Subscribe to our RSS Feed

မြို့နယ် ၂၀ တွင် ရှေ့ပြေး သန်းခေါင်စာရင်း ကောက်မည်

From : ခေတ်လူငယ်


၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းအတွက် ရှေ့ပြေးသန်းခေါင်စာရင်း ကောက်ယူခြင်းကို မြို့နယ် ၂၀ တွင် စမ်းသပ်ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။ “ကွင်းဆင်းပြီး ကောက်မှာက ၂၀၁၃ မတ်လ ၃၀ ရက်ကနေ ဧပြီလ ၁၀ ရက်အထိ ၁၂ ရက်လောက် ကောက်မယ်” ဟု ဝန်ကြိးက အောက်တိုဘာ ၂၇ ရက်တွင် ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး၌ ပြုလုပ်ခဲ့သော ၂၀၁၃ ခုနှစ် စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းဆိုင်ရာ လမ်းညွှန်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူမည့် မြို့နယ် ၂၀ မှာ ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေပြည်သာမြို့နယ်၊ လမ်းမတော်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ချမ်းအေးသာစံမြို့နယ်၊ မိုးကုတ်မြို့၊ ပဲခူးတိုင်းဒေသကြီးတွင် ရွှေကျင်မြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် မြောင်းမြမြို့၊ ငပုတောမြို့၊ မကွေးတိုင်းဒေသကြီးတွင် မကွေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တမူးမြို့၊ တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်မြို့၊ ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့၊ ကယားပြည်နယ်တွင် လွိုင်ကော်မြို့၊ ကရင်ပြည်နယ်တွင် မြဝတီမြို့၊ ချင်းပြည်နယ်တွင် ဟားခါးမြို့၊ ရခိုင်ပြည်နယ်တွင် စစ်တွေမြို့၊ မွန်ပြည်နယ်တွင် ကျိုက်ထိုမြို့၊ မော်လမြိုင်မြို့၊ ရှမ်းပြည်နယ်တွင် တာချီလိတ်မြို့၊ ညောင်ရွှေမြို့နှင့် မူဆယ်မြို့တို့ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းကို ၁၉၇၃ နှင့် ၁၉၈၃ ခုနှစ်များတွင်သာ ကောက်ယူခဲ့ပြီး ယခုအချိန်ထိ နှစ်ပေါင်းသုံးဆယ်ကြာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်း မရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

 Myanmar Express 

အမေရိကန်တွင် ဆန်ဒီမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု ဒေါ်လာ ဘီလျံ ၅၀ ရှိနိုင်

From : planet

ဆန်ဒီမုန်တိုင်းကြောင့် အမေရိကန် နိုင်ငံတစ်ဝှမ်း အပျက်အစီး တန်ဖိုး ဒေါ်လာ သန်း(၂၀)မျှ ရှိနိုင်ပြီး နောက်ဆက်တွဲ စီးပွားရေးအရ နစ်နာ ထိခိုက်မှုများသည် ဒေါ်လာ (၁၀)ဘီလျံမှ (၃၀)ဘီလျံထိ ရှိလာနိုင်ကြောင်း စီးပွားရေး ခန့်မှန်းမှုအဖွဲ့ IHS Global Insightက ဖော်ပြခဲ့သည်။
Posted on Oct 31 12 - 09:59 AM
အမေရိကန်တွင် ဆန်ဒီမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု ဒေါ်လာ ဘီလျံ ၅၀ ရှိနိုင်
အမေရိကန်နိုင်ငံတွင် ဝင်ရောက် တိုက်ခတ်ခဲ့သည့် ဟာရီကိန်း မုန်တိုင်းကြီး ဆန်ဒီကြောင့် ထိခိုက် ပျက်စီးမှု ပမာဏသည် ဒေါ်လာ ဘီလျံ (၅၀)မျှလောက်ထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။ ဆန်ဒီမုန်တိုင်းကြောင့် အမေရိကန် နိုင်ငံတစ်ဝှမ်း အပျက်အစီး တန်ဖိုး ဒေါ်လာ သန်း(၂၀)မျှ ရှိနိုင်ပြီး နောက်ဆက်တွဲ စီးပွားရေးအရ နစ်နာ ထိခိုက်မှုများသည် ဒေါ်လာ (၁၀)ဘီလျံမှ (၃၀)ဘီလျံထိ ရှိလာနိုင်ကြောင်း စီးပွားရေး ခန့်မှန်းမှုအဖွဲ့ IHS Global Insightက ဖော်ပြခဲ့သည်။

sandy

နယူးယော့ခ်မြို့တော်သို့ ဦးတည်တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် အမေရိကန် အနောက်မြောက်ဘက် ဒေသတစ်လျှောက် ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာခဲ့သည်။ မုန်တိုင်း နောက်ဆက်တွဲအဖြစ် လောင်စာဆီ ဈေးနှုန်းများ မြင့်တက်လာနိုင်သလို အမေရိကန် စီးပွားရေးကို အတိုင်းအတာ တစ်ရပ်အထိ နှေးကွေးသွားစေနိုင်ကြောင်း IHSက ဆိုသည်။ မုန်တိုင်းကြောင့် အိမ်ခြေ (၇)သန်းကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့သလို နယူးယော့ခ် မက်ထရို ဧရိယာ တစ်ဝိုက်တွင် မူလ ခန့်မှန်းသည်ထက် ဆိုးဆိုးရွားရွား ပျက်စီးခဲ့သည်။

sandy

ထိုနေရာသည် အမေရိကန်၏ စီးပွားရေးကဏ္ဍ စုစုပေါင်း (၁၀)ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေသော ရပ်ဝန်းဖြစ်သည်။ ဟာရီကိန်း မုန်တိုင်းကြီးသည် နေအိမ်များ၊ စီးပွားရေး လုပ်ငန်းများ၊ လမ်းများကို ပျက်စီးစေခဲ့သလို အနာဂတ် အမေရိကန် စီးပွားရေးကိုလည်း အနည်းငယ်မျှ ထိခိုက်စေမည်ဟု ကျွမ်းကျင်သူများက လက်ခံ သုံးသပ်ထားသည်။ Daily Mail သတင်းစာက ဟာရီကိန်း ဆန်ဒီကြောင့် အနည်းဆုံး လူပေါင်း (၅၀)မျှ သေဆုံးကြောင်း ဖော်ပြခဲ့ပြီး အမေရိကန် သမ္မတ ဘာရက် အိုဘားမားကလည်း ယင်းသည် အဆုံးသတ်သွားပြီဟု မဆိုနိုင်သေးကြောင်း သတိပေး ဝန်ခံထားသည်။ အင်္ဂါနေ့က မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် (၆၀၀၀)ကျော်ကို ဖျက်သိမ်းခဲ့ရသလို ဗုဒ္ဓဟူးနေ့အတွက် လေယာဉ်ခရီးစဉ် (၅၀၀)ကျော်ကိုလည်း ထပ်မံ ဖျက်သိမ်းခဲ့ရသည်။ နယူးယော့ခ်သည် အမေရိကန်နိုင်ငံတွင် လေယာဉ်အဝင်အထွက် အများဆုံး လေဆိပ်(၃)ခု တည်ရှိရာ နေရာလည်း ဖြစ်သည်။

sandy

"ဆန်ဒီမုန်တိုင်း ဦးတည်တဲ့ နေရာက လူဦးရေ ထူထပ်ပြီး တကယ့် အဖိုးတန် အိမ်ကြီးအိမ်ကောင်းတွေ တည်ရှိတဲ့ နေရာမျိုးတွေပါ"ဟု TDဘဏ်၏ စီးပွားရေးပညာဌာန လက်ထောက် ဦးစီးမှူး ဘီရက်တာ ကာအန်ဆေးက ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံတွင် တိုက်ခတ်ဖူးသည့် မုန်တိုင်းများအနက် ယမန်နှစ်က ဟာရီကိန်း အိုင်ရီနီကြောင့် ဒေါ်လာ (၁၅.၈)ဘီလျံဖိုးမျှ နစ်နာခဲ့ဖူးသည်။ ဆန်ဒီသည် အမေရိကန်တွင် တိုက်ခတ်ခဲ့သည့် ဖျက်ဆီးအား အများဆုံး မုန်တိုင်းများအနက် ထိပ်ဆုံး(၁၀)ခု စာရင်း၌ ပါဝင်ခဲ့သည်။ သို့သော်လည်း (၂၀၀၅)ခုနှစ်က တိုက်ခတ်ခဲ့ပြီး လူပေါင်း (၁၂၀၀)ကျော် သေဆုံးကာ ဒေါ်လာ (၁၀၈)ဘီလျံဖိုး ကုန်ကျပျက်စီးခဲ့သည့် ကက်ထရီနာ မုန်တိုင်းကမူ ထိပ်ဆုံးနေရာတွင် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။

 Myanmar Express 

ဘွဲ့လက်မှတ်တုနဲ့ အလုပ်လျှောက်ထားသူ မြန်မာတဦး စင်ကာပူတွင် ထောင်ဒဏ်ချမှတ်ခံရ (ပေးစာ - ၂၀၃)

From : သာနောင်


စင်ကာပူနိုင်ငံ လူသားစွမ်းအား ၀န်ကြီးဌာန (The Ministry of Manpower -MOM) က အသက် ၂၈ နှစ်ရှိ မြန်မာ နိုင်ငံသား ကိုကျော်စွာဝင်းဆိုသူဟာ သတင်းအချက်အလက်မှားယွင်းစွာ ဖော်ပြမှု၊ ဘွဲ့လက်မှတ် အတုနဲ့ အလုပ်အကိုင်ရရှိရေး ကြိုးပမ်းမှုကြောင့် ထောင်ဒဏ် အမိန့် ချမှတ်လိုက်ကြောင်း သိရပါတယ်။

အပြစ်ရှိတယ်လို့ တရားရုံးတခုက ဆုံးဖြတ်ပြီးတဲ့နောက် ယမန်နေ့ အောက်တို ဘာ လ ၃၀ ရက်နေ့ က ထောင်ဒဏ် အ ဖြစ် ရက်သတ္တ ၄ ပတ် အပြစ်ဒဏ်ပေးလိုက်တာဖြစ်တယ်လို့ စင်ကာပူ သတင်းဌာန တခုဖြစ်တဲ့ CNA သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Leong Guan အစားအသောက်ထုတ်လုပ်ဖြန့်ချီရေး အလုပ်ကြပ်တဦးအဖြစ် အွန်လိုင်းက အလုပ်လျှောက် ထားခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကလည်း ကိုကျော်စွာဝင်းဟာ ဘွဲ့ရ တဦးအဖြစ် တင်ပြခဲ့တာကိုလည်း မှားယွင်းမှုဟုတ်၊ မဟုတ် မေးခွန်းထုတ်ထားတာကို အဆိုပါ MOM ၀န်ကြီးဌာန စုံစမ်းမှုများက ဆိုပါတယ်။

တကယ်တော့ သူဟာ မြန်မာနိုင်ငံပညာရေးအရ အခြေခံ ပညာ အထက်တန်းအောင်လက်မှတ်သာ ရှိခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားသား အလုပ်သမား ခန့်အပ်ရေး ဥပဒေ ပုဒ်မအရ ငြိစွန်းလျှင် လက်ရှိပြစ်ဒဏ်အရ ဒဏ်ကြေးငွေ စင်ကာပူ ဒေါ် လာ ၁၅၀၀၀ ထိ သို့မဟုတ် ထောင်ဒဏ် ၁၃ အထိ ခံစားရနိုင်သလို အဆိုပါ ဒဏ်ငွေရော ထောင်ဒဏ်ပါ ကျခံနိုင်ရရှိ တယ်လို့ CNA က ဆိုပါတယ်။

 

 Myanmar Express 

မထင် မှတ်သည့် သတင်း ကြားရသည့် အတွက် သေဆုံးနိုင်ခြေ မြင့်မားနိုင်

From : သာနောင်


ထီပေါက်တာ ဒါမှမဟုတ် မိမိ ချစ်ခင်သူ တစ်ယောက် သေဆုံး သွားတာ လိုမျိုး ကောင်းသတင်း ဒါမှမဟုတ် ဆိုးသတင်း ကြားရ တာကြောင့် သေဆုံးနိုင် တဲ့အထိ ဖြစ်နိုင်ကြောင်း အထူးသဖြင့် မီးယပ်သွေးဆုံးပြီး အမျိုးသမီးတွေမှာ ဖြစ်တတ်ကြောင်း ဂျာမန်မှ သိပ္ပံပညာ ရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အဲဒီလိုမျိုး သတင်းတွေ ကြားရတာကြောင့် ခန္ဓာကိုယ်မှ အဒရီနယ်လင် အပါအဝင် ဖိစီးမှု ဟော်မုန်းတွေ အများအပြား ထွက်ရှိလာတဲ့ အတွက် နှလုံးသွေးကြောမကြီးတွေ ကျဉ်းမြောင်းသွားပါတယ်။ ဒါကြောင့် နှလုံးတိုက်ခိုက်ခံရသလိုမျိုးနဲ့ ဆင်တူတဲ့ နှလုံးခုန်နှုန်းအဖြစ် ရုတ်တရက် ပြောင်းလဲသွားကာ အသက်ရှူရ ခက်ခဲတာ၊ ရင်ဘတ်မှာ စူးစူးရှရှ နာကျင်တာနဲ့ မောပန်းသလို ခံစားရပါတယ်။ ချက်ချင်းကုသမှုမခံယူရင် သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ သတင်းကြားပြီး မိနစ်ပိုင်းမှ တစ်နာရီအတွင်းမှာ ဖြစ်တတ်ပြီး အသက် ၅၀ နဲ့ ၇၀ ကြား မီးယပ်သွေးဆုံးပြီးသူ အထူးသဖြင့် နေမကောင်းဖြစ်နေချိန်မှာ အဖြစ်များတယ်လို့ သိရပါတယ်။ 

Myanmar Express 

ရေအား လျှပ်စစ် စီမံကိန်းများ ဆိုင်ရာ နည်းပညာ နှီးနှောဖလှယ်ပွဲများ တက်ရောက်

From : မြဝတီ 



  လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမြင့်ဇော် ဦးဆောင်သော မြန်မာ ကိုယ်စား လှယ် အဖွဲ့သည် ရေအား လျှပ်စစ် စီမံရေး ဦးစီး ဌာနမှ စပိန်နိုင်ငံ မက်ဒရစ် မြို့၌ အောက်တို ဘာ ၂၂ ရက်က ကျင်းပသော (၅)ကြိမ် မြောက် နည်းပညာ ရပ်ဆိုင်ရာ ကြီးကြပ် ကွပ်ကဲမှု ကော်မတီ အစည်းအဝေး တက်ရောက် ခဲ့ပြီး ဝန်ကြီး ဌာနမှ တည်ဆောက် နေသော ရေအား လျှပ်စစ် စီမံကိန်း များ၏ နည်းပညာ ပိုင်းဆိုင်ရာ များကို အတိုင်ပင်ခံ အင်ဂျင်နီယာ အဖွဲ့ဖြစ် သော ဆွစ်ဇာ လန်နိုင်ငံမှ AF- Colenco Co.,Ltd. အဖွဲ့နှင့် ဆွေးနွေး ညှိနှိုင်း ခဲ့သည်။

ဒုတိယ ဝန်ကြီးနှင့် အဖွဲ့သည် စပိန်နိုင်ငံ ဇာရာဂိုဇာ မြို့တွင် အောက်တိုဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၅ ရက် အထိ ကျင်းပ ခဲ့သော (၆)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ RCC (Roller Compacted Concrete) တမံကြီးများ ဆိုင်ရာ နည်းပညာ နှီးနှောဖလှယ် ပွဲသို့ တက်ရောက် ခဲ့သည်။ အဆိုပါ နည်းပညာ နှီးနှော ဖလှယ်ပွဲ တွင် မြန် မာ နိုင် ငံရှိ RCC  တမံများနှင့် ပတ်သက်၍ ဆောင်ရွက်နိုင် မှုများကို အဖွဲ့ဝင် အဖြစ်လိုက်ပါ သွားသော ရေအား လျှပ် စစ် အကောင် အထည် ဖော်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူး ဦးဇော်မင်းစံ က စာတမ်း နှစ်စောင်ကို ဖတ်ကြား ခဲ့ကြောင်း သိရှိရသည်။

Myanmar Express 

ယခုနှစ်ကုန်တွင် နိုင်ငံတကာ လေကြောင်းလိုင်းနှင့် ပြည်တွင်း လေကြောင်းလိုင်းများမှ လေယာဉ်အစင်းရေ တိုးချဲ့ပျံသန်းမည်

From : ခေတ်လူငယ်


ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံတကာ လေကြောင်းလိုင်းနှင့် ပြည်တွင်း လေကြောင်းလိုင်းများမှ လေယာဉ်အစင်းရေများ တိုးချဲ့ ပျံသန်းမည်ဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ ပြည်တွင်း လေကြောင်းလိုင်းများ အနေဖြင့် လက်ရှိတွင် မြန်မာအဲဝေး၊ အဲမန္တလေး၊ ရန်ကုန်အဲဝေး၊ အဲပုဂံ၊ အဲကမ္ဘောဇ၊ အေးရှန်းဝင်းတို့သည် လေယာဉ်အစင်းရေ ၂၉ စင်းဖြင့် ပျံသန်းလျက်ရှိပြီး အသစ်ထပ်မံ အားဖြည့်ပျံသန်းမည့် ငါးစင်း အပါအဝင် လေယာဉ်အစင်းရေ ၃၄ စင်း ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ “ခရီးသွား ဝင်ရောက်မှု သိသိသာသာ မြင့်တက်လာလို့ ပြည်တွင်း လေကြောင်းလိုင်းတွေရဲ့ လေယာဉ် အစင်းရေတွေကို အားဖြည့်သလို နိုင်ငံတကာ လေကြောင်းလိုင်းတွေကလည်း တိုက်ရိုက်ခရီးစဉ်တွေ ပျံသန်းဖို့ တင်ပြလာတယ်။ စိစစ်ပြီးခွင့်ပြုပေးပါတယ်။ လပိုင်းအတွင်းမှာ နိုင်ငံတကာ လေကြောင်းလိုင်းတွေရဲ့ တိုက်ရိုက်ခရီးစဉ် အသစ်တွေ ပျံသန်းဖို့ ရှိပါတယ်” ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းကျော်က ပြောသည်။ ယခုနှစ်၏ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ပြည်တွင်း လေကြောင်းလိုင်းများမှ ခရီးသည် အဝင်အထွက် ခုနစ်သိန်းကိုးသောင်းရှိခဲ့ပြီး အောက်တိုဘာမှ ဒီဇင်ဘာအထိ ခန့်မှန်းတွက်ချက်မှုများအရ ခရီးသည် သုံးသိန်း ဝင်ရောက်မည်ဟု ခန့်ခန်းထားသည်။ ထို့ပြင် နိုင်ငံတကာ လေကြောင်းလိုင်းများ အသုံးပြုမှုသည် ဇန်နဝါရီမှ စက်တင်ဘာအထိ ၁ ဒသမ ၃ သန်းရှိပြီး အောက်တိုဘာမှ ဒီဇင်ဘာအတွင်း ခန့်မှန်းတွက်ချက်မှုများအရ ခရီးသည် လေးသိန်းကျော် ဝင်ရောက်မည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။ 

 Myanmar Express 

ရခိုင်လူမျိုးဆိုတာ သွေးချင်းနှောတဲ့မောင်နှမအရင်းပါ

From :  ပုဂံပြည်မှသူရဲကောင်း



ငါ....ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ငိုသံတောင်ပါတယ်မှတ်..
အဖြစ်ပျက်က ဆိုးလွန်းလို့
ငါ့ရင်တွေဆို့ အောင် ခံစားရတယ်.....။

ငါ...ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ဝေးကွာနေရပေမယ့်
အတွေးကမ္ဘာမှာ မောင်နှမ ညီကို
သီတာထွေးလို အဖြစ်ဆိုးက
ငါ့ခေါင်းကို မိုးကြိုးပစ်သလိုခံစားရတယ်..။

ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကိုယ်ချင်းစာ သနားစိတ်နဲ့
နှလုံးသွေးက ပြောတဲ့ စကား
ငါကိုယ်တိုင်ပြန်ကြားရဲ့
နင်တို့တွေရဲ့ ဒုက္ခ ငါလည်း ထပ်တူခံစားရတယ်...။

ငါ...ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကမ္ဘာဆိုတာရှိနေသ၍
မေ့မထားဘူးဆိုတာမှတ်ထား
အသွေးအသားထဲက သံယောဇဉ်
မြင်ချင်စမ်းပါဘိ
ငါခုထိခံစားဆဲ
ရခိုင်လည်း ဗမာ ..ဗမာလည်းရခိုင်မို့
ငါ့သွေးထိ ငါမခံနိုင်..
လက်သဲဆိတ်တော့ လက်ထိပ်နာသလိုခံစားရတယ်...။

ငါ....ရခိုင်မဟုတ်ဘူးနော်..ဗမာ....
နေသာသလို မနေချင်ပါဘူး
မြင်နေတာတွေက တို့သွေးမို့
တို့အရေးလို့ အခိုင်မာဆို
နင်တို့ စိတ်မာလို့ မငိုကြလည်း
ငါ့နှသားထဲမှာတော့ မျက်ရည်စက်လက်
ငါ့အသက်တစ်မျှ ခံစားရတယ်...။

ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကမ္ဘာတည်သရွေ့ ရခိုင်တည်
မြန်မာပြည်ထဲက မောင်နှမအရင်း
မြန်မာပြည်ထဲက ညီကိုအရင်း
သွေးချင်း မရောပေမယ့်
သွေးနှောတဲ့ နှမ ညီနောင်
္ဒဓားသွားထက်က ပျားရည်စက်တောင်
ခေါင်းမရှောင် အတူလျှက်မယ် လို့ငါခံစားရတယ်...။ ။
 
Myanmar Express 

အီရန်ကို တိုက်ခိုက်ခြင်းအား အာရပ်ကမ္ဘာက ကြိုဆိုလိမ့်မည်ဟုဆို

From :planet

ဘင်ဂျမင် နာတန်ယာဟူက ပြင်သစ် မဂ္ဂဇင်း တစ်စောင်နှင့် အင်တာဗျူးတွင် အစ္စရေးဘက်မှ တီဟီရန်ရှိ အီရန် အစိုးရကို တိုက်ရိုက် လေကြောင်းတိုက်စစ်ဆင်မှု ပြုလုပ်ခဲ့ပါက အရှေ့အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေးအတွက်ပင် အကျိုးရှိစေလိမ့်မည်ဟု သုံးသပ်ခဲ့သည်။

အီရန်ကို တိုက်ခိုက်ခြင်းအား အာရပ်ကမ္ဘာက ကြိုဆိုလိမ့်မည်ဟုဆို
အီရန်ကို မိမိတို့ နိုင်ငံက တိုက်ခိုက်ခြင်းအား အာရပ်ကမ္ဘာက ကြိုဆိုလိမ့်မည်ဟု အစ္စရေး ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။ ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူက ပြင်သစ် မဂ္ဂဇင်း တစ်စောင်နှင့် အင်တာဗျူးတွင် အစ္စရေးဘက်မှ တီဟီရန်ရှိ အီရန် အစိုးရကို တိုက်ရိုက် လေကြောင်းတိုက်စစ်ဆင်မှု ပြုလုပ်ခဲ့ပါက အရှေ့အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေးအတွက်ပင် အကျိုးရှိစေလိမ့်မည်ဟု သုံးသပ်ခဲ့သည်။ အစ္စရေးသည် နျူကလီးယား လက်နက်များ ထုတ်လုပ်ရန် ကြိုးပမ်းနေသည်ဟု ယူဆရသော အီရန်ကို စစ်ရေးအရ အရေးယူနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် Paris Match မဂ္ဂဇင်းက နာတန်ယာဟူနှင့် အင်တာဗျူးကို ထည့်သွင်း ဖော်ပြခဲ့ရာ အဆိုပါ မှတ်ချက်စကား ပါရှိလာခြင်း ဖြစ်သည်။



"တကယ်လို့ တိုက်ခိုက်မှု စတင်ရင် (၅)မိနစ်အတွင်း စကားအမျိုးမျိုး ထွက်လာလိမ့်မယ်။ ဒါပေမဲ့ ဒေသတွင်း အခြေအနေ တစ်ခုလုံးကတော့ သက်တောင့်သက်သာ ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် ခံစားရတယ်"ဟု နာတန်ယာဟူက ဆိုသည်။ "အီရန်ဟာ အာရပ်ကမ္ဘာမှာ နာမည်ကောင်းနဲ့ ကျော်ကြားနေတာ မဟုတ်ပါဘူး။ ဒေသတွင်း နိုင်ငံတချို့က အစိုးရတွေနဲ့ သူတို့ရဲ့ ပြည်သူတွေဟာ နျူကလီးယား ပိုင်ဆိုင်ထားတဲ့ အီရန်ရဲ့ ခြိမ်းခြောက်မှုကို ခံရတာ အစ္စရေးတစ်ခုတည်း မဟုတ်ကြောင်း ကောင်းကောင်း သိပြီးသား ဖြစ်ပါတယ်"ဟုလည်း ဝန်ကြီးချုပ်က ပြောဆိုသွားသည်။

နာတန်ယာဟူသည် ယခုသီတင်းပတ်အတွင်း ပြင်သစ်သို့ သွားရောက်ကာ ပြင်သစ် ဝန်ကြီးချုပ် ဖရန်ကွိုက်စ် ဟော်လန်ဒေးနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ ယင်းသည် (၂၀၀၉)ခုနှစ်က ဝန်ကြီးချုပ် ရာထူးကို လက်ခံပြီးနောက်ပိုင်း နာတန်ယာဟူ၏ (၃၃)ကြိမ်မြောက် ပြည်ပခရီးစဉ်လည်း ဖြစ်လာကြောင်း သိရှိရသည်။

  Myanmar Express 

နေကို စပိန်အမျိုးသမီးတစ်ဦးက ပိုင်ဆိုင်သည်ဟုဆို၊ အသုံးပြုခတောင်း

From : Red Ruby


 ၂၀၁၀ ခုနှစ် နိုဝင်ဘာလက ဖြစ်ပါတယ်။ စပိန်နိုင်ငံတွင် နေထိုင်သူ အမျိုးသမီး တစ်ဦးက နေကို သူမ ပို င်ဆိုင်တယ်လို့ ပြောဆိုပြီး နေရောင်ခြည် အသုံးပြုခ တောင်းခံတဲ့ ကိစ္စ ဖြစ်ပါတယ်။ သူမ ရဲ့ စိတ်ကူး ဒီလို ဖြစ်ပါတယ်။ အမေရိကန် ဘီလျံနာ တစ်ဦးဟာ လကမ္ဘာမှာ မြေကွက်တစ်ခု ဝယ်ယူပြီး သူပိုင်တဲ့ မြေကွက်လို့ ကြေညာ ခဲ့ပါတယ်။ ဒါကြောင့်မို့ အသက် ၄၉ နှစ် အရွယ် စပိန်နိုင်ငံမှ အမျိုးသမီး Angeles Duran ကလည်း နေလုံးကြီးကို သူပိုင်ကြောင်း စာရွက်စာတန်း ပြု လုပ်လာပါတယ်။ ဒေသခံ ရှေ့ နေအချို့ နဲ့ တရားဝင်စာရွက် စာတန်းများ ပြု လုပ်ပြီး ဆိုလာစနစ်ရဲ့  အလယ် ဗဟိုတည့်တည့်က (ကမ္ဘာနှင့် ကီလိုမီတာ ၁၄၉ သန်း ပျှမ်းမျှဝေးသော) နေကို သူမပိုင်ဆိုင်တယ်လို့ ကြေညာ လိုက်ခြင်း ဖြစ်ပါတယ်။ စပိန်နိုင်ငံရဲ့  ဥပဒေအရဆိုရင်လည်း သူမကပဲ တကယ်ပိုင်ဆိုင် သလို ဖြစ်နေပါပြီ။ ... ရည်ရွယ်ချက်ကတော့ နယ်မြေပိုင်ဆိုင်မှုအတွက် ငြင်းခုံနေတဲ့ နိုင်ငံနဲ့ ပုဂ္ဂိုလ်များကို Trolling (သရော်ခြင်း) ဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ စာရွက် စာတန်းအရ နေရောင်ခြည်စွမ်းအား အသုံးပြုသူ ကမ္ဘာပေါ်က လူသားအားလုံးကို အခွန်တောင်းဆိုဖို့ ကြိုးစားခဲ့ပါတယ်။ စပိန်အစိုးရ ကိုတော့ ဒီလို အခွန်တောင်းခံလွှာ ပို့ခဲ့ပါတယ်။ ပြည်သူတို့ ဆောင်နေကျ အခွန်ထက် ၅၀ ရာခိုင်နှုန်း တိုးကောက်ရပါမယ်။ ၂၀ ရာခိုင်နှုန်းကို အစိုးရ ကြွေးမြီ၊ ၁၀ ရာခိုင်နှန်းကို သုတေသန၊ ၁၀ ရာခိုင်နှုန်းကို ကမ္ဘာ တစ်အလွှားက ဒုက္ခသည်များ အတွက် ဖြစ်ပါတယ်။ ဒီတော့ ၁၀ ရာခိုင်နှုန်းက ကျန်ရှိနေပါသေးတယ်။ ကျန်ရှိတဲ့ ၁၀ ရာခိုင်နှုန်းကို တော့ သူမရဲ့ ဘဏ်အကောင့်ထဲ ထည့်ပေးပါ လို့ တောင်းဆိုခဲ့ ပါတယ်။ 

Myanmar Express 

ပတ်စ်ပို့သက်တမ်း ငါးနှစ် ပေးတော့မည်

From : ခေတ်လူငယ်


နိုင်ငံကူးလက်မှတ်များကို ငါးနှစ်အထိ သက်တမ်းတိုးမြှင့် ပေးတော့မည်ဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လာမည့် နိုဝင်ဘာ ၁ ရက် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများမှ စတင်၍ နိုင်ငံကူးလက်မှတ်ကို ငါးနှစ်ထိ သက်တမ်းတိုးမြှင့် ပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်မှာလည်း ယခင်ပုံမှန် အတိုင်းသာ ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ “အများပြည်သူတွေ အဆင်ပြေ သက်သာစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလိုလုပ်ရတာ ဖြစ်ပါတယ်။ ဒီလို သက်တမ်းတိုးလိုက်လို့ နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့ ကုန်ကျစရိတ်ကတော့ အရင်အတိုင်း ပုံမှန်ပါပဲ။ သင်္ဘောသား ပတ်စ်ပို့၊ အလုပ်သမား ပတ်စ်ပို့တွေလဲ အကုန်လုံး ငါးနှစ်သက်တမ်း ဖြစ်သွားပါပြီ။ နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားတဲ့သူတွေ အနေနဲ့လဲ လျှောက်ထားရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံနဲ့ မှန်မှန်ကန်ကန် တင်ပြဖို့ လိုအပ်တယ်” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။ ယခင်က သင်္ဘောသား ပတ်စ်ပို့ ငါးနှစ်၊ အလုပ်သမား ပတ်စ်ပို့ လေးနှစ်နှင့် အခြားပတ်စ်ပို့များမှာ သုံးနှစ် သက်တမ်း ရှိရာမှ ယခုကဲ့သို့ ပတ်စ်ပို့အားလုံး ငါးနှစ်သက်တမ်း ပေးလိုက်ခြင်းသည် နိုင်ငံတော်၏ ပွင့်လင်းမြင်သာပြီး အမျိုးသား အကျိုးစီးပွားအတွက် ဆောက်ရွက်ပေးခြင်း ဖြစ်သည်ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားသူများက သုံးသပ်ပြောဆိုကြသည်။ “အခုလို ပတ်စ်ပို့သက်တမ်း အကုန်လုံး ငါးနှစ်ဖြစ်တော့ နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့သူတွေ အကုန်လုံးအတွက် ပိုအဆင်ပြေသွားတာပေါ့။ ကုန်ကျစရိတ် ပုံမှန်ဆိုတော့ အစစအရာရာ အကုန်လုံး အဆင်ပြေတယ်” ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားသူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 Myanmar Express

ဂျပန်နှင့် အမေရိကန် နိုင်ငံတို့သည် တရုတ်နိုင်ငံနှင့် တင်းမာမှု ရှိနေစဉ် ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ် သွားမည်ဟုဆို

From : မြဝတီ


အရှေ့တရုတ် ပင်လယ်အတွင်းရှိ ကျွန်းစုပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန်နိုင်ငံတို့ အကြား
တင်းမာမှု မြင့်တက်နေစဉ် တရုတ်
နိုင်ငံကို ပိုမိုဒေါ သ ဖြစ်စေနိုင်သော လုပ်ဆောင်မှု အဖြစ် ဂျပန်နှင့် အမေရိကန် နိုင်ငံတို့သည် ဂျပန်နိုင်ငံ တွင် နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပူးတွဲစစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို ပြုလုပ် သွားမည်
ဖြစ်ကြောင်း ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး အစောင့်တပ်ဖွဲ့က အောက်တို ဘာလ ၃ဝ ရက် နေ့တွင် ပြောကြားခဲ့ ပါသည်။

အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် ဂျပန်နိုင်ငံမှ တပ်ဖွဲ့ဝင် ၃၇,၄ဝဝ ခန့်နှင့် အမေရိကန် နိုင်ငံမှ တပ်ဖွဲ့ဝင် ၁ဝ,ဝဝဝ ခန့် ပါဝင်လေ့ကျင့် သွားမည်
ဖြစ်ကြောင်း သိရှိရ ပါသည်။

တရုတ်နိုင်ငံ အနေဖြင့် ဂျပန်နိုင်ငံနှင့် ဆက်စပ်သည့် လုပ်ဆောင်မှုများကို အနီးကပ် အာရုံစိုက် စောင့်ကြည့် လျက် ရှိကြောင်းနှင့် ဂျပန်နိုင် ငံ သည် ဒေသတွင်း၌ တင်းမာမှု ဖြစ်ပေါ်အောင် လုပ်ဆောင် နေကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Yang Yujun က စွပ်စွဲ ပြောကြားခဲ့ ပါသည်။

တရုတ်နှင့် ဂျပန်နိုင်ငံ တို့သည် တရုတ်အခေါ် ဒိုင်အိုယု၊ ဂျပန်အခေါ် ဆန်ကာကူဟု ခေါ်ဆိုသော လူမနေသည့် ကျွန်းများအနီး ရေပြင်သို့ ကင်းလှည့် သင်္ဘောများ ကို မကြာသေးမီ ရက်သတ္တပတ်များက
စေလွှတ်ခဲ့သည်ဟု သိရှိရ ပါသည်။


 Myanmar Express 

တရုတ် နိုင်ငံသည် နိုင်ငံတကာနှင့် စစ်ရေး ဆက်ဆံမှု များကို မြှင့်တင် သွားမည် ဟုဆို

From : မြဝတီ



ဒိုင်အိုယုကျွန်း ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွား နေသော ဂျပန် နိုင်ငံမှလွဲ၍ တရုတ်နိုင်ငံ နှင့် အခြားသော နိုင်ငံများ၏ စစ်ရေး ဆက်ဆံမှု များသည် ၂ဝ၁၂ ခုနှစ် ကုန်ပိုင်းတွင် အနည်း ငယ် တိုးတက် လာကြောင်း ပညာရှင်များက အောက်တို ဘာလ ၃ဝ ရက် နေ့တွင် ပြောကြား ခဲ့သည်ဟု Xinhua သတင်း တစ်ရပ်အရ သိရှိရ ပါသည်။ တရုတ်နိုင်ငံ အနေဖြင့် အပြန်အလှန် စစ်ရေး ဆက်ဆံမှုများနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်ခြင်းဖြင့် အခြားသော နိုင်ငံများနှင့် နားလည်မှု နက်ရှိုင်းလာ နိုင်ကြောင်းနှင့် စစ်ရေး ဆက်ဆံမှု တိုးမြှင့် လုပ်ေ ဆာင် ခြင်းသည် တရုတ်စစ်ဘက် အနေဖြင့် ပွင့်လင်းမြင်သာမှု မရှိဟု ပြော ဆို နေသည့် အခြားသော နိုင်ငံများ၏ စိုးရိမ် ပူပန်မှုများ ပြေလျော့ စေရေး အထောက်အကူ ရစေနိုင်ကြောင်း တရုတ် နိုင်ငံ ၏ နိုင်ငံတကာ လေ့လာရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ Ruan Zongze က ပြောကြား ခဲ့ပါ သည်။ ထို့အပြင် စစ်ရေး ဆက်ဆံမှုများ တိုးမြှင့်ခြင်းသည် အာရှ-ပစိဖိတ် ဒေသ တည်ငြိမ် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် တရုတ် နိုင်ငံက ပိုမိုတာဝန်ယူ လုပ်ဆောင် သွားလိုသည် ဆို သည်ကို ပြသနေခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ပြည်ပရေးရာ တက္ကသိုလ် ရှိ နိုင်ငံ တကာ ရေးရာပါမောက္ခ Su Hao က ပြောကြားခဲ့ ပါသည်။

Myanmar Express 

အာရှရေပိုင်နက်တွင် လွတ်လပ်စွာသွားလာခွင့်ကို စောင့်ကြပ်ကာကွယ် သွားမည်ဟု အမေရိကန်ကြေညာ

From : ခေတ်လူငယ်


အာရှဒေသတွင် အမေရိကန်ရေတပ် ချထားခြင်းမှာ ပင်လယ်ရေကြောင်း လွတ်လပ်စွာ သွားလာခွင့်ကို စောင့်ကြပ်ကာကွယ်ရာတွင် ကူညီပေးနိုင်မည်ဖြစ်ကြောင်း အမေရိကန် လေယာဉ်တင်သင်္ဘော USS George Washington ၏ တပ်မှူးက အောက်တိုဘာလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

အာရှဒေသတွင်း ဖြစ်ပေါ်နေသော ရေပိုင်နက် အငြင်းပွားမှုပြဿနာတွင် အမေရိကန်သည် ဘက်လိုက်ပါဝင်မည် မဟုတ်ကြောင်း၊ ရေလမ်းကြောင်းများလွတ်လပ်စွာ သွားလာခွင့်အတွက် တိတိကျကျ ရပ်တည်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့သို့ ယင်းသင်္ဘောရောက်ရှိစဉ်ရေတပ်ဗိုလ်မှူးကြီး ဂရီဂိုရီဖန်တွန်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သို့ အမေရိကန် လေယာဉ်တင်သင်္ဘော လာရောက်မှုမှာ ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပြီး မဟာမိတ်ဖိလစ်ပိုင်နှင့် တရုတ်တို့အကြား
တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းစုပြဿနာနှင့် မပတ်သက်ကြောင်း ပြောကြားခဲ့သည်။

ယင်းလေယာဉ်တင်သင်္ဘောကို ဂျပန်တွင် အခြေစိုက် တပ်စွဲထားကြောင်း သိရသည်။ ရေပိုင်နက် အငြင်းပွားမှုပြဿနာတွင် ပါဝင်သော နိုင်ငံများ
အနေဖြင့် သံတမန် နည်းလမ်းဖြင့် ဖြေရှင်း လိမ့်မည်ဟု မျော်လင့်ကြောင်း ဖန်တွန်က ဆိုသည်။ ဖိလစ်ပိုင်နှင့် တရုတ်တို့သည် တောင်တရုတ်ပင်လယ်ရှိ Scar-borough သဲသောင်ခုံနှင့်ပတ်သက်ပြီး ဧပြီလတွင် တင်းမာမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။



  Myanmar Express 

လှေနှစ်မြှုပ်၍ KNU ဗိုလ်မှူးတဦး ပျောက်ဆုံးနေ

From :ကေအိုင်စီ


ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇) ထိန်းချုပ်နယ်မြေ သူးမွဲမြစ် (သောင်ရင်းမြစ်)အတွင်း ယမန်နေ့ ညနေ(၅)နာရီခွဲအချိန်၌
လှေနစ်မြှုပ်မှု တခုဖြစ်ပွားခဲ့ရာ လှေပေါ်ပါလာသူထ

ဲမှ ဗိုလ်မှူးအဆင့်ရှိသူ KNLA တပ်မှူးတစ်ဦး ပျောက်ဆုံး လျှက် ရှိသည်ဟု သိရသည်။

ပျောက်ဆုံးသွားသူမှာ ၅၅နှစ်အရွယ် ဗိုလ်မှူးစောရိုး(စောကီးဒို့)ဖြစ်ပြီး ထိုင်းဘက်ကမ်းရှိ အသိတယောက်ထံသို့ အလည်သွားပြီး G-3 ဗိုလ်မှူးစောဆဲဂေ၀ါးသော၊ ဗိုလ်မှူးစောတာမလာတို့နှင့်အတူ လှော်လှေဖြင့်
ပြန်လည်လှော်ခတ် လာရာ သေဘေထာ့ကမ်းနံ ဘေး ရောက်ခါနီး
ရေစီးသန်သည့် နေရာတခုအရောက်တွင် လှေတိမ်းမှောက် သွားခဲ့ခြင်းဖြစ်သည်။

တပ်မဟာ(၇) ဆေးတပ် တာဝန်ခံ ဗိုလ်ကြီး စောအယ်မွီးက “(သေ့ဘေ့ထာ့)ကမ်းမရောက်ခင် သောင်လေးတခု ရှိတယ်။ အဲဒီ
သောင်နဲ့ ကမ်းနားကြားမှာ ရေစီးကြမ်းတဲ့ ရေခပ်နက်နက်နေရာတခုရှိတယ်။ အဲဒီမှာ လှေမှောက်တာ။ ဗိုလ်ရိုးက ရေမကူးတတ်ဘူး။ ဂျီသရီး
(ဗိုလ်မှူးစောဆဲဂေ၀ါးသော)က ဗိုလ်ရိုးကို လှမ်းဆွဲလို့ အချင်းချင်း လက်ကိုင်မိကြသေးတယ်။ နောက် ဗိုလ်ရိုးက သူ့ လက်ကို လွှတ်လိုက်တယ်တဲ့”ဟု ကေအိုင်စီသို့ ပြောသည်။

ဗိုလ်မှူးစောရိုးသည် ဗိုလ်မှူးစောဆဲဂေ၀ါးသောအား ၎င်းနှင့်အတူ
ရေထဲသို့ မျှောပါမသွားအောင် လက်လွှတ်လိုက်ခြင်း ဖြစ်နိုင်သည်ဟုလည်း ဗိုလ်ကြီးအယ်မွီးက ဆက်လက်၍ ခန့်မှန်းပြောဆိုလိုက်သည်။ သို့သော် ပျောက်ဆုံးသွားသော ဗိုလ်မှူးစောရိုး အား ယမန်နေ့ ညနေမှစ၍ ရှာဖွေခဲ့ရာ ယနေ့ ညနေအထိ မတွေ့ရှိရသေးကြောင်း သိရသည်။

“လူတယောက်ဟာ ရေနှစ်ရင် ၂၄နာရီကြာမှ အလောင်းပြန်ပေါ်တယ်လေ။ ဒါပေမဲ့ အခုထိတော့ ပျောက်ဆုံးနေဆဲပဲ”ဟု ဗိုလ်ကြီးစောအယ်မွီးက ယနေ့ညနေတွင် ပြောဆိုသည်။

တောင်ငူဇာတိဖြစ်သည့် ဗိုလ်မှူးစောရိုးသည် ကေအဲန်ယူ တပ်မဟာ(၅)တွင် ဒုထောက်ပို့မှူးအဖြစ် တာဝန်ယူလျှက်ရှိပြီး အသက် ၅၀အရွယ် ဇနီး နော်မာချူးလာနှင့် သမီး ၃ဦး ရှိသည်။


  Myanmar Express 

ဒိန်းမတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၄ ရက်တွင် လာရောက်မည်

From :MON


 ဒိန်းမတ်ဝန်ကြီးချုပ် Ms. Helle Thorning-Schmidt သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၄ ရက်နေ့တွင် လာရောက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒိန်းမတ်သံရုံး၏ အောက်တိုဘာလ ၃၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဒိန်းမတ်ဝန်ကြီးချုပ် Ms. Helle Thorning-Schmidt သည် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်နှင့် ရန်ကုန်သို့ သွားရောက် မည်ဖြစ်ပြီး ရန်ကုန်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းတို့နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရွှေတိဂုံစေတီတော်သို့ သွားရောက် ဖူးမြော်မည်ဖြစ်ကြောင်းနှင့် ဒိန်းမတ်နိုင်ငံ၏ ကိုယ်စားလှယ်ရုံးကို တရားဝင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၎င်းသည် နေပြည်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 Myanmar Express 

စစ်တွေရှိ တပ်များမှာ ပြည်ထောင်စုတပ်များ မဟုတ်ဟု ပြည်နယ် ပြန်ကြားရေးက ရှင်း

From : မြစ်မခ


ဘူးသီးတောင်တပ်ရင်းမှစစ်တွေမြို့၌ လုံခြုံရေးရယူရန် ယနေ့နံနက်ပိုင်းတွင် တပ်ရင်းများ ရောက်ရှိနေသည်။ စစ်တွေမြို့တွင် လုံခြုံရေးထပ်မံတိုးမြင့်ချထားရန် ရောက်ရှိလာခြင်းဖြစ် သည်ဟု ဒေသခံများထံက သိရသည်။ အထက်ပါကိစ္စနှင့်ပတ်သက်၍ “တချို့သတင်းတွေက ထွက်နေတယ်၊ ပြည်ထောင်စုက လာတဲ့တပ်တွေ ဆိုပြီးတော့ အဲဒါ မဟုတ်ပါဘူး၊ ရခိုင်ပြည်နယ်ဘူးသီးတောင်မောင်တောက တပ်တွေပါ”ဟု ရခိုင်ပြည်နယ် သတင်း ပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေးဆပ်ကော်မတီ အတွင်းရေးမှူးဦးဝင်းမြိုင် က ပြောသည်။ ရခိုင်ပြည်နယ်တွင် တည်ငြိမ်နေပြီဖြစ်သော်လည်း ရခိုင်နှင့် ဘင်္ဂလီ ဒုက္ခသည်များ စစ်တွေမြို့သို့ ရောက်ရှိလာနေဆဲဖြစ်သည်။ “သဲခုံက ရခိုင်ဒုက္ခသည်တွေစစ်တွေမြို့ရွှေစေတီကျောင်းမှာ ရောက်နေကြ တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ အလားတူ ပေါက်တောမြို့မှ ဘင်္ဂလီဒုက္ခသည်များမှာလည်း စစ်တွေမြို့ ဘာဆာရာ(အုန်းတော) ပင်လယ်ကမ်းခြေတွင်ရောက် ရှိနေကြောင်း သိရသည်။ တာဝန်ကျ ရဲတစ်ဦး၏ အဆိုအရ ဘင်္ဂလီများသည် စက်လှေများဖြင့် စစ်တွေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်းကိုလည်း ၄င်းတို့၏ ပြောဆိုမှု အရသိရသည်။ 

 Myanmar Express 

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အရေးပေါ်အကူအညီ လိုအပ်နေ

From : 7Days News


 လတ်တလောဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင်း မတည်ငြိမ်မှု များကြောင့် ထွက်ပြေးတိမ်းရှောင် နေရသူများအတွက် အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိ ကြောင်း ဒုက္ခသည်များနှင့် အကူအညီပေးရေးအဖွဲ့အစည်းများက ပြောသည်။ အထူးသဖြင့် ကလေးသူ ငယ်များနှင့် အမျိုးသမီးများအ တွက် အကူအညီများ လိုအပ် လျက်ရှိကြောင်း ၎င်းင်းတို့ကပြော သည်။ ပဋိပက္ခဖြစ်စဉ်များအ တွင်း နေအိမ်များ မီးလောင်ဆုံး ရှုံးမှုများကြောင့် မည်သည့်ပစ္စည်း မှ မကျန်အောင် ဆုံးရှုံးမှုများ ဖြစ် ပွားခဲ့ကြောင်း ထွက်ပြေးတိမ်း ရှောင်လာခဲ့သူများကပြောသည်။ ''အ၀တ်တစ်ထည်၊ ကိုယ် တစ်ခုနဲ့ ပြေးလာရတာဆိုတော့ လိုတာကအားလုံးပဲ။ လောလော ဆယ်တော့ ဆန်လှူတဲ့သူရှိပေ မယ့် ဟင်းစားအတွက် အခက်အ ခဲရှိတယ်။ အ၀တ်အစားလည်း လို တယ်"ဟု မြောက်ဦးမြို့ အလို တော်ပြည့်ကျောင်းဆရာတော်က မိန့်ကြားသည်။ မြောက်ဦးမြို့တွင် မတည် ငြိမ်မှုများကြောင့် အောက်တိုဘာ၂၂ ရက်က ထွက်ပြေးတိမ်းရှောင် လာသည့် ရခိုင်တိုင်းရင်းသား ၈၀၀ခန့်ကို အလိုတော်ပြည့် ကျောင်းအတွင်း စောင့်ရှောက်ထားသည်။ ၎င်းတို့ထဲမှ အများစုမှာ ကလေးသူငယ်များနှင့် အမျိုးသမီးများ ဖြစ်ကြောင်း စာရင်းများအရ သိရသည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လများအတွင်း ပထမတစ်ကြိမ် ဖြစ်ပွားခဲ့သည့် မတည်ငြိမ်မှုများကြောင့် ပြောင်း ရွှေ့နေထိုင်ရသည့် ဒုက္ခသည်များ အားလည်း ပြန်လည်နေရာချထား မှုများ မပြုလုပ်နိုင်သေးဘဲ ဒုက္ခသည်စခန်းများအတွင်းတွင်သာ နေထိုင်လျက်ရှိသည်။ အဆိုပါ ဒုက္ခသည်စခန်းများတွင်လည်း အစိုးရအစီအစဉ် အကူအညီဖြင့် ထောက်ပံ့မှုများကို အဓိကထားပြီး ရပ်တည်နေရသည်။ ''အခုက စပါးရိတ်ချိန်လေ။ စိုက်တဲ့အချိန်မှာလည်း ပြဿနာ ဖြစ်လို့ ဒုက္ခရောက်တယ်။ ရိတ်တဲ့ အချိန်ကျတော့လည်း ပြဿနာ ဖြစ်တယ်။ ၀မ်းစာတောင်စိုးရိမ် နေရတယ်"ဟု ကျောက်တော်မြို့ နယ်အတွင်းမှ ဒေသခံတောင်သူ ကပြောသည်။ ဒုက္ခသည်များက လတ်တ လောတွင် စေတနာရှင်များနှင့် အ စိုးရ၏အစီအစဉ်ဖြင့် ထောက်ပံ့မှု များဖြင့် ရပ်တည်နေရသော်လည်း ရေရှည်တွင် အခက်အခဲကြုံတွေ့ နိုင်ကြောင်းပြောသည်။ ''သောက်ရေသန့်တွေ အဓိ ကလိုတယ်။ စားဖို့အတွက် ဝေ ပေမယ့် ခြိုးခြံပြီးစားရတယ်"ဟု ဘောဒူဗဒုက္ခသည်စခန်းမှ ဦးမောင်အေးမောင်ကပြောသည်။ ဒုက္ခသည်စခန်းများအတွင်း အညစ်အကြေးစွန့်ရန်အတွက် အိမ်သာများ ထားရှိပေးထားသော် လည်း အိမ်သာဖြင့် အညစ်အ ကြေးစွန့်ပစ်လေ့မရှိသည့် ဓလေ့ များကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားမည်ကို စိုးရိမ် လျက်ရှိကြသည်။ ဒုက္ခသည်များအား အကူ အညီပေးနေသော ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ ၏အဆိုအရ နေရာပေါင်းစုံမှ ဒုက္ခသည်များထံ အကူအညီများ ရောက်ရန် အခက်အခဲများစွာရှိ ကြောင်းလည်း သတင်းရရှိသည်။ မတည်ငြိမ်မှုများကြောင့် မီး လောင်မှုများအတွင်း ဆုံးရှုံးခဲ့ရာ တွင် ပစ္စည်းဥစ္စာအားလုံးနီးပါး ဆုံးရှုံးခဲ့ရကြောင်း၊ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ လုပ် ဆောင်ရာတွင် နေအိမ်အဆောက် အအုံများအပြင် အားလုံးလိုအပ် လျက်ရှိကြောင်း ဒုက္ခသည်များက ပြောသည်။

 Myanmar Express 

မှောင်ခို ကုန်ပစ္စည်းများ ဖမ်းတော့မည်

From : အောင်နီ

 

 မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းမှ တရားမ၀င် မှောင်ခိုကုန် ပစ္စည်း သယ်ယူနေခြင်းများကို နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ ဖမ်းဆီး အရေးယူနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း ပြောသည်။ လွတ်လပ်သည့် အာဆီယံ ကုန်သွယ်ရေးမူဝါဒအရ တရုတ်၊ ထိုင်း စသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများရှိ စစ်ဆေး ရေး ဂိတ် တချို့ကို ဖယ်ရှားခဲ့သည့်နောက် တရားမ၀င်ကုန်ပစ္စည်းများ၊ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ပိုမိုဝင်ရောက်လာကြောင်း၊ ထိုအတွက် နိုင်ငံတော်နှင့် အခွန်ထမ်း လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ နစ်နာရသည့်အပြင် စားသုံးရန် မသင့်လျော်သည့် စားသောက်ကုန်နှင့် ဆေးဝါးများပါ တင်သွင်းလာသည့် အတွက်စစ်ဆေးမှုများ ပြန်လည်ပြုလုပ်ရခြင်းဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်း ၀ယ်ရေး ၀န်ကြီးဌာန နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောဆိုသည်။ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ ဒု ညွန်ကြားရေးမှူးချုပ် ဦးညွန့်အောင် က“နယ်စပ်ဂိတ်တွေကို ရှောင်ပြီးတော့ တင်သွင်းတာတွေ အရမ်းများ လာတယ်၊ နောက်တခုက မြောင်းဆီဆိုတဲ့ စားသုံးဆီတွေကို FDA ထောက်ခံချက် မပါဘဲနဲ့ သွင်းလာနေတယ်”ဟု ဆိုသည်။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်သွင်းလာသော အစား အသောက်နှင့် ဆေးဝါးများ၏ အရည်အသွေးကို စစ်ဆေးရန် အစား အသောက် နှင့် ဆေးဝါးကွပ်ကဲမှုဌာန(FDA) ရုံးများကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ပထမဆုံးအနေနှင့် တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဌာနနှင့် ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့များတွင် ဖွင့်လှစ်၍ ကြပ်မတ် စစ်ဆေးသွားရန် စီစဉ်ထားကြောင်း ဇူလိုင်လအတွင်း FDA က ထုတ်ပြန် ပြောဆိုထားသည်။ အဆိုပါ တရားမ၀င် ကုန်ပစ္စည်း ရှာဖွေရေးအဖွဲ့များကို ပွင့်လင်းမြင်သာမှုရှိပြီး အပြန်အလှန် ထိန်းကျောင်းနိုင်စေရန် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ဒေသအာဏာပိုင်များသာမက ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း သို့မဟုတ် နယ်စပ်ဒေသ ကုန်သည်ကြီးများအသင်း၊ သတင်းမီဒီယာ သမားများနှင့် ဖွဲ့စည်းမည်ဖြစ်ပြီး ယခင်ကဲ့သို့ ဂိတ်များ ဖွင့်လှစ်ဆောင်ရွက်မည်မဟုတ်ဘဲ ရရှိသည့် သတင်း အချက်အလက်ပေါ်တွင်မူတည်၍ ရှောင်တခင် စစ်ဆေးသွားမည် ဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။ တရားဝင်ကုန်ပစ္စည်းများကို အခွန်မဆောင်ဘဲ တင်သွင်းလာပါက အခွန် ဆောင်စေခြင်းနှင့်ကုန်သွယ်ခွင့် လိုင်စင်ထုတ်ပေးခြင်း၊တရားမ၀င် ကုန်ပစ္စည်းများတွေ့ရှိပါက သိမ်းဆည်း၍ အကောက်ခွန်ဥပဒေအရ အရေးယူခြင်းများ၊ လက်နက် ခဲယမ်းနှင့် မူးယစ် ဆေးဝါးများ တွေ့ပါ ကလည်း ဥပဒေအရ အရေးယူခြင်းများကို တရားမ၀င် ကုန်ပစ္စည်း ရှာဖွေရေးအဖွဲ့များက ဆောင်ရွက်သွားမည်ဟု သိရသည်။ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ လူတဦးလျှင် ကျပ် ၄ သိန်းခန့် (အမေရိကန် ဒေါ်လာ ၅၀၀)သာ သတ်မှတ်ထားသော်လည်း ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် ကုန်တင်ကားကြီးများသာမက ယာဉ်ငယ် ကလေးများ၊ ဆိုင်ကယ်များနှင့်ပါ တရားမ၀င် သယ်ဆောင် နေသည်ဟု လည်း ဦးညွန့်အောင် က ဆိုသည်။ မန္တလေးမြို့ပွဲစား၊ ကုန်သည်၊ စက်ပိုင်များအသင်း၏ အတွင်းရေးမှူး ဦးချွန် ကလည်း ဤလုပ်ဆောင်ချက်သည် ဈေးကွက်စီးပွားရေး စနစ်ကို ထိန်းညှိခြင်းဖြစ်၍ ကြိုဆိုကြောင်း၊ ဈေးကွက်အတွင်း အကောက်ခွန်မဲ့ ပစ္စည်းများ ပိုမိုဝင်ရောက်လာသည့်အတွက် အခွန် ထမ်း လုပ်ငန်းရှင်များမှာ မယှဉ်သာကြောင်း၊ ထိုကြောင့် ကုန်သည်များ၊ ကားဂိတ်များ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။ “အခွန်မဆောင်ဘဲ သွင်းတဲ့ပစ္စည်းတွေကို ဈေးကွက်မှာ လျှော့ပြီး ရောင်းလာတဲ့ အခါကျတော့ တကယ် အခွန်ဆောင်လာတဲ့ ကုန်သည်က ရှုံးတာပေါ့၊ မယှဉ်နိုင်ဘူး၊ ပပျောက်အောင် လုပ်သင့်တယ်၊ ကြိုဆိုတယ်”ဟု ၎င်းကဆိုသည်။ ထို့အပြင် ဈေးကွက်တွင် စားသုံးသူများအတွက် အန္တရာယ်ဖြစ်စေသည့် ကလေးသူငယ်များနှင့် ပတ်သက်သော အစားအစာများ၊ စားသုံးဆီများ ရောက်ရှိနေခြင်းကို တားမြစ်သင့်ကြောင်းလည်း ဦးချွန်က ဆက်ပြောသည်။ မူဆယ်- မန္တလေးလမ်းတွင် ဆိုင်ကယ်ကယ်ရီဖြင့် ပစ္စည်းသယ်ဆောင်သူ ကိုအောင်ခိုင်ကမူ ယခုကဲ့သို့အရေးယူဆောင်ရွက်မှုမှာ ကောင်းမွန်သော် လည်း ကုန်ကားကြီးများဖြင့် သယ်ယူနေသူများကို မထိခိုက်နိုင်ကြောင်း၊ မိမိတို့ ဆိုင်ကယ်ကယ်ရီ သမားများမှာမူ ပိုမို ရှာဖွေမှု ခံရဖွယ်ရှိကြောင်း ပြောဆိုသည်။ “ကျနော်တို့ ကယ်ရီသမားကတော့ စားသောက်ကုန် ခွင့်ပြုချက်တွေ ဘာတွေလည်း မသိဘူးလေ၊ ကုန်သည်ထည့်ပေးရတာကို သယ်ရတာ ဒီတော့ ဒဏ်ကြေးဆောင်စရာရှိရင် ကျနော်တို့ ဆောင်ရမှာပေါ့”ဟု ၎င်းက ဆိုသည်။ တရုတ်-မြန်မာ နယ်စပ် မူဆယ်- မန္တလေး လမ်းကြောင်းပေါ်ရှိ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကို ကွင်းရှောင်၍ သွားလာနေသည့် လမ်းကြောင်း ငါးကြောင်းရှိရာ အဆိုပါ လမ်းများကိုလည်း မနက်ဖြန်မှစတင်၍ ပိတ်ဆို့တော့မည် ဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ၏ ထုတ်ပြန်ချက် အရ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအထိ တရုတ်-မြန်မာကုန်သွယ်ရေး လမ်းကြောင်းနှင့် ထိုင်း-မြန်မာကုန်သွယ်ရေး လမ်းကြောင်း၌ ကျပ်သိန်း ၄၇၉၀၄၉ ဖိုး ဖမ်းဆီးရမိပြီး အကောက်ခွန် အမှုတွဲပေါင်း ၁၁၁၇၄ မှု ရှိကြောင်း သိရသည်။ ယခုအခါ တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းရှိ ရေပူစစ်ဆေးရေး ဂိတ်နှင့် ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း စစ် တောင်းတံတား အနီးရှိ မရမ်းချောင် စစ်ဆေးရေး ဂိတ်တို့ကို အာဆီယံ ကုန်သွယ်ရေး မူဝါဒနှင့်အညီ ပိတ်ပစ်ခဲ့ရာ အကောက်ခွန်မဲ့ပစ္စည်းများ ပိုမိုဝင်ရောက် လာသည်ဟု သိရသည်။ နောက်ပိုင်းတွင်လည်း ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း၊ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းများတွင် သတင်း အရ ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်တော့မည်ဟု စီးပွားရေးနှင့် ကူးသန်းရေးဝယ်ရေး ၀န်ကြီးဌာနက ဆိုသည်။ 

Myanmar Express 

မြန်မာ့ သင်္ဘောကျင်းလုပ်ငန်းမှ အကျိုးတူစနစ်ဖြင့် ပူးပေါင်းလုပ်ကိုင်ရန် ဗီယက်နမ်နိုင်ငံနှင့်ဂျပန်နိုင်ငံမှကုမ္ပဏီနှစ်ခုအနက်တစ်ခုကို ရွေးချယ်မည်

From :MON


 မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ JV စနစ်ဖြင့် ပူးပေါင်းလုပ်ကိုင်ရန် ဗီယက်နမ်နိုင်ငံနှင့်ဂျပန်နိုင်ငံမှ ကုမ္ပဏီနှစ်ခုအနက် တစ်ခုအားရွေးချယ်၍ ပူးပေါင်းလုပ်ကိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါကုမ္ပဏီနှစ်ခုမှာ ဂျပန် နိုင်ငံမှ Tomosada Corporation S.A ကုမ္ပဏီနှင့် ဗီယက်နမ်နိုင်ငံမှလျောက်ထားသည့်ကုမ္ပဏီမှာ မြန်မာနိုင်ငံ အခြေစိုက် မြင့်မိုရ်ဦး ကုမ္ပဏီဖြစ်သည်။''အဆိုပြုလွှာကို ကုမ္ပဏီအဖွဲ့အစည်း ၂၇ ခုက လာပြီးဝယ်ယူခဲ့ပေမယ့် Proposal လာပြန်တင်တဲ့ ကုမ္ပဏီ ကတော့ ဒီနှစ်ခုပဲရှိပါတယ်။ ဒီကုမ္ပဏီနှစ်ခုထဲကပဲ လုပ်ငန်းလုပ်ဖို့ရွေးချယ် သွားမှာပါ'' ဟု မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကြည်စိုးက ပြောပါသည်။ ယင်းကုမ္ပဏီနှစ်ခုထဲမှ တစ်ခုအားရွေးချယ်ပြီး ၂၀၁၃ ခုနှစ်ဘဏ္ဍာရေးနှစ် မှစတင်ကာ သင်္ဘောကျင်းလုပ်ငန်းများအားပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ် သည်။ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းပိုင်မြေ ၉၁ ဧကပေါ်ရှိ သင်္ဘောကျင်း လုပ်ငန်းများအား ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်မှစတင်ကာ ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်သွား မည်ဖြစ်သည်။ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသည် မြေဧက ၁၁၉ ဒသမ ၂၄၆ ဧကပေါ်တွင် ရေယာဉ်တည်ဆောက်ရေး၊ ရေယာဉ်ပြင်ဆင်ရေးနှင့် အထွေထွေသံထည် တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ အတွက် ဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ၂၀၁၃ ဘဏ္ဍာရေးနှစ်မှစတင်ကာ ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်သွားမည့် သင်္ဘောကျင်းလုပ်ငန်းမှာ လျှောက်လမ်းသုံးသင်္ဘောကျင်း မြေနေရာဖြစ်သည့် မြေဧက ၉၁ ဧက သာဖြစ်ပြီး၊ ကျန်မြေဧက ၂၈ ဒသမ ၂၃၅ ပေါ်ရှိ တန်ချိန် ၁၂၀၀၀ ရှိ ရေလုံသင်္ဘောကျင်းလုပ်ငန်းကိုမူ မြန်မာ့သင်္ဘောကျင်း လုပ်ငန်းမှသာ လုပ်ကိုင်သွားမည်ဟု သိရသည်။ ယင်းသို့လုပ်ကိုင်ရခြင်းမှာ အနာဂတ်တွင် ပုဂ္ဂလိကနှင့် ပူးပေါင်း လုပ်ကိုင် သွားမည့် သင်္ဘောကျင်းလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်မည်ဆိုပါက မြေနေရာထပ်မံရှာဖွေရန် မလိုဘဲလုပ်ငန်းတိုးချဲ့နိုင်မည်ဖြစ်သည်ဟု သိရသည်။ ''အောက်တိုဘာလ ၁၂ ရက် နေ့မှာ ဖက်စပ်ကုမ္ပဏီလုပ်ကိုင်ဖို့ အဆို ပြုလွှာခေါ်ယူတဲ့ရက်ပြည့်သွားပါပြီ။ ဒုတိယအဆင့်အနေနဲ့ အဆိုပြုလွှာ စိစစ်ရွေးချယ်ရေးအဖွဲ့နဲ့ စိစစ်ရွေးချယ်ပြီး လာမယ့်ဘဏ္ဍာရေးနှစ်စတာနဲ့ ဖက်စပ်ကုမ္ပဏီထူထောင်ပြီး လုပ်ကိုင်သွားမှာပါ''ဟု မြန်မာ့သင်္ဘောကျင်း လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးက ဆိုပါသည်။ ယင်းသို့ ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်မည်ဆိုခြင်းမှာ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ Update ဖြစ်ရန်လိုအပ်မှုနှင့် ဈေးကွက်လိုအပ်ချက်ရှိနေခြင်း ကြောင့် ဖြစ်ကြောင်းသိရသည်။ 

 Myanmar Express 

ရန်ကုန်တိုင်းအတွင်း မိုက္ကရိုဝေ့တာဝါတိုင်များ တိုးချဲ့တပ်ဆင်

From :  ဥာဏ်ဥာဏ်


ရန်ကုန်တိုင်းဒေသကြီး အချို့နေရာများ၌ မိုက္ကရိုဝေ့တာဝါတိုင်များ တိုးချဲ့တည်ဆောက်လျှက် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက သိရသည်။

အံ့ကြီးအရှေ့ရပ်ကွက်နှင့် အနောက်ရပ်ကွက် ကျေးရွာချင်းဆက်၊လမ်းဆုံနေရာတွင် ဆက်သွယ်ရေးလုပ်ငန်း ပိုမိုအဆင်ပြေစေ ရန် အဆိုပါ မိုက္ကရိုဝေ့တာဝါတိုင်များအား တည်ဆောက်နေခြင်းဖြစ်ပြီးလျက်ရှိရာနှုန်းပြည့်နီးပါး ပြီးစီးနေ ပြီဖြစ်ကြောင်း သိရှိရသည်။

“ခုလိုပြုလုပ်ရတာဟာ မိုဘိုင်းဖုန်းတွေ ထပ်မံချထားပေးနိုင်ရန်အတွက် မိုက္ကရိုဝေ့ တာဝါတိုင်များကို နေရာအနှံ့ တည်ဆောက် ရတာပါ၊ တည်ဆောက်ပြီးရင် မိုဘိုင်းတယ်လီဖုန်းလိုင်း အင်အားတွေကို တိုးချဲ့ချထားပေးနိုင်မှာ ဖြစ်တယ်” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအင်ဂျင်နီယာချုပ်က ပြောသည်။

ယခင်က ဒလမြို့နယ်၌ မိုက္ကရိုဝေ့တာဝါတိုင် တစ်ခုတည်းသာ ရှိခဲ့ပြီး ယခုအခါ မိုက္ကရိုဝေ့ တာဝါတိုင်တစ်ခုအား တည်ဆောက်လျက်ရှိကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

မြို့နယ် ကျေးရွာများအတွက် GSM/UMTS တိုးချဲ့တပ်ဆင်ရေး စီမံကိန်းအရ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနိုင်သော မိုဘိုင်းတယ်လီဖုန်း ရေဒီိယို
စခန်းများမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စခန်း ၇၀၀ မျှ ရှိကြောင်း ဆက်သွယ်ရေးမှ သတင်းထုတ်ပြန်သည်။

ယခုအခါ မြန်မာနိုင်ငံအတွင်း လူနေဧရိယာ၏ ၈၅ ရာခိုင်နှုန်းကို မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးဖြင့် လွှမ်းခြုံနိုင်ရမည်ဟုမြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းက ဆိုထားသည်။

တိုးချဲ့ထပ်ဆင်မည့် မိုဘိုင်းတယ်လီဖုန်းလိုင်း အင်အားမှာ ၂၀၁၃-၁၄ ခုနှစ်တွင် ၁၀ သန်း၊ ၂၀၁၄-၁၅ ခုနှစ်တွင် ၁၄ သန်း၊ ၂၀၁၅-၁၆ ခုနှစ်တွင် ၁၅ ဒဿမ ၅ သန်း၊ စုစုပေါင်း ၃၉ ဒဿမ ၅ သန်း ရှိမည်ဖြစ်သည်။
 

 Myanmar Express