Monday, October 15, 2012
ME
From :planet
အမေရိကန် လေတပ်၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် B-2များအတွက်
ဆက်သွယ်ရေးနှင့် လက်နက်သယ်ယူမှု စနစ်များ ပိုမိုကောင်းမွန်အောင်
အဆင့်မြှင့်တင်နေကြောင်း သိရသည်။
အမေရိကန် လေတပ်၏ မဟာဗျူဟာမြောက်
ဗုံးကြဲလေယာဉ် B-2များအတွက် ဆက်သွယ်ရေးနှင့် လက်နက်သယ်ယူမှု စနစ်များ
ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်နေကြောင်း သိရသည်။ Northrop Grumman
ကုမ္ပဏီက မြန်နှုန်းမြင့် Processing စနစ်သစ် တစ်ခုအတွက် Softwareရော၊
Hardwareပိုင်းပါ မြှင့်တင်မှုကို ပြုလုပ်သွားမည်ဟု အတည်ပြုခဲ့သည်။
လေတပ်၏ ကန့်သတ် အရေအတွက်ဖြင့် တည်ဆောက်ထားသည့် B-2 အမျိုးအစား
လေယာဉ်များတွင်သာ အဆိုပါ စနစ်ကို မွမ်းမံခြင်း ဖြစ်သည်။ B-2များသည်
ဂြိုဟ်တု ကွန်ရက် ဆက်သွယ်မှု ကြိမ်နှုန်းမြင့် ဖမ်းယူချိတ်ဆက်လာနိုင်မည်
ဖြစ်ပြီး ယင်းအတွက် ဒေါ်လာ (၁၀၈)သန်းမျှ ကုန်ကျဖွယ် ရှိနေသည်။ ထို့အပြင်
လေယာဉ်အတွင်း ကွန်ပျူတာ အချက်အလက်များ လျင်မြန်စွာ တွက်ချက်နိုင်ရန်
Fiber-Optic ကြိုးများ အစားထိုး တပ်ဆင်သွားရန်လည်း လေတပ်က စီစဉ်ထားသည်။
Northrop Grummanက ထုတ်လုပ်သော B-2လေယာဉ်များကို ကမ္ဘာပေါ်တွင် အမေရိကန်
လေတပ် တစ်ခုတည်းကသာ ပိုင်ဆိုင်သည်။ ကာလပေါက်ဈေး တစ်စင်းလျှင် ဒေါ်လာ
(၁)ဘီလျံကျော် တန်ဖိုးရှိသည့် လေယာဉ်များကို (၁၉၉၇)ခုနှစ် ကတည်းက
စုစုပေါင်း (၂၁)စင်းထိ တည်ဆောက်ခဲ့ပြီး ကိုဆိုဗို၊ အီရတ်၊
အာဖဂန်နစ္စတန်နှင့် လစ်ဗျား စစ်ပွဲများတွင် အသုံးပြုခဲ့သည်။ (၂၀၀၈)ခုနှစ်က
B-2တစ်စင်း ပြေးလမ်းမှ အတက်တွင် ပျက်ကျခဲ့သည့်နောက် လတ်တလောတွင် အမေရိကန်
လေတပ်၌ B-2 အစင်း(၂၀)သာ ရှိတော့ကြောင်းလည်း သိရှိရသည်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်