From : ခေတ်လူငယ်
နဝမအကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများ ကိုယ်စား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှ ဂုဏ်ထူးဆောင် ဦးဆောင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ အဆိုပါ ကုန်စည်ပြပွဲသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ Mr.Xi Jinping ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr.Thongsing Thammavong ၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr.Nguyen Tan Dung ၊ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် အကြီးအကဲများ၊ ကွမ်းရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး Mr.Ma Biao နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး Mr.Ma Biao ၊ တရုတ်နိုင်ငံတကာ ကုန်သွယ်မှုကဏ္ဍ ကိုယ်စားလှယ် Mr.Guo Hucheng နှင့် အာဆီယံနိုင်ငံများကိုယ်စား ဂုဏ်ထူးဆောင် မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့က အဖွင့်မိန့်ခွန်း ပြောကြားကြသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အဖွင့်မိန့်ခွန်းတွင် ၁၉၉၁ ခုနှစ်မှ စတင်၍ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ဆက်ဆံမှုသည် နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း များစွာ တိုးတက်မှုရရှိခဲ့ပြီး အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ ဖော်ဆောင်နိုင်ရန်အတွက် ယခုကုန်စည်ပြပွဲများသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ၄င်းအပြင် နိုင်ငံတော်သမ္မတက ယခုနှစ်တွင် မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်မြို့တော်အဖြစ် သတ်မှတ်ထားရှိသည့် ရတနာပုံမြို့သို့ သိပ္ပံနှင့် နည်းပညာကဏ္ဍများ၌ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန်လည်း ဖိတ်ခေါ်ခဲ့သည်။ နန်နင်းမြို့တွင် တရုတ်-အာဆီယံ ကုန်စည်ပြပွဲများကို ၂၀၁၄ ခုနှစ်မှ စတင်၍ တရုတ်နှင့် အာဆီယံနိုင်ငံများ အကြားရှိ ပြည်သူများအတွက် အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန် ရည်ရွယ်လျက် နှစ်စဉ် ကျင်းပလျက်ရှိသည်။ ယခုနှစ် နဝမအကြိမ်မြောက် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံပြခန်းကို ယမန်နှစ်ကထက် သုံးဆ ပိုမိုတိုးချဲ့ပြီး မြန်မာနိုင်ငံ၏ ထွက်ကုန်ပစ္စည်း အမျိုးအစား စုံလင်စွာ ကဏ္ဍအလိုက် ပြသထားကြောင်း သတင်းရရှိသည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

1 comments:
ဒို့သမတကြီးက နိုင်ငံခေါင်းဆောင်အနေနဲ့ တရုတ် နဲ့ အမေရိကန် ကိုသွားတာကွ၊ ဟိုအရူးမဒေါ်စုလို ကိုယ့် နာမယ်ကြီးဖို့ ၊ ကိုယ့် ပုဂ္ဂိုလ် ရေးအရ အမြတ်ထုတ်ဖို့သွားတာမဟုတ်ဘူး ၊ တိုင်းပြည် အတွက် ၊ ပြည်သူတွေအတွက်သွားတာ ၊ ဟိုကောင်မကလင်တန် တရုတ်ပြည်သွားတုန်းက ၊ နောက်လ ဆိုသမတဖြစ်တော့မဲ့ တရုတ်လက်ရှိဒုသမတ (ရှီကျည့်ဖျင်) ကတောင် လက်ခံမတွေ့ဘူး။
ဒို့သမတကြီးဒေါက်တာဦးသိန်းစိန်သွားတော့ တရုတ်လက်ရှိဒုသမတ (ရှီကျည့်ဖျင်-နောက်လ ဆိုသမတဖြစ်တော့မဲ့ ) ကတောင် ပေကျင်းကနေ နန်နင်းအထိလာတွေ့တယ် ။ သိတယ်မဟုတ်လား?
ကွာကိုကွာတယ်...။ ပြီးတော့ အရူးမစုက ပြည်သူဆီကအခွန်ငွေတွေနဲ့ လွှတ်တော်မှာလခယူပြီး၊ဘာမှမလုပ်ဘဲ၊နိုင်ငံခြားမှ လျှောက်လည်နေသေးတယ်..တိဘက်ကပြည်ပြေးနိုဘယ်ဆုရှင် နိုင်ငံရေးဘုန်းကြီး (ဘုန်းကြီးအတု)နဲ့အတူတူဘဲနိုင်ငံတကာသွားပြီး၊
အလှုငွေတောင်းလိုက်၊စာအုပ်ရောင်းစားလိုက်၊ဥာဏ်မမှီတဲ့ ဟောပြောပွဲတွေလုပ်လိုက်နဲ့ကိုယ့်အတွက်ဘဲပိုက်ဆံရှာနေတာ ။
ဒေါ်စုလဲဒီအတိုင်းဘဲလာမှာ။အတ္တဆန်လိုက်ကြတာများ.........
..
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်