Subscribe to our RSS Feed

ဇန်န၀ါရီတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမည်

မြန်မာတောတွင်းလက်နက်ကိုင်အဖွဲ့တစ်ခု

၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်း မြန်မာနိုင်ငံအရှေ့ဘက်ဒေသများနှင့် အနောက်ဘက်ဒေသများတွင် အခြေစိုက်လှုပ်ရှားနေကြသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့သုံးဖွဲ့နှင့် အပတ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန်ရှိကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့မှ ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးက ထုတ်ဖော်ပြောကြားသည်။ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့သည် နိုဝင်ဘာလက ထိုင်း-မြန်မာ နယ်စပ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ငါးဖွဲ့အား အချိန်နှင့် နေရာခွဲ၍ တွေ့ဆုံခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်ခေါင်းဆောင်သည့် ရှမ်းပြည်တပ်မတော်နှင့် ပြည်နယ်အဆင့် ပဏာမငြိမ်းချမ်းရေးသဘောတူညီချက်အား နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှုဖော်ဆောင်ရေးအဖွဲ့သည် ဇန်န၀ါရီ ၃ ရက်နှင့် ၄ ရက်တွင် မြန်မာ-အိန္ဒိယ အခြေစိုက် ချင်းအမျိုးသားတပ်ဦးနှင့်လည်းကောင်း၊ ဇန်န၀ါရီ ၁၂ ရက်တွင် မြန်မာ-ထိုင်း နယ်စပ်အခြေစိုက် ကရင်အမျိုးသားအစည်းရုံးနှင့်လည်းကောင်း၊ ဇန်န၀ါရီ ၂၀ ရက်တွင် မွန်ပြည်သစ်ပါတီနှင့် လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးကာ ပထမဆုံးအဆင့်ဖြစ်သည့် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်


Myanmar Express

4 comments:

နိုင်ငံတော် သီချင်းကိုပြတ်ရယ် ပြုကြသူများ http://motherland-2009.blogspot.com/2012/01/blog-post_9374.html

ဘာအဆင့်မှမရှိတဲ့သူပုန် တွေ ငြီမ်းချမ်းရေးယူရင်ယူ ၊ မယူရင် အပြုတ်တိုက်ပစ်လိုက်၊
အစိုးရ နဲ့  တပ်မတော် က အဆင့်မြင့်အရာရှိကြီးတွေကိုယ်တိုင် ဆင်းပြီးငြိမ်းချမ်းရေး
ဆွေးနွေးတာကိုလက်မခံရင် အကုန်တိုက်ပစ်၊
ခေတ်အဆက်ဆက်ကတပ်မတော်ကိုမော်မကြည့်ရဲတဲ့
ကောင်တွေကို ဘာမှဆွေးနွေးစရာမလိုဘူး၊

စစ်သားဟောင်းတစ်ဦး

ဟင်..ငါ့ရဲဘော်လေးတွေ.

ဂုဏ်ယူရပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်