Subscribe to our RSS Feed

အင်တာနက်မှ အလုပ်ရှာသော မိန်းကလေး များသတိပြုမိစေရန်

From : သာနောင်

 မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တော်တွင် မလေးနိုင်ငံသူ တရုတ်အမျိုးသမီးတစ်ဦး အား အလုပ်အင်တာဗျူး မည်ဟု အင်တာနက် အီးမေးလ် မှတဆင့် အကြောင်းကြားကာ ၎င်းအမျိုးသမီးအား ဟိုတယ်တခုသို့ ချိန်းဆို၍ အဓမ္မပြုကျင့်မှုဖြစ်ပွါးခဲ့ပါသည်။ တိုးတက်ပြောင်းလဲလာသော ယနေ့ ခေတ်တွင် လူငယ်အများစုသည် အလုပ်အကိုင် အခွင့်အလမ်း များစွာကို အင်တာနက်တွင် ရှာဖွေ၍ လုပ်ကိုင်လာကြလျှက်ရှိပြီး အချို့ သော မသမာသူ များ၏ လှည့်စားမှုကြောင့် ဒုက္ခရောက်ကြရ သူများ လည်းရှိလာခဲ့ရာမှ မလေးရှားနိုင်ငံ တွင် လည်း ထိုကဲ့သို့ အဖြစ်မျိုးကိုတွေ့ ရှိခဲ့ရပါသည်။ ဖြစ်စဉ်မှာ အသက်(၂၀) အရွယ် မလေးနိုင်ငံသူတရုတ်အမျိုးသမီးတစ်ဦးသည် နိုင်ငံပိုင်နေ့ စဉ်သတင်းစာတစ်ခုမှ လစာကောင်းသောအလုပ်အကိုင်ကြော်ငြာစာ တစ်ခုကိုတွေ့ ရှိခဲ့ရာ ၎င်း အလုပ်ရှင်၏အီးမေးလ်သို့ CV Form ပေးပို့ ကာဆက်သွယ်ခဲ့ပါသည်။ ၎င်း အီးမေးလ်ပိုင်ရှင် မှ အမျိုးသမီးအား အလုပ်အင်တာဗျူးရန် ဟိုတယ်တစ်ခုသို့ ချိန်းဆိုခဲ့ပါသည်။ ဟိုတယ်သို့ အရောက်တွင် အလုပ်ရှင် ဟန်ဆောင်ထားသူသည် ထိုအမျိုးသမီးအား ၎င်း၏ အခန်းသို့ ခေါ်ဆောင်သွားခဲ့ပါသည်။ တရားလို အမျိုးသမီးအား အလုပ်ရှင် ဟန်ဆောင်ထားသူမှ အအေးသုံးဆောင်ပါ ဟုပြောကာ ၄င်း၏ အင်တာဗျူးအား စတင်ပါသည်။ တရားခံ အလုပ်ရှင်တိုက်သော အအေးခွက်အတွင်း တွင် မူးယစ်စေတတ်သော ဆေးတစ်မျိုးထည့်ထားသဖြင့် တရားလိုအမျိုးသမီး မှာ အင်တာဗျူးမဆုံးခင်တွင် အိပ်မောကျသွားခဲ့ပါသည်။ အိပ်ရာမှာ ရုတ်တရက် လန့် နိုးချိန်တွင်မူ မိမိ တစ်ကိုယ်လုံးတွင် မည်သည့် အဝတ်အစားမျှမရှိတော့ပဲ မိမိယူဆောင်လာသော လက်ဆွဲအိတ်အတွင်းမှ ပိုက်ဆံနှင့် အခြားအဖိုးတန် ပစ္စည်းများလည်း ပျောက်ဆုံးနေသည်ကိုတွေ့ ရှိရပါသည်။ ထို့ နောက်တွင် တရားလို အမျိုးသမီးမှ နီးစပ်ရာ ရဲစခန်းသို့ အမြန်ဆုံးအကြောင်းကြားခဲ့ပါသည်။ တရားခံသည် လျှင်မြန်ပါးနပ်သူဖြစ်၍ ၄င်း၏ မျက်နှာနှင့်ပုံစံအား ဟိုတယ် CCTV မှ မှတ်မိနိုင်ခြင်းမရှိစေရန်ခြေရာဖျောက်ခဲ့သောကြောင့် မလေးရှား ရဲတပ်ဖွဲ့ ဝင်များအတွက် အကြပ်တွေ့ စေခဲ့ပါသည်။ တရားလို နှင့် နီးစပ်ရာ ဟိုတယ်ဝန်ထမ်း အချို့ ၏ ပုံဖော်ချက်ဖြင့် တရားခံ၏ မျက်နှာ ပုံစံကြမ်းအား နိုင်ငံ၏ မီဒီယာများမှတဆင့် ကြေငြာ၍ အသိပေးနှိုးဆော်ထားပါသည်။ ဤဖြစ်စဉ်မှာ ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး ပထမ အကြိမ် တရားခံ၏ ပုံစံနှင့် တစ်ထပ်တည်းကျပြီး ကျုးလွန်သူမှာလည်း တစ်ကိုယ်တော် သာဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှ ယူဆထားသည်။ 

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်