From : planet
ဗင်နီဇွဲလား ရွေးကောက်ပွဲကြို
မဲဆွယ်လှုပ်ရှားမှုများ အတွင်းတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး
လူသေဆုံးခဲ့ခြင်းအပေါ် တရားမျှတမှုရှိစွာ ဖြေရှင်းပေးရန် တောင်းဆိုမှုများ
မြင့်တက်လာခဲ့သည်။ စနေနေ့က သမ္မတလောင်း ဟင်းနရစ် ကာပရီလက်စ်ကို အားပေး
ထောက်ခံသူများသည် ယာဉ်တန်းဖြင့် စီတန်း လှည့်လည်လာစဉ် လက်ရှိ သမ္မတ
ဟူဂိုချားဗက်စ်အား ထောက်ခံသူများက ယာဉ်တန်းကို ရပ်တန့်စေခဲ့သည်။
ထို့နောက် ကာပရီလက်စ်ကို ထောက်ခံသူများက ထွက်ခွာခွင့် တောင်းဆိုရင်း စကားများကြရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ဖြစ်စဉ်အတွင်း သမ္မတလောင်း ကာပရီလက်စ်ကို ထောက်ခံသူ (၂)ဦး သေဆုံးသွားကြောင်း ပြည်တွင်း သတင်းစာများက ရေးသား ဖော်ပြခဲ့သည်။ ထို့အပြင် အနောက်ဘက် ဘာရီနက်စ် ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း ကာပရီလက်စ်အတွက် မဲဆွယ်သူ အခြားတစ်ဦးမှာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သေးသည်။ ယခုဖြစ်စဉ်များကြောင့် အောက်တိုဘာ (၇)ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီ ပြဿနာများ ကြီးထွားလာသလို တင်းမာမှုများ မြင့်တက်လာခဲ့သည်။
ကာပရီလက်စ်က "ဗင်နီဇွဲလား နိုင်ငံမှာ အမုန်းတရားတွေကို မြေမြှုပ်ရမယ့် အချိန်ကို ရောက်လာခဲ့ပါပြီ။ လက်ရှိ ဖြစ်ရပ်မှာ ဥပဒေအတိုင်း ဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ သမ္မတ ချားဗက်ဇ်ကလည်း "ခုလို အားပြိုင်မှုဟာ အကြမ်းဖက်မှုနဲ့ ဖြေရှင်းဖို့ မဟုတ်ပါဘူး။ ဆန္ဒမဲနဲ့ပဲ ယှဉ်ပြိုင်သင့်ပါတယ်"ဟု ပြောဆိုခဲ့သည်။ တရားရေးဝန်ကြီး တာရက်အယ်လ် အိုင်ဆာမီက တနင်္ဂနွေနေ့တွင် Twitterမှတစ်ဆင့် မိမိတို့သည် မသင်္ကာသူ တစ်ဦးကို ထိန်းသိမ်းထားကြောင်း ရေးသားခဲ့သော်လည်း သံသယ တရားခံ၏ အမည်နှင့် အသေးစိတ် အချက်အလက်များကိုမူ ဖော်ပြခဲ့ခြင်း မရှိသေးကြောင်း သိရသည်။
Myanmar Express
ဗင်နီဇွဲလား ရွေးကောက်ပွဲကြို မဲဆွယ်လှုပ်ရှားမှုများ အတွင်းတွင်
ပစ်ခတ်မှု ဖြစ်ပွားပြီး လူသေဆုံးခဲ့ခြင်းအပေါ် တရားမျှတမှုရှိစွာ
ဖြေရှင်းပေးရန် တောင်းဆိုမှုများ မြင့်တက်လာခဲ့သည်။
ထို့နောက် ကာပရီလက်စ်ကို ထောက်ခံသူများက ထွက်ခွာခွင့် တောင်းဆိုရင်း စကားများကြရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ဖြစ်စဉ်အတွင်း သမ္မတလောင်း ကာပရီလက်စ်ကို ထောက်ခံသူ (၂)ဦး သေဆုံးသွားကြောင်း ပြည်တွင်း သတင်းစာများက ရေးသား ဖော်ပြခဲ့သည်။ ထို့အပြင် အနောက်ဘက် ဘာရီနက်စ် ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း ကာပရီလက်စ်အတွက် မဲဆွယ်သူ အခြားတစ်ဦးမှာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သေးသည်။ ယခုဖြစ်စဉ်များကြောင့် အောက်တိုဘာ (၇)ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီ ပြဿနာများ ကြီးထွားလာသလို တင်းမာမှုများ မြင့်တက်လာခဲ့သည်။
ကာပရီလက်စ်က "ဗင်နီဇွဲလား နိုင်ငံမှာ အမုန်းတရားတွေကို မြေမြှုပ်ရမယ့် အချိန်ကို ရောက်လာခဲ့ပါပြီ။ လက်ရှိ ဖြစ်ရပ်မှာ ဥပဒေအတိုင်း ဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ သမ္မတ ချားဗက်ဇ်ကလည်း "ခုလို အားပြိုင်မှုဟာ အကြမ်းဖက်မှုနဲ့ ဖြေရှင်းဖို့ မဟုတ်ပါဘူး။ ဆန္ဒမဲနဲ့ပဲ ယှဉ်ပြိုင်သင့်ပါတယ်"ဟု ပြောဆိုခဲ့သည်။ တရားရေးဝန်ကြီး တာရက်အယ်လ် အိုင်ဆာမီက တနင်္ဂနွေနေ့တွင် Twitterမှတစ်ဆင့် မိမိတို့သည် မသင်္ကာသူ တစ်ဦးကို ထိန်းသိမ်းထားကြောင်း ရေးသားခဲ့သော်လည်း သံသယ တရားခံ၏ အမည်နှင့် အသေးစိတ် အချက်အလက်များကိုမူ ဖော်ပြခဲ့ခြင်း မရှိသေးကြောင်း သိရသည်။
Myanmar Express
Posted in: ကမ္ဘာ့သတင်း
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်