From :popular
မန်းလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပုဏ်ဏားကုန်းကျေးရွာ အလှူတစ်ခုတွင်ဖြစ်ပွားခဲ့သော လူတစ်ရာကျော် အစာအဆိပ်သင့်မှုအား၊
လူအယောက်တစ်ထောင်ကျော် အစာအဆိပ်သင့်ပြီး လူတစ်ယောက်သေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သောကြောင့် ဗဟိုကူးစပ်အဖွဲ့မှဦး
ဆောင်ကာ မန်းလေးတိုင်းဒေသကြီး အထူးရောဂါနှိမ်နင်းရေးအဖွဲ့တို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
လူအယောက်တစ်ထောင်ကျော် အစာဆိပ်သင့်ပြီး လူတစ်ဦးသေဆုံးသည်မှာ မဟုတ်မှန်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၉ရက်နေ့ အဆိုပါကျေးရွာ၊ အလှူတစ်ခုမှ
ကျွေးသော ငံခြောက်နှပ်၊ ပဲသုပ်၊ အအေး၊ ပဲတိချဉ်သုပ်စသည့် အစားသောက်များစားပြီး ရွာသူရွာသားများမှာ
ဝမ်းလျှောသည့်ရောဂါလက္ခဏာများဖြစ်ပေါ်လာသောကြောင့် ပုသိမ်ကြီးမြို့နယ်ဆေးရုံသို့လည်းကောင်း၊ ဖြစ်သည့်နေရာတွင် ကျန်းမာရေးစောင့်ရှောက်သည့်အဖွဲ့များမှ ကွင်း
ဆင်းကုသမှုများလုပ်ပေးခဲ့ကြောင်း လိုအပ်ပါက အခြားဆေးရုံများသို့ ပို့ဆောင်ခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း အဆိုပါကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။
ဖြစ်စဉ်ကြောင့် ကျေးရွာသူကျေးရွာသား ၁၅၆ဦး ရောဂါစမ်းသပ်ခဲ့ပြီး အဆိပ်သင့်ရောဂါလက္ခဏာဖြစ်သူ ၈၉ဦးအား လိုအပ်သည့်
ကုသမှုများလုပ်ဆောင်ပေးခဲ့ပြီး ပုသိမ်ကြီးမြို့နယ်ဆေးရုံသို့ ကျား ၈ဦး၊ မသုံးဦးပို့ဆောင်ကုသပေးခဲ့ကြောင်
း မန်းလေးမြို့ ပုဂလိက ဆေးရုံသို့ မ၂ဦး ပို့ဆောင်ကုသခဲ့ကြောင်း မန်းရှိ ကူးစပ်ရောဂါအထူးကုဆေးရုံသို့ ကျား ၁ဦးမ ၁ဦး ပို့ဆောင်ကုသပေးခဲ့ရကြောင်း ပုသိမ်ကြီးမြို့နယ်
ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်အား ဗဟိုကူးစပ်အဖွဲ့မှဦးဆောင်ကာ မန်းလေးတိုင်းဒေသကြီး အထူးရောဂါနှိမ်နင်းရေးအဖွဲ့တို့မှ
အချက်ပြုတ်တွင် ပါဝင်သူများအား စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အစားသောက်၊ မစင်နှင့် ချက်ပြုသူများ၏ လက်နှင့် နှာခေါင်းအတွင်းအား သန့်ရှင်းသော
အ၀တ်(တို့ပတ်ပုံစံ)ဖြင့် ထိတွေ့ ယူထားကာ ကူးစပ်ရောဂါပိုးရှိမရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးထားကြောင်း စစ်ချက်မှာ
တစ်ပတ်ခန့်ကြားဦးမည်ဖြစ်ကြောင်း မန်းတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
အဓိကကတော့ ကူးစပ်ရောဂါပိုးရှိမရှိကို စိုးရိမ်တာပါပဲ။ အစားအသောက်တွေနဲ့ ချက်တဲ့ပြုတ်တဲ့လူတွေကို စစ်ဆေးတယ်
။ နောက်ပြီး သူတို့ လက်နဲ့ နှာခေါင်းအတွင်းပိုင်းက ပိုးတွေကို စစ်ထားတယ်ဟု အဆိုပါ အရာရှိကပြောသည်။
. www.MyanmarExpress.net

1 comments:
တိုင်းမှုး(လ.ပ.ခ)ခင်ဗျ။
စခန်းရုံး(လ.ပ.ခ)ရဲ့တရားမျှတမှု့မရှိခြင်းအပေါ်စိစစ်ပေး ပါရန်လေးစားစွာတင်ပြပါသည်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်