Subscribe to our RSS Feed

ပြည်တွင်းရှိ ပုဂ္ဂလိက လေကြောင်း လိုင်းတစ်ခုတွင် E-Ticketing စနစ်အား စတင် အသုံးပြု သွားမည်

From : MRTV4

ပြည်တွင်းရှိ ပုဂ္ဂလိက လေကြောင်း လိုင်းတစ်ခုဖြစ်တဲ့ အဲပုဂံ လေကြောင်း လိုင်းဟာ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီး Industrial
Standard နဲ့ ကိုက်ညီမှု ရှိစေဖို့ အတွက် Reservation System နဲ့ E-Ticketing စနစ်အား ပြည်တွင်းမှာ စတင် အသုံးပြု သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လေကြောင်း လိုင်းဟာ Computerized Reservation System(CRS) ကို စတင် အသုံးပြုပြီး Distribution Channel များဖွင့်ကာ GDS System များ၊ အင်တာနက်မှ Online Booking များ အစရှိတာတွေ ကိုလည်း  ပြည်တွင်း ခရီးစဉ်များ အတွက် မကြာမီ မိတ်ဆက် ပေးနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Air Bagan ရဲ့ ပြည်တွင်း လေယာဉ် လက်မှတ်များ ရောင်းချနေတဲ့ Ticketing agent အချို့ဟာ E-Ticketing စနစ်အား စတင် အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ E-Ticket စနစ်ကို ပြည်တွင်းမှာ တွင်ကျယ်စွာ အသုံးပြု လာနိုင်တာ နဲ့အမျှ လက်မှတ် ကိုင်ဆောင် ထိန်းသိမ်း နေရခြင်းနဲ့  လက်မှတ် ပျောက်ဆုံးမှု ကိစ္စရပ်များလည်း လျော့နည်း သွားမှာပဲ ဖြစ်ပါတယ်။ အခုလို E-Ticket  စနစ်ဖြင့် လေယာဉ် လက်မှတ်များ မှာယူနိုင်ဖို့ အတွက်ကို ပြည်တွင်းရှိ အေဂျီဒီ ဘဏ်နဲ့ ချိတ်ဆက် ဆောင်ရွက် နေသလို ပြည်ပ နိုင်ငံများမှ မှာယူမှု အတွက် ကိုလည်း ထိုင်းနိုင်ငံရှိ ကေဘဏ်နဲ့ ချိတ်ဆက် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်