From :
..MRTV4
..
www.MyanmarExpress.net
ရန်ကုန်မြို့တွင်း
ပြေးဆွဲနေသည့် တက္ကစီ ယာဉ်များ အားလုံးရဲ့ ယာဉ်မှတ်ပုံတင်ခြင်းနဲ့ အခြား
လုပ်ငန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန် မှစပြီး မထသ ဗဟို
လက်အောက်သို့ ပြောင်းရွှေ့ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တက္ကစီ ယာဉ်များ မှတ်ပုံတင်ခြင်းကို မထသ ဗဟို လက်အောက်ရှိ ခရိုင်ရုံး များမှာ ဆောင်ရွက်ပေး သွားမှာ ဖြစ်ပြီး စည်းကမ်း ထိန်းသိမ်းရေးပိုင်း၊ တက္ကစီနဲ့ ပတ်သက်ပြီး အသင်းအဖွဲ့ ဖွဲ့စည်ခြင်းနဲ့ယာဉ်လိုင်း တွေရဲ့ စည်းကမ်း တွေကိုပါ ပိုမိုတင်းကျပ် ကွပ်ကဲနိုင်ဖို့ အတွက် လွှဲပြောင်းပေး လိုက်တာ ဖြစ်တယ်လို့ မထသ ဗဟို မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
ဒါ့အပြင် ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားရေး ဦးစီးဌာနရုံးမှ စာရင်းဇယား များအရ ဒီဇင်ဘာလမှာ မှတ်ပုံတင် ထားတဲ့ တက္ကစီ စီးရေ ၂၄၀၀၀ ကျော်ခန့်ရှိပြီး ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနရဲ့ စာရင်းအရ ကုမ္ပဏီများ လက်အောက်ရှိ တက္ကစီများ အပါအ၀င် A A Taxi အရေအတွက်မှာ ၂၆၉၀၀၀ ကျော်ခန့် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အရေအတွက်မှာ အတည်မပြု ရသေးဘဲ အကုန် လွှဲပြောင်းပြီးချိန် မတ်လကုန် မှသာ တက္ကစီ ကားအရေအတွက်ကို အတည်ပြု ကြေညာမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်