Subscribe to our RSS Feed

၆၉ နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားတွင် ယခင်နှစ်ထက် စစ်လက်နက်များ ပိုမိုပါဝင်သွားမည်ဖြစ်




March 26, 2014 at 12:57pm


ဝင်းကိုကိုလတ်


မတ်လ ၂၇ ရက်တွင် ကျရောက်မည့် ၆၉ နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင် ယမန်နှစ် ၆၈ နှစ် မြောက်တပ်မတော်နေ့ အခမ်းအနားထက် စစ်လက်နက်ပစ္စည်းများ ပိုမိုပါဝင်မည်ဟု နေပြည်တော်ရှိ ကာ ကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။

၎င်းက “ဒီနှစ်တပ်မတော်မှာ မနှစ်ကထက် စစ်လက်နက်ပစ္စည်းတွေပိုပါလာမယ်။ မနှစ်က တပ်မတော်နေ့ မှာ မပါတဲ့ချိန်းတပ်တင့်ကားတွေ ပါလာမယ်”ဟု ပြောသည်။


ခေတ်အဆက်ဆက် တပ်မတော်နေ့များတွင် စစ်သည်အင်အားဖြင့်သာစစ်ရေးပြ အခမ်းအနားများ ပြုလုပ်ခဲ့ ရာမှ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၇ ရက်၊ ၆၈ နှစ်မြောက် တပ်မတော်နေ့တွင် မြန်မာ့တပ်မတော်၏ စစ်လက် နက်ပစ္စည်းများကို ပထမဆုံးအကြိမ်အဖြစ် စစ်ရေးပြအခမ်းအနားတွင် ပါဝင်ပြသခဲ့ခြင်းဖြစ်သည်။

စစ်ရေးပြလေ့ကျင့်ခန်းတွင်ပါဝင်မည့် ဗိုလ်မှူးအဆင့်ရှိ အမည်မဖော်လိုသူ တပ်မတော်သားတစ်ဦးက “MIG 29 တိုက်လေယာဉ်တွေ၊ တင့်ကားတွေ၊ လေယာဉ်ပစ် အမြောက်စနစ်၊ တင့်ဖျက်လက်နက်တွေ မနှစ်ကလို ပဲ ပါမယ်။ တပ်ပေါင်းစုံက လက်နက်စနစ်တွေ မျိုးစုံပါမယ်”ဟု ပြောသည်။

၆၉ နှစ်မြောက်၊ တပ်မတော်နေ့အခမ်းအနားစစ်ရေးပြပွဲတွင် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်ပေါင်း ၁၀,၀၀၀ နီးပါးခန့် ပါဝင်မည်ဖြစ်ပြီး ယခုအချိန်တွင် နေပြည်တော်၊ ပုဗ္ဗသီရိတပ်မြို့တွင် တည်းခိုလေ့ကျင့် လျက်ရှိသည်။


အဆိုပါ တပ်မတော်အရာရှိက “ကျွန်တော်တို့ သက်ဆိုင်ရာ စစ်တိုင်းအလိုက် တစ်လလောက်လေ့ကျင့်ကြ ရတယ်။ အခု နေပြည်တော်ရောက်နေတာ တစ်လလောက်ရှိပါပြီ”ဟု ပြောသည်။

စစ်ရေးပြ အစမ်းလေ့ကျင့်ခြင်းများတွင်လည်း တပ်မတော်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း နှင့် တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးလှဌေးဝင်းတို့လည်း လာရောက်ကြည့်ရှုခဲ့သည်ဟု ၎င်းကဆိုသည်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ၂၇ ရက်မှပဲလာမှာပါ”ဟု ဆိုသည်။ယခုနှစ် တပ်မတော်နေ့ အခမ်းအနားသို့ အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌအား ဒုတိယအကြိမ်အဖြစ် ဖိတ်ကြား ထားကြောင်းလည်း အင်န်အယ်လ်ဒီပါတီမှ လွှတ်တော်အမတ်တစ်ဦးကလည်း အတည်ပြုပြောသည်။

ရင်းနှီးမြှုပ်နှံသူများ စွန့်ခွာထွက်ပြေးမှုအပေါ်တွင် ရုရှားမှ သတိပေး

From: The Myanma Age

 
 ရင်းနှီးမြှုပ်နှံသူများမှ အမေရိကန် ဒေါ်လာ ဘီလျံ ၇၀ ကျော်ကို ယခုနှစ် ပထမ သုံးလအတွင်း နိုင်ငံအတွင်းမှ ထုတ်ယူသွားမည်ဟု ရုရှားမှ မျှော်လင့်ထားသည်။

ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့မှုများနှင့် ယူကရိန်းအရေး တင်းမာမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများမှ စိုးရိမ်ပူပန်လျက် ရှိသည်။

စီးပွားရေး ရပ်တန့်နေမှုနှင့် ငွေကြေးဖောင်းပွလာမှုများအတွက် သတိထားရမည် ဖြစ်ကြောင်း တနင်္လာနေ့က သတင်းထောက်များအား ရုရှား၏ စီးပွားရေးဝန်ကြီး အန်ဒရေးကလဲပတ်ခ်ျမှ ပြောဆိုခဲ့သည်။

ဒေါ်စုဘာကြောင့်သမ္မတဖြစ်ချင်တာလဲ

From : We Love True

 

“ လက်ဦးဆရာမည်ထိုက်စွာပုဗ္ဗာစရိယမိနဲ့ဘ“ ဟူ၍ စကားရှိပါတယ်။ ကျွန်တော်တို့မြန်မာလူမျိုးတွေမှာ အဖေနဲ့ အမေဟာ မိမိဘဝရဲ့ ပဲ့ကိုရှင်တွေပါ။ ငယ်ငယ်လေးထဲက မိဘတွေရဲ့ သွန်သင်မှု အောက်မှာ နေထိုင်ရင်း ကောင်းမွန်တဲ့ ဘဝလေးတွေကို တည်ဆောက်နိုင်အောင် မိဘတွေ လမ်းခင်းပြသပေးပါတယ်။ ဘဝရပ်တည်မှုတွင် မိမိဘဝပျက်စီး နိုင်မှုဟာ ပတ်ဝန်းကျင်ကြာင့် ဖြစ်နိုင်ခြေ ရာခိုင်နှုန်းနည်းပါးသော်လည်း မိဘတွေရဲ့ အထူးသဖြင့် မိခင်ရဲ့ သွန်သင်မှုဟာ ရာခိုင်နှုန်းများပါတယ်။ 
ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီးဗိုလ်တေဇ (ခေါ်) ဗိုလ်ချုပ်အောင်ဆန်း ဟာ မိခင်ဒေါ်စုရဲ့ ကောင်းမွန်သော သွန်သင်ဆုံးမမှု အောက်မှာကြီးပြင်း ရပ်တည်နိုင်ခဲ့လို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အသိမှတ်ပြုခြင်း ခံရတဲ့ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒီလိုဆိုရင် ဗိုလ်ချုပ်ရဲ့အမေဒေါ်စုအကြောင်း အနည်းငယ် ဖော်ပြချင်ပါတယ်။ 

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ဖြည့်သွင်းရေး ဆန့်ကျင်နေသူများအား ကမာရွတ် အွန်လိုင်းမီဒီယာထူထောင်သူက ခွေးနှင့်နှိုင်း၍ ပြင်းထန်စွာ ဝေဖန်



ရခိုင်ပြည်နယ်တွင် ဘင်္ဂလီများက သန်းခေါင်စာရင်း ဖြည့်သွင်းရာ၌ ရိုဟင်ဂျာ ဟု ထည့်သွင်းရန် စီစဉ်နေသည်ကို ရခိုင်ပြည်နယ်တစ်ခုလုံးက အပြင်းအထန် ကန့်ကွက်နေချိန်တွင် ပြည်တွင်းရှိ အွန်လိုင်းမီဒီယာ ထူထောင်သူတစ်ဦးက ခွေးနှင့်နှိုင်း၍ ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်ကြောင်း သိရှိရသည်။

ကမာရွတ်မီဒီယာ ထူထောင်သူ ဦးနေသန်မောင်က "၂၀၀၉ ခုနှစ် လောက်က ထင်တယ်။ အမေရိကန်မှာ သန်းခေါင်စာရင်းကောက်တော့ LA မှာရှိတဲ့ မြန်မာကွန်မြူနီတီကနေ စည်းရုံးဆော်သြတာတစ်ခုလုပ်ပါတယ်။ အဲဒါက Ethnic ဆိုတဲ့ နေရာမှာ ရှမ်း၊ မွန်၊ ကရင် စတာတွေမထည့်ဘဲ Burmese လို့ တညီတညွတ်တည်း ထည့်ရင် သတ်မှတ်ထားတဲ့ လူဦးရေရှိရင် Minority တစ်ခုအဖြစ် တရားဝင် အသိအမှတ်ပြုခံရတာမို့ Community တွေ တရားဝင်ထူထောင်နိုင်မယ်။ လူမှုရေးတွေကို စုစုစည်းစည်းနဲ့ ထောက်ပံ့ငွေတွေနဲ့ လုပ်နိုင်မယ်လို့ ပြောပါတယ်။ လူဦးရေသိပ်နည်းတဲ့ Laotian တွေ စုစုစည်းစည်းလုပ်တာကို အားကျပြီး စိတ်ကူးရသွားတယ်ထင်ပါတယ်။ ကောင်းပါတယ်။ ဒါဟာ Rights ပါပဲ။
အဲဒီလူတွေကပဲ အွန်လိုင်းပေါ်တက်ပြီး မြန်မာပြည်မှာ သန်းခေါင်စာရင်းကောက်တဲ့အခါ ဟိုနာမည်ရေးရင် မရဘူး၊ ဒီနာမည်ဆိုရင် လက်မခံဘူးဆိုတာများ ကြားနေရတော့ လူရွှင်တော် မော့စ်ကို မကြည့်ရဘဲ သိပ်ရယ်ရတဲ့ ပြက်လုံးကြီးကြားလိုက်ရသလိုပဲ" ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ထို့အပြင် ဒါကာထရွိုင်ဗျူးတွင်ရေးသားဖော်ပြခဲ့သော ဆောင်းပါးအား ကန့်ကွက်လျက် ရှိသည့် သံဃာများ၊ ပြည်သူများနှင့် မီဒီယာများကိုလည်း ခွေးနှင့်ပမာပြု၍ ဟောင်သည့်ခွေးကို တုပြိုင်ပြီး ပြန်ဟောင်နေခြင်း ဖြစ်ကြောင်း ၄င်း၏ လူမှုစာမျက်နှာတွင် ထုတ်ဖော်ရေးသားခဲ့သည်။ 

ကမာရွတ်မီဒီယာသည် ဒူချီးရားတန်းကိစ္စ မဟုတ်မမှန် သတင်းထုတ်လွှင့်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်ခဲ့ပြီး သတင်းမှန်များကိုမူ ပြန်လည်ဖော်ပြခြင်း မပြုဘဲ ထိန်ချန်ထားခဲ့သည့် မီဒီယာ ဖြစ်ကြောင်း၊ OIC ကျောထောက်နောက်ခံဖြင့် ထူထောင်ထားသည် ဟု ယူဆရကြောင်း နေ့စဉ်ထုတ် သတင်းစာတစ်စောင်မှ သတင်းထောက်ချုပ် တစ်ဦးက ပြောသည်။

“ကမာရွတ်မီဒီယာဆိုတာ မီဒီယာမှ မဟုတ်တာ။ OIC ရဲ့ ၀ါဒဖြန့်ချိရေးလက်နက် တစ်ခုပဲ။ ဒီမီဒီယာက ထုတ်လွှင့်တဲ့ သတင်းတွေဆိုရင် သတိထားဖို့ လိုတယ်။ သူက ပါးပါးလေး ထည့်တာ။ ဘယ်ဘက်ကလဲ ဆိုရင် ဘင်္ဂလီတွေဘက်က မီဒီယာလေ။ ပြည်တွင်းမီဒီယာ ဆိုပြီး မယုံလေနဲ့။ သူတို့က ငွေကြေးပံ့ပိုးမှုအားကောင်းတော့ ငွေကုန်ခံပြီး လုပ်နေတာလေ။ တစ်ခါတစ်လေ အင်္ဂလိပ်ဘာသာနဲ့ တင်ပြီ ဆိုရင် အဲဒီ သတင်းကိုကြည့်လိုက် ဘင်္ဂလီလော်ဘီသတင်းတွေချည်းပဲ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ မီဒီယာ ဥပဒေနဲ့ မညီဘဲ ဒီလို ပြည်တွင်းမှာအပခြေစိုက်ပြီး OIC လော်ဘီ လုပ်၊ အဆိပ်အတောက်တွေ ဖြန့်ဖြူးနေတဲ့ ဒီလိုလူမျိုးတွေကို ပြင်းပြင်းထန်ထန် ကန့်သတ်ပိတ်ပင်ဖို့ လိုပါတယ်” ဟု ၄င်းက ပြောဆိုသည်။

“သူ့ဘာသာ အစ္စလာမ်ဘာသာကိုးကွယ်တာ တစ်ပိုင်း။ ဒီလိုမျိုး ပူးသတ်တဲ့ ပုံစံမျိုးနဲ့ လုပ်နေတာကိုတော့ ကျွန်တော်တို့ ရှုတ်ချပါတယ်။ ငွေကြေးတွေ ဘယ်က အထောက်အပံ့ယူနေသလဲ။ OIC ဆီက ငွေကြေးတွေ တရားမ၀င် စီးဝင်နေတဲ့ ဒီလို မီဒီယာတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုပါတယ်။ ပြီးတော့လည်း ဒီနိုင်ငံမှာနေပြီး ဒီနိုင်ငံက သံဃာတွေ၊ ပြည်သူတွေကို စော်ကားနေတာကိုတော့ လက်ပိုက် ကြည့်နေဖို့ မကောင်းဘူး။ ဘင်္ဂလီလော်ဘီလုပ်နေတဲ့ ဒီလိုမျိုး လောက်ကောင်တွေကို ရှာဖွေဖော်ထုတ်ပေးဖို့ လိုပါတယ်။ မီဒီယာသမားတွေကို ခွေးနဲ့နှိုင်းပြီး ပြောရအောင် သူကရော ဘယ်လောက် တတ်သိကျွမ်းကျင်နေလို့လဲ။ ချောက်တီးချောက်ချက် လုပ်တတ်ရုံနဲ့ ကြီးကြီး ကျယ်ကျယ် မီဒီယာထောင်ပြီး ဆရာ လာလုပ်နေတာ လူတိုင်း သိတယ်။ ထည့်ပြောစရာကို မလိုလို့ လွှတ်ထားပေးတာ။ ခွေးက ခွေးနေရာ လူက လူနေရာ နေဖို့ လိုတယ်" ဟု အပတ်စဉ်ထုတ် သတင်းဂျာနယ်တစ်စောင်မှ တာဝန်ခံ အယ်ဒီတာ တစ်ဦးက ပြောကြားသည်။ 

ကိုယ်တိုင် အဖြစ်မရှိဘဲ သူများကို အပုပ်ချနေခြင်းလောက် ရှက်စရာကောင်းသည့် လုပ်ရပ် မရှိနိုင်တော့ကြောင်း၊ သတင်းများကို လိုရာဆွဲပြီး ထုတ်ပြန်နေသော ကမာရွတ်မီဒီယာလို အွန်လိုင်းမီဒီယာက ဤသို့ ပြောကြားခြင်းကို ထုတ်ဖော်မပြောကြားနိုင်လောက်အောင် စိတ်ပျက်မိကြောင်း ၄င်းက ပြောဆိုသည်။ 

“ဘင်္ဂလီတွေက မြန်မာနိုင်ငံမီဒီယာတွေထဲကို တဖြည်းဖြည်းချင်း တိုးဝင်လာနေတယ်။ ဒီအထဲမှာ ကမာရွတ်မီဒီယာလည်း ပါတယ်။ ဒါတွေကို နားလည်ဖို့ လိုတယ်။ အကင်းပါးဖို့ လိုတယ်။ ပြီးရင် မီဒီယာတွေမှာ အမျိုးသမီး တွေကို ခေါ်ပြီး ခန့်မယ်။ ပြီးရင် သူတို့ ထုံးစံအတိုင်း သူတို့ စီမံကိန်းအတိုင်း ဒီအမျိုးသမီးတွေကို စည်းရုံးမယ်။ အခုလည်း ၀န်ထမ်းခန့်မယ် ဆိုပြီး လူတွေ ခေါ်နေတာ တွေ့တယ်။ ဘင်္ဂလီ မီဒီယာ ကတော့ ဘင်္ဂလီထုံးစံအတိုင်းပဲ လုပ်ကြမှာပဲ။ ဒါကို တို့အမျိုးသားတွေ သတိရှိကြဖို့၊ အသိရှိကြဖို့ လိုတယ်” ဟု အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ သံဃာတော်တစ်ပါးက မိန့်သည်။

ထိုသို့ အမျိုးဖျက်မီဒီယာများ တိုးပွားလာနေသဖြင့် ဆရာတော်ဦးဝီရသူက မီဒီယာကို အကျိုးရှိရှိ အသုံးချရန် တိုက်တွန်းလာခြင်း ဖြစ်ကြောင်း ၄င်းက မိန့်ကြားသည်။ 

ကမာရွတ်မီဒီယာ အမည်ခံ အွန်လိုင်း သတင်းစာမျက်နှာသည် အချိန်တိုတိုအတွင်း ငွေကြေးအလုံးအရင်း သုံးစွဲလာသည့် မီဒီယာ ဖြစ်ကြောင်း၊ အင်တာနက်အသုံးပြုမှုတွင်ကျယ်လာသည့် မြန်မာနိုင်ငံတွင် အွန်လိုင်းမီဒီယာများ ထူထောင်လျက်ရှိရာတွင် ကမာရွတ်မီဒီယာအမည်ဖြင့် ထူထောင်ရာတွင် OIC နှင့် အစ္စလာမ္မစ်အဖွဲ့အစည်းများ၏ ထောက်ပံ့ငွေများဖြင့် ထူထောင်ထားခြင်း ဖြစ်ကြောင်း၊ ယခုနောက်ပိုင်းတွင် မီဒီယာလက်တန် တိုးချဲ့ရန် OIC မှ ငွေကြေးအလုံအလောက် ရရှိထားပြီး ဖြစ်ကြောင်း သိရှိရသည်။ ကမာရွတ်မီဒီယာ၏ ၀က်ဆိုဒ်လိပ်စာမှာwww.kamayutmedia.com ဖြစ်ကြောင်း သိရှိရသည်။


ပြည်သူ့အာဏာ

တပ်မတော်နေ့ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ကြသူအနုပညာရှင်တို့ အမှတ်တရ.






တစ်ချိန်က တပ်မတော်နေ့ကို တော်လှန်ရေးနေ့အခမ်းအနားအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအထိ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပေသည်။ အနယ်နယ်အရပ်ရပ် တွင်လည်း ပိုစတာ နံရံကပ်အနုပညာပြိုင်ပွဲများ၊ ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများဟူ၍ အသီးသီး ပူးတွဲကျင်းပခဲ့သလို ဂုဏ်ပြုစစ်ကြောင်း ချီလာ သည့် တပ်မတော်သားများ အား မြို့မိမြို့ဖ ပြည်သူ ပြည် သားများက သောင်းသောင်း ဖြဖြကြိုဆို၍ ဂုဏ်ပြုပန်းကုံးစွပ်ကြပေသည်။

ထိုကဲ့သို့သော တပ်မတော် နှင့် ပြည်သူကြည်ဖြူညီတူ စိတ်ထားဖွဲ့ မြင်ကွင်းပုံရိပ် တို့ကား မြန်မာနိုင်ငံ၏ အနာဂတ် ခွန်အားသစ်များ အနေနှင့် ဖြစ်တ ည်ကျန် ရစ်စေ ခဲ့ပါ သည်။ ထိုကဲ့သို့သော သမိုင်းအစဉ်အလာကောင်းများနှင့် ဖြစ်တည်ခဲ့သော တပ်မတော်နေ့ကို ကိုယ်တိုင်ကြုံ တွေ့ ဖြတ်သန်းခဲ့ဖူးသူတို့၏ အမှတ်တရစကား သံများကို စု စည်းဖော်ပြ လိုက်ပါသည်။
စာရေးဆရာ၊ ပန်းချီဆရာ၊ ဒါရိုက်တာဦးဝင်းဖေ

” ဟိုတုန်းက တပ်မတော်နေ့ မြင်ကွင်း၊ အမှတ်တရတွေတော့ အများကြီးပါပဲ။ ဒါတွေကို အဓိကထားပြီး မပြောချင်ဘူး။ ငယ်ငယ်တုန်းကဆို တပ်မတော်ကို ပျိုတိုင်းကြိုက် တဲ့နှင်းဆီခိုင်လို့ ခေါ်ကြတယ်။ ဒါက သူတို့ရဲ့ တရားဝင်ဂုဏ်ထူးတစ်ခုပေါ့။ အဲဒီပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဆိုတဲ့ ဂုဏ်ထူးတစ်ရပ်တပ်မတော်မှာ ပျောက်ကွယ်သွားတာ၊ ဆုံးရှုံး သွားတာအတော်ကြာနေပြီ။ အတော်ကြာခဲ့ပြီ။ အဲဒီ တော့ တပ်မတော်နေ့အခမ်းအနားကလည်း အများကြီးကြာသွားပြီ။ရှေးတုန်းက တပ်မတော် နေ့ အခမ်း အ နားပေါ့လေ။

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဆိုတဲ့စကားနဲ့အညီ တပ်မတော်နေ့မှာ ချီတက်ကြ တဲ့အခမ်းအနားတွေလုပ်ရင် လူတိုင်းလူတိုင်းမျှော်ရှုကြတယ်။ ကြည့်ကြ တယ်။ လက်ခုပ်လက်ဝါးတီးကြတယ်။ အားပေးကြတယ်။ အဲဒီဘွဲ့မရှိတဲ့နောက် လူတိုင်းစိတ်ထဲမှာမရှိဘူး။ တချို့တွေရဲ့ ရင်ထဲမှာမရှိကြဘူး။ မျက်နှာလွှဲနေတာတွေရှိ တာပေါ့။ ဒါကိုတပ်မတော်နေ့မှာ တပ်မတော်သားတိုင်း အငယ်ဆုံးကနေ အကြီးဆုံးအထိ ခေါင်းထဲမှာ ဒီလိုမျိုးရှိခဲ့တယ်ဆိုတာ လျစ်လျူမရှုသင့်ဘူး။ တပ်မတော်နေ့နဲ့ ပတ်သက် လာ ရင် ပြောစရာ တွေတစ်ပုံကြီးပဲ။ ထူးခြားတာတွေလည်း အများကြီးပဲ။ ဒါကလူတွေအားလုံးမှာလည်းရှိ တယ်။ ဒီလိုရှိတယ်ဆိုတာကို တပ်မတော်ကလည်း သိတယ်။ တိုင်းပြည်ကလည်း သိတယ်။ နှစ်တွေများ ၊ ပြဿနာတွေများများပေါ့။ ဒါကိုဖြေရှင်းဖို့၊ အဖြစ်အပျက်တွေကို ဖြေရှင်းဖို့ တပ်မတော်က ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ သူ တို့စဉ်းစားပေးဖို့ ဒါပဲရှိတယ်”

ဇာတ်ညွှန်းဆရာဆုသြချယ်

” ကျွန်တော်တို့ ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ တပ်မတော်နေ့ပုံရိပ်ကတော့ ဟိုးငယ်ငယ်တုန်း က ကြံ့ခိုင်ပျော်ရွှင်သင်တန်းဆိုတာရှိတယ်။ အထက်တန်းကျောင်း၊ အလယ် တန်းကျောင်း တွေမှာ လိုက်ပြီးဖွင့်လှစ်တာ။ အဲဒီမှာသင်ပေးတဲ့၊ အခြေခံစစ်ပညာကို သင်ပေးတဲ့ဆရာကြီး တွေရှိတယ်။ ကျွန်တော်တို့ တအားချစ်ကြရတာ။ အဲဒီသင် တန်းတွေပြီးလို့ ကျွန်တော်တို့ ရှစ်တန်း ကိုအောင်၊ ကိုးတန်းကို အောင်ပြီးတော့အခါမှာတော့ သူငယ်ချင်းတွေဆို စစ်တပ်ထဲ အကုန်ဝင်သွားကြတာ။ တော်တော်လေးကို ချစ်ခဲ့ကြတယ်။ တပ်မတော်ကိုပေါ့။

ဒီဘက်ပိုင်းတဖြည်းဖြည်းနဲ့ ကြာလာတဲ့အခါကျတော့၊ အရေးပေးတာတို့၊ ဘာတို့ဖြစ်လာတဲ့အခါ ကျွန်တော့် အစ်ကိုနှစ်ယောက်လည်း တပ်ထဲကပါပဲ။ ဒါပေမဲ့ ပြောချင်တာက ဟသွားတယ်။ အရင်တုန်း က တော်လှန်ရေးနေ့ဆိုရင် ကျွန်တော်တို့ ရန်ကုန်ကိုရောက်ခါစက ချီတက်ပွဲတွေပေါ့။ တော် လှန်ရေး ပန်းခြံကို ချီတက်ကြတာပေါ့။ ပြည်သူတွေကနေ ချီတက်လာတဲ့သူတွေကို ပန်းကုံးတွေ စွပ်ကြတာပေါ့။ ကျွန်တော့်အစ်ကို တွေပါနေတော့ အစ်မကလည်း နယ်ကနေ တကူးတကလာပြီး ပန်းကုံးစွပ်ရတာပေါ့။ အဲဒီလိုမျိုးပါ။ နောက်ပိုင်းကျတော့ အဲဒီလိုမျိုး မရှိတော့ဘူး။ ပန်းကုံးစွပ်ချင်လို့လည်း စွပ်ခွင့်မရတော့ဘူး။ အဲဒီလိုမျိုးတွေ ဖြစ် လာ တယ်။ တဖြည်းဖြည်းနဲ့ ပါလာ တယ်။ နောက်ပိုင်းက တော့ တော်လှန်ရေးနေ့ဆိုတာသက်သက်ကြီးကို ဖြစ်သွားတယ်”

ခင်ဝင့်ဝါ

” တပ်မတော်နေ့က ညီမ မမေ့နိုင်တဲ့နေ့တစ်နေ့ပါ။ လွတ်လပ်ရေးနေ့တို့၊ တပ်မတော်နေ့ တို့ဆိုတာက တိုင်းပြည်အတွက်အရေးပါတဲ့ နေ့ထူးနေ့မြတ်တွေလေ။ အဲဒီအခါ ကျတော့ တပ်မတော်နေ့ကို မြန်မာနိုင်ငံသူတစ်ယောက်အနေနဲ့ရော၊ Miss တစ်ယောက်အနေနဲ့ပါ ဂုဏ်ပြုကြိုဆိုပါတယ်”

ဒါရိုက်တာစင်ရော်မောင်မောင်

” လွတ်လပ်ရေးရပြီးရော၊ မရခင်ရော နိုင်ငံတော်မှာ တပ်မတော်ဆိုတာ အဓိကလိုအပ်တဲ့အတိုင်း အတာတစ်ခုမှာရှိပါတယ်။ အဓိက ကတော့ နိုင်ငံရဲ့လုံခြုံရေးအတွက်ပေါ့။ တပ်မတော်ကို စတင်တည်ထောင်တာက ဗိုလ်ချုပ်အောင်ဆန်းတို့တည်ထောင်ခဲ့တယ်။ လက်ရှိ တပ်မတော်ခေါင်းဆောင်တွေဟာ လည်း ပြည်ထောင်စု မပြိုကွဲရေး အတွက်ကို ဆက်လက်ဆောင်ရွက်နေဆဲပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အခု တိုင်းပြည်မှာ ဒီမိုကရေစီ တည် ဆောက်နေတဲ့အချိန်မှာ တပ်မတော်ရဲ့အခန်းကဏ္ဍဆိုတာ တ အားအရေး ကြီးတယ်လေ။ ကျွန်တော်တို့ကတော့ သမိုင်းအစဉ်အလာကောင်း ခဲ့တဲ့ တပ်မတော်နေ့ကိုလည်း ကြိုဆိုတယ်။ ပြီးတော့ ဒီမိုကရေစီလျှောက်လှမ်းမှာလည်း တပ်မတော်သည် တိုင်းပြည်အတွက် အလွန်ကောင်း မွန်သော၊ ရည်ရွယ်ချက်၊ ဆုံးဖြတ်ချက်တွေနဲ့ ပါဝင်ပြီးတော့ ဆောင် ရွက်မယ်လို့လည်း မျှော်လင့်ပါတယ်”

ပန်တျာဦးမြကြည်
(သဘင်အစည်းအရုံး ဥက္ကဋ္ဌ )

” ဘိုးစဉ်ဘောင်ဆက်၊ သားစဉ်မြေးဆက် နိုင်ငံတော်ကို ကာကွယ်ခဲ့တဲ့ တပ်မတော်ကို တော့ ကျွန်တော်တို့ဘက်က အလေးထားမှတ်တမ်းတင် ဂုဏ်ပြုရပါတယ်။ တပ် မတော် ဆိုတာက နိုင်ငံတော်ကို ကာ ကွယ်စောင့်ရှောက်ခဲ့တဲ့ တပ်မတော်ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့လည်း တပ်မတော်နေ့နဲ့ပတ်သက်ပြီး ဂုဏ်ယူ ဝမ်းမြော က်ရပါတယ်”

ဦးရဲလွင်
(လွတ်လပ် ငြိမ်းချမ်းပန်းရဲ့လမ်း)

” တပ်မတော်နေ့ဆိုတာ အရင်တုန်းက တော်လှန်ရေးနေ့ဆိုပြီး နာမည်တပ်ခဲ့တာပဲ။ နောက်မှ တပ်မတော်နေ့ဆိုပြီး ဖြစ်လာတာ။ တကယ်လို့ တပ်မတော်က သူတို့ရဲ့ ပွဲမှာ ပြည် သူအတွက် လုပ်နေတဲ့သူတွေကို နေရာပေးမယ်၊ ကူညီပါဆိုရင် ကူညီဖို့အဆင်သင့်ပါပဲ။တပ်မတော် ဆိုတာ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ကျမသွားေ အာင် ကျွန်တော်တို့ က တိုက်တွန်းနှိုးဆော်ရမှာပါ”

ဆောင်းဦးလှိုင်

ဗိုလ်ချုပ်တို့ဟာ အဲဒီတုန်းက လူငယ်လေးတွေ၊ တိုင်းပြည်အတွက် စွန့်စားပြီးတော့ ရိုးသားကြိုးစားခဲ့ကြတော့လည်း တစ်တိုင်းပြည်လုံးက လက်ခံတဲ့ ခေါင်းဆောင်ကြီး ဝကို အသက် ၃ဝ ဝန်းကျင်မှာ ရောက်သွားတယ်။ ကျဆုံးသွားတဲ့အချိန်မှာ တစ်တိုင်းပြည်လုံး က အမြဲတမ်းအလေးပြု သတိရအောက်မေ့နေရတဲ့ အာဇာနည်ခေါင်းေ ဆာင်ကြီြး ဖစ်သွားတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟောခဲ့၊ ပြောခဲ့၊ညွှန်ကြားခဲ့တဲ့ နိုင်ငံကောင်း၊ နိုင်ငံကြီး တစ်ခု ဘဝကိုဘာဖြစ်လို့မရောက်ရမှာလဲ။ တပ်မတော်နေ့ အခမ်း အနားကို ရန်ကုန်မြို့၊ တော်လှန်ရေးပန်းခြံမှာ ကျင်းပတယ်။ အခုနေပြည်တော်မှာ ကျင်းပတယ်။ အချိန်တွေ၊ နေရာတွေ၊ ခံစားချက်တွေ ပြောင်းလဲသွားခဲ့ပြီ။ အမှတ် တရ အနေနဲ့ တော်လှန်ရေးနေ့လို့ အမည်နာမ တွင်ခဲ့တယ်။ နောက်တော့ တပ်မတော်နေ့ဖြစ်သွားတယ်။ မြန်မာ့တပ်မတော်ကို စစ်ချီ၊ စစ်တက် မိန့် ခွန်းတွေ ညွှန်ကြား ချက်ေ တွပေးနေတာကို သမိုင်းဓာတ်ပုံလေးရှိတယ်။ အဲဒါလေး တွေကို ပြန်တွေ့ရတိုင်းမှာ တို့ တိုင်းပြည်မှာ အလားအလာ ကောင်းတွေ အများကြီး ရှိခဲ့တယ်။”

ကိုသားထွေး
(လွတ်လပ် ငြိမ်းချမ်းပန်းရဲ့လမ်း)

တပ်မတော်နေ့ဆိုတာ တကယ့်ကို ဂျပန်ကိုတော်လှန်ခဲ့တဲ့တော်လှန်ရေးနေ့ပေါ့။ ကျွန်တော်တို့ ကျတော့ တော်လှန်ရေးနေ့ဆိုပြီး သင်လာခဲ့ရတယ်။ ဗိုလ်ချုပ်အောင် ဆန်းတို့က မတရားဖိနှိပ် တဲ့ဖက်ဆစ်စနစ်ကို လက်နက်စွဲကိုင်ပြီး စတင်တော်လှန်တယ်။ မတရားတဲ့ကိစ္စတွေ ကို တော်လှန်ပစ်ရမယ်ဆိုတဲ့ အသိ လူငယ်တွေ ကို ပေး ရမယ်”

ကြည်ဖြူသျှင်

” အစ်မတို့ ကလေးဘဝတုန်းကဆိုရင် တပ်မတော်နေ့ရောက်ပြီဆိုရင် မနက်အစောကြီး တပ်မတော်စစ်ရေးပြအခမ်းအနားမှာ ချီတက်ကြပြီဆိုရင် ပန်းကုံးတွေ စွတ်ကြ တယ်။ တအားလည်းပျော် ဖို့ကောင်းတယ်။ အသက်ကြီးလာတဲ့အခါကျတော့ တပ်မတော် နေ့ရောက် တဲ့အချိန်မှာ ဘယ်လို ခံစားရလဲဆိုတော့ ဒီတပ်မတော်ကို ထူထောင်ခဲ့ တဲ့ ရည်ရွယ်ချက်ပေါ့။ ပြီးတော့ တိုင်းတစ်ပါးက ကိုယ့်တိုင်းပြည်ကို လာပြီးမကျူးကျော်ဖို့ အတွက်နဲ့ တပ်မတော်နဲ့ ကာကွယ်ဖို့အတွက်ကို တပ်မတော်ကို တည်ထောင် ခဲ့တယ်လို့ နားလည်လာတယ်။ တပ် မတော်သားတွေဆိုတာ တိုင်း ပြည်မှာရှိတဲ့ လူတွေရဲ့အသက် အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့အတွက် တည်ထောင်ခဲ့တယ်။”

နန်းခင်ဇေယျာ

” တပ်မတော်ဆိုတဲ့ ဒီအဝန်းအဝိုင်းရှိမှ ခြံတစ်ခုဆိုတာ မပျက်စီးမှာလေ။ အဲဒီတော့ ဒီခြံလေး မပျက်စီးဖို့အတွက် တပ်မတော်အင်အားဖြည့်ဖို့လည်း လိုအပ်တယ်။ ဒီတပ် မတော် က ရန်သူတွေကိုချေမှုန်းပေးနေတာလေ။ တပ်မတော်နေ့ဆိုတာကလည်း ပြည်သူပြည်သားတွေ မှတ်မှတ်ရရရှိရမယ့် နေ့တွေထဲက တစ်နေ့ပါပဲ။ ဒါကြောင့် ဒီနေ့လေးကိုမှတ်မှတ်ရရရှိစေ ချင်တယ်”

သူရိယ

” တပ်မတော်နေ့မှာ တပ်မတော်သားတွေကို အောင်သပြေပန်းစည်းတွေ၊ ပန်းကုံးတွေနဲ့ ကမ်းကြ၊ ကြိုကြတယ်။ ဒီလိုမှတ်မှတ်ရရလေးတွေက ကောင်းပါတယ်။ နောက် တကယ် ဂုဏ်ယူလေးစားရတဲ့သူတွေကိုလည်း လေးစားဂုဏ်ပြုတဲ့နေ့လေးပါပဲ။”

ကောင်းပြည့်

ငယ်ငယ်ကလည်း ကျွန်တော်စစ်ဗိုလ် ဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကြီးလာတော့ မင်းသား ဖြစ်နေတယ်။ လူတိုင်းအားလုံးကတော့ ကိုယ့်တိုင်းပြည်အတွက် အသက်ပေး သွားကြတဲ့ ရဲဘော်တွေ၊ စစ်ဗိုလ်တွေအတွက် ဂုဏ်ပြုတဲ့နေ့လေးကို တော့ အသိအမှတ်ပြုသင့်ပါတယ်လို့ ပြောချင်ပါတယ်”

မျောက်ရှုံး

တပ်မတော်နေ့လို့ပဲ ခေါ်ခေါ်၊ တော်လှန်ရေးနေ့လို့ပဲခေါ်ခေါ် အဲဒီနေ့ဟာ ကျွန်တော်တို့မြန်မာပြည်အတွက် နေ့ထူးနေ့မြတ်တစ်နေ့ပါပဲ။ ငါ့နိုင်ငံမှာရှိတဲ့ ငါ့ပြည်သူတွေ၊ တို့ လူမျိုးတွေ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့နေနိုင်ကြစေဆိုတဲ့ မွန်မြတ်သောပရဟိတရည်ရွယ်ချက်နဲ့ သက်စွန့်ဆံဖျား မြန်မာပြည်ကြီးအတွက် အကျိုးပြုသွားတဲ့ တပ်မတော် သားတွေကို ဂုဏ်ပြုပါတယ်။ တိုင်းပြည်တစ်ပြည်မှာ တပ်မတော်ကတော့ လုံးဝရှိသင့်တယ်။

Popular Journal

Rambo စစ်တပ် KIA နှင့် ဖြစ်သော တိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ စစ်သည် ၅၀၀၀ သေကြောင်း ချီးဦးနှောက် Eleven Media မှ ဖော်ပြ

Shwenaingan's photo.
၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကချင်ပဋိပက္ခ တိုက်ပွဲများတွင် တပ်မတော်ဘက်မှ စစ်သည် ၅၀၀၀ ခန့် ကျဆုံးခဲ့ပြီး ရဟတ်ယာဉ်နှစ်စင်း ဆုံးရှုံးခဲ့ကြောင်း မတ် ၁၂ ရက်နေ့စွဲဖြင့် ဖော်ပြသည့် Jane's Defence Weekly ပါ ဆောင်းပါးအရ သိရသည်။

စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များကို အထူးပြု ထုတ်ဖော်ရေးသားနေသည့် Jane's Defence Weekly ၌ ဆောင်းပါးရှင် Tony Davis က မြန်မာ့တပ်မတော်နှင့် ပတ်သက်ပြီး Hostage to history? အမည်ရှိ ဆောင်းပါးရေးသားခဲ့ကာ ထိုဆောင်းပါး၌ အဆိုပါအချက်များကို ထည့်သွင်းရေး သား ခဲ့ခြင်း ဖြစ် သည်။
Shwenaingan's photo. 
၂၀၁၂ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် KIO/KIA ဌာနချုပ် လိုင်ဇာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ နိုင်ငံတကာမှ ကန့်ကွက်နေသည့်ကြားမှ Mi-35 ရဟတ်ယာဉ်များနှင့် K-8 Karakoram တိုက်လေယာဉ်များဖြင့် လေကြောင်းစစ်ဆင်ရေးကို အသုံးပြုခဲ့သည်ဟု ဆောင်းပါးရှင်က ဆိုသည်။ သို့သော် အဆိုပါ လေကြောင်းထောက်ပံ့ ကူညီမှုများသည် ယေဘုယျအားဖြင့် ထိရောက်မှု မရှိခဲ့ကြောင်း KIA နှင့် နီးစပ်သူများထံမှ ရရှိသော အချက်အလက်ကို ကိုးကားပြီး ပြောကြားသည်။

ထို့ပြင် အစိုးရကိုထောက်ခံသည့် ဘလော့ခ်တစ်ခုတွင် တင်ပြခဲ့သော စာရင်းများအရ ၂၀၁၁ ခုနှစ် ဇွန်မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အစိုးရစစ်သည်ပေါင်း ၅၀၀၀ ကျဆုံးခဲ့ကြောင်း ခန့်မှန်းခဲ့သည်။ ထိုအချိန်နောက်ပိုင်း ဆက်လက်ဖြစ်ပေါ်ခဲ့သည့် လိုင်ဇာစစ်ဆင်ရေးနှင့် အခြားစစ်ဆင်ရေးငယ်များတွင် အကျအဆုံးများ ရှိခဲ့သဖြင့် စစ်သည် ၅၀၀၀ ထက်ပိုသော ကျဆုံးမှု ရှိနိုင်ကြောင်း ဆောင်းပါးရှင်က ပြောကြားသည်။

The Daily Eleven က ဆက်သွယ်မေးမြန်းခဲ့သော KIO အရာရှိတစ်ဦး၏ ပြောကြားမှုတွင် ၎င်းတို့သိရှိရသော အချက်အလက်များအရ တပ်မတော်ဘက်၌ စစ်သည် ၅၀၀၀ ခန့် ကျဆုံးသည်မှာ မှန်ကန်ကြောင်းနှင့် KIA ဘက် ထိခိုက်ဒဏ်ရာ ရရှိသူများ အပါအ၀င် ကျဆုံးသူအရေအတွက် စုစုပေါင်း ၁၀၀၀ ခန့် ရှိခဲ့သည်ဟု ဆိုသည်။

တပ်မတော်မှ စစ်ဆင်ရေးမှူးများသည် လွန်ခဲ့သော နှစ် ၂၀ ခန့်က အသုံးပြုခဲ့သော ခြေလျင်တပ်နှင့် လက်နက်ကြီးအသုံးပြုမှု လိုလားခြင်းကို ကချင်ပဋိပက္ခစစ်ပွဲများအား ကြည့်ခြင်းဖြင့် သိရှိနိုင်သည်ဟု ဆောင်းပါး၌ ရေးသားခဲ့သည်။ လေကြောင်းစစ်ဆင်ရေးကို အသုံးပြုခဲ့သော်လည်း လေယာဉ်မှူးများ၏ အတွေ့အကြုံမရှိမှု၊ ထိန်းသိမ်းမှုပိုင်းဆိုင်ရာ အားနည်းမှုများနှင့် မြေပြင်-ဝေဟင် ဆက်သွယ်မှုများက မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးထိရောက်မှု အားနည်းစေရန် အဟန့်အတားဖြစ်သည်ဟု ဒေသတွင်း သုံးသပ်သူများကဆိုကြောင်း အဆိုပါဆောင်းပါး တွင် ဖော်ပြခဲ့သည်။ ထိုကဲ့သို့ ပြောဆိုမှုများသည် လိုင်ဇာဒေသ မြေပြင်စစ်ဆင်ရေးအတွက် K-8၊ G-4 တိုက်လေယာဉ်များ၊ Mi-35 ရဟတ်ယာဉ်များအား တပ်မတော်က အသုံးပြုမှု ပါဝင်သည့် ရုပ်သံဖိုင် ထွက်ရှိခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အစိုးရက အားစိုက်လုပ်ကိုင်နေသည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် ပျက်ကွက်မှုများ ရှိခဲ့ပါက တပ်မတော်အနေဖြင့် (တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို) တိုက်ခိုက်ဖြိုခွဲပြီး စီးပွားရေးနှင့် ငွေကြေးဖြတ်တောက်သည့် နည်းလမ်းများဖြင့်ပါ အားနည်းစေရန် လုပ်ဆောင်သည့်နည်းလမ်းကို ပြန်လည်လုပ်ဆောင်လာနိုင်ကြောင်း ဆောင်းပါး၌ သုံးသပ်သည်။ ကရင်နှင့် ကချင်တိုက်ပွဲများတွင် အောင်မြင်ခဲ့ခြင်းကြောင့် အင်အားတောင့်တင်းသော ‘၀’ သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ရင်ဆိုင်ရာတွင် ထိုနည်းလမ်းကိုပင် အသုံးပြုမည့် အလားအလာ ရှိနိုင်ကြောင်း ဆောင်းပါး၌ ရေးသားခဲ့သည်။

ကချင်စစ်ဆင်ရေးတွင် တပ်မတော်က လုပ်ဆောင်ခဲ့သည်များကို ကြည့်ခြင်းအားဖြင့် UWSA အပေါ် သင့်လျော်သည့် စစ်ဆင်ရေးပြုလုပ်ရန် ဝေးကွာနေပြီး UWSA တွင် ပုံမှန်အားဖြင့် စစ်သည် ၂၀၀၀၀ ခန့် ရှိနေကာ KIA ထက် နှစ်ဆကြီးသည့်အပြင် ပိုမိုကောင်းမွန်သော လေ့ကျင့်သင်ကြားမှုများနှင့် လက်နက်များရှိကြောင်း ဆောင်းပါးရှင်က ရေးသားသည်။

KIO မှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာများအရ ၂၀၁၂ ခုနှစ်ဇွန်မှ ဒီဇင်ဘာအတွင်း တပ်မတော်နှင့် KIA တို့အကြား တိုက်ခိုက်မှုပေါင်း ၂၄၀၀ ကျော်ရှိခဲ့သည်ဟု ဆိုသည်။ အစိုးရ၏ ထုတ်ပြန်ချက်များတွင် တိုက်ပွဲပေါင်း ၁၀၉၅ ပွဲရှိသည်ဟု ဖော်ပြခဲ့သည်။ ကျဆုံးမှုအနေဖြင့် တပ်မတော်ဘက်မှ စစ်သည် ၅၀၀၀ နှင့်အထက် ကျဆုံးကြောင်း KIO က ထုတ်ပြန်ပြီး အစိုးရ၏ ထုတ်ပြန်ချက်များတွင် အစိုးရစစ်သည် ၃၅ ဦး ကျဆုံးပြီး ၁၉၀ ဒဏ်ရာရရှိကြောင်း ဖော်ပြခဲ့သည်။ စစ်ပြေးဒုက္ခသည် အရေအတွက်မှာ ၁၅၀၀၀၀ နှင့်အထက် ရှိခဲ့သည်။

Jane's Defence Weekly ၌ ဆောင်းပါးရှင် Tony Davis က ရေးသားဖော်ပြခဲ့သော အချက်အလက်များနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနနှင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်တို့ကို ဆက်သွယ်ပြီး အတည်ပြုချက်ရယူရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ ပါ။

Eleven Media Group
 
အာရှမှာ ဗီယက်နမ်ပြီးလျှင် မြန်မာ့တပ်မတော်ဟု နိုင်ငံတကာမှ အထင်ကြီးသော တပ်မတော်ပါ။ မြန်မာ့တပ်မတော်မှ အရာရှိ/စစသည်များ မည်သည့်နိုင်ငံသို့ မဆို သင်တန်းသွားတက်လျှင် အလေးစားခံရတာ သိပါသလား။ မပြောခြင်လို့ နေတာ၊ အ တယ် လို့တော့ မထင်ပါနဲ့။ ခင်ဗျားတို့ ရေးသားမှုတွေ အတွက် ခင်ဗျားတို့ တာဝန်ယူရမယ်ဆိုတာ မမေ့ပါနဲ့။

အညတရစစ်သည်

ပြည်စောင့်ခွေးတွေ ဘယ်ပြေးနေလဲ…


ဒီအကြောင်းကို အချိန်ပေးပြီး စောင့်ကြည့်နေရာက ဒီနေ့တော့ မေးရတော့မှာ မို့ မေးပါတော့မယ်။

ရခိုင်ပြည်နယ်ကို စစ်တွေ မောင်တော ဒေသများကို လူထဆန္ဒခံယူပြီး ခွဲထုတ်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထည့်သွင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် Dahaka Tribune သတင်းဌာန၏ ရေးသား ဖော်ပြချက်က မြန်မာပြည်တွင်းမှာ အတော် ဂယက်ရိုက်သွားတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ကျွန်တော် အနေနဲ့တော့ ဒေါသလည်း ဖြစ်သလို ၊ အစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ အတိုက်အခံသမားတွေ ၊ စာနယ်ဇင်း သမားတွေ ဟာ ဘယ်လိုများ တုန့်ပြန်သံ ထွက်လာလေမလဲလို့ စိတ်ဝင်တစားလည်း ဖြစ်မိပါတယ်။ဒါကြောင့် အကြောင်းအရာတစ်ခု အနေနဲ့ စောင့်ကြည့်လေ့လာဖြစ်ပါတယ်။ ဒီနေ့ဆို Dahaka Tribune သတင်းဌာန၏ ရေးသားချက်ဟာ ၂ ရက်ကျော်လာခဲ့ပါပြီ။ အစိုးရပိုင်းက တာဝန်ရှိသူတွေ ကလွဲလို့ အတိုက်အခံသမားတွေ ၊ စာနယ်ဇင်း သမားတွေ ဟာ ဘာတုန့်ပြန်သံမှ ထွက်မလာတော့..ဒီစာကို သတိတရနဲ့ ရေးလိုက်တာပါ။

Dahaka Tribune သတင်းဌာန၏ ရေးသားချက်တွေ ဖတ်ပြီး..ပြည်တွင်း ဂျာနယ်တွေ က ဘယ်လိုများ ပြန်ချေပ ကြမလဲ ၊ ဘယ်လို ပြန်ဆော်ကြလေမလဲတော့ မျှော်လင့်ခဲ့တာ အမှန်ပါ။သို့သော်..မျှော်သာမျှော်..ပေါ်မလာသော်..ဇာတ်ခင်းနေကြတော့…ထစ်ခနဲရှိအစိုးရကို ဆော်နေတတ်
တဲ့ဒို့ပြည်တွင်းက ဂျာနယ်များ..ဘာငုံထားသလဲ လို့မေးချင်စရာ။ ယခင်က အစိုးရ မကောင်းကြောင်း ၊ တပ်မတော် မကောင်းကြောင်း အမြဲရေးနေတတ်တဲ့ ပြည်တွင်းမီဒီယာတွေဟာ Dahaka Tribune သတင်းဌာန၏ ရေးသားချက်တွေအပေါ်မှာ နကန်း တစ်လုံးတောင် ပြန်ရေးတာ မတွေ့ရပဲ အ,အ,မ
လင်ပျောက်သလို အု..အု .အ.အ လေး တောင်ပြန်မတုန့်ပြန်နိုင်တာ ရှက်စရာပါ ။
မြန်မာ နိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပ တဲ့ (၂၇) ကြိမ်မြောက် ဆီးဂိမ်းမှာ ခြင်းပြိုင်ပွဲနဲ့ စဖွင့်လို့ ခေါင်းကြီးသတင်း တင်ပြီး ရေးခဲ့တဲ့ ELEVEN သတင်းဌာနကတော့.. အခုလို Dahaka Tribune သတင်းဌာန၏ ရေးသားချက်တွေ အပေါ်မှာအတိတ်မေ့သလိုလို ၊ ရွှေပျောက်သလိုလို နဲ့ တုန့်ပြန်ရေးသားဖို့ ဆိုတာ ဝေလာဝေး အခြေအနေဖြစ်နေပါတယ်။ ကိုယ့်အချင်းချင်း စော်ဖို့ နှပ်ဖို့ ၊ ဆဲခံရအောင် ဘေးတီးဖို့ပဲ အမြဲတမ်းအားထုတ်နေတဲ့ ပြည်တွင်းဂျာနယ်တွေဟာ အခုလို ပြည်ပက မီဒီယာ သုံးပြီး တံတွေးစွတ်တဲပ အခါ ဘာကြောင့် နှာစေးနေကြတာလဲ။ ဒါတို့နဲမဆိုင်ဘူး အစိုးရနဲ့ပဲဆိုင်တယ်လို့ ဆိုကောင်းဆိုကြလိမ့်မယ်။ဒါပေမယ့် အစိုးရ ကလည်း အစိုးရ လမ်းကြောင်းအတိုင်း သံနည်း တမန်နည်း နဲ့ ကန့်ကွက် ၊ အကြောင်းကြားပြုလုပ်သလို ၊ မီဒီယာ က လည်း မီဒီယာ နဲ့ ပြန်လည်ချေပ ရမယ်မဟုတ်လား။ ဘာကြောင့်များ တိတ်နေကြပါလိမ့် …။ မပြောရဲတာလား မပြောရက်တာလား ။

ဒီလိုပြောလို့ ELEVEN သတင်းမီဒီယာ တစ်ခု တည်းလားလို့ မထင်နဲ့..ပြည်တွင်းမီဒီယာတွေ အားလုံးဟာ အ,အ ပြောင်းဖူးရသလိုပဲ အသံတိတ်နေကြတာ..အမျိုးသားရေးအတွက် စိတ်မကောင်းဖြစ်ရသလို
တနည်းအားဖြင့် တိုင်းပြည်နဲ့ လူမျိုးအပေါ် သူတို့ရဲ့ ရပ်တည်ချက်ကို ပြလိုက်တာပဲ။
ဒီဆောင်းပါးနဲ့ ပတ်သတ်ပြီး မြန်မာ နိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ ဂျာနယ်ဖြစ်တဲ့ သူရိယ နေ၀န်း ဂျာနယ်ကလည်း အသံတွေ တိတ်နေလိုက်တာ ဂျာနယ်တိုက်မှ ရှိသေးရဲ့လားလို့တောင် တွေးရမလိုလို။ မဟုတ်တာတွေ တော့ ရေးပါလိမ့်မယ်။ ဟိုတလောကတော့ လွတ်လပ်ရေးပြန်ရောင်းမည် တို့ ဒီလိုမှန်း သိရင် အင်္ဂလိပ်နဲ့ ဂျပန်ကို မတိုက်ခဲ့ပါဘူး တို့..စတဲ့ ရေးသားချက်တွေ နဲ့ အချင်းချင်းစော်ဖို့ ရဲရဲတောက် တဲ့ ဂျာနယ်ကြီးက အခုတော့..ခွေးအ လေးတစ်ကောင်ပမာ။ နောက်ပြီး လိင်တူ လက်ထပ်တဲ့ သတင်းကို မျက်နှာဖုံးဆောင်းပါးတွေ မှာ ဝေေ၀ ဆာဆာ ဖော်ပြခဲ့ကြတဲ့ The Voice / 7 Days / Democrazy Today စတဲ့ ဂျာနယ်တွေဟာလည်း နိုင်ငံတော် ရဲ့ အချုပ်အခြာအာဏာကို တိုင်းတပါးက မီဒီယာ သုံး တံတွေးဆွတ် လာတာကို အချင်းချင်းမဟုတ်လို့ ထင်ပါတယ်..ပြန်ရေးရကောင်းမှန်းမသိ
..လက်ညှိုးလေးတွေ ကိုက်ပြီး နေနေကြတာ ..သနားစရာကောင်းလိုက်ပါဘိ။
                ဒီလိုတွေပြောလို့ သူတို့ပဲလား ကျန်သေးလားလို့ အဓွန့် တက်မယ်ဆိုရင်တော့
ပြောရမှာကျန်ပါသေးတယ်။မီဒီယာလွပ်လပ်ခွင့် ဆိုတာတွေနဲ့အတူ လက်ရှိအစိုးရလက်ထပ်မှာ စတင်လာတဲ့ မြန်မာ သတင်းစာဆရာ အသင်း(MJA)၊မြန်မာ ဂျာနယ်လစ် ကွန်ရက်(MJN)၊ မြန်မာစာနယ်ဇင်းသမဂ္ဂ(MJU) စတဲ့ အဖွဲ့ အစည်းတွေဟာလည်း ကျွန်တော် ဟာလေ..ထိုနည်း၎င်းကောင်း ထိုနည်း၎င်းကောင်း..ဆိုသလိုပါပဲ။ ဒါ့ထက်  အင်္ဂလိပ် ဗားရှင်းနဲ့ ရေးသားတဲ့
Weekly Eleven သတင်းစာမျက်နှာတွေ ၊ Myanmar Time စာမျက်နှာတွေမှာလည်း ..ကန့်ကွတ်ကြောင်း
ရေးဖို့ မေ့ဆေးပေးခံထားရတဲ့အလား  အားလုံးဟာ နှာစီး နေကြဆဲပါ။မနေ့ကတော့ (MJA) က ထုတ်ပြသည် ဆိုတဲ့ အမှတ်စဉ် (၃)ခုပါတဲ့ စာရွက်တစ်ရွက်တော့ ဖတ်ရပါရဲ့။ သို့သော် သူခဗျာ ၀တ်ကြေတန်းကြေပမာ အွန်လိုင်းမှာပဲ ထုတ်တာလား။ ဘင်္ဂလားဒေ့ရှ် သံရုံးရော သွားရောက်ပေးအပ်ခဲ့ရဲ့လားဆိုတာတော့..ဘုရားနဲ့ သူတို့ကိုယ်တိုင်ပဲသိကြမှာပါ။
                ကဲ..ဒီတော့..အမျိုးသားရေး ၊ နိုင်ငံရေး နဲ့ နိုင်ငံတော် အချုပ်အခြာ အရေးတွေမှာ မီဒီယာတွေ ကဘယ်နေရာက ရပ်တည်နေကြတာလဲလို့ ကျွန်တော်သိပါရစေ။

ဝန်မင်းမို့သမ္မတမို့
ဘာမို့လို့လက်မရှောင်
သူခိုးကပ်လို့ခွေးဟောင်သလို
ပြည်ကောင်းအောင်ငါတို့ရေးရတယ်
စားရေးဆရာဂုဏ်ရောင်မသေးပါဘူး
ပြည်စောင့်တဲ့“ခွေး”

နိုင်မြန်မာ



   ..နိုင်မြန်မာ ရေးတဲ့ ကဗျာလေးထဲက ပြည်စောင့်တဲ့ခွေးတွေ ၀န်မင်းလည်း မဟုတ် သမ္မတလည်းမဟုတ်တဲ့ တိုင်းတပါး မီဒီယာတွေနဲ့ တွေ့တော့ ဘယ်ချောင်ကိုပြေးနေကြပါလိမ့်လို့ ကျွန်တော် မေးလိုက်ပါရစေ။


မိုးမင်း(ပြည်)

သံဃာတော်များအား နွားနှင့်နှိုင်းခဲ့သော NLD ပါတီမှ လွှတ်တော်အမတ် ဦးမင်းသူကိစ္စ ဘယ်သူတာဝန်ယူမှာလဲ


ယနေ့ မြန်မာနိုင်ငံရှိ ဆိုရှယ်နက်ဝပ်များပေါ်တွင် လူငယ်များအကြား စနောက်နေကြသော 
စကားတစ်ခွန်းထွက်ပေါ်လာခဲ့သည်။ ထိုသည်မှာ ဦးအုန်းမြင့်လို ပါးရိုက်လိုက်ရမလား 
ဟူ၍ဖြစ်သည်။ လွန်ခဲ့သည့် လအနည်းငယ်က ကျေးလက်ဒေသတစ်ခုသို့သွားရောက်ရင်း 
ကျေးရွာလူထု၏ လိုအပ်ချက်များကိုမေးမြန်းရာမှ အစပြုကာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
မီဒီယာအများတွင် အဆိုပါသတင်းအား အုတ်အုတ်သောင်းနင်း ဖော်ပြခဲ့ကြပြီးနောက် 
အထက်ပါ စကားစုတစ်ရပ် ခေတ်စားလာခဲ့ခြင်းဖြစ်သည်။
အထက်ပါကိစ္စရပ်နှင့်ပါတ်သက်ကာ ဦးအုန်းမြင့်မှ ကျေးရွာလူထုမှ စိတ်ကျေနပ်မှုရရှိသည်အထိ 
လူသိရှင်ကြား ပြန်လည်တောင်းပန်ခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ 

စကားပြောပွင့်လင်းသော၊ ရိုးသားသော၊ စစ်သားပီသသော၊ အပြောကြမ်းသော 
ဗိုလ်ချုပ်အုန်းမြင့်ကို မချစ်သော စစ်သားဟူသမျှ မရှိသလောက်ပင်ကြားခဲ့ဖူးသည်။ 
တပ်မတော်တွင် နေစဉ်ကာလတစ်လျှောက် ဗိုလ်ချုပ်အုန်းမြင့်မကောင်းကြောင်းပြောသော 
စစ်သားတစ်ယောက်ဆီကမျှ မကြားခဲ့။ စစ်တက္ကသိုလ်မှာ 
တာဝန်ထမ်းဆောင်နေသည့်အရာရှိ၊ စစ်သည်၊ ဗိုလ်လောင်းများ၊ မိသားစုများ၊ တပ်မ ၈၈ မှ 
အရာရှိ၊ အခြားအဆင့်များ၊ ကရခ၊ မပခမှာ တာဝန်ကျဖူးသည့် အရာရှိ၊ အခြားအဆင့်များ 
ဗိုလ်ချုပ်အုန်းမြင့်၏ စိတ်နေစိတ်ထားကိုအားလုံးအသိပင်ဖြစ်သည်။

ဦးအုန်းမြင့်နှင့်ဆင်သော အလားတူဖြစ်ရပ်တစ်ခုမှာ NLD ပါတီမှ 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူမှ ရဟန်းဟံဃာ များအား 
"နဖားကြိုးတပ်ပြီးဆောင်ရွက်စေ"၊ "အယာတိုလာကိုယ်တော်တွေ" ဟူ ပြောကြားခဲ့ခြင်း၊ 
ဆရာတော်ဦးဝီရသူအား "ဘုန်းကြီးရူး" ဟု ပြောကြားခဲ့ခြင်းဖြစ်ကာ သံဃာတော်များနှင့် 
သာသာနာတော်ကို စော်ကားခဲ့ခြင်းကြောင့် ၀န်ချ တောင်းပန်ရန် သံဃာတော်များက 
တောင်းဆိုခဲ့သော်လည်း ယနေ့အထိလူသိရှင်ကြား ၀န်ချတောင်းပန်ခဲ့ခြင်းမျိုး မရှိသေးပေ။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူသည် ၄င်း၏ တရားဝင် လူမှုကွန်ရက် 
စာမျက်နှာတွင် ယမန်နေ့က "၉၆၉ ဘုန်းကြီး"၊ "မြို့နယ် မဟန အတွင်းရေးမှူး ကိုယ်တော်နဲ့ 
လယ်ဝေးမြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဌတို့ကို နဖားကြိုး တပ်ပြီး ဆောင်ရွက်စေတယ်" ၊ 
"အစ္စလာမ်ဘာသာဆန့်ကျင်ရေးကို အကြောင်းပြပြီး NLD နဲ့ ဒေါ်စုဆန့်ကျင်ရေးကို 
ဆောင်ရွက်စေခိုင်းတာကို နားမလည်တဲ့ ကိုယ်တော်တွေဟာ သူတို့မကြိုက်တဲ့ 
အယာတိုလာကိုယ်တော်တွေ ဖြစ်သွားကြပါပြီ" စသည်တို့ကို ရေးသား ဖော်ပြခဲ့ခြင်း 
ဖြစ်သည်။

"အမှန်တော့ လွှတ်တော်ကိုယ်စားလှယ် ဆိုတာ အများကြီး ဂရုစိုက်ဖို့ လိုပါတယ်။ 
ပြောတာ ဆိုတာ သွားတာ လာတာ သတိထားဖို့ လိုပါတယ်။ 
ဦးမင်းသူရဲ့ ပြောကြားချက်တွေဟာ စိတ်ခံစားမှုကို ထင်ဟပ်နေသလို တစ်ဘက်ကလည်း 
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ ပေါ်လစီ၊ သဘောထားကို ဖော်ပြရာရောက်ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ဦးမင်းသူဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ ပါတီဥက္ကဌ 
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြဲတမ်း အနီးကပ် နေထိုင်ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ 

ဒီလို လူမျိုးတစ်ယောက်ဆီက ဒီလိုစကားတွေ ထွက်လာတာ ကြည့်ရင် NLD ရဲ့ အတွင်းစိတ်မှာ 
သံဃာတော်တွေကို ဘယ်လို သဘောထားရှိနေလဲ ဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ 
အံ့အားသင့် စရာလည်း ကောင်းပါတယ်။
ဦးမင်းသူဟာ ပါတီထိပ်ပိုင်းနဲ့ နီးနီးကပ်ကပ် တည်ရှိနေတဲ့သူ ဖြစ်တဲ့အတွက် 
သူ့ရပ်တည်ချက်ဟာ ပါတီခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်လား၊ သူ့သဘောထားဟာ ပါတီ 
ခေါင်းဆောင်တွေရဲ့ သဘောထားလား သတိထားဖို့ ကောင်းနေပါပြီ" ဟု မြန်မာ 
အမျိုးသားကွန်ရက်အဖွဲ့ဝင်တစ်ဦးက ပြောဆိုခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ 

NLD တာဝန်ရှိသူတွေ အနေဖြင့်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဖြစ်ပြီး 
ဒီလိုမျိုး ဘာသာ သာသနာတော်ကို စော်ကားတဲ့ ဦးမင်းသူအတွက် ထိထိ ရောက်ရောက်
ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်ပေသည်။

ဦးမင်းသူသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး 
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မဲဆန္ဒနယ်မြေ တွင် NLD ပါတီကို ကိုယ်စားပြု၍ 
ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သူ ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့သမိုင်းတွင် အပြောချိုချိုဖြင့် တိုင်းပြည်ကို ရောင်းစားခဲ့သူများ၊
ရောင်းစားချင်သူများ၊ အပြောချိုချိုဖြင့် ပါးစပ်ကသာအလုပ်လုပ်ပြီး နှမ်းဖြူးနေကြသူများ၊ 
အပြောချိုချိုဖြင့် ပြည်သူလူထုကို နှိပ်စက်နေကြသူများ၊ အပြောချိုချိုဖြင့် အာဏာရှင်စနစ်ကို 
အသက်သွင်းခဲ့သူများ၊ အသက်သွင်းနေကြသူများထက် အပြောဆိုးဆိုးဖြင့် 
တိုင်းပြည်အတွက် အမှန်တကယ်အလုပ်လုပ်ခဲ့သော၊ အပြောဆိုးဆိုးဖြင့် 
ဖာနိုင်ငံဖြစ်သွားမယ်ဆိုပြီး ဆဲတစ်ခါ ဆိုတစ်လှည့် အသက်ပေးအလုပ်လုပ်ခဲ့ကြသော 
ဗိုလ်ချုပ်အောင်ဆန်းကို ပိုပြီးလေးစားပါသည်။

ထိုကဲ့သို့ပင် ..............


ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက်


 . . .Written by စကားဝါ




''ရဲရေးရောက်သော်၊ ရွံ့ကြောက်မဲ့တွန့်၊ နိုင်ငံ့ဝန်၌၊ ကုမ္ဘဏ်ယက္ခ၊ နာဂခြင်္သေ့၊ ရင်ဆိုင်တွေ့လည်း၊ ခွာ၍မတွန့်၊ အသက်စွန့်လော့'' (ဂမ္ဘီသာရဆုံးမစာ၊ ရှင်မဟာရဋ္ဌသာရ ) မြန်မာ့တပ်မတော်သည် ပြည်သူလူထု၏ ရင်နှစ်သည်းချာများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့ တပ်မတော်ဖြစ်သည်။ နိုင်ငံတော်၏ ကာကွယ်ရေး တာဝန်များကို အသက်ခန္ဓာ အပ်နှင်းရသည့်တိုင် ရွံ့ကြောက်ခြင်းမရှိ၊ တွန့်ဆုတ်ခြင်းမရှိ၊ စွန့်လွှတ်စွန့်စား တာဝန် ထမ်းဆောင်ခဲ့သော တပ်မတော်သားများကြောင့် သာ နိုင်ငံတော် လွတ်လပ်ရေး ရရှိခဲ့ခြင်း၊ ''တိုင်းပြည်ကနုနု၊ မုန်တိုင်းကထန်ထန်'' အဖြစ်မျိုး၌ အချုပ်အခြာအာဏာ မဆုံးပါးရခြင်းတို့ကို သမိုင်းက မှတ်ကျောက်တင် သက်သေ ခံပြီးဖြစ်သည်။ စင်စစ် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးသည် ပေးဆပ်ခဲ့ရသော တပ်မတော်သားတို့၏ အသက်၊ သွေးနှင့် ချွေး တို့အပေါ် အခြေပြု၍ တည်ဆောက်ခဲ့ရခြင်းဖြစ်ပြီး ယခုအထိလည်း တပ်မတော်သားများမှ ကြည်ဖြူကျေနပ်စွာ ပေးဆပ် လျက်ရှိသည်။ ၂ဝ၁၂ ခုနှစ်၏ နှစ်ကုန်ပိုင်း ကာလ ၂ဝ၁၃ ခုနှစ် နှစ်သစ်ကူးသို့ ကူးပြောင်းတော့မည့် အချိန်ကာလတွင် မြန်မာနိုင်ငံ သည် နိုင်ငံတကာကပင် အသိအမှတ်ပြုခဲ့ရသည့် ဒီမိုကရေစီစနစ်ကို စနစ်တကျ ညင်သာစွာဖြင့် ကူးပြောင်းနိုင်သော နိုင်ငံအဖြစ် ''မြန်မာ့နွေဦး'' (Myanmar Spring) အား ခြယ်မှုန်းလျက် ရှိသည်။





ထိုအချိန်ကာလ၌ မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်တွင် နယ်မြေဒေသ၏ အချုပ်အခြာ အာဏာကို ထိပါးစေသော၊ နိုင်ငံတော်၏ စီမံကိန်းများအား နှောင့်ယှက် ဖျက်ဆီးသော၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်ပျက်စီးစေသော ဖြစ်စဉ်များက တစ်ခုပြီး တစ်ခု ဆက်တိုက်ဖြစ်ပွားလျက် ရှိခဲ့သည်။ ၂ဝ၁၁ခုနှစ် ဇူလိုင်လမှစ၍ လက်နက်ကိုင် သောင်းကျန်း သူများသည် နယ်မြေခံ လူထုနေထိုင်ရာ ကျေးရွာများ၌ အတင်းအဓမ္မ လူသစ် စုဆောင်းခြင်းများ၊ ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ နိုင်ထက်စီးနင်း ဆက်ကြေး ငွေများ မတန်တဆ ကောက်ခံခြင်း၊ လက်နက်ခဲယမ်း စုဆောင်းခြင်းများ ပြုလုပ်လျက်ရှိပြီး နယ်မြေဖွံ့ဖြိုး တိုးတက်မှုနှင့် ပြည်သူကို လွန်စွာထိခိုက်စေသည့် လမ်း၊ တံတားများအား ဖျက်ဆီးခြင်း၊ မိုင်းခွဲခြင်းများ ဆောင်ရွက်နေချိန်လည်း ဖြစ်သည်။ နိုင်ငံတော် အစိုးရက တိုင်းရင်းသား အားလုံးနှင့် ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်စဉ်တွင် အားလုံးပါဝင်ခွင့်ရရေး၊ ငြိမ်းချမ်းရေး လမ်းခင်းပေး နေချိန် တွင် သောင်းကျန်း သူတို့က လဂျားယန်ဒေသရှိ နယ်မြေအေးချမ်းရေးနှင့် လုံခြုံရေး ယူထားသော တပ်မတော် စခန်းများအား အုပ်ချုပ်ထောက်ပံ့မှု ကိစ္စရပ်များ ဆောင် ရွက်၍ မရအောင် ဝိုင်းပတ်ပိတ်ဆို့ လာခဲ့သည်။ အစိုးရနှင့် တပ်မတော်မှ အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်၍ ရအောင် သောင်းကျန်းသူ တပ်များအား တပ်ရုပ်သိမ်းပေးဖို့ အကြိမ်ကြိမ် ညှိနှိုင်းခဲ့သော်လည်း လက်မခံခဲ့ပေ။ နိုင်ငံတော် ကာကွယ်ရေးအတွက် သာလွန်သည့် အင်အား၊ တူတန်သည့် လက်နက်များ ရှိပြီးဖြစ်သော်လည်း ငြိမ်းချမ်းရေး အမှန်တကယ် ရယူလိုမှုကြောင့် အစစအရာရာ လိုက်လျောခဲ့သော တပ်မတော်အပေါ် တိုက်ပွဲငယ် အချို့ဖြင့် တိုက်ကွက် ဖော်နိုင် မှုကြောင့် သွေးနား ထင်ရောက်နေသော သောင်းကျန်းသူတို့မှ စိန်ခေါ်စကားများ ဆိုလာခဲ့သည်။ လဂျားယန်ရှိ တပ်မတော်သားများအား ရိက္ခာပြတ်လပ်၍ ဆင်းရဲဒု က္ခ ဖြစ်စေရန် ပတ်လည်ဝိုင်း အင်အားတိုး ပိတ်ဆို့ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ လက်နက်ကိုင် သောင်းကျန်းသူတို့၏ နယ်မြေဒေသအတွင်း အချုပ်အခြာ အာဏာအား ထိပါးလာမှု၊ တိုင်းရင်းသား ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်ပျက်စီးစေမှုနှင့် ပြည်ထောင်စုကြီး ပြိုကွဲအောင် ဆောင်ရွက်နေ မှုတို့အား ကချင်ပြည်နယ်၏ ရေခဲသည့် အအေးဒဏ်ကို ကြံ့ကြံ့ခံရင်း ကာကွယ်ပေး နေရသူများမှာ မြန်မာ့ တပ်မတော်သားများသာ ဖြစ်သည်။ လဂျားယန် ဒေသ၌ ရန်သူအခိုင်အမာ ခံစစ်ယူထားသော ပွိုင့် ၇၇၁ တောင်ကုန်း နယ်မြေသည် အမြင့်ဆုံးဖြစ်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို စိုးမိုးထားသည်။ ရန်သူသည် ပင်မခံစစ်ကုန်းကို ကာကင်းစခန်းများ ဝန်းရံလျက် ၎င်းကုန်းပေါ်မှနေ၍ လဂျားယန်ကို ဆက်လက် ပိတ်ဆို့ထားခြင်းကြောင့် ယင်းနယ်မြေအား မဖြစ်မနေ တိုက်ခိုက်ရမည့် အခြေ အနေ ရောက်ရှိလာခဲ့သည်။ တစ်နည်းအားဖြင့် တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို စွမ်းစွမ်းတမံ ကာကွယ်နိုင်စွမ်း ရှိကြောင်း သက်သေပြဖို့ အကြောင်းဖန်တီး လာခဲ့ပါတော့သည်။

လက်နက်ကိုင် သောင်းကျန်းသူတို့၏ ပိတ်ဆို့ရေးစီမံချက်ကို ရိုက်ချိုးပစ်မည့် တပ်မတော်၏ ထိုးစစ်သည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းမှ စတင်ခဲ့လေသည်။ ရန်သူသည် ၎င်းနယ်မြေအား ကာကင်းစခန်းများဖြင့် ဝန်းရံ၍ အခိုင်အမာခံစစ် တည်ဆောက်ထားသဖြင့် တပ်မတော်မှ ခက်ခဲစွာ အဆင့်ဆင့် တိုက်စစ်ဆင်ခဲ့ရသည်။ ပထမကာကင်း စခန်းတစ်ခုကို ၁ဝ နာရီကြာ မနားတမ်း တိုက်ခိုက်၍ ညနေ ၄ နာရီခန့်တွင် သိမ်းပိုက်ရရှိခဲ့သည်။ ရရှိထားသော ရန်သူ့စခန်းကုန်းကို အခြေပြု၍ နောက် တစ်နေ့ ဒီဇင်ဘာ ၂၉ ရက်တွင် ဆက်လက် တိုက်ပွဲဝင်ခဲ့ရာ ဒုတိယကာကင်း စခန်းအား ရန်သူ့လက်နက်များ၊ အလောင်းများနှင့် အတူ နေ့လယ် ၁ နာရီခန့်တွင် သိမ်းပိုက်ရရှိခဲ့သည်။ ရန်သူ၏ ပြင်းထန်သော ခုခံမှုကို တွန်းလှန်၍ တိုက်စစ်ဆင် အောင်ပွဲခံခဲ့သော တပ်မတော် သားများသည် အနားယူခြင်း မပြုနိုင်ဘဲ အဆုံးအဖြတ် တိုက်ပွဲဆင်ရမည့် ပင်မခံစစ်ကုန်းကို ပြန်လည် စုဖွဲ့မှုပြီးလျှင်ပြီးချင်း ညနေ ၆ နာရီခွဲခန့်တွင် စတင်ချဉ်းကပ် တိုက်ခိုက်ခဲ့သည်။

 နောက်တစ်နေ့နံနက် ၅ နာရီခွဲခန့်တွင် တိုက်ပွဲစတင် ဖြစ်ပွားခဲ့သည်။ ရန်သူမှ ၎င်းတို့၏ စစ်ဗျူဟာ အရေးကြီးမြေဖြစ်သော ပင်မခံစစ်ကုန်းကို ကာကွယ်ရန်ရှိသမျှ လူအင်အား၊ လက်နက် အင်အားများဖြင့် အစွမ်းကုန် ခုခံကာကွယ် တိုက်ခိုက်ခဲ့ကြသည်။ တပ်မတော်သားများ အနေဖြင့်လည်း အဆုံးအဖြတ် တိုက်ပွဲပီပီ အသက်ကို ပဓာနမထားဘဲ အတင်းဝင်၊ အတင်းတိုက် ရဲဝံ့စွာစစ်ဆင်ခဲ့သည်။ ချေမှုန်းရေး တပ်ခွဲမှ အရာရှိ/ စစ်သည် အများအပြား ဒဏ်ရာရရှိခဲ့သည်။ တပ်ရင်းမှူး၊ ဒုတိယ တပ်ရင်းမှူး အပါအဝင် စစ်သည်အများစု ဒဏ်ရာရပြီးချိန်လည်း ဖြစ်သည်။ အဆုံးအဖြတ်အချိန်၊ တိုက်စစ်၏ အထွတ်အထိပ် အချိန်၌ တပ်ရင်းမှူးသည် ၎င်း ၏ကြီးကြပ်ကွပ်ကဲမှု အဆက်ပြတ် မည်ကို တွက်ဆ၍ ရရှိဒဏ်ရာကိုပင် ဆေးထည့်ခြင်း လက်မခံတော့ပေ။ အနီးကပ် လုံးထွေး တိုက်ခိုက်နေချိန်ဖြစ်၍ အပေါ်စီး ရရှိထားသော ရန်သူမှ ကြိုတင်ပြင်ဆင် ထားသည့် သေတ္တာ လိုက် စုပုံထားသော လက်ပစ်ဗုံးများဖြင့် အဆက်မပြတ် ပစ်ခတ်လျက်ရှိသည်။ ရှေ့ပြေးတပ်စုမှ စစ်သည်များ ဒဏ်ရာရလျက်ရှိ၍ တပ်ရင်းမှူးသည် ၎င်း၏အနီး ကပ်ဖြစ်သော လက်ဖြောင့် တပ်စိတ်အား ရှေ့ပြေးတပ်စုနှင့် ပူးပေါင်းကာ တိုက်ပွဲဝင်စေခဲ့သည်။ 

လက်နက်ကြီး၊ လက်နက်ငယ်များကို ကျွမ်းကျင်စွာ ပစ်ခတ်နိုင်သည့် တပ်ကြပ်အောင်သိန်း သည် ၎င်းကိုင်ဆောင်သော အမ်အေ-၄ သေနတ်ဖြင့် ရန်သူ့စက်လတ်၊ ၄ဝ မမနှင့် ၆ဝ မမ နေရာများသို့ ပစ်ခတ်တိုက်ပွဲ ဝင်ခဲ့သည်။ ထိုအချိန်တွင် စက်လတ်ကိုင်စစ်သည် တပ်သားဆန်းဦး ဒဏ်ရာရရှိနေ၍ တပ်ကြပ်အောင်သိန်းသည် စက်လတ်ကို ပြောင်းလဲ ကိုင်ဆောင်ပြီး ရန်သူ၏ လက်နက်ကြီး နေရာများသို့ ဦးနှိမ်ချေမှုန်း ပစ်ခတ်ပေးခဲ့သည်။ ထိုသို့ပစ်ခတ် ချေမှုန်းနေစဉ် ရန်သူ့ ၄ဝ မမ ဗုံးသီးကျရောက် ပေါက်ကွဲ၍ တပ်ကြပ်အောင်သိန်းသည် ဘယ်ပေါင်၊ ဘယ်ခြေသလုံးနှင့် ဘယ်လက်မတို့ကို ဒဏ်ရာ ရရှိခဲ့သော်လည်း ဆေးကုသမှု ခံယူခြင်းမရှိဘဲ သတ်ကွင်းကို ပစ်တက်တက်ကာ ဆက်သွယ်ရေး မြောင်းအတွင်း ခြေကုပ်ယူထား သည့် ရှေ့ပြေးအဖွဲ့သို့ ခဲယမ်းများ ပို့ဆောင် ပေးခဲ့သည်။ ရှေ့ပြေးအဖွဲ့နှင့် ပူးပေါင်း၍ ရန်သူ့ရှေ့ကိုက် ၂ဝ ခန့်မှနေ၍ အနီးကပ် တိုက်ခိုက်ချေမှုန်း ခဲ့သည်။ တပ်ရင်းမှူးနှင့် ကွပ်ကဲမှုအဖွဲ့သည်လည်း နောက်မှ ထပ်ကြပ်လိုက်၍ ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည်။ ထိုသို့ တိုက်ပွဲပြင်းထန် နေချိန်တွင် ရန်သူပစ်လိုက်သည့် လက်ပစ်ဗုံး သည် စစ်သည်များ နေရာယူထားသော အကြားသို့ ကျရောက်လာခဲ့သည်။

၎င်းလက်ပစ်ဗုံး ပေါက်ကွဲခဲ့ပါက ဘေးဘယ်ညာရှိ တပ်ရင်းမှူး အပါအဝင် ကွပ်ကဲမှုအဖွဲ့မှ အရာရှိ/ စစ်သည်များ ကျဆုံးဒဏ်ရာ ရရှိသွားမည်ဖြစ် သည်။ အောင်မြင်နေသော တပ်မတော်၏ တိုက်စစ်တစ်ခုလုံး ကြီးကြပ်ကွပ်ကဲမှု ပျက်ပြားပြီး တိုက်ပွဲ၏ ရလဒ်အလှည့် အပြောင်း ဖြစ်သွားမည်ဖြစ်သည်။ ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်လျက်ရှိသော တပ်ကြပ်အောင်သိန်း မှ စွန့်လွှတ်စွန့်စားသော စိတ်ဓာတ်၊ တပ်မတော်သား ပီသသော စိတ်ဓာတ်တို့ဖြင့် အသက်ကို ပဓာနမထားဘဲ ''အားလုံးဝပ်'' ဟုအော်၍ သတိပေးသံနှင့်အတူ လက်ပစ်ဗုံးပေါ်သို့ ရင်ဘတ်ဖြင့် တက်ဖိ၍ တပ်ဖွဲ့ဝင်များအတွက် အသက်ပေး ကာကွယ်ခဲ့လေသည်။ တပ်ရင်း၏ ဂုဏ်သိက္ခာ၊ တပ်မတော်၏ ဂုဏ်သိက္ခာတို့အား ရဲဝံ့စွာ လျှပ်တစ်ပြက် ဆုံးဖြတ်ပြီး အသက်ပေး၍ ကာကွယ်ခဲ့ခြင်း ဖြစ်သည်။ 

တပ်ကြပ်အောင်သိန်း၏ အသက်ပေး ကာကွယ်မှုကြောင့် သာ ရန်သူ၏ အဓိကစခန်းအား ဆက်လက်တိုက်ပွဲဝင်ခဲ့ပီး မွန်းလွဲ ၂နာရီ ၄၅မိနစ်တွင် သိမ်းယူအောင်လံ ထူနိုင်ခဲ့ပြီး သောင်းကျန်းသူတို့၏ ပိတ်ဆို့ရေး အစီအမံကို ရိုက်ချိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ မြင့်မြတ်သော ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေး တာဝန်ထမ်းဆောင်ခဲ့သော အံ့မခန်းရဲစွမ်း သတ္တိရှိသူ တပ်ကြပ်အောင်သိန်းအား လက်ရှိကာလနှစ်ပေါင်း ၂ဝ ကျော်အတွင်း နိုင်ငံတော်မှ ပေးအပ်ခဲ့သည့် အမြင့်ဆုံးစွမ်းရည် သတ္တိဆိုင်ရာ ဘွဲ့ထူး၊ ဂုဏ်ထူးဖြစ်သော သီဟသူရဘွဲ့အား ၂ဝ၁၄ ခုနှစ်ဇန်န၀ါရီ ၄ ရက်တွင်ကျရောက်သည့် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့၌ ပေးအပ် ချီးမြှင့်ခြင်းဖြင့် ဂုဏ်ပြုခဲ့သည်။ တပ်ကြပ်အောင်သိမ်း သည် ယခင်စခန်းသိမ်း တိုက်ပွဲများဖြစ်သော ဗန်းမော်-လွယ်ဂျယ်ဒေသ၊ ယောယုံစခန်းသိမ်း တိုက်ပွဲ၊ပွိုင့် ၁၅ဝဝ စခန်းသိမ်း တိုက်ပွဲများတွင်လည်း ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့၍ ၂ဝ၁၂ ခုနှစ် ဇန်န၀ါရီလက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ချီးမြှင့်ခြင်း ခံထားရသူလည်း ဖြစ်သည်။

“တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိက အကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာလျှင် တပ်မတော်က ကူညီရမည်''ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ-၃၃၇၊ ၃၃၉ နှင့် ၃၄၁တို့၌ ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားတို့၏ ကာကွယ်ရေး တာဝန်အား ဦးစီးဦးဆောင်ပြုမည့် တိုင်းရင်းသား ပြည်သူတို့၏ အသက်အိုးအိမ်ကို အမြဲထာဝရ ကာကွယ် စောင့်ရှောက်နေသည့် တပ်မတော်သည် တပ်ြကပ်အောင်သိန်း ကဲ့သို့သော တပ်မတော်သားများဖြင့် ဖွဲ့စည်းထားသော တပ်မတော် ဖြစ်သည်။ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ကို ပဓာနမထားပဲ့ ရဲဝံ့ပြတ်သားသည့် ရဲစွမ်းသတ္တိရှိသော တပ်မတော်သားများ မြောက်မြားစွာ ရှိကြောင်းကိုလည်း နိုင်ငံတော် လွတ်လပ်ရေး ရပြီးချိန်မှစ၍ ယနေ့အထိ နိုင်ငံတော် ပြန်တမ်းထုတ်ပြန်၍ ချီးမြှင့်ခဲ့သော စွမ်းရည်သတ္တိ ဆိုင်ရာဘွဲ့ထူး၊ ဂုဏ်ထူးမှတ်တမ်းများက သက်သေခံလျက် ရှိပေသည်။ ယနေ့အထိ တပ်မတော်သည် အောင်ဆန်းသူရိယ ဘွဲ့ရရှိသူ ခြောက်ဦး၊ သီဟသူရဘွဲ့ ရရှိသူ ၄၇ ဦး၊ သူရဘွဲ့ရရှိသူ ၅၂၈ ဦး ၊ သီဟဗလဘွဲ့ ရရှိသူ ခြောက်ဦးတို့ဖြင့် ရဲစွမ်းသတ္တိ အရာ၌ မှတ်တမ်းတင်ခံခဲ့ပြီး ဖြစ်သည်။

တပ်မတော်သားတိုင်း နေ့စဉ် နှလုံးသားဖြင့် ရွတ်ဆိုနေသည့် သစ္စာအဓိဋ္ဌာန် (၄) ချက်မှ နောက်ဆုံးအချက်ဖြစ်သော ''ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော် အတွက် ငါ၏အသက် ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏'' ဆိုသော အချက်ကို တပ်မတော်သားတိုင်းက အပြောမဟုတ်၊ အလုပ်ဖြင့် အမြဲမှတ်ကျောက်တင် ခံနေသမျှ ကမ္ဘာတည်သရွေ့ မြန်မာပြည်တည် နေမည်မှာ မလွဲဧကန် ဖြစ်ပါကြောင်း သီဟသူရဘွဲ့ ရရှိခဲ့သူ တပ်ကြပ် အောင်သိန်းအတွက် မှတ်တမ်းတင် ဂုဏ်ပြုရေးသား လိုက်ရပါသည်။

NLD ပါတီဝင်များငွေကြေးအလွဲသုံးစားမှုနှင့်ပတ်သက်၍ မိုးကုတ်ခြေ/ဥဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်း

From : We Love True


မတ်လ(၂၃)ရက်နေ့မနက်ပိုင်းကမိုးကုတ်မြို့နယ်၊ကျပ်ပြင်အုပ်စု၊ကျပ်ပြင်ဘောလုံးကွင်းမှာNLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒ ခံယူပွဲ ကျင်းပခဲ့ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်အ တွင်းမှာ တရားဝင်ပြင်ဆင်ရေးတွေ လုပ်ဆောင်နေပေမယ့် NLD ပါတီအတွက် အဟန့်အတားဖြစ်နေတဲ့ ၅၉(စ)ကိုပြင်ဆင်မပေးမှာ စိုးရိမ်လို့ အခုလိုမျိုး လူထုအစည်းအဝေးတွေကျင်းပပြီး လှုံ့ဆော်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ကျပ်ပြင်ဘောလုံးကွင်းထဲမှာတော့လူဦးရေ(၂၀၀၀)ခန့်တက်ရောက်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပြည်သူတွေပါဝင်ဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပြီးဒေသခံပါတီ ၀င်တွေ ရဲ့မေးခွန်းတွေ ကိုဖြေကြားခဲ့ပါတယ်။

ဇူကာဘတ်က သမ္မတ အိုဘားမားကို ထိပ်တိုက်တွေ့ဖို့ စိန်ခေါ်

From : ရိုးရာလေး


မတ်လ ၁၃ ရက်နေ့ကတည်းက ဖေ့စ်ဘုတ် တည်ထောင်သူ မတ်ခ်ဇူကာဘတ် ဟာ အမေရိကန် သမ္မတ အိုဘားမားကို ထိပ်တိုက်တွေ့ဖို့ အတွက် စိန်ခေါ်တဲ့ Status ကို သူ့ကိုယ်ပိုင် Facebook Wall မှာ တင်ခဲ့ ပါတယ်။ ယနေ့အထိလည်း တင်းမာမှု မပြီးဆုံး သေး ပါဘူး။ အကြောင်း အရင်းကတော့ အမေရိကန် အစိုးရရဲ့ Facebook အပေါ် တင်းမာမှု များကြောင့် ဖြစ်ပါတယ်။ ဇူကာဘတ် ရေးထားတဲ့ Status မှ ကို ဘာသာပြန်ပေးရရင် -

"ကမ္ဘာကြီး တစ်ခုလုံးက က တစ်နေ့ထက် တစ်နေ့ ပိုမို ရှုပ်ထွေးလာတယ်။ အစိုးရတွေဟာလည်း ဒီအတွပ် ပိုမို အလုပ်ရှုပ် ရုန်းကန်လာရတယ်။ ဒီလို အချိန်မှာ အင်တနက် အပေါ် ယုံကြည်မှု တည်ဆောက်ခြင်းက ပိုမို အရေးကြီး လာတယ်။ 

အဆုံးမသတ်နိုင်သေးတဲ့ မလေး MH370 ရှာပုံတော်

From :The Melting Pot 4 U
ပျောက်ဆုံး မလေးရှားလေယာဉ် MH370 ရဲ့ အပိုင်းအစလို့ ယူဆရတဲ့ နောက်ထပ် ပစ္စည်းတချို့ ထပ်မံ
တွေ့ ရှိခဲ့တာကြောင့် သြစတြေးလျှ နယူးဇီလန်၊ အမေရိကန်၊ နော်ဝေ နဲ့ တရုတ်​ တို့ရဲ့ ကမ်းခြေစောင့်
လေယာဉ်တွေနဲ့ သဘောင်္တွေဟာ လေယာဉ်ပျောက်နဲ့ ပတ်သက်တဲ့ ရှာဖွေမှုတွေကို တိုးမြှင့် လုပ်ဆောင်
နေကြပြီ ဖြစ်ပါတယ်။




ပြင်သစ်နိုင်ငံက ဆက်သွယ်ရေး ဂြိုလ်တုက တဆင့် နောက်ထပ် ရရှိတဲ့ ပုံရိပ်တွေအရ သြစတြေးလျ နိုင်ငံ က တွေ့ခဲ့တဲ့ နေရာ တဝိုက်မှာပဲ တွေ့ရှိတယ်လို့ ကြေညာပြီးတဲ့နောက်ပိုင်း အခုလို နိုင်ငံကြီးတွေ ပူပေါင်းပြီး လိုက်လံရှာဖွေနေတာ ဖြစ်ပါတယ်။

လူ ၅၂၉ ယောက်ကို အီဂျစ် တရားရုံးက သေဒဏ်ချ

From : BBC

မူဆလင်ညီနောင်များအဖွဲ့ နဲ့ သမ္မတမိုဟာမက်မော်စီကိုထောက်ခံသူများ(ကိုင်ရို၊ နိုဝင်ဘာ၂၉၊၂၀၁၃)
အီဂျစ်နိုင်ငံမှာ မတရားသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ မွတ်ဆလင် ညီနောင်များအဖွဲ့ အပေါ် ထောက် ခံအားပေးသူ ၅၂၉ ယောက်ကို အီဂျစ် တရားရုံး တစ်ခုက သေဒဏ် ချမှတ် လိုက်ပါတယ်။ အဲဒီသူတွေဟာ ပြီးခဲ့တဲ့ သြဂုတ်လက အစ္စလာမ်မစ် ဘာသာရေးဝါဒီ သမ္မတဟောင်း မော်ဆီ အပေါ် ထောက် ခံမှုကို ပြသတဲ့ ထိုင်သပိတ် ဆင်နွှဲခဲ့ကြသူတွေ ဖြစ်ပါတယ်။

စစ်သားနှင့် နိုင်ငံရေးသမား ခွဲခြားကြည့်သင့်



ရန်ကုန်၊ မတ် ၂၅

လူတချို့က ပြောနေကြတယ်။ စစ်သားဆိုတာ နိုင်ငံရေးသမား မဖြစ်နိုင်ဘူး။
နိုင်ငံရေးသမား ဆိုတာကလည်း စစ်သား မဖြစ်နိုင်ဘူးတဲ့။


ကျွန်တော်တစ်ခုတော့ ပြောချင်တယ်။ စစ်သားဆိုတာ စစ်တပ်ကို စဝင်ကတည်းက နိုင်ငံရေးလုပ်တဲ့သူ နိုင်ငံရေးသမား ဆိုတာလည်း အခြေအနေ အစိုးရရဲ့လုပ်ဆောင်ချက် မှားယွင်းမှုကြောင့် နိုင်ငံရေး လုပ်ကြတယ်။ အခြေအနေအရ နိုင်ငံရေး လုပ်သူတွေက အမျိုးကို ချစ်လို့ နိုင်ငံတော်နှင့် ပြည်သူကို ချစ်လို့ နိုင်ငံရေးလောက ဆိုတာကို ရောက်ကြတယ်။ စစ်သားက အဲဒီလို မဟုတ်။ အသက် (၁၈) နှင့် (၂၅) နှစ် ကြားကတည်းက နိုင်ငံနှင့်လူမျိုး ပြည်သူကိုချစ်လို့ အသက်နှင့် ခန္ဓာကိုယ်ကို ကျမ်းသစ္စာ ကျိန်ဆိုပြီး စွန့်လွှတ်ထားသူတွေ။ နိုင်ငံရေးသမားတွေ၊ နိုင်ငံနှင့်လူမျိုးကို ချစ်တယ်ဆိုရင် စစ်တပ်ကို ဝင်သင့်တယ်။ စစ်သားကိုလဲ ချစ်သင့်တယ်။

စစ်သားနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသားခေါင်းဆောင်၊ တပ်မတော်၏ဖခင် လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့စစ်သားတွေ စုဆောင်းစဉ် ကာလက ပြောခဲ့တယ်ဆိုတဲ့ စကားလုံးတစ်ခု ဖတ်ဖူးတယ်။ စစ်တပ်ထဲကိုဝင်လို့ ရာထူး၊ အာဏာနေရာ ရလိမ့်မယ်မထင်နဲ့။ အိပ်စရာ မြေကြီး၊ စားစရာ ကျောက်ခဲ ဒါပဲ ရမယ်ဆိုပြီး စစ်သားတွေ စုဆောင်းခဲ့တယ်။ ဒီလိုနဲ့ စစ်တပ်ဟာ တပ်မတော်ကြီးအဖြစ် ယနေ့အထိ ဖြစ်ပေါ်နေတယ်။

စစ်သားဆိုတာ ကိုယ့်အတွက် ဆွေမျိုးအတွက် ဘာမှအမြတ်မရှိ၊ အမြတ်မထွက်၊ နိုင်ငံရေးသမား ဆိုတာလည်း စစ်သားလို့ ခံယူနိုင်ရဲ့လား မသိဘူး။ မြန်မာနိုင်ငံရဲ့အစဉ်အဆက် ပြန်ကြည့်ကြပါစို့။ ကျန်စစ်သားမင်းကြီး စစ်သားဘဝကနေ ဘုရင်ဖြစ်တယ်။ ဘုရင့်နောင်နဲ့ အလောင်းဘုရား၊ ဦးအောင်ဇေယျ စစ်သားကနေ နိုင်ငံတော်ကို အုပ်ချုပ်မှု ကောင်းစေခဲ့တယ်။


ပြည်သူနဲ့နိုင်ငံနဲ့ လူမျိုးကိုချစ်လို့ စစ်သားဘဝ ကတည်းက နိုင်ငံတော် ကာကွယ်စောင့်ရှောက်ရင် စစ်သားအဖြစ်မှထွက် နိုင်ငံတော်အတွက် စီမံကွပ်ကဲမှု ကောင်းစေခဲ့တယ်။

နိုင်ငံရေးသမားဆိုတာ အဓိကကျတဲ့ နိုင်ငံနဲ့လူမျိုး ကာကွယ်စောင့်ရှောက်ဖို့ စစ်ရေးအမြင်၊ နိုင်ငံရေးအမြင်ရှိ၊ တတ်ကျွမ်းဖို့ လိုအပ်ပြီး လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေး အမြင်ပေါင်းများစွာ ရှိဖို့လိုတယ်။ စစ်ရေးအမြင် မရှိ၊ နိုင်ငံရေး အမြင်မသိ ပညာရှိ အမတ်ကြီးတွေရဲ့ လျှောက်တင်စကားကို နားမထောင်၊ မိဖုရား၏ ပြောစကားကို နားယောင်မိလို့ ကျွန်တော်တို့ တိုင်းပြည် နိုင်ငံတော်ကြီး သူ့ကျွန်ဘဝကို ရောက်ခဲ့ရတယ်။ စစ်ရေးအမြင် နားမလည်၊ မျိုးချစ်စိတ်နဲ့ သူပုန်တွေထ စစ်ရေးအမြင် မရှိလို့ သူပုန်ဆိုတဲ့ စစ်သားလုပ် နိုင်ငံကယ်တင်ပေမယ့် ရှုံးနိမ့်ကြရတယ်။ ကျွန်တော်တို့ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အရင်းခံကိုက မျိုးချစ်စိတ်ရှိပြီး စစ်ရေးအမြင်ရှိမှ နိုင်ငံနဲ့ လူမျိုးကောင်းစားမယ်လို့ ထင်မြင်ယူဆ တပ်မတော်ဖွဲ့မှ နိုင်ငံတော်ကို သူ့ကျွန်ဘဝက ကယ်တင်နိုင်ခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်း ကနဦးအစ သခင်အောင်ဆန်း နိုင်ငံရေးသမားလုပ် နယ်ချဲ့တွန်းလှန်ပေမယ့် မအောင်မြင်နိုင်မှန်း အမြော်အမြင်နဲ့ တပ်မတော်ဖွဲ့ဖို့ ဂျပန်နိုင်ငံက စစ်ရေးပညာ သင်ယူပြီး တပ်မတော်ဖွဲ့ အမိမြေကို ကာကွယ် စောင့်ရှောက်၊ နိုင်ငံရေးအမြင်နဲ့ စစ်ရေးအမြင် ပေါင်းစပ်နိုင်တော့ အောင်မြင်ခဲ့တယ်။

နိုင်ငံတော်ကို တကယ်ချစ်သူတွေ စစ်သားတွေဟာ ပြည်သူကမွေး၊ ပြည်သူကကျွေး မြန်မာနိုင်ငံအတွက် အသက်နှင့်ခန္ဓာ တန်ဖိုးမထား ဂရုမပြုအလုပ်နှင့် သက်သေပြခဲ့သူတွေပါ။

အပြောမဟုတ် လက်တွေ့လုပ်တာကို မမြင်ချင်ယောင်၊ မကြားချင် ယောင်ဆောင်၊ မိမိအာဏာနဲ့ နေရာရရေး တစ်ဖက်ကို မကောင်းပြော၊ ရပ်ရွာ မြို့နယ်ကိုတောင် ဦးဆောင်ခေါင်းရွက် ပတ်သက်တဲ့ ဌာနနဲ့ မညှိနိုင် မဆွေးနွေး၊ ဥပဒေကို မလေ့လာ ဖြစ်စဉ်တစ်ခုရဲ့ အကြောင်းအရာကို မစုံစမ်း၊ သံယောင် မှားလိုက်၊ ကျွန်တော်မှန်တယ်၊ သူမှားတယ် ပြောစကားကိုယုံရင် နိုင်ငံတော်ကို ချစ်ပါတယ်ဆိုတဲ့ လူတွေတောင် မှားနိုင်တယ်။ နိုင်ငံအဆင့် ပြဿနာတက်ရတဲ့ အကြောင်းအရင်းက ဘာလဲ၊ ဘာကြောင့်လဲ၊ ဘယ်အချိန် ဘယ်နေရာလဲ၊ ဘယ်သူလဲ၊ ဘယ်သူနဲ့လဲ၊ ဘယ်လိုဖြေရှင်းရမလဲ၊ ဘယ်သူကို ပြောရမလဲ၊ ဘယ်သူနဲ့ သက်ဆိုင်သလဲ၊ ဘယ်လိုလူတွေလဲ၊ ဘယ်မျိုးရိုးက ဆင်းသက်လာလဲ၊ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ဂဃနဏ သိဖို့ လိုတယ်။

မိမိရဲ့နိုင်ငံရေး၊ နိုင်ငံတော်၊ ခေါင်းဆောင်ကို ပြည်သူက ဘာကြောင့် ဘာ့ကြောင့် လေးစားလဲ၊ မလေးစားလဲ၊ သေချာစုံစမ်းသုံးသပ် ဆုံးဖြတ်ဖို့ လိုတယ်။ နိုင်ငံတော်မှာရှိတဲ့ အဖွဲ့အစည်း အသီးသီးကို ကြည့်။ စစ်သားဆိုတာ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက် လုပ်ချင်တိုင်း လုပ်လို့မရဘူး။ စစ်သားဆိုတာ ပြည်သူလူထုရဲ့ ဘုံကျွန်အဖြစ်နဲ့ နေရတယ်။ စစ်သားဆိုတာ အစိုးရရဲ့ တပ်မတော် စစ်သားတစ်စုတည်းကို ပြောတာမဟုတ်ဘူး။ ယုံကြည်ချက်၊ ခံယူချက်နဲ့ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ဓလေ့ထုံးတမ်း အစဉ်အလာကို တန်ဖိုးထား လက်နက်ဆွဲကိုင် ကာကွယ် စောင့်ရှောက်တဲ့ လူသားအားလုံးကို ဆိုလိုတယ်။

ပြည်သူက ချစ်ခင်လေးစားတဲ့ ခေါင်းဆောင်တွေရဲ့အတုကိုယူ သူ့လို လက်တွေ့လုပ်၊ ပြည်သူက ချစ်ခင်လေးစားမှု မရှိတဲ့ ခေါင်းဆောင်အောက်မှာ နေရင် ပြည်သူကို အမှန်တကယ် ချစ်ရင် ခေါင်းဆောင်ကို အမှားထောက်ပြ ဝေဖန်သုံးသပ် တင်ပြနိုင်စွမ်း ရှိရမယ်။

ခေါင်းဆောင်ရဲ့ အရှိန်အဝါ အရေခွံမခြုံနဲ့။ ကိုယ်တိုင် ကျင့်ကြံအားထုတ်၊ ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ရွာတစ်ခုထဲမှာ ရှိတဲ့ ခေါင်းဆောင် တစ်ဦးတည်းနှင့် မလုံလောက်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပါတီနိုင်ငံရေး အဖွဲ့အစည်း ခေါင်းဆောင်တွေကို လေ့လာစုံစမ်း သုံးသပ်ပြီးမှ ပါတီနိုင်ငံရေး လောကကို ဝင်သင့်တယ်။ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ကြည့်။ နိုင်ငံ့ခေါင်းဆောင်တွေ ဘာလုပ်ခဲ့လဲ။ ဘာလုပ်နေလဲ။ တစ်နေရာတည်းရဲ့အဖြစ်အပျက်ကို မကြည့်နဲ့။ တစ်နိုင်ငံလုံး အတိုင်းအတာကို လေ့လာစုံစမ်း ဝေဖန် သုံးသပ်ဆုံးဖြတ်ကြဖို့ လိုတယ်။ 

ဘယ်နိုင်ငံရေးသမားက နိုင်ငံနှင့် လူမျိုးကို ချစ်တယ်ဆိုဦး။ စစ်သားလောက်တော့ နိုင်ငံနှင့် လူမျိုးကို မချစ်နိုင်ဘူး။ စာရေးသူကတော့ ဘယ်နိုင်ငံရေး ပါတီကိုမျှမဝင်၊ ဝင်ရောက် စွက်ဖက်ခြင်းမရှိ။ နိုင်ငံ့အရေးနှင့် ပတ်သက်လို့ တပ်မတော် ပါဝင်သင့်၊ မသင့် စာဖတ်သူအားလုံး အဖြေရှိသင့်သည်ဟု ယူဆမိပါကြောင်း။

- The Voice Weekly

နယ်စပ်ခြံစည်းရိုးတွေ ကျိုးပေါက်မယ့်အရေး ပေါ့ပေါ့မတွေးနဲ့


မောင်ဒိုး (ကံပေါက်)


ဗေဒါနှင့်ရွှေကြာ ဆွေးနွေးခန်း


ဗေဒါ ။ ။ယူကရိန်းရဲ့ ခရိုင်းမီးယားအရေးပြီးတော့ ကျွန်တော်တို့နိုင်ငံမှာလည်း အခုတလော “၀” နယ် အရေးကို စိုးရိမ်စိတ် နဲ့ ရေးသားလာကြတယ်။ ဒါပေမဲ့ မတ်လ ၂၂ ရက်ထုတ် ဒီမိုကရေစီတူဒေး သတင်း စာမှာ စစ်တွေနဲ့မောင်တောဒေသတွေမှာ ခရိုင်းမီးယားလို ဆန္ဒခံယူပွဲလုပ်ပြီး ဘင်္ဂလားဒေ့ရှ်က စစ်တ ကောင်းနဲ့ ပူးပေါင်းသင့်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် aka Tribune သတင်းစာမှာ ရေးသားထား တာကို ထပ်ဆင့် ဖော်ပြထားတာဖတ်ရလို့ တော်တော်ကိုအံ့သြဖို့
ကောင်းတယ်ဗျ။

ရွှေကြာ ။ ။ဟုတ်လား ...ဒီလိုဆိုရင်တော့ ဒါမျိုးက ရခိုင်ဒေသမှာ လက်ရှိဖြစ်နေတဲ့ အနေအထားတွေကို အခြေအနေ ပိုဆိုးအောင် ထပ်ဆင့်သွေးထိုး လှုံ့ဆော်လိုက်တာပဲလို့ ထင်တယ်။ ဆိုစမ်းပါဦး ...ဘာတွေ ဆက်ရေးထားသေးသလဲ။


ဗေဒါ ။ ။သတင်းစာဆရာ ဇီးဟန်း ခန်ဆိုသူက “ရခိုင်ပြည်နယ်မှာ ဆန္ဒခံယူပွဲလား” (A Referendum in Rakhine State)လို့ ခေါင်းစဉ်တပ်ပြီး ရေးထားတာပါ။ အကျဉ်းချုံး ပြောရရင်တော့ ရခိုင်ပြည်နယ်မှာ နေ ထိုင်သူတွေရဲ့ ၄၂ ရာခိုင်နှုန်းဟာ ဘင်္ဂါလီစကား ပြောနေကြတယ်။ စစ်တွေနဲ့မောင်တောမှာ ၉၅ရာခိုင်နှုန်း ရှိတယ်။ စစ်တွေနဲ့မောင်တောမှာ ခရိုင်းမီးယားလို ပြည်သူ့ဆန္ဒခံယူပြီး ရခိုင်ပြည်နယ်အစား ဘင်္ဂလားဒေ့ရှ် နိုင်ငံက စစ်တကောင်းပြည်နယ်အောက်ကို အဲဒီဒေသတွေ ပူးပေါင်းသင့်တယ်ဆိုပြီး
ရေးထားတာပါ။


ရွှေကြာ ။ ။ဒီလိုတော့ ဘယ်ရမလဲဗျာ။ “ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမ ပေါင်ကျိုး” ဆိုသလိုပဲ။ ဘာမှ မဆိုင်ပါဘူး။ ခရိုင်းမီးယားပြဿနာနဲ့ ရခိုင်ဒေသပဋိပက္ခကို ဒီလိုအတင်းအကြပ်ကြီး ဆွဲစေ့လို့တော့ ဘယ်ရမလဲဗျ။ ခရိုင်းမီးယားရဲ့ သမိုင်းနောက်ခံနဲ့ ရခိုင်ဒေသနောက်ခံ အခြေအနေကလည်း လုံးဝကွဲပြား နေတာပဲလေ။ ဒီလို ပြောမယ်ဆိုရင် စစ်တကောင်းဒေသဟာ မြန်မာဘုရင်တွေ လက်ထက်ကဆိုရင် မြန် မာပိုင်နက်ထဲမှာတောင် ရှိခဲ့တာပဲဗျ။


ဗေဒါ ။ ။သမိုင်းအရ ပြောကြစတမ်း ဆိုရင်လည်း ၁၈၂၄ အင်္ဂလိပ်-မြန်မာ စစ်ပွဲမှာစစ်ရှုံးလို့ ရခိုင်ဒေသ ကိုနယ်ချဲ့အင်္ဂလိပ်ဆီ ပေးလိုက်ရပြီးနောက်ပိုင်းကျမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဘင်္ဂါလီတွေ ရခိုင်ဒေသကို တဖြည်းဖြည်းနဲ့ စိမ့်ဝင်လာတာပါ။ ဒီတော့ အခုချိန်ကျမှ ခရိုင်းမီးယားအရေးကို ပုံတူကူးချပြီး ဒီလိုသွေးထိုး လှုံ့ဆော် ရေးသားမှုမျိုးကတော့ မီဒီယာကျင့်ဝတ်နဲ့လည်းမညီ၊ အိမ်နီးချင်းနှစ်နိုင်ငံအကြားမှာလည်း မျက်နှာ ပျက်စရာ ဖြစ်တယ်လေ။


ရွှေကြာ ။ ။အေးဗျာ ...။ ဒီလိုပုံစံမျိုးနဲ့ဆိုရင်တော့ အနောက်ဖက် ခြံစည်းရိုးကတော့ ခါတိုင်းထက်ပိုပြီး လုံ ခြုံမှုသတိရှိဖို့ လိုလာပြီပေါ့ဗျာ။ လောလောဆယ် အနေအထားတောင်မှ ဘင်္ဂါလီရွာအချို့မှာ ကိုယ့်အိမ် ကိုယ် မီးရှို့မှုတွေ၊ လုယက်တိုက်ခိုက်မှုတွေ၊ သန်းခေါင်စာရင်း ကောက်ယူရေးကို မကြေလည်လို့ ဆန္ဒပြ မှုတွေစတဲ့ ...နှစ်ဖက်အကြား အပွန်းအပဲ့မခံတဲ့ကိစ္စတွေ ဆက်တိုက် ဖြစ်နေတော့ ဒီလို လှုံ့ဆော်မှုမျိုး ကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲကိစ္စကိုလည်း သတိထားဖို့လိုတယ်။ ဒါနဲ့ လက်ရှိ အနောက်ဖက် နယ်စပ်လုံခြုံရေးက ဘယ်လို အခြေအနေရှိသလဲ။


ဗေဒါ ။ ။နစက (နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်)ကို ဖျက်သိမ်းစတုန်းကတော့ ရခိုင်ပြည်နယ်ဒေသခံတွေ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ကြတာကတော့ အမှန်ပဲဗျ။ ဒါပေမဲ့ အခုနောက်ပိုင်း ကျတော့ ရဲတပ်ရင်းတွေ ထပ်ပြီးတိုးချဲ့တာ၊ (မကဖ)လို့ခေါ်တဲ့ နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက် ခြင်းမှ ကာကွယ်တားဆီးရေးအဖွဲ့နဲ့ပေါင်း လူဝင်လူထွက်ကို အရင်ကထက် ပိုပြီး ဖိဖိစီးစီး လုပ်နေတာ။ နယ်စပ်တလျှောက် လုံခြုံရေးကင်းစခန်း ၃၆ ခုရှိပြီး နောက်ထပ်လည်း ၁၅ ခု ထပ်ဆောက် နေတာတွေ ကြောင့် အရင်ကထက်စာရင် သိပ်ပြီး စိုးရိမ်စရာတော့ မရှိပါဘူး။ ဒါပေမဲ့ သတိဆိုတာက ပို တယ်လို့ မရှိ ဘူးပေါ့ဗျာ။


ရွှေကြာ ။ ။အခုတလော အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေအပေါ်မှာ ၂၀၁၂ တုန်းက ဘင်္ဂလား ဒေ့ရှ်နယ်စပ်မှာ ခြံစည်းရိုးကာရင်း RSO လို့ခေါ်တဲ့ အဖွဲ့ရဲ့ ဖမ်းဆီးတာကိုခံလိုက်ရတဲ့ တပ်မတော်သား တစ်ယောက်နဲ့ အရပ်ဖက် ၀န်ထမ်းနှစ်ယောကရဲ့ပုံတွေကို ဖော်ပြထားသေးတယ်။


ဗေဒါ ။ ။အခုချိန်ကျမှ ဒီလို ဖော်ပြတယ်ဆိုတာမျိုးက စဉ်းစားစရာပဲဗျ။ သတင်းတွေရဲ့ ရေးသားဖော်ပြ ချက်အရဆိုရင် အဖမ်းခံလိုက်ရတဲ့ သုံးယောက်စလုံး သေဆုံးသွားပြီလို့ ကောက်ချက် ချထားကြတယ် လေ။ ဒါကြောင့်လည်း ရခိုင်ဒေသမှာ အခြားဒေသတွေနဲ့စာရင် မောင်တောဒေသခံတွေက စိုးရိမ်မှု ပိုကြီး တယ်ဗျ။ သူတို့ဒေသက တစ်ဖက်နိုင်ငံနဲ့လည်း အရမ်းနီးကပ်နေတာကိုး။ မောင်တောမှာ အစိုးရလက်နက် ကိုင် တပ်ဖွဲ့မျိုးစုံရှိတာတောင် နယ်စပ်ရွာတွေမှာ ဓားပြမှုတွေ၊ ပြန်ပေးမှုတွေ၊ ဘင်္ဂါလီတွေ ခိုးဝင်ခိုးထွက် လုပ်တာတွေ အများကြီး ရှိနေသေးတယ်လေ။ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး ကာထားတယ် ဆိုပေမဲ့လည်း လက်ချင်းယှက်ပြီး ကာကွယ်ထားနိုင်တာမျိုး မဟုတ်တော့ ရာနှုန်းပြည့် ကာကွယ်နိုင်ဖို့ဆိုတာ မလွယ်ဘူး လို့ ထင်တယ်။


ရွှေကြာ ။ ။တကယ်တမ်း စိုးရိမ်စရာကောင်းတာက နယ်စပ်ဒေသတွေ အကုန်လုံးပဲဗျ။ ဒီနှစ်ဆန်းက လူ မျိုးခြားတွေ နယ်စပ်ဖြတ်ပြီး ကျွန်တော်တို့နိုင်ငံထဲ တရားမ၀င်၊ ၀င်ရောက်နေတာနဲ့ ပတ်သက်ပြီး ပြည် ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် တစ်ယောက်ကမေးတော့ (လ၀က) ဒုတိယ၀န်ကြီးက (မကဖ) ၂၃ ဖွဲ့ဖွဲ့ပြီး ဆောင်ရွက်နေတယ်လို့ ဖြေသွားတယ်။ ဒီလိုပြောနေရင်းနဲ့ အရှေ့၊ အနောက်နယ်စပ် နှစ်ခု စလုံးကနေပြီး လူမျိုးခြားတွေ ဒလဟော ၀င်နေကြတာပဲလေဗျာ။ အရှေ့မြောက်ဒေသနဲ့ မန္တလေးလိုနေရာ မျိုးမှာဆိုရင် ပေါက်ဖော်တွေကဘဲ တဖြည်းဖြည်း လွှမ်းမိုးလာနေတာ ခင်ဗျားလည်း သိတဲ့အတိုင်းပဲ။ ရွှေ တွင်းတွေမှာဆိုရင်လည်း တရားမ၀င် တရုတ်နိုင်ငံသားတွေ မကြာခဏ ဖမ်းမိနေတာပဲ။ တချို့ မျက်နှာစိမ်း တွေများဆိုရင် ဗမာစကားကို ပြောမတတ်သာ နေရမယ်။ နိုင်ငံသားစိစစ်ရေးကတ်ကိုတော့ မသမာတဲ့ နည်းမျိုးစုံနဲ့ ခပ်တည်တည် ကိုင်ထားကြသေးတာဗျ။


ရွှေကြာ ။ ။ဒါကလည်း ကျွန်တော်တို့ နိုင်ငံမှာ လှိုက်စားနေတဲ့ အကျင့်ပျက် လာဘ်စားမှုကြီးရဲ့ ပြယုဒ်လို့ ပဲ ပြောရမှာပေါ့ဗျာ။


“မြေမျိုလို့ လူမျိုးမပြုတ်၊လူမျိုမှ လူမျိုးပြုတ်မည်” ဆိုတဲ့ဆောင်ပုဒ်က ကြားရတဲ့လူတိုင်း နားထောင်လို့တော့ အကောင်းသားဗျ။ ဒါပေမဲ့ လက်တွေ့မှာ ဌာနဆိုင်ရာ ၀န်ထမ်းတချို့ ကိုယ့်အတ္တ တစ်ခုတည်း ကြည့်ပြီး အကျင့်ပျက်လာဘ်စားမှု လုပ်နေကြတာ တွေ့ရတော့ “လူမျိုလို့ လူမျိုးမပြုတ်၊ ငွေမျို ရင် လူမျိုးပါ ပြုတ်မည်” လို့ ပြောရမလိုတောင် ဖြစ်နေပြီ။ ခြုံပြောရရင်တော့ဗျာ ... လူ ဦးရေအရ ကျွန်တော်တို့နိုင်ငံထက် အဆ ပေါင်းများတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ခြံစည်းရိုးတွေ ကျိုးပေါက်နိုင်တဲ့ အရေးမှာ လက်နက်ကိုင်တပ် ဖွဲ့တွေရဲ့ တာဝန်လို့ ပုံမချဘဲ လူဝင်လူထွက်ကို ကြီးကြပ်တဲ့ ဌာနဆိုင်ရာတွေအနေနဲ့လည်း လာဘ်ပေး လာဘ်ယူမှုနဲ့ကင်းရှင်းဖို့ လိုတယ်လို့ ယူဆပါတယ်ဗျာ။

Dhaka Tribune သတင်းစာဆောင်းပါးက ထုတ်နှုတ်ရသော အသိ



Dhaka Tribune သတင်းစာတွင် ပါရှိသော Zeeshan Khan ၏ ဆောင်းပါးသည် မြန်မာနိုင်ငံအား စော်ကားသည်ဟု ဆိုနိုင်သည်။ သို့သော် တစ်ဖက်မှ စဉ်းစားလျှင် ၎င်းဆောင်းပါးကြောင့် မြန်မာ့နိုင်ငံရေး၌ အတိုက်အခံများ စစ်တပ်နှင့် အစိုးရအပေါ် စွပ်စွဲနေသည့် အောက်ပါ အချက်သုံးခုသည် အမြင်လွဲမှားနေကြောင်း အလိုလို ဖြေရှင်းပြီးသား
ဖြစ်သွားသည်။

၁။ မြန်မာနိုင်ငံတွင် လွှတ်တော်တွင်း နှင့် အခြေခံဥပဒေ၌ စစ်တပ် နှင့် ကာချုပ်တို့ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို လုံးဝဖျက်သိမ်းရန် ကြိုးစားမှု

ဆောင်းပါးရှင် Zeeshan Khan ၏ ဘင်္ဂလားဒေ့ရှ်အစိုးရအား အဓိက တိုက်တွန်းချက်မှာ ရုရှသမ္မတပူတင်မှ တင့်ကားများဖြင့် ခရိုင်းမီးယားကို ကျူးကျော်သကဲ့သို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ မြန်မာ့မြေပေါ် စစ်အင်အားဖြင့် ကျူးကျော်ဝင်ရောက်ရန် ဖြစ်သည်။ အမှန်တော့ ဘင်္ဂလားဒေ့ရှ်အစိုးရသည်လည်း ဤသို့ လုပ်ဆောင်ရန် အစဉ်တစိုက် စိတ်ကူးရှိခဲ့သည်။ မြန်မာဘက်မှသာ ကြိုတင်ကာကွယ်မှုများ မပြုလုပ်ခဲ့လျှင် ရခိုင်တစ်ခြမ်း ပါသွားဖွယ်ရာ ရှိသည်။

"ယခုခေတ်ကြီး အင်အားကြီးတိုင်း မနိုင်ပါဘူး။ စစ်တပ်မလိုပါဘူး။ ဒီမိုကရေစီနိုင်ငံ တည်ငြိမ်အေးချမ်းဖို့သာလိုတယ်" စသည်ဖြင့် ပြောကြသည်။ စစ်တပ်၏ ကာကွယ်ရေးကဏ္ဍကို အရေးမပါသလို နှိမ့်ချကြသည်။ မြန်မာလို ဘင်္ဂလားဒေ့ရှ် နှင့် လူမျိုးရေး ဘာသာရေးအရ ပဋိပက္ခ
ရှိနေပြီး အချိန်မရွေး စစ်ဖြစ်နိုင်သည့် နိုင်ငံတွင် စစ်တပ်၏ အခန်းကဏ္ဍ၊ ကာချုပ်၏ အခန်းကဏ္ဍကို နိုင်ငံရေးနယ်ပယ်မှ ဖျောက်ပစ်၍ မရ။ ဒီမိုကရေစီ နိုင်ငံဖြစ်ဖြစ်၊ မဖြစ်ဖြစ် အင်အားကြီးရာ အနိုင်ယူသည်သာ ဖြစ်သည်။ အမေရိကန် အီရတ်အား ကျူးကျော်မှု။ အင်္ဂလန်-အာဂျင်တီးနား ဖော့ကလန်ကျွန်းအရေး။

မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေး risk ရှိနေသရွေ့ စစ်တပ်၏၊ ကာချုပ်၏ အခန်းကဏ္ဍသည် မြန်မာနိုင်ငံရေး၌ အရေးပါသော ကဏ္ဍအဖြစ် ပါဝင်နေရဦးမည် ဖြစ်သည်။ အခြေခံဥပဒေ၌ အတိုင်းအတာ တစ်ခုထိ ကန့်သတ်၍သာ ရနိုင်သည်။ ဖျောက်ဖျက်ရန် ကြိုးစားခြင်းသည် ကိုယ့်ပေါင်ကို တံတောင်နှင့် လှန်ထောင်းရာ ကျသည်။ ယခုပင်လျှင် ဘင်္ဂလားဒေ့ရှ်မှ အသံထွက်လာသည်နှင့် မြန်မာစစ်တပ် နှင့် ကာချုပ်ကို တကြရသည် မဟုတ်ပါလော။

၂။ စစ်လက်နက်အင်အား တိုးချဲ့မှုအပေါ် ဝေဖန်ခြင်း

မြန်မာနိုင်ငံ၏ စစ်ရေးအသုံးစားရိတ်အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။ ယခုလည်း ရှိနေဆဲ ဖြစ်သည်။ ဝေဖန်မှုများမှ ပညာရေး နှင့် ကျန်းမာရေးအသုံးစားရိတ်အား လျှော့ချ
ထားခြင်းအား ဝေဖန်မှုကို လက်ခံသည်။ မှန်သည်။ ထိုအသုံးစားရိတ်များကို မြှင့်တင်ရမည်။ သို့သော် ၎င်းနှင့် ဆက်စပ်အဆို စစ်ရေးအသုံးစားရိတ်၊ အထူးသဖြင့် စစ်လက်နက် ဝယ်ယူရေးအတွက် သုံးစွဲခြင်းအား ကန့်သတ်မှုကိုမူ သဘောမတူပါ။ "တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်" ဟူသည်မှာ အမှန်ပင်ဖြစ်သည်။ အမေရိကန်၊ တရုတ်၊ အစ္စရေးလ်တို့ကို နမူနာထားနိုင်သည်။ ကျွန်တော်တို့ တားမြစ်သင့်သည်က တပ်မတော်အင်အားကောင်းလာမှုကို မဟုတ်ပဲ ထိုအင်အားကို အလွဲသုံးစား အသုံးချမည်ကိုသာ ဖြစ်သည်။ ကျွန်တော့်အမြင်အရမူ မြန်မာ့ စစ်လက်နက်အင်အားကို
နျူလီးယားထိပ်ဖူးများ တပ်၍ တိုးချဲ့ ပါစေ လက်ခံသည်။ ဝမ်းမြောက်သည်။ ထိုထိပ်ဖူးများကို အလွဲသုံးစားမလုပ်ရန်သာ အရေးကြီးသည်။ မြန်မာ နျူ ပိုင်ဆိုင်မည်ဆိုသည်ကို တားမြစ်ကြသောသူများသည် မည်သည့် mindset ရှိသည်ကို စဉ်းစားမရ။ ယခု ဘင်္ဂလားဒေ့ရှ်မှ မြန်မာကို မကျူးကျော်ရဲသည်မှာ တပ်မတော်နေ့က ခင်းကျင်းပြသခဲ့သော ဒုံးကျည်များကြောင့် ဖြစ်သည်ကို သဘောပေါက်သင့်သည်။

အရာရာတိုင်း အစိုးရ သို့မဟုတ် စစ်တပ်ကို ကန့်လန့်တိုက်တိုင်း ကောင်းသည်မဟုတ်။ အတိုက်အခံသည်လည်း တိုင်းပြည်ကာကွယ်လိုစိတ်၊ မျိုးချစ်စိတ်၊ အမျိုးသားအကျိုးစီးပွားကို တိုးတက်စေလိုစိတ် ရှိသင့်သည်ဟု သတိပေးလိုသည်။

၃။ နယ်စပ်လုံခြုံရေးအတွက် စစ်အင်အား တိုးချဲ့ချထားခြင်းအပေါ် နောက်ကြောင်းပြန်လိုမှုဟု စွပ်စွဲခြင်း


ယခုလက်ရှိ အခြေအနေအရ အစိုးရမှ ချထားသော တပ်များသည်ပင် မလုံလောက်ဟု ညွှန်းဆိုနေသည်။ ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာတို့၏ ရေပိုင်နက်ပြသနာ နှင့် "ရိုဟင်ဂျာ" (ဘင်္ဂါလီ) ပြသနာများသည် နှစ်နိုင်ငံ စစ်ရေး alert ဖြစ်နေရသော အခြေအနေဖြစ်သည်။ တပ်များတိုးချဲ့ ချထားခြင်းသည် နယ်စပ် မူဆလင်သူပုန်များ၏ ရန်ကိုလည်း ကာကွယ်ရာ ရောက်သည်။ ဤအခြေအနေသည် လူတိုင်းသဘောပေါက်နိုင်သော အခြေအနေဖြစ်သည်။ သို့သော် ဘူးလုံးနားမထွင်း၊ ရွှေဥာဏ်တော် စူးရောက်၍ "တပ်များတိုးချဲ့  ချထားခြင်းသည် နောက်ကြောင်းပြန်ချင်လို့" ဟု စွပ်စွဲချင်သူများ ရှိသေးသည်။

မည်သို့ပင်ဖြစ်စေ ယခု Zeeshan Khan မှ ပူတင်ပုံစံ အချုပ်အခြာအာဏာပိုင် မြန်မာအား ကျူးကျော်၍ ခွဲထွက်ရေး/မထွက်ရေး eferendum ပြုလုပ်ချင်သည်ဟုပင် ဆိုနေပြီဖြစ်ရာ မြန်မာတပ်များ တိုးချဲ့  ချထားသင့်သည်မှာ လုံးဝထင်ရှားနေပြီဖြစ်သည်။ ဤအခြေအနေ၌ပင် တပ်များတိုးချဲ့ ချထားသည်ကို ဝေဖန်လာလျှင်တော့ ထိုသူကို အမေကျော် ဒွေးတော်လွမ်းသူဟုသာ ဆိုရတော့မည်။

မြန်မာနိုင်ငံသားမှန်လျှင် မည်သည့်ဘာသာဖြစ်စေ၊ မည်သည့်လူမျိုးဖြစ်စေ၊ မည်သည့်နိုင်ငံရေးဝါဒကို ခံယူသည်ဖြစ်စေ တိုင်းပြည်ချစ်စိတ်ကို အရင်းခံပြီး အမျိုးသားလုံခြုံရေးကို ပူးပေါင်းကာကွယ်ကြဖို့ အချိန်ရောက်ပြီ ဖြစ်သည်။ ကျဉ်းမြောင်းသော တစ်ဖက်သတ်အမြင်များဖြင့် အမေကျော်
ဒွေးတော်လွမ်းသည့် အပြောအဆို၊ အပြုအမူများကို စွန့်လွှတ်ကာ အမျိုးသားအကျိုးစီးပွားကိုသာ
ရှေ့တန်းတင်ကြဖို့ တိုက်တွန်းလိုက်ပါသည်။

credit to Myo Min Thant

နိုင်ငံတော်အလံက NLD အလံထက် နိမ့်ကျနေလို့လား ???

From : .https://www.facebook.com/photo.php?fbid=756483551037868&set=a.688219711197586.1073741826.100000286908873&type=1&theater

ဘာ အဓိပ္ပာယ် လဲ

NLD အလံက အလယ်မှာ ရောက်ပီး

နိုင်ငံတော် အလံက ဘေးမှာ တဆင့်နိမ့်ထားတယ်

နိုင်ငံတော်အလံက NLD အလံထက် နိမ့်ကျနေလို့လား ???

ဘယ်လို တွေးရမလဲ မသိတော့ဘူး

ညောင်နန်းသာ ရွာသားများကို ပါးရိုက် နှိပ်စက်နေသည့် လက်နက်ကိုင် NLD အဖွဲ့ဝင် (၃) ဦးအား KNU / KNLA မှ ဖမ်းဆီးထား

From : https://www.facebook.com/myanmarpeoplepower/photos/a.207766569390782.1073741828.207763009391138/279381312229307/?type=1&theater
 

 

ကရင်ပြည်နယ် ၊ မြ၀တီမြို့နယ် ၊ ရှေ့ရှမ်းကျေးရွာ ၊ ညောင်နန်းသာကျေးရွာ၌ KNU/KNLA ငြိမ်းချမ်းရေး ကောင်းစီအမည်ခံ လက်နက်ကိုင် NLD ပါတီဝင် (၃) ဦးကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တာဝန်ရှိသူများက (၁၀.၃.၂၀၁၄) ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း ငြိမ်းချမ်းရေး ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

အဆိုပါ ကိစ္စကို စုံစမ်းမေးမြန်းရာတွင် အမျိုးဘာသာ သာသနာကို ထိခိုက်ခြင်းမှ စတင်လာခဲ့သည်ဟု သိရသည်။၎င်းကိစ္စကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မြ၀တီမြို့နယ်အတွင်းရေးမှူး (၂) ဆရာတော် ဦးသောဘတ (ရွှေကျွန်း)ကိုမေးမြန်း လျှောက်ထားရာတွင်

“ဘုန်းဘုန်းတို့ရဲ့မြို့ကနယ်စပ်မြို့ဖြစ်တဲ့အတွက် ဘုန်းဘုန်းတို့ရဲ့ ဘာသာ သာသနာအပေါ် အလေးထားပြီးစောင့်ရှောက်နေရတယ်။ ဒီကိစ္စကို အမျိုးဘုာသာ သာသနာ စောင့်ရှောက်ရေးအသင်း ဆရာတော်ကြီးများနဲ့ မြို့နယ်သံဃနာယက ဆရာတော်တွေဆီကို ညောင်နန်းသာကျေးရွာပြည်သူလူထုက လာလျှောက်ကြတယ်။ ရွာသားတွေကို KNU/KNLA အမည်ခံ လက်နက်ကိုင် NLDအဖွဲ့ဝင် (၃)ဦးက ပါးရိုက်နားရိုက်အမြဲတမ်း သေနတ်နဲ့ ခြိမ်းခြောက်နေတယ်။ ညောင်နန်းသာကျေးရွာက မဟာဂန္ဓ၀င်သုခ ဘုန်းကြီးကျောင်းက သံဃာတွေကိုမောင်းထုတ်ပြီး ဘုန်းကြီးကျောင်းကိုပါ ချိပ်ပိတ်ပစ်မယ်လုပ် နေတယ်။ သူတို့က လက်နက်တွေကိုင်ထားတယ်။သူတို့က KNU/KNLA ငြိမ်းချမ်းရေးကောင်စီကဆိုလို့ ငြိမ်းချမ်းရေးကောင်စီကို အကြောင်းကြားလိုက်တယ်။ ဒီကိစ္စအတွက် သူတို့တာဝန်ယူဖြေရှင်းပေး ပါ့မယ်လို့ ဗျူဟာမှူးတိုက်ဂါးက ပြောတဲ့ အတွက် အခု ငြိမ်းချမ်းရေးကောင်စီ က ဖမ်းပြီး စစ်ဆေးနေတယ်လို့ သိရတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်မှ “ငတုံးတွေ” ဟု ပြောကြားချက်ကို သံဃာတော်များ စိတ်မကောင်း ဖြစ်ရ ဟု ဆို

From : .ပြည်သူ့ အာဏာ



NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်လိုသူများသည် ပညာမဲ့ခြင်း၊စေတနာမဲ့ခြင်း နှင့် သတ္တိမရှိခြင်း တို့ကြောင့် ဟု ပြောဆိုခဲ့ခြင်းကြောင့် အမျိုး ဘာသာ သာသနာ ကာကွယ်ရေး ဆောင်ရွက်လျက် ရှိသော နိုင်ငံတစ်ဝှမ်းမှ သံဃာ
တော်များ စိတ်မကောင်းဖြစ်ရကြောင်း သိရသည်။

အမေရိကန်သမ္မတ အိုးဘားမား အနမ်းခံရသောစာရင်းတွင် ဒေါ်အောင်းဆန်းစုကြည်ပါဝင်သော်လည်း ထိုင်းဝန်ကြီးချုပ် ယင်လပ် မပါဝင်

From : .https://www.facebook.com/photo.php?fbid=1414544635440847&set=a.1405628046332506.1073741828.100006559726470&type=1



အမေရိကန်နဲ့ကမ္ဘာ့နိုင်ငံအသီးသီးရှိ အမျိုးသမီးခေါင်းဆောင်များ အနမ်းခံရကြောင်း သိရှိရသော်လည်း ထိုင်းဝန်ကြီးချုပ်ယင်လပ်မပါဝင်ကြောင်းသိရှိရ

လေ့လာသူအချို့ကမူ ထိုင်းဝန်ကြီးချုပ် ယင်လပ်မှာ အမျိုးဘာသာ သာသနာကို ဂုဏ်သိက္ခာ အရ ယဉ်ကျေးမှုကိုမဖောက်ပြန်ခဲ့ကြောင်းသိရှိရသည်။

အမှန်တွင်ထိုင်းနိုင်ငံသည် နိုင်ငံခြားယဉ်ကျေးမှု မြန်မာနိုင်ငံထက်ပင် ပိုမိုထွန်းကားသော်လည်း ယင်လပ်၏ အပြူအမှုအနေအထိုင်ကို ကြည့်ကာ လူအများအံအားသင့်ခဲ့ရကြောင်းသိရသည်။

အချို့သုံးသပ်သူ တချို့လည်း ဒေါ်အောင်းဆန်းစုကြည်သည် သူ၏ သက်တန်းထက်ဝက်ကျော်ခန့်နိုင်ငံရပ်ခြားတွင် အနေများသောကြောင့် ယခုအပြုအမှုများသည်
သူ့အနေဖြင့် အထူးတလည် မဟုတ်ကြောင်းသိရှိရ။