From : mrtv4
Myanmar Express
ကျေးလက်
ဒေသတွေကို အရစ်ကျ စနစ်နဲ့ တန်ဖိုးနည်း ဖုန်းတွေ ရောင်းချ ပေးလျက်ရှိပြီး
ဒီလို ရောင်းချရ ငွေကနေ ရရှိတဲ့ ၂ ရာခိုင်နှုန်းကို ကျေးလက်ဒေသ
ဖွံ့ဖြိုးရေး အတွက် ပြန်လည် အသုံးပြုဖို့ ပေးအပ် သွားမှာ ဖြစ်တယ်လို့ ဆက်သွယ်ရေး ၀န်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်များ အရ သိရပါတယ်။ အခုလို ပြန်လည် ပေးအပ်ရာမှာ တန်ဖိုးနည်း ဖုန်းဝယ်ယူ သုံးစွဲတဲ့ ပမာဏ အလိုက် ကျေးရွာ ဖွံ့ဖြိုးမှု ကိစ္စများ အတွက် ပေးအပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ဒီလို ပေးအပ်ရာမှာ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး များထံ ခရိုင် အုပ်ချုပ်ရေးမှူးရဲ့ ကြီးကြပ်မှုနဲ့ ပြန်လည် ပေးအပ် သွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းရဲ့ ဖုန်းသုံးစွဲမှု အနေနဲ့ လက်ရှိ ကာလမှာ လူနေ ဧရိယာရဲ့ ၈၅ ရာခိုင်နှုန်း ၀န်းကျင်ကို မိုဘိုင်း တယ်လီဖုန်း ဆက်သွယ်ရေး အသုံးပြု နိုင်အောင် ပြုလုပ်ပေး ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ကျေးလက် နေသူတွေ အတွက် ဖုန်းသုံးစွဲနိုင်ဖို့ စီစဉ်ပေး ရာမှာ မိုဘိုင်း တယ်လီဖုန်း ရေဒီယို စခန်းရှိရာ ဒေသများရဲ့ မြေပြန့်မှ ၇ မိုင်နဲ့ ၈ မိုင် ပတ်ဝန်းကျင် အနီးအနား ကျေးရွာတွေမှာ မိုဘိုင်း တယ်လီဖုန်း သုံးစွဲ နိုင်အောင် စီစဉ်ပေး ထားတာ ဖြစ်ပါတယ်။ အခုအခါ ကျေးလက် ဒေသတွေမှာ မိုဘိုင်းဖုန်း အရစ်ကျ ရောင်းချရာမှာ သဘောတူ စာချုပ်ပါ အချက်များ အရ တယ်လီဖုန်း သုံးစွဲမှု အတွက် ကနဦး တပ်ဆင်ခ နှုန်းထားကို ပြောင်းလဲ သတ်မှတ်ခဲ့ ပါက အဆိုပါ ပြောင်းလဲ သတ်မှတ်တဲ့ နှုန်းထား အသစ်ကို ခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ပြောင်းလဲ သတ်မှတ်ချိန်မှာ မိမိတို့ ပေးသွင်း ထားတဲ့ ငွေပမာဏဟာ ပိုမိုများပြား နေပါက ပေးသွင်း ထားပြီးတဲ့ ငွေကို ပြန်လည် ထုတ်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

1 comments:
ဆက်သွယ်ရေးရဲ့ စေတနာလေးတွေ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်