Subscribe to our RSS Feed

ရွှေတိဂုံ စေတီ တံဆိပ် နှင့် မလေးရှား အရက်


From : mohammed naeem

"စေတီတော်ပုံနှင့် အရက်ပုလင်း"

ညီမရေ ဒီလိုဘာသာတရားတစ်ခုရဲ့ အထွတ်အမြတ်ထားရာ အထိမ်းအမှတ်တစ်ခုကို စော်ကားတဲ့ လုပ်ရပ်မျိုးကို အစ်ကိုတို့ အစ္စလာမ်ဘာသာမှာတော့ ပြင်းထန်စွာ တားမြစ်ထားပါတယ်။ အောက်ပါ ကုရ်အာန်ကျမ်းစာ ရဲ့ဘာသာပြန်လေး ဖတ်ရှုကြည့်ပေးပါညီမ။

"သူတစ်ပါးကိုးကွယ်ရာများကို မကောင်းပြောဆိုခြင်းမပြုရ။" ဆိုပြီး တိတိကျကျ အမိန့်တစ်ခု အနေနဲ့ အစ်ကိုတို့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကိုးကွယ်ရာ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတားမြစ်ထားပါတယ်။

ထိုနည်းတူစွာပဲ အရက်သေစာနှင့်ပတ်သက်ပြီးလည်းအလွ
န်ပြင်းထန်တဲ့ပြစ်ဒဏ်မျိုး အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။

"မုချဧကန် မိစ္ဆာကောင် 'ရှိုင်သွာန်' သည် အရက်သေစာကိုသောက်စားစေခြင်းဖြင့်၎င်း ၊ လောင်းကစားစေခြင်းဖြင့်၎င်း ၊ အသင်တို့စပ်ကြားတွင် ရန်ငြိုးပွားမှု ၊ အမုန်းထားမှုများကိုဖြစ်စေလို၏။ ၎င်းပြင် (ယင်းမိစ္ဆာကောင်သည်) အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသ သတိရခြင်းမှ၎င်း ၊ ဆွလာတ် (နေ့စဉ် ၅ကြိမ်) ဝတ်ပြုခြင်းမှ၎င်း ပိတ်ပင်ထားဆီးလို၏။ သို့ဖြစ်ပေရာ အသင်တို့သည် သေရည်သေရက် သောက်သုံးခြင်းမှ ရပ်တန့်ကြလေကုန်။"
ကျမ်းမြတ်ကုရ်အာန် အစောင် ၅၊ စာပိုဒ်အမှတ် ၉၁။

"သေရည်သေရက်သောက်စားသူအားကြိမ်ဒဏ် အချက်ပေါင်း၈၀ တိတိပေးရမည်။"
မစ်ရှ်ကာသ်ကျမ်း။

ဒီလို မွတ်စလင်မ်တွေကို အစ္စလာမ်ဘာသာကပြဋ္ဌာန်းထားတဲ့ဥပဒေတွေနဲ့ အရေးယူနေတဲ့ မလေးရှားလို နိုင်ငံမှာ အရက်သောက်ရင်တောင် ဒီလိုအပြစ်ဒဏ်ပေးခံရရင် ရောင်းဝယ် ထုတ်လုပ်ဖြန့်ဖြူးတာကို ဘယ်မွတ်စ်လင်မ်မှ မလုပ်ရဲသလို အဲဒီ အရောင်းအဝယ်မှရရှိလာတဲ့ အမြတ်အစွန်းဟာလည်း အစ္စလာမ်ဥပဒေအရ မသန့်ရှင်းတဲ့ ငွေကြေးဥစ္စာ အဖြစ်သတ်မှတ် ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ညီမရဲ့ အစ်ကိုတို့ အစ္စလာမ်ဘာသာဝင်များအပေါ် စွပ်စွဲချက်ဟာ အခြေအမြစ်မရှိပဲ မှန်ကန်မှုလုံးဝမရှိကြောင်း ရှင်းပြအပ်ပါတယ်။

"ဘယ်သူ့လက်ချက်လဲ"

အခုဆက်လက်ပြီး ဒီလို စော်ကားမှု လုပ်ရပ်တွေ ကျူးလွန်ကြသူများ အကြောင်းတင်ပြပါ့မယ်။

၁၊ ဒီအရက်ထုတ်လုပ်ရောင်းချနေတဲ့
Company ဟာ တမီလ်လူမျိုး ဗုဒ္ဓဘာသာဝင် မလေးရှားနိုင်ငံသားတွေ ဖြစ်တဲ့
ကေအလ်ပွိုင့်၊ ဂျိုးလ် စတဲ့ Group တွေ ပိုင်ဆိုင်တာဖြစ်ကြောင်း ပုလင်းရဲ့ အမှတ်တံဆိပ်မှာကြည့်ရင်ကို သိနိုင်ပါတယ်။ ဒီလောက်လွယ်ကူတဲ့ ကိစ္စလေးကို ညီမ အနေနဲ့ ပညာရှိ သတိဖြစ်ခဲလား လို့ထင်မိတယ် ညီမ။

၂၊ အစ်ကိုက အခုလက်ရှိ မလေးရှားမှာနေပါတယ်။ ဒီမှာရှိနေတဲ့ မြန်မာဗုဒ္ဓဘာသာဝင် တွေဖွင့်ထားတဲ့ဆိုင်တွေ အများကြီးရှိပါတယ်။ ညီမရေ ပြောရမှာလည်း အားနာပါတယ် မပြောမပြီး မတီးမမြည်ဆိုသလိုပါ။ အဲဒီဆိုင်တွေမှာ အဓိကရောင်းနေကြတဲ့ အရက်တွေရဲ့ အမှတ်တံဆိပ်တွေထဲမှာ အခုညီမဓါတ်ပုံမှာပါတဲ့ တံဆိပ်တစ်ခုလည်းအပါအဝင်ဖြစ်နေပါတယ်။ ဒါ့အပြင် မြန်မာဘီယာ အတုတွေကိုလည်း အမြတ်ရလျင်ပြီးရောဆိုပြီး ရောင်းချနေတာတွေကရော ညီမတို့ ယုံကြည်ရာ ဗုဒ္ဓဝါဒီ အချင်းချင်း လက်တို့တားမြစ်ကြည့်ပေးကြပါသလားလို့ မေးပါရစေ ညီမ။ အဲဒီဆိုင်တွေထဲမှာ အဓိက ဖြန့်ဖြူးပေးနေတဲ့ ဆိုင်တွေဟာ တကဲ့ဒိပ်ဒိပ်ကျဲ မြန်မာပြည်က ကမ္ဘာ့နောက်ဆုံးပေါ်ဘာသာဝင်တွေ ဖြစ်တဲ့ (ဗမာ/ရခိုင် ဗုဒ္ဓဘာသာ) ဝင်တွေရဲ့ ဆိုင်တွေပဲညီမရေ။ အစ်ကို့အနေနဲ့ ဆိုင်အမည်မပြောလိုပါ။ နောက်ပြီး အဲဒီအရက်ဆိုင်တွေရဲ့ စားပွဲထိုး ဗုဒ္ဓဘာသာဝင် အမျိုးသမီးငယ်လေးတွေဟာ ပုရိဿများရဲ့ဖျော်ဖြေရေးတာဝန်ပါ ယူကြရပါတယ်။ အစ်ကိုပြောတာ အထောက်အထားရှိပါတယ်။ ဒါပေမဲ့ဒီနေရာမှာဒီအထောက်အထားတွေ မတင်လိုပါဘူး။ ဒါကြောင့် ညီမဖာသာ နီးစပ်ရာ မေးမြန်းကြည့်စေလိုပါတယ်။ အစ်ကို့အနေနဲ့ သူတို့ကိုဘာလို့အဲဒီလို နောက်ဆုံးပေါ်ဘာသာကိုးကွယ်သူလို့ပြောရသလဲဆိုရင် သူတို့လို အတ္တ္တရှေ့တန်းတင်သူအချို့ကြောင့် မြန်မာပြည်က မြတ်ဗုဒ္ဓရဲ့ လမ်းစဉ် အတိုင်းနေထိုင် ကျင့်ကြံတဲ့ ညီမ အပါအဝင် မွန်ရည် ယဉ်ကျေးတဲ့ ဗုဒ္ဓဝါဒီများကို ဝါလုံးရှည်နှင့် မရမ်းသင့်ကြောင်း ဆင်ခြင်မိလို့ပဲ ညီမ။

၃၊ နိဂုံးချုပ်အနေနဲ့ ညီမကို စေတနာရှေ့ထား အကြံပေးလိုတာက မိတ်ဆွေကောင်း ဆိုတာ အမှန်တရားရဲ့ဘက်တော်သားဖြစ်သင့်ပြီး အကြောင်းအရာတစ်ခုကို တိကျမှန်ကန်အောင် စူးစမ်းပြီးမှ တစ်ဘက်က ကိုယ်ကောင်းစေလိုတဲ့ စေတနာကို ပညာရှိ ဆင်ခြင်တတ်သူများရဲ့ နာပျော်ဘွယ် ပီယဝါစာ အပြောများ၊ အရေးအသားများနဲ့ ရေးသားပြီး တစ်ဘက်သားကို မတရားစွပ်စွဲတာမျိုး မဖြစ်အောင် ဆင်ခြင်ပေးပါလို့ မေတ္တာရှေ့ထားရေးသားလိုက်ပါတယ် ညီမ။

ရွှင်လန်းချမ်းမြေ့ပါစေ။


Myanmar Express

4 comments:

ဂျိုးက ခရစ်ယန်လေ

နောက်ဆုံးပေါ်ဘာသာဆိုတာမင်းတို့လိုအိပ်ယာပေါ်သာသနာပြူတဲ့ဘာသာကွ

မလေးရှာမှာ နေတယ် ဟုတ်စ မင်းအဲလိုဆို ဒါဘယ်ကုမ်ပဏီက ထုတ်တယ်ဆိုတာ သိတယ် မလေးရှားမှာ အကြီးဆုံး အစားသောက်ထုပ်တဲ့ မူစလင် ပိုင် ကုမ်ပဏီကထုပ်တာ မင်းမသိဘူးလား ကျန်တဲ့သူတေက ရောင်းတာတခုတည်း မစော်ကားဘူး ကမ္ဘာမှာ မူစလင် ဘာသာက လွဲ ဘယ်ဘာသာမှ မရှိစေရ မိမ်းမတေကို လိင်ကျွန်ပြုကြ ဆိုတာ တေ ထည့်ပြောလေ...

This is arrakan company limited.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်