From : မြဝတီ
Myanmar Express
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့်အဖွဲ့ဝင် များသည် ရှင်းကျန့်မြို့ မှ လေကြောင်း
ခရီးဖြင့် စက်တင်ဘာ ၂ဝ ရက် ညနေပိုင်း က ထွက်ခွာ လာရာ ဒေသ စံတော်ချိန် ညနေ ၆ နာရီ တွင်
နန်နင်းမြို့သို့ ရောက်ရှိ ကြသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်
အဖွဲ့ဝင်များအား နန်နင်းလေဆိပ်၌ ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ
ကွန်မြူနစ် ပါတီအမြဲတမ်း ကော်မတီဝင်၊ ပြန်ကြားရေး
ဌာန အကြီးအကဲ Mr.Shen Bei Hai နှင့် နန်နင်းမြို့ မြန်မာ ကောင်စစ် ဝန်ချုပ် ဦးမြင့်ဆွေတို့က
လေဆိပ်၌ ကြိုဆိုနှုတ် ဆက်ကြသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် စက်တင်ဘာ ၂၁ ရက် နံနက် ၉ နာရီက နန်နင်းမြို့ရှိ
Nanning International Convention & Exhibition Centre ၌ကျင်းပသည့် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲ
အခမ်းအနားသို့ တက်ရောက်မိန့် ခွန်းပြောကြားသည်။
အဆိုပါ
ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့
တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ဒုတိယ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ လာအိုပြည်သူ့
ဒီမိုကရက်တစ်
သမ္မတ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ သွန်ဆင်းသမာ ဗောင်၊ ဗီယက်နမ် ဆိုရှယ်လစ်
သမ္မတ နိုင်ငံဝန်ကြီးချုပ်
မစ္စတာ ငုယင်တန်ဇွန်း၊ မလေးရှား နိုင်ငံနှင့်
ထိုင်းနိုင်ငံ တို့မှ ဒုတိယ ဝန်ကြီးချုပ်များ၊ တရုတ် ပြည်သူ့ သမ္မတ
နိုင်ငံနှင့် အာဆီယံ နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊
အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံ အတွင်း ရေးမှူးချုပ်ရုံးမှ
တာဝန်ရှိသူများ၊ မြန်မာ
နိုင်ငံ အပါအဝင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနှင့် အာဆီယံ နိုင်ငံများမှ
စီးပွားရေး လုပ်ငန်း
ရှင်များ၊ နိုင်ငံတကာ သတင်း ဌာနများမှ သတင်း
ထောက်များ တက် ရောက်ကြသည်။
ဖွင့်ပွဲ အခမ်းအနားတွင် ဂုဏ်ထူးဆောင် နိုင်ငံ ဖြစ်သည့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်မှ စီးပွားရေးနှင့်
ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာ
ပြီး အစီအစဉ်များကို တာဝန်ယူ ဆောင် ရွက်သည်။
ထို့နောက် ကွမ်ရှီးကျွမ်း ကိုယ်ပိုင်
အုပ်ချုပ်ခွင့် ရဒေသ အုပ်ချုပ်ရေးမှူး Mr. Ma Biao နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Gao Hu Cheng တို့က
ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က
မိန့်ခွန်း ပြောကြား ရာတွင် မြန်မာနိုင်ငံ သည် ဂုဏ်ထူး ဆောင်နိုင်ငံ ဖြစ်သည့် အားလျော်စွာ
ယခုကုန်စည် ပြပွဲတွင် မြန်မာနိုင်ငံ အမျိုးသား ပြခန်းကို ယခင်နှစ် များထက် သုံးဆ ပိုမိုကျယ်ဝန်း
သည့်နေရာတွင် အပိုင်း သုံးပိုင်းခွဲ၍ ပြသထား ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး
ဖွံ့ဖြိုး တိုးတက်မှု များကို ကဏ္ဍ အလိုက် ယခင်နှစ် ကထက် ပိုမိုပြီး စုံစုံ လင်လင် ခင်းကျင်းပြသ
ထားပါကြောင်း၊ ၁၉၉၁ ခုနှစ် အာဆီယံ နှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတို့ ဆက်ဆံရေး စတင်ထူ
ထောင်ခဲ့စဉ်က စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုနှင့်
ကုန်သွယ်ရေးကို ဗဟိုပြုခဲ့ပြီး ဆက်လက် ခိုင်မာလာသည့် ဆက်ဆံမှု သည် နှစ်ဖက် အကျိုးဖြစ်ထွန်း
စေခဲ့ပါ ကြောင်း။
တရုတ်နှင့် အာဆီယံ တို့အကြား ခင် မင်ရင်းနှီးသော
အပြန်အလှန် ဆက်ဆံရေးများ၊ ကုန်သွယ်ရေး၊ စီးပွားရေးမြှင့် တင်ရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်
ရွက်မှုများ ပါဝင်သည့် တရုတ်- အာဆီယံ ကုန်စည်ပြပွဲကို အာဆီယံ အဖွဲ့ဝင်နိုင်ငံ များက
အထူး အလေးထား ပါကြောင်း၊ ဤ ကုန်စည်ပြပွဲ သည် တရုတ် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ
အောင်မြင်စွာ အကောင် အထည်ဖော် နိုင်ရန် အဓိက အခန်းကဏ္ဍမှ ပါဝင် လျက်ရှိပါ ကြောင်း။
ယခုနှစ် တရုတ်- အာဆီယံ ကုန်စည် ပြပွဲ၏
အဓိက ခေါင်းစဉ်ဖြစ်သော သိပ္ပံ နှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု သည် အချိန်အခါ နှင့်လိုအပ်ချက်
များအရ အလွန် သင့်လျော် သည့် ခေါင်းစဉ် ဖြစ် ပါကြောင်း၊ ယခုနှစ်တွင် မြန်မာနိုင်ငံ က
နှစ်လိုဖွယ် မြို့တော်အဖြစ် သတ်မှတ် ထားသည့် ရတနာပုံ ဆက်သွယ်ရေးမြို့ တော်သို့ တရုတ်နှင့်
အာဆီယံ နိုင်ငံများမှ သိပ္ပံနှင့် နည်းပညာ ကုမ္ပဏီများ လာ ရောက် ရင်းမှုပ်နှံကြရန်
ဖိတ်ခေါ်ပါ ကြောင်း။
ပြပွဲတွင် ပြသမည့် နည်းပညာ အဆင့် အတန်းမြင့်မားသော
လယ်ယာ စိုက်ပျိုး ရေးထွက်ကုန် များနှင့် နည်းပညာများ သည် စိုက်ပျိုးရေးကို အခြေခံသည့်
နိုင်ငံ အားလုံး အတွက် အကျိုးရှိ စေမည်ဖြစ် ပါကြောင်း၊ တရုတ် နိုင်ငံသည် ၂ဝဝ၉ ခုနှစ်တွင်
အာဆီယံ၏ အကြီးဆုံးကုန် သွယ်ဖက် နိုင်ငံဖြစ် လာပါကြောင်း၊ နှစ်ဖက် အကြား ကုန်သွယ်မှု
ပမာဏသည် ၂ဝ၁ဝ ပြည့်နှစ် ကထက် ၂ဝ၁၁ ခုနှစ် တွင် ၂ဝ ဒသမ ၉ ရာခိုင်နှုန်း တိုးတက် လာခဲ့
ပါကြောင်း။
အာဆီယံသည် တရုတ် နိုင်ငံ၏ တတိယ အကြီးဆုံး
ကုန်သွယ်ဖက် ဖြစ်ပြီး ၂ဝ၁၁ ခုနှစ်က အာဆီယံ နိုင်ငံများ အနေ ဖြင့် ပထမ ဦးဆုံးအကြိမ်
ကုန်သွယ်ရေး ပမာဏ အမေရိကန် ဒေါ်လာ (၁၁) ဘီလီယံ အသာရ ခဲ့ပါကြောင်း၊ တရုတ် နိုင်ငံမှ အာဆီယံ
နိုင်ငံများသို့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုသည် ၂ဝ၁၁ ခုနှစ်တွင် ၂ဝ၁ဝ
ပြည့်နှစ် ကထက် ရာခိုင် နှုန်းအားဖြင့် (၁ဝဝ) ရာခိုင်နှုန်း ကျော် သိသိသာသာ တိုးတက် လာပါကြောင်း၊
ယခုကဲ့သို့ ကောင်းမွန်သည့် အစဉ် အလာနှင့် အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်း သင့်ပါကြောင်း။
တရုတ် နိုင်ငံက ၂ဝ၁၅ ခုနှစ် အာဆီယံ အသိုက် အဝန်း ထူထောင်ရေး လုပ်ငန်းစဉ်
နှင့် အာဆီယံ ဗဟိုအချက် အချာကျမှုကို ထောက်ခံ အားပေးမှု အတွက် အထူးကျေနပ် ကျေးဇူးတင်ရှိပါ
ကြောင်း၊ အမှန်စင်စစ် အာဆီယံ နှင့် တရုတ်နိုင်ငံ တို့၏ ဈေးကွက်သည် ကြီးမား ပါကြောင်း၊ မိမိတို့ နှစ်ဖက်စလုံး
တွင် ထူးခြားသော ကိုယ်ပိုင် ဝိသေသ လက္ခဏာ များရှိကြသည့်
အပြင် သဘာဝ အရင်းအမြစ် နှင့် လူသားအရင်း အမြစ် စသည် တို့လည်း အသီးသီး ရှိကြပါ ကြောင်း၊ ထို့ပြင် မိမိ တို့သည်
နိုင်ငံတကာ ဆက်ဆံရေးနှင့် ကုန်သွယ်ရေး ဗဟို အချက်အချာ ဒေသ ဖြစ်လာပြီး လျင်မြန်စွာ တိုးတက်
နေသော အာရှ- ပစိဖိတ် ဒေသတွင် တည်ရှိ နေပါကြောင်း၊ ထို့ကြောင့် မိမိတို့ ဒေသ ငြိမ်းချမ်းရေး
နှင့် ဖွံ့ဖြိုး တိုးတက်ရေးကို တိုးမြှင့်ရန် အတူ တကွ ဆောင်ရွက်ရန် အရေးကြီးပါ ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ တရုတ်ပြည်သူ့
သမ္မတ နိုင်ငံ ဒုတိယ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ သွန်ဆင်း
သမာဗောင်၊ ဗီယက်နမ် နိုင်ငံဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်း နှင့် အာဆီယံနိုင်ငံ များမှ
ခေါင်းဆောင်များသည် စင်မြင့်ပေါ် ၌ နေရာယူကြပြီး ဒုတိယ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က တရုတ်-
အာဆီယံ ကုန်စည် ပြပွဲကို စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးကာ ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်း
လိုက်သည်။
ထို့နောက်
ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် အမျိုးသား ပြခန်းဆောင် ဖွင့်ပွဲ အခမ်း
အနားကို မြေညီ ထပ်၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊
တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဒုတိယ သမ္မတ မစ္စတာ
ရှီကျင့်ဖျင်၊ မြန်မာနိုင်ငံ နှင့်တရုတ် နိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယ
ဝန်ကြီးများ၊
အဆင့်မြင့် အရာရှိကြီးများ၊ စီးပွားရေး လုပ်ငန်းရှင် များနှင့် ဧည့်သည်
တော်များ တက်ရောက် ကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတနှင့် တရုတ်ပြည်သူ့
သမ္မတနိုင်ငံ ဒုတိယ သမ္မတ တို့သည် မြန်မာ အမျိုးသား ပြခန်း ဆောင်အား စက်ခလုတ် နှိပ်၍
ဖွင့်လှစ် ပေးကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတ ဦးသိန်း
စိန်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယ သမ္မတ မစ္စတာ ရှီကျင့်ဖျင် နှင့် အဖွဲ့ဝင် များသည်
မြန်မာ အမျိုးသား ပြခန်းဆောင် အတွင်း လှည့်လည်
ကြည့်ရှု အားပေးခဲ့ ကြသည်။
1 comments:
ဒို့သမတကြီးက နိုင်ငံခေါင်းဆောင်အနေနဲ့ တရုတ် နဲ့ အမေရိကန် ကိုသွားတာကွ၊ ဟိုအရူးမဒေါ်စုလို ကိုယ့် နာမယ်ကြီးဖို့ ၊ ကိုယ့် ပုဂ္ဂိုလ် ရေးအရ အမြတ်ထုတ်ဖို့သွားတာမဟုတ်ဘူး ၊ တိုင်းပြည် အတွက် ၊ ပြည်သူတွေအတွက်သွားတာ ၊ ဟိုကောင်မကလင်တန် တရုတ်ပြည်သွားတုန်းက ၊ နောက်လ ဆိုသမတဖြစ်တော့မဲ့ တရုတ်လက်ရှိဒုသမတ (ရှီကျည့်ဖျင်) ကတောင် လက်ခံမတွေ့ဘူး။
ဒို့သမတကြီးဒေါက်တာဦးသိန်းစိန်သွားတော့ တရုတ်လက်ရှိဒုသမတ (ရှီကျည့်ဖျင်-နောက်လ ဆိုသမတဖြစ်တော့မဲ့ ) ကတောင် ပေကျင်းကနေ နန်နင်းအထိလာတွေ့တယ် ။ သိတယ်မဟုတ်လား?
ကွာကိုကွာတယ်...။ ပြီးတော့ အရူးမစုက ပြည်သူဆီကအခွန်ငွေတွေနဲ့ လွှတ်တော်မှာလခယူပြီး၊ဘာမှမလုပ်ဘဲ၊နိုင်ငံခြားမှ လျှောက်လည်နေသေးတယ်..တိဘက်ကပြည်ပြေးနိုဘယ်ဆုရှင် နိုင်ငံရေးဘုန်းကြီး ဒါလိုင်းလာမား (ဘုန်းကြီးအတု)နဲ့အတူတူဘဲနိုင်ငံတကာသွားပြီး၊
အလှုငွေတောင်းလိုက်၊စာအုပ်ရောင်းစားလိုက်၊ဥာဏ်မမှီတဲ့ ဟောပြောပွဲတွေလုပ်လိုက်နဲ့ကိုယ့်အတွက်ဘဲပိုက်ဆံရှာနေတာ ။
ဒေါ်စုလဲဒီအတိုင်းဘဲလာမှာ။အတ္တဆန်လိုက်ကြတာများ.........
..
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်