From :မြဝတီ
Myanmar Express
ဟိုတယ်နှင့်
ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင် သည်
အောက်တိုဘာ ၈ ရက် ညနေပိုင်းက မန္တလေးမြို့ Mandalay Hill Resort Hotel နှင့် အခြား ဟိုတယ်များအား စစ်ဆေးပြီး Ayawa- ddy River View Hotel ၌ မန္တလေး မြို့ ဟိုတယ်
ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း အမှုဆောင် များနှင့် တွေ့ဆုံစဉ်
မန္တလေးမြို့၌ ယခုနှစ် အတွင်း နိုင်ငံခြားသား ဧည့်သည် ရောက်ရှိမှုမှာ ယခင်
နှစ်ကထက် သိသာ ထင်ရှားစွာ ပိုမိုတိုး တက်လာရာ ဟိုတယ်လုပ်ငန်း၊ ခရီးသည်
ပို့ဆောင်ရေး လုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်းနှင့် ခရီးစဉ် လှည့်လည်
ပြသခြင်း လုပ်ငန်းများကို စနစ်တကျ လုပ်ကိုင် ကြရန်နှင့် ဟိုတယ် ဆိုင်ရာ
ဝန်ဆောင်မှု သင်တန်းများ ဖွင့်လှစ် နိုင်ရေး အတွက် စည်းရုံး ဆောင်ရွက်
သွားကြရန် မှာကြားသည်။
ပြည်ထောင်စု
ဝန်ကြီးသည် အောက်တိုဘာ ၉ရက် နံနက်ပိုင်းက ပြင်ဦးလွင် မြို့ရှိ နိုင်ငံ
ခြားသား ဧည့်သည် သတင်းနှင့် ပြန် ကြားရေး ကောင်တာကို စစ်ဆေးပြီး ဆုလာဘ်
သခင် ဟိုတယ်၌ ကျင်းပသည့် ပြင်ဦးလွင် ဒေသ ဟိုတယ် ဆိုင်ရာ ဧည့်ဝန်ဆောင်မှု
သင် တန်း အမှတ်စဉ် (၈)သို့ တက်ရောက် အမှာစကား ပြောကြားသည်။ သင်တန်းသို့
သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၃၂ ဦး တက်ရောက်ကြောင်း သတင်း ရရှိသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်