Subscribe to our RSS Feed

လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအ၀င် အကြမ်းဖက်မှုများအား တည်ဆဲဥပဒေများနှင့် အညီကိုင်တွယ်ဆောင်ရွက်မည်

From : ..eleven

လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအ၀င် အကြမ်းဖက်မှု အားလုံး ကိုအစိုးရအဖွဲ့မှ တည်ဆဲဥပဒေများ နှင့်အညီ အစွမ်းကုန် တားဆီးကိုင်တွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သတင်း ထုတ်ပြန်ရေးအဖွဲ့မှ သတင်း ထုတ်ပြန်ချက်(၇/၂၀၁၃)ဖြင့် မတ်လ၂၅ရက် နေ့ည ၈နာရီတွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင်အကြမ်းဖက်မှု၊ မီး လောင်ကျွမ်းမှုနှင့် အဓိကရုဏ်း များကြောင့် အိုအိမ်စွန့်ခွာခဲ့ရသော ဒုက္ခသည် ပြည်သူလူထု၏ အရေးပေါ်စားဝတ်နေရေး၊ လုံခြုံရေးကို အပြည့်အ၀ ကူညီဆောင်ရွက် သွားမည်ဖြစ်ပြီးလုံခြုံရေးအခြေအ နေတည်ငြိမ်လာသည်နှင့်အမျှ ဒုက္ခသည်များ ပြန်လည် နေရာချ ထားရေးကို အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
လူသားချင်းစာနာသည့် အကူအညီများကို ပေးနိုင်ရန်အတွက် လူထုအခြေပြု လူ့အဖွဲ့အစည်းများ၊ ပုဂ္ဂလိကများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် လက်တွဲဆောက်ရွက်သွားမည်ဖြစ်ပြီး ပဋိပက္ခကြောင့် ခံစားထိခိုက်ခဲ့ရသည့် လူ့အဖွဲ့အစည်းများအကြား ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင်မည့် ဆွေးနွေးမှုများနှင့် စိတ်ခံစားချက်များကို ကုစားနိုင်မည့် အလုပ်ရုံဆွေးနွေးပွဲများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ယခုအခါ နိုင်ငံတော်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ လုပ်ဆောင် နေသည်ဖြစ်ရာ ယင်းလုပ်ငန်းများကို ထိခိုက်မည့် အကြမ်းဖက်မှုများ၊ ဘာသာရေး အစွန်းရောက်မှုများကို ရှောင်ရှားကြပါရန် လည်း အစိုးရအဖွဲ့မှ ပြည်သူများကို တိုက်တွန်းထားသည်။

.. www.MyanmarExpress.net
 

7 comments:

အခုဖြစ်နေတာတွေ အားလုံးက အစီုးရအသုံးမကျလို့  ပဲ ငါတို့  မြန်မာတွေအတွက် ကာကွယ်ပေးမယ် ဥပဒေ ဘာများရှိလို့  လဲ ကုလားနဲ့ မြန်မာ ပြဿနာ ဖြစ်ယင် ကုလားပဲနိုင်တာလေ ဝန်ထမ်းသူခိုး / ဝန်ထမ်းဒပြ / ဝန်ထမ်းသူတောင်းစား တွေကြောင့် မြန်မာတွေပဲခံနေရတာ မင်းမကောင်းလို့ ဒီလိုတွေ ဖြစ်နေရတာ လွတ်တော်မှာလဲ အမျိုးစောင့် ဥပဒေထုတ်ဖို့  ဘယ်သူများတင်ပြ ဖူးလဲ အေး မင်းတို့ မှလုပ်မပေးတာ ငါတို့ ပဲလုပ်တော့မယ် ၈၈ ဆိုတာ သေးသေးလေး ၉၆၉ က အကြီးကြီးနော် ဥပဒေမြန်မြန်ထုတ် မဟုတ်ယင် ကုလားမျိုးပြုတ်လိမ့်မယ်းး ပုံ /၉၆၉

ကျဉ်းမြှောင်းတဲ့ လူမျိုးရေးအအတွေး အခေါ်နဲ့ မကြည်ပါနဲ့။ ဒါဟာဒီမိုကရေစီခေတ်။ နိုင်ငံတော်ကို ဆူပူအောင် လုပ်ဖို့ မစဉ်းစားပါနဲ့။ တရားမမျှတမှု အတွက် လွတ်လပ်စွာ ဆန္ဒဖော်ထုတ် ခွင့်ရှိပါတယ်။ လွတ်လပ်စွာ အကြမ်းဖက်ခွင့် ဘယ်နိုင်ငံမှာမှ မရှိပါဘူး။ မြန်မာနိုင်ကြီး အေးချမ်းသာယာဖို့အတွက် ဥပဒေ ရယ် အစိုးရရယ် တပ်မတော်ရယ် လိုအပ်လာပါကကျည်ဆံတွေရယ်မှာ တာဝန်ရှိပါတယ်။ ဒီမိုကရေစီနဲ့ တန်အောင်နေတတ်ဖို့ ကြိုးစားပါ။

အကြမ်းဖက်မှု မုန်းတီးသူ။

Meg dawt a phan khan ya dawt mal.

သာသနာ အစစ် ပျောက်ကွယ်လိမ့်မယ် ။ သူများကြောင့်မပျက် ၉၆၉ ကြောင့် ပျက်လိမ့်မယ်။

မှန်တယ်အရည်အချင်းမရှိတဲ့လူတွေအုပ်ချုပ်နေတာ

Dar so969 ko phann ya aung.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်