From : မော်ဒန်
လူတွေကြားထဲမှာ အခက်တွေ့နေတဲ့ ဟောင်းနွမ်းဒေါ်လာ ပြဿနာကို ဗဟိုဘဏ်အနေနဲ့ ဖြေရှင်းပေးဖို့ မကြာခင် ဆောင်ရွက်သွားမယ်လို့ ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောပါတယ်။ သူကပဲ ‘ဗဟိုဘဏ် ဥက္ကဋ္ဌကိုယ်တိုင် ဒီကိစ္စဖြေရှင်းပေးဖို့ ဆောင်ရွက်မယ်လို့ အတိအလင်း ပြောထားပြီးပြီ၊ ဒါက ဆန်ရှင်ပိတ်ဆို့မှုကြောင့် ဖြစ်တယ်’ လို့ ဆိုပါတယ်။ ပိတ်ဆို့မှုရှိတဲ့အတွက် တစ်ဆင့်ခံရတဲ့ စင်ကာပူဘဏ်တွေက ဟောင်းနွမ်းရင်၊ ခေါက်ရိုးကျိုးရင် လက်မခံတာတွေကြောင့် ပြဿနာတွေ ဖြစ်ပေါ်လာရတယ်လို့ သိရတယ်။ ကမ္ဘောဇဘဏ်မှ ဒုတိယဥက္ကဋ္ဌ(၂) ဦးသန်းလွင်က ‘ဒီပြဿနာက ဆန်ရှင်ကြောင့် ဖြစ်တယ်၊ နိုင်ငံခြားဘဏ်တွေ ဒီမှာလာဖွင့်ရင် ဒီပြဿနာ နည်းသွားမယ်၊ ပုဂ္ဂလိကဘဏ်တွေ အနေနဲ့ကတော့ MFTB တို့၊ MICB တို့က ဟောင်းနွမ်းဒေါ်လာ လက်ခံရင် လက်ခံလို့ရတယ်၊ အခုထိ ဘာညွှန်ကြားချက်မှ မရသေးဘူး’ လို့ ပြောပြခဲ့ကြောင်း သိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်