Subscribe to our RSS Feed

မြန်မာနိုင်ငံ၌ သီးခြား နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ခွင့်ပြုပေးထားခြင်း မရှိ

From : ခေတ်လူငယ်


ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ယခုအချိန်အထိ မည်သည့် နိုင်ငံခြားသား၊ နိုင်ငံခြားဘဏ်ကိုမျှ သီးခြား နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ခွင့်ပြုပေးထားခြင်း မရှိသေးကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင်လည်း ကုမ္ပဏီ မှတ်ပုံတင်ခွင့် ပြုထားခြင်း မရှိသေးကြောင်း သိရသည်။ ဘဏ်လုပ်ငန်း အပါအဝင် ငွေရေးကြေးရေး လုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက တည်ဆဲဥပဒေများနှင့်အညီ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို ရယူဆောင်ရွက် ရကြောင်းနှင့် ငွေရေးကြေးရေး လုပ်ငန်းများနှင့် ဆက်နွှယ်၍ မိဘပြည်သူများ အနေဖြင့် ငွေကြေးလိမ်လည် မခံရစေရေးအတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဖုန်း ၀၆၇-၄၁၀၅၅၂၊ ၄၁၀၀၄၆၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် နေပြည်တော်ရုံးချုပ်။ ဖုန်း ၀၆၇-၄၁၈၂၀၆၊ ရန်ကုန်ရုံးခွဲ၊ ဖုန်း ၀၁-၅၄၃၇၆၂၊ မန္တလေးရုံးခွဲ၊ ဖုန်း ၀၂-၃၃၁၃၃ တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း အဆိုပါ  သတင်းထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထားပါသည်။

 
Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်