From : မြဝတီ
ဗြိတိန်တပ်ဖွဲ့ဝင် ထောင်ပေါင်း များစွာအား ၂ဝ၁၃ ခုနှစ်တွင် အာဖဂန် နစ္စတန်နိုင်ငံမှ ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီး Philip Hammod က အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု AP သတင်း တစ်ရပ်အရ သိရှိရ ပါသည်။ အာဖဂန် နစ္စတန်ရှိ ဗြိတိန် တပ်ဖွဲ့ဝင် ၉၅ဝဝ အနက် ၅ဝဝ ဦးအား ၂ဝ၁၂ ခုနှစ်အတွင်း ရုပ်သိမ်း သွားမည် ဖြစ်ပါသည်။ အာဖဂန်တွင် ကျန်ရှိသော နိုင်ငံတကာ တပ်ဖွဲ့ဝင် များက အာဖဂန် တပ်ဖွဲ့များ ထံသို့ လုံခြုံရေး တာဝန်လွှဲပြောင်း ပေးမည့် ၂ဝ၁၄ ခုနှစ် ကုန်ပိုင်းတွင် နိုင်ငံသို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရှိရပါသည်။ သို့ရာတွင် ၂ဝ၁၃ ခုနှစ်တွင် တပ်ဖွဲ့ဝင် မည်မျှ ရုပ်သိမ်းမည် ဆိုသည်ကိုမူ အတိအကျ ထုတ်ဖော် ပြောကြား ခဲ့ခြင်း မရှိပါ။ ၎င်းသည် ၂ဝ၁၃ ခုနှစ်ကုန်ပိုင်းတွင် အာဖဂန်နစ္စတန်ရှိ တပ်ဖွဲ့ဝင် အရေအတွက်ကို သိသိသာသာ လျှော့ချသွားရေး စီစဉ်ထားကြောင်း Philip Hammod ကပြောကြား ခဲ့ပါသည်။ ၂ဝ၁၁ ခုနှစ်မှ စတင်၍ ယခု အချိန်ထိ ဗြိတိန် တပ်ဖွဲ့ဝင် ၄၃၃ ဦးသည် အာဖဂန် နစ္စတန်နိုင်ငံတွင် သေဆုံးခဲ့ ရကြောင်း သိရှိရပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်