Subscribe to our RSS Feed

မြန်မာလူထု ရေဘေးကင်းဝေးစေရန် တရုတ်နိုင်ငံ တစ်ခုကသာ ဒေါ်လာသုံးသန်းအတိုးမဲ့ချေး

From :hot news

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြှုပ်မှုများ ကင်းဝေးစေ ရန်အတွက် တာတမံများပြုလုပ် ခြင်း၊ ထိန်းသိမ်းခြင်း၊ မြှင့်တင်ခြင်း၊ ရေတံခါးများတည်ဆောက်ခြင်းများ ပြုလုပ်နိုင်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ အတိုးမဲ့ချေးငွေ ဒေါ်လာသုံးသန်းထုတ်ချေးပေးခဲ့ ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာတမံများကို (၅)   ပေထပ်မံမြှင့်တင်ခြင်း၊ ပန်းတာ၊ ဖြတ်တာများတည်ဆောက်ခြင်း၊ ရေတံခါးတည်ဆောက်ခြင်းလုပ် ငန်းများကို စီမံချက်များရေးဆွဲ၍  လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့တင်ပြ ပြီးဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးသိန်းအောင် က “ဧရာဝတီတိုင်းဒေသကြီးရေနစ်  မြှုပ်မှုမှကင်းဝေးစေဖို့အတွက် တာတမံများပြုလုပ်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ဖို့တရုတ် ပြည်သူ့သမ္မတနိုင်ငံကနေပြီးတော့ အတိုးမဲ့ချေးငွေဒေါ်လာသုံးသန်း ပေးခဲ့ပါတယ်”။
“ဆောင်ရွက်ရမယ့်လုပ်ငန်း ပမာဏတွေပြန်လည်တင်ပြဖို့၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်းကြီးဌာနအစီအမံနဲ့ တာတမံ တွေ တာဘောင်တွေကို (၅) ပေ အထိမြှင့်ဖို့၊ ပန်းတာ၊ ဖြတ်တာ တည်ဆောက်ခြင်း၊ ရေတံခါးတည် ဆောက်ခြင်းလုပ်ငန်းများကို စီမံ ချက်များကို ရေးဆွဲပြီးတော့ လယ်/  ဆည်ဝန်ကြီးဌာနဆီကို တင်ပြ ထားပြီးဖြစ်ပါတယ်”ဟု ပြောသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးသိန်းအောင်မှ တိုင်းဒေသကြီး  လွှတ်တော်စတုတ္ထပုံမှန်အစည်း အဝေးပထမနေ့တွင် အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။



  Myanmar Express

2 comments:

Appreciate their help but what their desire and intention behind are. We have enough experience already. Please be considerate and wise enough for your country.

talking we dont want,,who can be do just like china?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်