From :
...မြဝတီ
. www.MyanmarExpress.net
နေပြည်တော် မတ် ၁၉
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
အစီရင်ခံစာ အပေါ် အကောင် အထည်ဖော် ဆောင် ရွက်ရေး ကော်မတီက ဖွဲ့စည်းတာဝန်
ပေးအပ်ထားသော အဖွဲ့များသည် စီမံကိန်း နယ်မြေ၏ ကျေးရွာများ သို့ သွားရောက်၍
အဖွဲ့ငယ်များဖြင့် မြေယာများ စိစစ် တိုင်းတာခြင်း၊ စိုက်ပျိုး မြေများ
ဖော်ထုတ်နိုင်ရေး ညှိနှိုင်းခြင်း၊ အလုပ်အကိုင် ရရှိရေးနှင့် ပညာရေး၊
ကျန်းမာရေး ဆောင် ရွက်ပေးရန် ရှိသည်များကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။
မတ် ၁၈ ရက်တွင် သိမ်းဆည်းမြေ ယာများ
စိစစ်ရေး အဖွဲ့အနေဖြင့် ဖောင်းကတာ၊ ရွာရှည်၊ တုံ၊ တောင်ပလူ ကျေးရွာ
အုပ်စုများမှ တောင်သူ ၉၆ ဦးအား မြေယာ လျော်ကြေး ငွေကျပ် ၂၈၄၉ သိန်းကျော်
ထပ်မံ ပေးအပ်ခဲ့သဖြင့် မတ် ၁၆ ရက်မှ ၁၈ ရက်အထိ စုစုပေါင်း တောင်သူ ၂၅၉
ဦးအား မြေယာလျော်ကြေးငွေ ကျပ် ၈၄၄၇ သိန်းကျော် ပေးအပ်ခဲ့သည်။
မြေယာ လျော်ကြေးငွေ ပေးအပ်ရာ၌ ဒေသခံ
တောင်သူများမှ တင်ပြသော မြေယာ လျော်ကြေး ကန့်ကွက်လွှာ (၁၄) စောင်ကို
လက်ခံရရှိပြီး သိမ်းဆည်း မြေယာများ စိစစ်ရေး အဖွဲ့မှ မှတ်တမ်းတင်
စိစစ်ဆောင်ရွက် ပေးမည် ဖြစ်သည်။ မြေယာလျော်ကြေး ကန့်ကွက် လွှာများမှာ
ကိုယ်စား ထုတ်ယူမှုကို ကန့်ကွက်ခြင်း၊ အမွေဆိုင် ဖြစ်၍ ကန့်ကွက်ခြင်း၊
မြေယာပြန်လည် တိုင်းတာပေးရန် ကန့် ကွက်ခြင်းနှင့် လျော်ကြေး နှုန်းထားများ
သတ်မှတ်ရာ တွင်မြေအမျိုး အစား ကွဲလွဲချက်များ ရှိသဖြင့် ကန့်ကွက်ခြင်း
တို့ဖြစ်ကြောင်း သတင်းရရှိသည်။
. www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်