Subscribe to our RSS Feed

၂၀၁၂-၂၀၁၃ တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၅၀၀၀ ခန့် ပျက်ကွက်

From : ..myanma age
 
အောက်မြန်မာပြည်တွင် ၂၀၁၂-၂၀၁၃ နှစ်အတွက် တက္ကသိုလ် ၀င်တန်း ဖြေဆိုသူ စာရင်းရှိ ဦးရေ ၁၅၅၇၉၀တွင် လာရောက်မဖြေသူ ၁၅၀၀၀ ကျော်ခန့် ရှိကြောင်းအမှတ်(၁) အခြေခံပညာ ဦးစီးဌာန အောက်မြန်မာပြည်မှ သိရသည်။

ယင်းကဲ့သို့ လာရောက် မဖြေဆိုသူများတွင် ဇီဝဗေဒဘာသာတွဲ
တွင် စာရင်းရှိ ၃၁၃၅၁တွင် ပျက်ကွက်သူ ၁၉၁၆ ဦး၊ ဘောဂဗေဒ ဘာသာတွဲတွင် စာရင်းရှိ ၁၂၄၂၉၀ တွင်ပျက်ကွက်သူ ၁၂၀၉၂ ဦး ရှိပြီး ဝိဇ္ဇာတွဲ ဖြေဆိုရန် ပျက်ကွက်သူ ၂၁၁၂ဦးရှိကြောင်း သိရှိရ
သည်။

၂၀၁၁-၂၀၁၂နှစ်က အောက်မြန်မာပြည်တွင် စာရင်းရှိ ၁၅၁၁၉၆ ဦးတွင် ဖြေဆိုရန်ပျက်ကွက်သူ ၁၆၄၄၈ ဦး ရှိပြီး ပျက်ကွက်သူ ၉.၂ ရာခိုင်နှုန်းခန့်ရှိပြီး၂၀၁၂-၂၀၁၃ ပညာသင်နှစ်နှင့် နှိုင်းယှဉ်ပါက
ယခုနှစ်တွင် စာမေးပွဲလာရောက်မဖြေဆိုသူ ပိုများကြောင်း
သိရသည်။

ပညာရေးဝန်ကြီးဌာန အောက်မြန်မာပြည်တွင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့ ပါဝင်ကြောင်း သိရသည်။
 

 .. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်