တိုင်းရင်းသား မြန်မာပြည်သူများ နှင့် အခြားနိုင်ငံသားများ အရေးကိစ္စများတွင်း မြန်မာလူထုဖက်မ အပြည့်အဝ ရပ်တည်ကာ ဆုံးဖြတ်ချက်များ ပြတ်ပြတ်သားသား ဆက်တိုက် ချမှတ်ပေးခဲ့သည့် သမ္မတကြီး ဦးသိန်းစိန်အား ထောက်ခံသည့် ဆန္ဒပြပွဲများကို ဆက်တိုက်လုပ်ဆောင်သွားမည်ဟု ရခိုင်အရေး လှုပ်ရှားမှု အဖွဲ့များမှ သတင်းရရှိသည်။
သမ္မတကြီး ဦးသိန်းစိန်သည် လူထုအသံကို နားစွင့်က လူထုဖက်မှ ပြည့်ပြည့်ဝဝ ရပ်တည်ပြီး လူထု ဆန္ဒကို အကောင်အထည်ဖော်လျှက် ရှိတာကြောင့် မြန်မာပြည်အနှံ့တွင် သမ္မတကြီး ဦးသိန်းစိန်အား ထောက်ခံသည့် ဆန္ဒပြပွဲများ ယခုနှစ်အတွင်း အများအပြား ကျင်းပမှုများ ရှိခဲ့သည်။ သို့သော် ဆန္ဒပြသူများအား သမ္မတကြီးကိုသာ ထောက်ခံခိုင်းပြီး ဦးသိန်းစိန် ကို ထောက်ခံသည်ဟူသော အမည်နာမကို သမ္မတကြီးမှ သုံးခွင့်မပေးခဲ့ချေ။
ပညာရှင်များသည် လူတစ်ဦး၏ အဆင့်အတန်းကို ရိုးသားမှုဖြင့် တိုင်းတာကြရာ အလွန်အင်မတန် ရိုးသားပြီး ဘွဲထူးဂုဏ်ထူးများ မက်မောမှု မရှိသည့် မြန်မာသမ္မတကြီး ဦးသိန်းစိန်သည် မြန်မာလူထု၏ သည်းချေကြိုက်ဖြစ်လျှက်ရှိသည်။
သမ္မတကြီးဦးသိန်းစိန်သည် မြန်မာနိုင်ငံအား ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်အောင် တင်ပို့နိုင်သည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် တစ်ဦးဖြစ်သည့်အပြင်၊ တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ တွင် ၁၀ ဖွဲ့ အား ငြိမ်းချမ်းအောင်လုပ်နိုင်သည့် မြန်မာ့ ငြိမ်းချမ်းရေး ဗိသုကာ တစ်ဦးလည်း ဖြစ်သည်။
OIC မြန်မာနိုင်ငံတွင်ဖွင့်လစ်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD မှ ကန့်ကွက်မှု တစုံတရာ ပြုလုပ်ခြင်းမရှိခဲသလို ၈၈ မျိုးဆက် ကျောင်းသားများနှင့် အခြား သမ္မဂများကလည်း ကန့်ကွက်မှုတွေ မပြုလုပ်ခဲ့ပေ။ မြစ်ဆုံတုန်းက ကျယ်ကျယ်ပြန့်ပြန့် အသံလွှင့် ခဲ့ကြသည့် ပြည်ပ အခြေစိုက် မြန်မာသတင်း ဌာနများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ရေးသားခဲ့ကြသည့် ပြည်တွင်း ဂျာနယ်များကလည်း OIC နှင့် ပတ်သတ်ပြီး ဆန့်ကျင်ရေးသား အသံလွှင့်မှုမျိုး လုံးဝ လုပ်ဆောင်ခဲ့ခြင်း မရှိချေ။
ဒီမိုကရေစီ လမ်းကြောင်း သို့သွားနေစဉ် မမျှော်လင့်ပဲ ပေါ်ပေါက်လာသည့် မြစ်ဆုံပြဿနာ၊ ရိုဟင်ဂျာပြဿနာ နှင့် OIC ပြဿနာများတွင်လည်း ပြည်သူလူထု ဖက်မှ ရပ်တည်ကာ ဆုံးဖြတ်ချက်များ ပြတ်ပြတ်သားသား ချမှတ်ပေးခဲ့သည်။
ယခုနောက်ဆုံး မြန်မာနိုင်ငံ၏ အနာဂါတ် ဘာသာ၊ သာသနာ အတွက် အလွန်အရေးပါလှသည့် OIC ရုံးဖွင့်လစ်မည့် ကိစ္စကိုလည်း သမ္မတကြီး ဦးသိန်းစိန်မှ ဖွင့်ခွင့်မပြုကြောင်း အမိန့်ပေးခဲ့သဖြင့် မြန်မာလူထု တရပ်လုံးမှ ကျေးဇူးတင်မဆုံးဖြစ်ကာ သမ္မတကြီးအား ထောက်ခံသည့် ဆန္ဒပြပွဲများကို ရခိုင်ပြည်နယ် အနှံ့သာမက မြန်မာတနိုင်ငံလုံး အနှံ့ပါ သံဃာတော်များ ဦးဆောင်ပြီး နိုင်ငံတော်အလံများ လွှင့်ထူက ဆန္ဒပြကြမည်ဟု သတင်းရရှိသည်။
Myanmar Express
2 comments:
NLD ကိုတော့ပြေမနေပါနှင့်ဗျ။ ဒေါ်ကိုတိုင်ကကုလားမယားဆိုတော့ သူ့ လင်ဘက်ကပေါ့။ အရင်ကအကြောင်းမသိလို့ ဦးအောင်ဆန်းမျတ်နှာနှင့်ပြည်သူတွေက အားပေးကြတာ။ခုတော့လူတွေအားလုံးက အရိမ်ပြအကောင်မြင်ကြပြီးသား။ဒေါ်စုရေ ၂၀၁၅ အတွက်တော့ ဦးသိန်းစိန်ကိုမပြောနှင် ကျန်တဲ့တိုင်းရင်းသားပါတီတွေကို အရင်ယှဉ်နိုင်အောင်ကြီးစား။
All Myanmar people and Rakhine people must show support for President U Thein Sein.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်