နေပြည်တော် စက်တင်ဘာ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပမည့် (၆၇)
ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် ယနေ့ နံနက် (၉)
နာရီတွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့် ထွက်ခွာသွားသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော
မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များအား ဒုတိယသမ္မတများ ဖြစ်ကြသည့်
ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊
ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ သမဝါယမဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်
ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း၊
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊
အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ နေပြည်တော်တိုင်း
စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီ တာဝန်ခံ Mrs.Virginia
Murray နှင့် ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Mr. Ashok Nigam တို့က နေပြည်တော်
လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ
အဖွဲ့ဝင်များအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးခင်ရီ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါသွားကြသည်။
အဖွဲ့ဝင်ဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်သည် နယူးယောက်မြို့သို့ ကြိုတင်ထွက်ခွာ သွားပြီး ဖြစ်သည်။
Myanmar Express
1 comments:
ဒို့သမတကြီးက နိုင်ငံခေါင်းဆောင်အနေနဲ့ တရုတ် နဲ့ အမေရိကန် ကိုသွားတာကွ၊ ဟိုအရူးမဒေါ်စုလို ကိုယ့် နာမယ်ကြီးဖို့ ၊ ကိုယ့် ပုဂ္ဂိုလ် ရေးအရ အမြတ်ထုတ်ဖို့သွားတာမဟုတ်ဘူး ၊ တိုင်းပြည် အတွက် ၊ ပြည်သူတွေအတွက်သွားတာ ၊ ဟိုကောင်မကလင်တန် တရုတ်ပြည်သွားတုန်းက ၊ နောက်လ ဆိုသမတဖြစ်တော့မဲ့ တရုတ်လက်ရှိဒုသမတ (ရှီကျည့်ဖျင်) ကတောင် လက်ခံမတွေ့ဘူး။
ဒို့သမတကြီးဒေါက်တာဦးသိန်းစိန်သွားတော့ တရုတ်လက်ရှိဒုသမတ (ရှီကျည့်ဖျင်-နောက်လ ဆိုသမတဖြစ်တော့မဲ့ ) ကတောင် ပေကျင်းကနေ နန်နင်းအထိလာတွေ့တယ် ။ သိတယ်မဟုတ်လား?
ကွာကိုကွာတယ်...။ ပြီးတော့ အရူးမစုက ပြည်သူဆီကအခွန်ငွေတွေနဲ့ လွှတ်တော်မှာလခယူပြီး၊ဘာမှမလုပ်ဘဲ၊နိုင်ငံခြားမှ လျှောက်လည်နေသေးတယ်..တိဘက်ကပြည်ပြေးနိုဘယ်ဆုရှင် နိုင်ငံရေးဘုန်းကြီး (ဘုန်းကြီးအတု)နဲ့အတူတူဘဲနိုင်ငံတကာသွားပြီး၊
အလှုငွေတောင်းလိုက်၊စာအုပ်ရောင်းစားလိုက်၊ဥာဏ်မမှီတဲ့ ဟောပြောပွဲတွေလုပ်လိုက်နဲ့ကိုယ့်အတွက်ဘဲပိုက်ဆံရှာနေတာ ။
ဒေါ်စုလဲဒီအတိုင်းဘဲလာမှာ။အတ္တဆန်လိုက်ကြတာများ.........
..
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်