Subscribe to our RSS Feed

The Voice နှင့် သတ္ထုတွင်းဝန်ကြီးဌာနအမှု စွဲချက်တင်သင့်သည်ဟု တရားရုံးက ဆုံးဖြတ်

From : 7day

သတ္ထုတွင်းဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟု ယူဆသဖြင့် ဒဂုံမြို့နယ် တရားရုံးက The Voice Weekly အမှုကို စွဲချက်တင်သင့်သည်ဟု ယနေ့ (စက်တင်ဘာ ၂၀ ရက်)တွင် ၁၄ ကြိမ်မြောက် ရုံးချိန်းတွင် ဆုံးဖြတ်လိုက်သည်။

ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ The Voice Weekly ဂျာနယ်မှ ရှေ့နေဖြစ်သော ဦးသိန်းညွန့်က "ဒီအမှုဟာ စတုတ္ထ

မဏ္ဍိုင်နဲ့ ပြည်ထောင်စု အစိုးရနဲ့ ဖြစ်တဲ့ပွဲဖြစ်သွားပြီ။ အဲဒါဟာ တိုင်းပြည်အတွက် အကျိုးမရှိဘူး။ ပြုပြင်ပြောင်းလဲရေးအတွက် ထိခိုက်တယ်။ အဆိုးမြင်ဝါဒီတွေကိုသာ အကျိုးပြုမဲ့ပွဲဖြစ်သွားပြီ။ ဒါကို တခြားနည်းနဲ့ ဖြေရှင်းမယ်။ ခရိုင်ကနေတိုင်း၊ တိုင်းကနေ ဗဟိုအထိတက်မယ်။ အဖြေမရမချင်းဆက်တက်မယ်"ဟုပြောသည်။

ဆက်လက်၍ "ပြည်ထောင်စုအစိုးရနဲ့ The Voice Weekly ဂျာနယ်ဖြစ်တဲ့အမှုသည် ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးကို အင်မတန်မှ ထိခိုက်တဲ့အပြင် ပြည်ထောင်စုအစိုးရရဲ့ ပုံရိပ်ကို စိန်ခေါ်ပြီးတော့ မေးခွန်းထုတ်နိုင်တဲ့ အမှုဖြစ်တဲ့အတွက် ဒီအမှုကို အမြန်ဆုံးပြီးပြတ်ဖို့ ရှိနိုင်သမျှ နည်းလမ်းတွေနဲ့ ဆောင်ရွက်သင့်တယ်ဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြောချင်ပါတယ်"ဟု ဦးသိန်းညွန့်က ဆက်လက်ပြောသည်။

ယခုဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး The Voice Weekly အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက "တစ်ဖက်နဲ့တစ်ဖက် ကိုယ်မှန်ကြောင်း သက်သေပြရတော့မှာဖြစ်သွားပြီ။ စေ့စပ်ညှိနှိုင်းမယ့်သဘောမျိုး စဉ်းစားထားတာရှိပေမယ့် အပြန်အလှန်တိုက်ပွဲအသွင် ဆောင်သွားနိုင်တယ်"ဟု သုံးသပ်သည်။

အောက်တိုဘာလ ၅ ရက်တွင် အဆိုပါအမှုအား ထပ်မံစစ်ဆေးသွားမည်ဟု သိရှိရသည်။
 
Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်