From :
..eleven

မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်ရှိ ကားကြီးဝင်းအနီး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်နေစဉ်
မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် မိထ္ထီလာမြို့၏ ပဋိပက္ခ အခြေအနေမှာ ၂ ရက်တာ ကြာမြင့်လာသည်အထိ အခြေအနေ တည်ငြိမ်မှု မရှိသေးဘဲ အချို့နေရာများတွင် ဖောက်ထွင်းလုယက်မှုများ ရှိလာကြောင်း စုံစမ်းသိရှိရပါသည်။ မိထ္ထီလာ ပဋိပက္ခဖြစ်စဉ်ကြောင့် သေဆုံးမှုများ ရှိနေရာ တရားဝင် ထုတ်ပြန်မှုများထက် သေဆုံးမှု များပြားကြောင်း သတင်းများ ထွက်ပေါ်နေပြီး မည်မျှသေဆုံးသည် ဆိုသည်ကို အတိအကျ အတည်ပြုရန် ခက်ခဲနေဆဲဖြစ်ကြောင်း Eleven Media Group သတင်းထောက်များ၏ သတင်းပေးပို့မှုအရ သိရသည်။
မိထ္ထီလာမြို့၏ လက်ရှိအခြေအနေသည် မီးရှို့ဖျက်ဆီးမှု အခြေအနေမှ ဖောက်ထွင်းလုယက်မှုများ လုပ်ဆောင်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း မိထ္ထီလာမြို့ရှိ အမည်မဖော်လိုသူ လုံခြုံရေး အရာရှိတစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။
ထို့အတွက်ကြောင့် မိထ္ထီလာမြို့တွင်း၌ တုတ်၊ ဓားကိုင်ဆောင်ပြီး သွားလာနေသူများကို ဖမ်းဆီးစစ်ဆေး လျက်ရှိပြီး ဖောက်ထွင်းလုယက် ပစ္စည်း သယ်ဆောင်လာသူများကိုလည်း ဓာတ်ပုံရိုက်၊ မှတ်တမ်းယူပြီး ပစ္စည်းကို ပြန်လည် သိမ်းဆည်းခြင်းများ လုပ်ဆောင်နေသည်ဟု မိထ္ထီလာမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောပါသည်။
မိထ္ထီလာမြို့၏ မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်း အခြေအနေမှာ သီရိမင်္ဂလာရပ်ကွက်ရှိ ကားကြီးဝင်း အနီးတွင် မီးလောင်မှု အချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ မီးလောင်ကျွမ်းမှုများကို မြင်းခြံ၊ ကျောက်ဆည်၊ ရမည်းသင်း၊ မိထ္ထီလာခရိုင် လေးခရိုင် မီးသတ် မော်တော်ယာဉ်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ကြိုးစားငြိမ်းသတ်မှုများ ပြုလုပ်နေသည်ဟု မိထ္ထီလာမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ပြောကြားပါသည်။

မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း အတွင်းသို့ ရောက်ရှိနေသော အစ္စလာမ်ဘာသာဝင်များကို မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။
“ရပ်ကွက်အချို့မှာ မီးလောင်မှုတွေ ထပ်ဖြစ်တယ်လို့ သိရတယ်။ အချို့နေရာတွေမှာ မနေ့ကလိုပဲ အပြန်အလှန် ရန်ပြုမှုတွေရှိပြီး ထိခိုက်ဒဏ်ရာ ရတာတွေ ရှိတယ်လို့လည်း သိရတယ်။ ဒါပေမယ့် အချို့သတင်းတွေက မျိုးစုံကြားနေရပေမယ့် အတိအကျ အတည်ပြုဖို့ ခက်ခဲနေပါသေးတယ်။ မီးလောင်ကျွမ်းမှုတွေက ဒေသခံတွေကို စိုးရိမ်စေပါတယ်။ မြို့ရဲ့ဖွဲ့စည်းပုံအရ အချို့နေရာတွေမှာ လမ်းတွေက ကျဉ်းတဲ့အတွက် နောက်ပြီးနွေရာသီလည်း ဖြစ်နေတဲ့အတွက် အန္တရာယ်ရှိပါတယ်။ အခုလောလောဆယ်မှာ ဆိုင်တွေအားလုံးနီးပါး ပိတ်ထားပါတယ်။ ပုံမှန်သွားလာမှုအချို့ ရှိတယ်ဆိုပေမယ့် ဒီနေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက လမ်းဆုံလမ်းခွတွေမှာ နေရာယူပြီး တုတ် ဓါး လက်နက် ကိုင်ဆောင်မှုတွေ မသင်္ကာမှုတွေကို ခေါ်ယူစစ်ဆေးနေတာတွေ ရှိတဲ့အတွက် မြို့ထဲမှာ အသွားအလာ နည်းနည်းကျဲသွားတယ်။ အားလုံးကတော့ ကိုယ့်နေရာကိုယ် လုံခြုံမှုရှိအောင် နေနေကြတယ်။ တုတ်ဓါးလက်နက် ကိုင်ဆောင်ထားတဲ့ လူအုပ်စုတွေကတော့ သူ့နေရာနဲ့သူ ရှိနေတုန်းပါပဲ” ဟု Eleven Media Group သတင်းထောက်က ပြောကြားခဲ့ပါသည်။
လတ်တလော၌ ပဋိပက္ခဖြစ်ပွားရာ မိထ္ထီလာမြို့တွင် တရားဥပဒေ စိုးမိုးမှုဖြင့် ဒေသတည်ငြိမ်မှုရှိအောင် အပြည့်အ၀ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း၊ လုံခြုံရေးအင်အား လောက်ငှမှု မရှိကြောင်း လုံခြုံရေးလုပ်ငန်းများ လုပ်ဆောင်ရန် လုံလောက်သော ပံ့ပိုးပစ္စည်းများ လိုအပ်မှုများ ရှိနေကြောင်းလည်း သိရသည်။ တုတ် ဓါးလက်နက် ကိုင်ဆောင်ထားသော လူအုပ်စုများလည်း နေရာအနှံ့တွင် ရှိနေဆဲဖြစ်ကြောင်း အချို့မှာ မိမိလုံခြုံမှုအတွက် ခုခံကာကွယ်ရန် ပြင်ဆင်မှုများ ရှိနေကြောင်း သိရှိရသည်။
မိထ္ထီလာ-ကျောက်ပန်းတောင်းလမ်း ကျောက်ပန်းတောင်ဘက်က ၀င်လာသူများ အားလုံးကို ရဲတပ်ဖွဲ့ဝင်များမှ စစ်ဆေးလျက်ရှိပြီး တုတ်၊ ဓားလက်နက် ကိုင်ဆောင်လာသူ မှန်သမျှကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ထို့အပြင် သဲတော - ၀မ်းတွင်း ဘက်တွင်လည်း လမ်းပေါ်တွင် သွားလာလှုပ်ရှားနေသူ အားလုံးမှာ တုတ်၊ ဓားလက်နက် ကိုင်ဆောင်ပြီး သွားလာနေကြောင်း Eleven Media Group သတင်းထောက်က ပြောပါသည်။
လက်ရှိအချိန်တွင် ပဋိပက္ခဖြစ်ပွားမှုနှင့် လူသေဆုံးမှုများအတွက် တရားခံတစ်ဦးကိုမျှ ဖမ်းဆီးနိုင်ခြင်း မရှိသေးသည့်အတွက် ဖမ်းဆီးနိုင်ရေး ကိစ္စရပ်များကို ကြိုးပမ်း လုပ်ဆောင်နေကြောင်း သိရပါသည်။

ထပ်မံရရှိသော သတင်းများအရ မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံသို့ ယနေ့ နံနက်ပိုင်းတွင် သေဆုံးသူ (၅) ဦး ထပ်မံရောက်ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူ အရေအတွက်မှာလည်း စုစုပေါင်း(၅၅) ဦးအထိ ရှိလာကြောင်းနှင့် ဒဏ်ရာရသူများထဲတွင် ၁၁ ဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။
နိုင်ငံပိုင် မီဒီယာများမှ ယမန်နေ့က ထုတ်ပြန်ခဲ့သော စာရင်းများအရ မတ်လ ၂၁ ရက်နေ့တွင် သေဆုံးသူ (၅) ဦး (သံဃာတော် တစ်ပါး၊ အမျိုးသားသုံးဦး၊ အမျိုးသမီးတစ်ဦး) ရှိခဲ့သဖြင့် မတ်လ ၂၀ ရက်နေ့မှ ယခုအချိန်အထိ ဖြစ်ပွားနေသော မိထ္ထီလာ ပဋိပက္ခတွင် သေဆုံးသူ (၁၀) ဦး ရှိလာခဲ့ကြောင်း ယနေ့ မွန်းလွဲပိုင်း အချိန်အထိ တရားဝင် ရရှိသော သတင်းများအရ သိရပါသည်။
"လက်ရှိအချိန်အထိ စုစုပေါင်း သေဆုံးသူ (၁၀) ဦးရှိပါပြီ။ ဒဏ်ရာရသူက (၄၅) ဦးပါ။ အများစုက မီးလောင် ဒဏ်ရာ၊ ပြတ်ရှ ဒဏ်ရာ၊ တုတ်နဲ့ ရိုက်ခံရတဲ့ ဒဏ်ရာတွေ ဖြစ်ပါတယ်။ ဒီစာရင်းတွေက ဆေးရုံကို ရောက်လာတဲ့ စာရင်း ဖြစ်ပါတယ်။ ဆေးရုံအနေနဲ့ ရောက်ရှိလာတဲ့ လူနာတွေကို ထိရောက်စွာ ကုသနိုင်ဖို့ ၀န်ထမ်းအင်အား၊ အရေးပေါ် နေရာတွေ တိုးချဲ့ပြီး ဆောင်ရွက်နေပါတယ်” ဟု မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
လတ်တလောတွင် မိထ္တီလာမြို့မှ ဖြစ်ပေါ်နေသော အခြေအနေများကို သတင်းရယူနေသော ပြည်တွင်း ပြည်ပ သတင်းထောက်များ၏ ကင်မရာများကို အကြမ်းဖက် လူအုပ်စုအချို့က ကင်မရာများ အတင်းအဓမ္မ သိမ်းယူခြင်း၊ ရိုက်နှက်မည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခံနေရကြောင်း သိရှိရပြီး အစိုးရ တာဝန်ရှိသူများ၊ မိဘ ပြည်သူများ အနေဖြင့် သတင်းမှန်များကို တင်ပြနိုင်ရေး ကြိုးပမ်းနေသော သတင်းမီဒီယာ သမားများ၏ လုံခြုံရေးကို အထူးဂရုစိုက် ပေးပါရန်နှင့် သတင်းသမားများ အနေဖြင့်လည်း မိမိ၏ လုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးကို အထူးဂရုပြုကြပါရန် အလေးအနက်ထား တိုက်တွန်း မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက် တစ်ရပ်ကို သတင်းလွတ်လပ်ခွင့် ကော်မတီက သတင်းထုတ်ပြန် ထားသည်။
.. www.MyanmarExpress.net

3 comments:
ပဋိပက္ခ ကြီးထွားလာမှာအုပ်ချုပ်ရေးယန္တရား ပျက်ယွင်းသွားမှာတိုင်းပြည် မငြိမ်မသက်ဖြစ်မှာကိုတော့မလိုလားပါဘူး။ဒါပေမယ့်ဒီဖြစ်ရပ်ဟာ သာမန် ပေါ့ပေါ့လေးထားရမယ့်ဖြစ်ရပ်မဟုတ်ပါဘူး။အမျိုး ဘာသာ သာသနာအရေးပါ။ဒီမြေမှာ နေဒီရေသောက်ပြီးဒီမှာ ကြီးပြင်းလာတဲ့သူတွေ ဖြစ်ရက်နဲ့အေးအတူ ပူအမျှစိတ် မထားနိုင်ရိုင်းစိုင်း မိုက်ရိုင်းမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့တာမို့လုံးဝ သည်းခံလို့မဖြစ်တော့ပါဘူး။““နောက်ကြောင်းပြန်လှည့်ချင်လို့ တို့တပ်က အာဏာသိမ်းချင်လို့ ခွင်ဆင်တာတို့””ဆိုပြီး လေဖမ်း ၀ရမ်းချည်စကားတွေ ပြောပြီးရှိစု မဲ့စု နေရာလေး ပျောက်သွားမှာစားပေါက်ပိတ်သွားမှာကြောက်နေတဲ့ ကျောင်းသားအရေခြုံမင်းကိုနိုင်တို့လိုမျိုးနဲ့ကုလားထိ မချိအောင် နာတတ်တဲ့အန်တီစုကြောင့် ကုလားတွေ လုပ်ချင်တိုင်းလုပ်လို့ ရအောင်ဗမာတွေကို ချုပ်ပေးသလို ဖြစ်နေတဲ့ nld တွေလိုကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ ကိုယ့်သာသနာ စော်ကားခံနေရတာကိုမျက်နှဲလွဲ ခဲပစ် မနေနိုင်ပါဘူး။အမျိုး ဘာသာ သာသနာအရေးမို့ဗမာတွေ ဒါးသွေးကြဖို့ လိုပါပီ။( လုလင်-ပြောသည် )
အကြမ်းဖက်မှု မှာပါတဲ့ မီးရှိုသူ ရိုက်နက်သူ လူသတ်သူ များနှင့် ဖျက်ဆီးသူများအား ကုလား ဗမာ ဘုန်းကြီး မခွဲခြားပဲ ရှာဖွေစိစစ် ဖော်ထုတ်၍ ထိရောက်စွာ အရေးယူပေးပါ။ ဖော်ထုတ်ပေးသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား ထိုက်ထိုက်တန်တန် ဂုဏ်ပြု့ ပေးကြပါ။ x
မှန်တယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်