From :
..eleven
မိတ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ငါးခုတွင် ဒုက္ခသည်ဦးရေ တစ်သောင်းနီးပါး ရှိနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားခဲ့သည်။
အဆိုပါ ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိနေသည့် ဒုက္ခသည်အများစုမှာ စားသောက်မှု အပိုင်းထက် နေထိုင်မှုအပိုင်းတွင် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ကိုယ်တိုင်ကြုံ တွေ့ သူများ၏ ပြောကြားမှုအရ သိရှိရသည်။
သမုန်းကုန်း ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေသည့် ဒေါ်ယဉ်ထွေးက “ဒီကယ်ဆယ်ရေးစခန်း အနေနဲ့ စားဖို့သောက်ဖို့ လိုအပ်မှုတွေ သိပ်မရှိဘူး။ ဒါပေမယ့် ကျောင်းမှာ လူအရမ်းများတဲ့အတွက် နေရထိုင်ရတာ အဆင်မပြေ ဖြစ်နေတယ်။ နောက်ထပ်ရောက်လာတဲ့ သူတွေကိုတော့ အပင်အောက်တွေလို နေရာမျိုးတွေမှာ အဆင်ပြေသလိုပဲနေ ထိုင်နေရတယ်။ နေ့ခင်းဘက်တွေမှာ အရိပ်အာဝါသ မရှိသလို ညဘက်တွေမှာလည်း စိုးရိမ်စိတ်တွေနဲ့ လုံခြုံမှုမရှိသလို ခံစားနေရတယ်” ဟု ပြောကြားခဲ့သည်။
မိတ္ထီလာမြို့ရှိ ကယ်ဆယ်ရေးစခန်း အများစုတွင် နေထိုင်မှုအတွက် အခက်အခဲများ ရှိနေသည့်အပြင် မိသားစု ကွဲကွာနေမှုများလည်း ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ ယင်းအခြေအနေနှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်က “ကယ်ဆယ်ရေး စခန်းတွေကို သွားရောက် လေ့လာတဲ့အခါမှာ အများစုရဲ့ အဓိက တောင်းဆိုတဲ့အချက်က သူတို့ရဲ့ ကွဲကွာနေကြတဲ့ မိသားစုကို ပြန်လည်တွေ့ဆုံဖို့ ပြောလာကြတယ်။ ဒါကြောင့် ဒီလို အခြေအနေတွေကို အမြန်ဆုံး အကောင်အထည် ဖော်သွားဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မိတ္ထီလာမြို့၊ ခရိုင်အားကစားကွင်း အတွင်းတွင် ရောက်ရှိနေသော ဒုက္ခသည်များကို အမိုးအကာအောက်သို့ ရောက်ရှိစေရန်အတွက် မြို့ပေါ်ရှိ စာသင်ကျောင်းများသို့ ပြောင်းရွှေ့နေရာချထား ပေးလျက်ရှိကြောင်း သိရသည်။
.. www.MyanmarExpress.net

3 comments:
ရခိုင်ကယ်ရ မိတ္ထီလာကယ်ရနဲ့ကွာ
မင်ကိုနိုင်တို့ကပိုင်ပကွာ။အာရပ်ကဒေါ်လာတွေယူပြီးပြန်ပြီး
အစွန်းရောက်တွေလုပ်တဲ့ ကောင်းစားရေးက
အခုတော့ တောင်းစာရေး ဖြစ်နေပြီ။
ကယ်ဆယ်ရေးဆိုတာ မွန်မြတ်ပါတယ်
ကယ်ဆယ်ရေးကို မကောင်းဘူးပြောတာ
ချေးစား ငရဲကို ရောက်မဲ့ ခွေးတွေ ပြောတာ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်