မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကို ရန်ကုန်မြို့တွင် ဗြိတိန်သံရုံးနှင့် ပူးတွဲဖွင့်လှစ်သွားမည်ဟု နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။ ရန်ကုန်မြို့တွင် ဖွင့်လှစ်မည့် ကနေဒါသံရုံးအတွက် အချိန်ပြည့် ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီးကို ခန့်အပ်ထားရှိ သွားမည်ဟုလည်း သိရသည်။ ဗြိတိန်နိုင်ငံနှင့် ကနေဒါ နှစ်နိုင်ငံစလုံးသည် နိုင်ငံခြားရေး ကိစ္စရပ်များအတွက် ဘတ်ဂျက်ပမာဏ များစွာ ဖြတ်တောက် ခံထားရသည်ဟု Globe and Mail တွင် ဖော်ပြချက်အရ သိရသည်။ ဗြိတိန်၏ Foreign Secretary ၀ီလျံဟိတ်က "နှစ်နိုင်ငံစလုံးအတွက် သင့်လျော်တဲ့နေရာတွေမှာ ကနေဒါနဲ့ သံရုံး တွဲဖက် ဖွင့်လှစ်တာ သဘာဝကျပါတယ်။ ဒါမှ အကုန်အကျ နည်းနည်းနဲ့ စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်နိုင်မှာ ဖြစ်ပါတယ်" ဟု ပြောကြားသွားခဲ့ကြောင်း သတင်းရရှိသည်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်