Subscribe to our RSS Feed

ဟောင်ကောင်ဘတ်ဂျက်လေကြောင်းလိုင်း ဒရက်ဂွန်အဲယား ဟောင်ကောင်-ရန်ကုန်ပျံသန်းမည်

From :yangon media


ဟောင်ကောင်ဘတ်ဂျက်လေကြောင်းလိုင်းတစ်ခုဖြစ်သော ဒရက်ဂွန်အဲယား Dragonairသည် လာမည့်နှစ်ဆန်းတွင် ဟောင်ကောင်နှင့်ရန်ကုန်သို့ တိုက်ရိုက်လေယာဉ်ခရီးစဉ်များစတင်တော့မည်ဟု အဆိုပါလေကြောင်းလိုင်းကပြောကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင်ဖော်ပြထားသည်။
ဒရက်ဂွန်အဲယားသည် ဟောင်ကောင်လေကြောင်းကုမ္ပဏီကြီးဖြစ်သော ကက်ဌေးပစိဖိတ်၏ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းအလားအလာကောင်းများ တွေ့ရသဖြင့် လာမည့်ဇန်န၀ါရီ(၉)ရက်မှစတင်ကာ အဲယားဘတ်စ် A321 ဖြင့်  တစ်ပတ်လျှင်လေးကြိမ်ပျံသန်းမည်ဖြစ်ကြောင်းသိရသည်။
”ဒီဈေးကွက်မှာ တကယ့်ကိုအလားအလာကောင်းကြီး ကျွန်တော်တို့တွေ့နေရပါတယ်။ခရီးသွားလုပ်ငန်းသာမက စီးပွားရေးဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုတွေရောပေါ့။ ဟောင်ကောင်နဲ့ မြန်မာအကြား ခရီးသွားဒေသနှစ်ခုကိုမြှင့်တင်ပေးရင်း ခရီးသည်တွေကို ပိုပိုပြီးတင်ဆောင်ပေးပို့လိုပါတယ်” ဟု ဒရက်ဂွန်အဲယား၏အမှုဆောင်အရာရှိချုပ် ပက်ထရစ်ယောင်းကပြောသည်။
စင်ကာပူလေကြောင်းလိုင်းကလည်း မြန်မာနိုင်ငံတွင် ယခုလနှောင်းပိုင်းမှစတင်ပြီး လေကြောင်းပျံသန်းမှုများပြုလုပ်နိုင်မည်ဟုပြောကြားထားသည်။လောလောဆယ်တွင်မူ စင်ကာပူလေကြောင်း၏ အခွဲလုပ်ငန်းဖြစ်သော ဆစ်ခ်လေကြောင်းလိုင်းကသာပျံသန်းမှုပြုလုပ်နေသည်။
မြန်အအစိုးရက ပဲခူးမြို့အနီးတွင် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကို ၂၀၁၆အပြီးတည်ဆောက်ရန်စီစဉ်နေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနကပြောကြားထားသည်။
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦစီးဌာနက ၂၀၁၂တွင် ရန်ကုန်နိုင်ငံတကာလေဆိပ်သို့ခရီးသည်ရောက်ရှိမှုသည် ၂၀၁၁ထက် ၂၂ရာခိုင်နှုန်းတိုးတက်ကာ သုံးသန်းအထိ ရောက်ရှိမည်ဟုခန့်မှန်းထားသည်။


  Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်