Subscribe to our RSS Feed

ဟိုတယ်ဧည့် ၀န်ဆောင်မှုသင်တန်း(၇)မျိုးသင်ကြားပို့ချမည်

From : popular

ဟိုတယ်နှင့်ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဟိုတယ်ဧည့် ၀န်ဆောင်မှုသင်တန်း ၇ မျိုးအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းများအား ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ကြီးကြပ်မှု၊မြန်မာ့ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဦးဆောင်မှုဖြင့် Star Resources ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သင်တန်းဌာနတွင် ဖွင့်လှစ်မည်ဖြစ်သည်။

သင်တန်းပို့ချမည့် သင်တန်းအမျိုးအစားများမှာ- ဧည့်ကြိုလုပ်ငန်းသင်တန်း အဆင့် (၁ )၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း အဆင့်(၁ ) ၊နိုင်ငံတကာအဆင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း၊နိုင်ငံတကာအဆင့်လေယာဉ်မောင်း/မယ်သင်တန်း ၊အစားအစာနှင့်အဖျော်ယမကာ ၀န်ဆောင်မှုသင်တန်းအဆင့်(၁ ) ၊နိုင်ငံတကာအဆင့်အစားအစာချက်ပြုတ်နည်းသင်တန်းအဆင့်(၁)တို့အားသင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။

သင်တန်းများအားအောက်တိုဘာ၁၅ရက်မှ ဒီဇင်ဘာ၁၇ရက်အထိ သင်ကြားမည်ဖြစ်ပြီးတက္ကသိုလ်ဝင်တန်းအောင်ပြီးသူများနှင့်ဒုတိယနှစ်၊ဘွဲ့ရများမှ လျှောက်ထားနိုင်ကြောင်းသိရသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် လျှောက်လွှာများအား အမှတ် ၂၆၇၊အခန်း ၃၀၂ ၊ပြည်လမ်း မြေနီကုန်း ရိုးမဘဏ်အနီး စမ်းချောင်းမြို့နယ် တွင်ထုတ်ယူ၍ ဓါတ်ပုံ ၁ပုံ၊ပညာအရည်အချင်းအထောက်အထား မိတ္ထူတို့ဖြင့်ပူးတွဲတင်ရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း 01-523200 ၊ 523623 နှင့် 09 – 5020302 တို့ကို ဆက်သွယ်မေးမြန်းနိုင်သည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်