မဲကိစ္စနဲ့ပတ်သက်လို့ Weekly Eleven မှာ comment ရေးခဲ့ဖူးပါတယ်…. အဲဒါကို လင်းသိုက်ညွန့်က ဒီလိုပြန်ရှင်းပြထားပါတယ် (Lin Thaik Nyunt ရွေးကောက်ပွဲဥပဒေအရမဲစာရွက်ကြို
ကြုံကြိုက်လို့ ကော်မရှင်မှာ စေတနာ့ဝန်ထမ်းတာဝန်ထမ်းဆောင်ေ
- မဲပေးတဲ့စာရွက် စုတ်ပြဲလို့ ၊ ပျက်စီးလို့ ပယ်မဲအဖြစ်မခံရအောင် မဲရုံမှူးက မဲစာရွက်ကို လဲပေးပိုင်ခွင့်ရှိပါတယ်၊ အဲဒါမှသာ လဲပေးနိုင်မယ်၊ မဲရုံမှူးတွေကို အရန်မဲအနည်းငယ်ပေးထားတာရှိပါတယ်
- မဲမပေးပါနဲ့ (သို့) မဲလာပေးပါ (သို့) မဲသွားပေးပါဟု (အတင်းအကျပ်) မည်သူကမှ ပြောခွင့်မရှိပါ၊ ပြည်သူတစ်ဦးချင်းဟာ ကိုယ့်အခွင့်အရေးအရ မဲပေးချင်ပေးနိုင်တယ်၊ မပေးချင် မပေးဘဲနေနိုင်ပါတယ်၊ သူ့အခွင့်အရေးပါ။ မဲပေးချင်တယ်ဆိုရင် ဖေဖော်ဝါရီ (၂၉) က မတ် (၂၄) အထိ (၁) မဲရုံ ၊ (၂) ရပ်ကွက်ရုံး ၊ (၃) မြို့နယ်ကော်မရှင်ရုံးတွေမှာ ကပ်ထားတဲ့ မဲရုံစာရင်းနဲ့ မဲစာရင်းကို သွားကြည့်ဖို့လိုပါတယ်၊ ဒါက မဲဆန္ဒရှင်ရဲ့တာဝန် ဖြစ်ပါတယ်၊ မဲဆန္ဒရှင်ဟာ မဲပေးပိုင်ခွင့်ရှိသူရဲ့ အရည်အချင်းနဲ့ ကိုက်ညီဖို့လိုပါတယ်၊ မဲစာရင်းမှာ နာမည်မပါရင် ရပ်ကွက်ကော်မရှင်မှာ သွားပြောနိုင်တယ်၊ မြို့နယ်ကော်မရှင်ကိုလည်း ပြောနိုင်တယ်၊ ဥပမာ - မရမ်းကုန်းမြို့နယ်မှာ အဲလိုပြောလို့ ဖြည့်ပေးတာ ၃ သောင်းခွဲကျော် ရှိခဲ့တယ်။
- မဲစာရင်းမပါလို့ မဲပေးခွင့်ဆုံးရှုံးပါတယ်ပြောတဲ့
- လ - ၀ - က မှာ သေစာရင်းမ၀င်လို့ မဲစာရင်းမှာ သေတဲ့လူနာမည်ပါနေတာမျိုးရှိတယ်၊ ရပ်ကွက် (သို့) မြို့နယ်ကော်မရှင်ကို သွားပြောနိုင်တယ်၊ အသိပေးလို့ရအောင် ပြင်လို့ရအောင် အချိန်ကို (၃) ပတ်ပေးထားတာ ဖြစ်ပါတယ်၊ မဲစာရင်းဆိုတာ draft ပါ - မဲဆန္ဒရှင်က အဲဒါကိုစစ်ဆေး အတည်ပြုပေးရမှာ ဖြစ်ပါတယ်၊ ဒါဟာ ပြည်သူ့တာဝန်ဖြစ်ပါတယ်၊ ကိုယ့်တာဝန်ကို ကိုယ်မကျေခဲ့ဘဲနဲ့ (စေတနာ့ဝန်ထမ်း) အလုပ်လုပ်ပေးနေတဲ့သူတွေကို ဘေးထိုင် ဘုပြောနေတာဟာ တကယ်တမ်းမှာ စိတ်ရင်းစေတနာ မရိုးသားကြတာ ဖြစ်ပါတယ်
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်