Subscribe to our RSS Feed

မဟာသင်္ကြန်မဏ္ဍပ်နေရာများ စတင်လျှောက်ထားနိုင်

From : the voice
 


သင်္ကြန်ပွဲတော်တွင်ရေကစားမဏ္ဍပ်များဆောက်လုပ်မည့် နေရာများကို သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံ မတ်လ ၆ရက်နေ့မှ စတင် လျှောက်ထားနိုင်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ထုတ်ပြန်ကြေငြာချက် အရ သိရသည်။

မဏ္ဍပ်နေရာလျှောက်ထားမည့် ကုမ္ပဏီများ၊အဖွဲ့အစည်းများ အနေဖြင့် သက်ဆိုင်ရာ မြို့နယ် အေထွအထွေ အုပ်ချုပ်ရေးမှူးများ ထံသို့ ယခုလ ၁၅ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာတင်ရမည်ဖြစ်ကြောင်း၊ မဏ္ဍပ်ကိုတာဝန်ခံမည့်သူကိုယ်တိုင် လျှောက်ထားရမည်ဖြစ်ကြောင်း
ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဓမဏ္ဍပ်နေရာလျှေက်တဲ့သူကတော့ များမှာပါပဲဒါပေမယ့်လုပ်နေကြသူတွေပဲ လုပ်ခွင့်ရမှာပါဓဟု ကန်တော်ကြီးပတ်လမ်းတွင် လေးနှစ်ဆက်တိုက် မဏ္ဍပ်ဆောက်လုပ်သူ တစ်ဦး က ပြောကြားသည်။

ယခင်နှစ်များတွင် ကန်တော်ကြီးပတ်လမ်းနှင့်ကမ္ဘာအေးဘုရားလမ်းများတွင် မဏ္ဍပ်အကြီးများအများဆုံးရှိပြီး အစည်ကားဆုံးနေရာများဖြစ်ခဲ့ပြီး ကန်တော်ကြီး ပတ်လမ်းတစ်ခုထဲတွင် မဏ္ဍပ်အရေအတွက် ၂၀ကျော် အထိရှိခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွအုပ်ချုပ်ရေးမှူး
ရုံးမှ သိရသည်။

မဏ္ဍပ်များကို ပေ၁၀၀ကျော်လျှင် အကြီး၊ပေ၅၀နှင့်၁၀၀အကြားရှိပါက အလတ်၊ပေ၅၀အောက်ကိုအသေးဟုသတ်မှတ်ထားပြီး ဆောက်လုပ်ခွင့်
ရရှိပါက ပြန်လည်လက်လွှဲရောင်းချခြင်းကို ခွင့်မပြုကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ဆောက်လုပ်ခွင့်ရမဏ္ဍပ်များတွင် နာမည်ကြီး တေးသံရှင် များ ဖျော်ဖြေမည် ဆိုပါက စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့၏ ကြီးကြပ် ကွပ်ကဲမှု ကို ခံယူရမည် ဖြစ်ကြောင်း၊သင်္ကြန်မဏ္ဍပ်များဆောက်လုပ်ခြင်းအတွက်
ဆောက်လုပ်မည့် မဏ္ဍပ် အရွယ်အကြီး၊အသေး၊အလတ်ကိုလိုက်၍ ၊မြေအသုံးပြုခ၊ရေဆက်သွယ်သုံးစွဲခ၊ သန့်ရှင်းရေးဝန်ဆောင်မှုများအတွက်၊ ရန်ကန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ သက်ဆိုင်ရာဌာနများသို့ ကျသင့်ငွေပေးသွင်းရမည်ဖြစ်ကြောင်းမဏ္ဍပ်ဆောက်လုပ်ခွင့်
လျှောက်လွှာတွင်ပါရှိသည်။

 
 www.MyanmarExpress.net
 

1 comments:

တိုင်းမှုး(လ.ပ.ခ)ခင်ဗျ။
စခန်းရုံး(လ.ပ.ခ)ရဲ့မတရားမှု့တွေကိုစိစစ်ပေးပါရန်တင်ပြပါသည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်