Subscribe to our RSS Feed

ဒေါ်လာရဖို့ ကုလားဘက်လိုက်ရေးသားသော BBC ၏ သတင်းလိမ်မှု Eleven ဖွင့်ချ

From : ..eleven


မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများတွင် မွတ်စလင် (၁၀) ဦး သေဆုံးခဲ့သည်ဆိုသော ဘီဘီစီ (မြန်မာပိုင်း) facebook စာမျက်နှာတွင် ဖော်ပြထားသော သတင်းမှာ ဟုတ်မှန်ခြင်း မရှိကြောင်း Eleven Media Group အနေဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းချက်အရ သိရှိရပါသည်။ ထို့အတူ Eleven Media Group ၏ ဒေသခံသတင်းထောက်နှင့် အဆိုပါဒေသသို့ရောက်ရှိနေသော သတင်းထောက်တို့၏ စုံစမ်းသိရှိရမှုများအရလည်း ယင်းကဲ့သို့ အစ္စလာမ်ဘာသာဝင်အများအပြား သေဆုံးခြင်းမရှိကြောင်း သိရှိရပါသည်။

ဘီဘီစီ (မြန်မာပိုင်း) ၏ facebook စာမျက်နှာတွင် "မွတ်ဆလင်ပိုင်တဲ့ ရွှေဆိုင်ကနေ စတင်လိုက်တဲ့ မိတ္ထီလာ ပဋိပက္ခမှာ အခုနောက်ဆုံး သတင်းတွေအရ အနည်းဆုံး ၁၀ ဦး သေဆုံးသွားပြီး သေသူအားလုံးဟာ မွတ်ဆလင်တွေ ဖြစ်တယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်" ဟု ဖော်ပြထားသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး Eleven Media Group မှ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးထွန်းနိုင်အား ဆက်သွယ်မေးမြန်းခဲ့ရာ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် သေဆုံးသူ (၆) ဦးရှိပြီး သံဃာတော်တစ်ပါး၊ ဗုဒ္ဓဘာသာဝင် အမျိုးသား (၂) ဦးနှင့် အစ္စလာမ်ဘာသာဝင် (၃) ဦးဖြစ်ကြောင်း အတည်ပြုပြောကြားပါသည်။

ဘီဘီစီ သတင်းဌာနအနေဖြင့် ၂၀၁၂၊ ဇွန်လက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ မတိုင်မီကလည်း ရခိုင်ပြည်နယ်အား ရိုဟင်ဂျာပြည်နယ်ဟု မှားယွင်းဖော်ပြခဲ့ဖူးသည်။


.
.
 www.MyanmarExpress.net
 

4 comments:

Elevenကို ဒီ ဗတ ခါ တော့ ကျေး ဇူး တင် ပါ တယ်



Bbc ဆို တာ ချည်း ထုတ် ကြိး ပါ

မီဒီယာတွေက နိုင်ငံတည်ငြိမ်အောင် တိုးတက်အောင် ရေးသားဖော်ပြရမဲ့အစား မတည်မငြိမ်ဖြစ်အောင် မဆူဆူအောင် လှုံ့ဆော်ရေးသားနေတယ်... အဲဒီလိုမတည်မငြိမ်နဲ့ အဓိကရုန်းတွေ များများဖြစ်လာမှပဲ hot သတင်းတွေရမယ်... ဒေါ်လာများများ တောင်းလို့ရမယ်... ထမင်းနပ်မှန်ကြမယ် ထင်ပါရဲ့... ဒီမိုကရေစီနဲ့ မတန်ဘူးဗျာ... စစ်အုပ်ချုပ်ရေးနဲ့ပဲ တန်တယ်...

ဒါ မှ မြန် မာ အ စစ် ကွ။ ဘီ ဘီ စီ ဆို တာ သ တောင်း စား တွေ ဘဲ။ ပြည် ပ မှာ အ သက် ဆက် ဖို့ အ တွက် ပိုက် ဆံ ရ တာ မှန် သ မျှ အ ကုန် လုပ် ရ တာ ဘဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်