကြောင့် အတိုက်အခံများဆိုသကဲ့သို့ လွှတ်တော်ထဲတွင် ရင်ဆိုင်ရမည်ဆိုလျှင်တောင် မည်သည့်အဖွဲ့မှ တက်လာသည့် ကိုယ်စားလှယ်သည်မဆို တပ်မတော်အစိတ်သားကို ထိန်းချုပ်ရန် ကြိုးစားမည့်သူများသာဖြစ်သည်။ ထို့ကြောင့် ထိုအစိတ်သားအား ထိန်းချုပ်ရန်မှာ အတိုက်အခံတို့သာ ညီညွတ်ပါမူ စူးရှထက်မြက်စွာ လုပ်ဆောင်နိုင်ကြမည်ဖြစ်၏။ ထို့ပြင် မိမိတို့ကြိုးပမ်းသမျှသည် တရားဝင်ဖြစ်ကာ အကောင်အထည်ပေါ်လာမည်ဖြစ်၏။ အနီးဆုံး အကျိုးမှာကား နိုင်ငံသည် ငြိမ်းချမ်းတိုးတက်မည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယခုဖွဲ့စည်းပုံ၏ အဓိကအားနည်းချက်မှာ အာဏာခွဲတမ်းသာဖြစ်ပြီး ပြည်သူ့၏ နေ့စဉ်ဒီမိုကရေစီ လူ့အခွင့်အရေးတို့သည်မူ အပြည့်အ၀ မဟုတ်လျှင်တောင် ယခုထက်များစွာတိုးတက်မည်မှာ သေချာသောကြောင့် ဖြစ်၏။ ဒင်ပြည့်ကျပ်ပြည့် ဒီမိုကရေစီအတွက်မူ အချိန်ယူရမည်မှာ မှန်ပါသည်။

(ဤနေရာတွင် အတိုက်အခံတို့သည် တပ်မတော်အစိတ်သားအား ရင်ဆိုင်ရန် ပူပန်ကြီးစွာရှိကြသော်လည်း၊ ထိန်းချုပ်ရမည်ဟု ထင်မှတ်ထားကြသော်လည်း ကျွန်တော်ယူဆသည်မှာ လွှတ်တော်သည် နိုင်ငံအားမည်သည့်နည်းလမ်းဖြင့် ကောင်းကျိုးပြုစေမည်ဆိုသည့် စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အချက်များကို ဆွေးနွေးကြသော နေရာဖြစ်သောကြောင့် ထိုအစိတ်သားသည် ကဖျက်ယဖျက် လုပ်နေမည်လည်းမဟုတ်၊ ဖွဲ့စည်းပုံ၏ ဖော်ပြချက်များအရ ထိုပုံမှန် ဆုံးဖြတ်ချက်များအား ဆန်ကျင်ဖက်ပြုလုပ်နိုင်သည့် အင်အားပမာဏလည်းမဟုတ်ချေ။)

တစ်ဖက်တွင်လည်း အကယ်၍ ရွေးကောက်ပွဲကို ဆန့်ကျင်မည်ဟု ဆုံးဖြတ်ပါလျှင် ရွေးကောက်ပွဲဝင်သင့်သည်ဟု ယုံကြည်ကြသူများအား တော်လှန်ရေးတွင် ပြန်လည်ယုံကြည်လာအောင် ချပြနိုင်သည့် ခိုင်မာသောလမ်းကြောင်း မရှိခြင်း၊ အဖွဲ့အစည်းများအတွင်း ပြိုကွဲမှုများ ရှိနေခြင်း၊ စည်းရုံးနိုင်စွမ်းအားမရှိတော့ခြင်း၊ ကမ္ဘာ့အဖွဲ့အစည်းများ၏ ထောက်ခံမှုလျော့ကျလားခြင်း စသည့်အချက်များ ရှိနေ၏။ အရေးကြီးသည်မှာ ထိုသို့ ဆန့်ကျင်ခြင်းဖြင့် နှစ်ပေါင်းများစွာ လုံးပါးပါးနေသည့် နိုင်ငံအား မည်သို့အကျိုးရှိစေပါမည်ဟူသော အချက်ကို မစဉ်းစားနိုင်ခြင်းပင်ဖြစ်သည်။ေ၀၀ါးလှပေ၏။

ထိုနည်းလမ်းနှစ်သွယ်တွင် ရွေးကောက်ပွဲတွင် ပါဝင်ကာ အစိုးရအား ရင်ဆိုင်ခြင်းသည် လက်တွေ့လည်း ပိုဆန်မည်ဖြစ်၏။ နိုင်ငံတကာမှလည်း ထိုရွေးကောက်ပွဲ ၀င်သူများဖက်မှသာ လုံးဝအပြည့်အ၀ ရပ်တည်ကြမည်ဖြစ်၏။ ၀င်သင့်သည်ဟု ယုံကြည်ကာဝင်သူများရော၊ လုံးဝလက်မခံချင်သော်ငြားလည်း စည်းလုံးမှုမပြိုကွဲစေရန် ယုံကြည်ချက်ကို အသာထုပ်သိမ်း အောင့်အီးဝင်သူများပါ အပြည့်အ၀ဒီမိုကရေစီသာလျှင် ဦးတည်ချက်ဖြစ်သောကြောင့် စူးရှထက်မြက်စွာ စီမံခန့်ခွဲမှုများကို တခဲနက်ပြုလုပ်နိုင်မည်ဖြစ်၏။ ပြည်သူသည်လည်း အကျိုးခံစားရရှိရန် ကြာမြင့်စွာ စောင့်ရန်မလိုအပ်တော့သည့်အပြင် နစ်နာဆုံးရှုးံမှုကြီးသော ခေတ်ပြောင်းမှုလည်း မဟုတ်သည့်အကျိုးကို တိုင်းပြည်သည် လက်ငင်းခံစားရမည်ဖြစ်၏။ အကျိုးရှိဆုံးကာ တိုင်းပြည်၏ ငြိမ်းချမ်းတိုးတက်မှုဖြစ်ပါလိမ့်မည်။

ထို့ကြောင့် ကျွန်တော်မျိုးမြန်မာ၏အမြင်တွင် စည်းလုံးညီညွတ်မှုကို ရှာဖွေမည်ဆိုလျှင် ရွေးကောက်ပွဲဝင်ရောက်ခြင်းသည်သာ လက်တွေ့အဆန်ဆုံးဖြစ်သည်ဟု ယူဆပါသည်။ မည်သို့ဆိုစေကာမူ အတိုက်အခံတို့သည် ဤဆိုလျှင် ဤဟု ကျွဲဆိုလျှင် ကျွဲဟု စည်းလုံးစွာ ရပ်တည်ကြရန်သည်မူ အရေးတကြီး လိုအပ်ပါ၏။ မဟုတ်လျှင်မူကား လွှတ်တော်ထဲတွင်လည်း မစို့မပို့ အင်အားဖြင့်လည်းကောင်း၊ ပြည်ပတွင်လည်း မဖြစ်ညစ်ကျယ်အနေအထားဖြင့်လည်းကောင်း၊ မပီမပြင်ဖြင့် ဟိုနေရာဆွ ဒီနေရာဖွကာ မြန်မာနိုင်ငံအား ဆက်လက်မတည်မငြိမ်ဖြစ်စေမည့် အနေအထားလောက်သာ နာတာရှည်ဖြစ်နေမည့်အရေး ပူပန်မိသောကြောင့် ဖြစ်ပါသည်။


Myanmar Express

အခွန်ရုံးများတွင် မသမာမှုများရှိပါက တိုင်ကြားနိုင်


From : ခေတ်လူငယ်

မန္တလေးတိုင်းဒေသကြီး ပြည်တွင်း အခွန်ဦးစီးဌာနမှ အိမ်ခြေရောင်းဝယ်ရေးစာချုပ်များ အခြားအခွန်ကိစ္စရပ်များနှင့်ပတ်သက်၍ မရှိမဖြစ် လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်၍ ငွေကြေးတောင်းခံမှုများရှိပါက တိုင်ကြားနိုင်ကြောင်း တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။ ယင်းကြေညာချက်မှာ “ပြည်တွင်းအခွန်ဦးစီးဌာနသည် ပြည်သူများထံမှ ကောက်ခံရရှိသော အခွန်ငွေဖြင့် နိုင်ငံတော် ကာကွယ်ရေး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် လုပ်ငန်းများနှင့် အများပြည်သူအကျိုးပြု လုပ်ငန်းများတွင် သုံးစွဲလျက်ရှိကြောင်း၊ အခွန်ပေးဆောင်ခြင်းသည် နိုင်ငံသားတစ်ယောက်အနေဖြင့် အနိမ့်ဆုံး တာဝန်ထမ်းဆောင်ခြင်းဖြစ်သောကြောင့် ဂုဏ်သိက္ခာရှိရုံသာမက အများအကျိုးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် မိမိဝင်ငွေ၏ တစ်စိတ်တစ်ဒေသဖြင့် မွန်မြတ်သောလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။ မန္တလေးမြို့ပေါ် မြေအရောင်းအဝယ်စာချုပ်များ အခွန်ငွေမှန်မှန်ကန်ကန် ပေးသွင်းရေးအတွက် ကွင်းဆင်းစစ်ဆေးပြီး မိမိဝန်ထမ်းများ လာဘ်ယူမှုများမရှိရေးတို့အတွက်လည်း တိုင်းဒေသကြီး အခွန်ဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ် မြန်မာနိုင်ငံသို့ လာရောက်မည်


အာဆီယံ အတွင်းရေးမှူးချုပ်ဖြစ်သူ ဒေါက်တာဆူရင်ပစ်ဆူဝမ်သည် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ၂၁ ရက်နေ့အထိ နှစ်ရက်အကြာ အထူးလေ့လာရေး အလည်အပတ် ခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိပါသည်။ ဒေါက်တာဆူရင်ပစ်ဆူဝမ်မှာ မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် လာမည့် ၂၀၁၄ ခုနှစ်တွင် ခန့်အပ်ခြင်းခံရရန် အတွက် ထောက်ခံ အားပေးခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ၎င်း၏ခရီးစဉ်အတွင်း မြန်မာအစိုးရအဖွဲ့ အကြီးအကဲများနှင့် တွေ့ဆုံရန် ရှိပြီး လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံရေးအခြေအနေ ဖြစ်ပေါ်တိုးတက်မှုများကို လေ့လာသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ၂၀၁၄ ခုနှစ်၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူရန်အတွက် လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများနှင့် လိုအပ်ချက်များကိုလည်း မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ဒေါက်တာဆူရင်ပစ်ဆူဝမ် အနေဖြင့် မြန်မာအစိုးရနှင့် မြန်မာပြည်သူများထံမှ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်ပြီး အစီအမံများ ရေရှည်ရည်မှန်းချက်များကိုလည်း တိုက်ရိုက်ကြားသိ လေ့လာခွင့် ရလိုကြောင်း အထက်ပါ သတင်းထုတ်ပြန်ချက်တွင် ပါရှိပါသည်။ ၎င်းမှာ မြန်မာနိုင်ငံသို့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုဖြစ်စဉ် ဖြစ်ပွားပြီး နောက်ပိုင်း ၂၀၀၈ ခုနှစ်ကလည်း လာရောက်ခဲ့ဖူးကြောင်း သိရှိရပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ၎င်းအား နာဂစ်အလွန် မြန်မာနိုင်ငံ၏ ပြောင်းလဲတည်ဆောက်မှုများကို ကြည့်ရှုလေ့လာရန်အတွက် ဖိတ်ခေါ်ထားကြောင်း

Myanmar Express

ပွင့်ဖြူမြို့တွင် မိလ္လာကန်အတွင်း ရေဆိုးထုတ်ရင်း လေးဦးသေဆုံး


From : ခေတ်လူငယ်

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု လယ်မကျေးရွာ၌ လွန်ခဲ့သော (၁၀)နှစ်ခန့်က အသုံးပြုခဲ့သော အကျယ်(၄) တောင်အနက်( ၁၀) တောင်ခန့်ရှိ မိလ္လာကန်မှ ရေဆိုးထုတ်ရန်အတွက် မိလ္လာကန်အတွင်း ဆင်းသက်သွားကြရာမှ ကန်အတွင်း ရှိဓာတ်ငွေ့များနှင့် အနံ့ဆိုးများကြောင့် အောက်စီဂျင်ပြတ်လပ်ကာ ပြန်တက်မလာနိုင်တော့ဘဲ မေ့မြောသွားခဲ့ပြီး ပတ်ဝန်းကျင်မှ ဝိုင်းဝန်းဆယ်တင်ကြသော်လည်း ဆေးရုံအသွား လမ်းခရီးနှင့် ဆေးရုံတွင် စုစုပေါင်းလေးဦး သေဆုံးသွားကြရသည့် ဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက် ညနေ ၃ နာရီ ၂၅ မိနစ်တွင် လယ်မကျေးရွာနေ ဦးတင်ငွေ (၄၆ နှစ်၊ အဘ ဦးမှုံ)သည် လွန်ခဲ့သော (၁၀) နှစ်ခန့်က စတင်အသုံးပြုခဲ့သော မိလ္လာကန်မှ ရေဆိုးထုတ်ရန်အတွက် အဖော်ငါးဦးနှင့်အတူ မိလ္လာကန်အတွင်း ဆင်းသွားခဲ့သည်။ ထိုသို့ ဆင်းသွားစဉ် ကန်အတွင်းရှိ ဓာတ်ငွေ့များနှင့် ပြင်းထန်သော အနံ့ဆိုးများကြောင့် အောက်ဆီဂျင်ပြတ်လပ်ကာ ပြန်တက်မလာနိုင်တော့ဘဲ မေ့မြောသွားခဲ့ကြသဖြင့် ပတ်ဝန်းကျင်ရွာသားများမှ ဝိုင်းဝန်း ယ်တင်ခဲ့ပြီး ပွင့်ဖြူမြို့နယ် ဆးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌ ဦးမောင်ဝင်းဆိုသူမှာ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် သေဆုံးသွားခဲ့သည်။ ကျန်သူများအနက် အိမ်ရှင်ဦးတင်ငွေ၊ ချမ်းငြိမ်းဌေးနှင့် ကျော်မြိုင်တို့သုံးဦးမှာ ဆေးရုံရောက်ပြီး ကုသမှု ခံယူနေစဉ်မှာပင် ညနေ ၅ နာရီခွဲခန့်တွင် ထပ်မံသေဆုံးသွားခဲ့သည်။ ကျန်နှစ်ဦးဖြစ်သည့် အောင်ကိုနှင့် အေးလွင်တို့မှာမူ ဆေးရုံတွင် ကုသမှုဆက်လက်ခံယူနေဆဲဖြစ်သည်။ မိလ္လာကန်အတွင်း လူများဆင်းသက်ရာမှ ပြန်တက်မလာနိုင်ဘဲ မူးလဲမေ့မြောသေဆုံးကြရမှုများမှာ မကြာခဏ ကြားသိနေရသော ဖြစ်စဉ်များဖြစ်သော်လည်း သတိမမူနိုင်ကြသည့်အတွက် ဆက်ကာဆက်ကာ ဖြစ်ပွားလျက်ရှိသည်။ မိလ္လာကန်ထွက် ဘိုင်အိုဂက်စ်များမှာ လူတို့အတွက် ပြင်းထန်သည့် အဆိပ်အတောက် ဓာတ်ငွေ့ဖြစ်ပေရာ လေဝင်လေထွက် အားနည်းပြီး အနံ့ဆိုးများရှိနေသည့် နေရာများ၊ အထူးသဖြင့် မိလ္လာကန်များအတွင်းသို့ဆင်း၍ လိုရာလုပ်ငန်း ဆောင်ရွက်ခြင်းများအား သတိတရားဖြင့် ဆင်ခြင်ဆောင်ရွက်ကြရန် သက်ဆိုင်ရာက သတိပေးနှိုးဆော်ထားကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

အမေရိကန် အရေးယူပိတ်ဆို့မှုတစ်ခု ရုပ်ပြီ


From : ခေတ်လူငယ်

အမေရိကန်၏ မြန်မာအပေါ် အရေးယူပိတ်ဆို့မှုတစ်ခုကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရုပ်သိမ်းပေးလိုက်ကြောင်း သိရသည်။ အမေရိကန် ပိတ်ဆို့အရေးယူမှု အများအပြားရှိသည့်အနက် အမေရိကန် အစိုးရ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေအရ မြန်မာနိုင်ငံအပေါ် အမေရိကန် ထောက်ပံ့မှုရှိသော အဖွဲ့အစည်းများဆီမှ ငွေကြေးကူညီ ထောက်ပံ့ချေးငှားခြင်းလုပ်၍ မရအောင် ပိတ်ဆို့ထားသော ဥပဒေဖြစ်သည်။ ယင်းသို့ ရုပ်သိမ်းပေးမှုကြောင့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့များဆီမှ ငွေကြေးအကူအညီ ရယူနိုင်မည့် အခွင့်အလမ်းများ ပေါ်ထွက်လာမည် ဖြစ်သည်။ ယခု ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းခြင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန် လက်မှတ်ရေးထိုးလိမ့်မည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံအပေါ် အမေရိကန်၏ တခြားပိတ်ဆို့မှုများ ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

နိုင်ငံခြားငွေများ ဘဏ်စာရင်းပြောင်းနည်းဖြင့် ရောင်းဝယ်နိုင်ပြီ


From : ခေတ်လူငယ်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပုဂ္ဂလိကဘဏ် (၁၁)ဘဏ်ကို (၂၅.၁၁.၂၀၁၁) ရက်တွင် နိုင်ငံခြားငွေ ရောင်းဝယ် ဖောက်ကားခွင့် လိုင်စင် (Authorized Dealer License) ထုတ်ပေးပြီး နိုင်ငံခြားဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ခွင့်ပြုခဲ့သည်။ ယခုအခါ ၄င်းဘဏ်များသည် ပြည်ပဘဏ်များနှင့် အဆက်အသွယ် ဘဏ်ထူထောင်ခြင်း၊ နိုင်ငံတကာသုံး ဘဏ်လုပ်ငန်းကွန်ရက် (SWIFT) စနစ်အတွင်းသို့ ဝင်ရောက်ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ခြင်း၊ နိုင်ငံခြားငွေဖြင့် သတ်မှတ်သည့် မတည်ငွေရင်းများကို ထည့်ဝင်ခြင်းနှင့် ဝန်ထမ်းများအား လေ့ကျင်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့်လိုင်စင် ထုတ်ပေးထားသည့် ပုဂ္ဂလိကဘဏ်များမှာ သမဝါယမဘဏ်လီမိတက်၊ မြဝတီဘဏ်လီမိတက်၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ အင်းဝဘဏ်လီမိတက်၊ ထွန်းဖောင်ဒေးရှင်းဘဏ်လီမိတက်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ယူနိုက်တက်အမရာဘဏ်လီမိတက်နှင့် ဧရာဝတီဘဏ်လီမိတက်တို့ ဖြစ်သည်။ ပြည်တွင်းရှိ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ တစ်ဦးချင်း နိုင်ငံခြားငွေစာရင်း ပိုင်ရှင်များအနေဖြင့် မိမိတို့စာရင်းရှိ နိုင်ငံခြားငွေများကို ဘဏ်စာရင်းပြောင်းနည်း (Account Transfer) ဖြင့် ရောင်းဝယ်လိုပါက အထက်ပါဘဏ်များသို့ (၉.၂.၂၀၁၂) ရက်မှစ၍ ဆက်သွယ်ရောင်းဝယ်နိုင်ပြီဖြစ်ကြောင်းနှင့် အသေးစိတ် သိရှိလိုပါက သက်ဆိုင်ရာ ဘဏ်များတွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

အလားအလာကောင်းတွေ ရှိနေတဲ့ မြန်မာနိုင်ငံ


From : ခင်မောင်ညို (ဘောဂဗေဒ)

မြန်မာ့ စီးပွားရေး အ၀န်းအ၀ိုင်းမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ပြဌာန်းချက် အမှတ်၎ ကိုယ်စားလှယ်အဖွဲ့ လာရောက်တဲ့သတင်းဟ လှုပ်လှုပ်ရှားရှား ရှိတဲ့သတင်းတစ်ခု ဖြစ်ပါတယ်။ ဒီအဖွဲ့ကို မီရီလ် ကာရာဆူလူ Meral Karasulu (Deputy Division Chief',Asia and Pacific Department ,International Monetary Fund) ခေါင်းဆောင်ပြီး ၂၀၁၂ခုနစ်၊ ဇန်န၀ါရီလ၊ ၉ရက်နေ့ကနေ ၂၅ရက်နေ့အထိ လာရောက်ခဲ့ရမှာ ခရီးစဉ်အပြီး ဇန်န၀ါရီလ ၂၅ရက်နေ့ နေ့စွဲနဲ့ ကျေညာချက် တစ်စောင် ထုတ်ခဲ့ပါတယ်။ ဇန်န၀ါရီ ၂၅ရက်နေ့၊ နေ့လည် ၃နာရီအချိန်၊ ရန်ကင်း ဘဏ်သင်တန်းကျောင်းမှာ ဟောပြောပွဲတစ်ခု လုပ်ခဲ့ပါတယ်။

ဟောပြောပွဲမှာ နိုင်ငံတော်သမ္မတကြီးရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ပထမဆုံး သဘာပတိရဲ့ နိဂုံးချုပ် မိန့်ခွန်းကို ကောက်နှုတ်ဖော်ပြချင်ပါတယ်။ ဦးမြင့်က "အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့လို အဖွဲ့မျိုးက မြန်မာနိုင်ငံအပေါ် အခုလို အပြုသဘော ရှုမြင်တာ ကြားသိရတဲ့အတွက် ကျေနပ်စရာလို့ မြင်ပါတယ်။"

အဖွဲ့ခေါင်းဆောင်ရဲ့ တင်ပြဆွေးနွေးချက်တွေထဲက ပထမဆုံး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာကတော့ အလားအလာကောင်းတွေ ရှိနေတဲ့ မြန်မာနိုင်ငံ စဉ်ဆက်မပြတ် စီးပွားရေး တိုးတက်မှု၊ အားလုံး သက်ဆိုင် အကျုံးဝင်တဲ့ စီးပွားရေး တိုးတက်မှု၊ ရရှိဖို့အတွက်၊ နိုင်ငံအဆင့် စီးပွားရေး တည်ငြိမ်မှု (Macroeconomic stability) နဲ့ စရပါမယ်။ အခုလဲ ဖလှယ်နှုန်း တစ်မျိုးထဲ ဖြစ်ဖို့၊ နိုင်ငံခြားနဲ့ ပတ်သက်တဲ့ အကန့်အသတ်တွေကို ပယ်ဖျက်ဖို့ စတင်လုပ်နေတာကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က အသိအမှတ်ပြုပါတယ်။

၂၀၁၁-၁၂ ဘဏာရေးနှစ်မှာ မြန်မာနိုင်ငံရဲ့ အမှန်တကယ် တိုင်းပြည်ဝင်ငွေ ၅.၅ရာခိုင်နှုန်း တက်ပြီး ၂၀၁၂-၁၃မှာတေ့ ၆ရာခိုင်နှုန်းအထိ တက်မယ်။ ချေးငွေတွေ တိုးပွားတာရယ်၊ စီးပွားရေးလုပ်ငန်းတွေရဲ့ ယုံကြည်စိတ်ချမှုတွေ တိုးပွားလာတာရယ်ကြောင့် ပို့ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြင့်မားလာနိုင်တယ်လို့ တွက်ဆထားပါတယ်။

ငွေဖောင်းပွမှုနှုန်းက ၂၀၁၁-၁၂မှ ၄.၂ရာခိုင်နှုန်း ရှိရာက နောင်နှစ်မှာ ၅.၈ရာခိုင်နှုန်းအထိ တက်မယ်လို့ မျှော်လင့်ပါတယ်။ စားနပ်ရိက္ခာ ဈေးနှုန်းတွေ ဈေးကျတာ ရပ်ပြီလို့ တွက်ပါတယ်။

၂၀၀၉-၁၀ ဘဏာရေးနှစ် အဆုံးကတည်းက မြန်မာကျပ်ငွေဟာ ၃၂ရာခိုင်နှုန်း အထိ တန်ဖိုး တိုးတက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံထဲကို နိုင်ငံခြားက ငွေကြေး အမြောက်အများ ၀င်လာပြီး ပြန်ထွက်ဖို့ကျတော့ အချုပ်အချယ်၊ အတားအဆီးတွေ ရှိနေလို့ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

တကယ်တော့ ၂၀၀၈ခုနစ် ကမ္ဘာ ဘဏာရေးအကြပ်အတည်းဟာ မြန်မာနိုင်ငံကို အနည်းငယ်သာ ထိခိုက်မှု ရှိစေခဲ့သလို ဒေသတွင်းမှာ ၀ယ်လိုအား ကျဆင်းတာဟာ မြန်မာနိုင်ငံကို အနည်းငယ်ပဲ ထိခိုက်နိုင်ပါတယ်။ ရှေ့တန်းရောက်နေတဲ့ နိုင်ငံတွေနဲ့ မြန်မာနိုင်ငံက အဆက်အသွယ် အနည်းငယ်ပဲ ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ငွေလဲလှယ်နှုန်း တန်ဖိုး ဆက်တက်နေရင် မြန်မာပို့ကုန်တွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်နိုင်ပါတယ်။

တစ်ဖက်မှတော့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ဖြေလျှော့ပေးတာ ပုဂ္ဂလိကကဏ ချေးငွေတွေ တိုးလာတာ နိုင်ငံခြားငွေနဲ့ အချုပ်အချယ်တွေ ဖယ်ရှားပြီး ဖလှယ်နှုန်းတစ်ခုတည်း ဖြစ်အောင် လုပ်ပေးမယ် ဆိုရင်တော့ တိုးတက်မှု ရနိုင်ပါတယ်တဲ့။

အလွန်တရာ ရှုပ်ထွေးတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း ပြုပြင်ဖို့ကို ဦးစားပေး ဆောင်ရွက်ရမှာပါ။ ပို့ကုန်ပထမ (Export first) မူဝါဒကိုလဲ ပယ်ဖျက်ရပါမယ်။

တချို့ကန့်သတ်ချက်တွေကို ချက်ချင်းဖယ်ရှားနိုင်ပါတယ်။ ဥပမာ ဘယ်စာရင်းနဲ့ပဲဖြစ်ဖြစ် သွင်းကုန်တင်သွင်းခွင့်ပြုတာ၊ သွင်းကုန်လိုင်စင် လွယ်အောင် လုပ်ပေးတာ၊ နိုင်ငံခြားငွေလဲကောင်တတွေမှ လဲခွင့်ရအောင် လုပ်ပေးတာမျိုးတွေပါ။

တကယ်တော့ ငွေလဲလှယ်နှုန်း တစ်မျိုးတည်း ဖြစ်အောင် လုပ်ဖို့ဆိုတာ နိုင်ငံအဆင့် စီးပွားရေး စီမံခန့်ခွဲမှုတွေ အားလုံး တိုးတက်မှုအပေါ်မှာ မူတည်နေပါတယ်။ ဈေးနှုန်းတည်ငြိမ်မှုကို အာရုံစိုက်တဲ့ ငွေကြေးမူဝါဒကို ချမှတ်ပေးရပါမယ်။

မကြာမီက ဘဏ်အတိုးနှုန်းတွေ ချပေးခဲ့တာကို ကြိုဆိုပေမယ့် ထပ်ချနိုင်မယ် မထင်ပါဘူး။ ထပ်ချရင် ဘဏ်မှာ မစုကြတေ့ဘဲ အိမ်ယာမြေလို ဈေးကစားနိုင်တဲ့ နေရတွေ ရောက်သွားမှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးချင်ရင် အတိုးထပ်မချဘဲ ပုဂ္ဂလိကအတွက် အဟန့်အတားတွေ ဖယ်ပေးဖို့၊ ဘဏ်လုပ်ငန်းတွေ တိုးတက်အောင် လုပ်ပေးဖို့အတွက် အကြံပေးတာ တွေ့ရပါတယ်။

အတိုးနှုန်းကို ဈေးကွက်က သတ်မှတ်တဲ့နှုန်း ဖြစ်စေဖို့၊ ငွေတိုက်စာချုပ်တွေလို လက်လီ လက်ကား တွင်တွင်ကျယ်ကျယ် ရောင်းချဖို့ တိုက်တွန်းထားတာကိုလဲ တွေ့ရပါတယ်။ ပုဂ္ဂလိက ဘဏ်တွေက အစိုးရရဲ့ ငွေတိုက်စာချုပ်တွေ ရောင်းကြပေါ့။

၂၀၁၂-၁၃ ဘတ်ဂျက်ကို လွှတ်တော်မှာ ဆွေးနွေးကမယ့် ကိစ္စဟာ အသုံးစရိတ် ဦးစားပေးပုံ ပြန်လည် သတ်မှတ်ဖို့နဲ့ မြင်သာထင်သာဖို့ အတွက် သမိုင်းဝင် အခွင့်အလမ်းတစ်ရပ်ပါ။ အရင်နှစ်က လိုငွေထက် ၁ရာခိုင်နှုန်း လျော့လို့ လိုငွေ ၄.၆ရာခိုင်နှုန်း ရှိနိုင်တဲ့ကြားက ပညာရေးနဲ့ ကျန်းမာရေးအတွက် တိုးသုံးဖို့ အစိုးရရဲ့ အစီအစဉ်ကိုလဲ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ကြိုဆိုပါတယ်။ ငွေလဲလှယ်နှုန်း ပြောင်းဖို့ ကြိုးစားနေတဲ့အချိန်မှ ဥာဏ်ပညာရှိတဲ့ ဘဏာရေးမူဝါဒတွေနဲ့ နိုင်ငံအဆင့် စီးပွားရေး တည်ငြိမ်မှု ရှိအောင် ဆောင်ရွက်နိုင်မှ ဖြစ်ပါတယ်။

ဈေးကွက်က သတ်မှတ်တဲ့ ငွေလဲလှယ်နှုန်းဟာ သွင်းကုန်ကို အားကိုးနေရတဲ့ နိုင်ငံပိုင် လုပ်ငန်းတွေ ဘယ်လောက် အရှုံးပြနေသလဲဆိုတကို ပေါ်လွင်သွားစေပါတယ်။ ဒါပေမယ့် ရွှေနဲ့ ဇောတိက ရေနံစီမံကိန်းက ဓါတ်ငွေ့တွေ ထွက်လာရင် ဘဏာရေးအခြေအနေ ကောင်းလာနိုင်ပါတယ်။ ရလာတဲ့ ၀င်ငွေတွေကို လူ့စွမ်းအား အရင်းအမြစ်တွေနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ သုံးနိုင်ပါတယ်။

မြန်မာနိုင်ငံ သိသိသာသာ တိုးတက်ဖို့ အတွက်က ဘဏာတော် အရင်းအမြစ်တွေ ထပ်မံရရှိဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် သဘာဝ သယံဇာတတွေက ရတာ မဟုတ်၊ တခြား အရင်းအမြစ်တွေက ရမှသာ ဈေးအတက်အကျကြောင့် တန်ဖိုးအတက်အကျတွေဖြစ်၊ ကုန်ခမ်းသွားတော့ အရင်းအမြစ် မရှိတာမျိုးတွေကို ရှောင်ရှားနိုင်ပါမယ်။

ဘဏာငွေ တိုးပွားအောင် လုပ်ရာမှာ ဆင်းရဲသားတွေကို ကကွယ်စောင့်ရှောက်ဖို့အတွက် သွယ်ဝိုက်အခွန်ထက် တိုက်ရိုက်အခွန်ကို ဦးစားပေး ကောက်ရပါမယ်။ အခု မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ အခွန်နဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုထောက်ခံပြီး အခွန်အခြေခံ ကျယ်ပြန့်အောင် လုပ်ဖို့နဲ့ အခွန်ရှောင်တာ လျော့ဖို့လဲ တိုက်တွန်းထားပါတယ်။

နိုင်ငံပိုင်လုပ်ငန်းတွေကို ထောက်ပံ့တာ တဖြည်းဖြည်းချင်း လျော့ချဖို့၊ ဒီလိုနဲ့ ထိခိုက်အလွယ်ဆုံး ဆင်းရဲသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ အကြံပြုထားပြီး ပုဂ္ဂလိကပိုင်အဖြစ် ထပ်မံအသွင်ပြောင်းဖို့ နိုင်ငံပိုင်လုပ်ငန်းတွေကို စီးပွားရေးဆန်ဆန် လည်ပတ်ရေးတို့ဟာ ပုဂ္ဂလိကက ဦးဆောင်တဲ့ တိုးတက်မှုကို ရရှိရေးအတွက် အခြေခံကျပါတယ်လို့ ဆိုပါတယ်။

ကျယ်ကျယ်ပြန့်ပြန် တိုးတက်ဖို့ဆိုရင် ဘဏ်စနစ်ကို ခေတ်မီတိုးတက်အောင် လုပ်ရမှာပါ။ အပ်ငွေနဲ့ အရင်းအချိုး သတ်မှတ်ထားတာ တဖြည်းဖြည်းချင်း လျော့ချပြီး အပေါင်ထားရမှာ သီးနှံအပါအ၀င် အမျိုးအမည်တွေ တိုးချဲ့ဖို့လဲ အကြံပြုထားပါတယ်။ ကျေးလက်ဒေသတွေမှာ ဘဏ်ကွန်ယက်တွေ၊ ဘဏ်ခွဲတွေ တိုးချဲ့ဖို့လဲ တိုက်တွန်းထားပါတယ်။ ဘဏ်အချင်းချင်း ဈေးနှုန်းပြိုင် (အတိုးနှုန်းပြိုင်)ပြီး ပြိုင်ဆိုင်မှုကို အားပေးစေချင်တယ်။ အပ်ငွေပေါ် အတိုးပေးတာကို လွတ်လွတ်လပ်လပ် သတ်မှတ်ခွင့်ပြုပြီးတဲ့နောက်မှာ ချေးငွေတွေ အပေါ် ကိုယ့်ဘဏ်နဲ့ ကိုယ် သတ်မှတ်စေချင်တယ်။ နိုင်ငံပိုင်ဘဏ်နဲ့ ပုဂ္ဂလိကဘဏ်လဲ တန်းတူ သဘောထားရမယ်။ စည်းကမ်းထိန်းချုပ်ရာ၊ ကြီးကြပ်ရာမှာ အတူတူပဲ ဆက်ဆံရမယ်။ ဒါမှ ပြိုင်ဆိုင်မှုတွေ မြင့်မားလာမယ်လို့ ဆိုပါတယ်။

ဈေးကွက်က သတ်မှတ်တဲ့ နိုင်ငံခြား ငွေဖလှယ်နှုန်း အဖြစ် ပြောင်းရာမှာ ဘဏ်တွေကို ထိန်းချုပ်မှုနဲ့ ကြီးကြပ်ကွပ်ကဲမှုဟာ အရေးကြီးပါတယ်။ နိုင်ငံခြားဘဏ်တွေနဲ့ ဖက်စပ်လုပ်ခွင့်ပြုရင် နည်းပညာ လွှဲပြောင်းရယူမှု မြန်ဆန်ပြီး ၂၀၁၅မှာ အာဆီယံ ဘဏ်လုပ်ငန်းတွေ ပေါင်းစည်းဖို့ ကြိုတင်ပြင်ဆင်ရာ ရောက်မယ်။

စိုက်ပျိုးရေးကဏမှာ ထုတ်လုပ်မှု စွမ်းအားမြင့်မားဖို့နဲ့ လူနေမှုဘ၀ မြင့်မားဖို့ ချေးငွေတွေ ပိုပေးဖို့ လိုပါတယ်။ ပုဂ္ဂလိကဘဏ်တွေကလဲ ချေးစေချင်ပါတယ်။ လယ်မြေလို အပေါင်ထားပြီး ငွေချေးသင့်တယ်။ ဒါပေမယ့် ချေးငွေတစ်ခုတည်းနဲ့ ကျေးလက်ဒေသ တိုးတက်ပြီး ဆင်းရဲလျော့ကျအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ရပ်ရွာအခြေပြု ဖွံဖြိုးရေးလုပ်ငန်းတွေ အပါအ၀င် ကျေးလက်အခြေခံ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံဖို့၊ ပညာရေးနဲ့ ကျန်းမာရေးအတွက် ပိုသုံးဖို့ အကြံပြုထားပါတယ်။

ပြင်ပ အလွတ်ဈေးကွက်မှ လုပ်ဆောင်နေတာတွေ လျော့ချဖို့နဲ့ ဈေးနှုန်းကျဆင်းစေဖို့ ဓါတ်ဆီနဲ့ စားသုံးဆီဈေးကွက်မှာ လုပ်သလို ပြိုင်ဆိုင်မှု တိုးလာတာကို ထောက်ခံအားပေးထားပါတယ်။ လိုင်စင်ထုတ်ပေးတာ မြင်သာထင်သာ ရှိစေချင်ပါတယ်။

စွမ်းအင်ကဏမှာလိုပဲ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလို ကဏတွေမှာလဲ ပုဂ္ဂလိက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု သိသိသာသာ တိုးစေချင်တယ်။ ပစ္စည်းအမယ် တစ်ခု၊ နှစ်ခုကိုပဲ အားကိုးနေရတဲ့ ဘ၀ကနေ ပို့ကုန်အမယ်တွေ များလာစေချင်တယ်။

နိုင်ငံခြားငွေနဲ့ ပတ်သက်တဲ့ အဟန့်အတားတွေ ဖယ်ရှားပေးရင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာနိုင်တယ်။ အထူးစီးပွားရေးဇုန်တွေ တိုးပွားလာနိုင်တယ်။ အထူးစီးပွားရေးဇုန်တွေဟာ လမ်းပန်းဆက်သွယ်ရေးတွေ ချို့တဲ့နေတာကို အဆင်ပြေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို တိုးပွားစေနိုင်တယ်။ ဒါပေမယ့် ပုဂ္ဂလိကကဏ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လုပ်သာကိုင်သာ ရှိတဲ့ စီးပွားရေးဝန်းကျင် ဖြစ်အာင် ကြိုးစားအားထုတ်ရမယ်။ စီးပွားရေးလုပ်ငန်းလုပ်ဖို့ ကုန်ကျတဲ့စရိတ်တွေ လျော့အောင် လုပ်နိုင်ရင် အငယ်စား၊ အလတ်စားလုပ်ငန်းလေးတွေ ပေါ်ပေါက်ရှင်သန်နိုင်မယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က အကြံပြုခဲ့ပါတယ်။

Myanmar Express

ကျန်ရှိ ယုံကြည်ချက်အကျဉ်းသားများ စိစစ်၍ ထပ်မံလွှတ်ပေးမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား


From : ခေတ်လူငယ်

ကျန်ရှိနေသေးသည့် အကျဉ်းသားများအား ထပ်မံစိစစ်လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် မစ္စတာကွင်တားနားနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ “ပြီးခဲ့တဲ့အပတ်က NLD ဘက်က စာရင်းပေးထားတဲ့အထဲက ကျန်နေသေးတယ်လို့ပြောတယ်။ ကျန်နေသေးတဲ့သူက အခြားပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူခံထားရတဲ့သူတွေပါ။ ဒါပေမဲ့ ထပ်ပြီးတော့ ကျန်နေသေးတယ်ဆိုရင် သက်ဆိုင်ရာက စိစစ်ပြီး ဆောင်ရွက်ပေးပါလိမ့်မယ်”ဟု ၄င်းက ပြောကြားခဲ့သည်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရသူများကို NLD မှ စာရင်းပေးသွင်းရာတွင် လူဦးရေ ၄၀၆ ဦးရှိပြီး ဇန်န၀ါရီ ၁၃ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူဦးရေမှာ အဆိုပါစာရင်းမှ ၃၀၂ ဦးပါဝင်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီတို့ တွေ့ဆုံဆွေးနွေးပြီး သဘောတူလက်မှတ်ရေးထိုး


From : ခေတ်လူငယ်

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း၊ ဒုတိယအဖွဲ့ခေါင်းဆောင် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များကြီးကြပ်၍ ကရင်ပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဦးစောဌေးမောင်(ခ) ဦးထိန်မောင် ဦးဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့သည် ဖေဖော်ဝါရီ ၇ ရက် နံနက် ၉ နာရီတွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပြီး နှစ်ဦးနှစ်ဖက် သဘောတူညီချက် (၇)ချက်ကို လက်မှတ်ရေးထိုးခဲ့ကြကာ အပြန်အလှန် လဲလှယ်ကြသည်။ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော် သမ္မတက ပေးအပ်သော ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် ဆန်အိတ် ၅၀၀ ကိုလည်းကောင်း၊ SkyNet ရုပ်သံဖမ်းစက်အစုံ ၂၀ ကိုလည်းကောင်း၊ အမှတ်တရ လက်ဆောင်များကိုလည်းကောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၊ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များက ပေးအပ်ကြရာ KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဦးစောဌေးမောင်နှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

ပြည်သူတွေလိုလားနေတဲ့ ထာဝရငြိမ်းချမ်းရေး (ပေးစာ - ၉၆)



ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကိုလေ့လာ ကြည့်လိုက်ရင် အစိုးရအဖွဲ့သက်တမ်း (၁၀)လအတွင်း ထင်သာမြင်သာရှိတဲ့ အဓိကအချက်(၃)ချက် ရှိနေပါတယ်။ ဒီ(၃)ချက်ကတော့ ဒေါ်စုကြည်နဲ့ သမ္မတကြီးတို့ တွေ့ဆုံပြီး ပါတီနိုင်ငံရေးလှုပ်ရှားမှုများ ပွင့်လင်းမှုရှိလာခြင်း၊ ယခင်ထောက်လှမ်းရေးဟောင်းများအပါအ၀င် အကျဉ်းသားများလွှတ်ပေးခြင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် များနှင့် ငြိမ်းချမ်းရေးဆွေးနွေပွဲများ ပြုလုပ်နေခြင်းတို့ဖြစ်ပါတယ်။


အထက်ပါ(၃)ချက်အနက် ပါတီနိုင်ငံရေး လှုပ်ရှားမှုများ ပွင့်လင်းမှုရှိလာခြင်းနဲ့ အကျဉ်းသားများ လွှတ်ပေး ခြင်းဟာဆက်စပ်နေပြီး တိုးတက်ဖြစ်ပေါ်မှုတွေကို အမေရိကန်အပါအ၀င် နိုင်ငံတကာကအသိအမှတ်ပြုနေကြပါ တယ်။ ယခင်ကစစ်အစိုးရကိုဆန့်ကျင်ခဲ့ကြတဲ့ ပြည်တွင်း/ပြည်ပ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသီးသီးကဒီမိုကရေစီရေး လှုပ်ရှားမှုမှာ အဓိကတောင်းဆိုခဲ့တဲ့အချက်များဖြစ်ပါတယ်။ ဒီ အချက်(၂)ချက်ကို မထင်မှတ်လောက်အောင် ဦးသိန်းစိန်က လိုက်ရောမှုပြုခဲ့ပြီးနောက်မှာ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ဦးဆောင်နေပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီး/ ငယ်၊ အဖွဲ့အစည်းပေါင်းစုံရဲ့ တောင်းဆိုချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များအောင်မြင်ပြီး တစ်ပြည်လုံးအတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးပဲဖြစ်လာပါတယ်။


ဒီအချက်ကတော့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် လိုအပ်နေသလို ပြည်သူအားလုံးက လိုလားတောင့်တနေတဲ့ ဆန္ဒအမှန်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် နှစ်ပေါင်းများစွာ စစ်ဘေးစစ်ဒဏ် သင့်နေတဲ့ နယ်စွန်နယ်ဖျားက တိုင်းရင်းသားတွေနဲ့ ဒီစစ်ပွဲတွေမှာ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ဘက်နှစ်ဖက် စလုံးက စစ်သားတွေရဲ့ အလိုချင်ဆုံး၊ အဖြစ်ချင်ဆုံး အရာပဲဖြစ်မယ်လို့ ထင်ပါတယ်။
ဒါကြောင့်လည်း သမ္မတကြီးက သူ့ရဲဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ ပြည်တွင်း/ ပြည်ပက အာရုံစိုက်လာနေတဲ့ ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လိုက်လျောမှုများစွာနဲ့ အကောင် အထည်ဖော်လျက်ရှိပါတယ်။ ညင်သာပျော့ပြောင်းစွာနဲ့ နိုင်ငံရေးဖြေလျော့မှုများ လုပ်နေသလို သဘောထား ကြီးကြီးနဲ့ စစ်ရေးအရှိန်မမြင့်တက်အောင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ထိတွေ့ဆက်ဆံနေတာ မြင်တွေ့ နေရပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတော်ဖြစ်ဖို့ နိုင်ငံရေးနဲ့ စစ်ရေးဆက်စပ်နေတာကြောင့် စစ်ရေး အရှိန်လျော့ပြီး နိုင်ငံရေးအရ တည်ငြိမ်မှုရှိဖို့အတွက် တပ်မတော်ရဲ့အခန်းကဏ္ဍက အလွန်အရေးကြီးလာပါတယ်။


မြန်မာနိုင်ငံရဲ့ ပကတိလိုအပ်ချက်အရ တပ်မတော်ဟာ အနာဂတ်နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်ရမယ် ဆိုတဲ့အချက်ဟာ လက်ရှိကာလမှာ မှန်ကန်နေဆဲဖြစ်တယ်လို့ နိုင်ငံတကာနိုင်ငံရေးလေ့လာသူများက ထောက်ပြပြောဆိုလျှက်ရှိပါတယ်။ နိုင်ငံရေးကဏ္ဍမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ခွင့်ပြုချက်အရ တပ်မတော်သား ကိုယ်စားလှယ်တွေဟာလွှတ်တော်မှာ(၂၅)%ပါဝင်ရခြင်းအကြောင်းအရင်းကဒီမိုကရေစီနိုင်ငံတော်သစ်မှာပြည်သူ များတည်ငြိမ်အေးချမ်းရေး အတွက်ဖြစ်တယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။


အလားတူပဲ စစ်ရေးကဏ္ဍမှာလည်း နိုင်ငံတော်အေးချမ်းသာယာရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေးလုပ်တဲ့နေရာမှာ ပြည်နယ်အဆင့် သဘောတူညီချက်ရယူပြီး ပြည်ထောင်စုအဆင့် သဘောတူလက်မှတ်ရေးထိုးထားတဲ့ဒေသတွေမှာ တပ်မတော်စစ်ကြောင်းတွေက နှစ်ဘက်ငြိမ်းချမ်းရေးအဖွဲ့များရဲ့ သဘောတူညီချက်အတိုင်း အပစ်အခတ်များရပ်ဆဲထားပြီး တည်ငြိမ်အေးချမ်းရေးကိုဆောင်ရွက်ပေးတယ်လို့ ဆိုပါ တယ်။
ဒါ့အပြင်သမ္မတကြီးက ခုခံတိုက်ခိုက်ခြင်းကလွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမလုပ်ဖို့ အမိန့်ပေးထား လို့ တပ်မတော်အနေဖြင့် “တစ်နိုင်ငံလုံးအတွင်းတွင် ပစ်ခတ်တိုက်ခိုက်မှုရှောင်ရှားပြီး လုံခြုံရေးနှင့်ကာကွယ် ရေးအတွက် ပုံမှန်တပ်လဲလှယ်ခြင်း၊ အဆိုပါလှုပ်ရှားဆောင်ရွက်ရာမှာ အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ခြင်း၊ မိမိကိုယ်ကို ကာကွယ်ရန်အတွက်သာ လုပ်ဆောင်နေခြင်းမျိုးသာ ဆောင်ရွက်လျှက်ရှိကြောင်း” ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် က ဇန်န၀ါရီလ(၃၀) ရက်နေ့က တောင်ငူမြို့မှာ ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။



ဒီလိုပြောကြားချက်ကိုကြည့်ခြင်းအားဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က သမ္မတကြီး ဦးသိန်းစိန်ရဲ့ အမိန့်ကို လိုက်နာကြောင်းနဲ့ တပ်မတော်ဟာလည်း ကြံ့ဖွံ့အစိုးရ အပေါ်သစ္စာစောင့်သိနေတယ်ဆိုတာ နိုင်ငံတကာကို အချက်ပြ လိုက်တာ ဖြစ်နိုင်ပါတယ်။


ဒါအပြင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ဇန်န၀ါရီလ ဆန်းက ထိုင်းနိုင်ငံချစ်ကြည်ရေး ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နဲ့ တွေဆုံစဉ်မှာ “မြန်မာအစိုးရသစ်အနေဖြင့် ဖြေလျော့မှုများစွာဖြင့် ဒီမိုကရေစီစနစ် အောင်မြင်အောင် ဖော်ဆောင်လျှက်ရှိကြောင်း၊ နောက်ကြောင်း ပြန်လှည့်ရန် မရှိပါကြောင်း” ပြောဆိုပြီး တပ်မတော်ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို အတိအလင်း ထုတ်ဖော်ပြသခဲ့ပါတယ်။

စောင့်ကြည့်လေ့လာသူများရဲ့အဆိုအရ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ပြောရင်ပြောတဲ့အတိုင်း လုပ်တတ်သူဖြစ်ပြီး ငယ်စဉ်က ရုံး ၊ ဌာနကြီးများမှာ တာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိပေမယ့် တပ်မမှူး၊ တိုင်းမှူး၊ ကစထမှူး တာဝန်ယူ ချိန်မှာ သူကိုယ်တိုင် စစ်စည်းကမ်းကို တိကျစွာလိုက်နာပြီး လက်အောက်ကိုလည်း တင်းတင်းကြပ်ကြပ်၊ ပြတ်ပြတ် သားသား အရေးယူကြောင်း၊ နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်းဖြစ်မယ် ဆိုတဲ့ခံယူချက်နဲ့ အမိန့်နာခံ တတ်မှုကြောင့် ဦးသန်းရွှေ စိတ်ကြိုက်ရွေးချယ် တာဝန်ပေးအပ်ခံရသူဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လဲ ဦးသန်းရွှေရဲ့ လောင်းရိပ်အောက်မှာမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးရပြီး မကြာမီမှာ ထိပ်တန်း ဗိုလ်ချုပ်(၂)ဦးနဲ့ တိုင်းမှူး(၁)ဦးတို့ကို စစ်စည်းကမ်းမလိုက်နာမှုဖြင့် အရေးယူခဲ့တာကိုလည်း တွေ့ရှိရပါတယ်။

နေပြည်တော်စစ်ရုံး အသိုင်းအ၀န်းကလာတဲ့ သတင်းများအရ ပြီးခဲ့တဲ့လေးလပတ်အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တိုင်းမှူး၊ တပ်မမှူးတွေကို အလုပ်တာဝန်ကျေပွှန်မှုကို သစ္စာရှိမှုနဲ့ သက်သေပြဖို့ လိုကြောင်း၊ အမျိုးသားရေးတာဝန်ကို တပ်မတော်မှထမ်းဆောင်ရာမှာ နိုင်ငံတော်အစိုးရရဲ့ မူဝါဒအတိုင်းလုပ်ရမှာ ဖြစ်ကြောင်းနဲ့ ထာဝရငြိမ်းချမ်းရေးရဖို့ အပစ်ရပ်စဲရေးကိစ္စများမှာ အထက်ကအမိန့်ကို တိကျစွာလိုက်နာရန် လိုကြောင်း သတိပေးမှာကြားခဲ့တယ်လို့သိရပါတယ်။

ဒီလိုမှာကြားချက်ကို ကြည့်ခြင်းအားဖြင့် တပ်ချုပ်ကြီးရဲ့ ပင်ကိုယ်သဘောသဘာဝအရ သစ္စာရှိရှိ အမိန့် နာခံတတ်သူဖြစ်လို့ လက်တလောကာလမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အနေနဲ့ တပ်မတော်အပေါ် သြဇာ သက်ရောက်မှုရှိနေဦးမှာ ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ယူဆကြပါတယ်။

ဒါ့အပြင်ကြံ့ဖွံ့အစိုးရအဖွဲ့အတွင်း သဘောထားတင်းမာသူအုပ်စု (Hard Liner)နဲ့ သဘောထား ပျော့ပြောင်းသူ အုပ်စု (Solf Liner) ဆိုပြီး အကွဲအပြဲဇာတ်လမ်းမှာ တပ်မတော်အနေနဲ့ ဘယ်ဖက်မှာရှိလဲဆိုတာ အကဲဖြတ်ရခက် နေတယ်လို့လည်းဆိုပါတယ်။ ဒါပေမဲ့လည်း အချို့မီဒီယာများကတော့ သမ္မတကြီး ဦးသိန်းစိန်နဲ့ တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့ကို ပါဝါတွေနှိုင်းယှဉ်ပြပြီး တပ်မတော်နှင့် အစိုးရအဖွဲ့အကြား သဘောထားကွဲလွဲမှုတွေဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ နှောင့်နှေးကြန့်ကြာအောင် ရေးသားဖော်ပြနေတာလဲ တွေ့ရှိရပါတယ်။

ယနေ့အထိလဲ ကချင်ပြည်နယ်အတွင်းမှာ နေ့စဉ်တိုက်ပွဲများဖြစ်နေဆဲမို့ သမ္မတကြီးရဲ့အမိန့်ကို တပ်မတော်ကမလိုက်နာဘူးလား၊ ဘက်နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့အဖွဲ့တွေရဲ့ တာဝန်ခံမှု အပိုင်းက ဘယ်လောက်ထိမြေပြင်ကို သြဇာသက်ရောက်မှုရှိလဲဆိုတာမေးစရာဖြစ်လာပါတယ်။




စစ်ရေးအကဲခတ်များရဲ အဆိုအရ တပ်မတော်က သမ္မတအမိန့်ကိုလိုက်နာရန် ပျက်ကွက်တာမဟုတ်ဘဲ သမ္မတထုတ်ပြန်တဲ့ အမိန့်မှာကိုက ခုခံတိုက်ခိုက်ခြင်း မှအပထိုးစစ်ဆင် တိုက်ခိုက်ခြင်းရပ်စဲရန်လို့ ဖော်ပြထား ကြောင်း၊ ကချင်ဒေသက မြင်တွေ့ကြားသိချက်များအရ သမ္မတရဲ့အမိန့်ထုတ်ပြန်ပြီးနောက်မှာ အစိုးရစစ်တပ်က စခန်းသိမ်းတိုက်ပွဲတွေ ပြုလုပ်ခြင်းမရှိပဲ သူတို့ရဲ့ အဓိက မဟာဗျူဟာ လမ်းကြောင်းတွေ အပေါ်မှာသာ လမ်းကြောင်းရှင်း တိုက်ပွဲတွေဖြစ်နေကြောင်းနဲ့ ဒီနေ့အထိ တိုက်ပွဲများဖြစ်နေရတဲ့ အကြောင်းအရင်းက နှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲတွေမှာ အပြန်အလှန်ယုံကြည်မှုမရ သေးလို့ဖြစ်ကြောင်း၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးချိန်မှာ ပမာဏငြိမ်းချမ်းရေး၊ ထာဝရငြိမ်းချမ်းရေး၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး မည်သို့ပင်စကားလုံးတွေ သုံးနှုန်းစေကာမူ နောက်ကွယ်မှာ ညှိနှိုင်းလို့မရတဲ့ နိုင်ငံရေး အယူအဆနဲ့ ရယူလိုတဲ့ အခွင့်အရေးများရှိနေရင် စစ်ရေးအရှိန် လျော့ကျနိုင်ဖွယ်မရှိဘူးလို့ ဝေဖန်ပြောကြားလျက် ရှိပါတယ်။


ပြည်သူတွေလိုလားတဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ နိုင်ငံရေးသမားတွေရဲ့ စကားလုံးလှပဖို့ထက် စစ်ရေး သမားတွေရဲ့ လက်နက်များက ယမ်းခိုး၊ ယမ်းငွေ့များမထွက်ဖို့လိုပါတယ်။ ဒါကြောင့် အပြန်အလှန်ယုံကြည်မှုရှိပြီး နှစ်ဘက်စလုံးက ရိုးသားပွင့်လင်းစွာ စဉ်ဆက်မပြတ်ဆွေးနွေးပွဲများလုပ်ဆောင်သင့်ပါကြောင်း အကြံပြုပါရစေ။ (ဆောင်းပါးရှင် တိမ်လွှာ)


Myanmar Express

ကျပ်သုံးသိန်းအောက် GSM ဖုန်း ဓာတ်ပုံများပါ ပို့နိုင်မည်



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီ ၂၃ ခုတို့ ပူးပေါင်းကာ
လာမည့် မတ်လတွင် ထုတ်လုပ်ရောင်းချမည့် ကျပ်သုံးသိန်းအောက် GSM
ဖုန်းများတွင် ဓာတ်ပုံများ ပို့ခြင်း၊ အသံများပို့ခြင်း၊ ဗီဒီယိုဖြင့်
အပြန်အလှန် စကားပြောခြင်းစသည့် စနစ်များ ပါဝင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေး
ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်သက်က ပြောကြားသည်။
ယင်းစနစ်ကို MMS (Multimedia Messaging Service) ဟု ခေါ်ပြီး
နိုင်ငံတကာတွင် အသုံးပြုနေပြီဖြစ်ရာ ယခု တန်ဖိုးနည်း
ဖုန်းများရောင်းချပြီး ခြောက်လကြာအတွင်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း ၎င်းက
ဆက်လက်ပြောကြားသည်။ ယင်းစနစ် အသုံးပြုနိုင်ရန် လတ်တလော အချက်အလက်များ
လွှဲပြောင်းပေးနေသည့် Microwave စနစ်ဖြင့် မလုံလောက်သဖြင့်
ဖိုက်ဘာကေဘယ်လ်ဖြင့် ပြုလုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ဖိုက်ဘာဆက်ကြောင်း ဆိုင်ရာ အဝေးဆက်သွယ်ရေး
ဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။ “ဓာတ်ပုံတွေပါ
ပို့လို့ရမယ် ဆိုတော့ ကောင်းတာပေါ့။ အချင်းချင်း ဆက်သွယ်ရတာ
ပိုအဆင်ပြေတာပေါ့” ဟု Mobile Developer သင်တန်း တက်ရောက်နေသူ တစ်ဦးက
ပြောဆိုသည်။

Myanmar Express

ကုလသမဂ္ဂ ထိပ်တန်းအရာရှိကြီးများပါဝင်သော နိုင်ငံတော်အဆင့် အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပမည်


From : ခေတ်လူငယ်

ကုလသမဂ္ဂမှ ထိပ်တန်းအရာရှိများစွာပါဝင်သော စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ နိုင်ငံတော်အဆင့် အလုပ်ရုံဆွေးနွေးပွဲကြီးတစ်ခုကို ဖေဖော်ဝါရီ ၁၃ ရက်တွင် နေပြည်တော်ရှိ MICC (Myanmar International Convention Center) တွင် ကျင်းပသွားရန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးမှ သိရသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲအတွက် UN မှ တာဝန်ရှိသူများက ပြည်တွင်းရှိ အဝေးပြေးကားဝန်ဆောင်မှု လုပ်ငန်းစုကြီးများထံတွင် အဆင့်မြင့်ကားကြီးများ လိုက်လံငှားရမ်းမှုများ ရှိခဲ့သည်ဟု သိရသည်။ “ဖေဖော်ဝါရီလ ၁၂ ရက်အတွက် ကားကြီးတွေ လာပြီးငှားနေတယ်။ အသက် အာမခံကိစ္စတွေရော၊ အာမခံမျိုးစုံအတွက်ပါ စုံစမ်းကြတာ” ဟု JJ Express မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “လာမည့် ၁၃ ရက်က နေ ၁၆ ရက်အထိ အလုပ်ရုံဆွေးနွေးပွဲကြီး တစ်ခုရှိတယ်။ နေပြည်တော် MICC မှာ လုပ်မှာ။ UN က အရာရှိကြီး တွေလာကြမယ်” ဟု UN ၏ အရာရှိတစ်ဦးဖြစ်ခဲ့ဖူးသူ ပါမောက္ခ ဒေါက်တာတင်မြင့်ဦးက ပြောကြားသည်။ “ဘန်ကီမွန်း ပါ မပါတော့ မသိဘူး။ UN ရဲ့ အကြီးအကဲတွေ ပါလာမယ်လို့ပြောတယ်။ စာတမ်းဖတ်ပွဲက သုံးရက်၊ အလုပ်ရုံဆွေးနွေးပွဲက တစ်ရက်ကြာမယ်။ မြန်မာနိုင်ငံဘက်က အစိုးရဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ နိုင်ငံရဲ့ထိပ်တန်းပုဂ္ဂိုလ်တွေပါ လာမယ်။ ဆရာကိုယ်တိုင်လည်း Workshop တစ်ခုကို ဦးဆောင်ပြီး လုပ်ပေးရဦးမယ်” ဟု UN ၏ မြန်မာနိုင်ငံ ဆိုင်ရာ အကြီးတန်းအကြံပေးအရာရှိ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထာပါသည်။

Myanmar Express

အမေကျော် ဒွေးတော် မလွမ်းမိကြစေဖို့ (ပေးစာ - ၉၅)

ကဗျာရဲ့ နာမည်က “သာသည့်မြေ..သို့ ” ပါ။ ဖတ်ဖူးတဲ့ လူတွေလည်းရှိမှာပါ...ပြန်ဖတ်ရတာပေါ့...မဖတ်ဖူးသေးတဲ့ သူငယ်ချင်းတွေလည်း ဖတ်ဖူးပြီးသားဖြစ်သွားတာပေါ့..

“သာသည့်မြေ..သို့”

အလှထူးပါဘိ

မြဖူးပြာအငုံနဲ့

လွှာရုံမှာ ညှာစုံကျင်းရော့ထင်

ဖြူဝင်းငွေမှုန်လွှာတို့

လေယူရာ ရနံ့ညှင်း

သင်းပျံ့ ခဲ့ သူခြံမှာ..။

ငါ့ခြံကြည့်ပြန်တော့

မချိပူပွေပြာခဲ

မြေပြာမှာ နေစာတောင်မတင့်နိုင်ဘု

ကြည်စရာ နီဝါတွေလည်းမပွင့်လေတော့...

စိမ်းရင့်ရောင် နွယ်ခြုံဖုတ်တွေက

ရှုပ်ထွေးကာ လိမ်ခွေယှက်..

အားပျက်စရာ..။

သူ့စခန်း

သာဆန်းရဂုံသွင်မို့..

ငါလှမ်းကာခိုဝင်လို့..

ပြာငွေစင်ကြိုင်ပျံ့ ရှားပါတဲ့

ပွင့်ငုံဆင် ပင်တွေကြားမှလ

လျှောက်သွားကာ ပျော်လိုလှပါဘိ

မြရောင်စို သည်မြေခင်းရယ်နဲ့

ညှင်းလေခို သစ်ညိုရိပ်မှာဖြင့်

လျောင်းအိပ်လို့ တကိုယ်သာ

ရွှင်ပါချင် စိတ်ထဲ..။

သို့လည်းလေ

မသင့်လျော်ပေဘု

ငါ့ခြံမြေ ဥယျာဉ်နန်းဟာလည်း

လှလေသည် သာစခန်းပေပေါ့

စိတ်ပန်းကို သည်လိုဖြေလို့ 

ကျက်သရေ တက်နေဝင့်အောင်လ

ငါ့ခြံမြေ အခြေမြင့်ချင်ငဲ့

သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်

ငါ့မြေမှာ နီဝါတင့်ရမပေါ့

အခွင့်အခါမျှော်လို့ 

ဥယျာဉ်တော် သာယာရေးကိုလ

ရှုမြင်မျှော် ခါခါတွေးပါလို့..

မနှေးပင် အားအင်ထုတ်လို့ရယ်..

ပေါင်းနှုတ်ဖို့  ခဲ..။

(ငွေတာရီ)

ဆရာမကတော့ ခြံကလေးနှစ်ခြံအကြောင်း ရေးတာပါ..ဒါပေမယ့် ကျွန်တော်တို့ အများကြီးတွေးယူလို့ရပါတယ်...လူတွေ တော်တော်များများ သူများနိုင်ငံဆိုရင် အထင်ကြီးတတ်ကြပါတယ်..မင်းရော အထင်မကြီးဘူးလားးလို့ မေးရင် ကျွန်တော်လည်း အထင်ကြီးပါတယ်..တဆက်တည်း သူများနိုင်ငံကို အထင်ကြီးပြီး ကိုယ်နိုင်ငံကို အထင်သေးတာတော့ မဟုတ်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်..တစ်ချို့လူတွေ က သူများတိုင်းတပါးမှတိုင်းတပါး ကိုယ့်နိုင်ငံက ဘာဆို ဘာမှမကောင်းတော့တဲ့ ပုံစံနဲ့ အဲလောက်ကြီး အစွန်းရောက်သသွားတာတော့ မကောင်းဘူးပေါ့ အခုကျွန်တော် တို့နိုင်ငံက နိုင်ငံတော် သစ်ကြီးဆီ သို့ ဦးတည်နေပြီလို့ ပြောလို့ရတဲ့ အနေအထားရောက်နေပါပြီ.အဲဒီအချိန်မှာ ကျွန်တော်တို့ နိင်ငံသားတွေကလည်း အခန်းကဏ္ဍ တစ်ခုက အရေးပါလာပြီ...အုပ်ချုပ်သူကြီး ဘယ်လောက်ကောင်းကောင်း ကိုယ်နိုင့်ငံသားတွေကမှ ကိုယ့်နိုင်ငံကို အထင်မကြီး တန်ဖိုးမထားကြရင် အဲဒီနိုင်ငံက ဘယ်တော့မှ မတိုးတက်ပါဘူး..ဗိုလ်ချုပ်အောင်ဆန်း အဓိက မှာသွားတာကလည်း နိုင်ငံသားတွေ အလုပ်လုပ်ဖို့၊ ကြိုးစားကြဖို့ပါဘဲ..အခု ကျွန်တော်တို့တစ်တွေ နိုင်င့ခြားမှာ ကျွန်လာခံနေကြတယ်ဆိုတာ..ကိုယ့်နိုင်ငံကို အထင်သေးလို့ မဟုတ်ပါဘူး..ကျွန်တော်ထင်တယ်.ဒီကိုရောက်နေကျတဲ့.တော်တော်များများ လူငယ်တွေက မြန်မာပြည်မှာ ဟိုမရောက် ဒီမရောက် လူတွေပါ..ကျွန်တော်တို့သာ ပညာထွန်းထွန်းပေါက်ပေါက် ဖြစ်ခဲ့မယ်ဆိုရင် အခုလို့ သူများနိုင်ငံကို အောက်ကျနောက်ကျ လာပြီး အလုပ်လုပ်နေစရာ မလိုပါဘူး..မြန်မာပြည်မှာ ကျွန်တော်တို့အရွယ်တွေ လစာ ကျွန်တော်တို့ နီးပါးရနေတဲ့ လူငယ်တွေ အအများကြီးပါ ဆရာမရဲ့ ကဗျာထဲက လို ပေါင်းနှုတ်ဖို့ မခဲနိုင်ကြရင်တောင် ကိုယ်နိုင်ငံကို အထင်မသေးကြဖို့..အမေကျော်ပြီး ဒွေးတော် မလွမ်းမိကြစေဖို့..


အမေကျော် ဒွေးတော်လွမ်းကာ စင်္ကာပူ၊ ဂျပန် သို့ထွက်သွားကြသူ မြန်မာပြည်ပေါက် နိုင်ငံခြားသားများ


ကျွန်တော် သိသလောက်လေး ကောင်းကင်က မောင်နမတွေ ကို ကဗျာလေး လက်ဆောင်ပေးရင်းနဲ့ အသိပေးတာပါ..နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ နိုင်ငံတော်ကြီး တိုးတက်ဖို့ ကျွန်တော်တို့ ပြည်သူ(လူငယ်) တွေ အနေနဲ့ ဘာတွေ လိုအပ်သလဲ ဆိုတာ ဆရာဇော်ဂျီရဲ့ “အို..တက်လူတို့ ” ဆိုတဲ့ ကဗျာရဲ့ နောက်ဆုံးအပိုဒ်လေးကို ရေးပြီး ကျွန်တော်ရဲ့ စာကို အဆုံးသတ်ပါရစေ...ရေတတ်လို့တော့ မဟုတ်ပါဘူး..အမှားးပါရင်ခွင့်လွတ်စေချင်ပါတယ်...ကောင်းကင်မောင်နှမများကို ထာဝရ လေးစားလျက်..





....“ အဟောင်းပျက်လျှင် အသစ်ပြင်လော့..

အမြင်ကျယ်၍ ပညာမွေ့ လော့

ကနေ့လူငယ် နောင်ဝယ်လူကြီး

သင်လည်းတစ်ဦး သားထူးသားမြတ်

ဖြစ်အပ်ရာသည် စိတ်ကရည်၍

ငုိမည္မတ သခါၤရ ဟု စိတ္ကမေစာ

လောလောဆယ်ဆယ် ဒုက္ခနယ်ကို

ကယ်တင်နိုင်ကြပါစေသတည်း..။

(ဇော်ဂျီ)

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ....

Myanmar Express

စိတ်ကြွပီကေကျွေးပြီး အဝတ်မဲ့ ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တင်မည်ဟု ပြော၍ ငွေသိန်း ၅ဝဝ ခန့် ခြိမ်းခြောက်ရယူမှု ပြည်မြို့တွင် ဖြစ်ပွား


From : popular

စိတ်ကြွပီကေကျွေးပြီး ဝတ်လစ်စလစ်ပုံများ ရိုက်ယူကာ ငွေခြိမ်းခြောက်ရယူသည့် အသက် ၂ဝ အရွယ် အမျိုးသမီးတစ်ဦးကို ရဲက ပုဒ်မ ၃၈၆ ဖြင့် ဖမ်းဆီးလိုက် ပြီဖြစ်ကြောင်း ပြည်မြို့ အမှတ် ၂ ရဲစခန်းမှ သိရသည်။ ပြည်မြို့ရှိကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ တစ်ဦးကို ယောက်ျားစိတ်ပေါက်နေ သူ အမျိုးသမီးတစ်ဦးက ပီကေကျွေးကာ အင်္ကျီချွတ်ပြီး ဝတ်လစ် စလစ်ပုံ ရိုက် ယူခြင်းဖြစ်ပြီး ၄င်းဓာတ်ပုံများကို အင်တာနက်ပေါ်တင်မည်ဟု ခြိမ်းခြောက် ပြီးငွေအကြိမ်ကြိမ် တောင်းခံ ခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၅ဝဝ ခန့် ပေးခဲ့ရကြောင်း တရား လိုနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ”အစ ကတော့ မသိ ဘူးပေါ့၊ နောက်မှ သူက အဒေါ်ကို ဖွင့်ပြော လိုက်တော့ဖြစ်ရပ်အကုန်းလုံးသိကြ ရတယ်၊ဒါနဲ့ရဲစခန်းကို သြဂုတ်လ ၂၃ ရက်နေ့ က တိုင်ကြားလိုက် ရတယ်” ဟု ၄င်းက တယ်လီဖုန်း ဖြင့် ဆက်သွယ်ပြောသည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ ပေါ်ပြူလာနယူးစ် ဂျာနယ်မှ ပြည်မြို့ ရှိ အမှတ် ၂ ရဲစခန်းသို့ ဆက် သွယ် မေးမြန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက ”ဒီအမှုဖြစ်တာ ဟုတ်ပါတယ်၊ တရားခံလို့ ယူဆရတဲ့ သူကိုလည်း ဖမ်းမိထားပါတယ်၊ တရားရုံးကို အမြန်ဆုံးတင်ပို့နိုင်ဖို့အတွက် စီစဉ်နေပါ တယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။ ရန်ကုန်မြို့ စမ်းချောင်းနေ တရားခံဟု ယူဆရသူ အမျိုးသမီး ငယ်က ခြိမ်းခြောက်၍ ရယူထား သော ငွေစုစုပေါင်း သိန်း ၅ဝ နှင့် ရန်ကုန်ရိုးမဘဏ်မှမထုတ်ရသေး သည့် ငွေကျပ် ၄၆ သိန်းတို့ အပါအဝင် ခြိမ်းခြောက် ၍ ရထား သောငွေဖြင့် ပင်ဝယ်ယူထားသည့် လတ်ဝတ်ရတနာ ကျပ်သိန်း ၈ဝ ခန့်တို့ကိုတရား လို ကျောင်းသူ ၏ မှတ်ပုံတင်နှင့်အတူ သိမ်းဆည်း ရမိ ခဲ့ကြောင်းကို ပြည်မြို့အမှတ် (၂) ရဲစခန်းမှ စခန်းမှူးဦးဇော်လွင်နှင့် အမှုစစ်ရဲအုပ်ဦးဇော်လှိုင်ထွန်း တို့ထံမှ သိရသည်။”ပြည်မြို့က နွေဦးကံ့ကော် အဆောင်မှာ ဖမ်းမိတယ်။ သူနဲ့အ တူလက်ကိုင်ဖုန်းကိုပါ သိမ်းဆည်းမိ ပါတယ်။ အဲဒီအထဲမှာ အခြားမိန်း ကလေးတွေရဲ့ ဝတ်လစ်စလစ်ပုံ တွေကိုပါ တွေ့ခဲ့ရပါတယ်” ဟု ပဲခူးတိုင်းဒေသကြီးမှ ရဲအုပ်ဦးစိုးမင်း ကပြောသည်။ တရားလို ကွန်ပျူတာတက္က သိုလ်ကျောင်းသူသည် ၂ဝ၁ဝ ပြည့် နှစ်သြဂုတ်လ ၁ဝ ရက်နေ့မှစ၍ ၂ဝ၁၁ ခုနှစ်အထိ စုစုပေါင်းငွေသိန်း ၅ဝဝ ခန့်ကို တရားခံဟုယူဆရသူ ထံအကြိမ် ကြိမ်ပေးအပ်ခဲ့ရကြောင်း ထိုငွေများကို ပြည်မြို့ရှိ ရိုးမဘဏ်မှ ရန်ကုန်သို့လွှဲပြောင်းခဲ့ရသည့်အပြင် မှတ်ပုံတင်ကိုပါ ပေးထားခဲ့ရကြောင်း အိမ်ရှိမီး ခံသေတ္တာအတွင်းမှ စိန်နှင့် ရွှေများအကုန်လုံးကို SURE ကား ဖြင့်ခိုးထုတ်ယူခဲ့ရန် အကြပ်ကိုင် ခြိမ်းခြောက်လာသဖြင့် ဖွင့်ပြောမှ အလုံးစုံသိခဲ့ရပြီး ရဲစခန်းသို့တိုင် ကြားခဲ့ရကြောင်း တရားလိုနှင့်နီးစပ် သူကပြော သည်။ တရားလိုနှင့် တရားခံဟုယူ ဆရသူ အမျိုးသမီးတို့သည် ၂ဝ၁ဝ မတ်လတွင် မိတ်ဆွေဖြစ်ခဲ့ကြပြီး ၂ဝ၁ဝ ဇူလိုင်လတွင် တရားခံဟုယူ ဆရသူ အမျိုးသမီးသည် ပြည်မြို့သို့ ရောက်ရှိလာကာ အိမ်ငှားနေထိုင် ပြီးနောက် အဆိုပါ အိမ်၌တရားလို အားစိတ်ကိုမေ့မြောစေသော ပီကေ ကျွေးကာ အဝတ် များချွတ်၍ဓါတ်ပုံ ရိုက်ယူခဲ့သည်။ထို့နောက် ဓာတ်ပုံကို အင်တာနက်တင် မည်ဟုခြိမ်းခြောက် ကာငွေညှစ်ခဲ့သည်ဟု တရားလိုနှင့် နီးစပ်သူကပြောသည်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီမှ အဆိုပါအမှုဖြစ်စဉ်နှင့်ပတ် သက်၍ ”ဒါက မကောင်းတဲ့လုပ်ရပ် တစ်ခုပဲ။ ပိုဆိုးတာက ဓာတ်ပုံပြပြီး ငွေခြိမ်းခြောက်တာ ဆိုတော့ တော်တော်အောက်တန်း ကျတယ် မိန်းကလေးတစ်ယောက် ဘဝလမ်း ဆုံးသွားနိုင်တဲ့ အမှုတစ်ခုဖြစ်တဲ့ အတွက်နောက်လူတွေ ဆက်မ လုပ်နိုင်အောင် ထိရောက်တဲ့ ပြစ်ဒဏ်ချ မှတ်သင့်တယ်”ဟု ပြောသည်။


Myanmar Express

မောင်းသူမဲ့လေယာဉ် မြန်မာနိုင်ငံတွင် စမ်းသပ်ပျံသန်းနေ


မြန်မာနိုင်ငံတွင် မောင်းသူမဲ့လေယာဉ်များ တည်ဆောက်ပြီး စမ်းသပ်ပျံသန်းနေပြီဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် တင်ပြပြောကြားလိုက်သည်။ “လေကြောင်းဆိုင်ရာ သုတေသန လုပ်ငန်းများအနေဖြင့် မောင်းသူမဲ့လေယာဉ်တွေကို သုတေသနပြု တည်ဆောက်ခဲ့ပြီး စမ်းသပ်ပျံသန်းမှုများ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ်တော် နာယကနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။ လက်ရှိတွင် အဆိုပါ တည်ဆောက်ပြီး လေယာဉ်များအား အလိုအလျောက် ပျံသန်းမှုစနစ်ဖြင့် ထိန်းကြောင်း၊ ပျံသန်းနိုင်ရန် လိုအပ်သော ထိန်းချုပ်မှုစနစ်များ သုတေသန ပြုလျက်ရှိကြောင်း ၄င်းကပြောသည်။ ၄င်းအပြင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအနေဖြင့် စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းကုန်ချောနှင့် စက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သဘာဝသယံဇာတများအား ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း၊ လူများ၏ ကျန်းမာရေးကို ထိခိုက်စေသည့် သဘာဝပတ်ဝန်းကျင်ရှိ အန္တရာယ်ရှိ ပစ္စည်းများ၏ သက်ရောက်မှုများကို တိုင်းတာစမ်းသပ်ခြင်းများအပြင် နိုင်ငံ၏ အကျိုးပြုသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခေတ်မီဓါတ်ခွဲစမ်းသပ်မည့် အမျိုးသားဓါတ်ခွဲခန်းအား ဖွဲ့စည်းဆောင်ရွက်နိုင်ရန် လိုအပ်သည့် စက်ကိရိယာများကို ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

http://mdsng.blogspot.com/ မှ ကူးယူဖော်ပြပါကြောင်း

Myanmar Express

လာမည့်ဘတ်ဂျက်တွင် ကာကွယ်ရေးအသုံးစရိတ် ကျပ်ငွေ ဘီလီယံ ၁၉၀၀ ခန့် သုံးစွဲမည်


From : ခေတ်လူငယ်

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းတွင် ကျပ်ငွေ ၁၈၇၇ ဒသမ ၇၁၃ ဘီလီယံ သုံးစွဲမည်ဖြစ်ကာ ယင်းသည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် လုံလောက်သော ကာကွယ်မှုပေးနိုင်မည့် တပ်မတော် တစ်ရပ်တည်ဆောက်ရန် အနည်းဆုံးလိုအပ်သော အသုံးပမာဏပင်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။ ကာကွယ်ရေး ၀န်ကြီးဌာနတွင် ဘဏ္ဍာငွေလျာထားသုံးစွဲရေးနှင့်ပတ်သက်၍ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် ကာကွယ်ရေးဌာနကောင်စီ၏ အုပ်ချုပ်မှုအတည်ပြုချက်ဖြင့် လျာထားသုံးစွဲလျက်ရှိပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ဥပဒေအရ ထုတ်ပြန်ထားသော ဘဏ္ဍာရေးကျင့်စဉ်ကြီးငါးရပ်နှင့်အညီ လိုက်နာကျင့်သုံးလျက်ရှိကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်မှ ဘဏ္ဍာငွေလျာထားတောင်းခံရာ၌ ကာကွယ်ရေးဝန်ကြီးဌာန သီးသန့်သုံးစွဲရန်သာမဟုတ်ဘဲ နိုင်ငံတော်ကာကွယ်ရေးတစ်နည်းအားဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ အရေးအတွက် လျာထားတောင်းခံသည့် ဘဏ္ဍာငွေဖြစ်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်း ဘဏ္ဍာငွေအား နိုင်ငံတော်နှင့် တိုင်းရင်းသား လုပ်သားပြည်သူများအပေါ် တတ်နိုင်သမျှ ၀န်ထုပ်ဝန်ပိုးမဖြစ်စေရန် အနည်းဆုံးလိုအပ်ချက်ကိုသာ တောင်းခံထားခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ပြန်ပေးဆွဲခြင်း


From : ဆန်း သစ်

ကျွန်တော်စာနဲနဲရေးချင်ပါတယ် ပထမဆုံးစာထဲမှာပါမယ့် "ဗုဒ္ဒဘာသာ"ဆိုတဲ့စာလုံးကို အရင်တောင်းပန်ပါတယ်။ ကျွန်တော်တို့ဗုဒ္ဒဘာသာမှာ တစ်ဦးတစ်ယောက်က တစ်ဦးတစ်ယောက်ကို သို့မဟုတ် လူထုကို အကြပ်ကိုင်နှိပ်စက် ခြိမ်းခြောက်ခြင်းကို အဓမ္မ၀ါဒအဖြစ်လက်ခံ ကြပါတယ် ။ ပြန်ပေးဆွဲခြင်း နိုင်လိုမင်းထက်ပြုမူခြင်း ကိုယ်ကျိုးအတွက်တစ်ပါးသူအား သို့မဟုတ် တစ်စုံတစ်ခုအား သိမ်းပိုက်ယူ ဆောင်ထားပြီး မိမိအကျိုးကိုရှာဖွေခြင်းဟာ အောက်တန်းနောက်တန်းကျလှတဲ့အဓမ္မ၀ါဒ သာလျှင်ဖြစ်ပါတယ်။

ဖြစ်စဉ်(၁) ကျွန်တော်အလုပ်လုပ်ရာရုံးမှ အကိုတစ်ယောက်ဟာ ဖုန်းတစ်လုံး(ဟန်းဆက်+ဆင်းကတ်) ကျပျောက်သွားပါတယ်။ သူသတိထားမိတဲ့အချိန်မှာဖုန်းဟာ လူတစ်ဦး လက်ထဲရောက်လို့နေပါတယ်။ သို့သော်ဖုန်းကိုတော့စက်ပိတ်ထားပါတယ်။ ဒီလိုနဲ့ ဖုန်းပျောက်သူအကိုကြီးမှာ တစ်ချိန်လုံး သူ့ဖုန်းကိုဆက်ဆက်ပြီး ဖုန်းပြန်ဖွင့်မယ့်အချိန်ကို စောင့်နေရပါတယ်။ ဒီလိုနဲ့ တစ်နေ့တာပြီးဆုံးပြီး နောက်တစ်နေ့နံနက်ပိုင်းမှာ ပျောက်သွားသော ဖုန်းစက်ပြန်ဖွင့်ထားသဖြင့် သူပျော်ပြီး ဖုန်းဆက်လိုက်ပါတယ်။ တစ်ဖက်မှအမျိုးသားတစ်ဦး လာကိုင်ပါတယ်။ဖုန်းပိုင်ရှင်အကိုကြီးမှ မိမိဖုန်းပျောက်သွားပါသဖြင့် ပြန်ပေးဖို့တောင်ပန်ရှာပါတယ်။ ထိုဖုန်းမှာ မိမိကိုယ်ပိုင်ဖုန်း မဟုတ်ကြောင်း ၊ ရုံးမှ လုပ်ငန်းလိုအပ်ချက်အရ ထုတ်ပေးထားသောဖုန်းဖြစ်ကြောင်း ပြောဆိုတောင်းပန်ရှာ ပါတယ်။ သို့သော်လည်း တစ်ဖက်မှပြန်လိုချင်လျှင် အလကားမရနိုင်ကြောင်း ပြောဆိုသဖြင့် နောက်ဆုံးမှာ ငွေကျပ်၄၀၀၀၀(လေးသောင်းကျပ်) ပေးလျှင်ဖုန်းပြန်ပေးမည်ဟု ပြောသဖြင့် ထိုသူချိန်းဆိုသောနေရာသို့ သွားစောင့်နေခဲ့ပါတယ်။ သို့သော်လဲ ချိန်းထားသော အချိန်ထက် နှစ်နာရီလောက်ပိုစောင့်ပြီးသော်လည်း ဖုန်းပြန်ပေးသမားမှာရောက်မလာပဲ ဖုန်းကိုစက်ပိတ်ထားခဲ့ပါတယ်။ ယခုစာရေးနေချိန်ထိ ဖုန်းပြန်ရခြင်းမရှိသေးကြောင်းသိရပါတယ်။ ဒီနေရာမှာကျွန်တော်စဉ်းစားတာဟာ ကျွန်တော်တို့မြန်မာလူမျိုးတွေစိတ်ဓါတ် အဲ့လောက် အောက်ကျနောက်ကျဖြစ်နေပြီလား ဒီဖုန်းဟာ အချိန်တန်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ပိတ်ခိုင်းလိုက်တဲ့အခါ သူလဲသုံးမရ မူလဖုန်းပိုင်ရှင်လဲ ငွေကုန်ကြေးကျများမယ့်အခြေအနေပါ။ ကျွန်တော်နိုင်ငံခြားတိုင်းပြည်တွေကိုမရောက်ဖူးပါဘူး သို့သော်လည်း လေ့လာမိသလောက်မှာ တိုးတက်ချမ်းသာနေပါတယ်ဆိုတဲ့နိုင်ငံတွေမှာ လူတွေစိတ်ဓါတ်ဟာ ခုလိုဖုန်းပြန်ပေး သမားလိုစိတ်ဓါတ်မျိုးမဟုတ်ပါဘူး။ မိမိပိုင်ပစ္စည်းမဟုတ်လျှင် မိမိနှင့် သက်ဆိုင်သော ပစ္စည်းမဟုတ်လျှင် ကိုင်ကြည့်ချင်လျှင်တောင် ခွင့်တောင်းတတ်ကြတယ်လို့ သိရပါတယ်။ ဖုန်းတစ်လုံးလမ်းမှာကျနေလျှင် ပိုင်ရှင်မှဆက်သွယ်တောင်းခံလာပါက ကောက်ရသူ ဟာပိုင်ရှင်ကို တိုက်ရိုက်သော်လည်ကောင်း ရဲစခန်းတစ်ခုခုမှတဆင့်သော်လည်းကောင်း ဆက်သွယ်ပြီး ပြန်ပေးတတ်တာကိုလည်း ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာတွေ့ဖူးပါတယ်။ တစ်ဆက်တည်း ကမ္ဘာပေါ်မှာဖုန်း(အရှင်)ဖြုတ်တပ်အလွယ်တကူလုပ်လို့ရပြီး ညနေပိတ်လျှင် ဖုန်းခွက်အိမ်ပြန်သယ်သွားရတဲ့ အများသုံးဖုန်းဆိုတာလဲ မြန်မာပြည်မှာပဲရှိပါတယ် ။ ထားတော့ ခုနကလို ကိုယ့်ကိုယ်ပိုင် ပစ္စည်းဥစ္စာမဟုတ်ပါပဲ သိမ်းယူထားပြီး ပိုင်ရှင်ကပြန်တောင်းတော့ အကြပ်ကိုင်ငွေညှစ်တဲ့စိတ်ဓါတ်တွေဟာ မြန်မာတွေ ဗုဒ္ဒဘာသာတွေနေတဲ့ နိုင်ငံမှာမရှိသင့် မဖြစ်သင့်တဲ့ကိစ္စတွေပါပဲ။ ဒီလိုကိစ္စတွေရှိနေသမျှဟာ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေ စိတ်ဓါတ်အဆင့်အတန်း အောက်ကျနောက်ကျဖြစ်နေဆဲလို့ သတ်မှတ်ရပါမယ်။

စိတ်ဓါတ် အဆင့်အတန်းတွေ အောက်ကျ နောက်ကျဖြစ်နေတဲ့ နိုင်ငံသားတွေရှိတဲ့နိုင်ငံဟာလည်း အောက်ကျနောက်ကျဖြစ်နေမှာပဲလို့ပြောချင်ပါတယ်။
ဖြစ်စဉ်(၂) ပြန်ပေးဆွဲတဲ့နေရာမှာ လူတစ်ဦးတစ်ယောက် ပစ္စည်းတစ်စုံတစ်ခုကို ပြန်ပေးဆွဲတတ်သလို လူတစ်စု သို့မဟုတ် လူထုတစ်ရပ်လုံး၏ လွတ်လပ်ခွင့်တန်းတူရည်တူခွင့်တွေကို မိမိအကျိုးတစ်စုံတရာအလို့ငှာ ထိန်ချန်ထားစေခြင်း ပိတ်ဆို့ဟန့်တားထား စေခြင်းဟာလဲအဓမ္မ၀ါဒပြန်ပေးဆွဲဝါဒဖြစ်ပါတယ်။ ကျွန်တော်ဒဲ့ပဲနာမည်တပ်ရေးပါမယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာပြည်ကို ပြန်ပေးဆွဲခဲ့တာနှစ်နှစ်ဆယ်ကျော်ပါပြီ။ ပြန်လွှတ်ပေးသင့်ပြီလို့လဲ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုပဲငြင်းငြင်း စာသက်သေကြေငြာချက် သက်သေတွေက မြန်မာပြည်ကိုစီးပွားရေးပိတ်ဆို့ဖို့ မြန်မာအစိုးရကိုဝိုင်းဖယ်ထားဖို့ ကုလမှသည် အမျိုးမျိုးသောအဖွဲ့အစည်း၊ နိုင်ငံတွေကို တောင်းဆိုခဲ့ကြောင်းထင်ရှားပါတယ်။


Dear ..ဘာညာနဲ့ ပို့ထားတဲ့စာတွေ လဲအကုန်ဖမ်းမိထားပြီးဖြစ်ပါတယ်။ ဒါတွေဟာအတိတ်က ဖြစ်ရပ်တွေမှာသူမှားကိုယ်မှားမှားခဲ့ကြတာကိုလက်ခံနိုင်ပေမယ့် ယခု နှစ်ဖက် အပြောင်းအလဲတွေ လုပ်ဆောင်လာကြတဲ့အချိန်မှာ ထပ်မမှားဖို့ကိုတော့ တာဝန်ယူသင့်နေပြီ လို့ထင်ပါတယ်။ ယခင်ကအစိုးရပြောင်းလဲ မှုတွေရှိအောင် မိမိဖက်က လက်နက်သဖွယ်သုံးတာကို လက်ခံပေးနိုင်ပေမယ့် ယခု သိသာထင်ရှားတဲ့ ပြောင်းလဲမှု့တွေရှိလာတဲ့အခါမှာ အနိုင်ပိုင်းချင်စိတ် (ငွေကျပ်လေးသောင်းပေးတာကိုမယူပဲ ဆက်ပြန်ပေးဆွဲထားတဲ့ဖုန်းပြန်ပေးသမားလို)နဲ့ ပိတ်ဆို့မှု့တွေဖက်က ဆက်လက်ပြီး ရပ်တည်နေဦးမယ် ရွေးကောက်ပွဲအတွက် စိတ်ကြိုက်ဆက်လုပ်ချင်သမျှလုပ်ဖို့အရေးအတွက် ပိတ်ဆို့မှု့တွေနဲ့အကြပ်ကိုင် ဦးမယ်ဆိုရင် (ကျွန်တော်ရိုင်းသွားရင်ခွင့်လွတ်ပါ) အရမ်းအောက်တန်းကျနေမလားလို့ပါ။ ထိပ်တိုက်ရင်ဆိုင်ရေး စကားလုံးတွေ တွင်တွင်ကျယ်ကျယ်ပြောနိုင်ဖို့ ပိတ်ထားဆို့ထားလို့ ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုစည်းရုံးရလွယ်လို့ ပိတ်ဆို့အရေးယူတာကို ကာကွယ်ပြောဆို ထောက်ခံနေတာလို့ပဲ ကျွန်တော်ရိုးရိုးသားသား ထင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြန်လွတ်ခါစက ပြည်သူ လူထုနဲ့တွေ့ဆုံ တဲ့ပွဲတစ်ခုမှာထောင်ပြတဲ့ ကားချပ်ကြီးထဲက စာတွေဟာ ရင်ထဲက တကယ်လာတယ် ဆိုရင် မိမိအကျိုး မိမိအတ္တတစ်ခု ကိုပဲ မကြည့်ဘဲ စီးပွားရေးပိတ်ဆို့ခံရလို့ အတိဒုက္ခရောက်နေကြတဲ့ ဆင်းရဲသားပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားပြီး စီးပွားရေးပိတ်ဆို့တာ ကိုပြန်ဖွင့်ပေးဖို့ တစ်ခွန်းတစ်လေလောက်ကို တောင်းဆိုသင့်ပါတယ်။ ပြည်သူတို့ရဲ့ လွတ်လပ်စွာ ကမ္ဘာ့နိုင်ငံများနည်းတူ စီးပွားရှာခွင့် ကြိုးစားပိုင်ခွင့်တွေကို မိမိပြန်ပေးဆွဲထားတာကို ပြန်လွတ်ပေးဖို့ အချိန်တန်ပါပြီလို့ တိုက်တွန်းချင်ပါတယ်။
သတ္တ၀ါအပေါင်း အဓမ္မ၀ါဒကင်းရှင်းကြပါစေ။

Myanmar Express