From : NewsWatch Weekly
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၉ ရက် နေ့လည်က ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Lotte ဟိုတယ်မှာ ကိုရီးယားအသေးစားနှင့် အလတ်စားလုပ်ငန်း (The Kotra Federation of Small and Medium Business KBIZ) က တည်ခင်းသော နေ့လည်စာ စားပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။ ထိုနေ့လည်စာ စားပွဲတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် အဖွဲ့ဝင်များ တက်ရောက်ပြီး ကိုရီးယားမှ စက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ထို့နေ့လည်စာ စားပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် လူနည်းစုက ထိန်းချုပ်ထားခြင်း မရှိဘဲ နိုင်ငံသားအားလုံး ပါဝင်နိုင်ခွင့်ရှိပြီး ၄င်းတို့၏ ကုန်ထုတ်စွမ်းအင်များကို အထိရောက်ဆုံး အသုံးချနိုင်သည့် လွတ်လပ်သော စီးပွားရေး ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် Inclusive Economic Institution များ ပေါ်ပေါက်လာရန် အရေးကြီးကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတွင် အောက်ခြေအသေးစားနှင့် အလတ်စား လုပ်ငန်းများသည် အလွန်အရေးကြီးကြောင်း” ၄င်းက လက်ခံထားသည်ဟု ဆိုပါသည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာလျှင် ပြည်တွင်းအသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသည် စိန်ခေါ်မှုများ (အခက်အခဲများ) ရှိမည်ဖြစ်ကြောင်းနှင့် ထို့အတွက် ကိုရီးယားမှ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အဖွဲ့ချုပ် KBIZ (The Kotra Federation of Small and Medium Business) က ကူညီနိုင်မည်ဟု မျှော်လင့်ပါကြောင်း သမ္မတကြီးက ပြောကြားခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသို့ ပြည်ပမှ ကြီးမားသော ရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လာပါက အကြီးကြီးက အသေးလေးများကို ဝါးမျိုပစ်မည်ကို မစိုးရိမ်မကြောင့်ကြရဘဲ နိုင်ငံတော်သမ္မတက အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများကို ကာကွယ်ပေးသွားနိုင်ဖွယ် ရှိသည်ဟု သုံးသပ်ကြကြောင်း သိရှိရသည်။
Myanmar Express

1 comments:
ကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘယ်လိုရင်းနှီးမြှုပ်နှံမှုကိုမဆို လက်ခံရမှာဘဲ။ အခုအချိန်မှ ပြည်တွင်းလုပ်ငန်းရှင်၊ ပြည်ပလုပ်ငန်းရှင်ရယ်လို့ ခွဲခြားနေလို့မရနိုင်ဘူး။ ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံမှန်သမျှ အစမှာတော့ အနာခံခဲ့ဘူးတာချည့်ဘဲ။ ပြည်ပကရင်းနှီးမြှုပ်နှံသူတွေနဲ့အတူ နည်းပညာတွေ အတွေ့အကြုံတွေအများကြီးပါလာမှာပါ။ ဒါတွေကို ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက် အကျိုးရှိအောင် သုံးနိုင်မသုံးနိုင်ကတော့ ကျွန်တော်တို့ရဲ့ အရည်အချင်းပေါ်မူတည်လိမ့်မယ်။ သမ္မတကြီးအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခွင့်ထူးခံလူနည်းစုအပေါ်အခြေခံတဲ့ နိုင်ငံစီးပွားရေးစနစ်ကြီးကို ပြုပြင်နိုင်လိမ့်မယ်လို့တော့ မျှော်လင့်မိပါတယ်။ ဒီအခွင့်ထူးခံတွေကို မကာကွယ်တော့တဲ့ စီးပွားရေးစနစ် ဖြစ်တာနဲ့ ကျွန်တော်တို့နိုင်ငံ သေချာပေါက်စီးပွားရေးဖွံ့ဖြိုးလာမှာပါ။ ဒါက စင်ကာပူက စီးပွားရေးပညာရှင်တစ်ယောက်ပြောသွားတာကို ပြန်ပြောတာဖြစ်ပါတယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်