ဦးသိန်းစိန် နိုဘယ်ဆုရဖို့ဆိုတာ ယခင်တုန်းက ဖြစ်နိုင်ပေမယ့် ယခုချိန်မှာ လုံးဝ မဖြစ်နိုင်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ တစ်ဦးက ပြောကြားလိုက်ပါတယ်။
"၂၀၁၂ ခုနှစ်လို နိုဘယ်ဆု အနေအထားမှာတော့... ကျွန်တော့အထင်ပြောရရင် သမ္မတကြီး ဦးသိန်းစိန် ဆုရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ... ယခင်တုန်းက အခြေအနေမျိုးဆိုရင်တော့ ဖြစ်နိုင်တယ်..." လို့ ဆိုပါတယ်။
၁၉၉၀ နောက်ပိုင်းမှာ ငြိမ်းချမ်းရေး နိုဘယ်ဆုကို အမေရိကန်၊ ဥရောပ နှင့် နော်ဝေနိုင်ငံ မှ ခေါင်းဆောင်များ နဲ့ ပညာရှင်များသာ ရရှိလာခဲ့ကြပြီး အာရှ နှင့် အရှေ့အလယ်ပိုင်းမှ ရရှိသူ အလွန်းနည်းပါလာခဲ့သည်။ အာရှ နှင့် အရှေ့အလယ်ပိုင်းမှ ရရှိသူ ရှိလျှင်လည်း အမေရိကန် နှင့် EU ကို သစ္စာမခံသည့် အစိုးများ၏ အတိုက်အခံများသာ ရှိခဲ့သည်။
ယခု ၂၀၁၂ ခုနှစ် အတွက် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ဗြိတိန် နှင့် ဂျပန် မှ ရရှိသည်။
ရူပဗေဒ ဆိုင်ရာနိုဘယ်ဆုကို ပြင်သစ် နှင့် အမေရိကန်မှ ရရှိသည်။
ဓာတုဗေဒ ဆိုင်ရာ နိုဘယ်ဆုကိုလည်း အမေရိကန် နိုင်ငံသား နှစ်ဦးကသာ ရရှိသွားသည်။
ကျန်ရှိနေသော ၁၂ ရက်နေ့တွင်ပေးမည့် ငြိမ်းချမ်းရေး နိုဘယ်ဆုနှင့် ၁၅ ရက်နေ့တွင်ပေးမည့် စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကိုလည်း အမေရိကန် နှင့် မဟာမိတ်နိုင်ငံများ (သို့မဟုတ်) အီရန်၊ တရုတ်၊ ရုရှား တို့မှ အတိုက်အခံ တို့သာ ရရှိနိုင်ပေသည်။
အထူးသဖြင့် ထင်ကြေးပေးခြင်း ခံရသူများမှာ
၁။ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊
၂။ ဂျာမနီနိုင်ငံ အဓိပတိဟောင်း ဟဲမွတ်ခိုးလ်၊
၃။ Wikileak သတင်း Website သို့ပေးပို့ခဲ့သော Bradley Manning
၎။ အမေရိကန်ပါမောက္ခ ဂျင်းရှပ် လည်း ပါဝင်လျက် ရှိသည်။
၅။ ရုရှားအခွင့်အရေးအုပ်စု Memorial တည်ထောင်သူ မစ္စဆဗက်လာနာဂန်းနုရှ်ကီနာ၊
၆။ အမှီအခိုကင်းရုရှားမီဒီယာအဖွဲ့ Echo of Moscow အဖွဲ့တည်ထောင်သူ မစ္စတာ အလက်စီဗီနီဒစ်တော့ဗ်
၇။ မွတ်ဆလင် အစွန်းရောက်များကို ဆန့်ကျင်သူ နိုင်ဂျီးရီးယားနိုင်ငံသား နှစ်ဦး
၈။ မြန်မာသမ္မတကြီး ဦးသိန်းစိန်
တို့ ဖြစ်ကြသည်။
ဦးစားပေး ၁။ ရနိုင်ခြေ အများဆုံး ရှိသူ မှာ လက်တလော မွတ်ဆလင် ပြဿနာများ အတွက် အမေရိကန်ဘက်မှကာကွယ်ရန်အတွက် "မွတ်ဆလင် အစွန်းရောက်များကို ဆန့်ကျင်သူ နိုင်ဂျီးရီးယားနိုင်ငံသား နှစ်ဦး " မှ ရရှိနိုင်သည်။
ဦးစားပေး ၂။ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ပင် ရုရှား အတိုက်အခံ များဖြစ်သည့် မစ္စဆဗက်လာနာဂန်းနုရှ်ကီနာ နှင့် မစ္စတာ အလက်စီဗီနီဒစ်တော့ဗ် တို့ မှ ရရှိလိမ့်မည် ဖြစ်သည်။
ဦးစားပေး ၃။ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် ၊ အမေရိကန်ပါမောက္ခ ဂျင်းရှပ် နှင့် ဂျာမနီနိုင်ငံ အဓိပတိဟောင်း ဟဲမွတ်ခိုးလ် တို့ ရရှိလိမ့်မည်ဖြစ်သည်။
ဦးသိန်းစိန် နှင့် Bradley Manning တို့ ကတော့ အလွန်ဖြစ်နိုင်ချေ နည်းသည်။
၂၀၁၀ ခု နှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဘာမှမလုပ်ပဲ ထောင်ထဲမှာ ရောက်နေတဲ့ တရုတ်အစိုးရ အတိုက်အခံ Liu Xiaobo မှ ရရှိခဲ့သည်။
၂၀၀၉ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို အာဖစ်ဂန် နှင့် အီရတ် ကို စစ်တိုက်ခဲ့သည့် အမေရိကန် သမ္မတ Barack H. Obama မှ ရရှိခဲ့သည်။
၁၉၉၁ ခု နှစ်ငြိမ်းချမ်းရေး နိုဘယ်ဆုကို ပြည်တွင်းမှာလည်း ငြိမ်းချမ်းရေး မလုပ်၊ ပြည်ပနိုင်ငံခြင်း တိုက်ခိုက်မှုကိုလည်း ရပ်တန့်အောင် ဘာမှမလုပ်ပဲ ထောင်ထဲမှာ ထိုင်နေပြီး ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့သည်။
တတိယ ကမ္ဘာစစ်ဖြစ်မည့်အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သည့် ကုလသမ္မဂ အတွင်းရေးမှူးချုပ် နှစ်ကြိမ်ဆက်တိုက် တာဝန်ယူခဲ့သူ ဦးသန့် မှာ ငြိမ်းချမ်းရေး နိုဘယ်ဆု မရရှိခဲ့ပေ။
အမေရိကန် အစိုးရ အတိုက်အခံ သူရဲကောင်းများ၊ EU အဖွဲ့ဝင်နိုင်ငံများက အတိုက်အခံ များ အဖို့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို တသက်လုံး မှန်း၍ မရနိုင်ပေ။ သမ္မတဖြစ်လျှင်တော့ စစ်တိုက်လျှင်တောင် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိသည်မှာ အိုဘားမားက သက်သေဖြစ်သည်။
NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေကတော့
ဟု ပြောသည်။
သမ္မတကြီး ဦးသိန်းစိန် အနေဖြင့် မြန်မာပြည်သူ တစ်ဦးတစ်ယောက်မှ မလုပ်နိုင်သော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ နှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုကို လုပ်ဆောင်နိုင်ခဲ့ရုံမျှ မက အစိုးရလုပ်သမျှ ဆန့်ကျင်သည့် အတိုက်အခံများနှင့်ပါ ငြိမ်းချမ်းအောင် လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် ဦးသိန်းစိန်၏ လုပ်ဆောင်မှုသည့် ပြည်တွင်းအဆင့်သာ ရှိပြီး ကမ္ဘာ နိုင်ငံ များ၏ ပဠိပက္ခများတွင် ဝင်ရောက် ဖြေရှင်းဆောင်ရွက်ခြင်း လုံးဝ မရှိခဲ့ပေ။
သို့ဖြစ်၍ ဦးသိန်းစိန် အနေဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆု မရနိုင်ပါ။ သို့သော် ဒေါ်အောင်ဆန်းစုကြည် နှင့် နှိုင်းယှဉ်လျှင်တော့ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ၁၀ ခါ ပြန် ရနိုင်ပါသည်။
Myanmar Express

13 comments:
မှန်လိုက်လေခြင်းကွာ.... ဘာလို့အမှန်တွေချည်း ရေး နေ တာ တုန်း ME ရဲ့... အမှန်ရေး ရင် လူ မုန်းများ တယ်တဲ့.... အထူး သဖြင့် လူအခွင့် အရေး ကို ဟောင်... အဲလေ အော်နေတဲ့ သူတွေပိုမုန်းလိမ့်မယ်...
နိုဘယ်ဆု အတော်များများက ထောင်ထဲမှာ နေတဲ့လူတွေရတယ်လို့ ပြောလို့ရတာပေါ့နော်၊
ဒါဆိုဒီဆုကကိုယ့်အတွက်ကိုယ်လုပ်ထားတာပေါ့
နိုဘယ်ဆုက ထောင်ထဲကို အကြိမ်ရေ များများရောက်လေလေ
နိုဘယ်ရနိုင်ဖို့က ပိုနီးလေလေပါပဲ
မြန်မာမှာဆို အမေစုကို ကြည့်ပါလား
ထောင်ဝင် ထောင်ထွက်က ယဉ်နေပီးလေ
ဒါကြောင့် ထောင်ဝင်ချိန် အရေတွက်နဲ့ နိုဘယ်၇တာ..
no need novel prize,, our u thein seain is good hearted ,, no need prize , show with his works ,, must be shame the rest people who is betray our country
novel prize is fake , only american decide who they want to give ,, stupid prize
President U Thein Sein can't get the Nobel Peace prize because he's an Asian?
Total baloney!
မရလေ ကြိုက်လေပဲ နိုဗယ်ဆုပေးပြီး ဒုတိယ ဂေါ်ဘာချောဗ် လုပ်ခိုင်းပြီး အကုန် ခွဲထွက်ခွင့်ပေးခိုင်းနေမှ မပေးလေကြိုက်လေပဲ ကိုယ့်သမ္မတ ကိုယ့်စိတ်ထဲ အမြဲနံပါတ်တစ်ပေးနေရင်ပြီးတာပဲ
အမေစု အမူစေ ။ ခုနေခါ သူ့ လက်ထဲ တိုင်းပြည်
အပ်ရင် လူမျိုးလည်းပြောက် ဘာသာပြောက်
တိုင်းခြား လူမျိုးခြား ကုလားအောက် ပြားပြားရောက်ပြီ
သာမှတ်။ ငါးစိမ်းသယ်လို ကက်ကက်လန်ရန်တွေ့ 
ထင်ရာပြော ဆင်ခြင်တုံတရားမရှိတဲ့  ခေါင်းပိန်
ချိးဦးနှောက် တဇူးပေါ်က် တဇောက်ကန်း သူလျို
မ ။မိန်းမဖျက် ပြည်ပျက်
ur mind is same with me
ERic su kyi can get prize ,, he he,, she aleardy got ready
eric su kyi ,, not aung san su kyi
he also don't want ,, he work only with white heart not hope for the prize,, totally different with all politic thar ku.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်