Subscribe to our RSS Feed

လူတွေဝိုင်းကြည့်တိုင်း ကြိုဆိုတယ် မထင်နှင့်

ကြိုဆိုနေတာလား၊
"ဒီကောင်တွေ အလုပ်မရှိကြဘူးလား မသိဘူး... အားယားနေကြတဲ့ကောင်တွေ.. ငါအလုပ်ပျက်တယ်... "
ဆိုတဲ့ အတွေးနဲ့များ ကြည့်တာလား



အမေစုကို ရှစ်ဟယ် တဲ့
ကိုင်ထားတာလဲ အဘိုးကြီး


ဒို့အမေစုကို စပွန်စာ ဘယ်သူပေး
(ဈေးရောင်းပွဲတွေလောက်နဲ့တင်တော့ ပါဂျဲရိုးမဝယ်နိုင်လောက်ဘူး... နော..)


ရထားထဲမှာ ဒေါ်စုပါလို့ လာကြိုတယ် မထင်ပါနဲ့..
ထူးဆန်းရင်း ဝိုင်းအုံလာတာ မြန်မာတွေအကျင့်ပါ...


ဒေါ်စု ဗုံးလာခွဲလို့ လာကြိုကြတဲ့လူတွေလို့ မထင်ကြပါနှင့်
ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်မှန်သမျှ မြန်မာတွေ ဝိုင်းအုံပြီးသား...


သောင်းသောင်း ဖျဖျ ကြို တယ် ဆိုပြီး
ဒီဓာတ်ပုံနဲ့လည်း သုံးလို့ရနိုင်တယ်


ဒေါ်စုကို ကြိုတာ မဟုတ်ဘူးနော်....
ငမိုးရိပ်ချောင်းထဲမှာ မိချောင်းရှိတယ်ဆိုလို့ ကြည့်ဖို့စောင့်နေကြတာ
(မြန်မာအကျင့်..)



ဒေါ်အောင်ဆန်းစုကြည် အလာ ကို စောင့်နေကြတာ မဟုတ်ပါ...
ငမိုးရိပ်ချောင်းထဲက မိချောင်းအလာကို စောင့်နေကြတာပါ...
အန္တရာယ် ပေးမယ့် ကောင်ကို ထူးဆန်းလို့ စောင့်ကြည့်နေကြတာကို ကြိုဆိုတယ် မပြောကြနှင့်....


Myanmar Express

သုတေသနပြုချက်အရ ဂျပန် ထမင်းလိပ်များတွင် အီးကိုလိုင်ပိုး ပေါက်ဖွားမှုများနေသည်ကို တွေ့ရ


From : Myanmar Times
ယမုံဖူးသစ်
အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)

သန့်စင်မှုနှင့်သိုလှောင်ထားရှိမှုအားနည်း သော စူပါမားကက်များနှင့် ဈေးဆိုင်များရှိ ဂျပန်ထမင်းလိပ်များတွင် အီးကိုလိုင် ပိုးနှင့် အခြားဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားမှုများပြားနေသည်ကို သုတေ သနပြုလုပ်ချက်အရ တွေ့ရသည်ဟု ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်) မှ သုတေသနပညာရှင်တစ်ဦးက ပြောသည်။

ရန်ကုန်ဧရိယာအတွင်းရှိ စူပါမား ကက်များ၊ စားသောက်ဆိုင်ကြီးများနှင့် ဂျပန်ထမင်းလိပ် သီးသန့်အရောင်းဆိုင်များရှိ ထမင်းလိပ် များကို သုတေသနပြု လုပ်ချက်အရ ထမင်းလိပ်များတွင် အီးကို လိုင်မျိုးစိတ်ပိုးများအပါအ၀င် ၀မ်းပျက် ၀မ်းလျှောဖြစ်စေသည့် ပိုးများနှင့် အစာ အဆိပ်သင့်မှုဖြစ်စေနိုင်သော ပိုးများကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ပညာရှင်က ပြောသည်။

သုတေသနအရ စူပါမားကက်များ တွင် ရောင်းချနေသော ထမင်းလိပ်များ၏ သန့်စင်မှုသည် အားနည်းနေပြီး အီးကို လိုင်ပိုးပါဝင်မှု များပြားနေကာ သုတေသနပြုလုပ်ခဲ့သော ထမင်းလိပ်နမူနာ စုစုပေါင်း၏ ၅၁ ဒသမ ၁ ရာခိုင်နှုန်းတွင် အီးကိုလိုင်ပိုးကို တွေ့ရှိရသည် ဟု သိရသည်။

ထမင်းလိပ်တွင်အသုံးပြုသော ကုန်ကြမ်းပစ္စည်းများတွင် သန့်ရှင်းမှုမရှိခြင်းနှင့် ပြင်ဆင်ရာတွင် သန့်ရှင်းမှုမရှိခြင်းတို့ကြောင့် ပိုးများပါရှိနိုင်ပြီး သိုလှောင်ရာတွင် အအေးဓာတ်ပေးနိုင်မှု အားနည်းခြင်းကြောင့် ပိုးမွှားများပေါက်ဖွားမှု မြန်ဆန်ခြင်းဖြစ်သည်ဟု ၎င်းသုတေ သနပညာရှင်က ပြောသည်။

ပြင်ဆင်ရာတွင် သန့်ရှင်းမှုကို အလေး ထားရမည်ဖြစ်ပြီး စူပါမားကက်နှင့် ဈေးဆိုင်များ၌ ရောင်းချရာတွင် ပိုးများ မပေါက်ဖွားစေရန် အပူချိန် လေးဒီဂရီမှ ရှစ်ဒီဂရီဆဲလ်စီးယတ်စ်အထိ ထားရှိသင့်ကြောင်း ၎င်းကပြောသည်။

"ဘာကြောင့်လဲဆိုတော့ ပူတဲ့နေရာမှာ ထားရင် ပိုးတွေက အများဆုံးပေါက်ပွား တတ်လို့ပါပဲ"ဟု ၎င်းက ပြောသည်။

ပင်လယ်စာများပါဝင်သော ထမင်းလိပ်များတွင် အီးကိုလိုင်ပိုးပါဝင်မှု ပိုမို များပြားပြီး အသား၊ အထူးသဖြင့် ၀က် ပေါင်ခြောက်ကဲ့သို့ ပြုပြင်ထားသော အသားများပါဝင်သော ထမင်းလိပ်များ တွင်လည်း အီးကိုလိုင်ပိုးပါဝင်မှုပမာဏ မြင့်မားကြောင်း သိရသည်။

သုတေသနအရ ထမင်းလိပ်များတွင် အီးကိုလိုင်မျိုးစိတ်များဖြစ်သည့် EAEC သည် ၄၀ ဒသမ ၆ ရာခိုင်နှုန်း၊ EIEC သည် ၂၇ ရာခိုင် နှုန်း၊ EPEC သည် ၂၅ ရာခိုင်နှုန်း၊ EHEC သည် ၅ ရာခိုင်နှုန်း နှင့် ETEC သည် ၁ ဒသမ ၆ ရာခိုင်နှုန်း အသီးသီး တွေ့ရှိရသည်။

အီးကိုလိုင်ပိုးကူးစက်ခံရခြင်းကြောင့် ကူးစက်ခံရသော ပိုးပမာဏပေါ်လိုက်၍ အော့အန်ခြင်း၊ သာမန်ဝမ်းလျှောခြင်းမှစ၍ ဆိုးဆိုး ၀ါးဝါး ၀မ်းလျှောခြင်း၊ ၀မ်းထဲ သွေးပါခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ သွေးတွင်း ပိုးဆိပ်ပျံ့နှံ့ခြင်းတို့အပြင် အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ကြောင်း သိရသည်။

Myanmar Express

ငါးထောင်တန်ဖုန်းအစီအစဉ် ဆက်သွယ်ရေးထံကမ်းလှမ်း


From : ခေတ်လူငယ်

အစိုးရခွင့်ပြုချက်ရလျှင် ကျပ်ငါးထောင်တန်ဖုန်းရောင်းချမည်ဟု ဆိုသော ရွှေပြည်တံခွန်ကုမ္ပဏီ၏ ငါးထောင်တန်ဖုန်းကိစ္စကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းထံသို့ ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းစာနှင့် အစီအစဉ်အသေးစိတ်ကို ဇန်နဝါရီလ ၂၅ ရက်နေ့က တင်ပြထားကြောင်း ယင်းကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထန်ကျင်တောင်းက ပြောကြားသည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ဖုန်းလိုင်းလေးသန်းစီမံချက်ကို ဆောင်ရွက်လျက်ရှိရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငါးထောင်တန်ဖုန်း ချထားပေးနိုင်ခြင်းရှိ၊ မရှိမေးခွန်းနှင့် ပတ်သက်၍ “အစိုးရခွင့်ပြုရင် ဘာမဆိုဖြစ်ပါတယ်။ အခုက သူတို့ခွင့်ပြုချက်ကို ထိုင်စောင့်နေတာပါ” ဟု ၎င်းက ဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ်ဖုန်းဌာန အင်ဂျင်နီယာချုပ် ဦးစိုးအောင်က အဆိုပါ ငါးထောင်တန် ဖုန်းစာတင်ခြင်းကိစ္စနှင့်ပတ်သက်၍ မိမိတို့မသိရှိကြောင်း ပြောကြားသည်။ “ဒီကိစ္စဖြစ်နိုင်မဖြစ်နိုင် လူကြီးပိုင်းတွေပဲ သိတဲ့ကိစ္စပါ။ ကျွန်တော်တို့ မသိပါဘူး” ဟု ၎င်းက ဆိုခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ထက်မြက်သူနဲ့ ညံ့ဖျင်းသူ

ထက်မြက်သူက နားထောင်ကောင်းသူတစ်ဦးဖြစ်တယ်။
ညံ့ဖျင်းသူက မပြတ်ညည်းတွားတိုင်တန်းတယ်။


ဒီနှစ်ပိုင်းအတွင်းမှာ အလွန့်အလွန် ခေတ်စားလာပြီး
အားတိုင်းရေးနေကြသော သမ္မတကြီးသို့ အိတ်ဖွင့်ပေးစာများ


ဒီနှစ်ပိုင်းအတွင်းမှာ အလွန့်အလွန် ခေတ်စားလာပြီး
ဘယ်က၊ ဘယ်သူကရေးမှန်းမသိ၊ ဘာအထောက်အထားမှမရှိတဲ့ ပစ်စာ၊ တိုင်စာများ



ထက်မြက်သူက နားထောင်ကောင်းသူတစ်ဦးဖြစ်တယ်။
ညံ့ဖျင်းသူက မပြတ်ညည်းတွားတိုင်တန်းတယ်။

မူရင်း--http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20110409/178423.html


နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ဝေဠုကျော် အကယ်ဒမီရမည်ဟု နက္ခတ္တပညာရှင်တစ်ဦးက ဟောကိန်းထုတ်


From : SMG
ဖေဖော်ဝါရီ ၇ ရက်တွင် ကျင်းပမည်ဖြစ်သော ၂ဝ၁ဝ ပြည့်နှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ပင်လယ်ထက်ကနေဝန်းနီ ဇာတ်ကား၏ သရုပ်ဆောင် တစ်ဦးဖြစ်သူ ရုပ်ရှင်မင်းသား ဝေဠုကျော်အနေဖြင့် အကယ်ဒမီဆုရရန် ၈ဝ ရာခိုင်နှုန်းအထိရှိကြောင်း နက္ခတ္တဗေဒပညာရှင်တစ်ဦးက ကြိုတင်ပြောဆိုလိုက်သည်။ ''ကျွန်တော်တို့လောကမှာ ဒါမျိုးတွေကို ကြိုပြီးလူသိအောင် စာနယ်ဇင်းက တစ်ဆင့် မပြောဖူးကြပါဘူး။ ပြောလည်းမပြောကြပါဘူး။ အခု ကျွန်တော်ပြောရဲတာက သေချာလုနီးပါးဖြစ်နေလို့ ပြောရဲတာပါ။ ဝေဠုကျော်ရဲ့ ဇာတာက ဒီနှစ်ထဲမှာ အကောင်းဆုံး အနေအထားမှာရှိနေတယ်။ ဒါက ဖေဖော်ဝါရီ ၇ ရက်ကို အတည်ပြုပြီး တွက်တာပါ။ ဒီလိုပြောတာမဟုတ်ခဲ့ရင် အရှက်ကွဲမယ် ဆိုတာတော့ နားလည်ပါတယ်'' ဟု နက္ခတ္တဗေဒပညာရှင် ဦးအောင်မှတ်ကျော် က ပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သရုပ်ဆောင်ဝေဠုကျော်အား မေးမြန်းရာ ''လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူ ကျွန်တော့်လက္ခဏာ၊ ဆန်းကျမ်းနှင့် နက္ခတ္တမှတ်တမ်း ကို ယူသွားဖူးတယ်။ မွေးနေ့၊ မွေးသက္ကရာဇ်တွေ ကိုရောပဲ။ ဒါက ဗေဒနက္ခတ် လောက, က ဟောပြောတဲ့ကိစ္စပါ။ ကျွန်တော့်အနေနဲ့ ဘယ်လိုမှမဖြစ်ပါဘူး။ ဆုရခဲ့မယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ အားလုံးမျှော်လင့်နေတဲ့ ဆုပဲလေ။ အများကြီးတော့မမျှော်လင့်ရဲပါဘူး။ ကျွန်တော်ကိုယ်တိုင်က သူနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တာကြာပါပြီ' ဟု ၄င်းက ပြောကြားသည်။ ယခုနှစ် အကယ်ဒမီ ဆုပေးပွဲအတွက် သရုပ်ဆောင်ပြေတီဦး၊ ဝေဠုကျော်၊ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့်၊ လင်းဇာနည်ဇော်တို့ ရေပန်းစားနေကြောင်းသိရသည်။

၂၀၁၀ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ရွေး ချယ်ပေးဖို့ အတွက် ရွေးချယ်ထားတဲ့ ဇာတ်ကားတွေကတော့ ဟက်ထိတယ် ၊ ကျောက်သင် ပုန်းတွေ မိုးထားတဲ့အိမ် ၊ အချစ်လား လာထား ၊ ဂွတ်ရှယ်သမက် ၊ နတ်ဖက်တဲ့ စုံတွဲများ ၊ နယူးမော်ဒန် ၊ ရင်ဘတ်ကြီးနဲ့ ချစ် လိုက်မယ် ၊ ဆွေတစ်ရာ မောင်တစ်ကျိပ် ၊ ဘာမီတွန် ၊ အာဒံ ရယ်-ဧ၀ရယ်-ဒဿရယ် ၊ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ် ၊ အငိုမျက်လုံးအပြုံးမျက်နှာ ၊ လာထားအာဘွား ၊ ပင်လယ်ထက် က နေ၀န်းနီ စတဲ့ ရုပ်ရှင်ဇာတ်ကား ၁၄ ကား ပါဝင်တယ်လို့ သိရပါတယ်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုဟာ ဆုချီးမြှင့်လေ့ရှိတဲ့ ဆုအမျိုးအ စားတွေ အနေနဲ့ ဇာတ်ကားဆု ၊ ဒါရိုက်တာဆု ၊ အမျိုးသား ဇာတ်ဆောင်ဆု ၊ အမျိုးသမီး ဇာတ်ဆောင်ဆု ၊ အမျိုးသမီး ဇာတ်ပို့ဆု ၊ ရုပ်ရှင် ဇာတ်ညွှန်းဆု ၊ ရုပ်ရှင် တေးဂီတဆု ၊ ရုပ်ရှင် အသံဆုနဲ့ ရုပ်ရှင် တည်းဖြတ်ဆု ဆိုပြီး ဆုအမျိုးအစား ၁၁ မျိုး ရှိတယ်လို့ သိရပါတယ်။

Myanmar Express

အော်ကြမယ် ဖော်ကြမယ် - ၁၃ (မြောက်ပိုင်းလုပ်ကြံမှုများရဲ့ နောက်ဆက် တောင်ပိုင်းအရေးအခင်း)


စစ်ကော်မရှင်

မ.က.ဒ.တ (ဗဟို)

၁၉၉၆ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်

အကြောင်းအရာ။ ။ စစ်ကော်မရှင်၏ အမှားများကို ၀န်ခံပြင်ဆင်နိုင်ရန် အသိပေးခြင်း။ အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ဖေါ်ပြပါ အချက်အလက်များကို အသိပေးသည်။

၁။ ရဲဘော်နေ၀င်းအောင် (ကပ-၂၁၇။ ၂၀၉) သည် တပ်ရင်း (၂၀၉) သံလွင်စခန်း မကဒတ တပ်ဖွဲ့ဝင် တဦး ဖြစ်သည်။

၂။ မကဒတ ဗဟို၏ တာဝန်ပေးချက်အရ NCGUB ပြန်ကြားရေး ၀န်ကြီးဌါနတွင် ညွှန်ကြားရေးမှုးအဖြစ် ၁၉၉၁ ဖေဖေါ်ဝါရီလမှ ၁၉၉၁ စက်တင်ဘာလ အထိ တာဝန်ထမ်းခဲ့သည်။

၃။ မကဒတ တတိယအကြိမ် ညီလာခံမှ (၁၉၉၁)မှ မကဒတ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီရွေးချယ် တင်မြှောက်ခြင်းခံရသော ဗဟိုဦးဆောင် ကော်မတီဝင် တဦးဖြစ်သည်။

၎။ မကဒတ( မပ)၏ န၀တ သူသျှို ဖြစ်ကြောင်း အကြောင်းကြားစာအရ ကိုစိုးလင်း (မပ)ကို ဖမ်းဆီးရာတွင် ဗဟိုဦးဆောင်ကော်မတီ၏ တာဝန်ပေးမှုအရ မိမိကိုယ်တိုင် ဖမ်းဆီးခဲ့သည်။

၅။ ဗဟိုဦးဆောင်ကော်မတီ၏ တာဝန်ပေးချက်အရ ၁၉၉၁ အောက်တိုဘာလမှ ၁၉၉၂ ဧပြီလအထိ KNU တပ်မဟာ( ၆)နယ်မြေရှိ မကဒတ တပ်ရင်းများ ဖွဲ့စည်းရေး စည်းရုံးရေးတာဝန် တပ်မဟာ(၄)နယ်မြေ မကဒတ တပ်ရင်းများ ဖွဲ့စည်း စည်းရုံးရေးတာဝန် မာနယ်ပလော (ထီပါဝီကြိုး) ခံစစ်တွင်း စည်းရုံးရေးတာဝန် ပြည်တွင်း U.G လုပ်ငန်းအတွက် ဆက်သွယ်ဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့သည်။

၆။ ၁၉၉၂ ဧပြီ(၂၀)တွင် ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး (မာနယ်ပုလော) လုပ်နေစဉ် အစည်းအဝေးခန်းအတွင်း၌ အခြား C.E.C များ ရှေ့မှာပင် အတွင်းရေးမှုး(၂) လှဌေးက သေနတ်ထောက် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဖြေရှင်းခွင့် မေးမြန်းခွင့် လုံးဝမပြု ခေါင်းအ၀တ်စွပ်၍ သင်တန်းကျောင်း အချုပ်ပို့ချုပ်နှောင်ခဲ့သည်။

ရ။ ကျော်ကျော်(အပု-ကချင်)မှ ထိုစဉ်က ၀တ်ဆင်ထားသော မကဒတ ကျောင်းသားတပ်မတော် လက်မောင်း ရင်ဘတ် တံဆိပ်များကို ဒါးဖြင့် ဆွဲဖြဲ ဖြတ်ထုတ်ခဲ့သည်။

၈။ လှဌေး(ကချင်မှ ကိုယ်စားလှယ်)။ ကျော်ကျော်(အပု-ကချင်)။ ခင်မောင်ဆွေ(မိချမ်း) တို့ပါဝင်သော စစ်ကြောရေးအဖွဲ့ ဆိုသူတို့က မိမိကို သူသျှိုဖြစ်၍ စကရက ဖမ်းကြောင်းပြောသည်။ မိမိက မဟုတ်မှန်ကြောင်း အဖွဲ့အစည်းနှင့် တော်လှန်ရေး အကျိုးစီးပွားမထိခိုက် စေလိုကြောင်း မကဒတ တပ်ဖွဲ့ဝင် တဦးဖြစ်၍ အမှန်တရားကို လက်ခံဆောင်ရွက်မည် ဖြစ်ကြောင်း ပြောခဲ့သည်။



nge-naing.blogspot.com မှ တောင်ပိုင်း ABSDF ရဲ့ တိုင်းပြည်အတွက် လုပ်ဆောင်နေမှုအချို့

၉။ မိမိအား ညလုံးပေါက် စစ်မေး၍ နေ့ဖက်တွင်လည်း အိပ်မရအောင် ပြုခြင်း ထမင်းတနပ်နှင့် ရေ ၁ ဗူးသာ ပေးခြင်း စိတ်ဓါတ်ကျအောင် ပြုမူဆက်ဆံခြင်းများ ပြုလာခဲ့သည်။

၁၀။ ၁၉၉၂ ဧပြီ (၂၀)မှ မေ (၃)ရက်အထိ ကိုယ်ရေးဖြစ်စဉ်နှင့် လှုပ်ရှားမှုများ (ပြည်တွင်း။ တော်လှန်ရေးနယ်မြေ) ကို ညစဉ် ၈ နာရီမှ မနက် ၄ နာရီကျော်အထိ စစ်မေးကြသည်။ မိမိက န၀တ သူလျှို မဟုတ်ကြောင်း မကဒတ တာဝန်ကို ဆောင်ရွက်ရာတွင် နိုင်ငံရေးအတွေးအခေါ် မမှန်ခြင်း မကဒတ မူဝါဒအား ချိုးဖျက်ခြင်း လုပ်ဟန်မှားယွင်းခြင်း ကိုယ်ကျင့်တရားဖေါက်ပြန်ခြင်း လုံးဝမရှိကြောင်းကို အခိုင်အမာပြောခဲ့သည်။

၁၁။ သို့သော် စစ်ကြောရေး အဖွဲ့ ဆိုသူတို့က မေ (၄)ရက်နေ့မှ စကာ မိမိကို န၀တ သူလျှိုဖြစ် ကြောင်း ရိုက်နက် ညှင်းဆဲ၍ ၀န်ခံခိုင်းသည်။

(၁) အမည်ဝှက်

(၂) ကိုယ်ပိုင်အမှတ်

(၃) ရာထူး အဆင့်

(၄) တာဝန်

(၅) အဖွဲ့အစည်း အမည်- စသော မေးခွန်း (၅)ခု ကို သာ ထပ်တလဲလဲ မေးပြီး မေလ (၅)ရက်မှ (၁၃)ရက်အထိ ညလုံးပေါက် နေ့စဉ် ရိုက်နက် ညှင်းဆဲ ထိုးကြိတ် ကန်ကြောက် ခဲ့ကြသည်။ နေ့ဖက်တွင်မြေကျင်းထဲ၌ ချုပ်ပြီး အစားနှင့်ရေ မပေးပဲ ထားခဲ့သည်။

၁၂။ မိမိက မဟုတ်မှန် စွပ်စွဲ မှုကို လုံးဝငြင်းဆိုပြီး မကဒတ တပ်ဖွဲ့ဝင်တဦးရထိုက်သော ဖွဲစည်းပုံပါ အကာကွယ်ကို တောင်းဆိုသဖြင့် ထုတ်တွင် ကြိုးဆွဲ၍ ရိုက်နက် ကန် ထိုးကြိတ်ကြခြင်း ပလပ်စတစ်အိပ်ခေါင်းစွပ်ကာ စစ်ခြင်း သံချွန်ဖြင့် ထိုးဆွခြင်း ရေလောင်းရေနစ်၍ စစ်ခြင်း ညို့တကျည်းကို ဒုတ်ဖြင့်လှိမ့်ခြင်း စသည့် ညှင်းပမ်းနှိပ်စက်မှု မျိုးစုံကို နေ့ရောညပါ လူမဆန်စွာ ပြုခဲ့ ကြသည်။ အကြိမ်ကြိမ် သတိမေ့သွားသည် အထိ ညှင်းပမ်းခဲ့ကြသည်။

၁၃။ တဖန် လျှပ်စစ်မီးထိုး၍ စစ်ခြင်း လိင်အင်္ဂါအား အချိုရည်သုတ်၍ ကရင်နီ ပုရွတ်ဆိပ်များ ကိုက်ခိုင်းခြင်း တောက်တဲ့အား ကိုက်ခိုင်းခြင်း စအို၌ ဒုတ်ထိုး၍ စစ်ခြင်း အ၀တ်အစားမဲ့ထား၍ လိင်အင်္ဂါများကို ထိုးဆွ၍ နှိပ်စက်ညှင်းပမ်းခြင်း များပြုခဲ့သည်။

၁၄။ အတွင်းရေးမှုး မျိုးဝင်း လာရောက်ကြည့်ရှု့ စစ်ဆေးစဉ် မိမိက မိမိသည် သူလျှို မဟုတ် မကဒတ တပ်ဖွဲ့ဝင် ရဲဘော်တဦးဖြစ်ကြောင်း စစ်ကော်မရှင်အနေဖြင့် မှားယွင်းစွာ လုပ်ဆောင်နေပြီဖြစ်ကြောင်း မကဒတ တပ်ဖွဲ့ဝင် တဦးအနေဖြင့် မကဒတ ဖွဲ့စည်းပုံနှင့်အညီ ရသင့်သော ကာကွယ်စောင့်ရှောက်မှု ရထိုက်ကြောင်း ယခုပြုမူပုံမှာ လူ့အခွင့်အရေးနှင့် လူ့ ဂုဏ်သိက္ခာကို ထိခိုက်စေလှသည့် ညှင်းပန်းနှိပ်စက်မှုသက်သက်သာ ဖြစ်ကြောင်း တော်လှန်ရေး အကျိုးစီးပွားကို မထိခိုက်စေလိုကြောင်း တင်ပြခဲ့သည်။ သို့သော် မျိုးဝင်းက ပို၍ ရက်စက်ရိုင်းပြစွာ နေ့ရောညပါ ရိုက်နက်ညှဉ်းဆဲမှုများ ပြုကာ မရရအောင် ၀န်ခံခိုင်းစေခဲ့သည်။

၁၅။ တဖက်မှလဲ မိမိ၏ ဇနီးဖြစ်သူ ဒေါ်ရင်ရင်ဖူးအား ဖမ်းဆီးထားကြောင်း မိမိဝန်မခံလျှင် သူမ၏ လုံခြုံရေးကို တာဝန်မယူ သူမကိုပါ ညှဉ်းဆဲနှိပ်စက်မည် ဖြစ်ကြောင်း(မုဒိန်း ကျင့်မည် ဖြစ်ကြောင်း)လှဌေးနှင့် ကျော်ကျော်တို့က ပြောခဲ့သည်။ အထူးသဖြင့် မြောက်ပိုင်းမှ တိုက်ပိတ်မိန်းမ ခင်ဆွေဦး နန်းအောင်ထွေးကြည် နှင့် နို့လှန်ပြရသော ရဲမေလေး တဦး တို့၏ အဖြစ်ကို သာဓကပြကာ ခြိမ်းခြောက်ခဲ့ကြသည်။ အမျိုးသမီးတဦး၏ အော်ဟစ် ညှဉ်းညူသံများဖြင့်လည်း စိတ်ဓါတ်ကျအောင် ညှဉ်းပမ်းခဲ့သည်။

၁၆။ နှိပ်စက်ညှဉ်းပမ်းမှုများကို မိမိကိုယ် မိမိ မယုံကြည်နိုင်လောက်အောင် တောင်ခံကာ အမှန်အတိုင်းရပ်တည်ခဲ့သော်လည်း ငှက်ဖျားနှင့် ၀မ်းကိုက်ရောဂါ ထပ်ဆင့် ဖြစ်လာပြီး လက်ခြေ လုံးဝ မလှုပ်နိုင်သည့် အခြေအနေ ဖြစ်လာရာ န၀တ သူလျှို ဖြစ်ပါသည်ဟု စစ်ကော်မရှင် (စစ်ကြောရေးအဖွဲ့)၏ အလိုကျ ၀န်ခံခဲ့ရသည်။

၁၇။ အတွင်းရေးမှုး (၂) လှဌေး အရက်မူး၍ ရဲဘော်ငယ် တဥိးခေါ်လာကာ (တက္ကသိုလ်ဆရာ ရိုက်ဖူးတယ်ရှိအောင်ရိုက် ဟု ဆိုကာ ထိုးကြိတ်ရိုက်နက်ခိုင်း ဒါးဖြင့် ထိုးဆွခိုင်းခြင်း မြေကြီးကျင်း တူးခိုင်းပြီး သေနတ်ဖြင့် ချော်ပစ်ခြင်း။ မြေတွင် ကြိုးတုတ် ဒရွတ်ဆွဲ၍ ရိုက်ခြင်း များ ထပ်မံပြုခဲ့သည်။

၁၈။ ကျော်ကျော်( ဒု ဥက္ကဌ) ကိုအောင်ထူး၊ ဒေါက်တာမြင့်ချို၊ ကိုမောင်ဒီ စိုင်းမြင့်သူ(၂၀၉) ကိုမောင်မောင်ကြီး ကိုမောင်မောင်တိတ် မသက်သက်လွင် ကိုထွန်းမြတ်သူ တို့သည် သူလျှိုများ ဖြစ်ကြောင်း မိမိ၏ လူများ ဖြစ်ကြောင်း ရိုက်နက်ဝန်ခံခိုင်းခဲ့သည်။ မိမိမှ မဟုတ်ဟု ငြင်းပယ်ခဲ့သည်။

၁၉။ ကိုဝင်းနိုင်ဦး ကိုကိုဦး ကိုနေမျိုး ကိုဌေးအောင်( ကုလားလေး) ကိုဌေးနိုင်( ABSDF -မိုးသီးဇွန် အဖွဲ့) တို့သည်လည်း သူလျှိုများဖြစ်ကြောင်း မိမိလူများ ဖြစ်ကြောင်း ရိုက်နက်ဝန်ခံ ခိုင်းခဲ့သည်။

၂၀။ မကဒတ တွင်းရှိ လုပ်သားကောလိပ် ကျောင်းသားများဖြစ်သော မောင်မောင်ကြီး သက်တင်ဦး လှဌေး မောင်မောင်ထွန်းနှင့် သိန်းထိုက်ဦး (R.I.T) ကိုအေးကို (လူ့ဘောင်သစ်) တို့သည်လည်း မိမိ၏ လူ (န၀တ သူလျှိုများ) ဖြစ်ကြောင်း ရိုက်နက်ပြီး ၀န်ခံခိုင်းခဲ့သည်။ မိမိက မဟုတ်သည့် အတွက် ၀န်မခံ ငြင်းပယ်ခဲ့သည်။

၂၁။ တဖန် တပ်ရင်း (၂၀၉)မှ မိမိရဲဘော်များ ဖြစ်သော ကိုအောင်နိုင် ကိုတင်အောင်ဝင်း ကိုမင်းသိမ်းကို ဥာဏ်ထွန်း ကိုတင်မျိုး ကိုအောင်သူ တို့သည် မိမိလက်အောက်ခံ သူလျှို များဖြစ်ကြောင်း ရိုက်နက် ၍ ၀န်ခံခိုင်းသည်။

၂၂။ အထူးသဖြင့် မိမိကျမ်းမာရေး (၀မ်းကိုက်။ ခြေလက်သေ)စဉ် စစ်မေးသော ကိုအောင်သူ။ ကိုဌေးနိုင်တို့သည် န၀တ သူလျှိုများ ဟု ဆိုကာ အပြင်းအထန် နှိပ်စက်၍ ပြောခိုင်း ၀န်ခံခိုင်းသဖြင့် ၀န်ခံခဲ့ရသည်။

၂၃။ မိမိ၏ ၀န်ခံချက်ကို စစ်ကြောရေး အဖွဲ့၏ စိတ်တိုင်းကျ ရေးသား၍ လက်မှတ်ထိုး ၀န်ခံပေးခဲ့ ရသည်။

၂၄။ မကဒတ ဗဟိုစစ်ကော်မရှင် စစ်ကြောရေးအဖွဲ့ ဆိုသူတို့၏ စစ်ဆေးပုံမှာ နိမိတ်ပြ မေးခွန်းများဖြင့် လိုချင် ဖြစ်စေချင်သည်ကို ရိုက်နက် ညှဉ်းဆဲကာ ၀န်ခံခိုင်းခြင်းပင် ဖြစ်သည်။ မိမိ၏ လူသား ဂုဏ်သိက္ခာ အခွင့်အရေးကို ရက်စက်စွာ ချိုးဖျက်ယုံ သာမက မိမိတပ်ရင်း (၂၀၉)၏ ဂုဏ်သိက္ခာ ဇနီး မိဘ၊ ဆွေမျိုး တို့၏ ဂုဏ်သိက္ခာ ကိုပါ ထိခိုက်စေရန် ” စိတ်ဓါတ်ကို ရိုက်ချိုး ပစ်ရမည်” ဟု အတွင်းရေးမှုး မျိုးဝင်း(ထားဝယ်) တွင်း(၂)လှဌေး(ကချင်) တို့က ညွှန်ကြား လုပ်ဆောင်ခဲ့ကြသည်။

၂၅။ ပြောစေလိုသော စကားများကို ကြိုတင် သိစေ၍ ပြောခိုင်းပြီး ဗွီဒီယိုရိုက်ကူးကာ ပြစ်ဒါဏ်မချ တရားမစီရင်မီကပင် ၀ါဒဖြန့် ခဲ့သည်။

၂၆။ ရေးစေလိုသော အချက်အလက်များကို ရေးခိုင်းပြီး ဒေါင်းအိုးဝေ စာစောင်၌ ထည့်သွင်းကာ ပြစ်ဒါဏ်မချ တရားမစီရင်မီကပင် ၀ါဒဖြန့် ခဲ့သည်။

၂၇။ မဟာမိတ်ခေါင်းဆောင်ကြီးများ N.G.O များ ရှေ့တွင် ၀န်ခံရန် ခြိမ်းခြောက်ခိုင်းပြီး ဗွီဒီယို ရိုက်ယူကာ ၀ါဒဖြန့်ခဲ့သည်။

၂၈။ ဗွီဒီယိုရိုက် စာရေး ၀န်ခံပြောကြားခိုင်းရာတွင် စိတ်တိုင်းမကျလျှင် အမူအရာပျက်လျှင် စကားလုံးမှားလျှင်ပင် ထပ်မံရိုက်နက်ညှဉ်းဆဲခြင်း အစားနှင့် ရေဖြတ်ပြီး ခြိမ်းခြောက်ခြင်းများ ပြုခဲ့ကြသည်။

၂၉။ မကဒတ ဖွဲ့စည်းပုံနှင့် ဆန့်ကျင်စွာ လူ့အခွင့်အရေး တပ်ဖွဲ့ဝင် အခွင့်အရေးများကို လုံးဝ လျစ်လျူရှု၍ ရိုပ်ပိုင်း စိတ်ပိုင်း အမျိုးမျိုး လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက်ပြီး ၁ နှစ်ကျော် ချုပ်နှောင်ထားစဉ် တရားမျှတစွာ ခုခံချေပခွင့် စစ်ကော်မရှင်တွင် မပါသော C.E.C/CC များနှင့် တွေ့ခွင့် လုံးဝ မပြုခဲ့ အတွင်းရေးမှုး မျိုးဝင်းနှင့် လှဌေး မှ ” ဒီကောင်တွေ လင်မယားက လူချစ်လူခင် များတယ် ပေးတွေ့ပေးရင် ငါတို့ဖက် သေနတ်ပြောင်း လှည့်လာမယ်” ဟုပင် ထုတ်ပြော ခဲ့သည်။

၃၀။ မိမိက တောင်းဆိုခဲ့သော C.E.C ဒေါက်တာမြင့်ချို ၊တပ်ရင်း(၂၀၉) ဥက္ကဌ ကိုစိုင်းမြင့်သူ ၊ တပ်ရင်းမှုး ကိုသိန်းဆန်း ၊ ဒုရင်းမှုး ကိုမောင်ဦးတို့ နှင့်လည်း လုံးဝ တွေ့ခွင့် မပြုခဲ့ပဲ တောင်းဆို၍ ရိုက်နက်မှုနှင့် ထိုသူများသည် မိမိလူများ ဟုတ်/မဟုတ် ဟူသည့် ညှဉ်းဆဲ နှိပ်စက် ၀န်ခံခိုင်းမှု သာရခဲ့သည်။

၃၁။ ရုံးတင်စစ်ရာတွင်လည်း ကြိုတင် အသိပေးခြင်း လုံးဝမရှိဘဲ ရုံးမထုတ်ခင် တရက်အလို၌ ဥက္ကဌ နိုင်အောင် (လက်ရှိ FDB အဖွဲ့၏ အထွေထွေအတွင်းရေးမှူး၊ မိုးမခက သည်စာကြောင်းကို ဖြည့်စွက်ထားသည်) ရောက်လာကာ “ရုံးတင်မည် ပြောခိုင်းထားသည့် အတိုင်း မပြောဘဲ ရုတ်ရုတ်ရက်ရက်လုပ်လျှင် ခုံရုံး ဖျက်၍ နှိပ်စက်ကာ သတ်မည် အလောင်းပင် လူစဉ်မမှီဖြစ်စေမည် ဟု ခြိမ်းခြောက်ပြီး နောက်နေ့ ရုံးထုတ်ခဲ့သည်။

၃၂။ မကဒတ ဖွဲ့စည်းပုံ ဥပဒေနှင့် မညီ တရားဥပဒေနှင့် မညီသော တရားစီရင်ရေး အဖွဲ့ တရားစီရင်ရေး နည်းလမ်း အချိန်တိုအတွင်း လုံးဝ ခုခံချေပခွင့် အကာကွယ်ရယူခွင့် မပြုဘဲ တဖက်သတ် စစ်ဆေးကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ် ချခဲ့သည်။

၃၃။ သို့သော် အပြစ်မချခင် ကပင် အလုပ်ကြမ်း အမျိုးမျိုး ကို ခိုင်းစေခြင်း အစာ ရေ ဖြတ်၍ မြေတိုက် ခွေးအိမ် အချုပ်များဖြင့် ကြပ်တည်းစွာ ချုပ်နှောင် ညှဉ်းပမ်း အပြစ်ပေးခဲ့ပြီး ဖြစ်နေသည်။

၃၄။ ညီလာခံများ (အရေးပေါ်/စတုတ္ထညီလာခံ) အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း အယူခံခွင့် ဖြေရှင်းတင်ပြခွင့် ပြစ်ဒဏ်လျှော့ခြင်းများ လုံးဝမပြုဘဲ ၃နှစ်နှင့် ၈ လကျော် ချုပ်နှောင်ထားရာတွင် လူသားတယောက် သုံးပန်းတဦး အဖြစ်ပင် မဆက်ဆံ ခိုင်းစေ ဥာဉ်းဆဲခြင်း ဂုဏ်သိက္ခာ ချိုးဖဲ့ ဖျက်ဆီးခြင်းများပြုခဲ့သည်။

၃၅။ ဇနီး ဒေါ်ရင်ရင်ဖူးအား အများအမြင် (တပ်တွင်းနှင့် N.G.O) ကောင်းစေရန်သာ တွေ့စေပြီး အမျိုးမျိုး ဂုဏ်သိက္ခာ ထိပါးစေရန် ထိုးနှက်ခဲ့သည်။ ပေးပို့သော အစားအစာ အသုံးအဆောင်များကိုလဲ (မဆလ)န၀တ အကျဉ်းထောင်များထက် ဆိုးဝါး ယုတ်မာစွာ ဖြတ်စား လပ်စားလုပ်ခဲ့ကြသည်။

၃၆။ ၃ နှစ် ၈ လကျော် ချုပ်နှောင်ထားရာတွင် တနေရာထဲ၌ မဟုတ်ပဲ (၇)နေရာ (ထိုင်း နယ်မြေ အပါအ၀င်)ချုပ်နှောင်ခဲ့ရာ မိမိမှ အမှန်တရားနှင့် သမိုင်းမှန်ကို ယုံကြည်၍ ထွက်ပြေးခြင်း မပြုဘဲ ရင်ဆိုင်နေခဲ့သည်။ သို့သော် ပြောင်းရွေ့ ချုပ်နှောင်ရန်နှင့် ပြောင်းရွေ့စဉ် ထွက်ပြေး၍ ပစ်သတ်လိုက်ရ ဟူသည့် စီမံဆောင်ရွက်မှုမျိုး လုပ်ဆောင်လာသည်ကို တွေ့ရသည်။ မကဒတ အဖွဲ့အစည်းကို ယုံကြည်သော်လည်း စစ်ကော်မရှင် အတွင်း၌ မူမမှန်မှုများ ရှိနေသည်ကို တိကျစွာ (အထောက်အထား) နှင့်တကွ သိလာခဲ့သည်။ မကဒတ တော်လှန်ရေး အကျိုးစီးပွားကို ဖျက်ဆီးနေပြီး အဆုံးသတ်ပြိုကွဲသည် အထိ(သမိုင်းနှင့်ချီ၍) လုပ်ဆောင်သွားမည့် န၀တ သူလျှို အစစ်အမှန်များ ရှိနေကြောင်း အခိုင်အမာ သိရှိသည်ကို ဖော်ထုတ်ပြနိုင်ရန် ၂၄.၁၁.၉၅ တွင် အချုပ်မှ ခိုးဖေါက် ထွက်မြောက်ခဲ့သည်။ အချုပ်အားဖြင့် အသိပေးလိုသည်မှာ

(က) မိမိသည် စစ်မှန်သော မကဒတ တပ်ဖွဲ့ဝင် ရဲဘော်တဦးဖြစ်သည်ဟု ယနေ့တိုင် ခံယူထားသည်။

(ခ) စစ်ကော်မရှင်သည် မကဒတ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ဆန့်ကျင်စွာ တော်လှန်ရေး ထိခိုက် နစ်နာစေသည့် ပုဂ္ဂိုလ်ရေး အမှား အတွေးအခေါ်အမှား လုပ်ဟန်မှားများကို ပြုခဲ့သည်။

(ဂ) စစ်ကော်မရှင်၏ မှားယွင်းမှုသည် န၀တ၏ အလိုကျ ဖြစ်နေယုံမက သန့်စင်မွန်မြတ်သော မကဒတ ၏ သမိုင်းဂုဏ်ရောင်ကို အမဲကွက် စွန်းစေသည်။

(ဃ) စစ်ကော်မရှင်သည် လူ့အခွင့်အရေး ၊ လူ့ဂုဏ်သိက္ခာကို အခြေခံမှ ဖေါက်ဖျက်ကာ ညဉ်းပမ်း နှိပ်စက် သတ်ဖြတ်မှု များစွာ ပြုခဲ့သည်။

(င) မကဒတ ခေါင်းဆောင်မှုပိုင်းတွင် မူမမှန်မှုများ ရှိနေပြီး စစ်အုပ်စု န၀တ သူလျှို အစစ်အမှန် တို့၏ ထိုးဖေါက် ချုပ်ကိုင် လှုပ်ရှားမှုများ ဧကန်ရှိနေသည်။

(စ) မကဒတ တွင်း မမှန်မကန် မတရားမှုများကို ဖြစ်ပေါ်စေပြီး တော်လှန်ရေး လမ်းကြောင်းမှ သွေဖီစေရန် မတည်မငြိမ်ဖြစ် ပြိုကွဲ အမြစ်ပြုတ်စေရန် လုပ်ဆောင်နေသူတို့ အကာကွယ်ကောင်း အုပ်စုကောင်း ဖြင့် စနစ်တကျ ရှိနေသည်။ ကို အသိပေးပါသည်။

မိမိ အနေဖြင့် အမှန်တရားနှင့် သမိုင်းကို လုံးဝ ယုံကြည်သည်။ မိမိတဦးတည်း အကျိုးစီးပွားထိခိုက် ဘ၀ကျိုးကြေခဲ့မှု့ကို ဖြေသိမ့်နိုင်သည်။ ဤသို့သော စစ်ကော်မရှင်၏ မှားယွင်း ကျူးလွန် ဆောင်ရွက်မှုများသည် မွန်မြတ်သော အစဉ်အလာ ရှိသည့် မကဒတ အဖွဲ့အစည်းတွင် တာဝန်မရှိဘဲ မိုက်မဲညံ့ဖျင်းစွာ ဆောင်ရွက်ခဲ့သော ခေါင်းဆောင်မှု အပိုင်းနှင့် စနစ်တကျယုတ်မာစွာ စီစဉ် ဆောက်ရွက်ခဲ့သော ပုန်းကွယ်နေသည့် န၀တ သူလျှိုစစ်စစ်များ၌သာ တာဝန်ရှိသည်ဟု သတ်မှတ်သည်။

သို့ဖြစ်ရာ လက်ရှိ မကဒတ တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် မှားယွင်း ဆောင်ရွက်ခဲ့မှုများကို စုံစမ်းလေ့လာ ဖေါ်ထုတ် ၀န်ခံကာ မကဒတတွင်း မူမမှန်မှု့ ရှိနေခြင်းကို ပူးပေါင်း ဖေါ်ထုတ် ဆောင်ရွက်ခြင်းဖြင့် မကဒတ၏ မွန်မြတ်သည့် သမိုင်းစဉ်၌ စွန်းထင်းစေသည့် အမဲကွက် များကို ဖျက်နိုင်ရန် တော်လှန်ရေး ခရီး မှန်ကန်ခိုင်မာ လုံခြုံစွာ ဆက်နိုင်ရန အသိပေးပါသည်။

– မိမိအနေဖြင့် မကဒတ ရဲဘော်တဦး အဖြစ် ခံယူ၍ ပူးပေါင်း ဆောင်ရွက်ရန် ရှိကြောင်း

နေ၀င်းအောင်

မ-က-ဒ-တ

မိတ္တူ

-လုပ်သားကောလိပ် ကျောင်းသားများ။

-မ-က-ဒ-တ (ရုံးခွဲများ)

-လက်ခံ

တနသာင်္ရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း


From : ခေတ်လူငယ်

နိုင်ငံတော်သမ္မတရုံးက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း၊ အမိန့် အမှတ် ၅/၂၀၁၂ ကို ဇန်နဝါရီ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ(က) နှင့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၆၊ ပုဒ်မခွဲ(က) တို့အရ တနသာင်္ရီတိုင်းဒေသကြီး လွှတ်တော်၏ သဘောတူညီချက်ရရှိပြီးသည့် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီး ဦးမြတ်ကိုအား တနသာင်္ရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

အစိုးရနှင့် ရှမ်းပြည်တိုးတက်ရေးပါတီတို့ အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုး


From : 7 Day

အစိုးရနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့ အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူ လက်မှတ်ရေးထိုးနိုင်ပြီဖြစ်ကြောင်း အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ သတင်းသွားရောက်ရယူနေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။ ရှမ်းပြည်နယ်အစိုးရရုံးတွင် ယနေ့ညနေ ၄ နာရီခန့်တွင် နှစ်ဘက်တာဝန်ရှိသူများက အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

အစိုးရနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေး

အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖော်ဆောင်ရေးအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ယနေ့ (ဇန်နဝါရီ ၂၈) တောင်ကြီးမြို့တွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။ အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဦးအောင်သောင်းခေါင်းဆောင်ပြီး ဦးသိန်းဇော်၊ ဦးမောင်မောင်သိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဒုတိယခေါင်းဆောင် ဦးဝင်းထွန်း၊ ဦးအုန်းမြင့်စသော ပုဂ္ဂိုလ်များပါဝင်သည်။ ထူးခြားမှုမှာ သမ္မတဦးသိန်းစိန်၏ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုတွင် လွတ်မြောက်ခဲ့သော ရှမ်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဆေထင်မှာ ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ပါဝင်လာခြင်းဖြစ်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီမှ ပါတီဗဟိုကော်မတီ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးစဝ်ထီးတိုင်း ခေါင်းဆောင်ပြီး အဆင့်မြင့်တာဝန်ရှိသူများ ပါဝင်သည်။ အစိုးရနှင့် SSPP တို့မှာ အပစ်အခတ်ရပ်စဲရေးအတွက် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက အပြန်အလှန် ကမ်းလှမ်းထားပြီး ယနေ့တွင် တောင်ကြီးမြို့၌ တရားဝင်တွေ့ဆုံကြခြင်း ဖြစ်သည်။ ယနေ့ဆွေးနွေးပွဲတွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် နှစ်မျိုးစလုံးမှာပင် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူလက်မှတ်ရေးထိုးရန် အစီအစဉ်ရှိသည်ဟု သိရကြောင်း အစည်းအဝေးသို့ရောက်နေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ယနေ့နံနက် ၁၁း၀၀ နာရီတွင် တောင်ကြီးဟိုတယ်၌ နှစ်ဖက်တာဝန်ရှိသူများ တစ်နာရီကြာ တွေ့ဆုံဆွေးနွေးသည်။ ထို့နောက် ထမင်းစားနားပြီး ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးပြည်နယ် အစိုးရရုံးတွင် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။ နှစ်ဖက်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးရာတွင် အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးခန်းထားရှိရေး၊ ဒေသဝင်ထွက်ခွင့်ပြုရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသသတ်မှတ်ပေးရန်တို့ကို အဓိကဆွေးနွေးကြခြင်း ဖြစ်သည်။

Myanmar Express

အော်ကြမယ် ဖော်ကြမယ် - ၁၂ (အရိုးတွန်သံများ (၇)

From : Maung Maung One


ကိုထွန်းအောင်ကျော် ကျဆုံးအပြီး နောက်တနှစ် ၁၉၉၃ နှစ်ပတ်လည်နေ့မှာ၊ ကိုထွန်းအောင်ကျော်ကို လေးစားချစ်ခင်တဲ့ ရဲဘော်များနဲ့ သူ့မိသားစုတွေက မန္တလေးမှာ နှစ်လည်ဆွမ်းကျွေးခဲ့ပါတယ်။ တချို့က ငွေကြေးအကူအညီပေးဖို့ ပိုက်ဆံကောက်ကြပါတယ်။ အကွက်ခြောင်းနေတဲ့ စစ်ထောက်လှမ်းရေးတွေကလည်း “ ဟာ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် တကယ်တန်ဘိုးရှိတဲ့ ခေါင်းဆောင် တယောက် ကျဆုံးသွားတာ ဝမ်းနည်းစရာပဲ၊ ဂျီတီအိုင် ကျောင်းရှေ့မှာ သူ့ရဲ့ ရုပ်ထုကို ထုပေးရမယ်” လို့ပြောဆိုပြီး သူတို့ကလည်း ငွေကြေးထည့်ချင်သလိုလို လုပ်ပါတယ်။ ကျောင်းသားတွေက “ စစ်ထောက်လှမ်းရေးတွေဟာ ကျောင်းသားလှုပ်ရှားမှု အားနည်းချက်ကို အသုံးချပြီး သပ်လျှိုဖြိုခွဲ အပုပ်ချတော့မယ်” ဆိုတာကို ရုတ်ချည်းနားလည်လိုက်ကြပါတယ်။ သူတို့တတွေပြောခဲ့တာရှင်းရှင်းလေးပါ။ “ စစ်ထောက်လှမ်ရေးတွေ ကြောင့် ကျောင်းသားတွေ တောခိုကြတယ်။ မဖြစ်သင့်တာတွေဖြစ်ခဲ့ ကြုံခဲ့ကြတယ်။ ဒါတွေအားလုံးဟာ ရှင်တို့ကြောင့်ဖြစ်တာဖြစ်တယ်” လို့ ဆိုခဲ့ကြပါတယ်။ ပြောချင်တာက ကိုယ့်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ကိုယ့်ဘာသာနာမည်ဖျက်ဖို့ ကြိုးစားချင်တယ် ဆိုရင် ၊ ၁၉၉၃ ခုနှစ်ကတည်းက စစ်ထောက်လှမ်းရေးတွေပေးတဲ့အကူအညီကိုယူပြီး လုပ်လို့ရပါတယ်။ ပြည်တွင်းကျောင်းသားလှုပ်ရှားမှု သမိုင်းကို မသိတဲ့တချို့သော ( လက်ချိုးရေ လို့ရတဲ့) သူတချို့က “ ရန်သူ့လူတွေဟာ သမိုင်းကို ဗြောင်းပြန်လှန်ဖို့ ကြိုးစားနေတယ်” ဆိုတသွေးရူးသွေးတန်း စကားတွေကို လှုံ့ဆော်ကြည့်ပါတယ်။ မြောက်ပိုင်းလူသတ်မှုကြီးကို နဂိုကတည်းက ဘယ်သူမှန်တယ်။ ဘယ်သူမှားတယ် ဆိုတာ သမိုင်းက ဆုံးဖြတ်ပြီးသားပါ။ ဥာဏ်ရှိတဲ့သူတွေက ဒီ အစုလိုက်အပြုံလိုက်လူသတ်မှုဟာ ဘယ်လောက်အပြစ်ကြီးတယ် ဆိုတာသိလို့ ငြိမ်သက်နေကြတယ်။ လက်ဝင်မလျှိုကြဘူး။ ဥာဏ်မမှီတဲ့သူတွေသာ အဖွဲ့အစည်းကို ချစ်ဟန်ဆောင်ပြပြီး လက်ဝင် လျှိုတယ်။ ကျောခြင်းကပ်ကြမယ် ဘာညာအော်နေကြတာ။ ကျောခြင်းကပ်ချင်သူများရဲ့ အရည်အချင်းတချက်လောက်ကြည့်ပါရစေ။ သမိုင်းဆိုးနဲ့အတူ မြေမြှုပ်ပေးလိုက်ပါ့မယ်။

လူသတ်မှုမှာ အဓိကတာဝန်ရှိသူတွေက သူတို့ကိုယ်တိုင်မဖြေရှင်းရဲ တဲ့အခါ ABSDF ခေါင်းစဉ်ကို အကာအကွယ်ယူပြီး ကွေ့ဝိုက် ပြောဆိုဖို့ကြိုးစားတယ်။ ရန်သူဘက်က လူတချို့ကတော့ လူတစုရဲ့ ယုတ်မာမှုကို အကြောင်းပြပြီး ABSDF ကို တိုက်ခိုက်ဖို့ကြိုးစား ကြတယ်။ ဒီလုပ်ရပ်နှစ်ခုလုံးကို ကျနော်တို့က သတိရှိဖို့လိုပါတယ်။ ကာယကံရှင်တွေဟာ သတ္တိရှိရှိ မဖြေရှင်းသရွေ့ အနာဂတ်မှာ ပိုမို မဲမှောင်တဲ့ လမ်းကြောင်းကိုသာတွေ့ရလိမ်မယ်။ တောင်ပြိုနေတာ၊ လက်ဖဝါးနဲ့ကာဖို့ မကြိုးစားစေချင်ပါ။

တကယ်တော့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေဟာ သူတို့အဖွဲ့အစည်းရဲ့အလံတော်ကို သိက္ခာရှိရှိလွှင့်တင်ချင်လို့ ပုဂ္ဂိုလ်ရေးစာတွေပို့ ဖြေရှင်းခိုင်းနေတာ နှစ်ကြာနေပါပြီ။ ခေါင်းဆောင်လုပ်ခဲ့သူတွေက တာဝန်မဲ့လုပ်၊ ခံစားမှုမဲ့လုပ်ခဲ့ကြလို့ အခုလို အဖြစ်ဆိုးကြီးဟာ အပြင်ကို ရောက်ရှိလာခဲ့ခြင်းဖြစ်တယ်။ ခုချိန်ကျမှ ဘာလို့အရှိန်ပြင်းပြင်းဖောက်ခွဲကြသလဲဆိုရင် အဓိက အချက် (၃) ချက်ရှိပါလိမ့်မယ်။

(က) ရော်နယ်အောင်နိုင်ရဲ့ မဆင်မခြင် အင်တာဗျူးများ (ခ) ကိုထွန်းအောင်ကျော် တို့တတွေ ကျဆုံးခဲ့တာ အနှစ် (၂၀) ကြ (ဂ) ABSDF( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းတဲ့အခါ လူသတ်သမား လှဆိုင်း တို့တတွေ ပြန်ပါနေတယ်

စိတ်ကူးမယဉ်စေချင်ပါဘူး။ အပြစ်မဲ့ကျောင်းသားတွေကို လည်မျိုကိုခုတ်ဖြတ်သတ်ခဲ့သူတွေဟာ တော်လှန်ရေးသမားတွေ မဖြစ်နိုင်သလို၊ သမိုင်းဆိုတာ အချိန်တန်ရင် နေရာမှန်ကို ပြန်ရောက်သွားတဲ့ ကိစ္စတခုပဲဖြစ်ပါတယ်။ ABSDF ( မြောက်ပိုင်း) မှာ တာဝန်ထမ်းခဲ့ပြီး ကြောက်မက်ဘွယ်အဖြစ်ဆိုးကြီးကို ကိုယ်တိုင်ကိုယ်ကျတွေ့ခဲ့တဲ့ “ရဲဘော်ကျော်ခိုင်ဝင်း” က ၂၀၀၈ ခုဝန်းကျင်မှာ စာနှစ်စောင်ရေးဖွင့်ဟခဲ့တယ်။ ကာယကံရှင်တွေက ဘာမှ အကြောင်းမပြန်ခဲ့ဘူး။ ဖတ်ကြည့်ကြပါ မိတ်ဆွေ တို့..

ကိုအောင်နိုင်

ကျနော် ကျော်ခိုင်ဝင်း ပါ။ ကိုအောင်နိုင် မှတ်မိနေလိမ့်မယ် လို့ လုံးဝယုံကြည်ထားပါတယ်။ ကျနော်တို့ တောမခိုခင် မန္တလေး (အနကလ)၊ မိုးညှင်း (အနကလ) နဲ့ အမရပူုရ(အနကလ) မှာ အတူတူလှုပ်ရှားခဲ့တာတွေ၊ ကျနော် တောခိုမဲ့ညက ကိုအောင်နိုင်ရယ်၊ ကိုစိုးလင်းရယ်၊ ကိုမြင့်ကျော်ရယ် မန္တလေးမြောက်ပြင်က ကိုမြင့်ကျော် တို့ ဦးလေးအိမ်မှာ နောက်ဆုံးအိပ်ခဲ့ကြတာကို ကိုအောင်နိုင် မှတ်မိပါလိမ့်မယ်။ ကိုအောင်နိုင် ကို ကျနော်အရမ်းစကားပြောချင်ပါတယ်။ မေးလဲမေးစရာရှိပါတယ်။ တတ်နိုင်ရင် ကျနော့ကို ဆက်သွယ်ပေးပါ။ ကိုအောင်နိုင်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ဂုဏ်သိက္ခာကို၊ သူတို့ရဲ့ ခံစားမှုတွေကို ညှာတာထောက်ထားစွာဖြင့် ကျနော်တို့နဲ့ရင်ဆိုင်ဖြေရှင်းပေးပါခင်ဗျား။

ကိုအောင်နိုင် ပြောသလို၊ သူတို့ဟာ ထောက်လှမ်းရေးတွေပါဆိုရင် ဘာလို့ ဘိုဘို ( မိုးကျော်သူ) ကို စစ်အစိုးရက ထောင်ဒဏ် အနှစ် (၂၀) ချထားရတာလဲ။ ကိုရာပြည့် ဘာလို့ထောင်ထဲမှာ အသေဆိုးနဲ့သေခဲ့ရတာလဲ။ ကိုအောင်နိုင် တို့ ထောက်လှမ်းရေးဗိုလ်အဆင့် သတ်မှတ်ထားတဲ့ နန်းအောင်ထွေးကြည် အခုထိ မြန်မာနိုင်ငံပြန်လို့မရတာလဲ။ ဖိုးကျော် ( မြွေဟောက်) တို့ ဒုက္ခသည်စခန်းကို ပြန်ရောက်လာရတာလဲ။ ကိုရဲလင်း ဘာလို့ ထောင်ထဲပြန်ရောက်သွားရတာလဲ။ ကိုထိန်လင်း ဘာလို့ထောင်ထဲထည့်ခံရတာလဲ။ ကျနော်လည်း မြန်မာနိုင်ငံမှာ ရှိတုံးက ခရီးထွက်တိုင်း ဘာလို့ ထောက်လှမ်းရေးကို သတင်းပို့နေရတာလဲ။ ဒါတွေအားလုံးပြောနေရင် ကုန်မှာလဲမဟုတ်ပါ။

ကိုအောင်နိုင် ပါးစပ်က ပြောနေတဲ့ စစ်အစိုးရ၊ အာဏာသိမ်းအစိုးရ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ အစိုးရ၊နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်တဲ့အစိုးရတောင်မှ ကိုအောင်နိုင်တို့လို လူသားတယောက်အပေါ် မရက်စက်ခဲ့ပါ။ မညှင်းဆဲခဲ့ပါ။ မနှိပ်စက်ခဲ့ပါ။ လူ့အခွင့်အရေး မချိုးဖောက်ခဲ့ပါဘူး။ အစုလိုက်အပြုံလိုက်၊ လည်ပင်းကို ဓါးနဲ့ခုတ်ဖြတ် မစီရင်ခဲ့ပါဘူး။ အမျိုးသမီးတယောက် ( မခင်ချိုဦး) က သတ်ခံကာနီး သိုယိုတောင်းပန်တာတောင် ကိုယ်တုံးလုံးကို ရဲဘော်တွေအားလုံးရှေ့မှာ ချွတ်ပြီး မပစ်သတ်ခဲ့ပါဘူး။ ကိုကျော်ဝေ လို ထင်းတုံးပေါ် ခေါင်းတင်ပြီး ခုတ်ဖြတ်မသတ်ခဲ့ပါဘူး။ ကိုထွန်းအောင်ကျော်ရဲ့ ဗိုက်ပေါ်ကို ရင်ဘောင်ကြမ်းတင်ပြီး မီးမရှို့ခဲ့ပါဘူး။ ဘိုဘို လိုမျိုး နှာခေါင်းကို သံချိတ်နဲ့ချိတ်ပြီး နိုင်ငံရေးသမားတွေကို မစစ်ဆေးခဲ့ပါဘူး။ စစ်ကြောရေးမလုပ်ခဲ့ပါဘူး။ ရေခဲနေတဲ့ လိုင်စ် ( ပါဂျောင်) လို နေရာမျိုးမှာ မြေကြီးထဲကို ကိုယ်တကိုယ်လုံးမြှုပ် တညလုံးခေါင်းလေးပဲဖေါ်ပြီး မစစ်ဆေးခဲ့ပါဘူး။ နှိပ်စက်တာတွေ ပြောရင်ကုန်မှာ မဟုတ်ပါ။ ကျနော် လောဘတကြီး နဲ့ ကိုအောင်နိုင်ကို တောင်းဆိုနေတာ မဟုတ်ပါ။ အေဘီ ရဲဘော်တွေ အားလုံးရဲ့ ဂုဏ်ကို ငဲ့ညှာသောအားဖြင့် မှားခဲ့ပါတယ် လို့ ကိုအောင်နိုင် ပါးစပ်ကနေ ဝန်ချတောင်းပန်တာလေးတခုကိုပဲ အားလုံးက ကြားချင်နေကြတာပါဗျာ။ ဝန်ခံပေးပါ ကိုအောင်နိုင်။ မှားခဲ့တယ်။ အဖွဲ့အစည်းအတွက် မှားခဲ့ပါတယ် လို့ ဝန်ချတောင်းပန်ပေးပါ ကိုအောင်နိုင်။ နောက်မှ စာဆက်ရေးပါအုံးမယ် ကိုအောင်နိုင်

သင့်ရဲ့ ရဲဘော်ဟောင်း ကျော်ခိုင်ဝင်း

ခေတ္တ ကိုရီးယား + ၈၂ ၁၀ ၃၅၁၁ ၁၁၃၉

+ ၈၂ ၇၀ ၈၁၈၂ ၀၃၆၀

ရဲဘော် ကျော်ခိုင်ဝင်းရဲ့ အစီရင်ခံစာ

ABSDF (NB) တွင်တာဝန်ထမ်းဆောင်စဉ်၊ ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင် တို့မှ ကျောင်းသားတပ်မတော်ခေါင်းဆောင် ကိုထွန်းအောင်ကျော်နှင့်တကွ၊ စစ်မှန်သော ကျောင်းသားရဲဘော်များအား အချင်းချင်းသုတ်သင်ရှင်းလင်းရက်စက်မှုများကာလ၊ ကိုယ်တွေ့မျက်မြင် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

အေဘီတွင် ကိုသံချောင်း စစ်ရေးတာဝန်ခံ၊ ကိုမျိုးဝင်းအထွေအထွေအတွင်းရေးမှူး၊ အပတ်စဉ် (၅) သင်တန်းကာလတွင် တပ်တွင်းဆန္ဒပြမှုတရပ်ပေါ်ပေါက်ခဲ့ပါသည်။ တပ်တွင်းခေါင်းဆောင်များဦးဆောင်မှုညံ့ဖျင်းသည့် အဓိကအကြောင်းအရာဖြစ်ခဲ့ပါသည်။ ထိုအချိန်ကာလတွင် ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်၊ ကိုစိုးလင်း၊ ကိုညီဂျော် စသည့် ကျောင်းသားခေါင်းဆောင်များ ရောက်ရှိလာပြီး ထိုရောက်ရှိလာသော ကျောင်းသားခေါင်းဆောင်များအား တပ်တွင်းရှိရဲဘော်များက အားပေးထောက်ခံကြပါသည်။ ထို့နောက်တပ်တွင်းခေါင်းဆောင်နေရာများအတွက် ရွေးကောက်ပွဲလုပ်ပြီး ခေါင်းဆောင်တင်ကြသည့်အခါတွင် ကိုမျိုးဝင်းသည် လူကြိုက်အနည်းဆုံးသူတယောက်ဖြစ်ခဲ့ပါသည်။ ထိုအချိန်မှစပြီး ကိုမျိုးဝင်း၏အတွင်းစိတ်တွင် အမှတ်အငြိုးတေးဖြစ်လာခဲ့ပါသည်။ သူ၏အာဏာပါဝါလျော့ကျသွားခြင်းဖြစ်ပါသည်။ သို့သော် ကိုမျိုးဝင်းအား အသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်ဖွဲ့စည်းပုံတွင် တွဲဘက်အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည်ခန့်လိုက်ခြင်းသည် ကျောင်းသားတပ်မတော်ပြိုကွဲရန် အောက်ပါဖြစ်ရပ်မှန် ရက်စက်မှုများ၏ အစပင်ဖြစ်ပါတော့သတည်။

ထိုအသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်တွင် ကိုအောင်နိုင် သည် အဖွဲ့အတွက် အလွန်အရေးပါသော အထွေထွေအတွင်းရေးမှူးရာထူးကို လက်ခံရယူထမ်းဆောင်ခဲ့ပါသည်။ အထက်ပါကဲ့သို့ ဖွဲ့စည်းပုံအသစ်ဖြင့် ကျောင်းသားတပ်မတော်သည် အင်အားခိုင်မာကျစ်လစ်စွာ နယ်မြေခံလူထုအားပေးထောက်ခံမှု အားကောင်းစွာ အရှိန်အဟုန် ကောင်းနေစဉ်တွင် တပ်တွင်းရဲဘော်တယောက်ဖြစ်သော တပ်သားစိုးမင်းအောင် တပ်မှထွက်ပြေးခဲ့ပါသည်။ ထိုတပ်ပြေးစိုးမင်းအောင် အားတရုပ်ပြည် ရင့်ကျန်းမြို့တွင် ပြန်လည်ဖမ်းစည်းရရှိမိကာ ရိုက်နှက်နှိပ်စက် စစ်ကြောပြီး အစိုးရထောက်လှမ်းရေးဟု အတင်းအကြပ်ဝန်ခံခိုင်းခဲ့ပါသည်။ စိုးမင်းအောင်မှ တဆင့် ကျောင်းသားတပ်မတော်တွင်းရှိ အခြားသော ကျောင်းသားတပ်မတော် တွင်းရှိ အခြားသောကျောင်းသားများ၏အမည်ကို မေးကာ ထိုကျောင်းသားများသည်လည်းပဲ ထောက်လှမ်းရေးဖြစ်ပါသည်ဟု မဝန်ခံမခြင်း လူမဆန်စွာ လူ့အခွင့်အရေးကို အစွမ်းကုန်ချိုးဖောက်ကာ ကိုသံချောင်းနှင့် အပေါင်းပါများက သေသည်အထိ ညှင်းပမ်းနှိပ်စက်ခဲ့ကြပါသည်။ ထိုမှတဆင့် ကိုမျိုးဝင်းသည် သူ့အား အပတ်စဉ် (၅) သင်တန်းကာလဆန့်ကျင်ခဲ့သူများအားနှိပ်ကွပ်ရန် အကွက်မြင်သွားပြီး သူ့အား အတိုက်အခံလုပ်ခဲ့သူများကို ထောက်လှမ်းရေးဟု စွပ်စွဲကာ အစုလိုက်အပြုံလိုက်ဖမ်းဆီးပြီး ပြောပြမကုန်နိုင်လောက်သော ညှင်းပမ်းနှိပ်စက်မှု မျိုးစုံဖြင့် သေသည်အထိလည်ကောင်း၊ မသေမရှင်ဖြစ်သည်အထိလည်ကောင်း၊ လူလုံးမလှတော့သည်အထိ လည်ကောင်း၊ ယုတ်စွအဆုံး မိန်းခလေးများဖြစ်သော အဖမ်းခံထောက်လှမ်းရေးဟု အစွပ်စွဲခံ မငယ် ( နန်းအောင်ထွေးကြည်)၊ မခင်ချိုဦး တို့၏ မိန်းမ အင်္ဂါထဲသို့ပင် ရှာဖွေစစ်ဆေးကာ အမျိုးသမီးတို့၏ အခွင့်အရေးကိုပါ ချိုးဖောက်ပြီး စစ်ကြောရေးကြီးကို စတင်ခဲ့ပါသည်။ ညှင်းပန်းနှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုများနှင့် ညှင်းပမ်း နှိပ်စက်ခံခဲ့ရသူများကို ကျွန်တော်သည် အောက်ပါအတိုင်း ကိုယ်တွေ့မျက်မြင် မိမိအရှေ့တွင် မျက်ဝါးထင်ထင် မြင်ခဲ့ရသည်ကို နှိပ်စက်ခံရခဲ့သော လူအမည်များဖြင့်တကွ ဖေါ်ပြထားပါသည်။

ကိုထွန်းအောင်ကျော် ( မန္တလေး)

သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။

ကျော်ကျော်မင်း (မုံရွာ)

သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။

(၂) ကိုချိုကြီး ( မန္တလေး)

စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။

မောင်မောင်ကြွယ် ( ရန်ကုန်) ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသူ

အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။

တူးတူး ( မြစ်ကြီးနား)

ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊

ကိုလှမြင့် ( တပ်ကုန်း)

ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။

ရန်အောင် ( ရန်ကုန်)

ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊

အောင်ဖိုး ( ရန်ကုန်)

ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)

အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

မခင်ချိုဦး ( ရန်ကုန်)

အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

ကိုကျော်ဝေ ( မန္တလေး)

ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

ပြည်စိုးနိုင် ( ရန်ကုန်)

ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။

မငယ် (ခ) နန်းအောင်ထွေးကြည်၊ ရန်ကုန်

သူမ၏ ချောမောသော ရုပ်ရည် ပျက်စီးသည်အထိ မီးဖိုထဲမှ မီးစွဲလောင်နေသော ထင်းချောင်းဖြင့် မျက်နှာအား အထိုးခံခဲ့ရသည်။ သေဒဏ်စာရင်းတွင်ပါသော်လည်း ကံကောင်းထောက်မစွာ အသက်မသေခဲ့ပါ။

နန်းစော ( ဗန်းမော်)

သူမ၏ လက်မသည် ကျိုးကျေသွားပြီး ယ္ခုတိုင် ကွေးဆန့် မရတော့သည့်တိုင်အောင် ဝါးဆစ်ပိတ်ဝါးဖြင့် အရိုက်ခံခဲ့ရသည်။ ကိုအောင်နိုင် တို့ ထောက်လှမ်းရေးဟု စွပ်စွဲထားသော နန်းစော သည် ယ္ခုအခါ စက်တင်ဘာ အရေးအခင်းမှစပြီး လိုက်လံဖမ်းဆီးခံနေရသဖြင့် ပြည်တွင်းတွင် မိန်းခလေးတန်မဲ့ ထွက်ပြေးတိမ်းရှောင်နေရသည်။ ( ယ္ခုအခါ ထိုင်းနယ်စပ်သို့ရောက်ရှိနေပါပြီ)

ကိုထိန်လင်း ( ဟင်္သာတ)

ညလုံးပေါက် ရိုက်နှက်စစ်ဆေးပြီး အဆိပ်ရည် ပုလင်းထုတ်ပေးရန် စစ်ဆေးခဲ့၊ မိုးလင်းသောအခါ စစ်ဆေးတာ မခံနိုင်သဖြင့် သူပန်းချီဆွဲသောအခါ အသုံးပြုသော ပန်းချီဆေးရည်များကို ထုတ်ပေးခဲ့ရ၊ ထိုဆေးရည်များဖြင့် သူ၏မျက်နှာကို လောင်းချ သုတ်လိမ်းခံခဲ့ရ၊ ကိုယ်ပေါ်သို့လည်း လောင်းချခံခဲ့ရပါသည်။ ပြန်လည်လွတ်မြောက်လာသော်လည်း စစ်အစိုးရမှ ကိုအောင်နိုင်တို့ထောက်လှမ်းရေးဟု ယူဆခဲ့သူများကို ပြန်လည်ထောင်ချခဲ့ပါသည်။

ဘိုဘို (မိုးကျော်သူ)

နှာခေါင်းတွင် သံချိတ်ဖြင့် ချိတ်ဆွဲကာ အဖောက်ခံခဲ့ရ၊ ယခုအချိန်ထိ ကိုနိုင်အောင်တို့ထောက်လှမ်းရေးဟု အစွပ်စွဲခံရသော သူသည် မန္တလေး အကျဉ်းထောင်တွင် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံထားရသည်။ ( ယခု ပြန်လည်လွတ်မြောက်လာပြီး ပြည်တွင်းတွင်)

အထက်ပါဖြစ်ရပ်များသည် ကျနော်ကိုယ်တွေ့မျက်မြင် ဖြစ်ခဲ့သော အဖြစ်အပျက်များဖြစ်ပါသည်။ မည်သည့်လူနှင့်မဆို ကျွန်တော်ကိုယ်တိုင်ရှင်းရဲပါသည်။ နေ့ရက်များကို အတိအကျမမှတ်မိသော်လည်း ကျနော်ရေးသောစာကို ကျနော်တာဝန်ယူပါသည်။ ထိုအဖြစ်အပျက်များအတွင်း ကိုအောင်နိုင်သည် ဥက္ကဋ္ဌ ရာထုးတာဝန်ယူပြီး ဖြစ်ပျက်ခဲ့သော်လည်း ကိုအောင်နိုင်ကို ကျနော်နားလည် နိုင်ခဲ့ပါသည်။ သူသည်လည်း အသက်ကို ဥာဏ်စောင့်ရမှာပေါ့ လို့ ပေါ့တွေးထားခဲ့ပါသည်။ အထက်ပါအဖြစ်အပျက်များကို မည်သူ့ကိုမှ မပြောတော့ပါ ဟု ဆုံးဖြတ်ထားခဲ့သည်မှာ ဆယ်စုနှစ်ကျော်လာခဲ့ပါသည်။ ထိုသို့နေလာရာ တနေ့တွင် ဘီဘီစီ အသံလွှင့်ဋ္ဌာနမှ ရော်နယ်အောင်နိုင်ဆိုသည့် သတင်းထောက်တယောက် ချင်းမိုင်မှ သတင်းပေးပို့ ဖတ်ကြားလိုက်သည်ကို ကြားလိုက်ရပါသည်။ အသံကို သိသည်။ ရင်းရင်းနှီးနှီးသိသည်ဟု မှတ်ထားလိုက်ပါသည်။ နောက်ပိုင်းတွင် စုံစမ်းကြည့်သောအခါ အေဘီ ( မြောက်ပိုင်း) မှ ကိုအောင်နိုင် ဖြစ်နေသည်ကို သိလိုက်ရပါသည်။ ထိုအချိန်အထိ ကျနော့စိတ်ထဲတွင် ကိုအောင်နိုင် အား နားလည်နိုင်ပါသည်။ စပ်ခွန်ကျော် လို့ ပင်ခေါ်ခေါ်၊ သံချောင်းပင်ဖြစ်ဖြစ်၊ မြင့်စိုး ပင်ဖြစ်စေ၊ အဖမ်းခံရသောအခါ ကိုအောင်နိုင်သည် လူတတ်ကြီးလုပ်ပြီး ကျောင်းသားတပ်မတော်အတွင်း အချင်းချင်းသတ်ဖြတ်ကြတုံးက ဥပဒေ တခုရှိပါတယ်။ ဘာလဲဆိုတော့ အဲ့ဒီတုံးက ထောက်လှမ်းရေး လို့ သံသယရှိသူတွေကိုကွပ်မျက်ရမယ် ဆိုတဲ့ ဥပဒေ ရှိပါတယ် လို့ သတင်းမီဒီယာတခုတွင် ဖွင့်ဆိုသွားပါသည်။ ထိုအချိန်မှ စပြီး ကိုအောင်နိုင်သည် အထက်ပါ အဖြစ်အပျက်များတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါလား ဟု သုံးသပ်မိသည်။ နောက်ပိုင်း ကျွန်တော်သည် အေဘီတွင် ယခုအချိန်အထိ တာဝန်ထမ်းဆောင်နေသော ရဲဘော်များနှင့် ပြန်လည် အဆက်အသွယ်ရခဲ့သည်။ ကိုအောင်နိုင် အကြောင်းစုံစမ်းသောအခါ၊ သူသည် ABSDF ( မြောက်ပိုင်း) ကို ဖျက်သိမ်းခိုင်းကြောင်း၊ မဖျက်သိမ်းပါက မင်းတို့ဘဲ လူသတ်ခဲ့တာတွေကို တာဝန်ယူဖြေရှင်းရလိမ့်မယ် ဟု ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ဆိုပြီးလျှင် ပူးတွဲပါ ကိုအောင်နိုင်ရဲ့ လူတွင်ကျယ် လုပ်ထားသော အင်တာဗျူးကို ဖတ်လိုက်ရသောအခါ အထက်ပါ လူသတ်နှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ပွဲကြီးတွင် ကိုအောင်နိုင် တယောက်သည်လည်း အင်တိုက်အားတိုက်ပါဝင်ခဲ့ပါလား ဆိုတာကို လက်မခံချင်ပဲ လက်ခံလိုက်ရပါတော့သည်။

ထို့အတွက်ကြောင့် ဘီဘီစီ မြန်မာပိုင်းဋ္ဌာနအနေဖြင့် ကိုအောင်နိုင် ကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်ခဲ့သူတဦးအား အလုပ်ဆက်လက် ခန့်သင့် မခန့်သင့် ဆိုတာကို စဉ်းစားပေးစေလိုပါတယ်။ အထူးသဖြင့် အန်တီဒေါ်တင်ထားဆွေ အနေဖြင့် ခေါင်းအေးအေးတည်ငြိမ်စွာ ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်သည် အထူးမျှော်လင့်မိပါသည်။ ဘီဘီစီ ဟာ ကျနော်တို့နှင့်အတူ စစ်အစိုးရကို လက်တွဲတိုက်ပွဲဝင်နေသော အားကိုးရတဲ့ ရဲဘော်တယောက် လို့ ဘဲ ကျနော့ရင်ထဲမှာ အမြဲရှိနေမှာပါ။

ယုံကြည်လေးစားလျှက်

ကျော်ခိုင်ဝင်း

ABSDF (NB) ရဲဘော်ဟောင်း


KIA (ကချင်) အဖွဲ့ထောင်ထားသော မိုင်း တစ်လုံးနင်းမိပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူတစ်ဦး ဒဏ်ရာရရှိ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နန်ကျင်ကျေးရွာ အနီးကျွန်း၊ သစ်မွှေးစိုက်ခင်းတွင် စိုက်ခင်းအလုပ်သမားအဖြစ် လုပ်ကိုင်သူ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကျောက်ကလူးကျေးရွာနေ ဦးလှသွင် ၅၄ နှစ်သည် ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီခွဲက နန်ကျင်ကျေးရွာ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ စိုက်ခင်းအတွင်း ပေါင်းမြက်ရှင်းလင်းစဉ် KIA (ကချင်) အဖွဲ့ကထောင်ထားသော မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲ၍ ဦးခေါင်းယာဘက်၊ ယာလက်ဖျံနှင့် ယာဒူးတို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် တာဝန်ရှိသူတို့က မြစ်ကြီးနား ဆေးရုံးသို့ ပို့ဆောင်ဆေးဝါးကုသလျက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

မြဝတီ-ကော့ကရိတ်လမ်းအား တစ်နှစ်ခွဲအတွင်း အပြီးဖောက်လုပ်မည်


ကရင်ပြည်နယ် အတွင်းရှိ မြ၀တီ-ကော့ကရိတ်လမ်းအား တစ်နှစ်ခွဲအတွင်း အပြီးဖောက်လုပ်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။ “ကရင်ပြည်နယ်က ပြည်နယ်ဝန်ကြီး တင်ပြသွားတာတွေလည်း ကောင်းပါတယ်။ အခုဆို မြ၀တီနဲ့ ကော့ကရိတ်လမ်းကို တစ်နှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားဖို့ ရှိပါတယ်။ ADB (အာရှဖွံ့ဖြိုးရေးဘဏ်) က အထောက်အပံ့ပေးဖို့ အစီအစဉ်ရှိပါတယ်” ဟု ၎င်းကပြောကြားခဲ့ပါသည်။ အဆိုပါ မြ၀တီ-ကော့ကရိတ်လမ်းမှာ ကရင်ပြည်နယ်၏ ထုတ်ကုန်များ၊ ကုန်စည်ကူးသန်းမှုများ အတွက် သာမက ကျန်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကုန်စည်များ ပို့ဆောင်ရာ၌ အရေးပါသည့် စီးပွားရေး လမ်းမကြီး တစ်ခုဖြစ်ကြောင်း ကရင်ပြည်နယ်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးနိုင်မင်းစိုးသိန်းက ပြောကြားခဲ့ပါသည်။ “အခုက ငြိမ်းချမ်းရေးလည်း ရသွားပြီဆိုတော့ ဒီလမ်းကို သုံးလို့ရပြီလေ။ မြ၀တီ-ကော့ကရိတ် လမ်းကတော့ ကရင်ပြည်နယ်ရဲ့ ထွက်ကုန်တွေ၊ ကုန်စည်စီးဆင်းမှုတွေအတွက် အရေးပါတာတင်မကဘူး။ ကျန်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေဘက်ကို ကုန်စည်ကူးသန်းဖို့အတွက် အရေးပါတဲ့ စီးပွားရေးလမ်းမ ဖြစ်ပါတယ်။ တစ်နှစ်ခွဲအတွင်းပြီးဖို့ ကျွန်တော်တို့ကတော့ မျှော်မှန်းတာပေါ့” ဟု ပြည်နယ်ဝန်ကြီး ဦးနိုင်မင်းစိုးသိန်းက ပြောကြားခဲ့ပါသည်။ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှာ အရေးပါဆုံးဖြစ်ခဲ့သောကြောင့် ကုန်သွယ်မှု ပြန်လည်များပြားခဲ့ပြီး ယခုတည်ဆောက်မည့်လမ်း ပြီးစီးသွားပါက ကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက်လာနိုင်ကြောင်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များက သုံးသပ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်ဝါရီလ ၂၇ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

လမ်းဖြတ်ကူးရာတွင် မျဉ်းကြားမှ မကူးလျှင် ဖမ်းဆီးအရေးယူခြင်းခံရမည်



ရန်ကုန်မြို့ရှိ ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ အနေဖြင့် လမ်းဖြတ်ကူးရာတွင် မျဉ်းကြားမှ လမ်းဖြတ်ကူးခြင်းမရှိဘဲ၊ ကြုံသလို လမ်းဖြတ်ကူးနေသူများကို ဖမ်းဆီးပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

“ မျဉ်းကြားကနေ ကူးဖို့ လမ်းဖြတ်ကူးသူတွေကို စပီကာနဲ့ အော်ပြီး သတိပေးပါတယ်။ လိုက်နာမှုမရှိဘဲနဲ့ လမ်းကူးနေတဲ့ သူတွေကို ဖမ်းဆီးအရေးယူပါတယ်”ဟု ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှုးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
လမ်းဖြတ်ကူးသူများ အနေဖြင့် မျည်းကြားမှ မကူးဘဲ စည်းကမ်းမဲ့ လမ်းဖြတ်ကူးပါက ဒဏ်ငွေ(၂၀၀၀)ကျပ်၊ တရားရုံး ကုန်ကျစရိတ်ငွေ (၂၀၀)ကျပ်ဖြင့်စုစုပေါင်း (၂၂၀၀)ကျပ် ဒဏ်ငွေ ပေးဆောင်ရမည် ဖြစ်သည်။ ထို့ပြင် ဒဏ်ရိုက်ပြီး လမ်းစည်းကမ်းထိန်းသိမ်းရေး အသိပညာပေး ဗီဒီယိုကို ၂ နာရီခန့်ပြသပြီးပြန်လွှတ်ပေးကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

“ခုလို စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ဖမ်းပြီး ဒဏ်ရိုက်တာကောင်းပါတယ်။ လမ်းကူးတဲ့သူတွေလည်း စည်းကမ်းနဲ့ကူးဖြစ်သွားတာပေါ့၊ ပြီးတော့ အန္တရာယ်လည်း ကင်းတာပေါ့”ဟု အိမ်ရှင်မတစ်ဦးကပြောသည်။
ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပြပွဲ ၊ ပြိုင်ပွဲများပဉ္စမအကြိမ်မြောက်ကို ၂၀၁၂ - ခုနှစ် ဇန်န၀ါရီလ (၂၇)ရက်မှ (၃၀)ရက်အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမှု၌ ကျင်းပသွားမည် ဖြစ်ကြောင်း၂၂.၁.၂၀၁၂ ခုနှစ်ထုတ် မြန်မာသတင်းစာမှ သိရှိရသည်။

ဇော်မင်းထိုက် (ရွှေမြစ်မခ)

အခြေခံလူတန်းစားများအတွက် တစ်လ ၅၀၀၀၀ သွင်းပြီး တိုက်ခန်းရနိုင်ရန် စီစဉ်နေ


တန်ဖိုးနည်းတိုက်ခန်းများ ဆောက်လုပ်ရောင်းချရေးအတွက် ယခုအခါ သက်ဆိုင်ရာသို့ မြေနေရာတင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက အများပြည်သူအား တရားဝင် အသိပေးကာ ရောင်းချနိုင်မည့် အကြောင်းကို ပြောပြခဲ့သည်။ “တန်ဖိုးနည်း တိုက်ခန်းနှင့် ပတ်သက်ပြီး လာစုံစမ်းတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘယ်နေ့၊ ဘယ်အချိန်မှာ ရောင်းခွင့်ပေးမယ်ဆိုတာ မသိသေးပါဘူး။ သေချာတာက ရောင်းခွင့်ကျပြီဆိုတာနဲ့ နိုင်ငံပိုင် သတင်းစာကနေ ကြော်ငြာမယ်” ဟု အရောင်းတာဝန်ခံက ပြောပြခဲ့သည်။ ယခုဆောက်လုပ်ရန် လျာထားသော တန်ဖိုးနည်း တိုက်ခန်းများမှာ အခြေခံလူတန်းစားများအတွက် ရည်ရွယ်ကာ လစဉ်ကြေး တစ်လကျပ် ၅၀၀၀၀ ပေးသွင်းရုံဖြင့် တိုက်ခန်းရရှိနိုင်မည်ဖြစ်သည်။ တိုက်ခန်း၏ စုစုပေါင်း ကုန်ကျငွေပမာဏမှာ ကျပ် ၃၄ သိန်းဖြစ်ပြီး ဝယ်ယူခွင့်ရရှိသူမှ ကနဦးငွေကျပ် ၄ သိန်း ပေးသွင်းကာ ကျန်သိန်း ၃၀ အတွက် လစဉ်ကြေး ၅၀၀၀၀ ဖြင့် ငါးနှစ်ပေးသွင်းရမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။ ယခု တန်ဖိုးနည်းတိုက်ခန်း အစီအစဉ်ကို မြောက်ဒဂုံမြို့နယ် ၄၁၊ ၄၂ တိုးချဲ့ရပ်ကွက်မှာ စီမံဆောင်ရွက်လျက်ရှိကာ သက်ဆိုင်ရာဌာနသို့ တင်ပြထားခြင်းနှင့် ခွင့်ပြုချက် ရရှိပါက နိုင်ငံပိုင်သတင်းစာမှ တရားဝင် ကြေညာကာ ရောင်းချပေးမည်ဖြစ်သည်။ တန်ဖိုးနည်း တိုက်ခန်းတွင် ကျပ် ၃၄ သိန်း ဖြစ်သည်နှင့်အညီ အခန်းဖွဲ့စည်းပေးခြင်း မရှိဘဲ တိုက်ခန်းဝယ်ယူခွင့် ရရှိသူမှ မိမိစိတ်ကြိုက် အခန်းဖွဲ့ခြင်း၊ အလှဆင်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

အစိုးရ၀န်ထမ်းများ အရစ်ကျ စနစ်ဖြင့် ကားဝယ်နိုင်


အာမခံ စနစ် မလိုပဲ အရစ်ကျ စနစ်ဖြင့် အစိုးရ၀န်ထမ်းများအား ပြည်တွင်းထုတ် မော်တော် ယာဉ်များကို ရောင်းချပေးသွားမည် ဟု အားမာန်သစ် ကားထုတ်လုပ်ရေးမှ တာဝန်ရှိသူ က ဇန်န၀ါရီလ ၁၉ ရက်နေ့ တွင်ပြောသည်။ နိုင်ငံ့ ၀န်ထမ်းဖြစ်ကြောင်း သက်သေခံလက်မှတ် ရှိရမယ်။ ဘယ်ဌာန ဘယ်အဆင့်ဖြစ်ဖြစ်ရောင်းချပေးသွားမယ် ဟု ၄င်းကပြောသည်။ ရန်ကုန်၊ မန္တလေး နှစ်နေရာ၌ အရောင်းပြခန်း ဖွင့်လှစ်ကာ ရောင်းချပေးသွားမည်ဖြစ်ပြီး ၀ယ်ယူသူ အနေဖြင့် ယာဉ်တန်ဖိုး၏ တစ်ဝက်ကိုဦးစွာပေးချေရမည်ဟု သိရသည်။ ထိုသို့  ရောင်းချပေးမည့် ကားများမှာ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) လိုင်စင် အပြီးအစီး ဖြစ်ကြောင်းသိရသည်။ အားမာန်သစ် ကားထုတ်လုပ်ရေးမှ Light Truck အမျိုးအစားတူ AMTOB အား ကျပ် ၁၂၃ သိန်း၊ MTO 16 အား ကျပ် ၉၈ သိန်း၊ MINI BUS အားကျပ်သိန်း ၅၀ ဖြင့် ဇန်န၀ါရီလ ၁၉ ရက်မှ ၂၂ ရက်နေ့ အထိ မင်းဓမ္မလမ်း MCC ခန်းမ ကားပြပွဲ တွင် ရောင်းချခဲ့ ကြောင်း သိရသည်။

မြန်မာအစိုးရ၏ ဒီမိုကရေစီပြောင်းလဲမှုများကို အားရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထုတ်ဖော်ပြောကြား



ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာအစိုးရ၏ ဒီမိုကရေစီ ပြောင်းလဲမှုများနှင့် ပတ်သက်၍ ချီးကျူးပြောကြားလိုက်ပြီး မိမိအနေဖြင့် မြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း အလည်အပတ်ခရီးသွားရောက်ရန် အစီအစဉ်ရှိကြောင်း ဇန်နဝါရီ ၂၅ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။ သမ္မတဦးသိန်းစိန် ဦးဆောင်သော လက်ရှိမြန်မာအစိုးရသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်ပေးမှုများအပါအဝင် သိသာထင်ရှားသော ပြောင်းလဲမှုများအတွက် မိမိဝမ်းမြောက်ဝမ်းသာဖြစ်ရပြီး ကျေနပ်အားရမှုလည်းဖြစ်ရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက နယူးယောက်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားလိုက်သည်။ မြန်မာအစိုးရ ခေါင်းဆောင်များနှင့် တိုက်ရိုက်ထိတွေ့ပြောဆိုရာတွင် မိမိအနေဖြင့် ကိစ္စရပ်အချို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောကြားသည်။ မြန်မာအစိုးရခေါင်းဆောင်များနှင့် အနာဂတ်ရေးရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးရန် မကြာမြင့်သော အချိန်အတွင်း မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်ရန်လည်း စီစဉ်နေကြောင်း မစ္စတာဘန်ကီမွန်းက ပြောကြားသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် ယခုအကြိမ်သည် တတိယအကြိမ်မြောက် ခရီးစဉ်လည်းဖြစ်သည်။ မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က နောက်ဆုံး အကြိမ်လာရောက်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

မီးခိုးဗုံးဖြင့် ပစ်ပေါက်ခြင်းကြောင့် အိမ်ဖြူတော်အား ပိတ်ချလိုက်သည်


အင်္ဂါနေ့ (၁၇.၁.၂၀၁၂) ညပိုင်းတွင် အမေရိကန် သမ္မတ၏ စံအိမ်တော် ဖြစ်သော အိမ်ဖြူတော် (The White House) ၏ ခြံစည်းရိုးအားကျော်၍ ဝင်းအတွင်းသို့ မီးခိုးဗုံးဟု ယူဆရသော ပစ္စည်း တစ်ခုအား တစ်စုံတစ်ယောက်က ပစ်လိုက်သဖြင့် အိမ်ဖြူတော်အား ပိတ်ချ (locked down) လိုက်ရပြီး အာဏာပိုင်များက ယင်းကိစ္စအား စုံစမ်းစစ်ဆေးနေကြသည်ဟု လုံခြုံရေးအဖွဲ့ Secret Service မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

"Occupy DC" ဟုခေါ်သော ဆန္ဒပြသမား ၁၀၀၀ မှ ၁၅၀၀ ခန့် အိမ်ဖြူတော် အပြင်ဘက်တွင် ဆန္ဒပြနေသော အချိန် အတောအတွင်း မီးခိုးဗုံးဟု ယူဆရသော ကိရိယာအား ပစ်ထည့်ခဲ့ခြင်း ဖြစ်သည်ဟု လုံခြုံရေးအဖွဲ့ Secret Service မှ ပြောရေးဆိုခွင့်ရှိသူ ဂျော့ အိုဂေလ်ဗီ (George Ogilvie) က ပြောသည်။ အာဏာပိုင်များသည် ၎င်း ပစ္စည်းအား ရှင်းလင်းပစ်ရန် သင့်လျော်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်နေသည်ဟု သူကဆက်၍ ပြောသည်။

ဆန္ဒပြသူအများစုသည် အိမ်ဖြူတော် တစ်ဝိုက်မှ ထွက်ခွာသွားကြပြီး ဖမ်းဆီးမှုလည်း မရှိကြောင်း သူကပြောသည်။ သမ္မတ ဘားရက် အိုဘားမား နှင့် ဇနီး မီရှဲလ် (Michelle) တို့သည် ညစာစားရန် အပြင်သို့သွားနေကြသည်ဖြင့် မီးခိုးဗုံး ဝင်းအတွင်းသို့ ကျလာစဉ်တွင် အိမ်ဖြူတော်တွင် မရှိကြပါ။ အိမ်ဖြူတော် သတင်းအဖွဲ့ (White House press pool) မှ လူများအား အပြင်သို့ မထွက်ရန် တားမြစ်ထားသည်။

Ref: Internet

White House locked down after smoke bomb tossed (news.yahoo.com/white-house-locked-down-smoke-bomb-tossed-031842527)
ကောင်းသစ်ရည် (မြန်မာသတင်းရပ်ဝန်း)


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ တတိယပုံမှန် အစည်းအဝေးသို့ ပေးပို့သည့် သ၀ဏ်လွှာ


သို့

ဥက္ကဋ္ဌ

ပြည်သူ့လွှတ်တော်/အမျိုးသားလွှတ်တော်

အကြောင်းအရာ ။ သဝဏ်လွှာပေးပို့ခြင်း

၁။ နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးငှာ ဆွေးနွေး ညှိနှိုင်းနိုင်ရန်အတွက် စတင်ကျင်းပသည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော်/အမျိုးသားလွှတ်တော် တတိယအကြိမ် ပုံမှန် အစည်း အဝေးသို့ တက်ရောက် လာကြသည့် ဥက္ကဋ္ဌကြီး နှင့်တကွ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသြာ ကပါစေကြောင်း ဆုတောင်း မေတ္တ ပို့သ အပ်ပါသည်။


၂။ လွှတ်တော် ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များက နိုင်ငံနှင့် ပြည်သူအကျိုးငှာ ဥပဒေ ရေးရာ၊မူဝါဒ ရေးရာများကို အားသွန်ခွန်စိုက် ညှိနှိုင်း ဆွေးနွေး ဆုံးဖြတ် ဆောင်ရွက်လျက် ရှိသကဲ့သို့ မိမိတို့ ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များကလည်း (၃ဝ-၃-၂ဝ၁၁)ရက်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြား ခဲ့သည့် ပြည်ထောင်စု အစိုးရသစ်၏ မူဝါဒ သဘောထား လမ်းစဉ် များနှင့်အညီ အားကြိုး မာန်တက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြပါသည်။


၃။ နိုင်ငံနှင့် ပြည်သူသို့ ကတိကဝတ် ပြုခဲ့ပြီး ဖြစ်သည့်အတိုင်း နိုင်ငံ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး၊ ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ နိုင်ငံသားများ၏ မူလ အခွင့်အရေး များရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေး အဆင့် အတန်း မြှင့်တင်ရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေး၊ နိုင်ငံနှင့် ပြည်သူ၏ အနာဂတ် လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက် မြင့်မားရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကိုယ်စွမ်း ညာဏ်စွမ်း ရှိသမျှ ပြုပြင် ပြောင်းလဲ ကြိုးပမ်း ဖော်ဆောင်လျက် ရှိပါသည်။


၎။ အထူးသဖြင့် ပြည်သူ တိုင်း၏လိုလား တောင့်တချက် ဖြစ်သည့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ နိုင်ငံတော် ခေတ်မီ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး သို့မဟုတ် ဥပဒေနှင့် အညီ လွတ်လပ်စွာ နေထိုင် လုပ်ကိုင် စားသောက် နိုင်ရေးတို့ကို အလေးထားပြီး တစိုက် မတ်မတ် ကြိုးပမ်း ဖော်ဆောင် ပေးလျက်ရှိပါသည်။


၅။ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အတွင်း ထာဝရ ငြိမ်းချမ်းရေး ရရှိ စေနိုင်ရန် အတွက် နိုင်ငံ၏ ပကတိ အရှိတရားနှင့် အတိတ်သမိုင်း အတွေ့ အကြုံများ အပေါ် အခြေခံလျက် ယခင်ကနှင့် မတူသည့် မူများကို ကျင့်သုံးကာ ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။ ယနေ့အထိ ငြိမ်းချမ်းရေး ရယူနိုင်ခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၁)ဖွဲ့လုံးနှင့် ထိတွေ့ ဆွေးနွေး ညှိနှိုင်းပြီး အဖွဲ့(၆)ဖွဲ့နှင့် အခြေခံ သဘော တူညီချက် များကို လက်မှတ် ရေးထိုး ဆောင်ရွက် နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကျန်အဖွဲ့ (၅)ဖွဲ့နှင့်လည်း ထိတွေ့ ညှိနှိုင်း ဆွေးနွေး လျက်ရှိရာ ခြုံငုံ သုံးသပ်ရပါက ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များ တိုးတက် အောင်မြင်ပြီး အခြေအနေ ကောင်းမွန်သည်ကို တွေ့မြင် နိုင်ပါသည်။ ဆက်လက်၍လည်း ထာဝရ ငြိမ်းချမ်းရေး ရရှိအောင်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။


၆။ ထို့ပြင် နိုင်ငံတော် တည်ငြိမ်ရေး အတွက် အမျိုးသား စည်းလုံး ညီညွတ်ရေး ဖော်ဆောင်နိုင်ရန် အမြင် သဘောထား မတူသည် များကို ထားပြီး အမြင် သဘောထား တူညီသည်များကို ပြည်သူများအကျိုးအတွက် ပူးပေါင်း ဆောင်ရွက်ရေး မူဖြင့် ကြိုးပမ်း ဆောင်ရွက် ခဲ့ပါသည်။ အမျိုးသား နိုင်ငံရေး လုပ်ငန်း စဉ်များတွင် အားလုံး ပါဝင် နိုင်အောင် ဆောင်ရွက် သင့်သည် များကိုလည်း ဆောင်ရွက်ပေး ခဲ့ပါသည်။ အကြောင်း အမျိုးမျိုးဖြင့် ပြည်ပရောက် နေကြသော နိုင်ငံသား များကိုလည်း နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ် များတွင် ပါဝင်နိုင်အောင် လက်ကမ်း ဖိတ်ခေါ် ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်မှုကြောင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး တိုးတက် ကောင်းမွန်လာပြီး ပြည်တွင်း နိုင်ငံရေး တည်ငြိမ်မှု ရှိလာသည်ကိုလည်း တွေ့မြင် နိုင်ပါသည်။


၇။ နိုင်ငံ ခေတ်မီ ဖွံ့ဖြိုး တိုးတက် စေရန်နှင့် ပြည်သူ တို့၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက် စေရန် ရည်စူး၍ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲ မြှင့်တင်မှု များကိုလည်း တစိုက် မတ်မတ် ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံ၏ စီးပွားရေး အဆောက် အအုံ တစ်ခုလုံး ပြောင်းလဲ တိုးတက် လာစေရန် အတွက် ငွေကြေး မူဝါဒ၊ ဘဏ္ဍာရေး မူဝါဒ၊ ကုန်သွယ်ရေး မူဝါဒနှင့် ရင်းနှီး မြှုပ်နှံမှု မူဝါဒများကို ပြန်လည် သုံးသပ်ပြီး ပြုပြင် သင့်သည်များကို အရှိန် အဟုန်ဖြင့် ပြုပြင် ဆောင်ရွက်ပေးလျက် ရှိပါသည်။ အထူးသဖြင့် ရင်းနှီး မြှုပ်နှံမှု နယ်ပယ်၌ ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ပိုမို ဝင်ရောက် လာနိုင်ရန် ရေခံ မြေခံ ပတ်ဝန်းကျင် ကောင်းများ ဖြစ်ထွန်း လာရေး ပြုပြင် ဖော်ဆောင် ပေးလျက် ရှိပါသည်။ ကူးသန်း ရောင်းဝယ်မှု လုပ်ငန်းများ၊ ပို့ကုန် သွင်းကုန် လုပ်ငန်းများ သွက်လက် ချောမွေ့ ဖွံ့ဖြိုး လာစေရေး အတွက်လည်း လုပ်ထုံး လုပ်နည်း ဆိုင်ရာ ဖြေလျှော့မှုများ ဆောင်ရွက် ပေးလျက် ရှိပါသည်။


၈။ ထို့ပြင် ပြည်သူများ၊ တောင်သူ လယ်သမားများနှင့် အလုပ် သမားများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုး လာစေရန် တတ်နိုင်သမျှ ကူညီ ဆောင်ရွက် ရမည်ဟူသည့် အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် အညီ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး လုပ်ငန်း စဉ်များကိုလည်း နိုင်ငံ တစ်ဝန်းလုံး၌ လက်တွေ့ ကျကျ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ လုပ်ငန်း ကဏ္ဍ (၈)ရပ်ချမှတ်ပြီး တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃ဝ၊ မြို့နယ်ခွဲ ၈၂ ခု တို့၌ အောက်ခြေ အထိဆင်းပြီး ကျေးလက် ပြည်သူများနှင့် ပူးပေါင်းလျက် လက်တွေ့ထိ ရောက်အောင်မြင်အောင် ဆောင်ရွက် လျက်ရှိပါသည်။


၉။ ဒီမိုကရေစီ ဖော်ဆောင်ရေး သို့မဟုတ် ဥပဒေနှင့် အညီ လွတ်လပ်စွာ နေထိုင် လုပ်ကိုင် စားသောက် နိုင်ရေး အတွက်လည်း ဒီမိုကရေစီရေး၊ လူ့အခွင့် အရေးများကို အခြေခံ ဥပဒေနှင့် အညီ မြှင့်တင် ဖော်ဆောင် ပေးလျက် ရှိပါသည်။


၁ဝ။ ထိုသို့ ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံတွင် ပြုပြင် ပြောင်းလဲမှု များဖြင့် နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးကို အကောင် အထည်ဖော် ဆောင်ရွက် မှုများနှင့် တစ်ပြိုင်တည်း နိုင်ငံတကာ ဆက်ဆံ ရေးကိုလည်း ကျယ်ကျယ် ပြန့်ပြန့် မြှင့်တင် ဆောင်ရွက်ခဲ့ရာ နိုင်ငံတကာနှင့် ချစ်ကြည်မှု၊ နားလည်မှုများ ပိုမို မြင့်မား လာသည်ကို တွေ့မြင် နိုင်ပါသည်။


၁၁။ ထိုသို့ နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးအတွက် ဘက်စုံ၊ ထောင့်စုံမှ ပြုပြင် ပြောင်းလဲ ဆောင်ရွက်ရာတွင် အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ဥပဒေပေါင်း (၁၅)ခုကိုအသစ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင ဖြည့်စွက်ခြင်း ပြုလုပ်ခဲ့ရပါသည်။ ထိုသို့ ဥပဒေသစ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်း အပါအဝင် အထက်၌ တင်ပြခဲ့သည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စု လွှတ်တော်၏ ထောက်ခံ အားပေးမှု ရရှိခဲ့သည့် အတွက် အထူးကျေးဇူးတင် ရှိပါသည်။


၁၂။ မိမိတို့နိုင်ငံသည် ပါတီစုံ ဒီမိုကရေစီစနစ်နှင့် နှစ်ပေါင်း (၄ဝ)ကျော် ကင်းကွာခဲ့ရသည့် အတွက် ယခုကဲ့သို့ လွှတ်တော်အဆင့်ဆင့် ပေါ်ပေါက်လာချိန်တွင် လွှတ်တော်အတွင်း လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ ခက်ခက်ခဲခဲ ရှာဖွေလေ့လာ ကျင့်သုံးခဲ့ရသည်ကို တွေ့ရှိရပါသည်။သို့သော်လည်း လွှတ်တော်ဥက္ကဋ္ဌများ၏ စွမ်းရည်ရှိရှိ ဦးဆောင်မှု၊ လွှတ်တော် ကိုယ်စားလှယ်များ၏ပါဝင် ပူးပေါင်း ကြိုးပမ်းဆောင်ရွက်မှု များကြောင့် နိုင်ငံနှင့် ပြည်သူအကျိုးအတွက် အဓိကကျသည့် ဥပဒေသစ်များ ပြဋ္ဌာန်းခြင်း၊ ဥပဒေဟောင်းများကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ အရေးကြီးသည့်မူဝါဒများကို ဆွေးနွေး ချမှတ်ခြင်း စသည်တို့ကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ကြောင်း ဝမ်းသာဂုဏ်ယူဖွယ် တွေ့ရှိရပါသည်။


၁၃။ ထို့အတူ ယခုစတင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်/အမျိုးသားလွှတ်တော် တတိယအကြိမ် ပုံမှန် အစည်း အဝေးတွင်လည်း တန်ဖိုးရှိလှသော လွှတ်တော် အစည်းအဝေး ကာလအတွင်း နိုင်ငံနှင့် ပြည်သူများအတွက် အဓိက အရေးကြီးမည့် ဥပဒေရေးဆိုင်ရာ ကိစ္စများ၊ မူဝါဒဆိုင်ရာနှင့် ပြည်ထောင်စု ရေးရာကိစ္စများကို ပိုမိုအလေးထား အကောင် အထည်ဖော် ဆွေးနွေးဆောင်ရွက် သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။


၁၄။ မိမိတို့ ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့နှင့် လက်တွဲပြီး နိုင်ငံနှင့် ပြည်သူတို့၏ အနာဂတ်ဘဝ သာယာ လှပစေရန်အတွက် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလ တရားများထွန်းကားသည့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ထွန်း ပေါ်ပေါက်လာစေရန်နှင့် ရေရှည် တည်တံ့ ရှင်သန်နိုင်စေရန် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သဝဏ်လွှာအဖြစ် ပေးပို့အပ်ပါသည်။


(သိန်းစိန်)

နိုင်ငံတော်သမ္မတ

ထိုင်း၊ စင်ကာပူနှင့် မလေး ငွေပို့ငွေလွှဲ ဝန်ဆောင်မှု ပြည်တွင်းဘဏ်အချို့ ဖေဖော်ဝါရီ စမည်


ပြည်ပရောက် မြန်မာလုပ်သားများ တရားဝင် ငွေလွှဲပို့ရန် ဝန်ဆောင်မှုများကို ပြည်တွင်းဘဏ်အချို့က ဖေဖော်ဝါရီတွင် စတင်၍ ဆောင်ရွက်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း ပုဂ္ဂလိကဘဏ် လေးခုဖြစ်သည့် သမဝါယမဘဏ်(CB ဘဏ်)၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)ဘဏ်တို့က စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် တရားဝင်ငွေလွှဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ကျွန်တော်တို့ ဘဏ်ကတော့ ဖေဖော်ဝါရီ လလယ်လောက်မှာ စင်ကာပူကို တရားဝင်ငွေလွှဲအတွက် ဝန်ဆောင်မှု စတင်တော့မှာပါ။ အဲဒီအတွက် ပန်နီဆူလာပလာဇာမှာ ရုံးခန်းကအစ စီစဉ်ပြီးသွားပါပြီ။ မလေးရှားကတော့ ဧပြီလောက်မှ စနိုင်ပါမယ်” ဟု အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက ပြောသည်။ “ကျွန်မတို့ ဧရာဝတီဘဏ်ကလဲ ဖေဖော်ဝါရီ ဒုတိယပတ်လောက်မှာ လုပ်ဖို့စီစဉ်နေပါတယ်။ ဘဏ်ခွဲပဲ ဖွင့်ဖြစ်မလား၊ ကိုယ်စားလှယ်ရုံးခွဲပဲ ဖွင့်ဖြစ်မလား ဆိုတာကိုတော့ ဥက္ကဋ္ဌက ခရီးသွားနေတော့ အတိအကျ မသိသေးပါဘူး” ဟု ဧရာဝတီဘဏ်မှ ဈေးကွက်မန်နေဂျာ ဒေါ်သန်းမြင့်က ပြောသည်။ CB ဘဏ်က စင်ကာပူနိုင်ငံ၊ ဧရာဝတီဘဏ်က မလေးရှားနိုင်ငံ၊ ကမ္ဘောဇဘဏ်က ထိုင်းနိုင်ငံနှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး (AGD)ဘဏ်က စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် ငွေလွှဲခြင်း လုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်ပရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် ပြည်ပရှိ ပြည်တွင်းဘဏ်များမှ ငွေလွှဲပါက ပြည်တွင်းရှိ သက်ဆိုင်ရာ ဘဏ်များ၏ ငွေလွှဲကောင်တာများမှတစ်ဆင့် ငွေကြေးပေါက်ဈေး နှုန်းထားများအတိုင်း လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် အစိုးရဘဏ်များကလည်း ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် ဘဏ်ခွဲများ ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။