Subscribe to our RSS Feed

ကချင်ပြည်နယ်အတွင်းမှ အမှန်တရားများ(၁)

From : http://oppositeyes.blogspot.com/2012/09/blog-post.html

ကေအိုင်အေနှင့်ဖြစ်ပွားသော တိုက်ပွဲများဘာကြောင့် ဖြစ်ရသနည်း။။။

ဒေသခံဖွံ့ဖြိုးရေး အတွက် တံတားကြီးတွေ တည်ဆောက်စဉ်က ပျော်ရွှင်ကြည်နူးပီတိဖြစ် ခဲ့ရတဲ့ ဒေသခံပြည်သူများယခုတံတားကြီးတွေမရှိတော့ ရေစီးခက်ထန်တဲ့ မေခမြစ်ရဲ့ အန္တရာယ်ကြောင့် ပြည်သူများ ကျန်းမာရေး၊ စီးပွားရေးအခက်ကြုံပြီး ကလေးငယ်များ ပညာရေးပါအဆင်မပြေတဲ့ ဒုက္ခကို ခံစားနေရတာက အနောက်ဘက်ကမ်းက အပြစ်မဲ့ ညီနောင်များ-
ပုံ(၁) ၁၉-၆-၂ဝ၁၁ မြစ်ကြီးနားဗန်းမော်ရှိလမ်း ဂါးယန်းကျေးရွာ ကွန်ကရစ်တံတားပျက်စီးနေပုံ
သာမာန်အချိန်မှပင် ခက်ခဲစွာသွားလာရသည့် မြစ်ကြီးနား - ပူတာအို လမ်းကြောင်းပေါ်ရှိ တံတားများ ပျက်စီးနေမှုကြောင့် ဆွမ်းပရာဘွမ်၊ စွန်ပီယန်၊ ပူတာအိုရှိ တိုင်းရင်းသားများအတွက် အဓိကလိုအပ်သောဆားနှင့် လူသုံးကုန်ပစ္စည်းများ၊ စက်သုံးဆီနှင့်ဒေသခံဖွံ့ဖြိုးရေးပစ္စည်းများ မရောက်နိုင်သဖြင့် လူနေမှုစရိတ်နှင့် အထွေအထွေဖိစီးမှုကြောင့် လူမှုရေးဒုက္ခများနှင့် ရင်ဆိုင်နေရတာက ဒေသခံအပြစ်မဲ့ တိုင်းရင်းသားများ-

ပုံ(၂)၁၆-၆-၂ဝ၁၁ ချီဖွေမြို့ မေခမြစ်ကူးသံဘောင်ဘေလီကြိုးတံတားပျက်စီးနေပုံ
ပုံ(၃)-၁၆-၆-၂ဝ၁၁ ချီဖွေမြို့ မေခမြစ်ကူး ဇန်နောင်ယန်ကြိုးတံတားပျက်စီးနေပုံ
ပြည်နယ်အတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်ရန်နှင့် ကုန်စည် စီးဆင်းမှု ချောမွေ့စေရန် ဆောင်ရွက် ထားသော ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားများကို ကေအိုင်အေ အဖွဲ့က ဖောက်ခွဲဖျက်ဆီးမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုရဲ့ ရလာဒ်ကတော့ ပြည်သူ့ဘဏ္ဍာများ ဆုံးရှုံးခြင်းနှင့် ဒေသခံပြည်သူလူထု၏ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး အခက်အခဲများ ဖြစ်ပေါ်စေခဲ့ခြင်း
စစ်ဆင်မှုများနှင့် သက်ဆိုင်ခြင်းမရှိ၊ စစ်ပွဲများနှင့် ကင်းလွတ်နေသည့်ကျေးလက်ပြည်သူများ လူမှုရေး၊ စီးပွားရေးအတွက်သာ အသုံးပြုလျက်ရှိသော ကျေးရွာချင်း ဆက်သွယ်ထားသည့်တံတား များကိုကေအိုင်အေ အဖွဲ့က ဖောက်ခွဲဖျက်ဆီးခြင်းသည် အကြောက်တရားဖြင့် လွှမ်းမိုးရန်ဆောင်ရွက်ခြင်းသာဖြစ်သည်။
ပုံ(၄) ၁၉-၆-၂ဝ၁၁ကေအိုင်အေတို့ကြောင့် မြစ်ကြီးနားဗန်းမော်ရှိလမ်း ဂါးယန်းကျေးရွာ ကွန်ကရစ်တံတား ပျက်စီးနေပုံ
ပုံ(၅)ဝိုင်းမော်-ဆဒုံသွားလမ်း လန်နရေတံခွန်တံတားပေါ်တွင် ပေါက်ကွဲခြင်းမရှိသည့် မိုင်းအား တွေ့ရှိပုံ
ပုံ(၆) ၁၉-၆-၂ဝ၁၁ ဗန်းမော်မြို့နယ်မအူပင်ကျေးရွာ မန်ရေတံတားပျက်စီးခဲ့ပုံ

ဆက်တင်ပါအုံးမည်..
 
Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်