Subscribe to our RSS Feed

From :7day

မြန်မာနိုင်ငံအား အကူအညီပေးရေး ဆွေးနွေးမှုများ ဂျပန်ဦးဆောင်
တိုကျို၊ အောက်တိုဘာ - ၁၃

မြန်မာနိုင်ငံနှင့် ပတ်သက်၍ အောက်တိုဘာ ၁၁ ရက်က တိုကျိုမြို့တွင် ပြုလုပ်ခဲ့သော အစည်းအဝေး၌ မြန်မာနိုင်ငံ၏ ကျန်ရှိသော ကြွေးမြီများ ရှင်းလင်းရေးနှင့် ပတ်သက်၍ ဂျပန်နိုင်ငံက ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးမြီရှင်အဖြစ် ဂျပန်နိုင်ငံက ချေးငွေပေးအပ်ထားသော အခြားနိုင်ငံများအား ကြွေးမြီသက်သာခွင့်ပေး၍ မြ

န်မာစီးပွားရေးပြန်လည်ထူထောင်ရေးတွင် ကူညီရန် ဂျပန်က တိုက်တွန်းခဲ့သည်။ ယင်းအစည်းအဝေးမှာပင် မြန်မာနိုင်ငံသို့ အတိုးနှုန်းနည်းပါးသော ချေးငွေများ ပြန်လည်ပေးအပ်မည်ဟု ဂျပန်က ကတိပြုခဲ့သည်။

"မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပံ့ပိုးကူညီပြီး မြန်မာနိုင်ငံကို နိုင်ငံတကာအသိုင်းအ၀ိုင်းထဲ ပြန်လည်ဝင်ရောက်နိုင်ရေး ကူညီဖို့ အရေးကြီးပါတယ်" ဟုနိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ်တို့၏ နှစ်ပတ်လည် အစည်းအဝေးများနှင့်အတူ ပြုလုပ်သည့် အစည်းအဝေးတွင် ဂျပန်ဘဏ္ဍာရေးဝန်ကြီကိုရီကီဂျိုဂျီမာက ပြောကြားသည်။

မြန်မာ့ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဝင်းရှိန်ကလည်း မြန်မာနိုင်ငံ၏ ကြွေးကျန်များ ရှင်းလင်းရေးအတွက် ဂျပန်နိုင်ငံက လမ်းခင်းပေးလိုက်ခြင်းဖြစ်ကြောင်း အသိအမှတ်ပြုပြောကြားပြီး မြန်မာပြည်သူများကိုယ်စားကျေးဇူးတင်ရှိပါကြောင်း ပြောသည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က လာမည့်နှစ်အတွင်း ချေးငွေများ ပြန်လည်ပေးအပ်ဖွယ်ရှိရာ မြန်မာအစိုးရက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော မဟာဓာတ်အားလိုင်းများနှင့် လမ်းများတည်ဆောက်၍ ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လုပ်ငန်းချဲ့ထွင်နိုင်ရန် တွန်းအားပေးမည်ဖြစ်ကြောင်း သိရသည်။
Ref: ယူမီယူရီရှင်ဘွန်း
Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်