Subscribe to our RSS Feed

မိတ္ထီလာ မြို့နယ်အတွင်း တည်ငြိမ် အေးချမ်းမှု ပြန်လည် ရရှိလာပြီး တပ်မတော် လေယာဉ်ဖြင့် စားသောက်ကုန်နှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်ပေး

From : ..မြဝတီ


မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာ မြို့၌ ၂ဝ၁၃ ခုနှစ် မတ် ၂ဝ ရက် နှင့် ၂၁ ရက်တို့တွင်  ဖြစ်ပွားခဲ့သည့် သာမန်ဈေး အရောင်းအဝယ် အချင်း များရာမှ မကျေနပ်သူ များ၏ လူစုဖြင့် အဆောက်အအုံ များနှင့် ဈေးဆိုင်ခန်း များအား ဖျက်ဆီးမှုများ ဖြစ်ပွား ခဲ့သဖြင့် နိုင်ငံတော် သမ္မတ ရုံး၏ ဥပဒေ ကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂ဝ၁၃) ဖြင့် အရေးပေါ် အခြေအနေကို မတ် ၂၂ ရက်က  ထုတ်ပြန် ခဲ့ပါသည်။
ထို့အပြင် မိတ္ထီလာ မြို့နယ်အတွင်း တည်ငြိမ် အေးချမ်းစေရေး အတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့က  မတ် ၂၂ ရက်မှ စတင်၍ ဗဟို ကွပ်ကဲမှု အဖွဲ့ လုံခြုံရေး ကော်မတီ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ကော်မတီ၊ တရား ဥပဒေ စိုးမိုးရေး ကော်မတီ၊ ပညာရေး ကော်မတီ၊ ကျန်းမာရေး ကော်မတီ၊ သာသနာရေး ကော်မတီနှင့် ပြန်ကြားရေး ကော်မတီများ ဖွဲ့စည်း၍ တာဝန်ပေးအပ် ဆောင်ရွက်လျက် ရှိသည်။
နိုင်ငံတော် သမ္မတ ရုံးက မတ် ၂၂ ရက်တွင် အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာ ပြီးနောက် မိတ္ထီလာ မြို့သို့ တပ်မတော်မှ ည ၇ နာရီ မိနစ် ၄ဝ တွင် ရောက်ရှိပြီး နယ်မြေ လုံခြုံရေး ကိစ္စရပ် များအား စတင် ဆောင်ရွက်ခဲ့ရာ မိတ္ထီလာ မြို့နယ်အတွင်း ၎င်းနေ့ညပိုင်း မှစ၍ နယ်မြေတည်ငြိမ် အေးချမ်းမှုများ ပြန်လည် ရရှိလာ သဖြင့် မိတ္ထီလာ မြို့တွင် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်မှ စတင် ကာ နေအိမ် ဈေးဆိုင်များ ပြန်လည်ဖွင့်လှစ် ရောင်းချလျက် ရှိပြီး အများ ပြည်သူများ သွားလာလျက် ရှိသော နေရာများတွင် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်း၍ ကင်းလှည့်ခြင်း၊ မြို့တွင်း ရှိ အပျက်အစီး ပစ္စည်းများအား တပ်မတော် သားများနှင့် စည်ပင် သာယာရေး ဝန်ထမ်းများက ရှင်းလင်း သိမ်းဆည်းခြင်း၊ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံ နေကြသူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခြင်းများ ပြုလုပ်ပေးလျက် ရှိသည်။
၎င်းအပြင် ယနေ့ နံနက်ပိုင်း တွင်လည်း ဒုက္ခသည် များ၏ အခြေခံ လိုအပ်ချက် ဖြစ်သော ရေသန့်၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ကုန် များအား ဖြန့်ဝေပေးလျက် ရှိပြီး ဒေသခံ ပြည်သူများ လတ်တလော ရပ်တည်နိုင်ရန် အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီး ဌာနနှင့် စေတနာရှင် ပြည်သူများက လှူဒါန်းသော စားသောက်ကုန်နှင့် ကယ်ဆယ်ရေး ပစ္စည်း များကို ရန်ကုန်မြို့မှ တပ်မတော် လေယာဉ်များဖြင့် မိတ္ထီလာ မြို့သို့ သယ်ယူ ပို့ဆောင်ပေး လျက်ရှိသည်။
နယ်မြေတည်ငြိမ် အေးချမ်းနေပြီ ဖြစ်၍ ဒေသခံ ပြည်သူများ အနေဖြင့် မိမိတို့ နေအိမ်များသို့ ပြန်လည်သွားရောက် ကြည့်ရှု နိုင်သကဲ့သို့ နေအိမ်များတွင် ပြန်လည်နေထိုင် လိုသူများ ကိုလည်း သက်ဆိုင်ရာမှ တာဝန်ယူ လိုက်ပါပို့ဆောင် ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။


.. www.MyanmarExpress.net
 

2 comments:

မိတ္ထီလာကြီး ပြန်လည်အေးချမ်းလာပြီဆိုပေမယ့် အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို ဆက်လက်ဖမ်းဆီးဖို့ လိုပါသေးတယ်။ လူ ၅၀ ကျော်လောက် အင်အားနဲ့ မိတ္ထီလာမြိုကြီး အချိန်တိုအတွင်းမှာ ဒီလောက် အထိပျက်စီးနှိုင်ပါ့မလား။ စဉ်းစားဖို့ လိုပါတယ်။ အားလုံးဟာ လက်ပိုက်ကြည့်နေကြတာ မဟုတ်ပါဘူး။

တရားဝင်သေတာ ၃၀ ကျော်။ တရားဝင်ဆေးကုသမှု ခံယူပြီး ဒဏ်ရာရတာ ၃၀ ကျော်။ ပျက်ဆီးသွားတာက တစ်မြို့လလုံးနီးပါး။ အိုးမဲ့ အိမ်မဲ့ ဖြစ်သူက ထောင်နဲချီ။ ဒါတွေကို အကြမ်းဖက်သူ ၅၀ ကျော်လောက်နဲ့ လုပ်တာ ဖြစ်နိုင်ပါ့မလား။ စဉ်းစားဖို့ လိုပါတယ်။ ကျန်တဲသူတွေကို ဘယ်လို ဆက်လက်ဖမ်ဆီးပြီး အရေးယူတာ လုပ်မှာလဲ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်