မျှော်လင့်ထားသည့်အတိုင်းပင် ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုကို လစ်ဗျားနိုင်ငံအား ထိုးစစ်ဆင်ခဲ့သည့် ဥရောပ သမ္မဂ္ဂမှ ရရှိခဲသည်။ ပြင်သစ် နှင့် ဗြိတိန် အပါအဝင် ဥရောပ သမ္မဂ္ဂမှ စစ်သားများသည် ယခုအချိန်ထိ လစ်ဗျား၊ အာဖစ်ဂန်နစ်စတန်၊ အီရတ် နိုင်ငံများတွင် ရှိနေပြီး ဗြိတိန်တော်ဝင် မင်းသား ဟယ်ရီ ကိုယ်တိုင် အပါချီမောင်းကာ စစ်တိုက်နေစဉ် ကာလမှာပဲ ဥရောပသမ္မဂ္ဂကြီးမှ ငြိမ်းချမ်းရေးနိုဘယ်ဆုကြီးကို ရရှိသွားခြင်း ဖြစ်သည်။
၁၉၉၀ နောက်ပိုင်းမှာ ငြိမ်းချမ်းရေး နိုဘယ်ဆုကို အမေရိကန်၊ ဥရောပ နှင့် နော်ဝေနိုင်ငံ မှ ခေါင်းဆောင်များ နဲ့ ပညာရှင်များသာ ရရှိလာခဲ့ကြပြီး အာရှ နှင့် အရှေ့အလယ်ပိုင်းမှ ရရှိသူ အလွန်းနည်းပါလာခဲ့သည်။ အာရှ နှင့် အရှေ့အလယ်ပိုင်းမှ ရရှိသူ ရှိလျှင်လည်း အမေရိကန် နှင့် EU ကို သစ္စာမခံသည့် အစိုးများ၏ အတိုက်အခံများသာ ရှိခဲ့သည်။
ယခု ၂၀၁၂ ခုနှစ် အတွက် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ဗြိတိန် နှင့် ဂျပန် မှ ရရှိသည်။
ရူပဗေဒ ဆိုင်ရာနိုဘယ်ဆုကို ပြင်သစ် နှင့် အမေရိကန်မှ ရရှိသည်။
ဓာတုဗေဒ ဆိုင်ရာ နိုဘယ်ဆုကိုလည်း အမေရိကန် နိုင်ငံသား နှစ်ဦးကသာ ရရှိသွားသည်။

၂၀၁၀ ခု နှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဘာမှမလုပ်ပဲ ထောင်ထဲမှာ ရောက်နေတဲ့ တရုတ်အစိုးရ အတိုက်အခံ Liu Xiaobo မှ ရရှိခဲ့သည်။
၂၀၀၉ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို အာဖစ်ဂန် နှင့် အီရတ် ကို စစ်တိုက်ခဲ့သည့် အမေရိကန် သမ္မတ Barack H. Obama မှ ရရှိခဲ့သည်။
၁၉၉၁ ခု နှစ်ငြိမ်းချမ်းရေး နိုဘယ်ဆုကို ပြည်တွင်းမှာလည်း ငြိမ်းချမ်းရေး မလုပ်၊ ပြည်ပနိုင်ငံခြင်း တိုက်ခိုက်မှုကိုလည်း ရပ်တန့်အောင် ဘာမှမလုပ်ပဲ ထောင်ထဲမှာ ထိုင်နေပြီး ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့သည်။
တတိယ ကမ္ဘာစစ်ဖြစ်မည့်အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သည့် ကုလသမ္မဂ အတွင်းရေးမှူးချုပ် နှစ်ကြိမ်ဆက်တိုက် တာဝန်ယူခဲ့သူ ဦးသန့် မှာ ငြိမ်းချမ်းရေး နိုဘယ်ဆု မရရှိခဲ့ပေ။
အမေရိကန် အစိုးရ အတိုက်အခံ သူရဲကောင်းများ၊ EU အဖွဲ့ဝင်နိုင်ငံများက အတိုက်အခံ များ အဖို့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို တသက်လုံး မှန်း၍ မရနိုင်ပေ။ သမ္မတဖြစ်လျှင်တော့ စစ်တိုက်လျှင်တောင် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိသည်မှာ အိုဘားမား နှင့် EU က သက်သေဖြစ်သည်။
Myanmar Express
2 comments:
very good and truthful article.
keep it up.
congratulations
yes, this is truth
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်