Subscribe to our RSS Feed

နိုင်ငံခြား ငွေကြေး အဖွဲ့အစည်းများနှင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရန် ပြည်တွင်းရှိ ငွေကြေး အဖွဲ့အစည်းများကို ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်

From :mrtv4


ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရဲ့ လမ်းညွှန် မှာကြားချက် အရ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အနေနဲ့ ၂၀၁၅ ခုနှစ်မှာ ASEAN
Financial Integration ကို စတင် ဆောင်ရွက် သွားမှာ ဖြစ်တဲ့ အတွက် ပြည်တွင်းရှိ ငွေကြေး အဖွဲ့အစည်း များဟာ နိုင်ငံခြား ငွေရေးကြေးရေး အဖွဲ့အစည်းများနဲ့ ယှဉ်ပြိုင် လုပ်ကိုင် နိုင်ဖို့ အမြန်ဆုံး ပြင်ဆင် ဆောင်ရွက် သွားဖို့ လိုအပ် တယ်လို့ သိရပါတယ်။

ဒီလို ပြင်ဆင် ဆောင်ရွက်ရာမှာ လူသား အရင်းအမြစ်၊ နည်းပညာ ကျွမ်းကျင်မှု၊ ဆက်သွယ်ရေး ကောင်းမွန်မှု ICT ပညာရပ်များ ဘက်စုံ တိုးတက်မှု စတာတွေ ပြည့်စုံမှသာ ၂၀၁၅ ခုနှစ်မှာ ပြည်ပ နိုင်ငံများနဲ့ ယှဉ်ပြိုင် နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်ရှိနေတဲ့ ၃ နှစ်တာ ကာလ အတွင်း ပြည်တွင်းရှိ ငွေရေးကြေးရေး အဖွဲ့အစည်းများက စီမံချက်များ ချမှတ်ပြီး အမြန်ဆုံး ပြင်ဆင် ဆောင်ရွက် သွားဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၁၃ ခုနှစ်မှာလည်း SEA GAME ပြိုင်ပွဲကို ပြည်တွင်းမှာ ကျင်းပ ပြုလုပ်မှာ ဖြစ်လို့ ပြည်ပ နိုင်ငံသားတွေ ၀င်ရောက်မှု ပိုမိုများပြား လာတော့မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပြည်တွင်းသို့ လာရောက်မယ့် ပြည်ပ နိုင်ငံသားတွေ ငွေသုံးစွဲမှု ကိစ္စများ အဆင်ပြေနိုင်ဖို့ အတွက်လည်း ၀န်ဆောင်မှု ပေးတဲ့အခါ အမှားအယွင်း မရှိစေဖို့ စနစ်တကျ စီမံချက်များ ချမှတ်ပြီး ဆောင်ရွက်ဖို့ လိုအပ် တယ်လို့ သိရပါတယ်။
  Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်