Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကုလသမဂ္ဂအထွေထွေ ညီလာခံကိုတက်ရောက်၍ မြန်မာနိုင်ငံသို့ပြန်ရောက်

From : hot news



မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ နယူးယောက်မြို့တွင် ပြုလုပ်သော (၂၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့တက်ရောက်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၉း၂၀ က ရန်ကုန်မြို့ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်ရောက်ပြီဖြစ်ကြောင်းသိရသည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန် သယောက်ဖ မင်းအကူအညီလိုပြီည် မြန်မာနိုင်ငံ မင်္ဂလာဒုံလေဆိပ်သို့ ပြန်ရောက်ခဲ့စဉ်တွင်လည်း နိုင်ငံေ၇းပါတီ  ၊ အသင်းအဖွဲ့များ ၊ စက်ရုံအလုပ်ရုံ အလုပ်သမားများက လာရောက်ကြိုဆိုခဲ့ကြပြီး လာရောက်ကြိုဆိုကြသော နိုင်ငံရေးပါတီများမှ ပြောကြားရာတွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ ပြန်ကြားရေးမှူးဦးလှမြင့်က ပွင့်ပွင်းလင်းလင်းပြောရရင် “ ကျွန်တော်တို့ကတော့ နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် နိုင်ငံရေးအဖွဲ့အစည်းမှ မဟုတ်ပါဘူး ၊ ဘယ်သူမဆို နိုင်ငံသားတစ်ယောက်အနေနဲ့ သမ္မတတစ်ဦးရဲ့ လုပ်ဆောင်ချက်တွေက အလွန်အင်မတန်မှ ကောင်းတယ်  ၊ ကျွန်တော်တို့ နှစ်ပေါင်း (၅၀) အတွင်းမှာလည်း အခုလိုမျိုး အစည်းအဝေးပွဲကြီးမှာ တက်ပြောခွင့်ရတဲ့အတွက် မြန်မာပြည်သူပြည်သားတစ်ယောက် အနေနဲ့နိုင်ငံတော်သမ္မတကြီးကို လေးလည်းလေးစားတယ် ၊ ဂုဏ်လည်း ဂုဏ်ယူတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူတူအစစအရာရာပွင့်လင်းမြင်သာ အောင်လုပ်ဆောင်ပေးတဲ့ အတွက်အခုလိုမျိုးလာကြို ဆိုရခြင်းဖြစ်တယ်´´ဟုပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ကိုကျော်သူရပြောကြားရာတွင်“အခုလိုလာရောက်ကြိုဆိုရတဲ့ အကြောင်းအရင်းကတော့ ကိုယ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလည်းမှုတွေ ၊ နိုင်ငံရဲ့ အရေးအရာ တွေမှာ ထဲထဲဝင်ဝင် ထိထိရောက်ရောက် နဲ့ ဆောင်ရွက်ပေးနိုင်တဲ့ ဆောင်ကျဉ်းပေးနိုင်တဲ့ နိုင်ငံတော်သမ္မတကို ဂုဏ်ပြုတဲ့အနေနဲ့လာတာပါ ၊ ပါတီကို ကိုယ်စားပြုပြီးလာခဲ့တာမဟုတ်ပါဘူး ၊ နိုင်ငံသားတယောက်အနေနဲ့ နိုင်ငံတော်သမ္မတဂုဏ်ပြုတဲ့အတွက်လည်းလာတာပါ´´ဟုပြောကြားခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူးဦးအေးမြင့် ပြောကြားရာတွင်လည်း “ ဒို့နိုင်ငံတော်သမ္မတ ဆိုတာမင်းတို့လဲသိတဲ့အတိုင်းပဲ နိုင်ငံတော်ရဲ့ ပြည်သူသန်း ၆၀ အတွက်တကယ် အနစ်နာခံပြီးတော့ စိတ်ရောကိုယ်ပါ ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်သမ္မတကြီး လည်းဖြစ်တယ်။ ဒီမိုကရေစီအပြောင်းအလည်းကိုလဲဆောင်ရွက်ပေးတဲ့ နိုင်ငံတော်သမ္မတကြီးလည်းဖြစ်ပါတယ်။ ဦးတို့ပါတီရဲ့ဥက္ကဌကြီးလည်းဖြစ်တာပေါ့ကွာ ၊ ဦးတို့အနေနဲ့ ဒါကြောင့်မို့လို့ ပြည်ခိုင်ဖြိုးအနေ နဲ့လာတာပါ။ သူအမေရိကန်နိုင်ငံကနေ ဆောင်ကျဉ်းလာတာ အကောင်းတွေ ပြည်သူအကျိုးပြုလေးတွေ ၊ တကယ်ကို ဦးတို့အနေနဲ့ ပြောရမယ်ဆို တော်တော်လေးကို ဂုဏ်ပြုထိုက်တဲ့ နိုင်ငံတော် သမ္မတကြီးဖြစ်ပါတယ်။ အဲဒါကြောင့်ဦးတို့ ပြည်ခိုင် ဖြိုးပါတီဝင်တွေ အနေနဲ့ လှိုက်လှိုက်လှဲလှဲ လာရောက်ကြိုဆိုခြင်းဖြစ်ပါတယ်´´ဟုပြောကြားခဲ့သည်။
 

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်