From : ခေတ်လူငယ်
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ကြီးမှူး၍ Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြု စာမေးပွဲများကို အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲသည် IT ဆိုင်ရာ အခြေခံဗဟုသုတရှိပြီး IT နှင့် သက်ဆိုင်သည့် လုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသူများအတွက် လည်းကောင်း၊ Fundamental Information Technology Engineer Examination (FE) စာမေးပွဲသည် IT ဗဟုသုတ အခြေခံကျွမ်းကျင်မှုရှိပြီးသူများ၊ Programmer များ၊ Program Design ရေးဆွဲသူများနှင့် Software Development လုပ်ငန်းများတွင် လုပ်ကိုင်နေသူများအတွက် လည်းကောင်း၊ Applied Information Technology Engineer Examination (AP) စာမေးပွဲသည် IT ဗဟုသုတများနှင့် ကျွမ်းကျင်မှုများကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စွမ်း (Apply) ရှိသူများ၊ အဆင့်မြင့် IT လူ့စွမ်းအားအရင်းအမြစ်အဖြစ် အသက်မွေးဝမ်းကျောင်း ပြုလိုသူများအတွက် လည်းကောင်း အလုပ်အကိုင် အခွင့်အလမ်းအတွက် ကျွမ်းကျင်မှုအသိအမှတ်ပြု အောင်လက်မှတ် ရရှိစေမည့် စာမေးပွဲများ ဖြစ်သည်။ အဆိုပါ စာမေးပွဲသို့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၊ နည်းပညာကျောင်းသား၊ ကျောင်းသူများ၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းဝင်များနှင့် IT စိတ်ပါဝင်စားသူ မည်သူမဆို စာမေးပွဲကြေးများ ပေးသွင်း၍ ဝင်ရောက်ဖြေဆိုနိုင်မည် ဖြစ်သည်။ ဖြေဆို လိုသူများသည် အောက်တိုဘာလ ၂၃ ရက် နောက်ဆုံးထား၍ အမည်စာရင်း ပေးသွင်းရမည်ဖြစ်ကာ စာမေးပွဲများကို အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် MICT Park ၌ ဖြေဆိုရမည်ဖြစ်သည်။ စာမေးပွဲနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) အဆောင်(၁) MICT Park ဖုန်း-၀၁-၆၅၂၃၀၇ နှင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (MCPA) အဆောင်(၄)၊ အခန်း(၄)၊ MICT Park ဖုန်း-၀၁-၆၅၂၂၇၆ တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်