Subscribe to our RSS Feed

အိပ်ပျော်စဉ်သရေကျတာ


လူတိုင်းမှာ သွားရည်ထွက်ပေးတဲ့ Glands အိပ်တွေက အကြီး ၃ ခုနဲ့ အသေးလေးတွေ ရှိကြတယ်။ သွားရည်ဆိုတာ အစာထဲမှာ အများဆုံးပါတတ်တဲ့ ထမင်းထဲက Starch (ကော်) ကို ချေဖျက်ပေးနိုင်စွမ်းရှိတဲ့ Enzyme (အင်ဇိုင်း) ဖြစ်တယ်။ ပိုးစာကောင်တွေရဲ့တံတွေးက လူ့သွားရည်ထက် အဖိုးတန်တယ် Silk ပိုးထုတ်ပေးတာကိုး။

ပါးစပ်ဟပြီးအိပ်ရင် သွားရည်ကျစေတာတော့ အမှန်ဘဲ။ ဒီတော့ ပါးစပ် ပလာစတာကပ် အိပ်ပေတော့။ ရီစရာသဘော ပြောတာပါ။ "ရှက်စရာ" ဆိုတာ သူများမြင်မှ ရှက်တာနဲ့ ကိုယ့်ကိုယ်ကို ရှက်တာ မတူပါ။ ကိုယ်တိုင်သိသူက ပညာ ပိုရှိတယ်။

ယေဘူယျပြောရရင် အိပ်နေတုံး ပါးစပ်ဟ အသက်ရှူလို့ပါ။ ပါးစပ်ဟနေချိန်မှာ သွားရည် (တံတွေး)ထွက်တဲ့ အိတ်တွေ အလုပ်လုပ်တယ်။ များများလာတော့ ပါးစပ်ကနေ လျှံကျလာတာပေါ့။ လူဆိုတာ နှာခေါင်းနဲ့သာ အသက်ရှူပြီး၊ ပါးစပ်နဲ့ အသက်ရှူတာကို မဖြစ်လှမှ လုပ်ကြတယ်။ ဒီတော့ မဖြစ်လှတာက ဘာလဲ။ အသက်ရှူလမ်းမှာ တခုခုဖြစ်နေလို့။ နှာခေါင်း၊ နား၊ လေပြွန်၊ အဆုပ်တွေ စစ်ရလိမ့်မယ်။ နှာစေး၊ အအေးမိ၊ (ဆိုင်းနပ်စ်) ဖြစ်၊ နှာခေါင်းထဲမှာ အလုံးဖြစ်၊ ပန်းနာ၊ အသက်ရှူကြပ်၊ လည်ချောင်းနာ၊ ဆုံဆို့နာ၊ အာသီးရောင် စတာတွေ ပါတယ်။ စစ်ပါ၊ ကုပါ။

ရုပ်ပိုင်းဝေဒနာ မရှိဘဲ စိတ်ရှုတ်ချိန်မှာမို့ ပါးစပ်နဲ့ အသက်ရှူနေတာလား ဆန်းစစ်ပါ။ နေ့ခင်းမှာ အသက်ရှူတာ ကိုယ်ကိုယ်ကို သတိထား ကြည့်ပါ။ ပါးစပ်နဲ့ ရှူနေတာကို ပြင်ဘို့ ကြိုးစားပါ။ လေ့ကျင့်နည်း တခုက နှာခေါင်းနဲ့ အသက် ပြင်းပြင်း-ရှည်ရှည် ရှူပါ။ ရုပ်ရှင်တွေ ကြည့်ဘူးမှာပါ။ တခုခု ထိခိုက်-ကျေကွဲ-ကြောက်လန့်စရာရှိရင် မင်းသားကနေ မင်းသမီးကို "Take a deep breath အသက်ပြင်းပြင်းရှူ" လို့ ပြောလေ့ရှိတယ်။ မှန်တယ်ဗျ။ စိတ်ငြိမ်လာစေတယ်။

မိဘတွေက ကိုယ့်ကလေးကို ပါးစပ်ကို အမြဲပိတ်ထားစေတဲ့အကျင့် သင်ပေးတတ်တယ်။ ကောင်းတယ်။ လူတယောက်ကို ကြည့်ပါ။ သူ့ပါးစပ် ဟနေရင် အဲဒီလူဟာ သူ့ကိုယ်သူ ယုံကြည်မှု နည်းနေချိန်ဖြစ်တယ်။ ပါးစပ်ဟောင်းလောင်း ဖြစ်နေတာက အံ့သြနေတာ၊ ကြောက်လန့်နေတာ၊ တနည်းပြောရရင် သူများအတွက် လိုက်တုံ့ပြန်နေရတာမျိုး။ ကိုယ်က ဦးဆောင်၊ ပြဋ္ဌာန်းနေချိန် မဟုတ်ဘူး။

သွားရည် များစေတတ်တဲ့ ရောဂါတွေလည်း ရှိတယ်။ အစာလမ်းမှာ Acid reflux အက်စစ်များတာမျိုးလည်း ပါတယ်။ ဆေးလိုလိမ့်မယ်။ အစာစားတာပြင်ဘို့လိုမယ်။

အိပ်တဲ့ပုံစံကို ပြောင်းကြည့်ပါ။ ပက်လက် စန့်စန့် အိပ်ကြည့်ပါ။ စောင်းအိပ်ရတာလောက်တော့ ဇိမ်မကျဘူးပေါ့။ ပက်လက် ဆိုရင် ပါးစပ်ဟဘို့ အခွင့်အလမ်းနည်းတယ်။ ပါးစပ် ကောင်းကောင်း မပိတ်အုံးတော့ သွားရည်တွေ ခေါင်းအုံးအထိ ကျလာမှာကို တားရာရောက်မယ်။ ပက်လက်အိပ်ရတာ ကျင့်ဘို့ wedge pillows စပါယ်ရှယ်ခေါင်းအုံး သုံးနိုင်တယ်။

အိပ်ရင် သွားရည်ကျတာ ကြာတော့ အလေ့အထလို ဖြစ်လာတယ်။ ဒီအကျင့်က ဖျောက်ဘို့ ခက်တာမို့ အလွယ်နဲ့ စိတ်မပျက်ပါနဲ့။ "ခက်တာကို ရအောင်လုပ်မယ်" လို့ သန္နိဋ္ဌာန်ချ လုပ်ကြည့်ပါ။ ဒီအရေးမှာ တိုးတက်၊ အောင်မြင်ရင် သင်ဟာ အရာရာအတွက်ပါ စိတ်တန်းခိုး တိုးလာပါလိမ့်မယ်။

 Myanmar Express 

ဝက်ခြံထွက်သူများ အတွက်




ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု
ဝက်ခြံ ပေါက်တဲ့အခါ ဝက်ခြံပျောက် သွားရင်တောင် အစက်အပြောက်တွေ ထင်ကျန်ရစ်တတ်ပါတယ်။
တစေးဟာ ဘက်တီးရီးယားပိုးတွေကို တွန်းလှန် နိုင်ပြီး လီမွန်သီးအရည်က အမည်းစက် နဲ့ အပြစ်အနာအဆာတွေကို
သက်သာ စေပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘီယာချက်ရာတွင် သုံးတဲ့တစေး
  • လီမွန်သီး အရည်၊
  • ရေ

ပြုလုပ်နည်း

ဘီယာချက်တဲ့အခါမှာ သုံးတဲ့ တစေး (brewer’s yeast) ကို ပျစ်တဲ့ အရော အနှောရအောင် လီမွန်သီးအရည်တစ် စက်၊
ရေသင့်တင့်ရုံပမာဏနဲ့ ရောလိုက် ပါ။ ဝက်ခြံနဲ့ အပြစ်အနာအဆာတွေပေါ် လိမ်းပြီး ၁၀ မိနစ်လောက်ထားပါ။



ပင်စိမ်းရွက်တိုနာ
ဒီနည်းဟာ ဝက်ခြံပေါက်လွယ်တဲ့ အရေပြားအတွက် အထူးသင့်တော်ပါ တယ်။
ပင်စိမ်းရွက်ဟာ ပိုးသတ်အာနိ သင်ရှိပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီး ယားပိုးတွေ ကင်းစင်စေကာ
အရေပြားဆီ သို့ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေ ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပင်စိမ်းရွက်ခြောက်မှုန့် ထမင်းစား ဇွန်း သုံးဇွန်း၊
  • ရေနွေးတစ်ခွက်၊
ပြုလုပ်နည်း

ခြောက်သွေ့တဲ့ ပင်စိမ်းရွက်တွေနဲ့ ဆူ ပွက်နေတဲ့ ရေနွေးတစ်ခွက်ကို ထည့်ကာ ရောမွှေပြီး အေးအောင်ထားပါ။
အရွက် တွေကို စစ်ထားပြီး စပရေးဖျန်းလို့ရတဲ့ ပုလင်းထဲထည့်ကာ အရေပြားကို ပက် ဖျန်းပေးပါ။
မျက်နှာသန့်စင်ပြီးတိုင်း မျက် နှာပြင်အနှံ့ ဝါဂွမ်းစနဲ့ တိုနာ လိမ်းသလို လိမ်းပေးပါ။
 Myanmar Express 

လူငယ်မီဒီယာသမားတို့ ယခုကတည်းက ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်သည့်လမ်းပေါ် တင်ထားသင့်

From : myanmar times


လူငယ်မီဒီယာသမားတို့သည် မိမိတို့ဘ၀တွင် ရှေးက စံထားခဲ့ကြသော သတင်းစာဆရာကြီးများ
ကဲ့သို့ လူရိုသေ ရှင်ရိုသေ တစ်သက်လုံး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေးအတွက် ယခုက တည်းက
ကြိုတင်၍ ပြင်ဆင်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အကြံပေးစကား ပြောကြားခဲ့သည်။
"လူငယ်သတင်းသမားတွေ သတင်းတွေယူ တဲ့၊ မေးတဲ့အခါမှာ၊ အခြေအနေတွေကို သုံးသပ် တဲ့
အခါမှာ လေးလေးနက်နက် လုပ်ကြပါ။ အပေါ်ယံကြော မကြည့်ပါနဲ့။ နောက်တစ်ခုက လူတွေ၊
အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်လို့ ရှေ့နောက်ညီရဲ့လားဆိုတာ သေသေချာချာ
သုံးသပ်ဖို့လိုတယ်။ ခုတစ်မျိုး၊ ခုတစ်မျိုးဆိုတဲ့ဟာမျိုးက ဘယ်တော့မှ စိတ်မချရဘူးဆိုတာသိရ
မယ်။ အပေါ်ယံကြောကြည့်ပြီး ဆုံးဖြတ် ချက်ချမိရင် နိုင်ငံ့အကျိုးလည်းမပြု၊ ဘယ်သူ့ကို မှလည်း
အကျိုးမပြုနိုင်ဘူး။ အမေကတော့ မီဒီယာကို တစ်ချိန်လုံး သတိပေးနေပါတယ်။ လူငယ်မီဒီယာ
တွေဟာ အခုကတည်းက ကိုယ့် ကိုယ်ကိုယ် ဖြောင့်မတ်တဲ့လမ်းပေါ် တင်ထားကြပါ။ နောက်
အသက်ကြီးလာမှဆိုရင် ပြောင်းရ၊ ပြင်ရ ခက်တယ်"ဟု ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စု
လွှတ်တော် ပဉ္စမအစည်း အဝေး ပထမနေ့၊ အောက်တိုဘာ ၂၂ ရက်တွင် မီဒီယာများနှင့် ခေတ္တ
တွေ့ဆုံစဉ် ပြောကြားခဲ့ ခြင်းဖြစ်သည်။
ထို့ပြင် အောက်တိုဘာ ၂၁ ရက်နေ့က ပြုလုပ် ခဲ့သော နိုင်ငံတော်သမ္မတ၏ ပထမဆုံးအကြိမ်
သတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်ပြီး မည်သို့သဘောထားပါသလဲဟူသည့် အမေးနှင့်ပတ်သက်၍
လည်း "အခုလို မီဒီယာနဲ့ ထိတွေ့ ဆက်ဆံတယ်ဆိုတာ ကောင်းပါတယ်။ အစိုးရနဲ့ မီဒီယာနဲ့
ဆက်ဆံသင့်တာပေါ့။ မီဒီယာတွေက လည်း ဒီလိုဆက်ဆံခြင်းအားဖြင့် အခြေအနေ တွေကို
သုံးသပ်နိုင်တာပေါ့။ မီဒီယာတွေဘက် ကလည်း အရေးကြီးပါတယ်။ မီဒီယာအနေနဲ့ အဖန်ဖန်
သုံးသပ်နိုင်မှသာ လူတွေအကြောင်းကို သိတာ။ တစ်ခါ နှစ်ခါ တွေ့ရုံလောက်နဲ့တော့ အကြောင်း
မသိနိုင်ဘူး။ ကိုယ့်မိတ်ဆွေတွေ တောင်မှ အဖန်ဖန်သုံးသပ်မှ သိနိုင်တာ။ အစိုးရ ဆိုရင် ပိုပြီးတော့
တောင်မှ အဖန်ဖန် အကြိမ်ကြိမ် တွေ့ပြီး သုံးသပ်ရမှာပေါ့"ဟုဖြေကြားခဲ့သည်။
သမ္မတကြီး၏ဖြေကြားချက်များအပေါ် မီဒီယာအများစုတို့က အားရမှုနည်းပါးခဲ့ခြင်းနှင့် ပတ်သက်၍
၎င်းက ဤသို့ဖြေကြားခဲ့သည်။
"အစိုးရအဖွဲ့အနေနဲ့တော့ ဒီလိုပဲရှိမှာပါ။ ဒါ ကြောင့် ပြောတာပေါ့။ အခုလို ကိုယ့်ဘာသာ ကိုယ်သိ
ကြရတော့ ပိုပြီးကောင်းတာပေါ့။ နောက်ပြီးတော့လည်း အစိုးရအဖွဲ့နဲ့ လွှတ်တော် ရဲ့သဘာဝက
မတူကြဘူး။ လွှတ်တော်က သဘာဝအရ ပိုပြီးတော့ အစိုးရအဖွဲ့ထက် ပွင့်လင်းမှုရှိတယ်။
မပွင့်လင်းလို့လည်း မရဘူး လေ။ လွှတ်တော်ကိုယ်စားလှယ်က ၆၅၁ ယောက်ရှိတာဆိုတော့
ဘယ်အရာကိုမှ ဖုံးထား ဖိထားလို့မှ မရဘဲ"ဟု မြန်မာတိုင်း(မ်)ကို ဖြေကြား ခဲ့သည်။
ထို့ပြင် လူငယ်မီဒီယာသမားတို့အနေဖြင့် ယခုကဲ့သို့ မီဒီယာခေတ်ဖြစ်လာချိန်တွင် အထူးသတိ
ထားပြီး မိမိကိုယ်မိမိ ထိန်းမတ်ရမည့် အဓိကအချက်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်က
အကြံပေး ပြောကြားခဲ့သည်။
"အခုခေတ်က မီဒီယာခေတ်၊ မီဒီယာက တော်တော်ဩဇာရှိလာပြီ။ ဩဇာရှိလာတဲ့ အလျောက်
မြောက်သွားတတ်တယ်။ ပိုးဝင်သွား နိုင်တယ်။ အမြဲသတိထား၊ ကိုယ့်ကိုယ်ကိုယ်လည်း သတိ
ထား၊ သူများတွေကိုလည်း ကြည့်နေ၊ နေရာ၊ အာဏာနဲ့ ဩဇာတွေမှာ သာယာသွားနိုင် တယ်။
ပိုးဝင်နိုင်တယ်။ ဘယ်သူက ပိုးဝင်သွား သလဲဆိုတာ ကြည့်နေဖို့လိုတယ်။ ပိုးဝင်သွားတာ နှဲ့ငါည
ကလေးတွေ ပြတတ်တယ်။ မြင်အောင် ကြည့်ဖို့လို တယ်။ ရှေ့နောက်မညီတဲ့စကားတွေ၊ လုပ်ရပ်
တွေ၊ (နေရာ၊ အာဏာနဲ့ ဩဇာအပေါ်) သာယာယစ်မူးလာတဲ့ကိစ္စတွေ။ "ဩဇာ၊ အာဏာရှိလာရင်
ပျက်စီးတတ် တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အမြဲဆင်ခြင်နေ ရမယ်။ ငါတို့ပြောလိုက်တယ်ဆိုရင်
လူ တစ်ယောက်ရဲ့ဘ၀ကို ပြောင်းလဲနိုင်စေတယ်ဆိုတဲ့အသိ ထားရမယ်။ ဒါဟာ ဩဇာအာဏာလို့
မမြင်နဲ့၊ သာယာဖို့ မဟုတ်ဘူး၊ ဒါဟာ တာဝန်လို့ သတ်မှတ်ရမယ်။ ရိုးရိုးပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေး
ကိုယ်တာ အတင်းအဖျင်းတွေကို ရေး သားဖော်ပြ တာမျိုးဟာ တကယ်တော့ တိုင်းပြည်နဲ့လည်း
မဆိုင်ဘူး။ မိမိရဲ့ အသိုက်အ၀န်း အကျိုးစီးပွားနဲ့ လည်း မဆိုင်ဘဲ လူတွေဖတ်လို့ကောင်းအောင်
ရေးတာမျိုးဟာ ပုဂ္ဂိုလ်တွေရဲ့ဘ၀တွေကို ပျက် စေနိုင်တယ်။"ဟု ၎င်းက ပြောကြားခဲ့သည်။
မီဒီယာလုပ်ငန်းကို စီးပွားရေးအမြင်အရ လုပ်ရသည်များရှိနိုင်သော်လည်း ဖတ်ကောင်းရုံ ပုဂ္ဂိုလ်ရေး
အတင်းအဖျင်းများ မရေးစေလို ကြောင်း၊ မည်သည့်အကြောင်းအရာကိုမဆို လေးလေးနက်နက်
ဆင်ခြင်ရေးသားဖော်ပြစေ လိုကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြား ခဲ့သည်။

 Myanmar Express 

ဆံပင်မွေးနှင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား

From : TSJ

၂၀၀၉ ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါ
တယ်။ အသက် ၁၈ နှစ်အရွယ် နီပေါနိုင်ငံမှ သိပ္ပံကျောင်းသား Milan Karki က တီထွင်ခဲ့တဲ့ ဆံပင်မွေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။


နေရောင်ခြည်စွမ်းအင်ဆုပ်ယူပေတဲ့ ဆိုလာ/နေရောင်ခြည်စွမ်းအင် ဆုပ်ယူသော သတ္တုပြားများဟာ အင်မတန် ဈေးကြီးပါတယ်။ ယင်းအပြားက ဆုပ်ယူတဲ့ စွမ်းအင်ကို ကူးပြောင်းပေမယ့် ကြားမှာ ဆီလီကွန် ဝါယာကြိုး တပ်ဆ်ပေးရတာကလည်း ဈေးတော်တော်ကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။
ဒါကြောင့် ဆိုလာပါဝါကို ယနေ့တိုင်တွင်တွင်ကျယ်ကျယ် အသုံး မပြုနိုင်
သေးခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ဆီလီကွန် အစားထိုးမယ့် ဆံပင်မွေးသုံး ဆိုလာစက်ကို နီပေါနိုင်ငံသားလေးက တီထွင်ခဲ့ပါတယ်။

သူနေထိုင်တဲ့ ရွာလေးမှာ တစ်ရက်ကို မီး ၁၆ နာရီ ပျက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လျှပ်စစ်မီးအမြဲလင်းနေဖို့ဟာ သူ့ရဲ့ စိတ်ကူး အိပ်မက် ဖြစ်ပြီး သူငယ်ချင်းများ ညဘက်ထွက်လညချိန်မှာ ဖယောင်းတိုင်ထွန်းပြီး စာအုပ်များ လေ့လာခဲ့ပါတယ်။ သူ့လေ့လာတဲ့စာက ရူပဗေဒ ပညာရှင် စတီဖန်ဟော့ကင်း ဖြစ်ပါတယ်။ လေးစားရတဲ့ ဟီးရီုးအနေနဲ့ကတော့ အက်ဒီဆင်ကို စံယူထားသူ ဖြစ်ပါတယ်။

ဒါကြောင့် အချိန်တိုတွင်း လေ့လာပြီး လျှပ်စစ်မီးထုတ်ဖို့ ဆံပင်မွေးက ဘယ်လို အသုံးဝင်တယ်ဆိုတာ သိရှိသွားပါတယ်။ ဆံပင်မှာ အရောင်ထွက် စေတဲ့ ဆိုးဆေးများကအစ လျှပ်စစ်စီးဖို့အတွက် Conductor အနေနဲ့ လုပ်ဆောင်နိုင်တာကို တွေ့ရှိခဲ့ပြီး ဆံပင်ကို ဆိုလာပယ်နယ်က ဆီလီကွန်တွေမှာ အစားထိုးခဲ့ပါတယ်။ နောက်တော့ သူဖန်တီးတဲ့ လက် တစ်မစာ ဆိုလာပယ်နယ်ငယ်လေးဟာ အိမ်တွင်း တစ်ညတာ အလင်းပေးမယ့် ဘက်ထရီကို အားဖြည့်ပေးနိုင်တယ်ဆိုတာကို တွေ့ ရှိ သွားပါတယ်။

အားလုံးပေါင်း ကုန်ကျစရိတ်က မြန်မာကျပ်ငွေနဲ့တွက်ရင် ၃သောင်းခွဲကျော်
လေးပဲ ဖြစ်ပါတယ်။ ဒီလောက်ငွေနည်းနည်းနဲ့ ဘက်ထရီတွေ အားဖြည့်နိုင်
တယ်၊ မီးလင်းစေနိုင်တယ်ဆိုတာ ထူးခြားတဲ့ ဖန်တီးမှုတစ်ရပ် ဖြစ်ပါတယ်။

ယခုတော့ Milan ဟာ စကော်လာရှစ်ရလို့ လျှပ်စစ်နဲ့ ပက်သက်လို့ ပိုမို နက်နဲစွာ လေ့လာနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့
အဆင်းရဲဆုံး စာရင်းဝင်နေတဲ့ နီပေါနိုင်ငံတစ်ခုလုံးကို အကုန်ကျ သက်သာစွာ မီးရရှိရေး ဖြစ်ပါတယ်။ ဆံပင်မွေးနဲ့ အလင်းပေးနိုင် တာ တွေ့ရှိပြီး ဒီထက်ပို လွယ်ကူ၊ အစုလိုက် ထုတ်လုပ်မှုအတွက် အဆင်ပြေတဲ့ နည်းပညာများ ရှာဖွေလေ့လာ ဖန်တီးနေပြီ ဖြစ်ပါတယ်။

ယခုဆိုရင် Milan ဟာ အသက် ၂၁ နှစ် ကျော်ပြီ ဖြစ်ပြီး ရူပဗေဒ ပညာကို ထဲထဲဝင်ဝင်လေ့လာနေပြီ ဖြစ်ပါတယ်။ BBC, Daily Mail, CNN တို့လို မီဒီယာများသွားရောက် အင်တာဗျူးပြီး ကမ္ဘာက လေးစားရတဲ့ လူငယ် တစ်ဦး ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

  Myanmar Express 

နိုင်ငံတော်နှင့် ပုဂ္ဂလိကပူးပေါင်း ပိုင်ဆိုင်သည့် ရတနာပုံတယ်လီပို့ကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်

From : ခေတ်လူငယ်


နိုင်ငံတော်နှင့် ပုဂ္ဂလိက ပူးပေါင်းပိုင်ဆိုင်သည့် ရတနာပုံတယ်လီပို့ ကုမ္ပဏီအား အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ရတနာပုံတယ်လီပို့ ကုမ္ပဏီကို နိုင်ငံတော်မှ ၅၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကမှ ၄၉ ရာခိုင်နှုန်း အချိုးဖြင့် ပိုင်ဆိုင်ခြင်းဖြစ်ပြီး ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်သည့် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ချက်များအရ သိရသည်။ ယင်းအပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများကို အပြိုင်ဝန်ဆောင်မှု ပေးရန်အတွက် ပုဂ္ဂလိကအား ဖိတ်ခေါ်ရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရွေးချယ်ချထားပေးသော Operator ကုမ္ပဏီတစ်ခု၊ နှစ်ခုဖြင့် ယှဉ်ပြိုင်လုပ်ကိုင်မည်ဟု ဖော်ပြထားသည်။ လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး၏ ဆက်သွယ်မှု ကဏ္ဍအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့မှ အဓိက စီမံလုပ်ကိုင်လျက် ရှိသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုသည် အာဆီယံနှင့် အိမ်နီးချင်း နိုင်ငံများနှင့်ယှဉ်လျှင် ၁၀ နှစ်မှ ၁၅ နှစ်အထိ နောက်ကျကျန်နေခဲ့သည်ဟု ဖော်ပြထားသည်။ “ရတနာပုံတယ်လီပို့ကို အများပိုင်အဖြစ် ပြောင်းမယ်။ အခု မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေက အိမ်နီးချင်းနိုင်ငံတွေထက် ၁၅ နှစ်လောက် နောက်ကျကျန်နေတယ်။ ဒါကိုပြောင်းလဲဖို့နဲ့ လက်ဝါးကြီးအုပ် မဖြစ်ဖို့ ပုဂ္ဂလိကတွေ များများဝင်ပြီး ယှဉ်ပြိုင်လုပ်ကိုင်ရင် အများပြည်သူလည်း ပိုသက်သာခွင့် ရမှာပေါ့။ အခု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရတနာပုံတယ်လီပို့ နှစ်ဦးနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရွေးချယ်ခွင့်ပြုမယ့် Operator တစ်ခု သို့မဟုတ် နှစ်ခုနဲ့ ပြိုင်လုပ်မယ်လို့ စာတမ်းမှာ ဖော်ပြထားတယ်ဆိုတော့ အများဆုံးမှ နောက်ထပ်ယှဉ်ပြိုင်မယ့် ကုမ္ပဏီက နှစ်ခုပဲ အများဆုံး လုပ်ခွင့်ရမယ့် အနေအထား ရှိလာနိုင်တယ်။ ယှဉ်ပြိုင်တယ်ဆိုတာက များလေပိုတိုးတက်လေပဲ။ အကွဲကွဲအပြားပြား မဖြစ်အောင် ကိုယ့်နိုင်ငံ စံနှုန်းတစ်ခုတော့ ထားပြီး ယှဉ်ပြိုင်ရမှာပေါ့။ ဒါက Operator ကိုပဲ နှစ်ခုပေးမယ်၊ ကျန်တဲ့ဟာကိုတော့ ကဏ္ဍအလိုက် ပြန်ပြီး ပုဂ္ဂလိကကို လွှဲဖို့လည်း ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင်တော့ တစ်ကယ်လုပ်နိုင်တဲ့ ကုမ္ပဏီအများစုကို ချထားရင် ပိုကောင်းပါတယ်။ ဥပမာ-ဟန်းဆက်ကို တကယ်စက်ရုံတည်ထောင်ပြီး ထုတ်လာတဲ့ ကဏ္ဍတွေပါ အပါအ၀င်ပေါ့” ဟု စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။
 Myanmar Express 


တက္ကသိုလ်များနှင့် အဆင့်မြင့်ပညာရေး

From :myanmar times


ထားဝယ်တက္ကသိုလ်ပင်မဆောင်နှင့် အ၀င်လမ်း။ ဆန်းဦး / မြန်မာတိုင်း(မ်)ထားဝယ်တက္ကသိုလ်ပင်မဆောင်နှင့် အ၀င်လမ်း။ ဆန်းဦး / မြန်မာတိုင်း(မ်)
ကျွန်တော်သည် ပညာရေးနှင့် မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးမှုအတွက် လိုအပ်ချက်များအကြောင်း ယခင်က
ရေးသားခဲ့ပြီးဖြစ်ပါသည်။
တက္ကသိုလ်ဆိုသည်မှာ ဗဟုသုတကို ဖြန့်ဝေပေးသည်သာမက စူးစမ်းခြင်း (inquiry)နှင့် သုတေ
သနပြုခြင်း (research) ဖြင့် ဗဟုသုတကို တိုးပွားစေ သော သင်ကြားပို့ချသူများနှင့်ပညာရှင်များ
ဖြင့် ဖွဲ့စည်းထားသော အကျိုးတူစု (community) ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော် ဗဟုသုတရရှိခြင်းနှင့် ရှာမှီးခြင်းသည် အဆင့်မြင့်ပညာ၏လုပ်ငန်းဖြစ်
သည်။
ကျွန်တော်တို့ မှတ်သားရန် အချက် တစ်ချက်မှာ ၂၁ ရာစုနှစ်သည် 'ဗဟုသုတခေတ်' ဟူသော
အချက်ပင် ဖြစ်သည်။
ထို့ပြင် ဗဟုသုတသည် ကမ္ဘာ၌ ဩဇာအာဏာနှင့် ကြီးပွားချမ်းသာ ဖွံ့ဖြိုးတိုးတက်ခြင်း၏ အရင်း
အမြစ်တစ်ခုဖြစ်သည်။
ထို့ပြင် ဗဟုသုတလုပ်ငန်းသည် အခြားမည်သည့်လုပ်ငန်းမျိုးနှင့်မဆို အလားတူလှုပ်ရှားတက်ကြွရန်
ပြိုင်ဆိုင်မှုရှိသောလုပ်ငန်းဖြစ်သည်။
ထို့ကြောင့် ယခုခေတ်တွင် 'ဗဟုသုတ လုပ်ငန်း' (Knowledge Industry) ဟူ၍ ခေါ်ဆိုသုံးနှုန်းပေ
သည်။
အခြားအကြောင်းရပ်တစ်ခုမှာ ကျန်းမာခြင်းနှင့် ပညာရေးသည် ဖွံ့ဖြိုးမှု၏ ကျောထောက်နောက်ခံ
ဖြစ် သည်။
ဤအချက်သည် ဖွံ့ဖြိုးဆဲနိုင်ငံ များအတွက် အထူးသဖြင့်မှန်ကန်၏။ နိုင်ငံတစ်နိုင်ငံ၊ သို့မဟုတ်
လူမျိုးတစ်မျိုးသည် ကောင်းမွန်သော ကျန်းမာခြင်းနှင့် ပညာရေးမရှိလျှင် ဖွံ့ဖြိုးရန်အကြောင်းမရှိပေ။
နိုင်ငံဖွံ့ဖြိုး မှုအတွက်လိုအပ်သော အဓိကလူစွမ်းအားအရင်းအမြစ်မှာ ပညာတတ်၍ ကျွမ်းကျင်သော
အသိဉာဏ် သုံးသူများ (intellectuals)၊ ကျွမ်းကျင်သော လုပ်သားအင်အား (skilled labour
force) နှင့် လက်မှုပညာ ကျွမ်းကျင်သူများ (skilled tradesmen) ပင်ဖြစ်သည်။
သို့သော်လည်း လွန်ခဲ့သည့်ရာစုနှစ် ၀က်ကျော်ချိန်အတွင်း ပညာရေးစနစ် ဖြစ်စဉ်တစ်ခုလုံးသည်
စိတ်ကူး၍မရလောက်အောင် ပျက်စီးယိုယွင်းသွားခဲ့သည်။
တက္ကသိုလ်များနှင့် အဆင့်မြင့် ပညာရေးကို ပြန်လည်ပြုပြင်ပျိုးထောင်ရန်ကိစ္စမှာ အလွန်ကြီးလေး
သော စိန်ခေါ်မှု ဧကန်မုချဖြစ်မည်။
ဤသို့ ဆောင်ရွက်ရန် ကြီးမားသောပစ္စည်း ပစ္စယနှင့် ငွေကြေးအရင်းအနှီးများအပြင် ထိုးထွင်း
သိမြင်မှု (insight)၊ အမြော်အမြင်၊ ရိုးသားဖြောင့်မတ်မှုနှင့် စေတနာအကြီးအကျယ် လိုအပ်ပေမည်။
မြန်မာအဆိုတစ်ခုကို လူတို့က အလုပ်ကိစ္စဆောင်ရွက်ရာ၌ ပါးစပ် အပြောသာရှိပြီး ယင်းကို
လက်တွေ့၌ ပစ်ပယ်လေ့ ရှိ၏။
ယင်းအဆိုမှာ 'လူတော်လူကောင်း'လိုအပ်ချက် ပင်ဖြစ်၏။ စစ်မှန်သော တိုးတက်မှု ရရှိအောင်
လုပ်ဆောင်နိုင်သော စွမ်းရည်ရှိခြင်းသည် မလုံလောက်ပေ။

  Myanmar Express 

ရခိုင်ဒုက္ခသည်များအား တပ်မတော် မှ အများဆုံး ကူညီနေ

From : မြဝတီ

 စစ်တွေမြို့ နယ်မြေခံဆေးတပ်ရင်းမှ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် ကယ်ဆယ်ရေး စခန်းများ၌ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကာကွယ်ရေး လုပ်ငန်းများကို နေ့စဉ်လှည့်လည် ဆောင်ရွက် ပေးလျက်ရှိရာ စစ်တွေမြို့ မရမာကြီးကျောင်းတိုက်နှင့် ဂြစ်ဘက်ကျောင်းတိုက်များရှိ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ပြီး သံဃာတော်များ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံ ပြည်သူများကို ကျန်းမာရေး စစ်ဆေး ကုသပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ ပညာပေး ဟောပြောခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် ခြင်ခိုအောင်း နိုင်သော နေရာများတွင် ခြင်ဆေး ဖျန်းခြင်းတို့ကို ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။














တကြော့ပြန် ရခိုင်အရေး ဝေဖန်သူ၊ တိုက်တွန်းသူ၊ ကြေညာချက်ထုတ်သူ အများအပြားရှိသော်လည်း ပြည်တွင်းမှ လက်တွေ့ကူညီသူမှာ စစ်တပ် တစ်ခုသာရှိ
http://www.myanmarexpress.net/2012/10/blog-post_1480.html

ရခိုင်တိုင်းရင်းသားတို့ ကျန်းမာရေး အား စစ်တပ်မှတပါး ကူညီစောင့်ရှောက်မယ့်သူ မရှိ
http://www.myanmarexpress.net/2012/08/blog-post_20.html

ရခိုင် တိုင်းရင်းသားဒုက္ခသည်များဘဝလည်း စစ်တပ်မှ တပါး အခြား အားကိုးစရာမရှိ
http://www.myanmarexpress.net/2012/08/blog-post_9.html

ဝေဖန်၊ လေကန်၊ အကြံပေး တာတွေ ဆူညံနေသော်လည်း တကယ်အလုပ်လုပ်ရတော့ စစ်တပ်တစ်ခုသာ ရှိ
http://www.myanmarexpress.net/2012/07/blog-post_6995.html

စစ်တွေမြို့ နယ်မြေခံဆေးတပ်ရင်းမှ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးစခန်းများ၌ ကျန်းမာရေးပညာပေး ဟောပြော ကျန်းမာရေးစောင့်ရှောက်မှုများ လှည့်လည်စစ်ဆေး ကု
http://www.myanmarexpress.net/2012/06/blog-post_7398.html

 ရခိုင်တိုင်းရင်းသားများ လုံခြုံရေးသာမက ကူညီထောက်ပံ့ရေးကိုပါ တပ်မတော်က ဦးဆောင်နေ
http://www.myanmarexpress.net/2012/06/blog-post_3225.html

   Myanmar Express

လိုင်စင်ဘောင်ကျော်ပြီး ဖော်ပြသည့်ဂျာနယ်များကို အရေးမယူတော့ဟုဆို

From : DVB

ပညာရေး၊ စီးပွားရေးနဲ့ ကျန်းမာရေး စတဲ့ ထုတ်ဝေခွင့်လိုင်စင် စည်းကမ်း သတ်မှတ်ချက် ဘောင်ထက်ကျော်ပြီး ရေးသားဖော်ပြနေကြတဲ့ ဂျာနယ် မဂ္ဂဇင်းတွေကို အရင်စာပေစိစစ်ရေးလက်ထက်တုန်းကလို ခေါ်ယူသတိပေး တာ၊ အရေးယူတာမျိုး လုပ်တော့မှာ မဟုတ်ဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်က ဒီဗွီဘီ ကိုပြောပါတယ်။

စာပေစိစစ်ဌာန မဖျက်သိမ်းခင် အချိန်ကထိ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ စာပေနဲ့အနုပညာ စတဲ့ သီးသန့်ထုတ်ဝေခွင့် လိုင်စင်နဲ့ ထုတ်ဝေတဲ့ ဂျာနယ်မဂ္ဂဇင်းတွေဟာ လိုင်စင်ပါ အမျိုးအစား အကြောင်းအရာကိုသာ ဖော်ပြရမှာဖြစ်ပြီး အခြားနိုင်ငံရေး အပါအ၀င် သတင်းစုံဖော်ပြမှုတွေကို တားမြစ်ထားပါတယ်။ကန့်သတ်တားမြစ်ချက်ကို ဖောက်ဖျက်ရင် ခေါ်ယူ သတိပေးတာ ယာယီထုတ်ဝေခွင့် ပိတ်ပင်တာမျိုးအထိ အရေးယူအပြစ်ပေးလေ့ ရှိပါတယ်။

အခုနောက်ပိုင်း သီးသန့်ထုတ်ဝေခွင့် လိုင်စင်နဲ့ ထုတ်ဝေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေဟာ အကြောင်းအရာမျိုးစုံ “သတင်းစုံ” ပုံစံ ဖော်ပြလာကြပြီးပြန်ကြားရေးဝန်ကြီးဌာနကလည်း တားမြစ်တာ မရှိတော့ဘူးလို့ သိရပါတယ်။

ဒါပေမယ့် ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေ အသက်ဝင်နေဆဲ ဖြစ်တဲ့အတွက် ထုတ်ဝေသူတွေဟာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ လိုတယ်လို့ သူထင်မြင်ကြောင်း ဦးမျိုးမြင့်မောင်က ပြောပါတယ်။


 Myanmar Express 

SME လုပ်ငန်းများ ဖွံ့ဖြိုးရန် SMID ဘဏ်က ၈ ဒသမ ၅ ရာခိုင်နှုန်း အတိုးဖြင့် ငွေထုတ်ချေးမည်

From :Flower news


မြန်မာ့စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်မှုအနေဖြင့် ပြည်တွင်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးရေးအတွက် ၈ ဒသမ ၅ ရာခိုင်နှုန်း အတိုးနှုန်းဖြင့် သုံးနှစ်ကြာ ချေးငွေများ ထုတ်ချေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။ ယခင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဖြစ်သူ ယခု နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အောက်တိုဘာ ၂၃ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က “SMEs GHU ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေအတိုးနှုန်းမှာ မြန်မာနိုင်ငံက ကမ္ဘာမှာ အကြီးဆုံးပဲ။ ဒါကို အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ သုံးနှစ်ကြာ ထုတ်ချေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောထားတယ်။ ချေးငွေ ငါးဘီလီယံ အထိ ထုတ်ချေးမယ်လို့လဲ ပြောတယ်” ဟု ထပ်မံအတည်ပြု ပြောကြားသည်။ ယခုအခါ နိုင်ငံတော် အစိုးရသစ် အနေဖြင့် ပြည်တွင်းအသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနအား ဖွင့်လှစ်ကာ ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၄)ခုလုံးတွင် အသေးစိတ် လေ့လာဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ လုပ်ငန်းအများစုသည် အရင်းအနှီးချေးငွေ လိုအပ်မှု၊ အတိုးနှုန်း ကြီးမြင့်မှုတို့အား အဓိက တင်ပြလာကြောင်း အဆိုပါဌာန တာဝန်ရှိသူများက ဆိုသည်။ နိုင်ငံတကာ ဘဏ်တိုးနှုန်းများသည် အနိမ့်ဆုံး ၂ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်း အထိသာ ရှိနေပြီး လက်ရှိ မြန်မာနိုင်ငံ ဘဏ်အတိုးနှုန်းသည် ၁၃ ရာခိုင်နှုန်း အထိရှိကာ ယခုအသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအား ထုတ်ချေးမည့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (SMIDB)မှ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အထက်ပါအတိုင်း နှစ်ရှည်ထုတ်ချေးရန် စီစဉ်နေခြင်းဖြစ်ကြောင်းသိရှိရသည်။

 Myanmar Express 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အလျင်လိုကျေးရွာ၌ ကျင်းပသည့် တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးထားသော ပုလဲသွယ် စပ်မျိုးစပါးဧက ၄၄ဝ စံပြစိုက်ကွင်း ကောက်ရိတ်သိမ်းပွဲအခမ်းအနားသို့ တက်ရောက်အားပေး

From : သမ္မတရုံး


နေပြည်တော် အောက်တိုဘာ ၂၈

ပြည်ထောင်စုသမ္မတြ မန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်တွင် နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် အလျင်လိုကျေးရွာ၌ ကျင်းပသည့်တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးထားသော ပုလဲသွယ် စပ်မျိုးစပါးဧက ၄၄ဝ စံပြစိုက်ကွင်း ကောက်ရိတ်သိမ်းပွဲအခမ်းအနားသို့ တက်ရောက် အားပေးသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့်နေပြည်တော် ကောင်စီနယ်မြေ မြို့နယ်များမှ တောင်သူလယ်သမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိ မြို့နယ်နှင့် ပျဉ်းမနားမြို့နယ်များမှ အခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူလယ်သမားများနှင့် ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့မှ စိုက်ပျိုးရေး ပညာရှင်များအား ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်သည်။

ယင်းနောက် သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က နေပြည်တော် ကောင်စီနယ်မြေအတွင်း စက်မှုလယ်ယာကူးပြောင်းရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် လယ်ယာစိုက်ပျိုးးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေ များနှင့် စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲနိုင်ရေးအတွက် အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က အလျင်လိုကျေးရွာ တောင်သူများထံသို့ ငွေကျပ်သိန်းတစ်ရာ တန်ဖိုးရှိ ရေသန့်စက် တစ်လုံးကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က လက်ခံသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမှာစကားပြောကြားရာတွင် မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် တိုင်းပြည်အတွက် အဓိကကျသည့် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး နှစ်ရပ်ကို အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက် ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် သာမက နိုင်ငံရေးပါ တည်ငြိမ်အောင် ဟန်ချက်ညီစွာ ပြုပြင် ထိန်းသိမ်း ဆောင်ရွက် ကြိုးပမ်းလျက်ရှိကြောင်း၊  နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန်အတွက်  စီးပွားရေးလုပ်ငန်း အခြေခံဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက် လာေ စေရန် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်  သမားရိုးကျ မိရိုးဖလာစိုက်ပျိုးနည်းသာမက လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေရန် သိပ္ပံနည်းကျ နည်းစနစ်နှင့် အထွက်ကောင်းမျိုးများ တိုးချဲ့ စိုက်ပျိုးသွားကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရာတွင်လည်း တစ်နှစ်လျှင် တစ်သီးမှ နှစ်သီး၊ နှစ်သီးမှ သုံးသီးအထိ ပိုမိုစိုက်ပျိုး လာနိုင်ရန် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ယင်းသို့  ဆောင်ရွက်ရာတွင် သိပ္ပံနည်းကျ ပိုမိုအောင်မြင် ဖြစ်ထွန်းအောင် စိုက်ပျိုးသွားကြရန် လိုအပ်ကြောင်း၊ တောင်သူလယ်သမား၊ အစိုးရနှင့် လယ်ယာကဏ္ဍအထူးပြု လုပ်ငန်းရှင်ကြီးများ သုံးဦးသုံးဖလှယ် ပေါင်းစပ်လုပ်ကိုင်မှသာ ပိုမိုအောင်မြင် တိုးတက်လာမည် ဖြစ်ကြောင်းဖြင့်ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက ပြောကြားရာတွင် လယ်ယာမြေများကို ပြုပြင်ရန် ဈေးနှုန်းမြင့်မားလာသည့် အခြေအနေများနှင့်  လိုက်လျောညီထွေစွာ တောင်သူလယ်သမားများ အဆင်ပြေလွယ်ကူချောမွေ့စွာ စိုက်ပျိုးနိုင်ရန်အတွက် ဆောင်ရွက် ပေးသွားနိုင်ရန် လိုအပ်ကြောင်း၊ လယ်ကွင်းအတွင်း ရေရောက်ရှိနိုင်ရန် ရေမြောင်း စနစ် ကောင်းမွန်အောင် ဆောင်ရွက်သင့်ကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ ပြည်ပသို့ ဆန်စပါးထုတ်လုပ် တင်ပို့ရောင်းချမှုနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ အထွက်နှုန်းလျော့နည်းနေမှုများကို လေ့လာ၍ ပြင်ဆင်ဆောင်ရွက် သင့်ကြောင်း၊ တိုင်းပြည်၏ GDP သုံးဆအထိ တိုးတက်လာအောင် သုံးသီးစိုက်ပျိုး နိုင်ရန်နှင့် အထွက်နှုန်းကောင်းစေရန် လယ်ကွင်းများကို ပြုပြင်ပေးခြင်းဖြင့် လယ်ယာမြေ တန်ဖိုး တိုးမြှင့်ပေးရန် အရေးကြီးကြောင်း၊ နောင်တွင် လယ်ယာမြေဥပဒေအရ လယ်ကွင်းများ၏ တန်ဖိုးမြင့်မားလာခြင်းဖြင့် စိုက်ပျိုးစရိတ်အတွက် လိုအပ်သော ငွေကြေးကို လိုအပ်သလောက် ချေးယူရရှိနိုင်ပြီဖြစ်ကြောင်း၊ ဤနည်းဖြင့် ရေရရှိရေး၊ စက်မှုလယ်ယာ အပြည့်အဝ ကူးပြောင်း နိုင်ရေး အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ လိုအပ်သည့် ငွေကြေးအရင်းအနှီးကို နိုင်ငံတော်က ထုတ်ပေးနိုင်ရန် မလွယ်ကူသည့် အခါမျိုးတွင် အရင်းအနှီးရရှိရန်အတွက် စီးပွားရေး လုပ်ငန်းရှင်များကို အားကိုးရမည်ဖြစ်ကြောင်း၊ လက်လုပ်လက်စားများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက် လာစေရန် ဆောင်ရွက်ပေးကြရာတွင် လယ်ယာကဏ္ဍကို အခြေခံကာ အသက်မွေးဝမ်းကျောင်း ပြုကြသူများအနေဖြင့်လည်း သီးထပ် စိုက်ပျိုးလာနိုင်ပါက အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း။ အလားတူ စက်မှုကဏ္ဍများတွင်လည်း အလုပ်ရုံ၊ စက်ရုံများကြိုးပမ်းတည် ဆောက်သွားမည်ဖြစ်ရာ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေး၊လူမှုရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း ရရှိသည့်ငွေကြေးကို ရရစားစားမနေဘဲ နောက်တစ်သီးစိုက်ပျိုးရာတွင် အရင်းအနှီးအဖြစ် စုဆောင်း မြုပ်နှံသင့်ကြောင်း၊ မူးယစ်သောက်စားခြင်းနှင့် လောင်းကစားလုပ်ငန်းများသည် စီးပွားရေးကို ပျက်ပြားလာစေမည် ဖြစ်သည့် အတွက် ရှောင်ရှားသင့်ကြောင်း၊ တောင်သူ များအနေဖြင့် စိုက်ပျိုးရေးကိုသာမက မွေးမြူရေးလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင် သင့်ကြောင်း၊ စိုက်ပျိုးရေး ကာလအတွက် ငွေကြေးရင်းနှီး မြှုပ်နှံထားရမှုကြောင့် အခြားတစ်ဖက်မှ နေ့စဉ်ဝင်ငွေရရှိနိုင်မည့် နွား/ဝက် မွေးမြူသင့်ကြောင်း၊ နေပြည်တော်ကို နမူနာပြု၍ နို့နှင့်နို့ထွက် ပစ္စည်းစက်ရုံများကို နိုင်ငံအနှံ့ ထူထောင်သွားနိုင်ရန် ဆောင်ရွက်သင့်ကြောင်း၊ ထိုသို့ ဆောင်ရွက်သွားနိုင်ပါက ကျန်းမာရေးရှုထောင့်အရ အကျိုးအမြတ်ရှိမှု အနေအထားနှင့် စားသောက်ဖွယ်ရာများကိုပါ ရရှိသုံးစွဲလာနိုင်မည် ဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့်အတူ မွေးမြူရေးကိုပါပူးတွဲလုပ်ကိုင်လျှင် တောင်သူများ အနေဖြင့် တစ်အိမ်ထောင်ချင်းအလိုက် ဝင်ငွေပိုမို တိုးတက်လာမည် ဖြစ်ကြောင်းဖြင့် အလေးအနက် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အလျင်လိုတောင်သူများအတွက် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုလက်ဆောင် များ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် ပုလဲသွယ်စပ်မျိုးစပါး ဧက ၄၄ဝ စံပြ စိုက်ကွင်းအတွင်း ရေပေးမြောင်းမ၊ ကုန်ထုတ်လမ်းမကြီးနှင့် စိုက်ကွင်း များအတွင်း စက်ယန္တရားများဖြင့် အသုံးပြု လုပ်ကိုင်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် စိုက်ကွင်းအတွင်း ခင်းကျင်း ပြသထားသည့် ဆန်နှင့်စပါး၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပြောင်းနှင့် ပဲမျိုးစုံတို့၏ အရည်အသွေး၊ တစ်ဧကအထွက်နှုန်း၊ အမျိုးအစားများနှင့် ဆီထွက်ရှိမှုအခြေအနေများကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြပြီး နိုင်ငံတော်သမ္မတက လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် စံပြစိုက်ကွင်း၏ ကောက်ရိတ်သိမ်းပွဲ အခမ်းအနားတွင် စိုက်ကွင်းအတွင်း၌ စပါးရိတ်သိမ်းခြွေလှေ့စက်များဖြင့် ကောက်ရိတ်သိမ်း ပွဲတော် ဆင်ယင်ကျင်းပနေမှုကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဒက္ခိဏသီရိမြို့နယ်  ချိုင်းရွာတွင် တည်ရှိသည့် ရွှေသံလွင် ကုမ္ပဏီလီမိတက်နှင့် CETC Co., Ltd. တို့ ပူးပေါင်းဖွင့်လှစ် ထားရှိသည့် လယ်ယာထွက်ကုန်နှင့် မျိုးစေ့အရောင်းပြခန်းသို့ရောက်ရှိကြပြီး လယ်ယာလုပ်ငန်းသုံးထွန်စက်နှင့် စက်ယန္တရားများ၊ ဘက်စုံ လက်တွန်းထွန်စက်၊ မြေပဲဖော်စက်၊ တံဆိပ်ကပ်စက်၊ သစ်သီးယိုထိုးစက်၊ မြေပဲအတောင့် ခြွေစက်၊ မြေပဲမျိုးစေ့ချ စိုက်စက်များကို လည်းကောင်း ၊ အရောင်းပြခန်းအတွင်း ခင်းကျင်းပြသရောင်းချလျက် ရှိသည့် လယ်ယာထွက်ကုန် များနှင့် မျိုးစေ့များ၊ သစ်သီးဝလံများနှင့် မျိုးစေ့များ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အပင်အားတိုးဆေးရည်နှင့် ရွက်ဖျန်း ပိုးသတ်ဆေးရည်များ၊ လယ်ယာထွက်ကုန် စည်သွတ်ဘူးများ ထုတ်လုပ်ရောင်းချနေမှုအခြေအနေများကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် အရောင်းပြခန်းအနီး စိုက်ပျိုး ဖြစ်ထွန်း အောင်မြင်လျက်ရှိသည့် မြေပဲစိုက်ခင်းများ၏ အခြေအနေကို ကြည့်ရှု အားပေးပြီး ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။

 Myanmar Express 

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့




မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စား ထားခဲ့ပြီး အဘိ ဓမ္မာ တရားတော် အကျယ်ကို ၀ါတွင်း သုံးလ ပတ် လုံး ဟောကြားတော် မူပြီး တရားစစ်သူကြီး ရှင် သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တချိန် တည်းမှာ ဟောကြား သင်ပြ တော် မူပြီး သီတင်းကျွတ် လပြည့်နေ့မှာ လူ့ပြည်ကို ပြန်ဆင်း ခဲ့တဲ့ အထိမ်း အမှတ် အနေနဲ့ နက်ဖြန် မနက်မှာ ကျရောက် မယ့် သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ် ခေါ်ဝေါ် ခဲ့ကြပါသည်။

အဘိဓမ္မာ တရားတော် အကျယ်ဟာ အလွန် ရှည်လျား များပြားတဲ့ အတွက် ၀ါတွင်း သုံးလ ပတ်လုံး မရပ်မနား ဟော ကြားမှ ပြီးပြည့်စုံ အောင် ဟောကြား နိုင်မှာ ဖြစ်လို့ လူ့ပြည်မှာ တထိုင် တည်း တနေရာတည်း ဆက်တိုက် နာကြား နိုင်တဲ့သူ မရှိလို့ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စားထား ဟော ကြား ရတာ ဖြစ်ပြီး လူသား ဖြစ်တဲ့ မြတ်စွာဘုရား ကိုယ်တော်တိုင် ကတော့ လူ့ပြည်ဆင်းပြီး က္ကရိယာပုဒ် လေးပါး ညီညွတ် မျှတအောင် စပ္ပါယ်ရင်း တရား စစ်သူကြီး ဖြစ်ရုံမက အဘိဓမ္မာ တရားတော်မှာ အထုံ ပါရမီ ပါသူ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို ဟောပြတော် မူပါတယ်။ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးက တဆင့် တခြား သာဝက ငါးရာကို မကျဉ်း မကျယ် ပြန်လည် ဟောပြ သင်ကြား ပေးခဲ့ ပါတယ်။ ဒီအထိမ်းအမှတ် အနေနဲ့ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော် နေ့ လို့ ခေါ်ဆိုခြင်း ဖြစ်ပါသည်။ သီတင်းကျွတ် လပြည့်နေ့မှာ ကျင်းပ လေ့ ရှိတဲ့ ပွဲများ ကတော့

ပ၀ါရဏာပွဲ။ ။ ပ၀ါရဏာရဲ့ အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း၊ တိုက်တွန်းခြင်း၊ တောင်းပန်ခြင်း တို့ ဖြစ်လေသည်။ သာသနာ့ဝန်ဆောင် ရဟန်းတော် များဟာ ၀ါကျွတ်တာနဲ့ သီတင်းကျွတ် လပြည့်နေ့မှာ “အရှင် ဘုရားတို့။ တပည့်တော်သည် သံဃာကို ဖိတ်ကြား ပါဧ။်။ တပည့်တော် ဧ။် အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော် လည်းကောင်း၊ သံသယ ရှိလျှင် သော်လည်း ကောင်း တပည့်တော်အား သနားသော အားဖြင့် ပြောဆို သတိ ပေးကြပါ။ အပြစ်ကို ကုစား ပါ မည်" ဟု ဖိတ်ကြား တိုက်တွန်း ပြီး ရဟန်းများက မိမိရဲ့ အပြစ်များကို အခြား တစ်ပါး ထံမှာ မိမိ ရဲ့ သဘောဆန္ဒ အလျောက် ဖွင့်ဟ ပြောဆိုပြီး ၀န်ချ တောင်းပန် ကြသလို သာသနာတော် သန့်ရှင်း တိုးတက် ရေးအတွက် အပြုသဘော ဆောင်ပြီး ဝေဖန် သုံးသပ် ကြသည့် ပွဲလဲ ဖြစ် ပေသည်။ အလွန်ပင် ဒီမိုကရေစီ နည်းလမ်း ကျန စည်းစနစ် ကောင်းလှသော ပွဲပါပေ။

မီးမြင့်မိုရ်ပွဲ။ ။ သီတင်းကျွတ် လပြည့်နေ့ ညနေမှာ နတ်ပြည် ကနေ လူ့ပြည်ကို ဆင်းအ လာ လပြည့်ဝန်း နဲ့အတူ ကောင်းကင်မှာ တင့်တယ်စွာ ဖူးမြင်ရတဲ့ မြတ်စွာဘုရားကို နတ်လူ အများက ပူဇော်တဲ့ အနေနဲ့ ဆီမီးများနဲ့ ပူဇော် ကြတဲ့ အထိမ်းအမှတ် အနေနဲ့ အိမ်၊ ကျောင်း၊ တန်ဆောင်း များမှာ ဆီမီး၊ မီးပုံးများ ထွန်းညှိ ပူဇော်ကြသလို ဘုရားစေတီ များမှာလဲ ပွဲများ ပြုလုပ်ပြီး မီးမြင့်မိုရ်ပွဲများ ပြုလုပ် ကြပါသည်။ ပုဂံမြို့ မြင်းကပါ ဂူပြောက်ကြီး ဘုရားက ပန်းချီ ကား တွင် ဗုဒ္ဓ မြတ်စွာ ဘုရား တာဝတိံသာမှ သင်္ကသနဂိုရ်ပြည်သို့ သက်ဆင်းပုံ ပန်းချီကို တွေ့ရသည့် အတွက် မီးမြင့်မိုရ်ပွဲကို ပုဂံခေတ် တည်းက ကျင်းပခဲ့သည်ဟု ယူဆ နိုင်ပေသည်။

ဘုရားပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ သက်ကြီး ပူဇော်ပွဲနှင့် ဆရာကန်တော့ပွဲများ စသည်တို့ ကိုလည်း မြန်မာနိုင်ငံ တ၀ှမ်း ကျင်းပလေ့ ရှိကြ သည်မှာ ယနေ့တိုင် ဖြစ်လေသည်။

သီတင်းကျွတ် လကို တူရာသီဟု ခေါ်ပြီး ချိန်ခွင်ရုပ်သဏ္ဍာန် နက္ခတ် ထွန်းပ လေသည်။ ထိုမျှ မက ၁၂လ ရာသီတွင် နေ့တာနဲ့ ညတာ တူညီသော တခုတည်းသော လလဲ ဖြစ်လေသည်။ ထို့ကြောင့် ကင်းဝန် မင်းကြီးက “ သီတင်းကျွတ်ပြီ တူရာသီ အာသ၀ဏီ ရှိန်ဝါရွှန်း၊ ကြာမျိုးလည်းစို မီးမြင်းမိုရ် ဗဟိုအချာထွန်း” ဟု ဖွဲ့ဆို ခဲ့လေသည်။
Myanmar Express 

မြန်မာနိုင်ငံ၌ အမြင့်ဆုံးဖြစ်လာမည့် ၃၄ ထပ်မြင့် အဆောက်အအုံ အင်းလျားကန်အနီး တည်ဆောက်မည်

From : myanmar times

တည်ဆောက်မည့် ၃၄ ထပ်အမြင့်ရှိ အဆောက်အအုံ၏ နမူနာပုံစံ။ လွင်ကိုတိတ် / မြန်မာတိုင်း(မ်)တည်ဆောက်မည့် ၃၄ ထပ်အမြင့်ရှိ အဆောက်အအုံ၏ နမူနာပုံစံ။ လွင်ကိုတိတ် / မြန်မာတိုင်း(မ်)
မြန်မာနိုင်ငံ၌ အမြင့်ဆုံး ၃၄ထပ် အမြင့်ရှိ လူနေကွန်ဒိုမီနီယမ်တစ်ခုကို မရမ်းကုန်း မြို့နယ်၊
အင်းလျားကန်အနီး၊ ဦးထွန်းငြိမ်းလမ်းပေါ်တွင် Mandalay Golden Wings(MGW) ဆောက်လုပ်
ရေးက အမေရိကန်ဒေါ်လာ သန်း ၆၀အကုန်အကျခံကာ ၂၀၁၅ခုနှစ်အပြီး တည်ဆောက်သွားမည်
ဖြစ်သည်။
ဒိုင်းမွန်းအင်လျားကွန်ဒိုကို ဧရိယာ နှစ်ဧကကျော်ကျယ်သည့် မြေကွက်လပ်တွင် လာမည့်နိုဝင်ဘာ
လဆန်းမှ စတင်တည်ဆောက်မည်ဖြစ်သည်။
ထို အဆောက်အအုံသည် အင်းယားလိတ်ခ် ဟိုတယ်အနီး၊ ပါရမီလမ်းမနှင့်လည်း နီးမည်ဖြစ်သည်။
ဒိုင်းမွန်းအင်းလျားကွန်ဒို တည်ရှိရာ နေရာသည် ယခင် အမှတ်(၁)စက်မှု ၀န်ကြီးဌာနပိုင် မျက်နှာ
သုတ်ပ၀ါစက်ရုံ ဟောင်းတည်ရှိခဲ့သည့် နေရာဖြစ်ကာ အစိုးရက လေလံတင်ရောင်းချခဲ့သည့်
မြေကွက်လည်းဖြစ်သည်။
အင်းလျားကန်နှင့် ပေ ၁၀၀ ခန့်သာဝေးကွာပြီး ပတ်ဝန်းကျင်တွင် လူနေအိမ်ခြေများနှင့်ဆိုင်ခန်းများ
တည်ရှိသည်။
၃၄ ထပ်မြင့်မည့် အဆိုပါကွန်ဒိုတွင် အခန်းစုစုပေါင်း ၄၀၆ ခန်း ပါဝင်မည် ဖြစ်ကာ ပထမထပ်မှ
ဆဋ္ဌမထပ်အထိ ကားစီးရေ ၅၆၀ ဆံ့သော ကားပါကင် အဖြစ် ထည့်သွင်းမည်ဖြစ်သည်။
သတ္တမအထပ်နှင့် ၃၂ ထပ်တွင် ကွန်ဒိုနေထိုင်သူများအတွက် ၀န်ဆောင်မှု ပေးမည့် Service floor
facilities ၄၅ ရာခိုင်နှုန်းနှင့် အခန်းဧရိယာ ၅၅ ရာခိုင်နှုန်း ပါဝင်မည် ဖြစ်သည်။
ဖျော် ဖြေရေးအတွက် ရုပ်ရှင်ရုံငယ်လေးများ အပြင် အားကစားအတွက်လည်း အဆင် ပြေစေမည့်
နေရာများ ဖန်တီးပေးထား မည်ဖြစ်သည်။
အဋ္ဌမထပ်မှ ၃၄ ထပ်အထိ လူနေ အခန်းများဖြစ်ကာ အများဆုံး အိပ်ခန်း လေးခန်းပါရှိသည့်
စတုရန်းပေ ၃,၀၀၀ အကျယ်မှ အကျဉ်းဆုံး အိပ်ခန်းတစ်ခန်း သာပါဝင်သည့် စတုရန်းပေ ၈၅၀
အကျယ် အခန်းစုစုပေါင်း ၄၀၆ ခန်း ပါဝင်မည်ဖြစ်သည်။
အပေါ်ဆုံးထပ်တွင် တစ်လုံးလျှင် စတုရန်းပေ တစ်သောင်းကျော် ကျယ်သည့်ခေါင်မိုးအိမ်လေးလုံး
လည်းပါရှိ မည်ဖြစ်သည်။
"တိုင်းရင်းသားပိုင် ဖြစ်ပါတယ်။အခန်းတွေကို ပြည်တွင်းကော နိုင်ငံခြားသားတွေကိုပါ မျှပြီး
ရောင်းချမှာ ဖြစ်ပါ တယ်"ဟု အဆိုပါစီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ယင်းအဆောက်အအုံသည် အင်္ဂလိပ်အက္ခရာ အယ်လ်ရှိတ်ဖြစ်ပြီး အဆောက်အအုံသုံးခုတွဲထား
သည့် ပုံစံဖြစ်ကာ ဓာတ်လှေကား စုစုပေါင်း ၁၄ စင်း ပါရှိမည် ဖြစ်သည်။
အများသုံးနေရာများ၊ အိုလံပစ်အဆင့်ရှိ ရေကူးကန်၊ အားကစားခန်းမ၊ မီနီမတ်ကက်တို့ ပါရှိမည်
ဖြစ်ပြီး လုံခြုံရေးအတွက် စီစီတီဗီကင်မရာများ နေရာ အနှံ့တပ်ဆင်ထားမည်ဟု ဆိုသည်။
"အရေးပေါ် မီးသတ်ဖို့အတွက် ထွက် ပေါက်တွေ၊ အချက်ပေးကိရိယာတွေ၊ မီးသတ်စက်အကြီးစား
နဲ့ ဂါလန်သုံးသိန်းကျော်ဆံ့တဲ့ မီးသတ်ရေကန်လည်း ပါရှိပါမယ်"ဟု အဆိုပါစီမံကိန်းမှအင်ဂျင်နီယာ
ချုပ် ဦးချစ်ဆွေညွန့်က ပြောသည်။
"အခန်းတိုင်းလိုလိုကို မီးလောင်တာနဲ့ အချက်ပေးမယ့်ကိရိယာတွေပါရှိမယ်။ ဒီအတွက် မီးလောင်
ရင် အချိန်မရွေး သုံး နိုင်မယ့် ဓာတ်လှေကားလည်းပါဝင်မယ်"ဟု စီမံကိန်းအင်ဂျင်နီယာဦးချစ်မောင်
က လည်း ပြောသည်။
အဆိုပါ ကွန်ဒိုမီနီယမ်စီမံကိန်းတွင် ၃၄ ထပ်အမြင့် ရှိမည်ဖြစ်သောကြောင့် အင်းလျားကန်နှင့်
နီးသဖြင့်လည်း မြေစမ်းသပ်မှုများကို လနှင့်ချီဆောင်ရွက်ထားပြီး လေတိုက်နှုန်း တစ်နာရီ မိုင်
၁၂၀ ဒဏ်နှင့် ငလျင်ဒဏ်ကိုလည်း ၈ ဒသမ ၅ ရစ်ခ်ျတာစကေးအထိ ခံနိုင်ရည်ရှိအောင်
တည်ဆောက်မည်ဖြစ်သည်။
ဒိုင်းမွန်းအင်းလျားကွန်ဒိုကို ထိုင်းနိုင်ငံ အခြေစိုက် Process Myanmar အဖွဲ့ က ဒီဇိုင်းရေးဆွဲပေးပြီး
မြန်မာအင်ဂျင် နီယာများနှင့်အတူ တည်ဆောက်မည် ဖြစ်သည်။
ထို့ပြင် အဆောက်အအုံ အရည်အသွေးနှင့်ပတ်သက်ပြီး ထိုင်း နိုင်ငံရှိ AIT တက္ကသိုလ်မှ ပညာရှင်
တစ်ဦး ဦးဆောင်သည့်အဖွဲ့ကလည်း ကူညီမည် ဖြစ်သည်။
လူနေအိမ်ခန်းများကို နိုဝင်ဘာ ၁ ရက် နေ့မှ စတင်အရောင်းဖွင့်မည်ဖြစ်ကာ ဘဏ်ချေးငွေများဖြင့်အရစ်ကျဝယ်ယူ နိုင်ရန်လည်း စီစဉ်မည်ဖြစ်သည်။
ယခုဒိုင်းမွန်းအင်းလျားကွန်ဒိုမီနီယမ်ကို တည်ဆောက်မည့် ဆောက်လုပ်ရေးကုမ္ပဏီသည်
မန္တလေးမြို့ရှိ ရတနာပုံဒိုင်းမွန်းပလာဇာကို တည်ဆောက်ခဲ့သည့် ဆောက်လုပ်ရေး ကုမ္ပဏီလည်း
ဖြစ် ကာ အစုရှယ်ယာဝင် အများအပြား ဖြင့် တည်ထောင်ထားခြင်းဖြစ်သည်။
လတ်တလော မြန်မာနိုင်ငံ၌ အမြင့်ဆုံးအထပ်မြင့် အဆောက်အအုံမှာ ကုန်သည်ကြီးများ ဟိုတယ်
ဖြစ်ပြီး စုစုပေါင်း ၂၂ ထပ် မြင့်မားသည်။

 Myanmar Express

ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိကန်နှင့်ကနေဒါတွင် ၁၃ ဦး သေဆုံး

From :  DVB

ဧရာမ ဟာရီကိန်းမုန်တိုင်း ဆန်ဒီဟာ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းခြေကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတွေမှာ မနေ့က အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ရပြီး သစ်ပင်တွေ၊ လျှပ်စစ်မီးကြိုးတွေ ပြိုလဲပျက်စီးခဲ့ပါတယ်။

နယူးယောက်၊ နယူးဂျာစီ၊ မေရီလန်း၊ ပင်ဆယ်ဗေးနီးယား၊ ဗာဂျီးယားအနောက်ပိုင်းနဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေက ဒေသခံတာဝန်ရှိသူတွေရဲ့ သတင်းအစီရင်ခံချက် တွေအရ အင်အားကြီးမုန်တိုင်းကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး၊ သူတို့တွေဟာ သစ်ပင်ပိတာ၊ အိမ်ပြိုတာ၊ လေထဲလွင့်ပါပြီး တခုခုနဲ့ တိုက်မိ၊ ဆောင့်မိတာတွေကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

တိုရွန်တို ရဲတပ်ဖွဲ့ ပြောကြားချက်အရ ကနေဒါအမျိုးသမီးတဦးကတော့ လွင့်ပျံလာတဲ့ အပျက်အစီးတွေကြောင့် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

နယူးဂျာစီပြည်နယ်ရောက် ရခိုင်တိုင်းရင်းသားတဦးဖြစ်တဲ့ ကိုလှဌေးက “State of Emergency ဆိုပြီး ကြေညာထားပြီ။ အခု ၀င်နေပြီ။ ကျနော်တို့နေတဲ့ မြို့အတွင်းပိုင်းတောင်မှ တံခါးဖွင့်လိုက်ရင် တ၀ုန်းဝုန်းနဲ့ ၀ုန်းဝုန်းနဲ့ လေတွေတိုက်နေတာ။ ကျနော်တို့တောင် အပြင်မထွက်ရဲဘူး။ ပင်လယ်ကမ်းခြေဒေသတွေဆိုရင် အပျက်အစီးတော်တော်များနေလောက်ပြီ။ လျှပ်စစ်မီးတွေလည်း ပြတ်သွားပြီ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက ကာရစ်ဘီယံဒေသတလျှောက် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း ဆန်ဒီကြောင့် အနည်းဆုံး လူ ၆၇ ဦး သေဆုံးခဲ့ရပြီး တနင်္လာနေ့မှာ ပိုပြင်းထန်မယ်လို့ ခန့်မှန်းထားခဲ့ကြတာပါ။

အသက်အိုးအိမ် စည်းစိမ်ကို မကြုံစဖူး ခြိမ်းခြောက်မှုလို့ အာဏာပိုင်တွေက သတိပေးထားပြီး နယူးအင်္ဂလန်မှ မြောက်ကယ်ရိုလိုင်းနားအထိ ဒေသခံပေါင်း ထောင်သောင်းကို အိမ်တွေကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းခိုလှုံကြဖို့လည်း အမိန့်ထုတ် ညွှန်ကြားထားပါတယ်။

မုန်တိုင်းကြောင့် အမေရိကန် လူဦးရေ ၅ ပုံ ၁ ပုံ လောက် ဖြစ်တဲ့ သန်း ၆၀ ကျော်ကို ထိခိုက်ပြီး အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးလောက်အထိ ပျက်စီးဆုံးရှူံးနိုင်တယ်လို့ ဘေးအန္တရာယ်ခန့်မှန်းရေး ကုမ္ပဏီ Eqecat က ကြိုတင်တွက်ချက် ခန့်မှန်းထားပါတယ်။
Myanmar Express 

မြန်မာ့ငြိမ်းချမ်းရေး ခေါင်းဆောင် ဦးအောင်မင်း အဖွဲ့နှင့် KIO တို့ သဘောတူညီမှု ရရှိ

From : 7day


ယနေ့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလုပ်သော အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းးရေးတွေ့ဆုံဆွေးနွေးမှု့ မှာ မွန်းလွဲ ၂နာရီ( တရုတ်၊ရွှေလီ အချိန်နှင့် ၃နာရီ ) တွင် ပြီးဆုံးသွားပြီဖြစ်ပြီး မြန်မာ အစိုးရဘက် က ကေအိုင်အိုနှင့် နိုင်ငံရေး ဆွေးနွေးမှု့များ ပြုလုပ်ရန် သဘော တူလိုက်ကြောင်း ရွှေလီမြို့တွင်ရောက်ရှိနေသော 7 Day News ဂျာနယ် သတင်းထောက်က သတင်းပေးပို့သည်။ 

“ ပျော်ပျော်ပါးပါးနဲ့ တွေ့ ဖို့ ရှိတယ် နိုင်ငံရေးဆွေးနွေးဖို့ ကို သဘောတူလိုက်တာ ပြည်တွင်းမှာလုပ်မယ် တစ်လ အတွင်းလုပ်မယ်” ဟုမြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်ဦးအောင်မင်းကပြောသည်။
ကေအိုင်အိုဖက်မှအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် က “ ဗဟိုမှာ တင်ပြပြီးတော့ မှ အားလုံးပြန်ဆွေးနွေးရမှာပေါ့ ဘယ်နေရာ မှာ လုပ်နိုင်မလဲဆိုတာ” ဟုပြောကြားခဲ့သည်။


  Myanmar Express 

နူးယာက်ခ်မြို့မှ ဇိမ်ခံမိုးမျှော်တိုက် ဆောက်လုပ်ရေးမှ ကရိန်းကြီး ဟာရီကိန်း Sandy ကြောင့် ကျိုးကျ

From : အင်တာနက်


နူးယောက်ခ်မြို့မှ ဇိမ်ခံမိုးမျှော်တိုက် ဆောက်လုပ်ရေးမှ ကရိန်းကြီး ဟာရီကိန်း Sandy ကြောင့် ကျိုးကျ ဟာရီကိန်း မုန်တိုင်းကြီး Sandy
နူးယောက်ခ်မြို့သို့ မရောက်ရှိမီ နာရီပိုင်းအလိုတွင်အဆင့်မြင့်ဇိမ်ခံ မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရေးမှ ကရိန်းကြီးမှာ ကျိုးကျခဲ့ရသည့်
...
ဖြစ်ရပ်တစ်ခု ပြီးခဲ့သည့် မိနစ်ပိုင်းက ဖြစ်ပွားခဲ့သည်။

လက်ရှိအချိန်တွင် မြေပြင်လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ခန့် ရှိလာခဲ့ရာ Manhattan ၅၇ လမ်း၊ အမှတ် ၆ နှင့် အမှတ် ၇ ရိပ်သာလမ်းမကြီးများ အကြားရှိ ဆောက်လုပ်ရေးမှ ကရိန်းကြီးသည် ကျိုးကျခဲ့ရကာ လေထဲ၌ တွဲလောင်းအနေအထား ဖြစ်နေခဲ့ပြီး လွန်စွာမှ အန္တရာယ်ရှိသည့် အနေ
အထားသို့ ရောက်ရှိခဲ့ရသည်။ ယင်းတိုက်ကြီးသည် အထပ် ၇၀ ခန့်
မြင့်မားပြီး ဆောက်လုပ်ပြီးစီးပါက နူးယောက်ခ်မြို့၏ အမြင့်ဆုံး ဇိမ်ခံ
မိုးမျှော်တိုက်ကြီး ဖြစ်လာမည်ဟု သိရှိရသည်။ လက်ရှိအချိန်၌ နူးယောက်ခ် မီးသတ်တပ်ဖွဲ့ (FDNY) နှင့် ရဲတပ်ဖွဲ့ (NYPD) တို့မှ အရေးပေါ် အခြေအနေ
အတွက် တုန့်ပြန်ဆောင်ရွက်နေသည်။

ဟာရီကိန်း မုန်တိုင်းကြီး Sandy နူးယောက်ခ်မြို့သို့ မရောက်ရှိမီ နာရီပိုင်းအလိုတွင်အဆင့်မြင့်ဇိမ်ခံ မိုးမျှော် တိုက်ကြီး ဆောက်လုပ်ရေးမှ ကရိန်းကြီးမှာ ကျိုးကျခဲ့ရသည့် ဖြစ်ရပ်တစ်ခု ပြီးခဲ့သည့် မိနစ်ပိုင်း က ဖြစ်ပွား ခဲ့ သည်။

လက်ရှိအချိန်တွင် မြေပြင်လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ခန့် ရှိလာခဲ့ရာ Manhattan ၅၇ လမ်း၊ အမှတ် ၆ နှင့် အမှတ် ၇ ရိပ်သာလမ်းမကြီးများ အကြားရှိ ဆောက်လုပ်ရေးမှ ကရိန်းကြီးသည် ကျိုးကျခဲ့ရ ကာ လေထဲ၌ တွဲလောင်းအနေအထား ဖြစ်နေခဲ့ပြီး လွန်စွာမှ အန္တရာယ်ရှိသည့် အနေအထား သို့ ရောက် ရှိခဲ့ ရသည်။

ယင်းတိုက်ကြီးသည် အထပ် ၇၀ ခန့် မြင့်မားပြီး ဆောက်လုပ်ပြီးစီးပါက
နူးယောက်ခ်မြို့၏ အမြင့်ဆုံး ဇိမ်ခံမိုးမျှော် တိုက်ကြီး ဖြစ်လာမည်ဟု သိရှိရသည်။

လက်ရှိအချိန်၌ နူးယောက်ခ် မီးသတ်တပ်ဖွဲ့ (FDNY) နှင့် ရဲတပ်ဖွဲ့ (NYPD) တို့မှ အရေးပေါ် အခြေအနေအတွက် တုန့်ပြန်ဆောင်ရွက်နေသည်။
 
 Myanmar Express 


ကော့ကရိတ်မြို့ ဗလီကို လက်ပစ်ဗုံးနဲ့  တိုက်ခိုက်

From :မောင်ဝင်း


ကရင်ပြည်နယ် ကော့ကရိတ်မြို့တံတားဦးရပ်ကွက်က ဒါရ်ဂါ ဗလီကို
အောက်တိုဘာ ၂၈ ရက်နေ့ ကအမည် မသိ ၂ ဦးက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။ည ၁၂ နာရီကျော်မှာ အမည်
...
မသိ ဆိုင်ကယ်စီးသမား ၂ ဦးကေန ဗလီဝင်းထဲကို လက်ပစ်ဗုံး ၂ လုံး ပစ်ခတ်ခဲ့ရာ ဗလီဝင်းထဲက လက်ပစ်ဗုံးက မပေါက်ကွဲဘဲ ဗလီဝင်းရှေ့ 
ရေမြောင်းထဲကျတဲ့ ဗုံး ၁ လုံးကတော့ ပေါက်ကွဲခဲ့တယ်လို့ဒါရ်ဂါ ဗလီနားက မျက်မြင်သက်သေက ဒီဗွီဘီ ကိုပြောပါတယ်။

“အဲလူ ၂ ယောက် ပစ်ချသွားတာ မြင်တယ်လေ။ မီးတွေပိတ်နေတာ့ အဝတ်အစားတွေ ဘာဝတ်လဲ သေချာ မြမင်ရဘူး။ ဒီကလူတွေကေတာ့ ယမ်းနဲ့ဆိုတော့ သေချာမမြင်ဘူး. အရှေ့ ကလူတွေပြော တာတော့ ဆိုင်ကယ်ဖင်လုံး အနီရောင်နဲ့တဲ့။အပြင်မှာ ၁ လုံး၊ အတွင်းမှ ၁ လုံး ပစ်သွားတာ။ အပြင်ကေပါက်တယ်၊ အတွင်းက မပေါက်ဘူး။ ”အဲဒီလို လက်ပစ်ဗုံးပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေ ကတော့ မရရှိပါဘူး။

လက်ပစ်ဗုံးအမျိုး အစားဟာ ဒေသခံတွေအခေါ်အရ မင်းဂွတ်သီး လက်ပစ်ဗုံးဖြစ် တယ်လို့ ပြောဆိုပြီး မပေါက်ကွဲတဲ့ လက်ပစ်ဗုံးကိုတော့ ရဲတပ်ဖွဲ့က သိမ်းဆည်းသွား တယ်လို့ သိရပါတယ်။ ကော့ကရိတ်မြို့  နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ ဗုံးပေါက်ကွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းနေပါတယ်လို့ဒီဗွီဘီကို ဖြေကြားပါတယ်။ဒါရ်ဂါဗလီကို ရေနံဆီကုန်း
ဗလီလို့ကော့ကရိတ်မြို့နယ်မှာ လူသိများပြီး မြို့ရဲ့ ဒုတိယအကြီးဆုံးဗလီလည်း
ဖြစ်ပါတယ်။
 
 Myanmar Express

အစ်ဒ်နေ့ ဆီးရီးယားအပစ်ရပ် ချိုးဖောက်မှု ထိပ်တန်းသံတမန်တွေ စိတ်ပျက်

From :MON


မူစလင်တွေရဲ့ အစ်ဒ်ပွဲတော်ကာလအတွင်း ဆီးရီးယားနိုင်ငံမှာ အပစ်အခတ်ရပ်စဲထားနိုင်ရေး ကြိုးပမ်းချက် မအောင်မမြင် ဖြစ်ခဲ့ တဲ့အပေါ် နိုင်ငံတကာသံတမန်တွေက အကြီးအကျယ်စိတ်ပျက်ကြောင်း ပြောဆိုကြပါတယ်။ ... ကုလသမဂ္ဂနဲ့ အာရပ်ဘ်အဖွဲ့ချုပ်တို့ရဲ့ အထူးသံတမန် Lakhdar Brahimi ကြားဝင် စေ့စပ်ပေးခဲ့တဲ့ အပစ်ရပ်သဘောတူညီချက်ကို သမ္မတ ဘာရှာ အယ်လ်-အာဆဒ်အစိုးရစစ်တပ်ကရော သူပုန်တွေဘက်ကပါ ချိုးဖောက်ခဲ့ကြတာပါ။ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွားကူညီဖို့အတွက် နိုင်ငံတကာအသိုက်အ၀န်း အနေနဲ့ ဒီထက်ပိုပြီး လုပ်ဆောင်ရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်ကိုရီးယားနိုင်ငံမှာ တနင်္လာနေ့က ပြောခဲ့ပါတယ်။ တိုက်ပွဲတွေဆက်ဖြစ်နေတဲ့အတွက် စိတ်မကောင်းဘူးလို့ ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှာ ရောက်နေတဲ့ အထူးသံတမန် ဘရာဟီမီက ပြောပေမဲ့ သူ ကြားဝင်စေ့စပ်ပေးခဲ့တဲ့ သဘောတူညီချက်ဟာ ဘယ်တုန်းကမှ တရားဝင် အပစ်ရပ် သဘောတူညီ ချက်တခုမဟုတ်ခဲ့ဘူးလို့ ပြောပါတယ်။ ဘရာဟီမီဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေး လက်ဗ်ရော့ဗ်နဲ့ ဆွေးနွေးဖို့ ရုရှားနိုင်ငံမှာ ရောက်နေတာပါ။ 

Myanmar Express 


ပညာရေးတက်ကြွ လှုပ်ရှားသည့် ပါကစ္စတန် နောက်ထပ် မိန်းကလေး တစ်ဦး ခြိမ်းခြောက်ခံရ

From :အင်တာနက်


မိန်းကလေးများ တန်းတူပညာ သင်ခွင့်အတွက် တက်ကြွ လှုပ်ရှားကာ အစွန်းရောက် ဘာသာရေး အယူအဆကို လူသိရှင်ကြား ဝေဖန်ရဲသော တာလီဘန် ကြီးစိုးရာ ပါကစ္စတန်ဆွတ်တောင်ကြား ဒေသသူ မိန်းကလေး တစ်ဦးကို တာလီ ဘန်စစ်သွေးကြွများက ချောင်းမြောင်း ပစ်ခတ် လုပ်ကြံ တိုက်ခိုက်ခဲ့မှုကြောင့် ကမ္ဘာ့ နေရာအနှံ့က ဝေဖန် ရှုတ်ချမှုများ များပြားနေစဉ် ပညာသင်ခွင့်တက်ကြွ လှုပ်ရှားသည့် အဆိုပါ တောင်ကြားသူ နောက်ထပ် မိန်းကလေးတစ်ဦးကို တာလီဘန်က သုတ်သင်မည်ဟု ခြိမ်း ခြောက်မှုများ ထွက်ပေါ်လာပြန်ကြောင်း Telegraph သတင်းစာ ကရေးသားဖော် ပြထားသည်။ ... ဟီနာခန်းဆိုသူ ပညာသင်ခွင့် လိုလားသော နောက်ထပ်မိန်းကလေးကို လည်း ခြိမ်းခြောက်မှုများ ရှိလာသော ကြောင့် အစိုးရမှ လုံခြုံရေး ပေးပါရန် အဆိုပါ မိန်းကလေး၏ မိဘများကပန် ကြားထားသည်။ တိုက်ခိုက် ခံရသော မာလာလာ ယူဆက်ဖ်ဇိုင်း ကဲ့သို့ပင် ဟီနာခန်း သည်လည်း တောင်ကြားဒေသ တွင် ၁၃ နှစ်သမီးကတည်းက အမျိုးသမီးများ တန်းတူ ပညာသင်ခွင့် အတွက် လှုပ်ရှားနေခဲ့သူဖြစ်သည်။ "ကျောင်းလည်း သွားလို့မရဘူး။ အိမ်ထဲက အိမ်ပြင်ကိုလည်း ထွက်လို့ မရ ဘူး။ ဒီခြိမ်းခြောက်မှုတွေ ဖြစ်လာက တည်းက ဈေးတောင် ရဲရဲ မသွားရဲဘူး။ ဘုရားရှင် ဆီမှာပဲ အဆင်ပြေစေကြောင်း ဆုတောင်း နေရတော့တာပဲ" ဟု ဟီနာ ခန်းက သူ၏ နေအိမ်အခန်းငယ်တစ်ခု တွင် Telegraph သတင်းစာကို ပြော ကြားသည်။ သူ့နေအိမ်အခန်း အတွင်းဝယ် ပညာသင်ယူခွင့်နှင့် ပတ်သက်သော လှုပ်ရှားမှု ပိုစတာများ ကပ်ထားသည်ကို တွေ့ရသည်။ မာလာလာယူဆွပ်ဖ်ဇိုင်း လုပ်ကြံ တိုက်ခိုက် ခံရသည့်နေ့က ဟီနာ ခန်း၏ အစ္စလာမ် မာဘတ်ရှိ နေအိမ် ခြံတံခါးကို စပရေးဖြင့် ကြက်ခြေခတ်ပုံ သဏ္ဌာန် လာရောက် ရေးဆွဲသွားခဲ့သည် ကိုတွေ့ရသည်။ တယ်လီဖုန်းဖြင့်လည်း ဆက်၍ ခြိမ်းခြောက်မှုများ ရှိနေသည် ဟု ၄င်း၏ မိဘများက ပြောကြားသည်။ "အမှတ်အသားကိုပဲ မင်းတို့ ဖျက်ပစ်လို့ရမယ်။ မင်းတို့ကတော့ ငါတို့ရဲ့ ပစ်မှတ်ပဲလို့ ဖုန်းဆက်ပြီး ပြောဆိုနေ ပါတယ်" ဟု ဟီနာခန်း၏ ဖခင်ဖြစ်သူ ရာယာတူလာခန်းက ပြောကြားသည်။ မစ္စတာခန်းသည်လည်း ပါကစ္စတန် အခြေစိုက် ငြိမ်းချမ်းရေး အတွက် ဖိအားပေးသည့် အဖွဲ့အစည်း တစ်ရပ် လုပ်ကိုင်နေသူ ဖြစ်သည်။ ဟီနာမိခင် သည်လည်း တက်ကြွ လှုပ်ရှားသူ တစ်ဦးပင် ဖြစ်ကာ တောင်ကြားဒေသမှ အမျိုးသမီးများ ဘဝ တိုးတက် မြင့်မားရေး အတွက် ဒေသ ထွက်ပစ္စည်းများ ရောင်းချ ပြသခြင်း၊ သင်တန်းပေး ခြင်းများ ပြုလုပ်ခဲ့၏။ 

 Myanmar Express 


ဒီချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဘယ်နေရာသွားသွား လေယာဉ်စင်းလုံးဌားစီးနိုင်ရန် NLD ပါတီ၏ဈေးရောင်းပွဲတော် အားပေးခြင်းဖြင့်ကူညီပါ

From : သာနောင်

 နေပြည်တော်မှ ရန်ကုန်သို့ လေယာဉ်စင်းလုံးဌားဖြင့်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်


ယမန်နေ့ညနေ ၅ နာရီ အချိန်မှ စတင်၍ ကျောက်တံတားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှကြီးမူး၍
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ဈေးရောင်းပွဲတော်အား ရန်ကုန်မြို့ ၃၅လမ်း(အလယ်)မှ ပန်းဆိုးတန်းလမ်းထိ ဆိုင်ခန်းများဖွင့်ကာ ရောင်းချလျက်ရှိကြောင်းတွေ့ရှိရသည်။ထိုဈေးရောင်းပွဲတော်အား ကျောက်တံတားမြို့နယ်တွင်သာမက
အခြားမြို့နယ်များတွင်လည်း ကျင်းပလျက်ရှိပြီး၊အဆိုပါဈေးရောင်းပွဲတော်မှ ရရှိသော အမြတ်ငွေများအားလုံးကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည် သွားရေးလာရေး တွင် လေယာဉ်စီးလုံးဌားအသုံးပြုမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်။



 ဒီချုပ်ဥက္ကဌ လေယာဉ်စင်းလုံးဌားစီးနိုင်ရန် ဈေးရောင်းပွဲတော်တွင် ရောင်းချပေးနေသည့် ပါတီဝင်လူငယ်များ

Myanmar Express 

ရခိုင်ပြည်နယ်အရေးအခင်း နောက်ကွယ်မှကြိုးကိုင်ခိုင်းနေတာ ဘယ်သူလဲ (၂)?(ပေးစာ - ၁၉၆)

From : ဦးကျော်ငြိမ်း


 ၈၈၈၈အရေးအခင်းတွင် ပါဝင်ပတ်သက်ခဲ့၍ အရေးယူခြင်း ခံခဲ့ရသူများသည် မည်သည့်ကိစ္စကို ဦးစားပေး ဆောင်ရွက်ခဲ့ကြပါသနည်း
လူ့အခွင့်အရေး အတွက်လော၊ ရိုဟင်ဂျာအရေးအတွက်လော?
သို့သော်လည်း အပြစ်ရှိ၍ တရားရုံးမှ အပြစ်ပေးခံထားရသူများသည် လွတ်ငြိမ်းခွင့်ရခဲ့ပါပြီ။ သို့သော် မီးစမှာ ငြိမ်းသွားရမည့်အစား ပို၍ပင် စည်ပင်လာနေပါသည်။ အဘယ်ကြောင့်ပါနည်း?

 နိုင်ငံအတွင်း တရားဝင်ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူက ရိုဟင်ဂျာ လူမျိုးသည် ရခိုင်ပြည်နယ်တွင် ယခင်ကပင် ရှိနေပြီးကြောင်း၊ ရိုဟင်ဂျာ အသံလွှင့်အစီအစဉ်ပင် ရှိခဲ့ကြောင်း ပြောနေဆဲပါ။

သမ္မတကြီး၏ ပြောစကားကိုပင် လက်မခံနိုင်သော ထိုပုဂ္ဂိုလ်သည် မည်သို့သော သဘောထားမျိုး ရှိနေပါသနည်း?


 ထိုပါတီသည် မည်သို့သော ပါတီမျိုးဖြစ်နိုင်ပါသနည်း?

 ရခိုင်ပြည်နယ်တွင် အထက်ပိုင်းစီးပွားရေးသမား မွတ်ဆလင်တို့ စန်းပွင့်နေဆဲဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ် ဖြစ်နေဆဲဖြစ်သည်။ ရိုဟင်ဂျာ အရေး တိုက်ပွဲဝင်နေဆဲဖြစ်သည်။ ရခိုင်တို့အနေဖြင့် ဘင်္ဂါလီမွတ်ဆလင်တို့နှင့် ကာလတာရှည်နေထိုင်ခဲ့ ဖူးကြပြီ။ ရိုဟင်ဂျာလူမျိုးသည် ရခိုင် ပြည်နယ်တွင် ယခင်ကလည်း မရှိခဲ့။ ယခုမှ ရှိသည်ဆိုလျှင်လည်း လက်ခံမည်မဟုတ်။ မြန်မာနိုင်ငံသားတွင် လူမျိုးများအကြားတွင် လက်မခံနိုင် သော (ယင်းအမည်နှင့် လူမျိုးတစ်ခု မရှိခဲ့ဖူးသော)လူမျိုးအကြောင်း ထိုလူမျိုးများ၏ အရေးတို့ကိုဆောင်ရွက် နေသူသည်ပင် ယခုဖြစ်ပျက်နေသော အရေးတို့ကိုလှုံ့ဆော်သူ၊ သွေးထိုးသူများ ဖြစ်ပါသည်။ နောက်ကွယ်မှကြိုးကိုင် ခြယ်လှယ်နေသူများ ဖြစ်ပါသည်။ ပြည်ပရောက် ရိုဟင်ဂျာဆရာကြီးများသည် လည်းကောင်း၊ ပြည် တွင်းမှ အစွန်းရောက် မော်လ၀ီဆရာများနှင့် အခါတော်ပေး စီးပွားရေးသမားများသည် လည်းကောင်း၊ ယခုဖြစ်ပျက်နေသော သေကျေ၊ ဒဏ်ရာရ အိုးအိမ် မဲ့စာရင်းများတွင် ပါဝင်ကြမည် မဟုတ်ပါ။ 


သူတို့သည် ရူးသွပ်သော အိပ်မက်တစ်ခုကို အသက်ပေါင်းများစွာ စတေးပြီး အကောင်အထည် ပေါ်အောင် ကြိုးစားနေခြင်းသာ ဖြစ်ပါသည်။ သူတို့သည် လူ့အခွင့်အရေး နှင့် ဘာသာရေးကို အကြောင်းပြပြီး ကိုယ်ကျိုးအမြတ် ထုတ်ကြပါမည်။ ယခုလည်းထုတ်နေ၊ ရနေ၊ ခံစားနေကြပါပြီ။ တရားခံဟူသည် တရားခွင်ထဲမှာပင် ရှိနေပါသည်။ ယခုရခိုင်ပြည်နယ် အရေးသည် မြန်မာတစ်နိုင်ငံလုံးနှင့် ဆိုင်နေသော လူမျိုးရေးသတ်မှတ်ခြင်း ကိစ္စဖြစ်သည်။ နိုင်ငံသား၊ နိုင်ငံခြား သားစသော ကိစ္စတို့သည် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံစီ၏ သီးခြားလွတ်လပ်သော ကိစ္စဟုဆိုရပါမည်။ ဤကိစ္စကြီးသည် နိုင်ငံတော် အစိုးရမှ ကိုင်တွယ်ဖြေရှင်းမှရမည့် ကိစ္စဟု ထင်မြင်ပါသည်။


 ယခုတည်မြဲနေပြီးဖြစ်သော အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့သည် နိုင်ငံသား၊ နိုင်ငံခြားသားဖြစ်မှုကိစ္စ ကို တိတိကျကျ ပြတ်ပြတ်သားသား ကိုင်တွယ်သင့်ပါသည်။ ထိုဥပဒေ ပြတ်သားလျှင် ရိုဟင်ဂျာ အရေးကို ပြတ်သားစွာ ဆုံးဖြတ်လာနိုင်ပါလိမ့်မည်။ ထိုအခါ ရခိုင်ပြည်နယ်အရေး သည် သူ့သဘောသူဆောင်သော အဆင့်သို့ ရောက်သွားပါလိမ့်မည်။ ရခိုင်ပြည်နယ်တွင် ယခင်ကာလရှည်ကြာ အတူနေထိုင်ခဲ့ကြသော လူမျိုးတို့အကြား ယခုလို အမုန်းတရား ပေါများလာစေခဲ့သည့် နောက်ကွယ်မှ တရားခံကိုပါ ဖော်ထုတ်ပြလာနိုင်ခဲ့ပါ မူကား အတူယှဉ်တွဲ နေထိုင်နိုင်ရေးသည်ပင် မဖြစ်နိုင်စရာမရှိပေ။ ယခုကား အပြစ်မဲ့ရန်ငြိုးမဲ့ လူသားတစ်ဦး ကိုတိရစ္ဆာန်တစ်ကောင်ပမာလည်လှီး သတ်ခဲ့ပြီ။ အိုးအိမ်များစွာတို့ ပြာပုံ ဘ၀ရောက်ခဲ့ကြပြီ။ အိမ်မဲ့ယာမဲ့ ဘ၀ရောက်ခဲ့သူများသည် ရိုဟင်ဂျာဆိုတာ ဘာလဲဟုမေးလျှင် ဖြေနိုင်မည့်၊ ဖြေတတ်မည့်သူများ မဟုတ်မှာတော့ သေချာသည်။ သို့သော်လည်း သူတို့မှာပါ ဒဏ်ရာကရှိနေပြီ။ ဤဒဏ်ရာတို့သည် နှစ်ဦးနှစ်ဖက်ရရှိ သွားကြသည့် ဒဏ်ရာများဖြစ်သည်။ ဤဒဏ်ရာဒဏ်ချက်တို့ကို လူ့အခွင့်အရေးဆေး၊ ဘာသာရေး လွတ်လပ်ခွင့်ဆေးများ တိုက်ကျွေးရုံဖြင့် ကောင်း ပျောက်မည်မထင်ပါ။ ရောဂါ၏ အကြောင်းရင်းသည် လူသားမျိုးနွယ် အမည်သစ် ဖန်တီးလိုသည့် စိတ်ဝေဒနာသည် ပညာတတ်လူတစ်စု တို့၏ သွေးထိုး မြှောက်ပင့်မှုများကြောင့်သာ ဖြစ်ရသည်ဟု ယူဆမိပါသည်။

 Myanmar Express