From :
..popular
နှစ်စဉ်တပို့တွဲလ္ဆန်း(၅)ရက်မှစတင်ကာ မြန်မာအခါသင်္ကြန်နှစ်ဆန်းတစ်ရက်နေ့အထိကျင်း ပမြဲဖြစ် သော
မင်းဘူး(စကု)မြို့နယ်ရှိ မန်းစက်တော်ရာ(ရွှေစက်တော်)ဘုရားပွဲသို့ ဘုရားဖူးများလာရောက်မှုကြဲပါးသွားကြောင်း
တည်းခိုဆောင် လုပ် ငန်းရှင်တစ်ဦးမှပြော့သည်။
“အခုတစ်လောဖြစ်နေတဲ့ မိတ္ထီလာအရေးခင်းကြောင့်ရော ၊ကျမတို့မန်းစက်တော်ရာဈေးခင်းမှာ ထွက် ပေါ်နေတဲ့၊
ဘုန်းကြီးတစ်ပါး အိမ်မက်ကြောင့်ရောပေါ့နော်၊
ဘုရားဖူးအလာနည်းသွား တယ်။ရေက လည်းနည်း နည်းနောက်နေတော့
လုပ်သက်(၁၁)နှစ်အတွေ့အကြုံအရ ရေနောက်တဲ့နှစ်ဆို လူအလာ နည်း တယ်၊ ဒီနှစ်လုပ်ငန်းရှင်တွေမြတ်ဘို့မလွယ်ဘူး၊တည်းကျောင်းလေလံနေရာတွေဝယ်ရတဲ့
ဈေးကလည်းအပြိုင်ဆိုတော့၊နေရာရဘို့လေးတင် သိန်း(၃၀)လောက်ပေးရတာ၊တည်ကျောင်းခတစ်ခန်းကိုလေးငါးသောင်းမှ
မငှါးရရင် အ ရင်း ပြန်ရဘို့တောင်မလွယ်ဘူး” ဟုနှစ်စဉ်တည်းကျောင်းလုပ်ကိုင်နေသူမှညည်းတွားခဲ့သည်။
နွေရာသီကျောင်းပိတ်ရက်ဖြင့်တိုက်ဆိုင်စွာရက်ရှည်ကျင်းပနိုင်ခြင်းနှင့် စီးဆင်းလျှက်ရှိသော
မန်းချောင်း ငယ်တွင်ရေချိုးဆော့ကစားနိုင်ခြင်းက ဘုရားဖူးများအတွက်အားသာချက်ပွဲတော် တစ်ခုလည်းဖြစ်သည်။
လေ လံချထားရာတွင် အများစိတ်အ၀င်စားခံရဆုံးလည်းဖြစ်သည်။
ယင်းနှင့်ဆက်စပ်၍ ဘုရားဖူး များဝင်ရောက်နားခိုကြသည်မှာမကွေးမြသလွန်ဘုရားဖြစ်သည်ဟု ဘုရားဂေါပကမှပြောသည်။
“ဒီရက်တွေက ကျနော်တို့မြသလွန်ဘုရာကြီးအတွက်
အလှူခံရငွေအများဆုံးကာလဗျ၊ လာ တာကတော့ရွှေစက်တော်ဘုရားပွဲဆိုပြီးလာခဲ့ပေမဲ့၊
ဟိုမှာ တည်းကျောင်းအခန်းအခတွေက
အဆမတန် ဈေး များတော့၊(၂)ညအိပ်မှာကိုမအိပ်တော့ဘူးဒီဘုရားမှာလာအိပ်တယ်၊ကျနော်တို့ကအလကားတည်းခိုနိုင်အောင်စီစဉ်ပေးထားပါတယ်၊
အေးအေးဆေးဆေးနေရတော့ သဒ္ဒါစိတ်ကဘုရားအတွက်အလှူငွေများများ ထည့်သွားကြ တာဗျ” ဟဘုရားအလှူခံရရှိငွေများရခြင်းကိုဂေါပကလူကြီးကရှင်းပြခဲ့သည်။
ကားသမားတစ်ဥိးက“ဘုရားရောက်ဘို့ကဧရာဝတီတံတားက(၆၀၀)၊မင်းဘူးအထွက် က(၅၀၀)မန်းချောင်းတံတားက(၁၅၀၀)၊သုံးမိုင်လမ်းခွဲဂိတ်က(၁၀၀၀)၊လှေတင်တံတားကြေးက(၁၅၀၀)၊ဘုရားပွဲတော်ဝန်းဝင်ကြေးက(၁၅၀၀)ဗျာ၊ဒါကားလေးဈေးပဲရှိသေးတာကားကြီးဆိုရင်တော့မပြောနဲ့တော့ပေါ့ဗျာ များပြီ ပေါ့” ဟုလမ်းတံတားကြေးအကြီးဆုံးလမ်းပိုင်းဖြစ်ကြောင်းပြောပြသွားခဲ့သည်။
ယ္ခုအခါဖြစ်ပေါ်လျှက်ရှိသော မိတ္ထီလာပဋိပက္ခများနှင့်၊ထွက်ပေါ်လာသော မတ်လ(၂၅)(၂၆)တွင်ရာသီဥ တုဘေးရန် ကျနိုင်ခြင်းဆိုသည့်ဘုန်းတော်ကြီးအိပ်မက်ကဘုရားဖူးများနည်းပါးခြင်းကြောင့်မန်းရွှေစက်တော်ဘုရားပွဲတော်တွင်လေလံဝယ်ယူလုပ်ကိုင်နေကြရသော
တည်း ကျောင်း လုပ်ငန်းရှင်များ၊အခြားသောအလှူခံလေလံရထားသူများ၊ဈေး သည် များ အရှုံးနှင့်ရင်ဆိုင်ရမည်ကို ရတက်မအေးဖြစ်နေရကြောင်းသိရသည်။ဦးမင်း
.. www.MyanmarExpress.net

4 comments:
ဘုရားလို့ ပြောမှ သတိရတယ်။ ဗုဒ္ဓဘုရား ဟာ ကုလားပဲ။ လောကကြီးမှာလည်း အမြင့်မြတ်ဆုံးပါပဲ။ နွားနို့ဆွမ်းကိုလည်းဘုန်းပေးသလို ဝက်သားကိုလည်း ဘုန်းပေးပါတယ်။ မြင့်မြတ်သော အရှင်မြတ်ကြီး၏ အပြုအမူ တစ်စိတ်တစ်ပိုင်းကို ပြောပြတာပါ။ (အရင် Comment တွေထဲမှာ ဂေါတမမြတ်စွာဘုရားကို ကုလားကြီးလို့ ရေထားတာကို ဖတ်လိုက်ရလို့ပါ)

Mite yiee lite tar.meg ka hma larr.myay myo mal.
Yes it's true but the Buddhad is not from low cast, not from low standard group of kalar.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်